စိတ်ဆိုးနေချိန်မှာ လုံးဝ မလုပ်သင့်တဲ့၁၀ချက်

စိတ်ဆိုးနေချိန်မှာ လုံးဝ လုံးဝ မလုပ်သင့်တဲ့ အချက် ၁၀ ချက်

၁။ စိတ်ဆိုးနေတဲ့ စိတ်နဲ့ မအိပ်ပါနဲ့။ အဲ့လို အိပ်လိုက်မယ်ဆိုရင် စိတ်ဆိုးနေတဲ့ စိတ်ဟာ ပျောက်ပျက်မသွားဘဲနဲ့ ရင်ထဲမှာ အမြစ်တွယ်နေပါလိမ့်မယ်။ အိပ်လို့လည်း မပျော်နိုင်ပါဘူး။

၂။ ကားမမောင်းပါနဲ့။ စိတ်ဆိုးနေတဲ့အခါ မျက်စိက ရှေ့တည့်တည့်ကိုပဲမြင်ပါတော့တယ်။ ဘေးပတ်ဝန်းကျင်ကို မမြင်တော့ပါဘူး။ ဒါကြောင့် ယာဉ် အန္တာရယ်ရှိနိုင်ပါတယ်။

၃။ စိတ်ဆိုးနေတာကို တစ်ခုခုပေါ်မှာ ပေါက်ကွဲတာမျိုးမလုပ်ပါနဲ့။ ဥပမာ - ခေါင်းအုံးကို ထုတာမျိးပေါ့။ အစတော့ စိတ်ထဲမှာသက်သာသွားသလိုထင်ရပေမယ့် တကယ်တမ်းတော့ ပိုပြီးစိတ်ဆိုးလာတတ်ပါတယ်။

၎။ စိတ်ဆိုးနေလို့ဆိုပြီး အစားတွေမစားပါနဲ့။ စိတ်ဆိုးနေတဲ့အချိန်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်မိတတ်တဲ့အပြင် အစာသေချာမချေနိုင်လို့ ဝမ်းပိတ်တာတို့၊ ဝမ်းလျောတာတို့တောင် ဖြစ်နိုင်ပါတယ်။

၅။ စိတ်ဆိုးလာရင် စကားဆက်မပြောပါနဲ့။ စကားများရင်းစိတ်ဆိုးလာတဲ့အခါ ခဏရပ်လိုက်ပြီး စိတ်တည်ငြိမ်အောင် အရင်လုပ်ပြီးမှ ဆက်ပြောပါ။ မဟုတ်ရင် သူတစ်ပါးကို ထိခိုက်စေမယ့်စကားတွေ ပြောထွက်လာနိုင်လို့ပါ။

၆။ Facebook တို့လို့ Social Network တွေမှာ စိတ်လိုက်မာန်ပါနဲ့ ခံစားချက်တွေ ပေါက်ကွဲပြီး မတင်လိုက်ပါနဲ့။ တင်ပြီးရင် ပြန်ဖျက်လိုက်လို့ရပေမယ့် တွေ့ပြီးတဲ့သူတွေကတော့ တွေ့ပြီးသွားပါပြီ။

၇။ စိတ်ဆိုးရင်လည်း Email မရေးပါနဲ့။ အီးမေးလ်ထဲမှာပါ ဒေါသသံတွေပါသွားနိုင်လို့ပါ။ သူလည်း ပို့ပြီးသွားရင် ဘာမှလုပ်လို့မရတော့ပါဘူး။

၈။ အရက်သေစာ လုံးဝမသောက်ပါနဲ့။ အရက်သေစာတွေကို စိတ်ကို ပိုကြွစေလို့ ပြဿနာကို ပိုဆိုးစေဖို့ပဲ ရှိမှာပါ။

၉။ စိတ်ဆိုးနေတဲ့အချိန်မှာ ကိုယ့်သွေးပေါင်ချိန်ကို သတိထားသင့်ပါတယ်။ အရမ်းစိတ်ဆိုးနေတဲ့အခါ လေဖြတ်တာတို့၊ နှလုံးဖောက်တာတို့ ရုတ်တရက်ဖြစ်နိုင်လို့ပါ။ အထူးသဖြင့် နှလုံးရောဂါသမားတွေ အထူးဂရုပြုသင့်ပါတယ်။

၁၀။ သူကတော့ ငါ့ကို ဘယ်လိုမတရားလုပ်သွားတာ၊ ဘယ်လိုကြောသွားတာဆိုတာမျိုး မတွေးပါနဲ့။ ကိုယ်က မတရားခံရရင်တောင် မပေါက်ကွဲဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အကျိုးသင့်အကြောင်းသင့် ပြန်ပြောတတ်အောင် နေပါ။
#crd

Post a Comment