လူသားစား​ဆေးရုံ အပိုင်း ၆+၇+၈+၉+၁၀

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၆)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

လမ်းမှားရောက်ရှိလာသူများအတွက် ဆေးရုံတစ်ခုဟု ထင်မှတ်လောက်အောင် ထောင်ချောက်ဆင် ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး၊ ရိုင်တိုင်မူးဝေနေသည့် ဝကြီးမှာတော့ အဝေးမှထိုမီးရောင်လေးများ မြင်တွေ့လိုက်ရသည်ကြောင့် အစုံတစ်ခုသော အကူညီရရှိရေးအတွက် ဝမ်းသာအားရ ဦးတည်နေလေတော့သည်။

  ဦးခေါင်းတွင်လည်း ပြင်းထန်လှသော ဒဏ်ရာတစ်ချို့ရရှိထားပြီး ခြေထောက်များမှာလည်း နာကျင်နေလေခဲ့သည်။ သို့သော် တိမ်းမှောက်နေသည့် ကားကြီးအတွင်း၌ အသက်ရှင်လျက်ရှိနေသေးသော မိမိ၏သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးချင်သေးသည်။ အဘယ်ကြောင့်နည်း မိမိ၏ပေါ့ဆမှုကြောင့် ထိုကားကြီးမှာ တိမ်းမှောက်သွားခဲ့ရခြင်းဖြစ်သည်။

  ထို့ကြောင့် မီးရောင်လေးများ မြင်တွေ့နေရသည့် အဆောက်ဦးဆီသို့ ဝကြီးမှာ မောပန်းမှုများနှင့် အရောက်လှမ်းနေခဲ့ရင်း မီးရောင်လေးများထွန်းလင်းနေသည့် အဆောက်ဦးအရှေ့သို့ စိုက်မြိုက်စွာရောက်ရှိလာခဲ့ချေသည်။ ဆောင်းညလေးပင်ဖြစ်ချေသော်လည်း ဝကြီးတစ်ကိုယ်လုံး၌ ချွေးများစွာစိုရွဲနေလေခဲ့ပြီး အဆောက်ဦးအရှေ့သို့ ရောက်ရှိလာသည်နှင့် ဦးစွာမြင်တွေ့လိုက်ရသည်က
        'မြို့မ (အထွေထွေရောဂါကု ဆေးရုံကြီး)'

မီးအရောင်များဖြင့် ထွန်းလင်းနေသော ထိုဆိုင်းပုဒ်အား ဖတ်ရှု့လိုက်ရသည်။ မိမိ၏မျက်လုံးများအား ဘယ်ညာလက်နှစ်ဖက်ဖြင့် ခက်ကြမ်းကြမ်းပွတ်လိုက်ရင်း မယုံနိုင်လောက်အောင်ပင် တိုက်ဆိုင်စွာနှင့် ဆေးရုံဆီသို့စိုက်မြိုက်စွာ ရောက်ရှိလာခဲ့ရသည်။ လွန်စွာပျော်ရွှင်မိရင်း မိမိ၏သူငယ်ချင်းဖြစ်သူများသည်လည်း ကားကြီးတိမ်းမှောက်သွားခဲ့သည်ကြောင့် ထိခိုက်မှုများ ပြင်းထန်စွာရရှိထားကြမည်မှာ မလွဲချေ။

ထို့ကြောင့် ဆေးရုံဆီသို့ ဦးတည်ရောက်ရှိလာခဲ့ခြင်းကြောင့် အတိုင်းထက်အလွန်ပျော်ရွှင်သွားခဲ့ရင်း ဆေးရုံဝန်းအတွင်းသို့ စတင်ခြေလှမ်း လှမ်းမိလိုက်လေသည်။ ထိုအချိန်၌ဆေးရုံဝန်းအတွင်းမှ နှပ်စ်မလေးတစ်ဦး မိမိထံသို့ဦးတည်အပြေးရောက်ရှိလာကြောင်း မြင်တွေ့လိုက်ရပြီး မိမိဆီသို့ဦးတည်ရောက်ရှိလာသော နပ်စ်မလေးအား ဝကြီးတစ်ယောက်မှာတော့ စိုက်ကြည့်နေခဲ့မိ၏။ မိမိ၏အနားသို့ ရောက်ရှိလာသည်နှင့် နပ်စ်မလေးမှာ စိုးရိမ်ကြီးလွန်းလှသော အမူယာများဖြင့်

''သွား … သွားရှင်တို့မလာကြနဲ့ … သွားကြ … သွားကြ … ဒါဆေးရုံမဟုတ်ဘူး သွားကြ''
''ခင်ဗျားကလဲဗျာ … ကျုပ်တို့အကူညီလိုနေလို့ပါ … မနောက်ပါနဲ့''
''အိုး … ခတ်တော့တာပဲရှင် … မြန်မြန်သွားပါ … မြန်မြန်သွားပါ ဒီဝန်းထဲကနေ မြန်မြန်ထွက်သွားပါ''

ဘာရယ်ကြောင့်မှန်းမသိ။ မိမိအား စိုးရိမ်ကြီးစွာနှင့် ထိုဆေးရုံပရဝဏ်းအတွင်းမှ မောင်းထုတ်နေလေခဲ့သည်။ သို့သော်ဝကြီးတစ်ယောက်မှာမူ စိုးရိမ်ကြီးစွာဖြစ်နေသည့် နပ်စ်မလေးအား စိုက်ကြည်နေခဲ့မိသည်။ ဝကြီးထင်နေသည်။ ထိုနပ်စ်မလေးဟာ လူသားစင်စစ်လေလား။ သို့သော်မဟုတ် စိတ္တဇဆရာဝန်ကြီးကိုယ်တိုင် ရိုက်သတ်ခဲ့သော နပ်စ်မလေးသီရိမေ၏ ဝိဥာဉ်ပင်ဖြစ်ချေသည်။

နှစ်ကာလကြာမြင့်စွာ ထိုဆေးရုံ၌ နပ်စ်မလေးဟာ မကျွတ်လွတ်နိုင်ပဲ ရှိနေခဲ့ပြီး ဆေးရုံအနားသို့ လူသားများရောက်ရှိလာပါက ခြောက်လန့်စေလွတ်ခဲ့သည်။ အဘယ်ကြေင့်နည်း ထိုလေးထပ် အဆောက်ဦးဆေးရုံဟာ မိမိသက်ရှိထင်ရှားရှိစဉ်က နာမည်ကြီးဆေးရုံတစ်ခုဖြစ်သော်လည်း ယခုအခါ ဇနီးသည်တစ်ယောက် လူကောင်းပြန်လည်ဖြစ်မြောက်စေရေးအတွက် စိတ်တ္တဇဆရာဝန်ကြီးမှာ လူအမြောက်အမြားအား သတ်ဖြတ်နေခဲ့သော နေရာကြီးတစ်ခုပင်ဖြစ်နေချေတော့သည်။

ထိုအကြောင်းများအား ဝိဥာဉ်ဘဝသို့ရောက်ရှိနေခဲ့သည့် နပ်စ်မလေးမှ အကြောင်းစုံသိရှိစေသည်။ ထို့ကြောင့် ဆေးရုံပရဝဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့သော ဝကြီးအား ဆေးရုံအတွင်းရှိ လူသတ်ဆရာဝန်များမမြင်တွေ့ခင်အချိန်၌ အမြန်ဆုံးထွက်ရောက်ရန် စေခိုင်းနေခဲ့ခြင်းဖြစ်သည်။

သို့သော်ဝကြီးတစ်ယောက်မှာတော့ နပ်စ်မလေး၏အပြုမူများအား နားမလည်နိုင် ဘူစပ်စပ်အကြည့်ဖြင့် နပ်စ်မလေးအား တစ်ချက်ကြည့်လိုက်ပြီး ထော့နင်းခြေထောက်ဖြင့် အရှေ့သို့သာ ဆက်ရန် ရွယ်လိုက်လေသည်။ ထို့အချိန်ထိ နပ်စ်မလေးမှာ ဝကြီး၏ခန္ဓာကိုယ်အား လက်ဖျားလေးနှင့်တစ်ချက်မျှ မထ။ နံဘေးမှသာ ဆေးရုံအတွင်းသို့ မဝင်ရောက်ရန် စိုးရိမ်တကြီးတားမြစ်နေခဲ့လေသည်။

ဒဏ်ရာများဟာလည်း သွေးအေးလာသည်နှင့်အမျှ တဆစ်ဆစ်ဖြင့် နာကျင်နေလာခဲ့သည်။ ဆေးရုံအတွင်းသို့ မရောက်ခင် ပရဝဏ်းအတွင်း၌ မိမိ၏နံဘေးတွင် ဆေးရုံအတွင်းသို့မဝင်ရောက် တစ်ရက်ဆက်ပြောဆိုနေသော နပ်စ်မလေးကြောင့် ဝကြီးတစ်ယောက် စိတ်ရှုတ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့်
''ခင်ဗျား ဘာဖြစ်နေတာလဲ !… ခင်ဗျားလည်းနပ်စ်မ တစ်ယောက်ဖြစ်ပြီး အခုလိုဒဏ်ရာရထားတဲ့ လူနာတစ်ယောက်ကို ဆေးရုံထဲမခေါ်တဲ့အပြင် အတင်းမောင်းလွတ်နေတာ ဘာသဘောလဲ ကျုပ်စိတ်မရှည်တော့ဘူးနော် … လာကြပါဦးဗျို့ … ဆေးရုံထဲက တစ်ယောက်ယောက်လာကြပါဦး''

ပြောပြောဆိုဆိုနှင့် ဝကြီးတစ်ယောက်မှာတော့ ဆေးရုံအတွင်းသို့ မျှော်ငေးကြည့်လိုက်ရင်း ထိုသို့ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။ နပ်စ်မလေးမှာတော့ ဝကြီးအား ထိုသို့မအော်ရန် လက်ဟန်ခြေဟန်ဖြင့် တားဆီးနေခဲ့သော်လည်း ဝကြီးမှာ ဂရုမစိုက် အော်မြဲတိုင်းသာလျင် အော်ပြောနေခဲ့သည်။ သို့သော် ဆေးရုံအတွင်းမှ မည်သူတစ်ဦးမှ ထွက်ရောက်မလာသည်ကြောင့် နံဘေးတွင်ရှိနေသော နပ်စ်မလေးအား တစ်ချက်ပြန်လည်ကြည့်မိသည်။

သို့သော် မိမိ၏နံဘေး၌ရှိနေသော နပ်စ်မလေးမှာ မည်သည့်နေရာဆီသို့ထွက်ခွာသွားခဲ့သနည်းမသိ။ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ချေသည်။ ကြောင်တောင်တောင်အကြည့်များနှင့် ဝကြီးတစ်ယောက် နပ်စ်မလေးအား ဘယ်ညာဘေးပတ်ပတ်လည်သို့ လှည့်လည်ကြည့်ခဲ့သော်လည်း အရိပ်ယောင်မျှ မတွေ့ရတော့ချေ။ ထို့နောက် ခဏအကြာ၌ ဆေးရုံမှန်တံခါးမှာ ပွင့်လစ်လာခဲ့ပြီး ဆရာဝန်ဝတ်စုံဖြင့် ဆေးရုံအတွင်းမှ ဆရာဝန်ကြီးဦးရဲမောင်တစ်ယောက် ထွက်ရောက်လာခဲ့လေသည်။ ခန့်ခန့်ညားညားနှင့် ဆရာဝန်ကြီးဦးရဲမောင်အား မြင်တွေ့လိုက်ရသည်ကြောင့် ဒဏ်ရာများစွာ ရရှိထားသည့် ဝကြီးတစ်ယောက်မှာတော့ အလွန်ပင်အားကိုးရရှိသွားသည့်အတွက် မျက်နှာပြင်တစ်ခုလုံး ရွှင်ပြုံးလာခဲ့သည်။ ထို့နောက် မိမိဆီသို့ ဦးတည်လျောက်လှမ်းလာသော ဆရာဝန်ကြီးထံသို့ ထော့နင်းခြေလှမ်းများနှင့်အတူ ဝကြီးသည်လည်း အားကိုးတကြီးလှမ်းသွားလေသည်။

''ဘာဖြစ်လာတာတုန်းဗျ''
''ဒေါက် … ဒေါက်တာ ကျွန်တော့်သူငယ်ချင်းတွေကို ကယ်ပါဦးဗျာ ကယ်ပါဦး''
''ဟင် … ကျွန်တော်တို့က ဘာကိုကယ်ရမှာလဲဗျ''
''ဟို !… ဟို … ''
''ကဲ … လာလာ … အထဲကိုလာ''

ဝကြီး၏ရုတ်တရက်ပြောဆိုလိုက်သော စကားများကြောင့် ဆရာဝန်ကြီးဦးရဲမောင်မှာ မျက်မှောင်ကြုတ်မိလိုက်သည်။ သူတစ်ယောက်နာမလည်နိုင်၊ ထို့ကြောင့် ဒဏ်ရာများရရှိထားသော ဝကြီးအား တွယ်ကူလျက် ဆေးရုံးအတွင်းသို့ ခေါ်ဆောင်လာခဲ့လေသည်။ ဆေးရုံကြီးဟာ အထူးကုဆေးရုံကြီးတစ်ခုဖြစ်သည့်အလား သေသပ်စွာပြုလုပ်ထားသည်များအား ဝကြီးတစ်ယောက် အကဲခတ်ကြည့်မိခဲ့သည်။ ထို့နောက် နံရံများ၌ ဆရာဝန်ကြီးများ၏ အမည်များနှင့်အတူ ဘွဲ့များပါသည့် ဆိုင်းပုဒ်များချိတ်ဆွဲထားခဲ့သည်များအားလည်း တွေ့မြင်ခဲ့ရသည်။

ညအချိန်ဖြစ်သည်ကြောင့်လား ဆေးရုံကြီးမှာ ရှင်းလင်းတတ်ဆိတ်နေခဲ့သည်က ကောင်ဒါရှိ လူနာစာရင်းမှတ် နပ်စ်မလေး၏ ဘောပင်ဖြုတ်ကျသည့် အသံကိုပင် ပဲ့တင်ထပ်နေလောက်အောင် ကြားနေခဲ့ရသည်။ ဆေးရုံးအတွင်း၌ မြင်တွေ့နေရသည်များအား ဝကြီးတစ်ယောက်အကဲခတ်ကြည့်မိရင်း အနီးရှိလူနာစောင့်ခုံလွတ်တစ်ခုတွင် ထိုင်ချလိုက်လေသည်။ ထို့နောက် ဆရာဝန်ကြီးဦးရဲမောင်နှင့်အတူ စာရင်းမှတ်နပ်စ်မလေးတစ်ဦး မိမိ၏အနားသို့ရောက်ရှိလာခဲ့ပြီး။

''ဘာများဖြစ်ကြတာလဲ ကောင်လေး''
''ဒေါက်တာ… ကျွန်တော့သူငယ်ချင်းတွေကို ကယ်ပေးပါဦး''
''ဟုတ်ပါပြီ … ပြော … ဒေါက်တာတို့ဘယ်လိုကယ်ပေးရမှာလဲ''
''ဒီလိုပါဒေါက်တာ … ကျွန်တော်တို့သူငယ်ချင်းတွေ ပုသိမ်ဘက်ကို ပျော်ပွဲစားထွက်ရင်း ကားကြီးမှောက်သွားခဲ့တယ် … ကျွန်တော်တစ်ယောက်ပဲ သတိရလာသေးတယ်ဒေါက်တာ … ကျန်တဲ့ ကျွန်တော့သူငယ်ချင်းတွေရော ဆရာရော မှောက်သွားတဲ့ကားကြီးထဲမှာ ရှိနေတယ်ဒေါက်တာ … သူတို့တွေကို ကယ်ပေးပါဦး''
''သြော် … သဘောပေါက်ပြီ ကားကဘယ်နားမှာ မှောက်သွားတာလဲ''
''ဗျာ … မ … မသိဘူးဒေါက်တာ… ကားကြီးမှောက်သွားတဲ့ နေရာကနေ ဒီဆေးရုံမီးအရောင်လေးတွေ တွေ့လို့ ကျွန်တော်လျောက်လာခဲ့တာ ဆေးရုံနဲ့ နည်းနည်းလှမ်းမယ်ဒေါက်တာ … ဒေါက်တာတို့ကူညီပေးပါ သူတို့အားလုံး ဒဏ်ရာတွေရထားကြမှာ သေချာတယ်ဒေါက်တာ ကယ်ပါဦးဒေါက်တာ''
''ကောင်းပြီ … စိတ်ချပါ ဒေါက်တာတို့ကယ်ပေးပါ့မယ်ဟုတ်ပြီလား … ခဏလေး … ဟယ်လို … လူနာတင်ယဉ်နှစ်စီး အမြန်ဆုံးဆေးရုံအရှေ့ကိုလာခဲ့ပါ… လူနာတွေသွားသည်ရမယ်''

စိုးရိမ်ကြီးစွာ ပြာပြာသလဲ ပြောဆိုနေခဲ့သော ဝကြီးအား ဆရာဝန်ကြီးဦးရဲမောင်မှာ တည်ငြိမ်လှသောလေသံများဖြင့် ပြန်လည်ပြောဆိုလိုက်ရင်း ခါးကြားမှ လက်ကိုင်ဖုန်းအားထုတ်ယူလျက် လူနာတင်ယဉ်များအား အမြန်ဆုံးရောက်ရှိလာရန် စင့်ခေါ်စေခဲ့သည်။
''ကျေး … ကျေးဇူးတင်ပါတယ်ဒေါက်တာ ကျေးဇူးတင်ပါတယ်''
''ရပါတယ် … ကဲ… နပ်စ် … ကောင်လေးကိုလဲ ဆရာဝန်ကြီးဆီပို့ပေးထားလိုက်ပါ … ဆရာဝန်ကြီးလိုအပ်တာ လုပ်ပေးပါလိမ့်မယ်''
''ကဲကောင်လေး … နပ်စ်မလေးနဲ့ အပေါ်ကိုလိုက်သွားလိုက် အပေါ်မှာဆရာကြီးရှိနေတယ် … ဆရာဝန်ကြီးက မောင့်ရင့်ကိုလိုအပ်တာတွေ လုပ်ပေးပါလိမ့်မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''

အသားရည်အားဖြင့် ဖြူဖွေးနေခဲ့ပြီး နပ်စ်မ ဝတ်စုံလေးနှင့် အလွန်ပင်ကြည့်ကောင်းလှသော နပ်စ်မလေး၏ခေါ်ဆောင်ရာအနောက်သို့ ဝကြီးတစ်ယောက်မှာတော့ နာကျင်နေခဲ့သော ခြေထောက်များနှင့် လိုက်ပါသွားလေခဲ့သည်။ ဆောင်းညများအေးစိမ့်လာခဲ့၏။ ဓာတ်လှေကားအရှေ့၌ ရပ်တန့်နေခဲ့ပြီး တံခါးပွင့်လာသည်နှင့် နပ်စ်မလေးမှာ ဦးဆောင်ဝင်ရောက်သွားခဲ့သည်။ ဝကြီးသည်လည်း နပ်စ်မလေး၏အနောက်မှ ခပ်သုတ်သုတ်ဝင်ရောက်ခါ ဆရာဝန်ကြီးရှိနေသော သုံးလွှာဆီသို့ တတ်ရောက်လာလေတော့သည်။

''ဖြူ … သက်သာရဲ့လား မကြာခင်မှာ ကိုယ့်မိန်းမနေပြန်ကောင်းလာတော့မှာပါ … အားတင်းထားနော် … ကိုပြောတာကိုကြားရဲ့လားဖြူ''

ကုတင်းလေးအပေါ်၌ ကြောက်စရာကောင်းလှအောင် ဆေးထိုးမှားခဲ့ခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သောဇနီးသည်၏ လက်ကလေးအား ဆရာဝန်ကြီးစွန်ရဲနိုင်မှာ ဆုပ်ကိုင်ထားရင်း ဇနီးသည်အား အားပေးစကားများစွာ ပြောဆိုနေခဲ့လေသည်။ 'မကြာခင်မှာ ကိုယ့်မိန်းမဖြူ နေပြန်ကောင်းလာတော့မှာပါ' ဟု ပြောဆိုလေသော အားပေးစကားများ ပြောဆိုလာခဲ့သည်မှာ ယခုဆိုလျင် (၁၅)နှစ်ခန့်မျှရှိနေပြီးဖြစ်သည်။

