ကျွနု​ပ်​နှင့်​ ဇတ်​လိုက်​​ကျော်​ တင်​​အောင်​ကြီး၂

''ကျွန်ုပ်နှင့် ဇာတ်လိုက်ကျော် တင်အောင်ကြီး၂''
စာမပေါ်သူများအတွက် ဦးစားပေးရေးသားလိုက်သည်။
''မိအေးပြောသော ဟန်နီးမွန်း''
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
    
               ******

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ သူငယ်ချင်းဖြစ်သူ တင်အောင်ကြီးတစ်ယောက် ရောက်ရှိလာ၏။ သူ၏မျက်နှာသည်လည်း အလွန်ပင်စိတ်ပျက်လှစွာသော မျက်နှာထားလေဖြင့် ကျွန်ုပ်ထိုင်လျက်ရှိနေသည့် ကုလားထိုင်လေးနံဘေးတွင် ဝင်ရောက်ထိုင်လိုက်သည်။ ကျွန်ုပ်သည်လည်း သူ့အား နေအိမ်အပေါ်သို့ တတ်ရောက်လာစဉ်ကတည်းမှ တစ်စိမ့်စိမ့်အကဲခတ်နေမိ၏။ မည်သည့်စကားတစ်လုံးမှ သူသည်လည်းမပြော၊ ကျွန်ုပ်သည်လည်း မေးမြန်းခြင်းများမရှိသေးပေ။ ထို့နောက်…

''တင်အောင်ကြီး… ဘာဖြစ်လာပြန်ပြီလဲ… ဘာလဲ ခွေးသတ်လာပြန်ပြီလား''
''မဟုတ်ပါဘူးကွာ…''
''ဘာဖြစ်နေတာလဲ မင်းကြည့်ရတာ စိတ်ပျက်လက်ပျက်နဲ့ပါလား… ဒါနဲ့မင်းကောင်မလေးပိုးရော ပါမလာဘူးလား… မဟုတ်မှလွဲရော ပိုးက မင်းကို အဆက်သွယ်ဖြတ်လိုက်လို့လား''
''ဟာကွာ… စိတ်ညစ်ရတဲ့အတည်း မင်းမေးခွန်းတွေကများလိုက်တာ… တစ်ခုမှမဟုတ်ဘူး''

   စားပွဲအပေါ်ရှိ ဓာတ်ဘူးလေးအတွင်းမှ ရေနွေးခွက်အတွင်းသို့ ရေနွေးငဲ့နေခဲ့ရင်း တင်အောင်ကြီးအား ကျွန်ုပ်တစ်ယောက် မေးခွန်းများစွာမေးလေမိသည်။ ပိုးဟူသော မိန်းကလေးမှာမူ တင်အောင်ကြီးတစ်ယောက် နှုတ်ဖျားမှမချ သူတစ်ယောက် မည်မျှပင်ချစ်ကြောင်း အမြဲတစေပြောဆိုနေတတ်ပြီး သွားလေရာဆီသို့လည်း အစဉ်အမြဲခေါ်ဆောင်လေတတ်သည်။ သို့သော် ယခုတွင်မူ တင်အောင်ကြီးနှင့်အတူ သူ၏ချစ်သူပိုးတစ်ယောက် လိုက်ပါမလာခဲ့ချေ။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ရွတ်နှောက်နှောက်လေသံဖြင့် ယခုအခါ သူ့အားမေးမြန်းလိုက်မိသည်။ ထိုအခါတင်အောင်ကြီးမှာမူ သက်ပြင်းကိုသာလျင် ခပ်ပြင်းပြင်းချစေရင်း ထိုသို့ပြောဆိုလေတော့သည်။

''ဒီလိုကွ…''
''ကိုတင်!… ကိုတင့်ကို ပိုးဘယ်လောက်ထိချစ်သလဲဆိုတာ ကိုတင်သိပါတယ်နော်… ကိုတင့်ကို ပြောမယ်ပြောမယ်နဲ့ ပိုးမပြောဖြစ်သေးတဲ့ အကြောင်းတစ်ခုရှိတယ်''
  ''အမယ်!… ပိုးကလည်း ပြေးကြည့်မှ ဒီချစ်သူလေးနှစ်ယောက်တည်းရှိတာ ပြောမယ့်အရေး စကားတွေပလ္လင်ခံနေရသေးတယ်… ဘာကြောင်းမို့လို့လဲ ပြောစရာရှိတာပြောပါပိုးရဲ့''
''ဟို!… ဟိုလေ… ဟို''
''ပိုး… ပိုးဘာဖြစ်နေတာလဲ နေမကောင်းဘူးလား''
''ဟို… ကောင်း… ကောင်းပါတယ် ဒါပေမယ့်…''
''ဒါပေမယ့် ဘာဖြစ်တုန်းဆက်ပြောလေ''
''ဟိုလေ… ပိုးအခုပြောမယ့်အကြောင်းကို ကိုတင်သိသွားလို့ရှိရင် ပိုးကိုပစ်သွားမှာလားဟင်''

