သွေးပျက်​ည

"#HALLOWEEN_NIGHT" 《or》  ������������
             "#သွေးပျက်ည"          [စ/ဆုံး].
               ¤ ¤ ¤ ¤ ¤ ¤

         မွန်း ဒီမြို့ကို မလာချင်ပဲ ရောက်လာခဲ့ရသည်၊၊ ဖခင်၏ စီးပွားရေး အခြေစိုက်ထားရာ ဒီမြို့က မွန်းအတွက်တော့ ခါးသီးစရာတွေနှင့် ပြည့်နေခဲ့သည်၊၊ မွန်း5 တန်းနှစ်မှာ စိတ်ကျန်းမာရေး မကောင်းသော မေမေက စိတ်ဖောက်ပြန်ကာ သူ့ကိုယ်သူ သတ်သေသွားခဲ့သည်၊၊ မွန်းအတွယ်တာရဆုံး သူငယ်ချင်းဖြူလေးကလဲ
လမ်းဖြတ်ကူး၍ မွန်းဆီသို့ အပြေးလာစဉ်
မွန်းမျက်စိရှေ့တွင်ပင် ကားကြိတ်ကာပွဲချင်းပြီး သေဆုံးသွားခဲ့သည်၊၊ ထိုသို့ဖြစ်ပြီး နောက်ရက်၌ သူမ ဒီမြို့မှ ထွက်ခွာလာခဲ့သည်၊၊ ယခုတော့ မလာချင်ပါပဲ တစ်ခါတစ်ခေါက် ပြန်ရောက်လာရသော ဒီမြို့၏ အငွေ့အသက်ကြောင့်ထင်၏ ၊၊ ပြီးခဲ့သော ထိုအကြောင်းအရာများက မနေ့,တစ်နေ့ကလိုပင်၊၊

      ဦးနေမောင် ကားမောင်းနေရင်းမှ တစ်လမ်းလုံးဆိတ်ငြိမ်စွာ ပါလာခဲ့သော သမီးဖြစ်သူကို စောင်းငဲ့ကြည့်လိုက်သည်၊၊

"""သမီး ဘယ်လိုခံစားနေရမယ်ဆိုတာ ဖေဖေနားလည်ပါတယ်
သိပ်ပြီး စိတ်ထဲမထားပါနဲ့ သမီးရယ် နောက်တော့လဲ အဆင်ပြေသွားမှာပါ ဒီမှာကျောင်းဆက်တက်ရမယ့် သမီးပညာရေးကလဲ ရှိသေးတယ် မဟုတ်လား"""

ဦးနေမောင် သမီးဖြစ်သူအား နှစ်သိမ့်ရင်း ဆီဆိုင်ရှေ့တွင် ရပ်လိုက်ကာ ကားကို ဆီဖြည့်လေသည်၊၊

"""ဗုန်း ...ဟေး"""

သူမထိုင်နေသည့် ကားဘက်အခြမ်းအား လက်သီးဆုတ်ကာ ခပ်ပြင်းပြင်း ထုလိုက်သံနှင့်အတူ သူမအား ပြောင်လှောင်ကာ ထွက်သွားသော ဂျစ်ကန်ကန် လူငယ်တစ်စုကို သူမ မုန်းတီးစွာ လိုက်ကြည့်နေမိသည်၊၊

"""ဒေါက် ဒေါက်"""

ထိုစဉ် ကားမှန်အား ချပေးရန် အချက်ပြနေသော ကောင်လေးကို မွန်းစူးစိုက်ကြည့်ရင်း ကားမှန်ချပေးလိုက်လေသည်၊၊

"""ဟိတ် နင် မွန်း မဟုတ်လား ကြည့်စမ်း နင် ငယ်ရုပ်မပျောက်ဖူး ငါ့ကို မှတ်မိလား သေချာကြည့်လေဟာ"""

ပြုံးရွှင်စွာ ပြောလာသော ထိုကောင်လေးကို မွန်း သေချာကြည့်ရင်း အဖြေရှာနေမိသည်၊၊
ထိုကောင်လေးက သူမကြောင်စီနေပုံကို ကြည့်ပြီး အားရပါးရ ရယ်လိုက်ချိန်တွင်မတော့ သူ့ပါးပြင်မှ ပေါ်လာသော ပါးချိုင့်လေးကို ကြည့်ကာ မွန်း မှတ်မိသွားခဲ့သည်၊၊