လူနာများ၏သွေးများအား ထုတ်ယူရင်း အတွင်းကလိစာများပါ လဲလှယ်ပေးခဲ့သော်လည်း ဇနီးသည်၏ အခြေနေမှာ ပြောင်းလဲလာခြင်းမရှိသေးချေ။ သို့သော် စိတ်ရောဂါဝေဒနာ ခံစားနေရသည့် ဆရာဝန်ကြီး၏ယုံကြည်ချက်မှာတော့ တစ်ချိန်ချိန်၌ ချစ်ဇနီးတစ်ယောက် လူကောင်းပကတိပြန်လည်ကောင်းလာရမည်။ သစ္စာရှိလှသော တပည့်ဆရာဝန်များနှင့်၊ သူငယ်ချင်းဆရာဝန်များမှာလည်း အမှားအမှန်အား ဝေဖန်ခွဲခြားမနေတော့ပဲ ဆရာဝန်ကြီးခိုင်းစေခဲ့သည့်အတိုင်းသာလျင် မျက်စိစုံမှိတ်ပြုလုပ်ပေးနေလေခဲ့သည်။

သုံးလွှာဆီသို့တတ်ရောက်လာခဲ့သော ဝကြီးသည်လည်း နပ်စ်မလေး၏ဦးတည်ခေါ်ဆောင်ရာ အနောက်သို့ လိုက်ပါလာရင်း ဆရာဝန်ကြီး၏နားနေခန်းအရှေ့သို့ ရောက်ရှိလာခဲ့ချေသည်။ အခန်းအရှေ့၌ရှိနေသော အချက်ပေးခလုတ်အား နပ်စ်မလေးမှာ နှိတ်လိုက်သည်နှင့် အခန်းအတွင်း၌ရှိနေသော ဆရာဝန်ကြီးမှာ ဇနီးသည်၏ကုတင်းလေးအား လိုက်ကာဆွဲလျက် အခန်းတံခါးဆီသို့ ဦးတည်လျောက်လှမ်းလာသည်။
''ဆရာ !… ဒီမှာလူနာတစ်ယောက်ပါလာပါတယ်''

အပြင်မှနပ်စ်မလေး၏ ပြောဆိုလိုက်သော စကားများကြောင့် ဆရာဝန်ကြီးမှာ အခန်းတံခါးဖွင့်လိုက်ပြီး
''ဝင်ခဲ့ !… ''
ထိုသို့ပြောဆိုကာ သူ၏စားပွဲဆီသို့ တစ်လှမ်းချင်းလျောက်လှမ်းသွားစေသည်။ ထို့နောက် ဝကြီးအား စားပွဲခုံအရှေ့၌ နေရာပေးထိုင်ခိုင်းစေကာ
''ဘာဖြစ်တာလဲ … ''

တည်ငြိမ်လှသော စကားသံပင်ဖြစ်ချေပြီး။ အဖြူရောင်ဝတ်စုံလေးအား ဝတ်ဆင်ထားသော ဆရာဝန်ကြီးမှာ အလွန်ပင် ခံ့ညားတည်ကြည်လှသည်။ ယခုအချိန်၌ အားကိုးလိုနေသော ဝကြီးတစ်ယောက်၏ခံစားချက်၌ မိဘအရင်းသဖွယ် သဘောထားခါ မိမိအရှေ့၌ရှိနေသော ဆရာဝန်ကြီးအား ဖြစ်ကြောင်းကုန်စဉ်များ ပြန်လည်ပြောဆိုလေခဲ့သည်။

'ဟုတ်ပြီ … ဘာမှမစိုးရိမ်နဲ့တော့ အခုဒေါက်တာရဲမောင်နဲ့ ဆေးရုံကားတွေသွားကြပြီဆိုတော့ မောင် … ''
''ထူးအောင်ပါဆရာ''
''မောင်ထူးအေး စိတ်အေးအေးထားပါ … အခုလောလောဆယ် မောင်ထူးအောင် ဆေးရုံမှာခေတ္တအနားယူမှ ဖြစ်မယ်''
''ဆရာ … ကျွန်တော်ခြေထောက်နည်းနည်း နာသွားတယ်ဆရာ ခေါင်းလေးပေါက်ရုံကလွဲလို တစ်ခြားဘာဒဏ်ရာမှ မရခဲ့ဘူးဆရာ''
''ကောင်းပါပြီ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ် မောင်ထူးအောင်ရဲ့ သူငယ်ချင်းတွေ ဆေးရုံရောက်လာမယ့်အချိန်ကို စောင့်ရင်း မောင်ထူးအောင်လဲ လိုအပ်တာတွေ ဒေါက်တာကုသပေးပါ့မယ်''
''ဟုတ်ကဲ့ဒေါက်တာ ကျွန်တော့ကြောင့် အားလုံးဒီလိုဖြစ်ရတာပါ … သူတို့ကိုပိုပြီး ဂရုစိုက်ပေးပါ''
''စိတ်ချပါ မောင်ထူးအောင် !… ကဲ နပ်စ်မ … ဆရာတို့ဒုတိယအထပ်ထောင့်ဆုံး အခန်းထဲမှာ ဒီကလူငယ်အတွက် နေရာချထားပေး ပြီးတော့ သွေးစစ်ဖို့လုပ် … ဦးခေါင်းနဲ့နှလုံးကို ဓာတ်မှန်ရိုက်ရမယ်''
''ဟုတ်ကဲ့ဒေါက်တာ ''

ဆရာဝန်ကြီး၏ နပ်စ်မလေးအား မှာကြားနေခဲ့သော စကားများအား ကြားလိုက်ရသည့် ဝကြီးတစ်ယောက်မှာတော့ မျက်မှောင်အားကြုတ်မိသည်။ အဘယ်ကြောင်နည်း။ မိမိဟာ ထိခိုက်ရုံမျှသာ ဒဏ်ရာရရှိထားသူတစ်ယောက်ဖြစ်စေ၍ အဘယ်ကြောင့် သွေးစစ်ခါ နှလုံးဆီသို့ဓာတ်မှန်ရိုက်ရသနည်းဟု သူတစ်ယောက်စဉ်းစားမရပဲ နပ်စ်မလေး၏ခေါ်ဆောင်ရာ အနောက်သို့သာ ကြောင်တောင်တောင်ဖြင့် လိုက်ပါရန်ပြင်ဆင်လိုက်သည်။ အခန်းအပြင်သို့ထွက်ရန် ဝကြီးတစ်ယောက်ဦးတည်လိုက်သည်နှင့် ဆရာဝန်ကြီးမှာ နပ်စ်မလေးအား အဓိပ္ပာယ်ရှိလှသော အမူယာဖြင့် ခေါင်းအားအသာငြိမ့်ပြစေသည်။ ထိုအမူယာဆိုလျင် နပ်စ်မလေးမှာ ကောင်းစွာသဘောပေါက်ချေသည်။ ထိုလူငယ်ကောင်လေးဆီမှ သွေးစစ်လျက် သွေးထုတ်ယူတော့မည်ဖြစ်သည်။

ဝကြီးနှင့်နပ်စ်မလေးထွက်ခွားသွားခဲ့ပြီး ခဏအကြာ၌ ဆရာဝန်ကြီး၏နားနေခန်းသို့ ဒေါက်ဒါသန်းနိုင်တစ်ယောက် အပြေးရောက်ရှိလာခဲ့ပြီး

''စွန်ရဲ … စွန်ရဲ''
''ဘာဖြစ်လာတာလဲသန်းနိုင်''
''ဟို … ဟို … ပထမထပ်မှာ ငါတို့ဦးခေါင်းခွဲစိတ်ထားတဲ့ လူနာထွက်ပြေးသွားလို့''
''ဘာ !… ကြောင်တောင်တောင်ဖြစ်သွားတဲ့ တစ်ယောက်လား''
''ဟုတ်တယ် !''
''ဟာကွာ … မင်းတို့ကိုအစတည်းက ငါပြောတယ် … သူ့ကိုရှင်းပစ်လိုက်ပါတော့ဆိုတာ … အခုမြန်မြန်လိုက်ရှာ တွေ့တာနဲ့ ချက်ချင်းရှင်းပစ်လိုက်တော့ … မဟုတ်ရင် သူ့ကြောင့်ပတ်ဝန်းကျင်က လူတွေရိပ်မိကုန်လိမ့်မယ် မြန်မြန်သွားရှာ''
''အေး … အေးပါ … ငါအခု သွားရှာလိုက်ပါ့မယ်''

ဇနီးသည်အတွက် လူပေါင်းများစွာအား စိတ်ရှိတိုင်းသာလျင် စမ်းသပ်ခွဲစိတ်နေခဲ့ပြီး လိုအပ်မည်ထင်သော လူများ၏အတွင်းကလိစာ ဦးနှောက် ခါးဆီ သွေး ချဉ်ဆီ အစရှိသည်များအား စိတ်ရောဂါဝေဒနာရှင် ဆရာဝန်ကြီးမှာ ထုတ်ယူနေခဲ့သည်။ နောက်လိုက်ဆရာဝန်များမှာလည်း မည်သည့်အတွေးမျိုးမှ တွေးမနေ၊ စိတ်ရှိတိုင်းသာလျင် ရက်စက်လှစွာ စမ်းသပ်ခွဲစိတ်ပေးနေခဲ့၏။ ယခုအခါ ဦးခေါင်းအား ခွဲစိတ်စမ်းသပ်ထားသည့် လူနာတစ်ယောက်မှာ ဆေးရုံအတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း ဒေါက်တာသန်းနိုင်မှ လာရောက်အကြောင်းကြားစေခဲ့သည်။

ထို့ကြောင့် ထိုသူတစ်ယောက်လွတ်မြောက်သွား၍ မဖြစ်နိုင်။ မိမိတို့၏လုပ်ရက်များ ပေါ်ပေါက်သွားစေနိုင်သည်။ ထို့ကြောင့် ဒေါက်တာသန်းနိုင်အား ကြိမ်းမောင်းလျက် ထွက်ပြေးသွားသော ထိုသူအားအမြန်ဆုံး လိုက်လံရှာဖွေရန် ပြောဆိုလေတော့သည်။ ဒေါက်တာသန်းနိုင်သည်လည်း မိမိ၏အရှေ့မှောက်၌ ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် လွန်စွာရက်စက်လှသည်များအား ကိုယ်တွေ့ကြုံထားဘူးခဲ့သည်။ ထို့ကြောင့် မိမိအားလည်း ထိုသို့ရက်စက်မှုများ ပြုလုပ်ရန်ဝန်မလေးတော့သည့် ဆရာဝန်ကြီးအား ကြောက်နေရသည်ကြောင့် ထွက်ပြေးသွားသည့် ထိုသူကိုသာ အမှီလိုက်ရန် အခန်းအတွင်းမှ ထွက်ခွာသွားချေခဲ့သည်။

                               * * *
''အား … ကျွတ် … ကျွတ်''
ကျွန်ုပ်၏အတွေး၌ တစ်စုံတစ်ယောက်ဟာ ကျွန်ုပ်အား ခြေနှစ်ဖတ်မှဆွဲကိုင်လျက် ကြီးမားလှသော နံရံတစ်ခုနှင့် အားကုန်လွဲရိုက်ထားခဲ့လေသလား၊ ခန္ဓာကိုယ်တစ်ခုလုံး တစ်ဆစ်ဆစ်ဖြင့် ကိုက်ခဲနေခဲ့၏။ ခေါင်းတစ်ခုလုံး မူးနောက်နေခဲ့ပြီး ကျွန်ုပ်၏ဘယ်ဘက် လက်တစ်ချောင်း လှုပ်မရသည့်အထိ ဖြစ်နေခဲ့၏။ ကျွနုပ်အဘယ်သို့ရောက်ရှိနေသနည်း။ အဘယ့်ကြောင့် ထိုကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေရသနည်း။ အံ့ကိုကြိတ်လျက် မှိတ်ထားသည့်မျက်လုံးအိမ်အား ဆုံဖွင့်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေခဲ့ပြီး တစ်စုံတစ်ခုသော နေရာ၌ ကျွန်ုပ်ညပ်နေခဲ့ဟန်တူ၏။
''ဟင် … ငါတို့ကားကြီးမှောက်သွားတာပဲ''
သတိရလိုက်မိ၏။ ကျွန်ုပ်တို့ကားကြီးတိမ်းမှောက်သွားခဲ့ရခြင်းဖြစ်သည်။ ကားကြီးမှောက်သွားသည်။ ကားကြီးထဲ၌ ကျွန်ုပ်၏ညီရင်းအစ်ကိုသဖွယ် ချစ်ခင်ရသော မိတ်ဆွေများရှိနေသည်။ ဆရာအပါအဝင် အားလုံးရှိနေ၏။ ထိုသို့ဆိုလျင် မဖြစ်သေး။ ထိုသူတို့အားလုံး ဒုက္ခတွေ့နေသည်မှာ အမှန်ပင်ဖြစ်နိုင်သည်။

ထိုသို့တွေးမိလျက် ညပ်နေရာမှ လူးလဲထလိုက်၏။ လွန်စွာနာကျင်မိရင်း ညပ်နေရာမှ ထနိုင်ခဲ့သော်လည်း ဘယ်ဘက်လက်တစ်ချောင်း ကားခုံကြားထဲ၌ ညပ်နေခဲ့သည်ကြောင့် ထုတ်မရသေးချေ။ တစ်ဆစ်ဆစ်ဖြင့် နာကျင်နေပြီး အနာခံခါ ကျွန်ုပ်၏လက်အား ဆွဲထုတ်ရန်ပြုလုပ်ရမည်။ ခုံနှစ်ခုကြားညပ်နေသော လက်အား ဆွဲထုတ်နိုင်ရန် ကျန်ခုံတစ်ခုအား ညာဘက်လက်ဖြင့် တွန်းဖယ်ထားရင်း ဆွဲထုတ်လိုက်ရသည်။
''အား !… ''
ဗြုတ် ဟူသော အသံအား နားနှင့်ကြားလိုက်ရ၏။ သေချာသည်မှာ ကျွန်ုပ်၏လက်မောင်း အရင်းပြုတ်သွားခဲ့ခြင်းဖြစ်ပေသည်။

အင်မတန်နာကျင်လှသည်။ သို့သော် နာကျင်ရုံမျှလွဲ၍ ကျွန်ုပ်အသက်မသေနိုင်။ မသကာ အဆိုးဆုံးအနေနှင့် လက်ဖြတ်ပစ်ရုံမျှ လွဲ၍အသက်အန္တရယ်မကြုံတွေ့နိုင်။ နာကျင်နေသည့်ခံစားမှုအား သူငယ်ချင်းဖြစ်သူများကို ကယ်တင်ချင်သေးသည့်စိတ်ဖြင့် မေ့ဖျောက်လျက် ပက်လက်အနေအထား တိမ်းမှောက်နေသော ကားကြီးအတွင်းမှ ကျွန်ုပ်အားတင်းခါထလိုက်သည်။ ဦးခေါင်းတွင်လည်း ထိခိုက်မှုကြောင့် အနည်းငယ်ကွဲသွားခဲ့ပြီး သွေးများဆီးကျလာခဲ့သည်။ ဘေးပတ်ပတ်လည်အား မျက်လုံးတစ်စုံးကြည့်မိချိန်၌ ဆရာဖြစ်သူဟာလည်း မေ့မျောသတိလစ်နေခဲ့၏။

'ဆရာ … ဆရာ'' ဆရာ့၏ခန္ဓာကိုယ်အား သတိလည်လာစေရန် ကျွန်ုပ်လှုပ်နှိုးခဲ့ရသေးသည်။ သို့သော် ဆရာမှာတော့ သတိလည်လာခြင်းမရှိချေ။ ကျန်ရှိနေသော သူငယ်ချင်းများမှာမူ အလှမ်းဝေသည့် ကားအနောက်ပိုင်း၌ ရှိနေဦးမည်မှာမလွဲချေ။ ဆရာ၏ နံဘေးခပ်လှမ်းလှမ်းတွင် သူငယ်ချင်းဖြစ်သူ ပန်းအိတစ်ယောက် လှုပ်ရှားနေသည့်ပုံရိပ်များအား ကျွန်ုပ်မြင်တွေ့လိုက်ရသည်။ အဘယ်ကြောင့်ပန်းအိဟုဆိုနိုင်သနည်း။ အမှောင်ရိပ်ထဲ၌ ထွန်းလင်းနေသော သူမ၏ အဏုမြူလက်ပတ်နာရီကလေးကြောင့်ပင် ပန်းအိဟုကျွန်ုပ်ကောင်းစွာသိရှိစေရန်နိုင်သည်။

''အီး … အား … ရှီ''
သူမဆီမှ ညည်းညူသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်ကြောင့် ပန်းအိတစ်ယောက် ကျွန်ုပ်ကဲ့သို့ပင် သတိရလာဟန်တူသည်။ ထို့ကြောင့် သူမအား ကျွန်ုပ်တစ်ယောက် အသံပေးလိုက်၏။
''ပန်းအိ''
''ဟင် … ထီး … ထီးလေး ငါ့ကိုလာကူပါဦး''
တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်း၌ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေခဲ့၏။ သို့သော် ကျွန်ူပ်ဒာသံအား ကောင်းစွာမှတ်မိနေသော ပန်းအိဟာ သူမအားလာရောက်အကူညီပေးရန် တမ်းတအော်ပြောလေသည်။

ကျွန်ုပ်သည်လည်း သူမရှိနေသည့် နေရာဆီသို့ စမ်းတဝါးဝါးအရောက်လှမ်းသွားခဲ့ရင်း
''ရလား ပန်းအိ''
''အား !… မရဘူးဟ … ငါ့ခြေထောက်ပိနေတယ် ဖယ် … ဖယ်ပေးပါဦး''
''အေးအေး … ငြိမ်ငြိမ်လေးနေ''
သူမ၏ခြေထောက်တစ်စုံတစ်ခုနှင့် ပိနေသည်ဟုပြောဆ်ိုသောကြောင့် ကျွန်ုပ်သည်လည်း စမ်းတဝါးဝါးနှင့်ခြေထောက်နေရာသို့ လက်တစ်ဖက်ဖြင့်စမ်းကြည့်လေရာ သူမ၏ညာဘက်ခြေထောက်မှာ သံတိုင်နှစ်ခုကြား ကန့်လန့်အနေအထား ကျွမ်ဝင်နေခြင်းဖြစ်သည်။ သူမ၏အထင်၌ နာကျင်လွန်းနေ၍ တစ်စုံတစ်ခုနှင့်ပိနေသည်ဟု ထင်သော်လည်း အမှန်တကယ်ဟာ ဆိုးရွားစွာသွေးများထွက်လျက် သံတိုင်နှင့်ညပ်နေခြင်းဖြစ်သည်။

ကျွန်ုပ်သည်လည်း လက်တစ်ဖတ် အလွန်ပင်နာကျင်နေခဲ့သည်။ သို့သော် သူမခြေထောက်အား ထိုသံတိုင်ကြားအတွင်းမှ ထုတ်ပေးချင်သေးသည်။ ထို့ကြောင့် အလွန်ပင်နာကျင်နေခဲ့သော ကျွန်ူပ်၏ဘယ်ဘက် လက်တစ်ဖက်အား အသုံးပြုလျက် သံတိုင်နှစ်ခုအနက် တစ်ခုအား ကျွန်ုပ်၏လက်နှစ်ဖက်ဖြင့် အားကုန်ဆွဲဟစေခဲ့သည်။ သူမသည်လည်း အလိုက်တသိနှင့် ညပ်နေသည့်ခြေထောက်ပေါ့ပါးသွားသည်နှင့် လျင်မြန်စွာနှင့် သူမ၏ခြေထောက်အား ထုတ်ယူလိုက်လေသည်။

''ရပြီး … ရပြီ … အား !… ငါ့ခြေထောက်တော့ ကျိုးသွားပြီးလားမသိပါဘူး … ကျွတ် … ကျွတ်… တင်ဇာတို့မောင်ကဲတို့ရော''
''သူတို့အားလုံးသတိလစ်နေကြတယ် … ငါ့သူငယ်ချင်းတွေလဲ ကားအနောက်မှာ ရှိနေကြလိမ့်မယ် … သူတို့သတိရမှာမဟုတ်သေးဘူး … ကဲလာ … တို့ကားထဲကအမြန်ထွက်မယ် … အပြင်မှာ အကူညီတစ်ခုခုရှာရမယ်''
''အေး … အေး ကျေးဇူးတင်ပါတယ်ထီးလေးရာ … အား !… ငါခြေထောက် ထောက်လို့မရဘူး လုပ်ပါဦးဟ တွယ်ပါဦး''
''လာလာ … ''
''အား … ငါ့ဘယ်လက်ကိုမကိုင်နဲ့လေ လက်မောင်းပြုတ်နေတယ်''

