အဆုံးမဲ့ချစ်ခြင်း၌တည်သောအမုန်း

#အဆုံးမဲ့ချစ်ခြင်း၌တည်သောအမုန်း
*************************
              ကျွန်မ ရင်ထဲကစိုးထိတ်စွာ ဆုတောင်း
ပေးနေဖြစ်ပါတယ်။
   ``မောင့်ရဲ့ခွဲစိတ်မှုအောင်မြင်ပါစေ´´လို့။
         ကျွန်မ မောင့်ကိုအရမ်းချစ်ပါတယ်။မောင့်
အတွက်ဆိုရင် ကျွန်မရဲ့ခန္ဓာကိုယ်အသွေးအသား
တွေအားလုံးကို ပေးဆပ်ချစ်သွားဖို့အဆင်သင့်
ရှိခဲ့တယ်ဆိုရင်…။မောင် ကျွန်မရဲ့ အချစ်တွေကို
ယုံကြည်ပေးပါနော်။အခု ကျွန်မလည်း မောင့်
လိုပဲ ခွဲစိတ်ပြီးစ လူနာတစ်ယောက်ပါမောင်။
ကျွန်မရဲ့ခွဲစိတ်ဒဏ်ရာက တစ်ဆစ်ဆစ်နာကျင်နေ
ပေမယ့် မောင့်အတွက် ပေးဆပ်ခွင့်ရတဲ့အတွက်
ကျွန်မ ကျေနပ်ပါတယ်မောင်ရယ်။
            မောင်နဲ့ကျွန်မရဲ့ ချစ်သူဘဝ နောက်ဆုံး
နေ့က  ကျွန်မကို ပြောခဲ့တဲ့စကားလုံးတွေ…။
ဒီနေ့အထိ အမှတ်တရရှိနေစဲပါမောင်။မောင်နဲ့
ပက်သက်တဲ့အရာ အားလုံးဟာ ကျွန်မအတွက်
တော့ အမှတ်တရတွေချည်းပါပဲ မောင်ရယ်။
          ``မင်းတို့လို မိန်းမမျိုးတွေဆိုတာ
နောက်ဆုံးတော့ ဒီလိုပဲဇာတ်ညွှန်းရေးပြီး ဒီ
လိုပဲ ဇာတ်လမ်းဆင်သွားကြတာပါပဲကွာ။မင်း
မမှားဘူး ဒေါ် မြနှင်းယမုံ…။ငါပဲ မှားတာပါ။ငါက ပဲ
မှားခဲ့တာ။မင်းအသံ မင်းသတင်း မင်းရဲ့အရိပ်
အယောင်တွေနဲ့ဝေးနိုင်သမျှ ဝေးဝေးမှာ ငါ
နေသွားမှာပါ။စိတ်ချ…။ငါ့မျက်နှာကို မင်း တစ်
သက်လုံးမမြင်စေရဘူး´´
             အဲဒီ့နေ့က မောင့်ရဲ့လေသံနဲ့စကား
လုံးတွေဟာ ပေါက်ကွဲအန်ထွက်လာတဲ့ မီးတောင်
တစ်လုံးက အပိုင်းအစတွေလို ပူလောင်ထိရှလိုက်
တာ မောင်ရယ်။ကျွန်မအပေါ်မှာလည်း မောင်
တစ်ခါမှမသုံးခဲ့တဲ့အသုံးအနှုန်းတွေ…။`မင်း´
တွေ `ငါ´တွေနဲ့သုံးနှုန်းခဲ့တယ်နော်။မောင့်စကား
လုံးတွေကို ဆက်လက်နားထောင်ဖို့ ကျွန်မှာအင်
အားမရှိခဲ့ပါဘူး။
             ကျွန်မနားလည်ပါတယ် မောင်။မောင့်
နေရာမှာ ကျွန်မဆိုရင်လည်း မောင့်ထက်ပိုပြီး
ကွဲရှခံစားရနိုင်ပါတယ်။အဲဒီ့နေ့က မောင်နဲ့ထပ်တူ
ကျွန်မလည်း ခံစားခဲ့ရတယ်ဆိုတာ မောင်သိစေ
ချင်ပါတယ်။ မောင်… မြင်သိခံစားနိုင်ရင် ကျွန်
မရင်ထဲက စို့နင့်နေတဲ့ အပူစတွေကို မောင်တွေ့
နိုင်မှာပါ…။မောင်နဲ့ဝေးရတော့မယ် ဆိုတဲ့
အသိကြောင့် ကျွန်မရင်တစ်ခုလုံး ပျက်သုဉ်းကြေ
မွလုမတတ် ခံစားခဲ့ရတာပါမောင်ရယ်။ကျွန်မကို
နှလုံးသားမရှိတဲ့ ဂျယ်လီငါးတစ်ကောင်လို မိန်းမ
သားလို့မောင်ထင်ခဲ့လေမလား…။
                     မောင်ကတော့ ကျွန်မအပေါ်
မှာ နာကျည်းပြင်းရှတဲ့ အမုန်းတွေနဲ့မို့ ကျွန်မ
ရင်ဘက်ကို မြင်အောင်ကြည့်ခဲ့လိမ့်မယ်မထင်
ပါဘူး။
            ****************
              မောင်နဲ့ကျွန်မ စပြီးဆုံခဲ့တဲ့နေ့က
