ဖိနပ်လေးနှစ်ရံ

ဖိနပ်ကလေးနှစ်ရံ👞👠

ကျွန်မနဲ့သူနဲ့ ချစ်သူစဖြစ်ကာစပေါ့
သူက ကျွန်မကိုပြောပြဖူးပါတယ်
တကယ်က နှိုင်းပြတာပါ
ကျွန်မနဲ့မတွေ့ခင်မှာ ကောင်မလေးတစ်ယောက်နဲ့ သူတွဲခဲ့ပါတယ်
ခက်တာက ကျွန်မနဲ့ ချစ်သူတွေဖြစ်တဲ့အချိန်ထိ အဲ့ကောင်မလေးကို သူမမေ့သေးတာပါ :)
သူ့စိတ်ထဲမှာလည်း အဲ့ဒီမိန်းကလေးက ကျွန်မထက်သာတယ်လို့ သူတစ်ထစ်ချ ယုံကြည်ထားတာပါ
အဲ့ဒီကောင်မလေးက
အရမ်းလှတဲ့  ဒေါက်ဖိနပ်လေးတစ်ရန်နဲ့ တူပါသတဲ့
အဲ့ဒီဖိနပ်လေးကိုစီးလိုက်ရင် ဘယ်သွားသွားတင့်တယ်တယ် ကြည့်ကောင်းတယ်ပေါ့
(သူချစ်တဲ့သူမို့ သူ့စိတ်က ဦးစားပေးထားတဲ့သဘောပါ)
ကျွန်မက ကျတော့ slipper နဲ့ တူပါသတဲ့
ဘာအဆောင်အယောင်မှမပါတဲ့ ဖိနပ်ပါး
ပွဲလယ်မတင့်ပေမယ့် စီးရတဲ့အခါ သက်သောင့်သက်သာဖြစ်စေလို့တဲ့
(ကျွန်မကိုတော့ သူမချစ်ပါဘူး ဒါပေမယ့် သူ့အပေါ် ကျွန်မကောင်းတာ သိနေလို့ပြောတဲ့သဘောပါ)

ကျွန်မသိလိုက်ပါတယ်
သူပြောချင်တဲ့သဘောကို နားလည်တဲ့အခါမှာ ကျွန်မပြုံးမိတယ်
ကျွန်မအပြုံးရဲ့နောက်ကွယ်က အဓိပ္ပါယ်ကိုတော့ သူမသိခဲ့ပါဘူး

အချိန်တွေကြာခဲ့သလို သူနဲ့ကျွန်မလည်း လမ်းခွဲခဲ့ပါတယ်
အဲ့ဒီအတွက် ကျွန်မကျေနပ်တယ်
ဘယ်လောက်အဖိုးတန်တဲ့အရာဖြစ်ပါစေ
တန်ဖိုးမသိတဲ့သူလက်ထဲရောက်ရင် တန်ဖိုးမရှိပါဘူး
အခုဆိုရင် ကျွန်မဟာ သူယှဉ်ပြခဲ့တဲ့ slipper လေးတစ်ရန်မဟုတ်တော့လို့ပါပဲ
ကျွန်မ ဒေါက်ဖိနပ်လှလှလေး အဆင့်ရောက်နေပါပြီ
ကျွန်မလို ဒေါက်ဖိနပ်လေးနဲ့ လိုက်ဖက်ညီမယ့်
shoe လှလှလေးတစ်ရန်ကလည်း ကျွန်မဘေးနားရောက်နေပြီလေ
သူ့ဘေးနားမှာ ဘယ်လိုဖိနပ်တွေ ကျန်ခဲ့လဲ ကျွန်မမသိချင်ပါဘူး
ကျွန်မအတွက် အရေးကြီးတာက ကျွန်မက သူပြောခဲ့တဲ့ slipper မဟုတ်ဘူးဆိုတာရယ်
ကျွန်မနဲ့ ရှေ့သွားနောက်လိုက်ညီတဲ့ shoe ဖိနပ်လေးရလိုက်တာရယ် ပါပဲ

wrong time , right guy
right time , wrong guy ဆိုတာ ရှိပါတယ်

ကိုယ်ချစ်တဲ့သူပဲ ဒါပေမယ့် တွေ့တဲ့အချိန်နောက်ကျသွားတာမျိုး
တွေ့တဲ့အချိန်ကတော့ သင့်ပါရဲ့ မချစ်သင့်တဲ့သူချစ်မိတာမျိုးတွေ
အဲ့လိုလူမျိုးတွေကို စွန့်လွှတ်တတ်အောင်လုပ်ပါ
ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အကြွေးပဲရှိပါတယ်
လူမှန်နေရာမှန်ရင် ကိုယ်ပေးတဲ့ အချစ်ထက်တောင် ပြန်ရနိုင်ပါသေးတယ်

ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေကို ဘဝထဲက ဖယ်ထုတ်ထားပါ
ကိုယ့်ကို လိုအပ်နေသူကို ပိုဂရုစိုက်ပေးပါ

ဒီချစ်သူမှမရရင် သေရပါချည်ရဲ့ဆိုတာမျိုးက မိုက်ရူးရဲဆန်လွန်းလှပါတယ်
ချစ်ပါတယ်ပြောပြီး ဘာလို့များ ထားသွားကြတာလဲ?
မပူပါနဲ့ တကယ်သာ မေတ္တာတရားစစ်ရင် ကိုယ့်ကိုချစ်တဲ့သူဆိုတာ ဘယ်တော့မှ အဆုံးရှုံးခံမှာမဟုတ်ပါဘူး
ကိုယ်မရှိလည်း ဖြစ်တယ်ဆိုတဲ့သူတွေကလည်း ကိုယ့်ကိုတကယ်ချစ်တာ မဟုတ်လို့ပါပဲ

ရည်းစားက ထားသွားလို့ ကမ္ဘာကြီးလည်တာ ရပ်တန့်မသွားပါဘူး
ကိုယ်နဲ့ထိုက်တန်တဲ့သူမဟုတ်လို့ လွင့်သွားတယ်ပဲမှတ်ပါ
ရှင်ဘုရင်ကြွလာဖို့ သူတောင်းစားတွေ လမ်းဖယ်ပေးရတာ ထုံးစံပဲ မဟုတ်ဘူးလား ;)

#ForHerMyanmar #AdminTeam #MotivationArticle

Post a Comment