နင်းပြားဘဝ

နင်းပြား "ဘဝ" တွေမဖြစ်ဖို့ 
___________________
ဝန်ထမ်းဆိုတာ ~~~
အလုပ်ချည်း လုပ်နေရုံ သက်သက်နဲ့တော့
မိမိဘဝတစ်ခု ရပ်တည်နိုင်မယ်လို့ တွေးမထားပါနဲ့

အလုပ်တစ်ခု ကိုလုပ်ဆောင်တဲ့
အခါတိုင်းမှာ ကာယ/ဥာဏ်ဏ ဆိုတာ
လေးတော့ နှလုံးသွင်းထားသင့်ပါတယ်
လက်ရုံး ကာယအားနဲ့ လုပ်ဆောင်ရတဲ့
အပိုင်းလေတွေရှိနေသလို
ဥာဏ်ပညာ အသိစိတ်ကလေးနဲ့လည်း
တွေးတော ကြံဆ နိုင်ဖို့ လိုပါတယ်

တစ်ချို့ အလုပ်တွေ သိပ်ကို ခက်တယ်
ဒါပေမယ့် ဥာဏ်နဲ့ လုပ်ဆောင်လိုက်မယ်ဆိုရင်
လွယ်သွားတတ်ပါတယ်

ဝန်ထမ်းဟုဆိုသည် မှာ~~~
သာမန် အခြေခံ လူတန်းစား /လူလတ်တန်းစား
ဝန်ထမ်းတွေ ပိုမှန်ပါလိမ့်မယ်

ပုံမှန် ဝင်ငွေ ရှိနေတဲ့
လူတစ်ဦးဟာ လက်တလော
ပြဿနာ အခက်ခဲတွေကို ဖြေရှင်းနိုင်တယ်ဆိုပေမယ့်
မိမိဘဝရဲ့ အနာဂတ် တစ်လျှောက်လုံးတော့
ပြည့်စုံမသွားနိုင်ပါဘူး

ဒါ့ကြောင့် ဝန်ထမ်းတစ်ဦးတစ်ယောက်အနေနဲ့
မိမိဘဝရှေ့ရေးကို ကောင်းမွန်နိုင်ဖို့ အတွက်
လမ်းကြောင်းတစ်ခုကို ရှာဖွေ နေဖို့ လိုပါတယ်

ဆိုလိုတာက~~~
တစ်ခြားအလုပ်တစ်ခုကို ကူးပြောင်းဖို့ 
ဟိုပြောင်း ဒီရွေ့ လုပ်နေဖို့  ပြောတာမဟုတ်ပါဘူး

မိမိလက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုက
သင့်ဘဝရဲ့ ဘယ်အခြေနေ ဘယ်အတိုင်းတာတစ်ခုကို
ရောက်ရှိလာသည့်တိုင်အောင်
ကူညီပံ့ပိုးနိုင်မလဲ ?

ပြီးတော့ ဒီအလုပ်ကို ဘယ်လိုကောင်းမွန်အောင်
ဆက်လက်လုပ်ဆောင်မယ်ဆိုရင်
ငါ့အတွက်ဘယ်လို တိုးတက်မှု
အခြေနေတစ်ရပ် ဖြစ်လာနိုင်လိမ့်မယ်
ဆိုတဲ့ အသိ ရှိဖို့ နဲ့ သခင်စိတ် ရှိဖို့ အရေးကြီးပါတယ်

လကုန်ရင် လစာရပြီးတာပဲ ဆိုတဲ့
အသိကိုတော့ နှလုံးသားထဲမှာ
ဖျောက်ထားနိုင်ဖို့ လိုပါတယ်
ဒီလုပ်ရပ်က လုပ်ငန်းအတွက်လည်း
ကောင်းမနေနိုင်သလို
သင့် အတွက် ကောင်းနေမှာမဟုတ်လို့ ပါပဲ

ဒီလိုပဲ ~~~
လုပ်ငန်းရှင် တစ်ယောက်အနေနဲ့လည်း
ပိုက်ဆံပေးပြီးခိုင်းနေလိုက်ရုံနဲ့
လုပ်ငန်းတစ်ခု ကအောင်မြင်သွားလိမ့်မယ်လို့ ထင်မထားပါနဲ့

တဖန်ဝန်ထမ်း အလုပ်သမားတွေအတွက်လည်း
ငဲ့ကြည့်ပေးဖို့ လိုပါတယ်
သူတို့ လေးတွေကို အလုပ်မှာပျော်နေအောင်
စိတ်ကျေနပ်မှု အပြည့်အဝရအောင် ဆိုတဲ့
လွတ်လပ်ခွင့်လေးတော့ရှိဖို့ လိုပါတယ်

မိမိအနေနဲ့ ဘယ်အရာမဆို
ဘောင်ခတ်ပြီး ခိုင်းနေမယ်ဆိုရင်တော့
သူတို့ တွေရဲ့ ဘဝဟာ~~~
နင်းပြား ဘဝ ကနေရှုံးထွက်နိုင်မှာမဟုတ်သလို
သင့်လုပ်ငန်းလည်း ရည်ရှည် တည်တံ့နိုင်မှာ
မဟုတ်လောက်ပါဘူး

ဘာ့ကြောင့် လဲ ဆိုတော့ ~~~
အလုပ်ဆိုတာ လုပ်ရတာပျော်နေမှသာ
အလုပ်နဲ့တူနေပါလိမ့်မယ်
တစ်နေ့ တစ်နေ့  နာရီကြည့်ပြီး
အိမ်ပြန်ဖို့ ထိုင်စောင့်နေရတဲ့
အဖြစ်မျိုးတော့မဖြစ်စေနဲ့ပေါ့
ဒါက လုပ်ငန်းတစ်ခု ပျက်ဆီး ဖို့ 
50% သေချာနေပြီးဆိုတာပါပဲ

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့
တကယ်ထားသင့်တဲ့ စိတ်ဓာတ်က~~~

"ကိုယ်ကအမြင့်ကို ရောက်နေတယ်ဆိုတာ
အောက်က လူတွေကို ထိုင်ကြည့်နေဖို့ မဟုတ်ပါဘူး
တတ်နိုင်သမျှ လက်တွဲ ခေါ်ဆောင် စေဖို့ ပါ

ဘာ့ကြောင့်လဲဆိုတော့ ~~~

"ဝဋ်" ဆိုတာ လည်တတ်တဲ့ သဘော နဲ့
တည်ဆောက်ထားလို့ ပါပဲ #မိတ်ဆွေ"

မေတ္တာဖြင့်
ကိုရဲ(Barlarlar)
www.facebook.com/barlarlarmyanmar

Post a Comment