သူများတွေလို သမားရိုးကျ ဆန်တယ်လို့ပဲ
ပြောရမှာပါ။
              ညက ကျွန်မ ဂျူတီမှာ အိပ်ရေးပျက်
ထားတာဆိုတော့ ခေါင်းတွေက နောက်ကျိနေ
တယ်။ကျွန်မတို့လို လက်ထောက်ဆရာဝန်ဘဝ
က Duty offချိန်ဆိုပေမယ့် wardထဲမှာ
အရေးပေါ်ရှိလို့ on callဆိုရင် ကိုယ့်dutyချိန်
မဟုတ်လည်းသွားရတာပါပဲ။
              ဆေးရုံနားရောက်ခါနီး လမ်းချိုးလေး
တစ်ခုမှာ ကျွန်မ ကားကို ဝိုက်ပြီးကွေ့လိုက်တယ်။
အမှတ်မထင် လမ်းဖြတ်ကူးတဲ့ တစ်စုံတစ်
ယောက် ကို တိုက်မိသလိုဖြစ်သွားတယ်။
``ဘုရား…ဘုရား။တိုက်မိတဲ့သူဘာမှမဖြစ်ပါ
စေနဲ့´´
          ဘေးကကျော်တက်မယ့်ကားကို သတိ
ထားလိုက်တာကြောင့် ရှေ့မျက်နှာစာကို အမှတ်
တမဲ့လိုဖြစ်သွားတယ်။ကျွန်မလည်း ကားတံခါး
ကိုဖွင့်ပြီး ဆင်းကြည့်လိုက်တော့ ကျွန်မနဲ့အသက်
ရွယ်တူလောက်ရှိမယ်ထင်ရတဲ့ လူငယ်တစ်ဦး။ခြေ
ထောက်အနည်းငယ်နာသွားတာကလွဲပြီး တခြား
ဘာမှတော့ ဖြစ်ပုံမရပါဘူး။တော်ပါသေးရဲ့။
        ``ဒီက အစ်ကို ဘာဖြစ်သွားသေးလဲ
ဟင်…။ကျွန်မရဲ့ပေါ့ဆမှုပါရှင်။ကျွန်မ အားလုံး
အဆင်ပြေအောင်တာဝန်ယူပါ့မယ်´´
           ကျွန်မ စိတ်ထဲမှာထူပူနေတာမို့ စိတ်ထဲ
ကအဆင်ပြေသလိုပြောလိုက်မိပါတယ်။
     ``ရ,ရပါတယ်ဗျာ။ခြေထောက်တော့ နာသွား
တယ်။ကျန်တာတော့ ဘာမှမဖြစ်ပါဘူး။ကျွန်တော်
ကလည်း အလျင်စလို လမ်းကူးလိုက်မိတာပါ´´
           အဲဒီ့အချိန်ကတည်းက မောင့်ရဲ့ကြည်လင်
ရိုးရှင်းတဲ့ မျက်နှာလေးကိုသတိထားမိခဲ့တာပါ။ `တော်သေးပါရဲ့…လူရည်မွန်လေးမို့လို့
သာပေါ့။မဟုတ်ရင် ငါ့ပြဿနာ ရှာမယ့်လူဆိုရင်
မလွယ်ဘူး´။စိတ်ထဲက ကျိတ်ပြီး ကျေးဇူးတင်
လိုက်မိတယ်။
             သူ အားယူပြီး မတ်တပ်ရပ်ကြည့်
တယ်။``အား…ကျွတ်…ကျွတ်…ကျွတ်´´
သူ့ခြေထောက်က အရမ်းနာနေပုံရတယ်။
   ``ရှင် ကိုယ့်ဖာသာ ထလို့မရဘူးထင်တယ်။
ကျွန်မကို တွဲလိုက်ပါ။ကျွန်မကားနဲ့ ဆေးရုံကို
ခေါ်သွားပြီးပြပေးပါ့မယ်။ကျွန်မက ဆရာဝန်ပါ။ရှင်
စိတ် အေးအေးထားပါ´´
             ``ဟုတ်…ဟုတ်ကဲ့´´
          မောင့်ကို ကျွန်မကားနဲ့တင်ပြီးဆေးရုံကို
ခေါ်လာလိုက်တယ်။ဆေးရုံရောက်တော့ OPDက
တာဝန်ကျဆရာဝန်တစ်ယောက်ကိုအကူအညီ
တောင်းပြီး မောင့်အတွက် လိုအပ်တာလုပ်ပေး
စေခဲ့တယ်။ ကျွန်မက အရေးပေါ်ခွဲစိတ်ခန်းဝင်
ရမှာမို့ ဝတ်စုံလဲပြီး အပြေးအလွှား ဝင်လိုက်ရ
တယ်။
           ကျွန်မ ခွဲစိတ်ခန်းထဲက ထွက်လာတော့
မောင့်ကို မတွေ့ရတော့ဘူး။OPDက Nurse
လေးတစ်ယောက်ကို မေးကြည့်တော့ ``မစိုး
ရိမ်ရပါဘူး´´တဲ့။လိုအပ်တာ အားလုံးလုပ်ပေး
လိုက်ပါတယ်တဲ့။
        ``ဓာတ်မှန်ရော ခြေထောက်ကို ရိုက်
