မှတ်တမ်းများ

မှတ်တမ်းများ

အချစ်ဆိုတာ အပြုံးနဲ့စ၊ အနမ်းနဲ့အလယ်၊ နောက်ဆုံး မျက်ရည်တွေနဲ့ ဆုံးကြရသတဲ့။

ကိုယ့်အတွက် မျက်ရည်တစ်စက်မှ မကျပေးတဲ့သူတွေအတွက် ငိုပေးနေတာ အဓိပ္ပာယ်ရှိပါသလား။

မိတ်ဆွေစစ်ဆိုတာ ရှာရတာ မလွယ်ပါဘူး။ တွေ့ရင်လည်း ခွဲဖို့ခက်တယ်။ မေ့ဖို့ဆို ပိုလို့တောင်ဝေးသေး။

တွန်းနိုင်သလောက်ပဲ ရွေ့တတ်တာ၊ ဒါကြောင့် ဘယ်လောက်ဝေးဝေး ပြေးနိုင်သလဲဆိုတာ တွန်းသူအပေါ်မှာ မူတည်နေတယ်။

အပြောထက် အလုပ်ကပိုပြီး အသံကျယ်တတ်တယ်။

အခက်ဆုံးအလုပ်ကိုပြောပါဆိုရင် အချစ်ဆုံးသူကို စောင့်ကြည့်နေရတာ။

ဘဝဆိုတာ တိုတိုလေးဆိုတာ အမှန်ပဲ။ ကားလမ်းကို မကြည့်ဘဲ ဖြတ်ကူးကြည့်လိုက်။

လောကကြီးဟာ အဓိပ္ပာယ်မရှိပါဘူးလို့ ပြောလာရင် “ဘယ်သူ့လောကလဲ” လို့ ပြန်မေးကြည့်လိုက်။

နောက်ကြောင်းမပြန်ဘူးလို့ပြောတာ ရှေ့လမ်းကြောင်းလည်း ဆက်ဖို့ကြောက်နေသူတွေပါ။ ဘေးကို တစ်ချက်လောက် ငဲ့ကြည့်လိုက်ဦး။ ဘေးမှာ မိတ်ဆွေတွေ ရှိနေပါသေးတယ်။

မိတ်ဆွေစစ်ဆိုတာ ကြယ်တွေလိုပဲ။ ကြယ်တွေကို အမြဲမြင်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြယ်တွေ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သိနေတာပဲ။

မျက်နှာကြီးရှစ်ခေါက်ချိုးနဲ့ မှုန်ကုပ်မနေစမ်းပါနဲ့။ ရှင့်ဆီက အပြုံးလေးတစ်ချက်ကို စောင့်နေသူတွေ ရှိချင် ရှိနေမှာ။

ရှင့်ကို ငိုအောင်လုပ်တဲ့သူနဲ့ အငိုတိတ်သွားအောင် လုပ်နိုင်သူဟာ တစ်ယောက်တည်း ဖြစ်နေမယ်ဆိုရင်။

ကိုယ်က မချစ်သမျှ အဲဒီလူမှာ အပြစ်တွေ ရှိနေမှာပဲ။ ချစ်လိုက်မိရင် ခြောက်ပြစ်ကင်း သဲလဲစင်။

နောက်ဆုံးတော့ အိုကေသွားတာပဲ။ မအိုကေသေးရင် နောက်ဆုံးမဟုတ်သေးဘူး။

ကိုယ့်ဘဝထဲကို ဝင်လာလိုက်၊ ထွက်သွားလိုက် များကောင်းများနိုင်တယ်။ ဒါပေမဲ့ နှလုံးသားအပေါ်မှာ ခြေရာချ သွားနိုင်သူတွေက ရှားတယ်။

credit to Tin Nyunt

Post a Comment