''ဟင်!… ဘာအကြောင်းမို့လို့ ကိုယ်ကပစ်သွားရမှာတုန်း… ပိုးကို ကိုတင်အရမ်းချစ်တယ်… ပိုးကိုအခုချိန်ထိ တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုးနဲ့ချစ်နေတာ ပိုးလည်းအသိပဲလေ… ဘာအကြောင်းပဲဖြစ်ဖြစ် ကိုတင် ပိုးကိုပစ်မသွားပါဘူး… ပြောမယ့်အကြောင်းသာ ပြောပါ''
''ကိုတင် တကယ်ပြောတာနော်… ဒါဆိုပိုးပြောပြပါ့မယ်… လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ပိုး… ပိုးမှာ…''
''ဟင်… ပိုး… ဘာ… ဘာဖြစ်လို့ငိုရတာလဲ ဆက်ပြောလေ… ပိုးမှာ ဘာဖြစ်တာလဲ''
''ပိုးမှာ… ပိုးမှာလွန်ခဲ့တဲ့နှစ်နှစ်တုန်းက အိမ်ထောင်ရှိခဲ့ဘူးတယ်ကိုတင်''

''''''ဘာ…''''''
'ဟုတ်ပါတယ်ကိုတင်… အရင်အိမ်ထောင်နဲ့ အဆင်မပြေလို့ ပိုးတို့လမ်းခွဲခဲ့ကြတာပါ… ပိုးက အပျိုမဟုတ်ပါဘူး''
''မင်း… မင်း… မင်းဘာပြောလိုက်တယ် မင်းမှာ အိမ်ထောင်… အိမ်ထောင်ရှိခဲ့ဘူးတယ်ဟုတ်လား''
''ဟုတ်တယ်လေ… ပိုးကို မချစ်တော့ဘူးလားဟင်… ကိုတင်ပြောတော့ ပိုးကိုဘာပဲဖြစ်ဖြစ် ချစ်ပါ့မယ်ဆို… အခုမချစ်နိုင်တော့ဘူးလား''
''ဟာ!… ဟာ… ငါ… ငါ…''
''ကိုတင်… ကိုတင်''
'''''''''''''''''''"'''"'"""

''ဟင်!… ပိုးကအိမ်ထောင်ရှိခဲ့ဘူးတယ်ဟုတ်လား''
''ဟုတ်တယ်ကွ…''
''အဲ့ဒီတော့ မင်းသဘောက…''
''ထီးလေးရာ… မင်းကိုငါပြောခဲ့ဘူးပါတယ်… ဒီတစ်သက် ငါမိန်းမ မရရင်နေပါစေ တစ်ခုလပ်တို့၊ မုဆိုးမတို့နဲ့တော့ ငါမညားချင်ဘူး''
''ဟင်!… ဒါဆို မင်း… မင်းပိုးကို…''
''ဟုတ်တယ်… ငါရင်နာနာနဲ့ပဲ အဆက်သွယ်ဖြတ်ခဲ့လိုက်ပြီ''
''ဟာကွာ… သူ့ဟာသူ… အိမ်ထောင်ပဲရှိခဲ့ဖူးဘူး… ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့… မင်းတကယ်ချစ်ရင် ပြီးတာပဲမဟုတ်ဘူးလား… အချစ်မှာ ပျိုတယ်၊ အိုတယ်ဆိုတာ မရှိပါဘူးကွာ''
''ဒါတော့ ဒါပေါ့ကွာ ဒါပေမယ့်… ငါ့ခံယူချက်ကပြင်းတယ်ကွ ဘယ်တော့မှလည်းပြင်မှာမဟုတ်ဘူး ကုန်ကုန်ပြောမယ်ကွာ… ဒီတစ်သက်အပျိုမှမရရင် ငါဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး''

''အေးကွာ… တင်အောင်ကြီးရာ မင်းအခုလို ခံစားချက်တွေဖြစ်ရတာ ငါအပြစ်မပြောပါဘူး… ငါသိသလောက်… ဟိုဘက်တစ်လမ်းကျော်က မုဆိုးမလေး သီရီအောင်၊ ပြီးတော့ ငါတို့နဲ့ကျောင်းနေဘက် သူငယ်ချင်း လေးနွယ်၊ အခု ပိုး… သူတို့အားလုံးနဲ့မင်းချစ်သူဖြစ်တယ်… အားလုံးကလည်း တစ်ခုလပ်လေးတွေ၊ မုဆိုးမလေးတွေဖြစ်ကြတယ်ဆိုတော့…''
''အေးလေ… မင်းစဉ်းစားကြည့် မုဆိုးသီရီအောင်တုန်းကလည်း ငါကအပျိုထင်လို့ ရည်စားလုပ်ခဲ့တယ် နောက်မှ သူ့ယောကျာ်းသေသွားမှန်းသိတယ်… နောက်တစ်ယောက် လေးနွယ်… ကျောင်းတုန်းကလို အပျိုပဲထင်လို့ ထပ်ချစ်တယ်… သူက ယောကျာ်းနဲ့ကွဲပြီး ငါနဲ့လာကြိုက်တယ်… ကံကောင်းလို့ပေါ့ကွာ သူ့ယောကျာ်းက မယားခိုးမှု့နဲ့ တရားအစွဲမခံရတာ ကံကောင်း… အခုကြတော့လည်း ပိုး… ဟူး''
''တင်အောင်ကြီး… တင်အောင်ကြီး… ငါလည်းမပြောတတ်တော့ပါဘူးကွာ''