ပေးသေးလား´´
           ``ဟုတ်ကဲ့…ရိုက်ပေးလိုက်ပါတယ် မမ
ဓာတ်မှန်ဆရာဝန်ကြီးရဲ့ အဖြေကတော့ အရွတ်
နည်းနည်းပွန်းသွားတာလို့ ပြောတယ်။ကျွန်မတို့
လိုအပ်တဲ့ဆေးတွေပေးလိုက်ပါတယ်။ပတ်တီး
လည်း စီးပေးလိုက်တယ်။´´
             ``အခု သူ့ကို ဘယ်မှာထားလဲ´´
          ``သူ့…အိမ်က စိတ်ပူမှာစိုးလို့ ဆိုပြီး
ပြန်သွားပါပြီ မမ´´
            ``မမကို မစောင့်ခိုင်းဘူးလားကွယ်။
ဒါနဲ့OPD registerထဲမှာ သူ့နာမည်နဲ့လိပ်စာ
ယူထားလိုက်တယ်မဟုတ်လား´´
``ဟုတ်…စောင့်ခိုင်းပါသေးတယ်။မမ ကို
သူ ပြန်သွားတဲ့အကြောင်း ပြောပေးပါလို့ပြော
ပြီး ပြန်သွားတာပဲ။စိုးရိမ်ရတဲ့အခြေအနေမရှိ
တာမို့EMOကပြန်ခွင့်ပေးလိုက်တာပါ´´
               OPD registerထဲက သူ့နာ
မည်နဲ့ လိပ်စာကို ကျွန်မရဲ့ Phone Note
ထဲမှာ မှတ်လိုက်တယ်။
       `နေထွဋ်ခေါင်, အသက် ၂၈နှစ်,အိမ်အမှတ်
(81),……လမ်း,လှိုင်သာယာမြို့နယ်။
                ဆေးရုံမှာ ကျွန်မတာဝန်တွေ ပြီးတာ
နဲ့ အိမ်ကိုမပြန်သေးပဲ မောင်ပေးခဲ့တဲ့ လိပ်စာ
အတိုင်း ကျွန်မ ကားကို ဆက်မောင်းလာခဲ့တယ်။
ကျွန်မကြောင့် ဖြစ်ရတာဆိုတော့ မောင်သက်သာ
သည်အထိ ကျွန်မ တာဝန်ယူကြည့်ပေးရအုံးမှာ
ပါ။
               ************
             ဒီလိုနဲ့ ကျွန်မ အားတဲ့အချိန်ဆိုရင်
မောင် နေတဲ့ အိမ်လေးကို နေ့တိုင်းရောက်ဖြစ်
တယ်။မောင့် ဒဏ်ရာကို ကျွန်မကိုယ်တိုင် ဆေး
လိမ်း ပတ်တီးစည်း,လိုအပ်တဲ့ ဆေးနဲ့စားစရာ
တွေ  ဝယ်ပေးရင်း မောင်နဲ့ရင်းနှီးစ ပြုလာပါတယ်။
            မောင့်အကြောင်းတွေကိုလည်း တဖြည်း
ဖြည်းသိခွင့်ရလာတယ်။မောင်က တစ်ဦးတည်း
သော သားဖြစ်ပြီး မိဘနှစ်ပါးဆုံးသွားတော့
ဦးလေး လူပျိုကြီးနှင့်အတူနေကြကြောင်း။
မောင့်ဇာတိက နယ်ကဖြစ်ပြီး ဆွေမျိုးညာတိ
အရင်းအချာ နည်းပါးကြောင်း…။မောင့်အကြောင်း
တွေ သိလာတော့ ကျွန်မ မောင့်အပေါ်မှာ ဂရု
ဏာစိတ်တွေပိုချင်လာမိတယ်။ဘဝတူတွေမို့
လားတော့မသိ။
               ကျွန်မ ဖေဖေက ကုမ္ပဏီတစ်ခုမှာ
ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး။ မေမေ က 
Marketတစ်ခုမှာ ဦးစီးပြီး  ဆိုင်ဖွင့်ရက်တိုင်း
ဆိုင်မှာရှိနေတဲ့ အချိန်တွေက များတယ်လေ။
           တစ်ဦးတည်းသောသမီး ကျွန်မအတွက်
တော့ ချမ်းချမ်းသာသာနေခွင့်ရပါတယ် ဆို
ပေမယ့် မိသားစု မေတ္တာ အပြည့်အဝမရသ
လို ခံစားမိပြန်ပါတယ်။ကျောင်းပြီးလို့ ဆရာဝန်
ဖြစ်လာတော့လည်း ကျွန်မကိုယ်တိုင် အလုပ်
ထဲမှာ လူနာတွေနဲ့ပဲအချိန်ကုန်နေဖြစ်တော့
တာပေါ့။ တခါတလေ ညဘက်တွေရောက်မှ
ကျွန်မတို့ မိသားစုဆုံပြီး စကားပြောဖြစ်ကြ
တယ်။အဲဒါကြောင့် ကျွန်မ မောင့်ကို ကိုယ်ချင်း