"""ကြည့်စမ်း နင် ထက်အောင်ပဲ အသားတွေ ဖြူလာလိုက်တာဟယ် ငါ မှတ်တောင်မမှတ်မိဘူး"""

"""မွန်းရယ် ငါက ငယ်ကရော အသားမဲနေလို့လား"""

"""အင်း ငါ့ထက်စာရင်တော့ မဲတာပေါ့"""

"""ဟားဟား ဟုတ်ပါပြီ မွန်းရယ် နင်ပြန်လာသေးတယ်နော် အတော်ပဲ ဒီနေ့ ဘာနေ့လဲ သိလား"""

"""ဟင့်အင်း မသိဘူး ဘာနေ့လဲ"""

"""ဒီနေ့ HALLOWEEN DAYလေဟာ ဒီည နင့်ကို လာခေါ်မယ် ငါတို့ သူငယ်ချင်းတွေစုပြီး အစီအစဉ်တစ်ခု လုပ်ထားတယ် နင့်ကို စောင့်နေတဲ့သူတွေရှိတယ် မွန်း.. နင်ပါမှဖြစ်မှာကွာ လာခေါ်မယ် စောင့်နေ ဟုတ်လား ငါသွားမယ်"""

ပြောချင်ရာ အရပြောကာ ထွက်သွားသော ထက်အောင်ကို ကြည့်ရင်း မွန်း,ပြုံးကာ ခေါင်းခါရမ်းလိုက်မိလေသည်၊၊

"""သမီး ဘယ်သူနဲ့ စကားပြောနေတာလဲ"""

"""ငယ်သူငယ်ချင်းပါ ဖေဖေ ဒါနဲ့ ဖေဖေ့ကို တစ်လက်စထဲ ခွင့်တောင်းရအုံးမယ် သမီး ဒီည သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ချင်တယ်"""

ဦးနေမောင် သမီးဖြစ်သူကို အကဲခတ်လိုက်ကာ

"""အေးလေ ဖေဖေ့သမီးက ကလေးမှမဟုတ်တာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်တယ်ဆိုတာ ဖေဖေ ယုံကြည်တယ် သွားလေ သမီး ဖေဖေ ခွင့်ပြုပါတယ်"""

•••••

မွန်း ပါလာသော အလှပြင် ပစ္စည်းများနှင့် မျက်နှာပြင်ပေါ်ဝယ် ရောင်စုံ ခြယ်သလိုက်သည်၊၊ အသုံးများဆုံးကတော့ အညိုနဲ့ အနက်ပင်၊၊ HALLOWEEN NIGHTနှင့် ကိုက်ညီမှုရှိအောင်တော့ ပြင်ဆင်ရမယ်လေ၊၊

"""တီ.. တီ.."""

"""မွန်းရေ ပြီးပြီလား လာတော့ဟေ့"""

ကားဟွန်းသံပေးလျက် ဆူညံစွာ အော်ဟစ်နေသော ထက်အောင်ကို ပြတင်းပေါက်မှ ငုံ့ကြည့်ကာ လက်ပြပြီး သူမ ဆင်းလာခဲ့သည်၊၊

"""ဖေဖေ သမီးသွားမယ်နော်"""

စာကြည့်ခန်းထဲတွင် ကော်ဖီတစ်ခွက်နှင့်အလုပ်ရှုပ်နေသော ဖခင်ဖြစ်သူအား သူမ အော်ပြောလိုက်လေသည်၊၊

"""အေး သမီး  နောက်ကျရင် ဖုန်းဆက် ဖေဖေ လာကြိုမယ်"""

သမီးအိမ်ပြင်ထွက်သွားတာ ကြာသည်အထိ ကားသံမကြားရသဖြင့် ဦးနေမောင် အိမ်ရှေ့သို့ ထွက်လာခဲ့သည်၊၊ ထူးဆန်းလှစွာ
ခြံတံခါးက အတွင်းမှ သော့ခတ်လျက်သားနှင့်ပင်၊၊
ထို့နောက် သမီးဖြစ်သူအိပ်ခန်းသို့ ဝင်ကြည့်လိုက်ရာ တိတ်ဆိတ်နေသော အခန်းထဲဝယ် မည်သူမှရှိမနေပေ၊၊
ဦးနေမောင်စဉ်းစားရင်း သမီးဖြစ်သူကို မည်သူတွေလာခေါ်သွားသည်ကို ဝေခွဲမရဖြစ်ကာ စိတ်ပူလာလေသည်၊၊