            တင်အောင်ကြီးတစ်ယောက် ကျွန်ုပ်ထံသို့ စိတ်ပျက်စွာရောက်ရှိလာခဲ့သော အကြောင်းအရင်းများအား ကောင်းစွာသိရှိလိုက်ရပြီး၊ သူ့အား ကျွန်ုပ်သည်လည်း မည်သို့မှပင် မပြောတတ်တော့ချေ။ သူ၏ဘဝပေးရေစက်မှာမူ ထိုကဲ့သို့ မိန်းကလေးများနှင့် ဆုံတွေ့ရလိမ့်မည်ဟု ရေစက်ပင်ပါလာလေသလား။ တင်အောင်ကြီးနှင့် ချစ်ကြိုက်ခဲ့ဘူးသည့် မိန်းကလေးများမှာမူ အပျိုစင်စစ် တစ်ဦးမှပင် မပါရှိခဲ့ပေ။

   အချစ်ဟူသည် ပျိုသည်၊ အိုသည်၊ ကြီးသည်၊ ငယ်သည်၊ ရုပ်ချောသည်၊ ရုပ်ဆိုးသည်၊ ဆင်းရဲသည်၊ ချမ်းသာသည် အစသဖြင့်… သတ်မှတ်ခွဲခြား၍မရသော်လည်း တင်အောင်ကြီး၏စိတ်အတွင်း၌ အပျိုးစင်စစ်တစ်ဦးနှင့်မှ မဆုံတွေ့ခဲ့ဘူးသည်ကြောင့် ခံစားချက်များဖြစ်ပေါ်ခါ အပျိုစင်စစ်မိန်းကလေးနှင့် အိမ်ထောင်ပြုပါရစေဟု သတ်မှတ်ထားခဲ့သည်။

   ယခုတွင်လည်း သူတစ်ယောက် သိပ်ချစ်ရသော မိန်းကလေးမှာမူ အပျိုစင်စစ်မဟုတ်ပြန်သည်ကြောင့် လွန်စွာဒေါသထွက်ခါ အပျိုစင်စစ်မှ မရလျင် ဒီတစ်သက် အိမ်ထောင်မပြုတော့ပါဘူးဟု ကြုံးဝါးပြောဆိုသွားခဲ့ရင်း ကျွန်ုပ်၏နေအိမ်အတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့လေသည်။

    သုံးလေးရက်ခန့်ကြာပြီးသည့်နောက်…
တင်အောင်ကြီးတစ်ယောက် ကျွန်ုပ်ထံသို့ ထပ်မံရောက်ရှိလာခဲ့၏။ လာရင်းအကြောင်းများမှာ…

''သူငယ်ချင်း… ငါစိတ်ပြေလက်ပျောက် ခရီးထွက်ဦးမယ်ကွာ… မင်းလိုက်မလား''
''ဟင်!… ဘယ်ကိုထွက်မှာတုန်း ငါတော့မလိုက်ဖြစ်သေးပါဘူး… ရေးလက်စ ဇာတ်လမ်းလေးတွေ မပျက်သေးလို့''
''အေးကွာ… နယ်ဘက်ထွက်မလားလို့ ရန်ကုန်က မိန်းကလေးတွေက်ု ငါဖြင့်နည်းနည်းကြောက်သွားတယ် တောဘက်ကိုသွားပြီး စီးပွားလည်းရှာ ကြင်ယာလည်းရှာ သဘောမျိုးနဲ့သွားမှာ… မင်းမလိုက်ဘူးဆိုတော့ ငါတစ်ယောက်တည်းပဲပေါ့''
''တင်အောင်… အစစအရာရာ ဂရုစိုက်နော်… ပြန်လာရင် မင်းမင်္ဂလာဆောင်သတင်း ငါမျှော်နေမယ်''
''စိတ်ချထီးကလေး… ငါ့အကြောင်းမင်းသိပါတယ် တင်အောင်ကြီးပါကွ… တင်အောင်ကြီးဘဝမှာ ကဝေကတုံးနဲ့တွေ့ပြီးနောက်ပိုင်း ဘယ်တော့မှ ဝမ်းချုပ်တယ်ဆိုတာမရှိတော့ဘူး''
'''''ဟင်''''''

    ထိုသို့ပြောဆိုလေခဲ့ရင်း တင်အောင်ကြီးတစ်ယောက် ကျွန်ုပ်အား လက်ပြနှုတ်ဆတ်ခါ အထုတ်အပိုးများဆွဲ၍ ထွက်ခွာသွားခဲ့လေသည်။ ကျွန်ုပ်သည်လည်း သူ့အား အစစအရာရာဂရုစိုက်စေရန် မှာကြားလိုက်ရသေးသည်။

          တစ်ပတ်ခန့်ကြာပြီးသည့်နောက်…
''ထီးလေး… ထီးလေး… သူငယ်ချင်း… ထီးကလေး''
''ဟေး…''

  နေအိမ်အရှေ့တွင်မူ ကျွန်ုပ်၏အမည်အား အဆက်မပျက် အော်ခေါ်သံများကြားလိုက်ရ၏။ အော်ခေါ်နေသူမှာ သူငယ်ချင်းဖြစ်သူ တင်အောင်ကြီးပင်ဖြစ်သည်။ သူ၏နံဘေးတွင်လည်း လုံချည်အပွင့်ကြီးများနှင့် ထမီခပ်တိုတို ဝတ်ဆင်ထားခဲ့သော မိန်းကလေးတစ်ယောက်လည်း ပါလာ၏။ မိန်းကလေး၏ပုံစံမှာ တောကျကျ တောသူတောင်သား ရိုးရိုးအေးအေးလေးပင် ပုံစံပေါ်လေသည်။