သူမ၏ ညာခြေထောက်၊ ကျွန်ုပ်၏ဘယ်ဘက်လက်မောင်း ထိခိုက်မှုများအနည်းငယ်ရရှိထားခဲ့ပြီး တိမ်းမှောက်နေသည့် ကားကြီးအတွင်းမှ ထွက်ပေါက်အား မှန်းဆရင်းအပြင်သို့ အရောက်ထွက်နိုင်ချေခဲ့သည်။ ကားကြီးဟာ ချောက်ကပါးလမ်းနံဘေးသို့ လိမ့်ကျသွားဟန်တူသည်။ ထိုသို့ဆိုလျင် ကားလမ်းအပေါ်သို့ တတ်ရောက်နိုင်မှသာလျင် ကျွန်ုပ်တို့အားလုံးအဖို့ အကူညီရရှိနိုင်မည်ဖြစ်သည်။ ထို့နောက်တစ်စုံတစ်ခုသော အကူညီရရှိရန်အတွက် ကားလမ်းအပေါ်သို့ရောက်ရှိနိုင်မည့် လမ်းဟုမှန်းဆလျောက်လှမ်းရန်တိုင်ပင်ခဲ့ကြရင်း လျောက်လှမ်းသွားချိန်၌ လမ်းခုလပ်တစ်နေရာတွင်

''ထီးလေး … မရတော့ဘူး ငါခြေထောက်ဘယ်လိုမှ မထောက်နိုင်တော့ဘူး … လုပ်ပါဦးဟ''
''ဟင် … ဘယ်လိုလုပ်မတုန်း … ငါလက်တစ်ဘက်လဲ ပြုတ်သွားတယ် … ဒါဆိုနင်ကားကြီးအနားမှာပဲ နေခဲ့တော့ဖြစ်မလား''
''ဟာ … မဖြစ်ဘူး ငါတစ်ယောက်တည်းမနေရဲဘူး''
''ဒါဆိုဘယ်လိုလုပ်မတုန်း … လာဟာ … မထူးတော့ဘူး နင်နဲ့ငါနှစ်ယောက်တည်းရှိတာဆိုတော့ လာ … ငါ့ကျောအပေါ်တတ်''
''ဟင် … နင် … နင်ကငါ့ကို ကုန်းပိုးမလို့လား''
''အေးလေ … ဒီလိုမှဖြစ်တော့မှာပေါ့''
''အား … အားနာစရာတွေတော့ဖြစ်ကုန်ပါပြီ''
''ကဲလာပါ … ပြောမနေနဲ့တော့ … အခုလိုဒုက္ခတွေ့နေတဲ့အချိန်မျိုးမှာ ငါတို့တွေက မောင်နှမတွေပဲမဟုတ်လား လာတတ်''

သူမအား ကျွန်ုပ်ကျောပိုးတင်လျက် အရှေ့သို့ဆက်လျောက်ရန် ရည်ရွယ်လိုက်သည်။ သူမ၏ခြေထောက်မှာလည်း အလွန်ပင် နာကြင်နေခဲ့သည်မှာ အမှန်ပင်ဖြစ်နိုင်သည်။ ကျွန်ုပ်ကိုယ်တိုင် သံတိုင်ကြားအတွင်းမှ ထုတ်ပေးခဲ့ခြင်းကြောင့် သူမတစ်ယောက် မည်မျှပင်နာကြင်နေခဲ့မည်ဆိုသည်မှာ ကျွန်ုပ်ကောင်းစွာကိုယ်ချင်းစာမိသည်။ ထို့ကြောင့် သူမအား ကျောပိုးလျက်အရှေ့သို့ လျောက်လှမ်းသွားချိန်၌

''ဟာ … ငါ့ဘောင်းဘီအိတ်ထဲမှာ ဖုန်းရှိနေတာပဲ''
''ဟာ နင်ကလဲ အခုနတည်းက မပြောဘူး ''
''ငါလဲ ထူးပူနေတာနဲ့ အခုမှ သတိရတာ''

သူမအား ကျောပိုးတင်လျက် အရှေ့စူးစူးသို့ မှန်းဆလျောက်လှမ်းသွားရင်း ကျွန်ုပ်၏ဘောင်ဘီအိတ်အတွင်း၌ လက်ကိုင်ဖုန်း ထည့်ထားမိသည်အား သတိရမိသည်။ ထို့ကြောင့် ကျွန်ုပ်၏ဘောင်းဘီအိတ်အတွင်းမှ လက်ကိုင်ဖုန်းအား ထုတ်ယူလိုက်ရင်း ကျောပိုးထားသည့် ပန်းအိဟာလည့်း ကျွန်ုပ်၏ကျောပိုးတွင်သာ ရှိနေသေးသည်။ လက်ကိုင်ဖုန်းအား ထုတ်ယူလျက် အဖေနှင့်အမေထံသို့ ကျွန်ုပ်ဆက်သွယ်ရန် ရွယ်လိုက်ချိန်တွင်
''အား … အမလေး … ဟေ့လူ … ဘယ်လိုလုပ်လိုက်တာလဲ''

မျက်နှာပြင်တစ်ခုလုံး၌ သွေးဆို့နေခဲ့သော ချုပ်ရိုးဒဏ်များနှင့် ဦးခေါင်းတွင်လည်း ဆံပင်မရှိ ချုပ်ရိုးချောင်းများ အထင်သားပေါ်လွင်နေခဲ့သော ထိုသူဟာ အမှောင်ထုတစ်ခုအတွင်းမှ အလောတကြီး ပြောထွက်လာခဲ့ပြီး ကျွန်ူပ်အားဝင်ရောက်တိုက်မိလိုက်သည်။ ကျောပိုးထားသည့်ပန်းအိနှင့်အတူ ကျွန်ုပ်သည်လည်း မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာလဲကျသွားခဲ့လေသည်။ ထို့နောက် ထိုသူဟာ မပီသသော စကားသံများနှင့် ကျွန်ပ်အားလက်အုပ်နှစ်ဖက်ချီကာ တောင်းပန်စကားများစွာ ပြောဆိုနေခဲ့လေသလား။ ထိုသူ၏ပုံစံမှာလည်း တစ်စုံတစ်ခုအား အလွန်ပင်ကြောက်လန့်နေဟန်တူသည်။

''ဟင် … ခင်ဗျားဘာတွေပြောနေတာလဲ ဘာတွေဖြစ်လာတာလဲ''
''ဟင်း … ဟင်း … ပေး … ပေးရ ပေးရ ရီနရာရ ပေးရ''
''ဟေ့လူ … ဟေ့လူ … ဘာပေးရမှာလဲ''
''ပေးရ … ပေးရသော့''
ကျွန်ုပ်နှင့်တိုက်မိလိုက်သည်ကြောင့် ထိုသူသည်လည်း မြေပြင်ပေါ်၌ လဲကျသွားခဲ့ပြီး လဲကျနေရာမှ သူ၏လျှာမှာလည်း တိုနေဟန်တူသည်။ သူ၏ရင်ထဲ၌ ပြောဆိုချင်လှသော စကားများကိုပင် ပီသအောင် မပြောဆိုနိုင်ခဲ့ 'ပေးရ'ဟူသော လုံးလုံးထွေးထွေးစကားသံများသာ တရတ်ဆက်ပြောဆိုနေခဲ့၏။ ထိုသူဟာ ကျွန်ုပ်တ်ို့အား တစ်ခုခုလွန်စွာစိုးရိပ်နေခဲ့ရင်း ထိုစကားအားပြောဆိုနေခဲ့ဟန်တူသည်။ သို့သော် ကျွန်ုပ်တစ်ယောက် နားမလည်နိုင်ချေ။ သူ၏စကားအားလည်း ကျွန်ုပ်တစ်ယောက် နားမလည်နိုင်ပြီဟု သူတစ်ယောက်ကောင်းစွာသိရှိနေပုံရသည်။ ထို့ကြောင့် အားတင်စွာဖြင့် ပီသအောင်ပင်ပြောဆိုလိုက်သည်က
''ပြေးကြ''
''ဗျာ … ကျုပ်တို့ကဘယ်ကို ပြေးရမှာလဲ''

မျက်မှောင်အား ကြုတ်လျက် ထိုသူ၏စကားအား ကျွန်ုပ်ပြန်လည်မေးမြန်းမိလိုက်သည်။ သို့သော် ထိုသူ၏အမူယာမှာ ပြေးကြဟူသော စကားအား အချိန်သာရလျင် အေးဆေးစွာရှင်းပြချင်ဟန်တူသည်။ ယခု ထိုသူ၏ပုံစံမှာ သေတွင်းဆီမှ အလွတ်ပြေးလာရသည့် အခြေအနေနှင့် တစ်ထပ်တည်းကျရောက်နေခဲ့ပြီး လိုရင်းသာလျင် 'ပြေးကြ'ဟူသော စကားသာပြောဆိုလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်နားမလည်နိုင် ထိုသူ၏အနားသို့ နီးကပ်စွာလှမ်းသွားခဲ့ရင်း
''နောင်ကြီး … ခင်ဗျားဘာဖြစ်လာတာလဲ ဟမ် … ဟေ့လူ … ကျုပ်ကိုအေးဆေးပြော … ကျုပ်တို့ကူညီပေးမယ် ပြော''

မြေပြင်ပေါ်၌ ဝမ်းလျားအနေထားဖြင့် လဲကျနေသည့်ထိုသူအား ကျွန်ုပ်နွေးထွေးစွာဖြင့် သူ၏လက်မောင်းအားကိုင်လျက် စိုးရိမ်ကြီးစွာမေးမြန်းခဲ့သည်။ သို့သော် ထိုသူဟာမောဟိုက်နေခဲ့ပြီး ပြေးထွက်လာရာ အမှောင်ထုအတွင်းသို့ လှည့်ကြည့်လျက် ကျွန်ုပ်၏အကျီရင်ဘတ်အား ဆွဲကိုင်လိုက်ရင်း
''ပြေး … မင်း … မင်းတို့ကိုသတ် … သတ်လိမ့်မယ်''
အားတင်ကာပြောဆိုလိုက်လေသလား။ ထိုတစ်ကြိမ်၌ သူ၏နှုတ်မှ ပီသလှစွာသော စကားသံများထွက်ပေါ်လာခဲ့ချေ။ သို့သော် ထိုသူပြောဆိုသော စကားများအား ကျွန်ုပ်မည်သို့မှပင် နားမလည်နိုင်ချေ။ ထို့အချိန်၌ အဝေးဆီမှ အဝါရောင်မီးလုံး နှစ်လုံးခန့် ထွန်းလင်းလာခဲ့သည်အား မြင်တွေ့လိုက်ရပြီး။ အပေါ်၌ သုံးရောင်ခြယ် အချက်ပြမီးလုံးလေးဟာ ဆေးရုံကားသာလျင်ဖြစ်မည်ဟု ကျွန်ုပ်ကောင်းစွာသဘောပေါက်ချေသည်။

''ပန်းအိ … ဆေးရုံကားရောက်လာတယ်''
''အေးဟ … ''
ဝမ်းသာအားရဖြစ်ရင်း ကျွန်ုပ်၏အနောက် မလှမ်းမကမ်းတွင်ရှိနေသော သူငယ်ချင်းဖြစ်သူပန်းအိအား ပြောဆိုလိုက်၏။
''နောင်ကြီး … အားတင်းထားနော် ဆေးရုံကားလာနေတယ်''
ထိုသူအား ထိုသို့ကျွန်ုပ်ပြောဆိုလျက် ကျွန်ုပ်တို့ရှိနေသည့် နေရာဆီသို့ ဆေးရုံကားမောင်းသူတွေ့ရှိနိုင်ရန် အချက်ပြမည်ဟု ကျွန်ုပ်ထလိုက်ချိန်၌ ထိုသူဟာ ကြောက်လန့်တကြားထပြေးလေခဲ့သည်။
''နောင်ကြီး … နောင်ကြီး … ဘယ်သွားမလို့လဲ''
''မင်း … မင်းတို့ကိုသတ်လိမ့်မယ်''
''ဟာဗျာ … ပန်းအိ … ဆေးရုံကားကို အချက်ပြပေး''
ထိုသူထွက်မသွားနိုင်ရန် ကျွန်ုပ်တစ်ယောက် ချုပ်နှောင်ဖတ်ထားခဲ့ရင်း သူငယ်ချင်းပန်းအိအားလည်း ဆေးရုံကားမောင်းသူတွေ့ရှိသွားရန် အချက်ပြစေခိုင်းခဲ့သည်။ ဆေးရုံကားမောင်းသူဟာလည်း လွယ်ကူစွာနှင့် ကျွနိုပ်တို့ရှိနေရာ နေရာဆီသို့ စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေသည်။

                         **********
ကယ်တင်ရှင်ဆေးရုံကားသာလျင် ဖြစ်မည်ဟု ခန့်မှန်းမိသော လူငယ်နှစ်ဦး၏ ထင်ယောင်ထင်မှားခဲ့သော အမှားကြီးများ

ဆေးရုံဆီသို့ ဦးစွာရောက်ရှိနေသော လူငယ်ဝကြီးနှင့် ဆေးရုံရှိ မရဏသားကောင်းများ

စိတ္တဇဆရာဝန်ကြီး၏ ရက်စက်စွာ အရှင်လတ်လတ်ခွဲစိတ်စမ်းသပ်မှုများ

တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်းမှ လူငယ်များနှင့် လူသားစားဆရာဝန်များ မည်သို့ပင် တွေ့ဆုံကြလာဦးမည်နည်း

… … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၇)တွင်ဆက်လက်ဖတ်ရှု့ပေးပါရန်

                         **********
            ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                    (၁၀.၂.၂၀၁၆) မြန်မာစံတော်ချိန်
                        မွန်းလွဲ (၃)နာရီအချိန်၌
                ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                       စာရေးသူ-ထီးကလေး
                   (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၇)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

ဆေးရုံကားမောင်းသူဟာလည်း လွယ်ကူစွာနှင့် ကျွနိုပ်တို့ရှိနေရာ နေရာဆီသို့ စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေသည်။

                         **********
ထို့နောက် ကားအားစက်သတ်လျက် ကားအပေါ်မှ ဆရာဝန်ဝတ်စုံဖြင့် ဆရာဝန်ကြီးတစ်ယောက်ဆင်းလာခဲ့ပြီး ဆေးရုံဝန်ထမ်း ယူနီးဖောင်များဖြင့် ဝန်ထမ်း(၂)ဦးသည်လည်း ကားပေါ်မှ ဆင်းလာချေခဲ့သည်။
''ဒေါက်တာ !… ''
''ဟာ … အတော်ပဲ … ကူညီပါဦးဒေါက်တာရယ်''

ဆရာဝန်ဟု သတ်မှတ်နိုင်သော ခန့်ခန့်ညားညားထိုသူအား ကျွန်ုပ်တမ်းတခေါ်လိုက်၏။ ထိုသူဟာ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ ပန်းအိတို့ရှိနေသည့် နေရာဆီသို့ တစ်လှမ်းချင်းလှမ်းလာခဲ့ရင်း ကျွန်ုပ်ထိမ်းချုပ်ထားသော လူအားတစ်ချက်ကြည့်လျက် ကျွန်ုပ်နှင့်ပန်းအိအားလည်း မျက်မှောင်ကြုတ်လျက် စူးစိုက်စွာကြည့်လိုက်သည်။

''မောင်ရင်တို့က ဘယ်သူတွေလဲ … ကျုပ်တို့လူနာကို ဘာဖြစ်လို့ချုပ်ထားတာလဲ''
''အထင်မလွဲပါနဲ့ဆရာ … ဒီနောင်ကြီးကိုကြည့်ရတာ ပုံမှန်မဟုတ်ဘူးဗျ တစ်ကိုယ်လုံးမှာလဲ ချုပ်ရိုးချောင်းတွေနဲ့… ဘာတွေပြောမှန်းလဲမသိဘူး … ပြီးတော့ ဆေးရုံကားကိုတွေ့တာနဲ့ အတင်းထွက်ပြေးလို့ ကျွန်တော်မနည်းချုပ်ထားရတာပါ''
''သြော် … ကျေးဇူးပဲ !… ဒါဆရာတို့ဆေးရုံက လူနာတစ်ယောက်ပါ … စိတ်ဖောက်ပြန်ပြီး တိုက်ပေါ်က ခုန်ချလို့ … ဆေးရုံရောက်လာတာ အခုလည်းဆရာတို့မသိတုန်း … စိတ်ဖောက်ပြန်ပြီးဆေးရုံကနေ ထွက်ပြေးသွားတာလေ … အဲ့ဒါကြောင့် စိုးရိမ်လို့ သူ့ကိုလိုက်ရှာနေတာ … ကျေးဇူးပဲခွင့်ပြုကြဦး''

''ဆ … ဆရာ ခဏလေးဆရာ … ''
''ဘာဖြစ်လို့တုန်း!… ''
''လိုက်ဘူး … မလိုက်ဘူး ငါ့ကိုသတ်လိမ့်မယ် …  လူသတ်ကောင်တွေ''
''ဟာ … ကိုအေးမောင် လိမ်မာပါနော် ဆေးရုံပြန်လိုက်ခဲ့ပါ ဒီတစ်ခါ ခင်ဗျားကိုဆေးမထိုးတော့ပါဘူး''
''မ … မဟုတ်ဘူး … ''
''ဟုတ်ပါတယ်ဗျ … ကျုပ်ကတိပေးတယ်ဟုတ်ပြီလား ခင်ဗျားကိုဆေးမထိုးတော့ပါဘူး''

''ကောင်လေးတွေ မင်းတို့ပြေးကြ ပြေးကြ''
''ဟာဗျာ … ကိုအေးမောင် စိတ်ငြိမ်ငြိမ်ထားပါဦး… ကဲကောင်လေးတွေ စိတ်မရှိနဲ့နော်''
''ရ … ရပါတယ်ဆရာ''
''ကောင်းပြီး ဆရာတို့က်ိုခွင့်ပြုဦး''
''နေပါဦးဆရာ … ကျွန်တော်တို့ လဲ ဒုက္ခရောက်နေလို့ပါ ကျွန်တော်တို့ကားကြီး !.''