•••••••

ဟောင်းနွမ်းမှောင်မိုက်နေသော ကြီးမားလှသည့် အိမ်အိုကြီးရှေ့တွင် ထက်အောင် ကားကို ရပ်လိုက်သည်၊၊

"""ဆင်းလေ မွန်း ရောက်ပြီဟ"""

ကားတံခါးဖွင့်ပေးနေသော
ထက်အောင်ကို မွန်း မျက်ခုံးအစုံ စုကြုံ့လျက် စိုက်ကြည့်လိုက်သည်၊၊

"""ထက်အောင် နင် ငါ့ကို
ဘယ်ခေါ်လာတာလဲ နင်ပြောတော့ သူငယ်ချင်းတွေစုပြီး စီစဉ်ထားတာ ရှိတယ်ဆို ခု ဒါက ဘယ်နေရာလဲ"""

"""ဟား မွန်းရယ် နင်ကလဲ သူငယ်ချင်း,ချင်း ကိုဟာ မယုံမကြည်ကြီးနဲ့ လုပ်နေတာ ငါနေရခက်တယ် အထဲရောက်ရင် နင်သိမှာပေါ့ ကဲ ရော့ ဒီဓားလေး နင် ယူထား နင့်အတွက် အသုံးဝင်လိမ့်မယ် ငါ့ကိုယုံ  ..ကဲ ..အမိ ဆင်းတော့"""

ထက်အောင်က သူ့ဘောင်းဘီအိတ်ထဲမှ ခေါက်ဓားလေးကို မွန်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်၊၊

•••••••

အထဲရောက်သည်နှင့် အပြင်ကနှင့်ဆန့်ကျင်ဘက်ပင်၊၊
လက်လက်တောက်နေသော  ဆန်းသစ်တောက်ပသည့် လူ့အသုံးအဆောင်ပစ္စည်းများနှင့် ခမ်းနားထည်ဝါလွန်းလှသည်၊၊ လင်းထိန်နေသော ရောင်စုံမီးများအောက်တွင် မြူးထူးလှသော သီချင်းသံကို ဖွင့်ထားကာ လှပကျော့ရှင်းသော မွန်းနှင့်အရွယ်တူ လူအများကလဲ ပျော်ရွှင်စွာ  ကခုန်လျက်၊၊ မျက်နှာများကိုတော့ ဘယ်သူဘယ်ဝါ မမှတ်မိနိုင်စေရန် ကြောက်မက်ဖွယ် မျက်နှာဖုံးများ တပ်ဆင်ထားကြပြီး  အဝတ်အစားများပေါ်တွင်လဲ သွေးအတုများ ပက်ဖြန်းထားကြလေသည်၊၊ မွန်းထံသို့ ကမ်းလာသော ဗန်းထဲမှ ဝိုင်တစ်ခွက်ကို မွန်း လှမ်းယူလိုက်ပြီး တစ်ကျိုက်မော့လိုက်သည်၊၊

ထိုစဉ် မွန်းနှာဝသို့ စူးရှလှသော ပုပ်အက်အက် အနံ့ဆိုးကြီးက ဝင်ရောက်လာလေသည်၊၊

"""မွန်း"""

သူမ ပါးပြင်နားသို့ ကပ်ခေါ်လိုက်သော တိုးညှင်းသည့် အသံကြောင့် မွန်း အလွန်ပင် တုန်လှုပ်ခြောက်ခြားသွားလေသည်၊၊ အကြောင်းမှာ ဒီအသံ ဒီအပြုအမူမျိုးကို ဖြူတစ်ယောက်သာလျှင် လုပ်တတ်သောကြောင့် ဖြစ်လေသည်၊၊
မွန်း ကြောက်လန့်ကာ ဘေးသို့ လှည့်ကြည့်လိုက်သောအခါ

"""အား...""""