  သို့နှင့်ကျွန်ုပ်သည်လည်း တင်အောင်ကြီးနှင့် ထိုမိန်းကလေးအား နေအိမ်အတွင်းသို့ ခေါ်ဆောင်စေရင်း နေရာပေးခါ ထိုင်းခိုင်းစေသည်။

''ဘယ်လိုဖြစ်လာတာတုန်းကွ… တင်အောင်ကြီး''
''ဟ!… ဘယ်လိုဖြစ်ရမှာတုန်းကွ… မိန်းမခိုးလာတာဟေ့… မိန်းခိုးလာတာ''
''ဟေး… မိန်းမခိုးလာတာ…''
''ဟုတ်တယ်လေကွ… ဒါငါ့မိန်းမပဲ အခုမှလောလောလက်လက် ခိုးလာတာ… နာမည်က မိအေးတဲ့… မိအေး… အချစ်လေး ဒါကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းထီးကလေးလို့ခေါ်တယ်''
''ဟုတ်… ဟုတ်ကဲ့''
''ဟုတ်ကဲ့ဗျ… ကျွန်တော်နာမည်ထီးကလေးပါ… မိအေး… ဘာမှရှက်မနေပါနဲ့ ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်နေပါ''
''ဟုတ်… ဟုတ်ကဲ့''

''တွေ့တယ်မလားထီးကလေး… ငါ့မိန်းမနုနုထွဏ်ထွဏ်ကလေး… ငါပြောတဲ့အတိုင်း…''
''ဟိုး… စတော့(ပ်) အဲ့လောက်ဆို ငါသဘောပေါက်ပြီး ဘယ်လိုတွေ့လာတာတုန်းကွ''
''ဟားဟားဟား!… ပြောပြရရင်တော့ ရယ်စရာပဲကွ… ဒီလိုနဲ့စတွေ့ခဲ့တာ''

''ငါနယ်ဘက်ကိုခရီးထွက်သွားခဲ့တယ်လေ… ချောင်ချချ ရွာတစ်ရွာကို ရောက်သွားခဲ့တယ်… ရွာနာမည်က ဘာတဲ့… သြော်!… ထန်းခြောက်ပင်ရွာတဲ့ အဲ့ဒီရွာထိပ်ကို ငါရောက်သွားတော့ လူတွေဝိုင်းအုံနေတဲ့ နေရာတစ်ခုကိုတွေ့တယ် အဲ့ဒါနဲ့ ငါလည်း လူတွေကြားတိုးပြီး အရှေ့ဆုံးကိုရောက်သွားတယ်… ဝိုင်းအုံကြည့်နေကြတာက မျက်လှည့်ပွဲကွ''

''မျက်လှည့်ဆရာကြီးရဲ့အသက်က (၆၀)နီးပါးလောက်ရှိနေပြီ လူပုံစံကလည်း ဂမ္ဘီရဆန်ဆန် မုဆိတ်မွှေး၊ ပသိုင်းမွှေးနဲ့ သူပြတဲ့ မျက်လှည့်ကွက်ကလဲ မှော်ဆန်တယ်ကွ… ခြောက်လက်မပတ်လည် ကော်ပိုက်တစ်ပေလောက်ကို မြေကြီးအပေါ်မှာ မှောက်ထားတယ်… ပြီးတော့ အဲ့ဒီ့အထဲကို သစ်ကိုင်းခြောက်သေးသေးလေး တစ်ချောင်းထည့်တယ် နောက်ပြီးဂါထာတွေရွတ်တယ် နောက်တော့ ဒီလိုပြောတာပဲ…''

''ကဲ… ရွာသူရွာသားအပေါင်းတို့ ဒီရွာမှာ မြွေပေါတယ်ကြားလို့ အဘရောက်လာခဲ့တာ… အခုအဘပြမယ့် မျက်လှည့်ပညာကလည်း အပျော်တန်းမျက်လှည့်မဟုတ်ပါဘူး… မြွေ… ဘယ်လိုမြွေမျိုးကိုပဲဖြစ်ဖြစ် နိုင်စေမယ့် လက်ဖွဲ့တစ်ခုလုပ်ထုံးလေးပါ… ကဲကောင်းပါပြီ… အခုအဘ ဒီပိုက်လုံးထဲကို သစ်ကိုင်းခြောက်သေးသေးလေး ထည့်ထားတယ်နော် အားလုံးမြင်ကြတယ်မဟုတ်လား''
'''''''မြင်ပါတယ်''''''''
''ဟုတ်ပြီ… အခုဒီပိုက်လုံးထဲမှာရှိနေတဲ့ သစ်ကိုင်းခြောက်လေးကနေ မြွေဆိုးတစ်ကောင်အဖြစ် ပြန်လဲနေပါပြီ… အားလုံးမြင်တဲ့အတိုင်း အဘထည့်လိုက်တာ သစ်ကိုင်ခြောက်လေးနော်… အခုမြွေဆိုးဖြစ်သွားပြီဆိုတာ ယုံကြလား… အဲ့ဒီပိုက်လုံးထဲက မြွေဆိုးကို အခုဝိုင်းကြည့်နေကြတဲ့ လူတွေထဲက ဘယ်သူနှိုက်ရဲလဲ… နှိုက်ရဲတဲ့သူရှိရင် အရှေ့တိုးခဲ့ပေးပါ''