စိတ်ရောဂါသည် အေးမောင်ဆိုသူအား ဆရာဝန်ကြီးမှာ ချော့မော့လျက် ပုခုံးလေးအား အသာဖတ်ခါ ကျွန်ုပ်နှင့်အတူ ပန်းအိ၏အရှေ့၌ လှည့်ထွက်သွားမည်အလုပ် ကျွန်ုပ်တို့သည်လည်း ကားကြီးတိမ်းမှောက်သွားသောကြောင့် တစ်စုံတစ်ခုသော အကူညီလိုအပ်နေကြောင်း ထိုဆရာဝန်ကြီးအား ပြောဆိုမည်အလုပ် အနောက်ဘက်မှ ကားမီးရောင်ထွန်းလင်းထားသော လူနာတင်ယဉ်နှစ်စီးသည်လည်း စိုက်မြိုက်စွာရောက်ရှိလာချေခဲ့သည်။

သို့နှင့် ကျွန်ုပ်၏ပြောလက်စ စကားများ ရပ်တန့်သွားလျက် အနောက်သို့စိုက်မြိုက်စွာ ရောက်ရှိလာသော ဆေးရုံကားနှစ်စီးအား လှည့်ကြည့်မိလိုက်၏။ ထို့နောက် ကျွန်ူပ်နှင့်အတူ သူငယ်ချင်းဖြစ်သူ ပန်းအိသည်လည်း အံ့သြမှုများစွာနှင့်အကြည့်ချင်း စုံမိချေသည်။ ထပ်မံရောက်ရှိလာသော ဆရာဝန်များလိုက်ပါလာသည့် ကားကြီးအတွင်းမှ ဆရာဝန်ကြီးနှင့် စိတ်ရောဂါသည်အား လိုက်လံရှာဖွေနေခဲ့သည်ဟု ဆိုသော ဆရာဝန်ကြီးတို့မှာ ဆေးရုံတစ်ခုတည်း၌ တာဝန်ထမ်းဆောင်ပုံရသည်။ ထပ်မံရောက်ရှိလာသည့် ကားကြီးအတွင်းမှ ဆရာဝန်ကြီးတစ်ယောက် ကားတံခါးဖွင့်ခါ အောက်သို့ဆင်းလာသည်နှင့် တစ်ဖတ်မှဆရာဝန်ကြီးဟာ ရင်းနှီးလှသော လေသံဖြင့်

''ရဲမောင် … ဒေါက်တာရဲမောင် … ငါနောက်ကိုလိုက်လာတာလား''
''မဟုတ်ဘူး … ဒီနားမှာ ကားမှောက်သွားတဲ့ လူနာတွေရှိနေတယ်ဆိုလို့ ငါတို့လာခဲ့တာ''
''ဟာ … ရှိ … ရှိတာပေါ့ဆရာ … ကျွန် … ကျွန်တော်တို့ပါပဲ''
''ဟင် !… နှစ်ယောက်တည်းလား''
'မဟုတ်ဘူးဆရာ … ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်တည်း သတိရလာတာ ကားကြီးထဲမှာ ကျွန်တော့ဆရာနဲ့ သူငယ်ချင်းတွေရှိနေသေးတယ်''
''ဟုတ်ပြီ … မင်းတို့သူငယ်ချင်း ဖြူဖြူဝဝနဲ့ကောင်လေးတစ်ယောက် အကြောင်းကြားလို့… ဆရာတို့ရောက်လာတာပါ … ကဲ … မောင်ရင်တို့နှစ်ယောက် ကားပေါ်တတ်ကြ''
''ဗျာ … ဖြူဖြူဝဝနဲ့ ကောင်လေးတစ်ယောက်ဟုတ်လား ဆရာ … ပန်းအိ ဝကြီးပဲဖြစ်မယ်ထင်တယ်''
''ဟုတ်တယ် … သူလဲဒဏ်ရာတွေ ရထားတယ် … ပြီးတော့ ဒီနားမှာကားကြီးမှောက်သွားတယ်လို့ ပြောတာနဲ့ ဆရာတို့ရောက်လာရတာပဲ''
''ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ် … ကားကြီးထဲမှာရှိသေးတဲ့ ကျွန်တော့သူငယ်ချင်းတွေကို ကူညီပေးပါဦး''
''စိတ်ချပါ … မောင်ရင်တို့နှစ်ယောက် ဆေးရုံကိုအရင်လိုက်သွားကြ … မှောက်နေတဲ့ကားက ဘယ်နားလောက်မှာလဲ''
''ဟိုးဘက်နည်းနည်းအရှေ့မှာဆရာ''
''ကောင်းပြီ ကောင်းပြီး … ဆရာတို့ သူတို့အားလုံးကို ဆေးရုံခေါ်လာခဲ့ပါ့မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ ကျေးဇူးအများကြီးတင်ပါတယ်''

တည်ကြည့်ရင့်ကျက်လှသော လေသံများနှင့် ဆရာဝန်ကြီးမှာ ကျွန်ုပ်တို့ရှိနေရာ နေရာဆီသို့ရောက်ရှိလာခဲ့ရခြင်း အကြောင်းများအား ရှင်းလင်းပြောပြစေခဲ့သည်။ သို့နှင့်ကျွန်ုပ်သည်လည်း ပြုတ်နေသည့်လက်မောင်းတစ်ဖတ်အား တစ်ဆစ်ဆစ်နာကျင်နေသောကြောင့် ညာလက်ဖြင့် ဆုပ်ကိုင်ထားခဲ့ရင်း ညာဘက်ခြေထောက် ထိခိုက်မိထားသည့် သူငယ်ချင်းဖြစ်သူ ပန်းအိအားလည်း တွဲခေါ်လျက် ဆေးရုံကားကြီးအပေါ်သို့ နှစ်ဦးသားတတ်ရောက်သွားခဲ့လေတော့သည်။

ဦးခေါင်းအား စိမ်းသပ်ခွဲစိတ်ခံလိုက်ရပြီး ရူးကြောင်ကြောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသော ထိုသူမှာ လူသားစားဆေးရုံဟု ခေါ်တွင်သော ဆေးရုံဆီမှ အလွတ်ရုံးပြေးလာခဲ့ရင်း ထီးကလေးနှင့်ပန်းအိတို့နှင့် ဆုံတွေ့ခဲ့ချေခဲ့သည်။ ထိုသူအား ဆေးရုံမှ ထွက်ပြေးသွားခဲ့ခြင်းကြောင့် ဒေါက်တာသန်းနိုင်မှာ လိုက်လံဖမ်းစည်းစေခဲ့ရင်း လူငယ်နှစ်ဦးနှင့် ဆုံတွေ့ချေခဲ့သည်။ ထို့နောက် တိမ်းမှောက်နေသော ကားကြီးအတွင်းမှ လူနာများအား ဆေးရုံဆီသို့ ခေါ်ဆောင်ရန် ထပ်မံရောက်ရှိလာခဲ့သော ဒေါက်တာရဲမောင်ဦးဆောင်သော အဖွဲ့နှင့်ထပ်မံဆုံတွေ့စေခဲ့ပြီး ထီးကလေးနှင့်ပန်းအိအား ဆေးရုံဆီသို့ ခေါ်ဆောင်လာခဲ့လေသည်။

                                ****

''ဆရာ … ဆရာသမီးဝင်လာခဲ့မယ်နော်''
''အင်း … ''
''ဘယ်လိုလဲ ပိပိရိရိလုပ်နော် ကြားလားနပ်စ်မ''
''ဟုတ်ကဲ့စိတ်ချပါဆရာ … အဲ့ဒီကောင်လေးသွေးက (A)သွေးဖြစ်နေတယ်ဆရာ၊ ဆရာလိုချင်တဲ့ သွေးအမျိုးစားမဟုတ်သေးဘူး''
''အတွင်းကလိစာတွေရဲ့ အခြေအနေကရော''
''ဟုတ်ကဲ့ဆရာ … ဓာတ်မှန်ဆရာဝန်ကြီးရဲ့ အဖြေလွှာအရ အသည်းသိပ်မကောင်းဘူးလို့သိရပါတယ် … ကျန်တဲ့အပိုင်းအားလုံးကတော့ အကောင်းတိုင်းပဲဆရာ''
''ကောင်းပြီး … သူ့ကို ခွဲစိတ်ခန်းပို့ဖို့လုပ်တော့''
''ဟုတ်ကဲ့ဆရာ !… ''

စားပွဲကုလားထိုင်ပေါ်တွင် အခန့်သားထိုင်လျက် နပ်စ်မလေးအား ဆက်လက်လုပ်ဆောင်ပေးရမည့် အစီစဉ်များ ပြောကြားပေးနေခဲ့စဉ် လိုက်ကာနောက်ကွယ်အတွင်းမှ ဇနီးသည်၏ ချောင်းဟန့်သံအား ကြားလိုက်ရသည်နှင့် ဆရာဝန်ကြီးမှာ ရုတ်တရက်လျင်မြန်စွာထလိုက်သည်။ နပ်စ်မလေးအားလည်း ဆေးရုံဆီသို့ ရောက်ရှိလာခဲ့သည့် ဝကြီးအား ခွဲစိတ်ခန်းအတွင်းသို့ ပို့ဆောင်ရန်ပြောဆိုလျက် မိမိသည်လည်း ဇနီးသည်၏အနားသို့ လျင်မြန်စွာဖြင့် အရောက်လှမ်းချေသည်။

''ဖြူ … ဖြူ သက်သာရဲ့လား''
ဇနီးသည်ဟာ စကားပြောဆိုနိုင်ခြင်းမရှိ၊ ဦးခေါင်းလေးသာ အသာငြိမ့်ပြသည်။ ပြောဆိုလာခဲ့သည့်စကားများဟာလည်း ကြောက်စရာကောင်းလှသော လေသံကြီးမျိုးပင်ဖြစ်ချေသည်။ ထို့ကြောင့် အသံအိုးပျက်စီးသွားခဲ့ရပြီး စကားမပြောနိုင်တော့ချေ။ ဇနီးသည်အား စိတ်ရှိတိုင်းသာလျင် နည်းနည်းအမျိုးမျိုး အစားထိုးကုသပေးနေခြင်းကြောင့် ထိုသို့အခြေနေများ ပိုမိုဆိုးလာရသည်ဟု ဆိုနိုင်ပေသည်။ သို့သော် ဆရာဝန်ကြီးမှာ မိမိ၏ကုသပေးမှုကြောင့် ဇနီးသည်တစ်ယောက် ယခုကဲ့သို့ သက်သာလာရခြင်းသာဖြစ်လိမ့်မည်ဟု စိတ္တဇအတွေးဖြင့် ကျေနပ်နေခဲ့လေသည်။
         ....………

အဘယ်ကြောင့်နည်း။ ဝကြီးတစ်ယောက် အခန်းအတွင်း၌ စဉ်းစား၍မရ မိမိဟာ ဦးခေါင်းထိခိုက်မိသွားရုံမှ လွဲ၍ ကြီးကြီးမားမားအနေနှင့် မည်သည့်ဒဏ်ရာတစ်ခုမှ မရရှိပဲ အဘယ်ကြောင့် သွေးစစ်ရသနည်း။ အဘယ်ကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးအား ဓာတ်မှန်များရိုက်ရသနည်း။ ကုတင်းပေါ်တွင် ငုတ်တုတ်ထိုင်လျက် ငေးငိုင်စွာဖြင့် သူတစ်ယောက်စဉ်းစားနေခဲ့မိသည်။

''ဒေါက် … ဒေါက်''

ဆတ်ခနဲတုန်ခါသွားမိ၏။ ထိုသို့တွေးတောနေချိန်၌ အခန်းတံခါးအား တစ်စုံတစ်ယောက်မှ လာရောက်ခေါက်သံအား ရုတ်တရက်ကြားလိုက်ရသည်။ ထို့ကြောင့် ကုတင်းအပေါ်မှ ဆင်းလျက် အခန်းတံခါးဆီသို့ဖြေးညင်းစွာ လျောက်လှမ်းသွားရင်း တံခါးအားဖွင့်လိုက်သည်။

''သြော် … ဆရာမ ကားထဲက ကျွန်တော့သူငယ်ချင်းတွေ ရောက်လာကြပြီလား''
''ဟုတ်ကဲ့မရောက်သေးဘူးရှင့်… နောက်နာရီဝက်လောက်နေရင် ရှင်ခွဲစိတ်ခန်းဝင်ရမယ်''
''ဗျာ … ကျွန်တော်က ခွဲစိတ်ခန်းဝင်ရမယ် ဟုတ်လားဆရာမ''
''ဟုတ်ကဲ့''
''ဘာဖြစ်လို့ခွဲစိတ်ခန်းဝင်ရမှာလဲဗျ … ကျွန်တော်ခေါင်းပေါက်သွားရုံကလွဲလို့ တစ်ခြားဘာမှမဖြစ်ပါဘူး''
''ဟုတ်ကဲ့ရှင့် … ဆရာဝန်ကြီးညွှန်ကြားချက်အရ ရှင်ခွဲစိတ်ဖို့လိုပါတယ် ဒါကြောင့် ကျွန်မအသိလာပေးတာပါ''
''ဘာကြောင့်ပါလိမ့်''
''ဒါတော့ တိတိကျကျ ကျွန်မလဲမသိပါဘူး ဆရာဝန်ကြီးနဲ့တွေ့မှ မေးလိုက်ပါ''
''ဗျာ … သြော် … ဟုတ် … ဟုတ်ကဲ့''

ဝကြီးအားခွဲစိတ်ရန်အတွက် လိုအပ်သည်ဟုပြောဆိုကာ နပ်စ်မလေးမှာ လှည့်ထွက်သွားခဲ့သည်။ မျက်မှောင်အားတင်းကြပ်စွာ ကြုတ်လျက် ဝကြီး၏စိတ်ထဲ၌ တွေးဝေမှုများစွာ ရောက်ရှိလာခဲ့လေသည်။ မိမိအားသွေးစစ်ခြင်း၊ တစ်ကိုယ်လုံအား ဓာတ်မှန်ရိုက်ခြင်းတို့သာမက ယခုအခါ ခွဲစိတ်ခန်းအတွင်းသို့ ဝင်လျက် မိမိအား ခွဲစိတ်မည်ဟု သိရှိလိုက်ရသည်။ အဘယ်ကြောင့်နည်း။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိ၊ ကြီးကြီးမားမားဒဏ်ရာရရှိထားခြင်းလဲမရှိခဲ့ အဘယ့်ကြောင့် မိမိဟာခွဲစိတ်ရန်အတွက် လိုအပ်နေသနည်း။

ထိုဆေးရုံအပေါ်၌ သူတစ်ယောက် အနည်းငယ်မျှ သံသယဖြစ်လာမိသည်။ ထို့ကြောင့် အခန်းတံခါးလေးအား ဖြေးညင်းစွာ ဟဖွင့်လျက် အခန်းပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သည်။ ရှင်းလမ်းနေသည့် လျောက်လမ်းမကြီးကိုသာ တွေ့မြင်လိုက်ရပြီး အခန်းအတွင်းမှ အပြင်သို့ထွက်လာခါ ဘေးအခန်းများအား လိုက်လံအကဲခတ်ကြည့်နေခဲ့သည်။ သို့သော်အခန်းများဟာ ရှင်းလင်းနေခဲ့ပြီး လူနာများရှိနေသည်အား မတွေ့ရချေ။

ဝရမ်တာမှ တိုက်ခတ်လာခဲ့သော ဆောင်းလေးများဟာလည်း ဝကြီး၏တစ်ကိုယ်လုံး၌ ကြက်သီးများထနေလောက်အောင် ချမ်းအေးစေခဲ့သည်။ သို့သော် သာမာန်မဟုတ်သော ဆေးရုံကြီး၏အပြုမူများကြောင့် သူတစ်ယောက်စူးစမ်းချင်စိတ်သာ ပြင်းထန်လျက် အပေါ်ဆုံးလွှာ လှေကားအတိုင်း အပေါ်သို့ဖြည်းညင်းစွာ တတ်ရောက်သွားခဲ့လေသည်။ ပတ်ဝန်ကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်က ဝကြီးအဖို့စိတ်ခြောက်ခြားမှုများစွာ ဖြစ်ပေါ်စေလေခဲ့သည်။
''ရှပ် … ရှပ် … တောက်တောက်''
ဒေါက်ဖိနပ်သံလေးလား နားအတွင်း၌ ထိုသို့ကြားလိုက်ရသည်ကြောင့် အပေါ်ဆုံးလွှာညာဘက်ခြမ်းသို့ ဦးတည်နေခဲ့သော ဝကြီး၏ခြေလှမ်းများရပ်တန့်သွားခါ အသံကြားရာ လှေကားဆီသို့ အကြည့်တစ်စုံလျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ သို့သော် မည်သူမှမဟုတ်၊ လှေကားအရင်းသို့ လျောက်လှမ်းသွားရင်း သေချာစေရန် အောက်ဘက်ဆီသို့ငုတ်ကြည့်လိုက်သည်။ သို့သော် မည်သူမှ လှေကားဆီသို့ တတ်ရောက်လာခဲ့ခြင်းမရှိချေ။ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်၏။ လှေကားအရင်း၌ ခေတ္တရပ်တန့်နေခဲ့ပြီ်း အပေါ်ဆုံးလွာညာဘက်ခြမ်းသို့ ပြန်လည်ဦးတည်ရန် ခြေလှမ်းစတင်လှမ်းလိုက်ချေသည်။
''နပ်စ် … ဟေ့နပ်စ်''

ဆေးရုံဝန်းအတွင်း၌ မိမိအား ဆေးရုံအတွင်းသို့ မဝင်ရောက်ရန် တားစီးခဲ့သော နပ်စ်မလေးအား အပေါ်ဆုံးလွှာညာဘက်ကွေ့အချိုးသို့ ရုတ်တရက် ပြေးဝင်သွားခဲ့သည်အား ဝကြီးတစ်ယောက်ရိပ်ခနဲ မြင်တွေ့လိုက်ရသည်။ အဘယ်ကြောင့် နပ်စ်မလေးမှာ ပြာပြာသလဲပြေးဝင်သွားရသနည်းဟု သိချင်စိတ်ဖြင့် ဝကြီးတစ်ယောက်မှာတော့ နပ်စ်မလေး၏အနောက်သို့ လျင်မြန်စွာအမှီလိုက်ရန် ရွယ်လိုက်၏။

''ဟင် … ဘယ်ပျောက်သွားပါလိမ့်''
နပ်စ်မလေးပြေးဝင်သွားရာ ကွေ့အချိုးသို့အရောက် ရှင်းလင်းနေသည့် လျောက်လမ်းကြီးကိုသာ မြင်တွေ့လိုက်ရပြီး နပ်စ်မလေး၏အရိပ်ယောင်ကိုပင် မတွေ့ရတော့ချေ။ အရေးပေါ်လူနာတစ်စုံတစ်ယောက်၏ အခြေနေမျိုးအားလည်း ထိုအလွှာအထပ်တွင် မတွေ့ရှိရပဲ နပ်စ်မလေးမှာ အဘယ်ကြောင့်ရေးကြီးသုတ်ပြာ ဖြစ်နေခဲ့ပြီး မိမိ၏ခေါ်သံကိုပင် ဂရုမစိုက်ရသနည်း။ ပို၍သေချာအောင်ပင် ရှင်းလင်းနေသည့် အပေါ်ဆုံးလွှာအထပ် လျောက်လမ်းမ၏အရှေ့သို့ ဆက်လျောက်သွားလိုက်ရင်း

''ဟင် … ဒါထွက်ပေါက်ပဲ ဒီလှေကားအတိုင်း ဆင်းသွားရင် ဆေးရုံဝဏ်းထဲရောက်နိုင်မယ် … မဟုတ်မှလွဲရော နပ်စ်မလေး ဒီထွက်ပေါက်ကနေ ထွက်သွားတာဖြစ်မယ်''

လျောက်လှမ်းအဆုံး၌ လှေကားတစ်ခုအား မြင်တွေ့လိုက်ရပြီး အပေါ်ထပ်ဝရမ်တာ သံစကာများ ကာရံထားသည့် အပေါက်မှ ဝကြီးတစ်ယောက် အောက်သို့အကဲခတ်ကြည့်မိရင်း ထိုလှေကားမှ မကွေ့မကောက်ပဲ တည့်တည့်ဆင်းသွားခဲ့လျင် ဆေးရုံဝဏ်းအတွင်းသို့ ရောက်ရှိနိုင်မှန်း ကောင်းစွာသိရှိလိုက်ရသည်။ သို့သော် သာမာန်အားဖြင့် အမှတ်တမဲ့ကြည့်ရှု့မိလျင် ထိုနေရာ၌ ထွက်ပေါက်လှေကား ရှိနေသည်ဟု မသိနိုင်ချေ။ ပို၍သေချာအောင်ပင် လှေကားအတိုင်း ဆင်းကြည့်မည်လုပ်စဉ်

''ဟင်း ဟင်း ဟင်း ဟင်း အင်းဟင်းအင်းဟင်း''
''ဟင် !… ''
ကြက်သီးများထလောက်အောင်ပင် ညည်းညူသံတစ်ချို့အား လှေကားဒေါင့်အခန်းမှ ရုတ်တရက် ကြားလိုက်ရသည်။ အောက်သို့ဆင်းရန် ရွယ်လိုက်သော ဝကြီး၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ရင်း ထိုအခန်းဆီသို့ ဦးတည်လိုက်လေသည်။ ဖြေညင်းသောခြေလှမ်းများနှင့် လေးငါးလှမ်းမျှ လျောက်လှမ်းသွားရင်း ထိုအခန်းအရှေ့သို့ ရောက်ရှိသွားသည်နှင့် အခန်းတံခါးအား အသာခေါက်လျက်

''ဘယ်သူရှိနေလဲ ဘယ်သူရှိနေလဲ''
''ကယ်ပါ … ကယ်ပါ''
''ဟင် … ဘယ်သူလဲ''

ကယ်ပါဟူသော အကူညီတောင်းသည့်စကားသံအား ဝကြီးတစ်ယောက်ကြားလိုက်ရပြီး အခန်းတံခါးအား လျင်မြန်စွာဖွင့်လိုက်ချေသည်။ အခန်းအတွင်း၌ အဖြူရောင်မီးချောင်းများ ထွန်းလင်းထားခဲ့ပြီး အသံကြားရာဆီသို့ ဝကြီး၏အကြည့်များ လျင်မြန်စွာရှာဖွေနေလေခဲ့သည်။ သို့သော် အသံသာလျင်ကြားနေခဲ့ရပြီး မည်မည့်အရိပ်ယောင်တစ်ခုမှ မတွေ့ရချေ။