ဦးခေါင်းတစ်ခြမ်းပဲ့လျက် ဦးနှောက်များ ထွက်နေကာ သွေးများရွဲနစ်နေသည့် မျက်နှာကြီးကို မြင်လိုက်ရသဖြင့် မွန်းကြောက်လန့်စွာ အားကုန်ကြုံးအော်လိုက်လေသည်၊၊

"""မွန်း.. မွန်း ..ဘာဖြစ်တာလဲ"""

ထက်အောင် မွန်းပခုံးကို လှုပ်ခါလျက် မေးလေသည်၊၊ ကခုန်နေသူအပေါင်းလဲ ငြိမ်သက်ကာ မွန်းထံသို့ စူးစိုက်ကြည့်ကုန်ကြလေသည်၊၊

"""ထက် ထက်အောင်  ဟိုမှာ.. ဖြူ ..
သ ..သရဲ ငါကြောက်တယ်"""

မွန်း ထက်အောင် ရင်ခွင်ထဲမျက်နှာအပ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြေလျက် သူမကျောဘက်သို့ လက်ညိုးညွှန်ပြလေသည်၊၊

"""ဟာ မွန်းရယ် သေချာလဲ ကြည့်ပါအုံး ဘယ်မှာလဲ သရဲ.. လူပါဟ လူပါ"""

ထက်အောင် အပြောကြောင့် မွန်း မဝံ့မရဲလှည့်ကြည့်လိုက်သည်၊၊ ထိုမိန်းကလေးက တခစ်ခစ်ရယ်လျက် ကြောက်မက်ဖွယ်ခေါင်းစွပ်ကို နေရာကျစေရန် ပြန်တည့်လိုက်ပြီး ထွက်ခွာသွားလေသည်၊၊

•••••••

ဖွင့်ထားသော သီချင်းသံက တစ်စစနှင့် ကျယ်လောင်မြည်ဟီးစွာ ဆူညံလာသည်၊၊ ကခုန်နေသူများမှာလဲ တစ်စစ ပိုကြမ်းလာကြကာ ကြောက်မက်ဖွယ် အသံမျိုးစုံလုပ်၍ အော်ဟစ်ကခုန်နေကြသည်၊၊

"""လာ မွန်း ဒီ့ထက်ထူးဆန်းတာ လိုက်ပြမယ်"""

ထက်အောင်ဆွဲခေါ်ရာသို့ သူမ ပါသွားသည်၊၊ လက်ထဲက ဓားကိုတော့ ကျစ်ကျစ်ပါအောင် ဆုတ်ထားမိလေသည်၊၊

ထက်အောင် ဆွဲခေါ်လာရာ တစ်ဖက်ခန်းထဲတွင် လူတွေကို အရှင်လတ်လတ် ခုတ်ပိုင်းနေသည့် မျက်လှည့်ကိုပြနေကြသည်၊၊

"""အား ..အူးဝါး ..အူး"""

လွှစက်ပေါ်တွင် မိန်းကလေးကို ကြိုးတုတ်ကာ တင်ထားပြီး ခလုပ်ဖွင့်လိုက်သည်နှင့် လွှစက်က တစ်ဖြည်းဖြည်း လည်လာကာ အရှိန်မြန်လာသည်၊၊ ကြိုးတုတ်ခံထားရသော မိန်းကလေးက ပါးစပ်ကိုပါ တိတ်နှင့် ကပ်ခံထားရသဖြင့် တအူးအူးတဝါးဝါးဖြင့် အော်ဟစ်ရင်း မျက်ရည်များစီးကျနေရှာသည်၊၊

"""ဟေး..သတ်ပစ် သတ်ပစ်"""

ကြည့်ရှူ့နေသူအပေါင်းကလဲ ထိတ်လန့်ဖွယ် ဆိုးဝါးလှသော အသွင်အပြင်များပြင်ဆင်ထားလျက် ထိုမိန်းကလေးအား သတ်ပစ်ရန် အားပေးနေကြသည်၊၊မွန်း ထက်အောင်လက်ကို တင်းတင်းဆုတ်ကိုင်ရင်း

"""ထက်အောင် ..ဒါ ..ဒါ ..ဘာတွေလဲ ဟိုကောင်မလေးကို တစ်..တစ်ကယ်သတ်ကြမှာလား ဟင်.."""

"""အဟား ..မဟုတ်တာ မွန်းရယ် တစ်ကယ် သတ်လို့ရမလား ဒါ မျက်လှည့်ဟ"""

"""ဂျွီ ..ဂျွီ ..ဂျွီ..."""