''အဲ့ဒီလိုပြောလိုက်တော့ ဝိုင်းကြည့်နေကြတဲ့ ရွာသူရွာသားတွေအားလုံး အရှေ့တိုးမလာတဲ့အပြင် အနောက်ကိုတစ်ဖြည်းဖြည်း ဆုတ်သွားကြတယ်ကွ… ငါလည်းစိတ်ဝင်တစားကြည့်နေတာ ရွာသားတွေအနောက်ဆုတ်သွားမှန်း မသိလိုက်ဘူး မျက်လှည့်ဆရာကြီးလည်း ကြည့်လိုက်ရော… ငါတစ်ယောက်တည်း အရှေ့ဆုံးမှာရောက်နေတယ်… အဲ့ဒါနဲ့ မျက်လှည့်ဆရာကြီးက အရှေ့ကိုငါတိုးလာတယ်ထင်ပြီး ဒီလိုပြောတော့တာပဲ''

''ဟော့… မောင်ရင်က တကယ်သတ္တိရှိတာပဲ''
''ဟင်!… ''

''မျက်လှည့်ကြီး အဲ့လိုပြောလိုက်တော့ ဘယ်သူ့ကိုပြောတာလဲဆိုပြီး ငါလည်းအနောက်ကိုလှည့်ကြည့်မိတယ် အဲ့ဒီတော့ ရွာသူရွာသားတွေ အနောက်ဆုတ်သွားကြပြီး ငါတစ်ယောက်တည်းကျန်နေမှန်းသိလိုက်တာ''

''ဗျာ… အဘ… အဘဘယ့်သူ့ကိုပြောတာလဲ''
''မောင့်ရင့်ကိုပြောတာလေ… ပိုက်ထဲက မြွေကိုနှိုက်ဖို့ မောင်ရင်အရှေ့တိုးလာတာမဟုတ်လား… ကဲလာပါ''
''ဗျာ!… မ… မဟုတ်…''

''ကဲကဲလာလာ… ကဲရွာသူရွာသားအပေါင်းတို့… ဒီလူငယ်လေးက ပိုက်ထဲက မြွေဆိုးကို နှိုက်ပြပါလိမ့်မယ် ကဲအားလုံးပဲ စိတ်ဝင်တစားကြည့်ထားကြပါ''

''အဖိုးကြီးက ငါပြောတာကို နားမထောင်ပဲနဲ့ ဇွတ်အတင်း ငါ့ကိုခေါ်ပါလေရော… ဝိုင်းကြည့်နေကြတာ တောသူမ ချောချောလေးတွေလည်း အများကြီးပါကြတယ်ကွ… ငါနောက်ဆုတ်လိုက်ရင်လည်း ဒီရွာမှာ ငါ့ကိုအဖြစ်မရှိတဲ့ ယောကျာ်းဆိုပြီး ပြောကြတော့မယ် ဘယ်လိုလုပ်ရမှန်းမသိတာနဲ့ အဖိုးကြီးပြောတာတွေကိုပဲ လိုက်လုပ်လိုက်မိတယ်… တစ်ကိုယ်လုံးလည်း ချွေးစီးတွေပြန်နေပြီ ပြီးတော့ ဒူးတွေလည်းတုန်နေတယ်''

''ကဲ… လူလေး… အထဲမှာ မြွေဆိုးရှိနေတယ်နော် လူလေးကိုကြည့်ရတာ အကြောက်လန့်မရှိဘူးနဲ့ထင်တယ် ကဲ…''
''ခ…ခဏလေးအဘ… ကျွန်တော် ကျွန်တော်တစ်ခုခုဖြစ်သွားရင် ကျွန်တော့်သူငယ်ချင်းဆီ အကြောင်းကြားပေးပါနော်''
''ဟာ!… လူလေးကလည်း မင်းဘာမှမဖြစ်ပါဘူး… အဘကိုယုံစမ်းပါ ဒီနားလာ အဘကိုတိုးတိုးလေးပြောစမ်း… ယောကျာ်းမှန်ရင် ဘာရှိရမလဲ အဘကိုတိုးတိုးလေးပြောစမ်း''

''ငါကြောက်နေမှန်းသိလို့ မျက်လှည့်ဆရာကြီးက ငါ့ပါးစပ်အနားကို သူ့နားကပ်ပေးလိုက်တယ် ပြီးတော့ ယောကျာ်းမှန်ရင် ဘာရှိရမလဲ တိုးတိုးလေးပြောဆိုလို့ ငါလည်တုန်တုန်ရီရီနဲ့ ဒီလိုဖြေလိုက်တယ်…''

''ကဲပြော… တိုးတိုးလေးပြော ယောကျာ်းမှန်ရင် ဘာရှိရမလဲ''
''ယောက်… ယောကျာ်းမှန်ရင်… ယောကျာ်းမှန်ရင် ဂွေး… ဂွေးစေ့ရှိရမယ်အဘ''

''ဟင်……………''''
''နင့်အမေ… ဂွေးစေ့ရှိရမှာလားဟ… ယောက်ကျားမှန်ရင် သတ္တိရရှိရမှာကွ သတ္တိရှိရမှာ''
''""""""""ဟား"""""""