စာမိတာ ဖြစ်မှာပါ။
                 မောင်က ကုမ္ပဏီတစ်ခုမှာ အ
ရောင်း စာရေးလုပ်နေသူ…။တဖြည်းဖြည်း
မောင့် ဒဏ်ရာ သက်သာလို့ အလုပ်ပြန်ဝင်
ချိန်အထိ ကျွန်မကားနဲ့ မောင့်အလုပ်ကို လိုက်
ပို့ဖြစ်ပါတယ်။ မောင်က ကျွန်မအပေါ် အားနာ
နေဟန် ရှိပါတယ်။
           ``ကျွန်တော့်ကို အလုပ်အထိလိုက်ပို့
တာ အားနာလှပါပြီ ဒေါက်တာရယ်။ကျွန်တော့်
အတွက် ဒေါက်တာလည်းအစစ အရာရာ
စောင့်ရှောက်ပေးခဲ့တာပဲ။ဒေါက်တာ့ ဘက်က
တာဝန်ကျေပါတယ်။နောက်ရက်တွေ ကျွန်တော့်
ဖာသာပဲ အလုပ်ကိုသွားပါရစေ။ဒေါက်တာ
လည်း DUTYတစ်ဖက်နဲ့ဆိုတော့ အလုပ်တွေ
များနေပါ့မယ်။´´
         ``ရပါတယ် ကိုနေထွဋ်ခေါင်ရယ်။
အခုလို ကျွန်မအပေါ် နားလည်ပေးတာကိုပဲ
ကျေးဇူးတင်လှပါပြီ။ ကျွန်မကို ဒေါက်တာလို့
မခေါ်ပါနဲ့တော့လား။ကျွန်မနဲ့ ကိုနေထွဋ်ခေါင်က
မိတ်ဆွေတွေဖြစ်နေပြီပဲ။ယမုံလို့ပဲ ခေါ်ပါ။´´
             ``ဟုတ်ကဲ့ပါ…မမြနှင်းယမုံ။မမြနှင်း
ယမုံလို ဆရာဝန်တစ်ယောက်က
အခုလို ကျွန်တော့်အပေါ် တရင်းတနှီးဆက်ဆံ
ပေးတဲ့အတွက် ကျွန်တော်ကလည်း အရမ်း
ကျေးဇူးတင်လှပါပြီဗျာ´´
               ``ကိုနေထွဋ်ခေါင်လို ရိုးသားပြီး
အကျင့်စာရိတ္တကောင်းတဲ့ လူရည်မွန်တစ်
ယောက်နဲ့ ခင်ခွင့်ရတာ ကျွန်မကလည်း ဝမ်း
သာပါတယ်ရှင်။´´
            တခါတလေ ကျွန်မ ကိုယ့်ကိုယ်ကို
ပြန်ပြီး အံ့သြမိဖြစ်ပါတယ်။ကျွန်မ ဆေးတက္က
သိုလ် တက်တုန်းက ကျွန်မအပေါ် စိတ်ဝင်စား
သူအများအပြားရှိပေမယ့် ကျွန်မ ဘယ်သူ့ကိုမှ
စိတ်မဝင်စားဖြစ်ခဲ့ပါဘူး။ယောက်ျားလေး သူ
ငယ်ချင်းတောင် နည်းနည်းပါးပါးပဲ ရှိခဲ့တာ…။
အခု မောင်နဲ့တွေ့မှ ကျွန်မရဲ့စိတ်တွေက မောင့်
အပေါ်မှာ ထူးထူးခြားခြား သံယောဇဉ်တွယ်
ဖြစ်နေပါတယ်။မောင့်ရဲ့ကြည်လင်သန့်ရှင်းတဲ့
အပြုံးနဲ့ ယောက်ျားပီသပြီး ချောမောပြေပြစ်လှ
တဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ကျွန်မ စီးမျောနေမိ
တာလား။ ကျွန်မ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်
မိပါတယ်။ကျွန်မရဲ့စိတ်တွေက မောင့်အပေါ်မှာ
တိမ်းညွတ်ပျော်ဝင်နေပြီထင်ပါရဲ့။
          *******************
                    မောင့်ဒဏ်ရာတွေ အကောင်းပ
ကတိနီးပါးရှိလာတာတောင် မောင်နဲ့ကျွန်မ
မကြာခဏတွေ့ဖြစ်ကြပါတယ်။အထူးသဖြင့်
ကျွန်မ အလုပ်အားတဲ့နေ့တွေရယ် မောင်အား
မယ့်နေ့တွေရယ် …။အဲလိုနေ့မျိုးတွေဆိုရင်
မောင်နဲ့ကျွန်မ မြို့ထဲမှာလျှောက်လည်ဖြစ်ကြ
တယ်။ဆရာဝန်ဆိုတာထက် ကျွန်မကိုယ် ကျွန်မ
လွတ်လပ်တဲ့ သာမာန် မိန်းကလေးတစ်ယောက်
လို နေရတာကို ပိုပြီးသဘောကျတယ်။ကျွန်မရဲ့