လွှစက်သံက ဆူညံစွာ ထွက်ပေါ်လာသည်၊၊ ထိုမိန်းကလေး၏ ခန္တာကိုယ်သည် လွှစက်နားသို့ ကပ်လာသည်နှင့်အမျှ ခေါင်းတခါခါ လည်တစ်ခါခါနှင့် အစွမ်းကုန် အော်ဟစ်လျက် သနားစဖွယ် မျက်ဝန်းများမှာလဲ ကြည့်ရှု့နေသူ ပရိသတ်များအား အကူအညီပေးရန် တောင်းခံနေသည့်နှယ်၊၊

"""ကျွီ ..ကျလိ.. ဂျွီ.."""

ကြည့်နေစဉ်မှာပင် ထိုမိန်းကလေးသည် လွှစက်အောက်သို့ နာကျင်စွာ ဝင်ရောက်သွားလေတော့သည်၊၊
ခါးထက်ပိုင်းပြတ်ကာ သွေးများက ဒလဟော ပန်းထွက်လာပြီး တိတ်ကပ်ထားသော ပါးစပ်တွင်းမှ သွေးများကပါ ငေါက်ခနဲထပန်းလေသည်၊၊ ထိုအခန်းထဲဝယ် သွေးညှီနံ့က စူးရှစွာ ထောင်းခနဲ လှိုက်တက်လာသည်၊၊

"""ဟေး ..ဟေး"""

ကြည့်နေသူလူအပေါင်းက ထိုပြကွက်ကို လက်ခုတ်လက်ဝါးတီးကာ အားပေးကြသည်၊၊ထိုမိန်းကလေးသည် ကိုယ်တစ်ပိုင်းပြတ်လျက်  သေခါနီးဆဲဆဲဖြင့် မွန်းအားလက်ညိုးထိုးလျက် စိုက်ကြည့်ကာ
ပြေးတော့ဟု ပြောနေသည့်နှယ်၊၊

"""အား... ထက် ထက်အောင် လုပ်အုံး သူသေပြီ ထင်တယ် ငါကြောက်တယ် အီး ဟီး ဟီး"""

ထိုမြင်ကွင်းကို ကြည့်နေရင်း
မွန်း ကြောက်လန့်စွာ အော်ဟစ်ငိုယိုလိုက်မိလေတော့သည်၊၊
ကြည့်ရှု့နေသူလူအပေါင်းကလဲ မွန်းထံသို့ ထူးဆန်းသော မျက်လုံးများနှင့် ဝိုင်းအုံကြည့်ကြသည်၊၊

"""မွန်း သတိထားလေ ဒါ HALLOWEEN NIGHTလေကွာ ကြောက်လန့်အောင် သဲထိတ်ရင်ဖို လုပ်ပြရမှာပေါ့ ပွဲမပြီးသေးဘူး ဆက်ကြည့်အုံး"""

           ဝတ်ရုံအနက်လွှမ်းခြုံထားသော လူတစ်စုက ထိုသေဆုံးနေသည့် မိန်းကလေးပေါ်တွင် အဝတ်နီစကို ဖုံးအုပ်လိုက်ပြီး ခေါင်းဆောင်ဖြစ်ဟန်တူသူက တတွတ်တွတ်ရွတ်ဆိုလျက် အဝတ်စကို ခွာလိုက်သောအခါ လွှစက်နှင့် ခန္တာကိုယ်ပြတ်အောင် ဖြတ်ခံရသော ထိုမိန်းကလေးသည် အကောင်းတိုင်းပင် ထလာကာ ချာလပတ်လှည့်၍ ကန်လန်ကာနောက်သို့ ဝင်သွားလေတော့သည်၊၊ လူများက လက်ခုတ်လက်ဝါးတီးကာ တစ်ခဲနက် အားပေးကြသည်၊၊ မွန်းကတော့ ခေါင်းများ တရိပ်ရိပ်မူးဝေလာကာ အော့အန်ချင်စိတ်များပင် ဖြစ်နေမိသည်၊၊

"""မွန်း နင် အဆင်ပြေရဲ့လား
လာ ..လာ   သွား အနားယူရအောင်"""