''ငါဖြေလိုက်တာ သူ့နားကပ်ပြီးတိုးတိုးလေးဖြေလိုက်တာ သူပြောလိုက်ခါမှ ဝိုင်းကြည့်နေကြတဲ့ လူတွေအားလုံးကြားသွားကြပြီး ဝိုင်းဟားကြတော့တာပဲ''
''ဟားဟားဟားဟား… မင်းနဲ့ကွာ… အေးလေ အဖိုးကြီးကလည်း သတ္တိရှိတာကို တ်ုးတ်ုးလေးဖြေနေစရာလိုလို့လားကွ… တ်ုးတ်ုးလေးဖြေဆိုတော့ မင်းမဖြေလိုက်တာမမှားပါဘူး''
''မင်းလည်း မရီနဲ့… တိတ်''
''ဟုတ်ပါပြီကွ… ဆက်ပြောပါဦး အဲ့ဒါနဲ့ မိအေးကိုဘယ်လိုတွေ့လာတာလဲ''

''လူတွေဝိုင်းဟားကြတော့ ငါလည်းရှက်ရှက်နဲ့ လူအုပ်ထဲကနေ ထွက်လာခဲ့တယ်… ဝိုင်းကြည့်နေကြတာ မိန်းကလေးတွေလည်းအများကြီးကွ… အဲ့ဒီလူအုပ်နဲ့ နည်းနည်းလှမ်းသွားတော့ အနောက်ကနေ မိန်းကလေးတစ်ယောက် ငါ့ကိုခေါ်သံကြားလို့လှည်ကြည့်လိုက်မိတယ်… အဲ့ဒီမှာငါ့မိန်းကိုစတွေ့တာပဲကွ… သူကအတင်းပဲ ဒီလိုတွေမေးတယ်…''

''အစ်ကို… အစ်ကို ညီမ… ညီမအခုန မျက်လှည့်ပွဲမှာကြည့်နေတာပါ''
''ဟင်!… ဟာ… ဒါဆိုငါဖြေလိုက်တဲ့စကား မင်းလည်းကြားသွာုးပြီပေါ့ဟုတ်လား''
''ဟုတ်!… ကြားပါတယ်… အစ်ကို… အစ်ကိုနေပါဦး အစ်ကိုညီမသိချင်တာ တစ်ခုလောက်ဖြေပေးပါဦး''
''မင်းငါ့ကိုတမင် ရှက်နေအောင် လုပ်တာတော့မဟုတ်လောက်ပါဘူးနော်''
''မ…မဟုတ်ပါဘူးအစ်ကို… အခုန အစ်ကိုဖြေလိုက်တဲ့ စကားကြောင့် လူတွေအားလုံးဝိုင်းရယ်ကြတယ်… ညီမကတော့ မရီရဘူး''
''ဟင်!… ဘာဖြစ်လို့တုန်း''
''အစ်ကိုဖြေလိုက်တဲ့ ဂွေးစေ့ဆိုတာ ဘာမှန်းမသိလို့ပါ''

သူက ငါ့ကိုအဲ့လိုပြောတယ်ကွ။ သူ့ကြည့်ရတာလည်း ကြောင်တောင်တောင်နဲ့ တကယ်မသိဘူးနဲ့ထင်တယ်။ ငါလည်းမျက်မှောင်ကြုတ်ပြီး သူ့ကိုစိတ်ဝင်စားသွားတာနဲ့ အခုလိုတွေဆက်မေးမိပါလေရော…

''ဟင်!… မင်းတကယ်မသိတာလား''
''ဟုတ်ပါတယ်အစ်ကို ညီမတို့ရွာက ဒီရွာရဲ့အစွန်အဖျားမှာပါ အရမ်းလည်းခေါင်းခိုက်တယ်''
''ဟုတ်ပြီ ငါလိုချင်တာအဲ့ဒါမျိုး''
''ရှင်''
''သြော်!… ဘာမှမဟုတ်ပါဘူး ဒါဆိုအစ်ကိုတစ်ခုလောက်မေးချင်တယ် ညီမဖြေပေးမလား''
''ညီမသိရင် ဖြေပေးမယ်လေအစ်ကို…''
''ဟုတ်ပြီး ဒါဆို ယောကျာ်းနဲ့မိန်းမခွဲ့ခြားတတ်တယ်မဟုတ်လား''
''အင်း…''
''ဒါဆို ဇနီးမောင်နှံဆိုတာက်ုရော ဘာကြောင့်ခေါ်တာလဲဆိုတာ သိလား''
''အင်း!… သိတယ်လေအစ်ကို''
''ဒါဆိုနောက်ဆုံးတစ်ခု… ချစ်သူရည်းစားဆိုတာကိုရော''
''ရှင်… ချစ်သူရည်းစား… ချစ်သူ ချစ်သူ မ…မသိဘူးအစ်ကို… အဲ့…အဲ့ဒီချစ်သူရည်းစားဆိုတာကို အခုနအစ်ကိုဖြေလိုက်တဲ့ စကားလိုပဲ ညီမတကယ်မသိဘူး''
''ဒါပဲပေါ့… ငါရှာနေတာ အဲ့လိုမိန်းကလေး''