လုပ်ဖော်ကိုင်ဘက် အသိုင်းအဝိုင်းကတော့
ကျွန်မအပေါ် မေးငေါ့ချင်တဲ့ အကြည့်မျိုးနဲ့။
ကျွန်မလို မိန်းမမျိုးက မောင့်လို သာမာန်လူတစ်
ယောက်နဲ့တွဲသွား တွဲလာလုပ်နေတယ်ဆိုတော့
လည်း သူတို့တွေအမြင်မှာ မလိုက်ဖက်ဘူးလို့
မြင်ချင် မြင်ကြမှာပါ။ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်
တော့ မောင်နဲ့အတူရှိနေရတဲ့အချိန်တွေမှာ
အဓိပ္ပာယ်ပြည့်ဝမှုတွေကို ပိုင်ဆိုင်ရတယ်လို့
ခံစားရပါတယ်။ တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးသေး
တဲ့ ကျွန်မ မြနှင်းယမုံရဲ့ ရူးသွပ်မှုလို့ ဆိုချင်ဆို
ရမှာပေါ့ရှင်…။
            တစတစနဲ့ မောင်နဲ့ကျွန်မ သံယောဇဉ်
တွေတိုးလာတယ်လို့ဆိုရမှာပါ။တစ်နေ့…။
မောင်နဲ့ကျွန်မ ပန်းခြံခုံတန်းလျား တစ်ခုမှာအ
တူထိုင်ဖြစ်တဲ့နေ့ကပေါ့။အလိုအလျောက် ကျွန်
မ မောင့်ပခုံးလေးကို မှီမိလျက်သားဖြစ်သွား
တယ်။ မောက်ကလည်း အလိုက်သင့်ဆိုသလို
ကျွန်မ ပခုံးလေးကို ပြန်ဖက်ထားလိုက်တယ်။
အဲဒီ့နေ့က ကျွန်မ ရင်တွေခုန်လိုက်တာ…။
ကျွန်မဘဝမှာ တစ်ခါမှမရဘူးသေးတဲ့ ရင်ခုန်
မှုမျိုးပေါ့။ မောင်က ကျွန်မကို စကားတိုးတိုး
ပြောလာတယ်။
         ``မမြနှင်းယမုံကို ကျွန်တော်ချစ်တယ်´´
     ကျွန်မ မောင့်ကို မျက်လုံးအဝိုင်းသားနဲ့
ပြန်ကြည့်နေဖြစ်တယ်။ပြီးတော့ မောင်ကဆက်
ပြောတယ်။
        ``တကယ်ပါဗျာ။ကျွန်တော်လေ မမြနှင်း
ယမုံကို စတွေ့တဲ့နေ့ကတည်းက ကျွန်တော့်စိတ်
ထဲမှာ ထူးထူးခြားခြား စွဲလန်းမိခဲ့ရတယ်။မမြနှင်း
ယမုံက ဆရာဝန်တစ်ယောက်ဆိုတာ သိလိုက်
ရတဲ့ အချိန်မှာ ကျွန်တော့်စိတ်ကို ပြန်ပြီးဆုံးမ
ထိမ်းချုပ်ဖြစ်ခဲ့တာပါဗျာ။အဲဒီ့လို ထိမ်းချုပ်ရင်း
နဲ့ မမြနှင်းယမုံနဲ့ အတူရှိရခဲ့တဲ့အချိန်တွေမှာ
ကြည်နူးသာယာဖြစ်ခဲ့တယ်။ အခုလို ကျွန်တော်
ဖွင့်ဟ ပြောလိုက်လို့ ကျွန်တော့်ကို အခွင့်ရေးသ
မားလို့ ထင်သွားပြီလား…ဟင်´´
       ``မထင်ပါဘူး ကိုနေထွဋ်ခေါင်ရယ်။
ကျွန်မ ကိုယ်တိုင်က ရှင်နဲ့အတူရှိနေခွင့်ရ
တာကို မက်မောပျော်ရွှင်နေမိတာပါ´´။
               ဒီလိုနဲ့ မောင်နဲ့ကျွန်မ ချစ်သူတွေ
ဖြစ်ခဲ့ကြတယ်ဆိုပါတော့။တဖြည်းဖြည်းအခေါ်
အဝေါ်တွေပါ ပြောင်းလာကြပြီး မောင်က ကျွန်မ
ကို `ယမုံ´လို့ခေါ်ပြီး ကျွန်မက မောင့်ကို မြတ်
မြတ်နိုးနိုး မောင်လို့ပဲ ခေါ်ခဲ့ကြပါတယ်။
         ကျွန်မနဲ့မောင်တို့ရဲ့အကြောင်းကို ဖေဖေ
နဲ့မေမေ့ကို ချက်ချင်းအသိမပေးဖြစ်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ ကျွန်မနဲ့မောင့်ရဲ့အခြေအနေ
ကို သူတို့တွေ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ
ကျွန်မ ကြိုသိနေလို့ပါပဲ။