''ဘယ်သူလဲ … ခင်ဗျားဘယ်မှာလဲ''
''ကယ်ပါ … ကယ်ပါ''
''ဘယ်မှာလဲ ခင်ဗျားဘယ်မှာလဲ''

ဝကြီး၏အသံများဟာ ထိုအခန်းအတွင်း၌ ပဲ့တင်ထပ်နေခဲ့၏။ ကယ်ပါဟူသော ယောကျာ်းအသံကိုကြားနေခဲ့ရပြီး လူရိပ်လူယောင်တစ်ခုမှ မတွေ့ရသေးချေ။ သို့နှင့် အပြာနုရောက် လိုက်ကာ ကာရံထားသည့်နေရာဆီသို့ ဝကြီးတစ်ယောက် ဖြေညင်းစွာလျောက်လှမ်းသွားရင်း လိုက်ကာအား အသာဖယ်လျက် ကြည့်ရှု့လိုက်လေသည်။

''ဟင် … ခင် … ခင်ဗျားကိုဒီမှာတစ်ယောက်တည်း ထားတာလား''

တစ်ပေခန့်မျှအမြင့်ရှိသော ကုတင်းအပုလေးအပေါ်၌ ယောကျာ်းကြီးတစ်ယောက်အား ဥပေက္ခာပြုထားသကဲ့သ်ို့ သီးသန့်တွေ့ရှိလိုက်ရလေသည်။ ဝကြီးသည်လည်း ထိုလူနာအား မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ပစ်ထားကြသနည်း မသိ ထိုသူအနားသို့ အပြေးသွားလိုက်သည်။ ထိုသူဟာ အသံပျော့ပျော့လေးသာ ပြောထွက်နိုင်ခဲ့ပြီး ကယ်ပါဟူသော စကားမှလွဲ၍ သူတစ်ယောက် မည်သည့်စကားမှ ပြောမထွက်ချေ။

''အစ်ကိုကြီး … ခင်ဗျားဘာဖြစ်နေတာလဲ ခင်ဗျားမိသားစုရော ခင်ဗျားကိုဘာလို့အခုလို သီးသန့်ထားရတာလဲ ဟေ့လူ … ကျုပ်မေးတာဖြေပါဦး''
''အား !… ကယ်ပါ ကယ်ပါ''
''ဟာဗျာ … ဟေ့လူ ကျုပ်မေးတာကိုဖြေပေးဦး ခင်ဗျားဒုက္ခရောက်နေတယ်ဆိုရင် ကျွန်တော်ကယ်ပေးမှာပါ ဘာဖြစ်နေတာလဲ''

စိုးရိမ်ကြီးစွာမေးမြန်းနေသော ဝကြီး၏စကားများအား ထိုသူမှာပြန်လည် အဖြေမပေးနိုင်။ အသက်မျော့မျော့ကလေးဖြင့် တံခါးပေါက်တစ်ခုဆီသို့ လမ်းညိုးညွှန်ပြပေးလေသည်။ ဝကြီးသည်လည်း ထိုသူ၏လက်ညိုးညွှန်ရာဆီသို့ ကြည့်မိလိုက်ရင်း ထိုတံခါးဆီသို့ လျင်မြန်စွာလျောက်လှမ်းသွားချေခဲ့သည်။

ထို့နောက် တံခါးအား လျင်မြန်စွာတွန်းဖွင့်လိုက်သည်နှင့် အေးစိမ့်လှသည့် အငွေ့သတ်များဟာ ဝကြီးဆီသို့သတ်ရောက်စေခဲ့သည်။ သေချာသည်မှာ ထိုအခန်းဟာ လူသေအလောင်းများထားသည့် အအေးခန်းတစ်ခုပင်ဖြစ်ချေသည်။ လျိုဝှက်အခန်းတစ်ခုဟုလည်း သတ်မှတ်နိုင်သော အခန်းတစ်ခုဖြစ်နေခဲ့သည်။
''ဟာ … ''

ပြူးကြောင်ကြောင်မျက်လုံးများနှင့် ဝကြီးတစ်ယောက် အရှေ့စူးစူးမှ ဆိုးရွားစွာမြင်တွေ့လိုက်ရသည့် မြင်ကွင်းများကြောင့် မလှုပ်မယှက်ကြောင်တောင်တောင် ကြည့်နေခဲ့၏။ ထိုအအေးခန်းထဲ၌ လူသေအလောင်းများမှာ သာမာန်လူသေအလောင်းများနှင့်မတူ။ စနစ်တကျထားခြင်းလဲမရှိ။ ထိုအခန်းအတွင်း၌ ထိုအလောင်းများ ရောက်ရှိနေလျင် ပြီးပြီးဟူသော အတွေးများနှင့် ထားရှိထားသာခြင်းဖြစ်သည်။ ကြောင်တောင်တောင်ဖြစ်နေရင်း ဝကြီး၏ခြေလှမ်းများမှာ အရှေ့ဆီသို့ တစ်လှမ်းချင်လှမ်းနေမိခဲ့၏။ ထို့နောက် မြင်တွေ့နေရသည့် အလောင်းများအားလည်း သေချာစွာစူးစမ်းနေမိခဲ့သည်။

တစ်ချို့သော အလောင်းများမူ ရင်ခွဲထားပြီး အတွင်းကလိစာမရှိ။ ဦးခေါင်းအား ပြင်းထန်လှသော အရာတစ်ခုနှင့်ရိုက်ခံထားရပြီး သေဆုံးသွားခဲ့ရသည်ဟု သတ်မှတ်နိုင်သော အလောင်းများ၊ ရောဂါနှင့်သေဆုံးရခြင်းမဟုတ် တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းခံလိုက်ရပြီး ပြူးကြောင်ကြောင်မျက်လုံးများနှင့် သေဆုံးနေခဲ့သော အလောင်းများ၊ ထိုသို့သော ပုံစံမျိုးနှင့်သေဆုံးနေခဲ့သော အလောင်းများအား မီးရှို့သင်္ဂျိုးခြင်းမရှိပဲ အချိန်ကြာမြင့်စွာ ထိုအခန်းထဲ၌သာ ထားရှိခဲ့ဟန်တူသည်။ အလောင်းများမှာ ရေခဲငွေ့များဖုံးလွမ်းနေခဲ့ပြီး ရေခဲစလေးများဟာ အလောင်းများပေါ်သို့ ခဲလျက်ကျရောက်နေခဲ့လေသည်။

''ဟင် … ဒါ … ဒါတွေက … ''
ထိုအခန်းအတွင်းသို့ ရောက်ရှိနေသော ဝကြီးတစ်ယောက် မိမိတစ်ကိုယ်လုံး အေးခဲမတတ်ဖြစ်လုနီးပါးမှသာ ကြောင်တောင်တောင်ဖြစ်နေရာမှ အသိပြန်လည် ဝင်ရောက်လာခဲ့သည်။ ထိုနောက် အခန်းအတွင်းမှလျင်မြန်စွာ ထွက်လျက် ထိုအခန်းအား ညွှန်ပြပေးခဲ့သော လူကြီးဆီသို့ ပြေးထွက်လာခဲ့လေသည်။

''အစ်ကိုကြီး … အစ်ကိုကြီး ဘာတွေလဲ အခန်းထဲကအလောင်ကရော ဘာတွေလဲ''
''မင်းက ဒီဆေးရုံက ဝန်ထမ်းပဲလား''
''ဟင် … ခင်ဗျားစကားပြောနိုင်တယ်ဟုတ်လား''

မျက်လုံးပြူး မျက်ဆံပြာဖြင့် မည်သည်အရာတစ်ခုမှ နားမလည်နိုင်တော့ပဲ အံ့သြကြီးစွာမေးမြန်းလိုက်သော ဝကြီး၏စကားမျာအား ထိုသူမှာ တိုးတိတ်လှသောလေသံဖြင့် ပြန်လည်ပြောကြားလေခဲ့သည်။ ထိုသူစကားပြောဆိုနိုင်သည်အား ဝကြီးတစ်ယောက်မှာ သိရှိသွားခဲ့ရင်း အကြောင်းစုံမေးမြန်းရန် ရည်ရွယ်လိုက်ပြီး

''မဟုတ်ပါဘူး ကျွန်တော်ကဒီဆေးရုံကို ရောက်လာတဲ့ လူနာအသစ်ပါ''
''ဟင် … ဒါ … ဒါဆို မင်း … မင်းပြေးတော့''
''ဗျာ … ကျွန်တော်ပြေးရမယ်ဟုတ်လား … ဘယ်ကိုပြေးရမှာလဲ ခင်ဗျားဘာတွေပြောနေတာလဲ''
''ဒီဆေးရုံက လူသတ်တဲ့ဆေးရုံ … လွန်ခဲ့တဲ့နှစ်ရက်က ခရီးသွားရင်း ငါဗိုက်အောင့်လို့ ဒီဆေးရုံကိုတွေ့ပြီး လာပြခဲ့တာ ဒီရောက်တော့ ငါ့ကိုခွဲစိတ်တယ် … ပြီးတော့''
''ပြီးတော့ ဘာဖြစ်လဲအစ်ကိုကြီး''
''ပြီးတော့ … ပြီးတော့''

ထိုသူဟာ စကားများများမပြောဆိုနိုင် တစ်ဝက်တစ်ပျက်သော စကားများပြောဆို၍ သူ၏ဦးခေါင်း၌ ပိတ်စအပြာစီးထားသည့်ဆီသို့ အချက်ပြလေခဲ့သည်။ ထိုသူ၏မျက်လုံးများအား စိုက်ကြည့်နေခဲ့သော ဝကြီးသည်လည်း ဦးခေါင်းမှ ပိတ်စအပြာရောင်စီးထားသည်ဆီသို့ အကြည့်များလျင်မြန်စွာ ရောက်ရှိသွားခဲ့ရင်း ထိုပိတ်စလေးအား အသာအယာ ဖယ်ကြည့်လိုက်လေသည်။
''အမလေး !… ''
ပိတ်စလေးအား ဖယ်ကြည့်လိုက်ရုံနှင့် ဝကြီးမှာထိတ်လန့်သွားခဲ့ပြီး အနောက်သို့ ဖင်ထိုင်ရက် လဲကျသွားစေခဲ့သည်။

                                    ****
''ဆရာ … လူနာကိုအသိပေးပြီးပါပြီ''
''ကောင်းပြီး ရော့ … ခွဲစိတ်ဝတ်စုံ အဆင်သင့်ပြင်ပေးထား … နောက်ဆယ့်ငါးမိနစ်နေရင် ခွဲစိတ်ခန်းဝင်မယ် … သူ့နှလုံးကို အသုံးပြုရမယ်''
''ဟုတ်ကဲ့ဆရာ … မမလေးရဲ့ အခြေကရော ''
''သွားတော့ ဒါတွေ နင်သိစရာမလိုဘူး … ဒုတိယအထပ်က လူနာကိုစောင့်ကြည့်ထား ငါအခုဆင်းလာခဲ့မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''

ဆရာဝန်ကြီး၏ မာန်မဲလိုက်သော စကားသံအား ကြားလိုက်ရသည့် နပ်စ်မလေးမှာ တုန်လှုပ်သွားလျက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ရင်း ဆရာဝန်ကြီး၏နားနေခန်းမှ လျင်မြန်စွာထွက်လာခဲ့လေသည်။ ထို့နောက် ဝကြီး၏အခြေအနေအား စောင့်ကြည့်ထားရန် မှာကြားလိုက်သည်ကြောင့် နပ်စ်မလေးမှာ ဆရာဝန်ကြီး၏ အပေါ်ဆုံးလွှာ နားနေခန်းအတွင်းမှ လူနာဝကြီးရှိနေသော ဒုတိယအလွှာ ဝကြီး၏အခန်းသို့ စတင်ဦးတည်ဆင်းရောက်လာချေတော့သည်။

အပေါ်ဆုံးထပ်မှဆင်းလာခါ ဒုတိယအထပ်လှေကားအရင်းသို့အရောက် ဂွေ့အချိုးလေးအား ကွေ့ချိုးလိုက်သည်နှင့် ရှင်းလင်းနေသော ဝရမ်တာလျောက်လမ်းကြီးအား မြင်တွေ့လိုက်ရပြီး ဝကြီး၏အခန်းတံခါးမှာ ပွင့်လစ်နေခဲ့သည်အား အဝေးမှလှမ်းမြင်လိုက်ရသည်။

သို့နှင့် နပ်စ်မလေးမှာ အခန်းဆီသို့ ခပ်သုတ်သုတ်လျောက်လှမ်းသွားခဲ့ပြီး ခန်းအတွင်းသို့ အကဲခတ်ကြည့်ရှု့လိုက်သည်နှင့် အခန်းအတွင်း၌ ဝကြီးတစ်ယောက်ရှိမနေတော့သည်အား မြင်တွေ့လိုက်ရလေသည်။ ထို့ကြောင့် နပ်မလေးမှာ ဆရာဝန်ကြီးအား အကြောင်းကြားရန် အပေါ်ဆုံးအထပ်သို့ လျင်မြန်စွာအပြေး ပြန်လည်တတ်ရောက်ခဲ့လေသည်။

''ဆရာ … ဆရာတံခါးဖွင့်ပါဦး ဒုတိယအထပ်က အခန်းထဲမှာ လူနာမရှိတော့ဘူးဆရာ''
''ဘာ … !''
အခန်းအပြင်မှ နပ်စ်မလေး၏စကားသံအား ကြားလိုက်ရသည်နှင့် မာန်ပါလှသော စကားအသံနှင့်အတူ ဆရာဝန်ကြီးမှာ အခန်းအတွင်း၌ အသင့်ရှိနေသော ပုဆိန်အားဆွဲကိုင်လျက် အခန်းအပြင်သို့ထွက်လာခဲ့ချေသည်။
''တောက် !… ဒီကောင်လွတ်သွားလို့မဖြစ်ဘူး … လာလာ … မြန်မြန်ရှာမှဖြစ်မယ် အောက်ကိုဆင်းသွားတာတော့ မဟုတ်လောက်ဘူး''

ဆေးရုံဝဏ်းအတွင်းသို့ ထွက်ရန် ထွက်ပေါက်ဟာ မြေညီထပ်တစ်ခုတည်းသာ ဖွင့်လစ်ထားခဲ့ပြီး အခန်းတွင်း၌ရှိမနေတော့သော လူနာဟာ မြေညီထပ်ထွက်ပေါက်မှ အပြင်သို့ထွက်ရောက်သွားခဲ့မည်မဟုတ်၊ မြေညီထပ်သို့ ထိုလူနာရောက်ရှိလာလျင် မိမိထံသို့ အပေါက်စောင့်များ အကြောင်းကြားမည်မှာမလွဲချေ။ ထို့ကြောင့် ဝကြီးတစ်ယောက် ဆေးရုံအား လိုက်လံအကဲခတ်နေပြီဟု ဆရာဝန်ကြီးတစ်ယောက်မှာတော့ ကောင်းစွာရိပ်စားမိခဲ့ချေသည်။

ထို့ကြောင့် လက်အတွင်းမှ ဝင်းလက်နေသော ပုဆိန်အားဆွဲကိုင်လျက် ဒုတိယအထပ်ဆီသို့ ခပ်သွက်သွက်ဆင်းသွားလေခဲ့သည်။ ထို့နောက် ဝကြီး၏အခန်းအား ရောက်ရှိစေခဲ့ပြီး အကဲခတ်ကြည့်ရှု့ခဲ့ပြီး အပေါ်ဆုံးအလွှာဆီသို့ ပြန်လည်တတ်ရောက်လေခဲ့သည်။ မိမိဟာ လေးလွှာလှေကား ဘယ်ဘက်ခြမ်း၌ ရှိနေခဲ့ပြီး ဘယ်ဘက်ခြမ်းဆီသို့ တစ်စုံတစ်ခုသော လူရိပ်လူယောင်မျှ အကဲမခတ်မိသည်ကြောင့် လှေကားညာဘက်ခြမ်းဆီသို့ ဦးတည်လေတော့သည်။

''ဘယ် … ဘယ်လိုဖြစ်တာလဲ ခင် … ခင်ဗျားခေါင်း … ခေါင်း''
''ဟုတ်တယ် … ငါအချိန်ကြာကြာမနေရတော့ဘူး ငါ့ခေါင်းကို စိတ်ကြိုက်ခွဲစိတ်ပြီး အခုလိုဦးခေါင်းခွံပျက်စီးသွားခဲ့ရတဲ့ အထိ လူသတ်ဆရာဝန်တွေ လုပ်ပစ်ခဲ့တာ''
''ဟင် … ဒါ … ဒါဆိုဒီ … ဒီဆေးရုံက''
''ဟုတ်တယ် … စိတ္တဇအရူးဆရာဝန်တွေ လူသတ်နေတဲ့ နေရာတစ်ခုပဲ''
''ဗျာ !… ''

ထိုလူဟန်ပြခဲ့သော ဦးခေါင်းတွင်စည်းထားသည့် ပိတ်အပြာရောင်လေးအား ဖယ်ကြည့်လိုက်သည်နှင့် ဝကြီးတစ်ယောက် မြင်တွေ့လိုက်ရသည်က ဦးခေါင်းခွံမရှိ လှုပ်ရှားနေခဲ့သော ဦးနှောက်များအား အထင်သားမြင်တွေ့လိုက်ရလေသည်။ လွန်စွာတုတ်လှုပ်သွားမိရင်း ဖင်ထိုင်ရက်လဲကျသွားခဲ့ပြီး ထိုသူအား ထစ်ထစ်ငေါ့ငေါ့ဖြင့် အမေးများစွာမေးလေတော့သည်။

ထိုသူဟာလည်း ဆေးရုံရှိဆရာဝန်များဟာ ရူးသွပ်စိတ်ဖောက်ပြန်နေကြပြီး မိမိအားစိတ်ကြိုက်ခွဲစိတ်လျက် ဦးခေါင်းခွံအား လှမ်ပစ်ခဲ့သည်ဟု ပြောဆိုခဲ့လေသည်။ ထို့အချိန်၌ 'ဝုန်း''ဟူသော ကျယ်လောင်သံနှင့်အတူ အခန်းတံခါးအား တွန်းကန်လျက် ပုဆိန်အားကိုင်ဆောင်ထားသော ဆရာဝန်ကြီးနှင့် နပ်စ်မလေးတို့မှာ ထိုအခန်းဆီသို့ ဝင်ရောက်လာခဲ့လေတော့သည်။

''သြော် !… ဒင်းက ဒီကိုရောက်နေတာပဲ ဟင် !… ဒီလူမသေသေးဘူးလား … တောက် !… ဒီလူနဲ့စကားတွေပြောနေတယ်ဆိုတော့ ဆေးရုံအကြောင်း တော်တော်လေးသိသွားပြီးပေါ့ … ကဲ့ကွာ''
''အား … အာ … အ''

တည်ငြိမ်လှသည်။ သွေးအေးစွာဖြင့် ဝကြီးအနားသို့ ဖြေးညင်းစွာကပ်လာရင်း ဦးခေါင်းခွံမရှိသော သေလုနီးပါးလူနာ၏ ဦးခေါင်းအားဆုပ်ကိုင်လျက် ဦးနှောက်အတွင်းဆီသို့ နှိုက်ထုတ်လိုက်လေသည်။ သွေးများရောနှောနေသော ဦးနှောင်အား နှိုက်ထုတ်လျက် ထိုသူအား ဆရာဝန်ကြီးမှာ သွေးအေးစွာနှင့် အသေသတ်ပစ်လိုက်လေသည်။

''ခင် … ခင်ဗျား … တော်တော်ရက်စက်ပါလား''
ထိုသို့ဆိုလျက် ဝကြီးတစ်ယောက်မှာတော့ အနောက်သို့တစ်ဖြည်းဖြည်း ဆုတ်ကပ်သွားခဲ့လေပြီး။ အပြုံး။ အပြုံးဆိုစေကာမူ ဆရာဝန်ကြီး၏အပြုံးမှာ အလွန်ပင်ကြောက်စရာကောင်းလှသည်။ ဝင်းလက်နေသော ပုဆိန်အားကိုင်မြောက်လျက် ဝကြီး၏ ဦးခေါင်းဆီသို့ ဦးတည်ခုတ်ချလိုက်လေသည်။ ကြောက်ြောက်လန့်လန့်နှင့် ဝကြီးဟာလည်း လျင်မြန်စွာရှောင်တိမ်းလိုက်ရင်း အခန်းအဝသို့ ရောက်ရှိစေခဲ့သည်။