'အဲ့ဒါပဲထီးလေးရေ ယောကျာ်းမပြောနဲ့ ချစ်သူရည်းစားတောင် ထားဘူးခဲ့တာမဟုတ်ဘူးကွ။ အဲ့ဒါနဲ့ပဲ သူ့ဆီမှာချစ်ခွင့်ပန်ပြီး တစ်ခါတည်းခိုးလာခဲ့တာ''
'ဟေး!… ဟုတ်လှချည်လား… မင်းတို့အခုဘယ်မှာနေမှာလဲ''
''မှော်ဘီက ငါ့ဘကြီးခြံမှာနေကြမှာ ဒါပေမယ့်အခုလောဆယ်ဆယ် ငါ့မိန်းမရိုးရိုးလေး သိချင်တဲ့အရာတစ်ခုကို ပဟေဠိဆန်ဆန်လုပ်ပြချင်သေးလို့ မင်းဆီမှာ ပိုက်ဆံနည်းနည်းလာချေးတာ''
''ဟေး… ပိုက်ဆံလာချေးတာ… ဘာလုပ်ဖို့တုန်း''
''ဒီလိုကွ… ငါ့မိန်းမက ငါ့ကိုပြောတယ်''

''အစ်ကို… အစ်ကိုတို့ရန်ကုန်မြို့ကြီးမှာ ညားခါစ ချစ်သူရည်းစားတွေ ဟန်နီးမွန်းထွက်ကြတယ်လို့ မိအေးကြားဘူးတယ်… အဲ့ဒါဘာပြောတာလဲဟင် ဟန်နီးမွန်းဆိုတာ ကြောက်စရာကောင်းလားဟင်''

'အဲ့လိုမေးလို့ သူ့နဲ့ငါနဲ့ မင်္ဂလာဦးညကို ပဟေဠိဆန်ဆန်ငါလုပ်ပြချင်လို့ကွ… ငါတို့လင်မယားနှစ်ယေက် ချောင်းသာဘက်ကို ဟန်နီးမွန်းထွက်ဖို့ ပိုက်ဆံမလောက်လို့ မင်းဆီမှာလာချေးတာ''
''ဟုတ်ပါပြီ… မင်းချေးပြီးရင်တော့ ပြန်ဆက်ရမှာနော်… ငါ့မှာလည်းမရှိဘူး ငါ့အစ်မဆီက ခဏလှည့်ပေးမယ်''
''စိတ်ချပါကွ ထီးလေးရ တင်အောင်ကြီးဘဝမှာ ဘယ်တော့မှဝမ်းချူပ်တယ်ဆိုတာ မရှိဘူး''
''ဟင်…''

  ခပ်ရိုးရိုးခပ်ပိန်းပိန်း ဘာမှနားမလည်သည့် အပျိုစင်တောသူမတစ်ယောက်အား တင်အောင်ကြီးတစ်ယောက် ခိုးပြေးလာခဲ့သည့်အကြောင်းများ ကျွန်ုပ်ထံသို့ တစ်လုံးမကျန် အားပါးတရ ပြန်လည်ပြောဆိုလေခဲ့သည်။ ထို့နောက် သူ၏ဇနီးသည် တောသူမလေးမှာ ရန်ကုန်မြို့ကြီး၌ ညားခါစ ဇနီးမောင်နံများ ဟန်နီးမွန်းထွက်သည်ဟု ပြောဆိုလေ့ရှိသော စကား၏အဓိပ္ပာယ်အား နားမလည်နိုင်သည်ကြောင့် သူတစ်ယောက် ပဟေဠိဆန်စွာပြုလုပ်မည်ဟု ပြောဆိုလေခါ ကျွန်ုပ်ထံမှ ငွေငါးသောင်းချေးယူသွားခဲ့ချေသည်။

တင်အောင်ကြီးမှ မိအေးထံသို့ ပြောစေသည်။ မိန်းမဖြစ်သူမိအေး သိချင်သော ဟန်နီးမွန်းအား သူတစ်ယောက် လိုက်လံပြသမည်ဟု ပြောဆိုခါ ငွေငါးသောင်းဖြင့် ဟန်နီးမွန်းခရီး ချောင်းသာဘက်သို့ နှစ်ဦးသား အဝေးပြေးကားကြီးဖြင့် ထွက်ခွာသွားခဲ့၏။ အဝေးပြေးကားကြီးဖြင့် ခရီးနှင်နေချိန်၌ မိအေးမှ ထိုကဲ့သို့ မေးမြန်းလေသည်။

''အစ်ကို… မိအေးမေးထားတဲ့ ဟန်နီးမွန်းဆိုတာ ရောက်ပြီလားဟင်''
''ဟင့်အင်း… မရောက်သေးဘူး''

သို့နှင့် ချောင်းသာကမ်းခြေဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုအခါတွင်လည်း မိအေးမှာ တင်အောင်ကြီးထံသို့ ဟန်နီးမွန်းဟူသည် ရောက်ပြီးလာဟု ထပ်မံမေးမြန်းခဲ့သည်။ တင်အောင်ကြီးမှာလည်း ''ဟင့်အင်း… မရောက်သေးဘူး'ဟုပင် ပြန်လည်ဖြေဆိုသည်။