             *****************
                 အခြားလူတွေ ဖြစ်လေ့ဖြစ်ထရှိသလို
…။ကျွန်မနဲ့မောင့်အကြောင်းတွေကို ဖေဖေတို့
သိသွားကြတယ်။နောက်ပြီး ကျွန်မနဲ့မောင့်အခြေ
အနေကိုလက်မခံနိုင်ဘူးဆိုတာပါပြောလာပါတယ်
။ကျွန်မ ဖေဖေ့ကို အနူးအညွတ်တောင်းဆိုကြည့်
ပါသေးတယ်။ဖေဖေ လုံးဝ လက်မခံပါဘူး။မေမေ
က ပိုပြီးတော့ ဆိုးပါသေးတယ်။
          ``မဖြစ်နိုင်ဘူးသမီး။ဇာတ်လမ်းတွေ
ရုပ်ရှင်တွေထဲကလို စိတ်ကူးယဉ်မဆန်ပါနဲ့
သမီးရယ်။သမီးကို ဖေဖေတို့မျှော်လင့်ချက်တွေ
အများကြီးထားတာပါ။ဆေးပညာနဲ့ပက်သက်ပြီး
သမီး Masterတွေ,Ph.Dတွေဆက်တက်ရ
မယ်။နိုင်ငံခြားက ဖေဖေ့မိတ်ဆွေ တွေကို အကူ
အညီတောင်းပြီးသား။ဟိုမှာ ကျောင်းသွားတက်
ရင် နေရေးထိုင်ရေး အဆင်ပြေအောင် ဖေဖေတို့
စီစဉ်ပြီးနေပြီ။ သမီးအထူးကုဆရာဝန် တစ်
ယောက်ဖြစ်ရမယ်။နောက်ပြီး အထူးကုဆရာဝန်
ရဲ့ အိမ်ထောင်ဘက်ဟာ အဲလိုကောင်မျိုးမဖြစ်
စေရဘူး´´
             ဖေဖေ့ စကားလုံးတွေက မာကျော
ပြတ်သားနေပြီး ကျွန်မအတွက် လွန်ဆန်ခွင့်
ရဖို့ မလွယ်ကူမှန်း သိလိုက်ပါတယ်။
            ကျွန်မလည်း အထူးကုဆရာဝန်တစ်
ယောက်ဖြစ်ချင်ပါတယ်။ကျွန်မ တတ်တဲ့ဆေ့း
ပညာနဲ့လူသားတွေကို ပိုမိုကောင်းမွန်အောင် အ
ကျိုးပြုနိုင်သူဖြစ်ချင်ပါတယ်။ဖေဖေပြောတဲ့စကား
လုံးတွေက ကျွန်မ နားထဲမှာ ပဲ့တင်ထပ်နေသလိုပါ
ပဲ။`အထူးကုဆရာဝန်တစ်ယောက်ရဲ့ အိမ်ထောင်
ဘက်ဟာ အဲလိုကောင်မျိုးမဖြစ်စေရဘူး´တဲ့။
            ကျွန်မစိတ်ထဲမှာ ချည်တုံချတုံ ဖြစ်ရ
ပါတယ်။ကျွန်မဖြစ်ချင်တဲ့အထူးကုဆရာဝန်
အလုပ်နဲ့ မောင်နဲ့ အပြီးတိုင် လဲလှယ်လိုက်ဖို့
ဆိုတာ `ကျွန်မ ဘယ်လို စိတ်အင်အားနဲ့ ဆုံး
ဖြတ်ရမှာတဲ့လဲ မောင်ရယ်´။မောင့်မျက်နှာကို
ပဲ အချိန်တိုင်း ကျွန်မ မြင်ယောင်နေမိပါတော့
တယ်။
             ပိုဆိုးတဲ့ အကြောင်းအရာတစ်ခုက
ကျွန်မအတွက်  ထွက်ပေါက်မဲ့စေတဲ့ဖေဖေ့ရဲ့
နောက်ထပ်စကားလုံးတွေ…။
          ``သမီးအဲဒီ့ကောင်ကို အဆက်အသွယ်
ဖြတ်ပါ။ သမီးအဆက်အသွယ်မဖြတ်ဘူးဆိုရင်
သူရော သူ့ဦးလေးကိုရော နှစ်ယောက်စလုံးကို
အလုပ်ထုတ်ခိုင်းလိုက်မယ်။သူတို့နှစ်ယောက်လုံး
အလုပ်လုပ်နေတဲ့ကုမ္ပဏီတွေက ဖေဖေ ရှယ်ယာ
ဝင်ထားတဲ့ နေရာတွေချည်းပဲ။
            သမီးဒီကောင်နဲ့ဆက်သွယ်နေရင် သမီး
လည်း အလုပ်ကနားရလိမ့်မယ်။သမီး စဉ်းစားပါ
သမီးလည်း ပညာတတ်တစ်ယောက်ပါ´´
                ဖေဖေ့ စကားလုံးတွေက အရမ်းခတ်
ထန် မာကျောတာမဟုတ်ပေမယ့် ကျွန်မအတွက်
တော့ မြှားအစင်းပေါင်းများစွာ ရင်ဘက်ထဲကိုထိုး
စိုက်နေသလိုပါပဲ။
             `ပညာတတ်ဆိုတာနဲ့ အလွှာတူမှု