ချမ်းအေးလှသော ဆောင်းညလေး၌ ဝကြီးမှာ မိမိ၏အသက်အား လုယူနေခဲ့ရသည်ကြောင့် ဇောချွေးများစွာထွက်နေရင်း အခန်းအပြင်သို့ အပြေးထွက်လေသည်။
''အား !… ''

အခန်းအပြင်အဝ၌ အသင့်ရှိနေခဲ့သော နပ်စ်မလေးမှာလည်း ဝကြီးပြေးထွက်လာခဲ့သည်ကြောင့် ပြေးလမ်းအား ခြေထိုးခံလိုက်ချေသည်။ ခြေထိုးခံလိုက်သော နပ်စ်မလေး၏ခြေထောက်နှင့် ထိခိုက်မိလိုက်သည်ကြောင့် အရှိန်ပြင်းစွာနှင့် ဝကြီးတစ်ယောက်မှာတော့ ဝရမ်တာဘေး လဲကျသွားခဲ့ချေသည်။

ပြန်လည်ပြေးရန် အရှိန်ယူလိုက်သော်လည်း ဝကြီးမှာတော့ မထနိုင်ခဲ့ချေ။ အရှိန်လွန်သွားသည့် ပုဆိန်အား ရုတ်သိမ်းလျက် ကြောက်စရာကောင်းလှသော အပြုံးဖြင့် ဆရာဝန်ကြီးမှာလဲ ဝရမ်တာဆီသို့ ဖြေးညင်းစွာ လျောက်လှမ်းလာခဲ့လေသည်။ ထို့နောက်မိမိ၏ အကျီအိတ်အတွင်းမှ လက်ကိုင်ဖုန်းမြည်လာသည်ကြောင့် ဆရာဝန်ကြီးမှာ ထုတ်ယူလိုက်ရင်း

''အေး … ရဲမောင် !… ပြော!''
''ဟုတ်ကဲ့ ဒေါက်တာ … လူနာကောင်လေးပြောတဲ့  မှောက်သွားတဲ့ကားထဲက သူ့သူငယ်ချင်းလူနာတွေ အောက်မှာ ရောက်နေပါပြီ''
''ဟေး … အေးအေး !… ငါအခုဆင်းလာခဲ့မယ်''

''ဟင် !… ထီးလေး … ပန်းအိ''
အပေါ်ဆုံးအထပ် ဝရမ်တာမှ အရှိန်ပြင်းစွာ လဲကျသွားသော ဝကြီးတစ်ယောက် ပြန်လည်ထနိုင်ရန် အရှိန်ယူလိုက်သည့်အချိန်၌ ဆေးရုံဝဏ်းအတွင်းသို့ မိမိ၏သူငယ်ချင်းဖြစ်သူ ထီးကလေးနှင့်ပန်းအိအား ဆေးရုံကားအပေါ်မှ ဆင်းလာခဲ့သည်အား ဝကြီးတစ်ယောက် မသည်းမကွဲမြင်တွေ့လိုက်ရလေသည်။

လူနာတင်ယဉ်ပေါ်မှ ဆင်းလာခဲ့သော ထီးကလေးနှင့်ပန်းအိသည်လည်း ဆေးရုံကြီးအတွင်းသို့ မဝင်ရောက်ခင် ဆေးရုံအရှေ့၌ လိုက်လံအကဲခတ်နေသည်ကြောင့် အပေါ်ဆုံးထပ်ဝရမ်တာပေါ်မှ သူငယ်ချင်းဖြစ်သူဝကြီးအား မြင်တွေ့လိုက်ရလေသည်။ သို့သော် သာမာန်မျှသာထင်မြင်နေခဲ့ပြီး မိမိတို့၏သူငယ်ချင်းဖြစ်သူ သေဘေးနှင့်ကြုံတွေ့နေခဲ့ရသည်ဟု မထင်မှတ်ခဲ့ချေ။

''မ … မလုပ်ပါနဲ့ဗျာ … ကျုပ် … ကျုပ်ကိုမသတ်ပါနဲ့ ကျုပ် ကျူပ်မသေချင်သေးဘူး … ကျုပ် မသေချင်သေးလို့ပါဗျာ''
''ဟင် … မင်းမသေချင်သေးဘူးမဟုတ်လား  … ထ … လာ … မင်းကိုမသတ်ဘူး … ငါတို့အကြောင်းတွေကို မင်းနှုတ်လုံလုံနဲ့ ထိန်းသိမ်းပေးရမယ် … မင်းကို ငါတို့လူအဖြစ် သတ်မှတ်ပေးမယ် ဘယ်လိုလဲ''
''ခင် … ခင်ဗျားတကယ်ပြောတာလား''
''ဟုတ်တယ် !… မင်းအသတ်ကို ငါချမ်းသာပေးလိုက်မယ် နောက်ရောက်လာတဲ့ လူနာလေးတွေကိုတော့ ငါလိုအပ်သလို ငါအသုံးချမယ်''
''ဗျာ !… ''
''ဘာလဲ !… သဘောမတူဘူးလား''
''အား … မ … မလုပ်ပါနဲ့ဗျာ … တူ … တူပါတယ်''
''ကောင်းပြီ … လာ … အောက်မှာ မင်းသူငယ်ချင်းတွေရောက်လာကြပြီ … တို့ဆေးရုံက သာမာန်ဆေးရုံတွေထက် အဆပေါင်းများစွာကောင်းတယ်လို့ မင်းသူငယ်ချင်းတွေ သံသယကင်းအောင် မင်းပြောပေးရမယ် … ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းတို့အားလုံးမလွဲဘူးသာမှတ်''
''စိတ် … စိတ်ချပါဆရာ ကျွန်တော်ပြောပေးပါ့မယ် ကျွန်တော်မသေချင်သေးဘူးဆရာရယ် ကျွန်တော်အသက်ချမ်းသာပေးမယ်ဆိုရင် ဆရာခိုင်းတာတွေ ကျွန်တော်အားလုံးလုပ်ပေးပါ့မယ်''
''ကောင်းပြီ … မင်းပုံစံကိုပြင် … မင်းကိုငါတို့ဘာမှ မလုပ်တော့ဘူး မကြောက်နဲ့တော့ မင်းသူငယ်ချင်းတွေနဲ့ အောက်မှာသွားတွေ့မယ်''

''ဟုတ် … ဟုတ်ကဲ့ဆရာ''
ထပ်မံရောက်ရှိလာခဲ့သော ထီးကလေးနှင့်ပန်းအိတို့ဟာ အပေါ်ထပ်ဝရမ်တာမှ ဝကြီးအား မြင်တွေ့သွားခဲ့မည်မှာမလွဲချေ။ ထို့ကြောင့် ယခုအချိန်၌ ဝကြီးအား အသေသတ်၍မဖြစ်သေး ရုတ်တရက်ဝကြီးတစ်ယောက် ပျောက်ကွယ်သွားခဲ့ရင်း ထပ်မံရောက်ရှိလာမည့် လူနာများ သံသယဖြစ်သွားစေနိုင်သည်။

ထို့ကြောင့် ထိတ်လန့်နေခဲ့သော ဝကြီးအား ဆရာဝန်ကြီးမှာ ခြိမ်းခြောက်စည်းရုံးစေခဲ့ပြီး ဆေးရုံဆီသို့ ထပ်မံရောက်ရှိလာခဲ့သော သူငယ်ချင်းဖြစ်သူများထံသို့ ပုခုံးလေးအားဖတ်လျက် ဓာတ်လှေကားအတိုင်းအောက်သို့ အေးဆေးစွာ ဆင်းသက်လာခဲ့ချေသည်။
                     
                               ***   *****
စိတ္တဇဆရာဝန်ကြီးနှင့် ထပ်မံရောက်ရှိလာခဲ့သော လူငယ်နှစ်ဦး၏ ဆက်ဆံရေး

ကားကြီးအတွင်းမှ ထပ်မံခေါ်ဆောင်လာခဲ့သော လူနာတင်ယဉ်ပေါ်မှ မေ့မျောနေကြသည့် လူငယ်များဟာ မည်သူများဖြစ်ပြီး ကားကြီးအတွင်း၌ မည်သူများကျန်ရစ်နေခဲ့သနည်း။

ထိုဆေးရုံအကြောင်း သိရှိသွားခဲ့သော ဝကြီးနှင့် သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ကြုံတွေ့လာကြဦးမည်နည်း။

ဝိဥာဉ်မလေးလမ်းပြခဲ့သော ထွက်ပေါက်ဆီသို့ မည်သူများမြင်တွေ့ဦးမည်နည်း။

လူသားစား ထိုဆေးရုံအတွင်းမှ မည်သူများ အသက်ရှင်လျက် ပြန်လည်ထွက်ခွာသွားနိုင်မည်။

        … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၈)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

                       
                         **********

           ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                    (၁၂.၂.၂၀၁၆) မြန်မာစံတော်ချိန်
                        မွန်းလွဲ (၃)နာရီအချိန်၌
                ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                       စာရေးသူ-ထီးကလေး
                   (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၈)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

ထိတ်လန့်နေခဲ့သော ဝကြီးအား ဆရာဝန်ကြီးမှာ ခြိမ်းခြောက်စည်းရုံးစေခဲ့ပြီး ဆေးရုံဆီသို့ ထပ်မံရောက်ရှိလာခဲ့သော သူငယ်ချင်းဖြစ်သူများထံသို့ ပုခုံးလေးအားဖတ်လျက် ဓာတ်လှေကားအတိုင်းအောက်သို့ အေးဆေးစွာ ဆင်းသက်လာခဲ့ချေသည်။

ဆေးရုံဝဏ်းကြီးဟာ လွန်စွာကျယ်ဝန်းလှသည်။ ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူ ပန်းအိတို့သည်လည်း ဆေးရုံကား၏အနောက်မှ လိုက်ပါလာခဲ့ရင်း ဆေးဝန်းအတွင်းသ်ို့ရောက်ရှိလာသည်မှသာ ကားနောက်ခန်းမှ ဆင်းလာခဲ့ရသည်။ ကားအပေါ်မှ ဆင်းလိုက်သည်နှင့် ကျွန်ုပ်တို့၏အမြင်၌ ပတ်ဝန်းကျင်အစိမ်းသတ်သတ်ကိုသာ မြင်တွေ့နေသည်ကြောင့် မျက်စိတစ်ဆုံးလိုက်လံ အကဲခတ်နေမိခဲ့သည်။ ဆေးရုံ၏အပေါ်ဆုံးထပ် ဝရမ်တာမှ သူငယ်ချင်းဖြစ်သူ ဝကြီးတစ်ယောက်အားလည်း ကျွန်ုပ်နှင့်ပန်းအိတို့နှစ်ဦးသား မြင်တွေ့လိုက်ရသေးသည်။

ဆေးရုံကြီးဟာ လေးထပ်ရှိသည့် အထူးကုဆေးရုံကြီးတစ်ခုဖြစ်သည့်အလား နှစ်ဆယ့်လေးနာရီမျှ ဖွင့်လစ်နေပုံရသည်။ လွန်စွာနာကျင်နေခဲ့သော ကျွန်ုပ်၏ညာလက် လက်ကောက်ဝတ်မှ လက်ပတ်နာရီအား ကြည့်မိလိုက်သည်နှင့် အချိန်ဟာ ညနက်ချိန်သို့ကျော်လွန်နေခဲ့ပြီး ည(၁:၃၀)အချိန်ပင်သို့ ရောက်ရှိနေလေပြီဖြစ်သည်။

ဆရာဝန်ကြီးဦးဆောင် ဝင်ရောက်သွားသော အနောက်မှ ကျွန်ုပ်နှင့်ပန်းတို့သည်လည်း ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ရင်း ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့ချေသည်။
''ကဲ… ခဏထိုင်ကြဦး''
''ဟုတ်ကဲ့ဆရာ၊ ဆရာ …ကားကြီးထဲမှာရှိနေတဲ့ ကျွန်တော့သူငယ်ချင်းတွေအားလုံးကရော''
''အင်း !… ဒေါက်တာသန်းနိုင် ဦးဆောင်ပါလာတဲ့ ကားမှာခေါ်လာပေးလိမ့်မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''

''ထီးလေး … ''
''ဝကြီး … ''
စာရင်းမှတ် ကောင်ဒါစားပွဲနှင့် မလှမ်းမကမ်းနေရာဖြစ်ပြီး လိမ္မော်ရောင်ငါးခုံတွဲ ထိုင်ခုံတွင် ဆရာဝန်ကြီးတစ်ယောက် ကျွန်ုပ်တို့အား နေရာချပေးသည်ကြောင့် ခေတ္တထိုင်မည်အလုပ် မြေညီထပ်ကွေ့အချိုး ဓာတ်လှေကားအတွင်းမှ သူငယ်ချင်းဖြစ်သူဝကြီး၏ ခေါ်သံနှင့်အတူ သူ့အား နွေးထွေးစွာဖြင့် ပုခုံးလေးအားဖတ်ထားခဲ့သည့် ခန့်ခန့်ညားညားဆရာဝန်ကြီးတစ်ယောက်ပါ မြင်တွေ့လိုက်ရသည်။ ကျွန်ုပ်အား မြင်တွေ့လိုက်ရသည်နှင့် ဝကြီးမှာ အပြေးရောက်လာခါ အားကိုးရသွားသည့် ဟန်အမူယာနှင့် ကျွန်ုပ်အား သိုင်းဖတ်လိုက်လေသည်။ ဝကြီးနှင့်အတူ လိုက်ပါလာခဲ့သော ဆရာဝန်ကြီးမှာလည်း လူနာဖြစ်သော ဝကြီးအား အင်မတန်မှ ဂရုစိုက်ဟန်ပေါ်သည်။ သူ့အား မျက်လုံးတစ်ဆုံး ကြည့်ရှု့နေခဲ့၏။

''သူငယ်ချင်း… ဝကြီး … မင်းဘာမှ မဖြစ်ဘူးနော်''
''ငါ … ငါဘာမှမဖြစ်ပါဘူး ငါ့ကြောင့် အားလုံးဒုက္ခရောက်ရတာပါ … ငါ့ကြောင့်ပါကွာ''
''မဟုတ်တာပဲ … ဖြစ်တတ်ပါတယ်ကွာ ဘာပဲဖြစ်ဖြစ် မင်းဘာမှမဖြစ်ပဲ အခုလိုပြန်တွေ့နေရတာကိုးပဲ ငါကျေနပ်လှပါပြီ''
''ပန်းအိ … နင်ရော ဘာဖြစ်သွားသေးလဲ''
''ခြေထောက်တော်တော်လေး နာနေတယ်ဟ''
''အေးဟာ … ငါ့တောင်းပန်ပါတယ်''
''ရပါတယ်ဟာ … အခုဆေးရုံရောက်လာကြပြီပဲ ကောင်းသွာ့းမှာပါ''
''ဆရာတို့ရော … မင်းသူငယ်ချင်းတွေရော ထီးလေး''
''အင်း … ဆရာဝန်ကြီးပြောတယ် … နောက်ကားမှာ ပါလာကြလိမ့်မယ်တဲ့''
''ဟင် … မ … မဖြစ် !… ''

သူငယ်ချင်ဖြစ်သူ ထီးကလေးအား သိုင်းဖတ်ထားခဲ့ရင်း ထစ်ထစ်ငေါ့ဖြင့် ပြောဆိုနေခဲ့သော ဝကြီး၏ပြောစကားများပင်မဆုံး ဆရာဝန်ကြီးမှာ အနားသို့ရောက်ရှိလာခဲ့ရင်း လူနာဖြစ်သော ဝကြီးအား အပြုံးမျက်နှာလေးဖြင့် လက်တစ်ဖက်နှင့် သိုင်းဖတ်လိုက်၏။ ထို့နောက် လွတ်နေသော ကျန်လက်တစ်ဖတ်၌ ဓားမြောင်တစ်ချောင်းအား နောက်ကွယ်မှကိုင်တွယ်ထားခဲ့ပြီး ထိုလက်အားနောက်ပစ်ထားသကဲ့သို့ ဟန်မူလျက် ဝကြီး၏ညာဘက်ဝမ်းဗိုက်အား အသာထောက်ခါ မလိုအပ်သော အကြောင်းများ မပြောဆိုရန် ဟန့်တားခဲ့ချေသည်။

သူငယ်ချင်းဖြစ်သူ ထီးကလေးနှင့်ပန်းအိ နှစ်ဦးသားအမြင်မှာတော့ ဆရာဝန်ကြီးဟာ ရင့်ကျက်တည်ကြည်နေခဲ့ပြီး သွေးအေးစွာနှင့် လူနာအား ဂရုစိုက်တတ်လေသည်ဟု ထင်မှတ်နေခဲ့သည်။ ဝကြီးဟာလည်း မိမိအခက်ခဲတွေ့လျက် အကြပ်ကိုင်ခံထားရကြောင်းအား မျက်ရိပ်မျက်ကဲများနှင့် ပြောဆိုနေခဲ့သော်လည်း သူငယ်ချင်းများမှာ သတိမထားမိ။ ပုံမှန်အတိုင်းသာ ထင်မြင်ထားခဲ့ကြသည်။

''မောင်ထူးအောင် … မောင်ရင် အနားယူမှ ဖြစ်မယ်နော်''
''ဗျာ … ''
''မောင်ရင် အနားယူမှဖြစ်မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''

ဆေးရုံဆီသို့ မရောက်လာလျင် အလွန်ပင်ကောင်းလှမည်။ မိမိသည်လည်း ထိုဆေးရုံဟာ လူသတ်နေသော ဆေးရုံတစ်ခုဟု မထင်မှတ်ခဲ့သည်ကြောင့် သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော နေရာဆီသို့ လမ်းညွှန်ပေးခဲ့မိသည်။ ထို့ကြောင့် ယခုအခါ မိမိ၏ဆရာနှင့် သူငယ်ချင်းဖြစ်သူများသည်လည်း ထိုဆေးရုံသို့ ရောက်ရှိလာကြတော့မည်။ ထိုဆေးရုံဆီသို့ ရောက်ရှိလာကြသည်နှင့် စိတ္တဇဆရာဝန်များမှာ စိတ်ရှိတိုင်းသာလျင် ပြုလုပ်ကြတော့မည်မှာ သေချာလှသည်ဟု ဝကြီးတစ်ယောက်သိရှိလိုက်ရသည်။

လွန်စွာတုန်လှုပ်မိရင်း ထိုဆေးရုံဟာ လူသားစားသည့်ဆေးရုံ (ခေါ်) လူသတ်နေသော ဆေးရုံတစ်ခုသာဖြစ်သည်ဟု သူတစ်ယောက် သူငယ်ချင်းဖြစ်သူ ထီးကလေးအား အားကိုးတကြီးပြောလိုက်ချင်သေးသည်။ သို့သော် ဆရာဝန်ကြီးမှာ ဝကြီးအား ဓားဖြင့်အသာထောက်လျက် စကားများဆက်မပြောရန် အဓိပ္ပာယ်ရှိစွာနှင့် ဟန့်တားခဲ့လေသည်။

ယခုချိန်၌ သူတစ်ယောက်မသေချင်သေး။ သေရမည်အား လွန်စွာကြောက်နေခဲ့သော ဝကြီးတစ်ယောက်မှာလဲ ဓားဖြင့်အထောက်ခံလိုက်ရသည်ကြောင့် ပြောလက်စ စကားများကိုအပင် ဆက်၍မပြောတော့ချေ။

''ကဲ …ဆရာမ… ဒီနှစ်ယောက်အတွက် အခန်းတစ်ခုလုပ်ပေးထားပါ''
''ဆရာ … ကျွန်မခြေထောက် အရမ်းနာနေတယ်ဆရာ''
''အင်း … ဟုတ်ပြီ နပ်စ်မလေးနဲ့ အပေါ်ကိုလိုက်သွားလိုက် ပြီးရင် ဆရာလာကြည့်ပေးမယ် … မောင်ရင်ကရော''
''ရတယ်ဆရာ … ကျွန်တော်လက်မောင်းအဆစ်ပြုတ်သွားတယ် … ကျွန်တော့သူငယ်ချင်းကိုပဲ အရင်ကြည့်ပေးလိုက်ပါ''
''ကောင်းပြီကောင်းပြီ ဆရာမ သူတို့နှစ်ယောက်အတွက် ဒုတိယအထပ် ဘယ်ညာ လွတ်နေတဲ့ နှစ်ခန်းမှာ တစ်ယောက်တစ်ခန်းဆီ နေရာချပေးထားလိုက်ပါ''
''ဟုတ်ကဲ့ဒေါက်တာ … လာ ရှင်တို့နှစ်ယောက် ကျွန်မနဲ့လိုက်ခဲ့ပါ''