          ထက်အောင်ဆွဲခေါ်လာရာ တစ်ဖက်ခန်းထဲတွင်တော့ မီးများ လင်းနေအောင်ထွန်းထားကာ ပြတင်းပေါက်လဲ ဖွင့်ထားသဖြင့် မွန်း နေရတာ အနည်းငယ်သက်သာလာသည်၊၊
ထိုစဉ် လင်းထိန်နေသော မီးများမှာ လျပ်တပြက် မှောင်အတိကျသွားသည်၊၊
မှောင်မိုက်နေသော အခန်းတွင်းဝယ် အပြင်ဘက်မှ အသံများကို နားစွင့်မိတော့  များပြားလှသော လူအုပ်ကြီးအသံများမှာ အံ့ဩစရာကောင်းလောက်အောင်ပင် တအိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်၊၊

"""ထက် ..ထက်အောင် နင်ဘယ်မှာလဲ"""

မွန်း အသံတို့က ကြောက်စိတ်ကြောင့် သိသိသာသာ တုန်ရင်နေသည်၊၊ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ဖွင့်လိုက်တော့ မှောင်မိုက်နေသော အခန်းက အနည်းငယ် လင်းရှင်းစ ပြုလာသည်၊၊

"""မွန်း"""

ထိုစဉ် သူမအမည်ကို ခေါ်လိုက်သံကြားရသဖြင့် ဖုန်းမီးဖြင့် ဝေ့ဝဲရှာဖွေလိုက်သည်၊၊ အသံက တိုးညှင်းလှပေမယ့် လိုဏ်သံပေါက်နေသည်၊၊

"""မွန်း ငါ ဒီမှာလေ ငါ့ကို မမှတ်မိတော့ဘူးလား နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြူလေ"""

သူမရှေ့မှ ထွက်ပေါ်လာသော ဖြူသည် ဦးခေါင်းခွံပဲ့ထွက်နေကာ
အတွင်းထဲမှ လောက်များက တစ်ဖွားဖွားဖြင့် ထွက်ကျနေသည်၊၊

"""နင် ..နင်တို့နော် ငါ့ကို ..မ . မနောက်ကြနဲ့ ငါ.. ငါ ကြောက်တယ်."""

ဖြူသည် တရွတ်ဆွဲနေသော ခြေထောက်အား ကြမ်းပြင်တွင် ရှပ်တိုက်ကာ မွန်းရှေ့သို့  တိုးကပ်လာသည်၊၊

"""ငါ့ကို သေချာကြည့်စမ်းပါ မွန်း ငါ ဖြူလေ နင့်ကို ငါတို့စောင့်နေတာလေ ဒီလိုနေ့မျိုးမှာ နင့်ကိုငါတို့က ပျော်စရာတွေ ဖန်ဆင်းပေးပြီး ကြိုဆိုကြတာပါ မွန်းရယ် ဟားဟားဟား"""

        သူမ မျက်နှာနားသို့ တိုးကပ်ကာ ပြောရင်း ရယ်မောနေသော စက်ဆုပ်ဖွယ်ဖြူ့မျက်နှာကြီးကို မွန်း ထိတ်လန့်စွာ စိုက်ကြည့်ရင်း ကြောက်စိတ်တို့ဖြင့် ဆွံ့အနေမိသည်၊၊
        ထိုစဉ် မွန်းအနားသို့ ထက်အောင် ရောက်လာသဖြင့် မွန်း အားကို တကြီး ထက်အောင် နားသို့ ပြေးကပ်ကာ လက်များကို တင်းကြပ်စွာဆုပ်ကိုင် လိုက်လေသည်၊၊ သူမဆုတ်ကိုင်ထားသော ထက်အောင်လက်များက စေးထန်းထန်းကြီး ဖြစ်နေသဖြင့် ဖုန်းမီးဖြင့် ထက်အောင်အား ထိုးကြည့်လိုက်သောအခါ
ထက်အောင်သည် ပြတ်ထွက်နေသော သူ့ခေါင်းအား သူ့လည်ပင်းပေါ်တွင် လက်တစ်ဖက်ထဲဖြင့် မတည့်တည့်အောင် ထိန်းကိုင်လျက် ကျန်လက်တစ်ဖက်က မွန်းကို ထိုအခန်းထဲမှ ဆွဲထုတ်သွားရန် ဟန်ပြင်နေသည်၊၊ သွေးများကလဲ မြင်မကောင်းအောင် စိုရွဲနေကာ
ကြမ်းပြင်ထက်သို့ တစ်တောက်တောက် ကျနေသည်၊၊         
           မွန်းမယုံကြည်နိုင်အောင်ပင် ထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းကို မြင်နေရသဖြင့် ကြောက်စိတ်များကြောင့် တဆတ်ဆတ်တုန်ရင်လာပြီး တစ်ကိုယ်လုံး အားအင်ချိနဲ့လာကာ နေရာတွင်ပင် အရုပ်ကြိုးပြတ် ပုံလဲကျ သွားလေတော့သည်၊၊