  ကမ်းခြေ၌ တည်းခိုခန်းငှားခါ ညနေစာစားနေချိန်တွင်လည်း မိအေးမှ ထပ်မံမေးမြန်းသေးသည်။ ထိုအခါတွင်လည်း တင်အောင်ကြီးမှာ မရောက်သေးဘူးဟုပင် ပြန်လည်ဖြေကြားစေခဲ့သည်။ ထို့ကြောင့် မိအေးမှာမူ အနည်းငယ်မျှ စိတ်ဆိုးလာသော လေသံဖြင့်…

''ဒါဆို ဟန်နီးမွန်းက ဘယ်မှာလဲ''
''ပြပါ့မယ် ကိုယ့်ချစ်မိန်းမလေးကို ပြမှာပါ''
''ကြောက်စရာကောင်းလားဟင်…''
''ဟင့်အင်း… ချစ်စရာကောင်းတာ''

ထိုသို့ပြောဆိုကာ ညနေစောင်း နေဝင်သွားခဲ့ပြီး ညအချိန်သို့ရောက်ရှိလာခဲ့သည်။ ကျွန်ုပ်တို့၏ မြန်မာယဉ်ကျေးမှု့ ထုံးစံအတိုင်း ပန်းကလေးကြွေသွား၏။ ပုလင်းကလေး ကျကွဲသွား၏။ ပန်းဝတ်ရည်များအား ပုတုန်းကလေးများမှ စုတ်ယူသွား၏။ တင်အောင်ကြီးနှင့် မိအေးသည်လည်း ထိုည၌ပင် ဟိုဒင်းဟိုဟာ ဖြစ်သွားကြလေသည်။

  သို့နှင့် နံနက်လင်းလာသည့်အချိန်တွင် မိအေးမှာမူ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ရင်း တင်အောင်ကြီး၏ မျက်နှာကိုပင် ရဲရဲမကြည့်ပဲ ထိုကဲ့သို့ ထပ်မံမေးမြန်းလေခဲ့သည်။

''အစ်ကို… အစ်ကိုပြောတဲ့ ဟန်နီးမွန်းမရောက်… မရောက်သေးဘူးလားဟင်''
''ဟင်… ညက ဖြစ်ခဲ့တဲ့အရာက ဟန်နီးမွန်းလို့ခေါ်တယ်လေ''

လင်မယားအချင်း ဆက်ဆံမှု့များ ပြုလုပ်ခဲ့သည်ကိုပင် တင်အောင်ကြီးမှာ မိန်းမဖြစ်သူ မိအေးထံသို့ ဟန်နီးပင်ဖြစ်သည်ဟု ပြောဆိုလေခဲ့သည်။ ထိုအခါ မိအေးမှာမူ မျက်မှောင်အား ကြုတ်လိုက်ရင်း ထိုကဲ့သို့ ပြန်လည်ပြောဆိုလေခဲ့သည်။

''ဟင်… အစ်ကိုတို့ရန်ကုန်မြို့ကြီးက ဟန်နီးမွန်းကလည်း ဘာများလည်းမှတ်တယ်… ဒါကိုး… ဒါများ မိအေးနဲ့ ရွာကကိုသာအေးတို့ လူလစ်ရင် ကောက်ရိုးပုံနွားတင်ကုတ်နားမှာ ညတိုင်း ဟန်နီးမွန်းနေကြအစ်ကိုရဲ့''
''ဟင်…''

မိအေးပြောဆိုလိုက်သော စကားများကြောင့် တင်အောင်ကြီးမှာမူ အချိန်ကြာကြာ ကြောင်တောင်တောင်ဖြစ်သွားခဲ့ရသည်။ ထို့နောက် အလွန်တရာ သဘောကြီးပေါက်သွားခဲ့ရင်း နံရံနှင့်ဦးခေါင်း အဆက်မပျက် စောင့်စေလေတော့သည်။ အပျိုစင်စစ် မိန်းကလေးကိုပင် မရပါက ထိုတစ်သက်အိမ်ထောင်မပြုတော့ပါဟု တင်အောင်ကြီးဆိုခဲ့သည်။ မြို့ပေါ်ရှိ ထိုသူနှင့်ဆုံတွေ့ ချစ်ကြိုက်ခဲ့ဘူးသော မိန်းကလေများမှာ အပျိုမဟုတ်သည်ကြောင့် မြို့ကြီးပေါ်မှ မိန်းကလေးများအား ကြောက်လန့်ခါ တောရွာလေးဆီမှ မိအေးအား အပျိုစင်စစ်ဟုပင် ထင်မှတ်ခါ လက်ထပ်ယူလာခဲ့သည်။

   ထိုတစ်နေ့ မိအေးပြောဆိုလိုက်သော ဟန်နီးမွန်းအကြောင်းများကြောင့် တင်အောင်ကြီးမှာမူ ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးပင် ဖြစ်သွားခဲ့ရလေတော့သည်။

                                 ***
နှစ်ခေါက်ပြန်လည် ဖတ်ရှု့လာလျင် ပို၍ပင် တစ်စုံတစ်ရာသော အကြောင်းများအား နားလည်နိုင်ပါလိမ့်မည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
(ကျွန်ုပ်နှင့်ဇာတ်လမ်းကျော် တင်အောင်ကြီးဇာတ်လမ်းများ ၂)

ဆက်လက်စောင့်မျှော်အားပါကြ့ပါဦးခင်ဗျာ…


Post a Comment