မတူမှုတွေကို စဉ်းစားပြီး လက်တွဲဖော်ကို ရွေးရ
မယ်တဲ့လား ဖေဖေရယ်´
                     ကျွန်မစိတ်ထဲကပြောလိုက်မိ
ပေမယ့် နှုတ်ဖျားကတော့ စကားလုံးတွေစွံ့အနေ
ပါတယ်။ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့ဖေ
ဖေ့ရဲ့အမူအကျင့်တွေကို သိနှင့်ပြီးတာမို့ ကျွန်မ
ကြောင့် မောင်တို့တူဝရီးနှစ်ယောက်စလုံးရဲ့ဘဝ
တွေကို ယိုင်နဲ့မသွားစေချင်ဘူး။
              အဲဒါကြောင့် မောင်နဲ့လမ်းခွဲဖို့ ကျွန်မ
ဆုံးဖြတ်ခဲ့တာပါ။သိပ်မကြာတော့တဲ့အချိန်မှာ
ကျွန်မ ဘွဲ့လွန်သင်တန်းတက်ဖို့ နိုင်ငံခြားကိုသွား
ရတော့မယ်။ဟိုမှာ နှစ်နှစ်လောက်နေရမှာပါ။
အဝေးကိုထွက်သွားတဲ့ ကျွန်မကို တသလွမ်းနေ
မယ့်အစား နာကျည်းမုန်းတီးပြီး ကျန်ခဲ့ပါစေတော့။
တစ်ချိန်ချိန် မောင် ကျွန်မကို မေ့သွားမှာပါ။
              မောင့်ကို လမ်းခွဲတဲ့အကြောင်း ဖုန်းနဲ့
ပဲပြောလိုက်ပါတယ်။
          ``မင်းတို့လို မိန်းမမျိုးတွေဆိုတာ
နောက်ဆုံးတော့ ဒီလိုပဲဇာတ်ညွှန်းရေးပြီး ဒီလိုပဲ
ဇာတ်လမ်းဆင်သွားကြတာပါပဲကွာ။မင်းမမှားဘူး
ဒေါ်မြနှင်းယမုံ ငါပဲမှားတာပါ။ငါကပဲ မှားခဲ့တာ။
မင်းအသံ မင်းသတင်း မင်းအရိပ်ယောင်တွေနဲ့
ဝေးနိုင်သမျှ ဝေးဝေးမှာ နေသွားမှာပါ။စိတ်ချ…
ငါ့မျက်နှာကို မင်း တစ်သက်လုံးမမြင်စေရဘူး´
         မောင့်ရဲ့စကားတချို့ကိုသာ နားထောင်ပြီး
ကျွန်မရဲ့ဖုန်းကို power offလိုက်ပါတယ်။
        ``ကျွန်မကို အဆုံးမရှိ နာကျည်းမုန်းတီး
လိုက်ပါတော့ မောင်ရယ်´´
            ကျွန်မရဲ့ အိပ်ခန်းလေးထဲမှာ အံကိုတင်း
တင်းကျိတ်ရင်း ကြေကွဲခြင်း ဒဏ်ရာတွေကိုလူး
လိမ့်ခံစားခဲ့ရပါတယ်။အဲဒီ့နေ့က ကျွန်မ ဘဝအ
တွက်နောက်ထပ်မရှိလောက်အောင်အထိ မျက်
ရည်တွေကျခဲ့ရတယ်ဆိုတာ ဒီတစ်သက် ကျွန်မ
မောင့်ကို ပြောပြမှာမဟုတ်ပါဘူး။ကျွန်မဘဝရဲ့
ပထမနဲ့ နောက်ဆုံးသောအချစ်တွေအားလုံး
မောင့်ဆီမှာ အပြီးတိုင် မြှုပ်နှံထားခဲ့တယ်ဆိုတာ
တစ်ချိန်ချိန် မောင်တစ်ယောက်သိနိုင်ခဲ့ရင်…။
ခံစားမှုဒဏ်ချက် အမြတ်ရှစရာ မှန်သမျှ ဒီဘဝနဲ့
ပြီးပါစေတော့လို့ပေါ့။
                  *************
                  ကျွန်မနိုင်ငံခြားကိုမထွက်မီ မောင့်
အကြောင်းတွေစုံစမ်းဖြစ်ပါသေးတယ်။မောင့်ကို
မြင်ခွင့်မရတောင်မှ စိတ်ထဲက မောင့်သတင်း
လေးတော့ကြားချင်နေမိသေးတယ်။ မောင်တစ်
ယောက်  ကချင်ပြည်နယ်ဘက်ထွက်သွားတယ်
ဆိုတာကိုပဲ သိခွင့်ရခဲ့ပြီး မောင့်သတင်းကို အတိ
အကျ သိခွင့်မရတော့ပါဘူး။
                 ကျွန်မလည်း နိုင်ငံခြားမှာ နှစ်နှစ်
တာမျှနေပြီးဘွဲ့လွန်သင်တန်းတက်ခဲ့တယ်။
သင်တန်းပြီးတော့ မြန်မာပြည်မှာပဲ ပြန်ပြီးအလုပ်