''ဟုတ်ကဲ့ … သြော် … ဝကြီးမင်းမှာ ဖုန်းပါလာသေးလား''
''မ … မပါလာဘူးထီးလေး … ကား…ကားထဲမှာ ကျန်နေခဲ့တယ်''
''မင်းကိုကြည့်ရတာ တစ်မျိုးပဲ ဘာဖြစ်နေတာလဲဝကြီး'
''ငါ … ငါ''
''မင်းတို့သူငယ်ချင်း မောင်ထူးအောင်က ခေါင်းနည်းနည်းထိသွားတယ် … ပြီးတော့ နည်းနည်းလည်းလန့်သွားပုံပေါ်တယ် ဒါကြောင့်ပါ''

''သြော် … ဟုတ်ကဲ့ဆရာ ကျွန်တော့သူငယ်ချင်းကို သေချာဂရုစိုက်ပေးပါနော်''
'စိတ်ချ … ဟုတ်ပြီလား''
''ဟုတ်ကဲ့ဆရာ  … ဒါဆို ကျွန်တော်တို့အပေါ်လိုက်သွားလိုက်ဦးမယ်''
''ထီးလေး !… ''

မူမမှန်သော စကားသံများနှင့် ထိတ်လန့်နေခဲ့သော ဝကြီး၏အမူယာများအား ထီးကလေးတစ်ယောက် အကဲခတ်မိလိုက်သည်။ သို့သော် ဆရာဝန်ကြီးမှာ သွားမသည့်အပြုံး။ ထိုအပြုံးဖြင့်သွေးအေးစွာပြုံးပြလျက် မိမိ၏ဦးခေါင်းအား လက်ဖြင့်ထိုးပြခါ ဝကြီးမှာရူးကြောင်ကြောင်အခြေနေထိ ရောက်ရှိသွားဟန် ပုံစံနှင့်ပြောဆိုခဲ့သည်။ ထို့နောက်မိမိ၏အရှေ့မှ နပ်စ်မလေးခေါ်ဆောင်ရာသို့ လိုက်ပါသွားရန် လှည့်ထွက်သွားသော သူငယ်ချင်းဖြစ်သူ ထီးကလေးအား ဝကြီှးမှာတော့ အရှေ့တစ်လှမ်းတိုး၍ စိုးရိမ်ကြီးလွန်းလှသော မျက်နှာထားလေးဖြင့် တမ်းတခေါ်မိလိုက်သည်။ သူ၏ခေါ်သံကြောင့် အရှေ့သို့ဦးတည်ရန် ရွယ်လျက်ရှိနေသော သူငယ်ချင်းဖြစ်သူ ထီးကလေးမှာလဲ ခြေလှမ်းများရပ်တန့်သွားခဲ့ပြီး

''ဟင် … ဘာဖြစ်လို့တုန်းဝကြီး''
''ဘာ … ဘာမှမဟုတ်တော့ပါဘူး မင်း…မင်းတို့ဂရုစိုက်နော်''
''အေးပါကွ မင်းလဲဂရုစိုက်''

အရှေ့သို့တစ်လှမ်း လှမ်းလိုက်သော ဝကြီးအား ဘေး၌ရှိနေသော ဆရာဝန်ကြီးမှာ သူ၏ပုခုံးအားဆွဲကိုင်လိုက်သည်ကြောင့် ညိုးငယ်လှစွာသော မျက်နှာထားလေးဖြင့် ရင်ထဲ၌ရှိနေသော စကားများအစား ဂရုစိုက်ပါဟူသော စကားများသာပြောဆိုဖြစ်ခဲ့သည်။ ထိုစဉ် ဆေးရုံးဝဏ်းအတွင်းသို့ ဒေါက်တာသန်းနိုင် လိုက်ပါလာခဲ့သော တိမ်းမှောက်နေသည့်ကားကြီးအထဲမှ လူနာများအား ခေါ်ဆောင်လာခဲ့သော ဆေးရုံကားတစ်စီးမှာလည်း ထပ်မံရောက်ရှိလာခဲ့လေသည်။

''ဒေါက်တာ … ''
''ဒေါက်တာသန်းနိုင် … အဆင်ပြေရဲ့လား''
''ဟုတ်ကဲ့ဒေါက်တာ မှောက်နေတဲ့ကားကြီးထဲမှာ လူရှစ်ယောက်ရှိနေပါတယ် အားလုံးကလည်း သတိလစ်နေကြတယ်… နေရာမလောက်လို့ ကားကြီှးမှာ လေးယောက်ကိုအစောင့်တွေနဲ့ ထားခဲ့ရတယ် … အခုလူနာလေးယောက်ပဲ ခေါ်လာခဲ့တယ်ဒေါက်တာ သူတို့အားလုံးလဲ သတိမရသေးကြဘူး''
''လမ်းလေး … မောင်ကဲ … စာမိ … တင်ဇာ … လုပ်ပါဦးဆရာ သူတို့မှာဒဏ်ရာတွေနဲ့ ကယ်ပါဦးဆရာ''
''ဘာမှမစိုးရိပ်ပါနဲ့ အခုဆေးရုံရောက်လာကြပြီပဲ … အခုချက်ချင်း ဒေါက်တာတို့အစွမ်းကုန် ကုသပေးသွားမှာပါ''
''ဒါဆို … ကားထဲမှာ ကျွန်တော့်သူငယ်ချင်းတွေ ကျန်နေသေးတာပေါ့ ဒေါက်တာ မြန်မြန်လုပ်ပါဦးဗျာ … ပြင်းပြင်းထန်ထန်ဒဏ်ရာတွေရပြီး တစ်စုံတစ်ခုဖြစ်သွားမှာ ကျွန်တော်စိုးရိမ်လို့ပါ''

''စိတ်ချ … စိတ်ချ အခုပဲဆရာတို့ ထပ်သွားခေါ်ပေးပါ့မယ်''
''ကျေးဇူးတင်ပါဆရာ … အခုသတိလစ်နေတဲ့ ကျွန်တော့သူငယ်ချင်းတွေကို ကြည့်ပေးကြပါဦး''
''စိတ်အေးအေးထားပါ … ဘာမှမစိုးရိမ်နဲ့ မောင်ရင်တို့နှစ်ယောက်က နပ်စ်မလေးနဲ့အပေါ်ကို လိုက်သွားကြ …ကဲဒေါက်တာရဲမောင် ခင်ဗျားက ပထမထပ်မှာ ဒီလူနာလေးယောက်ကို တစ်ခန်းတည်းမှာ နေရာချထားပေး … ဒေါက်တာသန်းနိုင်က ကျွန်တော်နဲ့ ကားကြီးဆီကိုပြန်သွားကြမယ်''
''ဟုတ်ကဲ့ဒေါက်တာ''
''ကဲလာ … ရှင်တို့နှစ်ယောက် ကျွန်မနဲ့လိုက်ခဲ့ကြ''

လမ်းကလေး ထိုသူဟာ ဦးခေါင်း၌သွေးထွက်ဒဏ်ရာ ရရှိထားခဲ့ပြီး လက်တစ်ချောင်းလုံး၌ ပွန်းရှဒဏ်များနှင့်အတူ လူနာတင်သံကုတင်ပေါ်၌ သတိလစ်မေ့မျောနေခဲ့၏။ စာမိ၊ မောင်ကဲ၊ တင်ဇာ ထိုသူတို့မှာလဲ သွေးထွက်ဒဏ်ရာတစ်ချို့ ရရှိထားခဲ့ပြီး လူနာတင်သံကုတင်ပေါ်၌ သတိလစ် မေ့မျောနေသေးသည်။ ထို့နောက် သံကုတင်များအား ဆေးရုံဝန်ထမ်းများမှ တွန်းယူသွားခဲ့ပြီ ဆရာဝန်ကြီးနေရာချထားပေးရန် ပြောဆိုသော အခန်း၌နေရာချပေးရန် ဘယ်ဘက်ဓာတ်လှေကား တည်ရှိရာဆီသို့ တွန်းယူသွားကြလေတော့သည်။ ထီးကလေးနှင့်ပန်းအိအားလည်း နပ်စ်မလေးခေါ်ဆောင်ရာအနောက်သို့ လိုက်ပါသွားရန် ညာဘက်ဓာတ်လှေကားဆီသို့ ဦးတည်သွားခဲ့ကြသည်။ မေ့မျောနေသော သူငယ်ချင်းများအား ထီးကလေးမှာစိတ်မချ သမင်လည်ပြန်ဖြစ်လျက် နပ်စ်မလေး၏ခေါ်ဆောင်ရာအနောက်သို့သာ တစ်ရွှေ့ရွှေ့လိုက်ပါသွားရလေတော့သည်။

''ဒေါက်တာ ဒီလူငယ်က … ''
''သူလား … သူက ငါတို့လူဖြစ်သွားပြီ … ဟုတ်တယ်မဟုတ်လားကောင်းလေး''
''ဗျာ … ဟုတ် … ဟုတ်ကဲ့ဒေါက်တာ''
''ဘယ်လိုဖြစ်လို့လဲဒေါက်တာ''
''သြော် … ရေခဲတိုက်ထဲက လူသေအလောင်းတွေကို ဒီကောင်လေးစပ်စုရင်းနဲ့ တွေ့သွားတယ် … ကျုပ်တို့ခွဲစိတ်ရင်း လက်လွန်သွားပြီးခေါင်းခွံပျက်စီးသွားတဲ့ မသာကလဲ ကျုပ်တို့ဆေးရုံအကြောင်းတွေ သူ့ကိုပြောပြသွားခဲ့တယ် … သူ့ကိုအသေသတ်ပစ်ဖို့ လုပ်ရင်းနဲ့ သူမသေချင်သေးပါဘူးဆိုလို့ … မသတ်တော့ပဲ ငါတို့လူအဖြစ် နေခိုင်းလိုက်တာပဲ''
''ဟင် … စွန်ရဲ စိတ်ချရပါမလား''
''စိတ်ချရမှာပါ … သစ္စာဖောက်ရင် သူ့သူငယ်ချင်းတွေရော သူ့ကိုရော … အပျက်ရှင်းပစ်လိုက်ကြတာပေါ့''
''ဗျာ … မ … မလုပ်ပါနဲ့ဒေါက်တာ … ကျွန် … ကျွန်တော်မသေချင်သေးလို့ပါ … ကျွန်တော့ချစ်သူကို ခရီးကပြန်ရောက်တာနဲ့ လက်ထပ်မယ်လို့ ကျွန်တော်ကတိပေးခဲ့လို့ပါဆရာ''
''ဟားဟားဟားဟား … မသတ်ပါဘူး မင်းကိုမသတ်ပါဘူး အေး … ဒါပေမယ့် မင်းသူငယ်ချင်းတွေကိုတော့ အပိုစကားတွေမပြောမိစေနဲ့နော်''
''စိတ် … စိတ်ချပါဆရာ … ကျွန် … ကျွန်တော်မပြောပါဘူး''
''ကောင်းပြီလေ … ဒါဆို ကားကြီးထဲက လူနာတွေ ထပ်သွားခေါ်မယ် … လူနာတင်ကား အသင့်ပြင်ထားပါဒေါက်တာသန်းနိုင်''
''အားလုံးအသင့်ပါဒေါက်တာ … ''
''ကဲကောင်းပြီး သွားကြတာပေါ့''

ကြောက်လန့်တုန်ရီနေသော ဝကြီးအား ဆရာဝန်ကြီးမှာ စည်းရုံးသိမ်းသွင်းလျက် တိမ်းမှောက်နေသော ကားကြီးအတွင်းမှ လူနာများအား ထပ်မံခေါ်ဆောင်ရန် ဆေးရုံအတွင်းမှ ထွက်ခွာသွားခဲ့ကြလေသည်။                           
                           *****
''အား … ''
အားဟု အသံနှင့်အတူ ကျုရှင်ဆရာကြီးတစ်ယောက် တိမ်းမှောက်နေသော ကားကြီးအတွင်း၌ ပြန်လည်သတိလည်လာခဲ့၏။ ဦးခေါင်းတစ်ခုလုံး အလွန်ပင်နာကျင်၍ မူးနောက်နေပုံရသည်။ သူ၏ဦးခေါင်းအား ခပ်ဆက်ဆက်ရမ်းခါလိုက်ရင်း ကြုံတ်မိထားသည့် မျက်လုံးအိမ်များ အသာဖွင့်လိုက်သည်။ ပတ်ဝန်ကျင်တစ်ခုလုံး မည်းမှောင်နေခဲ့ပြီး ဦးခေါင်းပေါ်မှ သွေးများဟာ မျက်နှာပြင်အပေါ်သို့ စီးကျလာခဲ့သည်။ ဦးခေါင်းကွဲလျက် ဘယ်ဘက် လက်တစ်ဖတ် ခွေခေါက်ခါ ကျိုးသွားခဲ့ရသည်။
''အား … ထီးလေး''

ယခုကဲ့သို့ ဒုက္ခရောက်နေချိန်၌ မိမိ  အားကိုအားထားပြုရသော တပည့်ဖြစ်သူထီးကလေး၏အမည်အား တမ်းတခေါ်မိ၏်။ သို့သော် မည်သည့်အသံတစ်စုံမျှ ပြန်လည်၍မကြားရ အမှောင်ထဲ၌ ကိုယ်ဆီသတိလစ်မေ့မျောနေသော လူငယ်များကိုသာ မသည်းမကွဲ ကားအနောက်ခြမ်း၌ မြင်တွေ့လိုက်ရသည်။ မိမိသာလျင် ဦးစွာသတိလည်လာလေသလား၊ တပည့်များမှာ ယခုအချိန်ထိ သတိမရလေသလား။ ထိုသို့ဆိုလျင် တပည့်ဖြစ်သူများအတွက် တစ်စုံတစ်ခုသော အကူညီရရှိရန်အတွက် မိမိလုပ်ဆောင်ပေးရမညှ်ဖြစ်မည်။

ထို့ကြောင့် တိမ်းမှောက်နေသော ကားကြီးအတွင်းမှ အပြင်သို့ထွက်နိုင်ရန်သာ အရေးကြီးလှသည်။ မိမိသိရှိ၏။ မိမိဟာ ကျောင်းသားလူငယ်များ ကားကြီးအတွင်း၌လွတ်လပ်စွာ ပျော်ရွှင်စေနိုင်ရန် ကားအတတ်အဆင်းအပေါက်ခုံ၌ ထိုင်နေပေးခဲ့သည်။ ယခု တိမ်းမှောင်နေသော ကားကြီးအတွင်း၌ မူးနောက်နေသော အာရုံများနှင့် ကားကြီးအတွင်းမှ ထွက်ပေါက်အား လွယ်ကူစွာခန့်မှန်းနိုင်ခဲ့ပြီး အပြင်သို့ လေးဘက်ထောက်ထွက်ရောက်လာခဲ့လေ၏။

မိမိ၏ကားကြီးအကြောင်း မိမိကိုယ်တိုင်သိရှိထားခဲ့ပြီး ယခုကဲ့သို့ တိမ်းမှောက်သွားရခြင်းမှာ တပည့်များထဲမှ တစ်ဦးတစ်ယောက် အမှားပြုလုပ်ခဲ့မိခြင်းကြောင့် ဖြစ်ရသည်ဟု ကျူရှင်ဆရာကြီးကောင်းစွာရိပ်စားမိသည်။ သို့သော် ယခုအချိန်၌ မည်သူ၏အပြစ်ဟု တွေးတောနေခြင်းထက် အကူညီတစ်စုံတစ်ခု လျင်မြန်စွာရရှိရန်သာ လိုအင်သည်ဟု တွေးတောမိရင်း ဝတ်ဆင်ထားသော ခန္ဓာကိုယ်ပေါ်မှ အနွေးထည်အိတ်များအား လက်တစ်ဖြင့် စမ်းနေမိသည်။

မိမိ၏အနွေထည်အိတ်အတွင်းသို့ လက်ကိုင်ဖုန်းထည့်ထားခဲ့မိသည်ကြောင့် ဖုန်းအားစမ်းနေခဲ့ရင်း ညာဘက်အိတ်အတွင်း၌ လက်ကိုင်ဖုန်းစမ်းမိလိုက်လေသည်။ ထို့နောက်လျင်မြန်စွာဖြင့် ဖုန်းအားထုတ်ယူလျက် ပါဝါခလုတ်အား နှိတ်လိုက်ချိန်တွင် လက်ကိုင်ဖုန်း၏မှန်မှာ ကွဲရှနေခဲ့လေတော့သည်။

''ဟာ … သွားပြီ … ဘယ်လိုလုပ်ရမလဲ''
မြင်သာမြင်မကြင်ရလေဟု ဆိုရလေမလား။ လော့ခတ်ထားသည့် ဖုန်းအားမြင်နေခဲ့ရပြီး မုန်မှာကွဲနေခဲ့သည်ကြောင့် မှန်သားပြင်၏မည်သည့်နေရာတစ်ခုမျှ ထိရွှေ့၍မရတော့ချေ။ ကားကြီးအတွင်း၌ တပည့်ဖြစ်သူများ၏ လက်ကိုင်ဖုန်းများရှိနေဦးမည်မှာ သေချာလှသည်။ထို့ကြောင့် ကားကြီးအတွင်းသို့ဝင်ရန် ရွယ်လိုက်ပြီး
''ဟာ  မဖြစ်သေးပါဘူး ဒီလောက်မှောင်နေတာကိုး ဖုန်းလိုက်ရှာတာထက် ဒီပတ်ဝန်းကျင်မှာ လူနေအိမ်တွေတော့ရှိမှာပဲ … သူတို့ဆီမှာ အကူညီတစ်ခုခုတောင်းမယ်''

ထိုသို့တွေးမိရင်း ကားကြီးအတွင်းသို့မဝင်ရောက်၊ ကားလမ်းအပေါ်သာ တတ်ရောက်တော့မည်ဟု တွေးတောလျက် လမ်းပေါ်သို့ရောက်စေနိုင်သော လမ်းသာဖြစ်မည်ဟု ခန့်မှန်းခြေနှင့် နာကျင်နေသော ဝေဒနာများအား မေ့ဖျောက်ထားခါ အရှေ့စူးစူးသို့ လျောက်လှမ်းလေတော့သည်။

                          ****
လူနာတင်ယဉ်များ။ သို့သော် ဥသြသံများပိတ်လျက် တိမ်းမှောက်နေသော ကားကြီးရှိရာဆီသို့ ဆရာဝန်ကြီးများထပ်မံရောက်ရှိလာခဲ့လေသည်။
''ဒေါက်တာသန်းနိုင် … ခင်ဗျားပြောတော့ ကားကြီးနားမှာ အစောင့်တွေနဲ့ထားခဲ့တယ်ဆို ဘယ်မှာတုန်း''
''သြော်ကွာ … မင်းကလဲ ဆေးရုံမှာရောက်နေတဲ့ ချာတိတ်လေးတွေ ယုံကြည်အောင်လို့ တမင်သတ်သတ်ပြောတာပေါ့ကွ … ငါတို့ဆေးရုံမှာ စိတ်တူကိုယ်တူဆိုလို့ လူလေး ၁၀ ယောက်လောက်ပဲရှိတာ''
''ဟုတ်ပါပြီ … ဒါဆိုကားကြီးထဲက လူတွေအားလုံး ကားပေါ်တင်ဖို့စီစဉ်''
''ကဲလာဟေ့ … ''

ဒေါက်တာစွန်ရဲနိုင်နှင့်အတူ ဒေါက်တာသန်းနိုင်တို့နှစ်ဦးသား ပြောဆိုနေကြသည်များအား ဝကြီးတစ်ယောက် နားမလည်နိုင် ကြောင်တောင်တောင်ဖြစ်သာ ရှိနေခဲ့၏။ ထို့နောက် ယူနီဖောင်းအပြာရောင်ဝတ်စုံနှင့် ဆေးရုံဝန်ထမ်းနှစ်ဦးအား ညာသံပေး၍ ဒေါက်တာသန်းနိုင်မှာ တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်းသို့ လက်နှိတ်ဓာတ်မီးများ ကိုင်ဆောင်ခါ စတင်ဝင်ရောက်လေတော့သည်။

