ဘုရားပေးတဲ့ဆု

ဘုရားပေးတဲ့ဆု

မျက်စိမမြင်လို့ ကိုယ့်ဘဝကို အဆုံးစီရင်ချင်နေတဲ့ ကောင်မလေး ဆေးရုံကို ရောက်လာတယ်။ သူ့ကို ရည်းစား ကောင်လေးက ပစ်ပြေးသွားတယ်။ သူ့ဆီကိုလည်း မလာတော့ဘူး။ သူလာရင် ပျော်ရွှင်နေတတ်တဲ့ ကောင်မလေးဟာ အဖော်မဲ့ပြီးတော့ သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာ မသေဘဲ ဆေးရုံရောက်လာပြီး အသက်ရှင်နေခဲ့တယ်။

ဆေးရုံရောက်တော့ ကံကောင်းစွာပဲ သူ့ကို မျက်စိလှူမယ့် အလှူရှင်နဲ့တိုးတယ်။ ကောင်မလေး မျက်စိ ပြန်မြင်လာတယ်။  မျက်စိမှာ စည်းထားတဲ့ ပတ်တီးတွေ ဖြည်တဲ့နေမှာ သူ့ချစ်သူကောင်လေး ရောက်လာတယ်။

ကောင်လေးက မျက်စိမမြင်ဘူး။ မျက်စိမမြင်တဲ့ကောင်လေး ဆိုတော့ ကောင်မလေးက ငြင်းလိုက်တယ်။ ကောင်လေးကို ဆရာမတစ်ဦးက တွဲပြီး ထွက်သွားရတယ်။ ခဏကြာတော့ ဆရာမက စာတစ်စောင်နဲ့အတူ ပြန်ဝင်လာပြီး ကောင်မလေးကို စာပေးလိုက်တယ်။ စာထဲမှာ

“ကိုယ့်မျက်လုံးလေးတွေကို သေသေချာချာ ဂရုစိုက်လိုက်ပါ” လို့ ရေးထားတယ်။ ကောင်လေးကို ကောင်မလေး ဘယ်တော့မှ မတွေ့ရတော့ပါဘူး။

လူ့ဘဝဆိုတာ အရမ်းကို ဆန်းကြယ်တယ်။ မထင်မှတ်တာတွေ အရမ်းဖြစ်လာတတ်တယ်။ တစ်ခါတလေ ထင်တာကတစ်ခြား၊ မြင်တာကတစ်လွဲ ဖြစ်ချင်လည်း ဖြစ်တတ်တယ်။ ဘဝဆိုတာကို လက်ဆောင်တစ်ခုပါလို့ပြောတဲ့ ပညာရှင်ကလည်း ရှိတယ်။ သူက

ရက်စက်တဲ့ စကားတစ်ခွန်းကို ပြောမယ်လို့ကြံရင်

လောကမှာ စကားမပြောနိုင်တဲ့သူတွေ ရှိပါလားဆိုတာ သတိရလိုက်ပါ။

စားမကောင်းဘူး ပြောမယ်လို့ကြံရင်

မစားမသောက်ရသေးသူတွေ အများကြီး ရှိနေတာ သတိရလိုက်ပါ။

ကိုယ့် ဇနီး သို့မဟုတ် ခင်ပွန်းကို အပြစ်ပြောဖို့ကြံရင်

အဖော်မဲ့စွာ ဘဝမှာ ရပ်တည်နေရသူတွေ အများကြီးဆိုတာ သတိရလိုက်ပါ။

ဘဝဆိုတာ အလကားပါလို့ ထင်နေရင်

ဘဝထဲကနေ အစောကြီး ထွက်သွားရသူတွေကို သတိရလိုက်ပါ။

ကလေးတွေကို ဆူဖို့ကြံနေရင်

ကလေးမရနိုင်လို့ ဆုတောင်းနေရသူတွေကို သတိရလိုက်ပါ။

အိမ်မှာ အမှိုက်တွေပွပြီး ညစ်ပတ်နေတာကို အပြစ်ပြောဖို့ကြံရင်

လမ်းပေါ်မှာ အိပ်နေရတဲ့သူတွေကို သတိရလိုက်ပါ။

ကားမောင်းရတာ ဝေးလွန်းလို့ စိတ်ပျက်နေရင်

လမ်းလျှောက်ပြီး ဖိနပ်ပေါက်နေသူတွေကို သတိရလိုက်ပါ။

အလုပ်ကို အပြစ်မြင် ထွက်ရင်ကောင်းမှာပဲလို့ ကြံနေရင်

အလုပ်လက်မဲ့ပေါင်းများစွာ အလုပ်ရှာနေတာတွေကို သတိရလိုက်ပါ။

သူတစ်ပါးကို လက်ညှိုးထိုးမယ်လို့ကြံရင်

လောကမှ အပြစ်မလုပ်ဖူးသူ ရှိသလားဆိုတာ သတိရလိုက်ပါ။

စိတ်ဓာတ်တွေကျပြီး အိပ်ယာကတောင် မထိချင်ဘူးလို့ထင်နေရင်

အလို … အသက်ရှင်နေသေးတာ ကံကောင်းလိုက်တာလို့ သတိရလိုက်ပါ။

ဘဝဆိုတာ ဘုရားပေးတဲ့ လက်ဆောင်ပါ

အရှိကို အရှိအတိုင်း ကျေနပ်နိုင်အောင် ကြိုးစားပါ

နေတတ်အောင်ကြိုးစားပါ

ဘဝမှာ ရဖို့ချည်းမတွက်ပါနဲ့

ပေးဆက်နိုင်အောင်လည်း ကြိုးစားကြည့်ပါ။

(Life is a gift)

credit to Tin Nyunt

Post a Comment