•••••••

        ဦးနေမောင် သမီးဖြစ်သူကို စိုးရိမ်စွာ စောင့်ကြည့်နေသည်၊၊ သမီးပျောက်ရှာထားရသဖြင့်  တစ်ညလုံးလဲမအိပ်ရသေးပေ၊၊

"""သမီး ..သမီးလေး.. သတိရပြီလား"""

မွန်း သတိရရခြင်း ဖခင်ကို ဖက်ကာ အားရပါးရ ငိုလိုက်လေတော့သည်၊၊

"""ငါ့သမီးလေး မသေကောင်းမပျောက်ကောင်း ကံသီပေလို့ပေါ့ကွယ် .. ဟိုးအရင်က HALLOWEENပွဲတော် ကျင်းပလေ့ရှိတဲ့ ခြံပျက်ကြီးထဲက မြေပြင်ပေါ်မှာ သမီးလဲကျနေတာ ဖေဖေတွေ့လို့ပေါ့ သမီးရယ် သမီးဘယ်သူနဲ့ အဲ့နေရာကို ရောက်သွားတာလဲ ဖေဖေ့ကို ပြောစမ်း"""

"""ထက်အောင်ပါ ဖေဖေ"""

"""ဘာ! ထက်အောင်ဟုတ်လား သမီး"""

ဦးနေမောင် အံ့ဩစွာ မွန်းအား စိုက်ကြည့်လျက်

"""မယုံနိုင်စရာပါလား သမီးရယ် ထက်အောင်ဆိုတဲ့ သူငယ်လေးက လွန်ခဲ့တဲ့ 3နှစ်ကပဲ သံဖြတ်စက်ရုံမှာ အက်စီးဒင့် ဖြစ်ပြီး ဆုံးသွားတာ သမီး ..
တော်တော် အစွဲအလမ်းကြီးတဲ့ သူငယ်လေးပါကွယ်"""

.....အစွဲအလန်းကြီးတာ ထက်အောင် တစ်ယောက်ထဲမဟုတ်ပါဘူး..
သမီး ပြန်အလာကို စောင့်နေတဲ့ ဖြူပါ, ပါတယ် ဖေဖေ
သူ,ရက်လည်တဲ့ထိ သမီး မစောင့်ပေးခဲ့ပဲ ဒီမြို့က ထွက်ခွာသွားလို့  သမီးပြန်အလာကို သူတို့စောင့်နေကြတာပါ..ဖေဖေရယ်

         ထိုစကားများကို ဖေဖေသိလျှင်  ပိုစိတ်မကောင်းဖြစ်ပြီး သူမအား စိတ်မချတော့မည်စိုးသဖြင့်
မွန်းရင်ထဲမှာသာ ပြောဖြစ်လေတော့သည်၊၊

~~~~~~~~~~~~~

THE END.
THANK A LOT OF READING.

[အစက HALLOWEENကြောင်း မရေးတော့ဘူးလို့နေတာ
ပြီးမှ ပထမဆုံးအနေနဲ့ HALLOWEENအမှတ်တရလေး ဖြစ်သွားအောင် ရေးချင်လွန်းလာတာနဲ့ ည10နာရီလောက်မှာ ထရေးလိုက်တာ.. စဉ်းစားလိုက် ရေးလိုက်နဲ့ ပြီးလို့တင်လိုက်တော့ ည1နာရီထိုးနေပြီ.. နောက်ရက်ထဲကူးသွားလို့ စိတ်မကောင်းဘူး .. �]

#WB- ADM �Sue Yint Marnn [အရင့်ရောင်]


Post a Comment