ဝင်ခဲ့ပါတယ်။နှစ်တွေကြာပေမယ့် ကျွန်မရင်ထဲက
အချိန်တိုင်း မောင့်ကို မေ့မရခဲ့ပါဘူး။
                 ကျွန်မအထူးကုဆရာဝန်ဘဝနဲ့
နယ်ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်ခွင့်ရ
ခဲ့တယ်။ ကျောက်ကပ်ဝေဒနာ ဆိုးဆိုးရွားရွားနဲ့
ရောက်လာတဲ့လူနာတစ်ဦးဟာ မောင်ဖြစ်နေ
တယ်ဆိုရင် ကံတရားကိုပဲ ဆန်းကြယ်တယ်လို့
ပြောရတော့မှာပါ။
                      ကျွန်မ ဒီဆေးရုံမှာ ရှိနေတယ်
ဆိုတာ မောင်မသိစေချင်ပါဘူး။ ကျွန်မကြောင့်
မောင့်ကို စိတ်ဒဏ်ရာတွေ ထပ်ပြီးအသစ်မဖြစ်
စေချင်တော့ဘူး။နောက်ကွယ်ကပဲ မောင့်အတွက်
လိုအပ်တာတွေ ဖြည့်စည်းပေးပါရစေတော့။
               ဆေးမှတ်တမ်းတွေအရ မောင့်ရဲ့
ကျောက်ကပ်ဝေဒနာဟာ နာတာရှည်ဖြစ်ရာကနေ
ကျောက်ကပ်နှစ်ခုလုံးပျက်စီးနေပြီလို့သိရတယ်။
အစားထိုးလဲလှယ်ဖို့ကလွဲပြီး အခြားနည်းလမ်း
မရှိတော့ဘူးတဲ့…။
             ကံတရားက ကျွန်မကို ပေးဆပ်ခွင့်ပေး
လိုက်တယ်ထင်ပါရဲ့။ ကျန်မသွေးအမျိုးအစားနဲ့
မောင့်သွေးနဲ့ တူနေပြီး ဆေးစစ်ချက်တွေအရ
ကျွန်မရဲ့ ကျောက်ကပ်တစ်လုံး မောင့်ကိုလှူဒါန်း
နိုင်ပါတယ်တဲ့။ကျွန်မ ချက်ချင်းပဲ ဆုံးဖြတ်ခဲ့ပါ
တယ်။ကျွန်မရဲ့ကျောက်ကပ်တစ်လုံးနဲ့ 
အသက်တာရှင်သန်ခြင်းတွေကိုမောင် ပိုင်ဆိုင်ခွင့်
ရပါစေတော့လို့…။
              ရန်ကုန်မြို့အထွေထွေရောဂါကုဆေး
ရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကျွန်မ
ရဲ့ ကျောက်ကပ်တစ်လုံးကို ခွဲထုတ်ပြီး မောင့်
ကျောက်ကပ်တစ်လုံးနေရာမှာ အစားထိုးနေကြ
ပါတယ်။ကျွမ်းကျင်တဲ့ ခွဲစိတ်အထူးကုဆရာဝန်
ကြီးတွေ ဆောင်ရွက်နေကြတာမို့ မောင့်အတွက်
ခွဲစိတ်မှုအောင်မြင်မှာပါ။ကျွန်မယုံကြည်ပါတယ်။
အမည်မဖော်လိုသူ တစ်ယောက်လှူဒါန်းတဲ့
ကျောက်ကပ်တစ်လုံးနဲ့ အသက်ရှင်ခွင့်ရနေတဲ့
မောင့်ရဲ့အပြုံးတွေကို အိပ်မက်ထဲမှာ တဖန်မြင်
ယောင်ခွင့်ရပါစေ လို့ကျွန်မဆုတောင်းရင်း…။
         ကျွန်မရဲ့ တစ်သက်တာထာဝရ အဆုံးမဲ့
ချစ်ခြင်းတွေကြောင့် မောင့်နှလုံးသားမှာ ထိခိုက်
ခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေအားလုံး သက်သာရာ
ရပါစေ။ ကျွန်မအပေါ် တင်ကျန်နေတဲ့ မောင့်ရဲ့
အမုန်းစိတ်တွေအားလုံး ဒီဘဝမှာ ကြေသုဉ်း
ပျောက်ကွယ်နိုင်ပါစေ။ ကျွန်မ မောင့်ကိုအရမ်း
ချစ်ပါတယ်။ကျွန်မရဲ့ ခန္ဓာကိုယ် အသွေးအသား
တွေ ပေးဆပ်ပြီးတော့ မောင့်ကိုချစ်ပြခဲ့တာပါ
ဆိုတာ တစ်ချိန်ချိန် မောင်သိခဲ့ရင်…။           ။
                     ကျေးဇူးတင်စွာဖြင့်
                 ဆက်လက်ကြိုးစားပါအုံးမည်
                               ကောင်းကင်တာရာ

Post a Comment