ကားကြီး၏အပြင်၌ ဒေါက်တာစွန်ရဲနိုင်နှင့် ဝကြီးနှစ်ဦးသားသာ ရှိနေခဲ့ပြီး ဒေါက်တာစွန်ရဲနိုင်မှာတော့ ပတ်ဝန်းကျင်အား မျက်လုံးတစ်ဆုံး လိုက်လံအကဲခတ်နေခဲ့သည်။ ထိုစဉ်တိမ်းမှောက်နေသော ကားကြီးအတွင်းမှ ဒေါက်ဒါသန်းနိုင်၏ အလောတကြီးအော်ပြောလိုက်သော စကားသံအား ကြားလိုက်ရလေ၏။
''ဒေါက်တာစွန်ရဲ … ကားထဲမှာရှိတဲ့ လေးယောက်တည်းက တစ်ယောက်လျော့နေတယ် … အပြင်ထွက်သွားပြီးနဲ့ထင်တယ်''
''ဟင် … ဟာ … သူတို့အထဲက တစ်ယောက်မှ လွတ်သွားလို့မဖြစ်ဘူး … ငါတို့အားလုံး ဒုက္ခရောက်သွားလိမ့်မယ်''
''စိတ်ချစိတ်ချ … ဒီပတ်ဝန်းကျင်မှာ ဘာအကူညီမှ သူတို့မရနိုင်ဘူး … ကားအနားပြန်လာမှာ သေချာတယ်''
''ဟာကွာ … တောက်!… မကြာသင့်ပဲကြာဦးမယ်ကွာ … ဘယ်ခြေရှည်ထွက်သွားလဲ မသိဘူး … ကဲကဲဒါဆို ရှိတဲ့သူတွေကိုပဲ အပြင်ထုတ်ထား… ပြီးတော့ သန်းနိုင်… ကားထဲမှာရှိတဲ့ အိတ်တွေရော လက်ကိုင်ဖုန်းတွေရော အကုန်လုံးအပြင်ထုတ်ခဲ့… ကားထဲမှာ တစ်ခုမှမကျန်နေခဲ့စေနဲ့နော် အားလုံးအစနဖျောက်မှဖြစ်မယ်''

တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်းမှ ကျုရှင်ဆရာကြီးအား မတွေ့လိုက်ရချေ။ ကျုရှင်ဆရာကြီးမှာ တစ်စုံတစ်ခုသော အကူညီရရှိရေးအတွက် ထွက်ရောက်သွားခဲ့ပြီး ကားကြီးအတွင်း၌ ကျန်ရစ်နေခဲ့သော မျှားကလေး၊ ငါးကလေး၊ တန်ခိုးတို့ကိုသာ ကားကြီးအတွင်းမှ အပြင်မြေပြင်ပေါ်သို့ ဒဏ်ရာများစွာနှင့် ထုတ်ယူထားခဲ့လေသည်။ ထို့နောက် ကားကြီးအတွင်း၌ ခရီးဆောင်အိတ်များအပါအဝင် လက်ကိုင်ဖုန်းများအားလည်း နေရာအနံ့ရှာဖွေခဲ့ရင်း လူနာတင်ယဉ်ပေါ်သို့ တင်ဆောင်လေခဲ့သည်။ တိမ်းမှောက်နေခဲ့သော ကားကြီး၏ ကားနံပါတ်အားလည်း ဖြုတ်ယူထားချေသည်။

တန်ခိုး၏ဦးခေါင်းတွင် ဒဏ်ရာရရှိထားခဲ့ပြီး သွေးများစွာထွက်နေခဲ့သည်။ ငါးကလေးမှာမူ မည်သည့်ဒဏ်ရာတစ်ခုမှ မရရှိထားခဲ့ပဲ မေ့မျောနေခဲ့၏။ မျှားကလေးမှာလည်း ပွန်းရှဒဏ်ရာတစ်ချို့ရရှိကထားကာ အားလုံးနည်းတူအတိုင်း မေ့မျောနေခဲ့လေသည်။ သို့သော် ဒဏ်ရာရရှိထားသော ထိုသူတို့ကိုမူ ဆရာဝန်များမှာ အလေးမထား။ မြေပြင်ပေါ်တွင်သာ ပစ်ထားချေခဲ့သည်။ လေးဦးထဲမှ တစ်ဦးပျောက်ဆုံးနေသည်ကြောင့် ဆရာဝန်များမှာ ဆေးရုံဆီသို့ထွက်ခွာ၍ မဖြစ်နိုင်သေးချေ။ ထို့ကြောင့် ပျောက်ဆုံးသွားသော လူတစ်ဦးမှာ မည်သည့်အကူညီတစ်ခုမှ မရရှိလျင် ထိုကားဆီသို့ ပြန်လည်ရောက်ရှိလာမည်မှာ သေချာလှသည်ဟု တွေးမိလျက် ကားကြီးအနားတွင်သာ စိတ်မရှည်စွာဖြင့် စောင့်စားနေခဲ့လေသည်။

မေ့မျောနေခဲ့သော တန်ခိုး၏ မျက်ခမ်းစက်များ လှုပ်ရှားလာခဲ့၏။ လက်ချောင်းကလေးများမှာလည်း တစ်ဆက်ဆက်တုန်ခါလာခဲ့သည်။ ပြန်လည်သတိလည်လုနီးပါး ဖြစ်နေသော တန်ခိုးအား ဆရာဝန်များမှာ အာရုံမထားမိ။ ကားကြီးအတွင်းမှ ထွက်ခွာသွားခဲ့သော သူတစ်ဦးကိုသာ ငေးမောကြည့်ရှု့ စောင့်စားနေခဲ့သည်။

ကျုရှင်ဆရာကြီးမှာလည်း ကားလမ်းအပေါ်ဟု ထင်မှတ်လောက်သော လမ်းအတိုင်းလျောက်လှမ်းသွားမိရင်း အရှေ့၌ အုပ်စိုင်းနေသော သစ်တောကြီးတစ်ခုသာ တွေ့ရှိခဲ့ရသော်ကြောင့် မိမိလမ်းမှားနေခဲ့ပြီဟု ကောင်းစွာသိရှိလိုက်ရသည်။ ထို့ကြောင့် မိမိတပည့်များရှိနေသော ကားကြီးဆီသို့သာ ပြန်လည်လျောက်လှမ်းလာခဲ့ရင်း လူနာတင်ယဉ်အချက်ပြမီးများအား အဝေးမှလှမ်းမြင်လိုက်ရသည်။ အလွန်ပင်ဝမ်းသာမိ၏။ ကံကောင်းလေသလား၊ ထိုလူတင်ယဉ်များမှာ တိမ်းမှောက်သွားခဲ့သော မိမိ၏ကားကြီးအနားမှ ဖြစ်နေခဲ့သည်။

''စွန်ရဲ … ဟိုမှာ အဲ့ဒီလူပဲ ပြန်လာနေပြီ'
''ဒေါက် … ဒေါက်တာတို့ ဟာဗျာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကျေးဇူးတင်လိုက်တာဗျာ … ကျွန်တော့တပည့်လေးတွေ ကားထဲမှာရှိနေသေးတယ် … ဆေးရုံကိုမြန်မြန်ခေါ်ပေးပါဗျာ''
''ဆရာ … ''
''ဟင် … မောင်ထူးအောင် … မင်း … မင်းဘာမှမဖြစ်ဘူးနော်''

ဖခင်အရင်းသဖွယ် ချစ်၊ကြောက်၊ရိုသေရသော မိမိ၏ဆရာအား မြင်တွေ့လိုက်ရသည်ကြောင့် ဝကြီးမှာ ဆရာဝန်ကြီး၏အနားမှ ကျူရှင်ဆရာကြီး၏အနားသို့ အပြေးသွားရောက်ခဲ့လေသည်။ ဆရာဝန်ကြီးဟာ ဝကြီးတစ်ယောက် မိမိ၏အနားမှ ရုတ်တရက်ပြေးသွားခဲ့သည်ကြောင့် အနောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားရင်း ကျူရှင်ဆရာကြီးမမြင်တွေ့နိုင်သည့် အနောက်မှ ဓားဖြင့်ထောက်ထားခဲ့လေသည်။
''ဆရာ … ကျွန်တော်တို့ကိုကယ်ပါဦးဆရာ''
''မောင်ထူးအောင် ဘာမှမစိုးရိမ်နဲ့တော့လေ … လူတင်ယဉ်တွေရောက်လာကြပြီပဲ … ဘာမှမစိုးရိမ်နဲ့တော့နော် … ဒေါက်တာတို့ ကားကြီးထဲမှာ ကျွန်တော်တပည့်လေးတွေ ရှိနေသေးပါတယ်ဗျာ သူတို့ကို အပြင်ထုတ်ပေးပါဦး''

''ခင်ဗျားတပည့်လေးတွေ တစ်ချို့တစ်ဝက် ကျုပ်တို့ဆေးရုံကို ရောက်နေပါပြီ ကားကြီးထဲမှာ ခင်ဗျားနဲ့ ဟိုလူငယ်သုံးယောက်ပဲ ကျန်နေသေးလို့ ကျုပ်တို့ထပ်လာခေါ်တာ''
''ဗျာ … ဟုတ် … ဟုတ်ကဲ့ဒေါက်တာ ကျေးဇူးတင်ပါတယ်''
''ဆရာ … မဟုတ်ဘူးဆရာ ကျွန်တော်တို့ အားလုံးကို … အား''

မိမိခံစားနေရသည့် ယခုကဲ့သို့အခြေနေများအား ဝကြီးတစ်ယောက် ဖခင်အရင်းသဖွယ် အားကိုးရသော ကျူရှင်ဆရာကြီးအား ပြောဆိုမည်အလုပ် ဆရာဝန်ကြီးမှာ ဝကြီး၏နောက်ကျောအား ထောက်ထားသည့် ဓားဦးဖြင့် အနည်းငယ်ထိုးလိုက်သည်။ ဝကြီးအား ခြိမ်းခြောက်လျက် နောက်ကျောမှဓားဖြင့် ချိန်ဆထားသည်များအား သတိပြန်လည် ရရှိလာသော တန်ခိုးတစ်ယောက် မြေပြင်ပေါ်၌လဲကျနေရာမှ ဝိုးတဝါးမြင်တွေ့လိုက်ရသည်။

ခံနိုင်ရည်ရှိထားပြီးသားဖြစ်သည့် တန်ခိုးတစ်ယောက် ထိုအချိန်အတောအတွင်း၌ မြင်တွေ့လိုက်ရသော မြင်ကွင်းများအား နားမလည်နိုင်ခဲ့ချေ။ ဘာရယ်ကြောင့်မှန်းမသိ။ ဆရာဝန်ကြီးဟု သတ်မှတ်နိုင်သော ထိုသူမှာ ဝကြီး၏နောက်ကျောအား အဘယ်ကြောင့် ဓားဖြင့်ထောက်ထားရသနည်း။ သတိပြန်လည်လာခါ မြေပြင်ပေါ်မှ ထမည်ဟု ရွယ်လိုက်သော်လည်း ယခုဖြစ်ပျက်နေခဲ့သော မြင်ကွင်းများအား သူတစ်ယောက်ကောင်းစွာ နားလည်ချင်သေးသည်။

အခြေနေမှာ သာမန်အခြေမျိုးနှင့် မတူ ထို့ကြောင့် ပို၍သေချာစွာသိရှိစေရန် မိမိအားပစ်ချထားသည့် မြေပြင်ပေါ်မှ မသိမသာတရွှေ့ရွှေ့ ထိုသူများအနားသို့ အသာရွှေ့လျားလာခဲ့သည်။
သူတစ်ယောက်ကောင်းစွာသိရှိ၏။ ထိုအချိန်အတောတွင်း၌ မိမိမြင်တွေ့နေရသော သူများဟာ မိမိအား အာရုံထားနေကြမည်မဟုတ်ချေ။ ထို့ကြောင့် မေ့မျောနေဟန်ဆောင်လျက် ထိုသူများပြောဆိုနေခဲ့သော စကားများအား တိုးတိတ်စွာနားစွင့်နေလိုက်သည်။

''ထူးအောင် ဘာဖြစ်တာတုန်း''
''ဆရာ !… ''
''သြော် … ကျုရှင်ဆရာဆိုတာ ခင်ဗျားလား''
''ဟုတ်ပါဒေါက်တာ''
''သြော် !… ခင်ဗျားတပည့်လေးက ခင်ဗျားတို့ကိုစိုးရိမ်လွန်နေတာပါ ဘာမှမဖြစ်ပါဘူး''
''ကဲ … စိုးရိမ်မနေနဲ့တော့ မောင်ထူးအောင် မောင့်ရင့်အမြင်ပဲ ဆရာလဲဘာမှဖြစ်တာမှ မဟုတ်တာ''
''မဟုတ်ဘူးဆရာ … သူတို့က လူသတ်သမားတွေ … ကျွန်တော့တို့အားလုံးကို ဆေးရုံခေါ်ပြီး ရက်ရက်စက်စက် သတ်ကြမှာ''
''ဟင် … ''
''ဟာ … မောင်ထူးအောင် ဘာတွေလျောက်ပြောနေတာလဲ မဟုတ်ပါဘူး ခင်ဗျားတပည့်ခေါင်းနည်းနည်းထိခိုက်မိပြီး အခုလို … ''
''မဟုတ်ဘူးဆရာ … ကျွန်တော့ကို ခြိမ်းခြောက်ထားတယ် ကယ်ပါဦးဆရာ ကဟ်ပါဦး''
''ထူးအောင် ထူးအောင် စိတ်ငြိမ်ငြိမ်ထားပါဦး ဆရာရှိတယ်လေ''
''ဆရာ … ကျွန်တော့်ကို ကယ်ပါဆရာရယ် ကျွန်တော့ကိုကယ်ပါ … ကျွန်တော်မသေချင်သေးဘူးဆရာ … ဒီမှာကြည့်ဆရာ … ကျွနိတော့ကို အနောက်ကနေ ဓားနဲ့ထောက်ထားတယ်''
''ဟင် … ''

ကြောက်စိတ်များ အထွဏ်အထိပ်သို့ ရောက်ရှိခဲ့ရင်း ဆရာဖြစ်သူအား မြင်တွေ့လိုက်သည်နှင့် မည်သည့်အကြောင်းတစ်ခုမှ စဉ်းစားမနေတော့ပဲ သေရမည်အား အလွန်ပင်စိုးရိမ်ကာ သွေးရူးသွေတမ်းစကားများ ပြောဆို၍ မိမိအားဖတ်ထားသော ဆရာဝန်ကြီး၏နံဘေးမှ လျင်မြန်စွာရုန်းထွက်လိုက်လေသည်။

ဝကြီးတစ်ယောက် လျင်မြန်စွာရုန်းထွက်လိုက်သည်နှင့် သူ့၏နောက်ကျောအား ထောက်ထားသော ဓားကြီးမှာ အရှင်းသားထွက်ပေါ်လာခဲ့လေတော့သည်။ သို့မှသာ ကျုရှင်ဆရာကြီးမှာ ဝကြီးပြောဆိုသော စကားများအား ယုံရခတ်နေခဲ့ပြီး တပည့်ဖြစ်သူအား ကြည့်လျက် ဆရာဝန်ကြီးကိုင်ဆောင်ထားခဲ့သော ဓားကြီးအားလည်း ငေးကြည့်နေမိသည်။

စိတ်ရောဂါခံစားနေရသော ဆရာဝန်ကြီးမှာ ဝကြီး၏အပြုမူကြောင့် လွန်စွာဒေါသထွက်မိရင်း အံ့ကိုကြိတ်လျက် ရဲရဲတောက်တောက်မျက်လုံးများနှင့် ကိုင်ဆောင်ထားခဲ့သော ဓားဖြင့်ဝကြီးအား ဝင်ရောက်ထိုးသတ်လေတော့သည်။ အနောက်မှနေ၍ ဝကြီး၏လည်ပင်းအား သိုင်းဖတ်ထားလိုက်ရင်း အချက်ပေါင်းများစွာ ဓားဖြင့်ထိုးလေတော့သည်။ 'ဟာ'ဟူသော စကားသံသာထွက်ပေါ်လာလျက် ကျူရှင်ဆရာကြီးမှာ ကြောင်ကြည့်နေခဲ့မိသည်။ ထို့နောက် ကျူရှင်ဆရာဟာလည်း မိမိ၏လုပ်ရက်များ မြင်တွေ့သွားခဲ့သည်ကြောင့် လူသတ်ဆေးရုံဝန်ထမ်းတစ်ဦးအား အချက်ပြစေခါ နောက်ကျောမှ ကျုရှင်ဆရာ၏ဦးခေါင်းအား သံတုတ်ဖြင့် ရိုက်နှပ်ခိုင်းခဲ့လေသည်။

''အ … ''
''သေ…သေစမ်း…သေကြစမ်း…ဟားဟားဟားဟား''

ကျူရှင်ဆရာမှာလည်း ကွဲနေသည့်ဦးခေါင်းအား ယခုထပ်မံအရိုက်ခံလိုက်ရသည်ကြောင့် နာကျင်မှုဝေဒနာများ လွန်စွာခံစားလိုက်ရပြီး ထိုအနားတွင်သာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရတော့သည်။ သေရမည်အား လွန်စွာကြောက်နေခဲ့သော ဝကြီးသည်လည်း ထိုနေရာ၌သာ ဆရာဝန်ကြီး၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရလေသည်။ ထိုမြင်ကွင်းများအား မေ့မျောဟန်ဆောင်နေခဲ့သော တန်ခိုးတစ်ယောက် အရှင်းသားကြားသိလိုက်ရ၏။

မယုံနိုင်လောက်အောင်ပင် အသက်ကယ်မည်ဟု ထင်မှတ်ထားခဲ့သော ဆရာဝန်များမှာ မိမိ၏အရှေ့မှောက်၌ မိတ်ဆွေများအား ရက်စွာအသေသတ်ပစ်ခဲ့ကြသည်။ ထို့ကြောင့် သူသည်လည်း လွန်စွာဒေါသထွက်မိခါ စဉ်းစားမနေတော့ပဲ မေ့မျောချင်ယောင်ဆောင်နေခဲ့သော မြေပြင်ပေါ်မှ လူးလဲထလိုက်ပြီး ဆရာဝန်ကြီးအား တိုက်ခိုက်မည်လုပ်စဉ်

''အား … အ ''
အမှောင်ကွယ်မှရှိနေသော ဒေါက်တာသန်းနိုင်ဟာ အပြေးရောက်ရှိလာခဲ့ပြီး တန်ခိုးအား သံချောင်းဖြင့် စတင်ရိုက်နှပ်လိုက်လေခဲ့သည်။ လူရည်လည်လွန်းလှသော စိတ္တဇဆရာဝန်များမှာ လစ်ဟာမှုမရှိစေရန် အကွက်ကျကျစီစဉ်ထားခဲ့ပြီး ဒေါက်တာသန်းနိုင်ဟာ အမှောင်ကွယ်တစ်ခုမှ နေလျက် မိမိတို့အား စောင့်ကြည့်နေခဲ့သည်များအား ပြန်လည်သတိလည်လာခဲ့သော တန်ခိုးတစ်ယောက်မသိရှိခဲ့ချေ။

ထို့ကြောင့် ထိုတစ်ချိန်၌ တန်ခိုးတစ်ယောက်မှာတော့ အမှန်တကယ်ပင်လျင် ဒေါက်တာသန်းနိုင်၏ သံတုတ်ဖြင့် ရိုက်နှပ်ခံလိုက်ရသည်ကြောင့် မေ့မျောသွားခဲ့ရလေသည်။ ဒေါက်တာသန်းနိုင်မှာလည်း သူ၏ရိုက်ချက်ဖြင့် လဲကျသွားခဲ့သောတန်ခိုးအား အဆက်မပျက်ထပ်မံရိုက်သတ်ရန် ရွယ်ချိန်၌
''သန်းနိုင် … မလုပ်နဲ့တော့ ''
''စွန်ရဲ … ဒီတစ်ယောက်က လူလည် … သတိရလာတာကို မရချင်ယောင်ဆောင်ပြီး မင်းတို့အခြေအနေကို အကဲခတ်နေတယ် … သူ့ကိုငါစောင့်ကြည့်နေတာ ကြာပြီ မထူးဘူးကွာ တစ်ခါတည်းသတ်ပစ်လိုက်တာ ကောင်းတယ်''
''နေဦး … ဒီမှာလဲ နှစ်ယောက်သေပြီ သူ့ကိုထပ်သတ်လိုက်ရင် ဆေးရုံမှာရောက်နေတဲ့ သူတွေသံသယဖြစ်သွားလိမ့်မယ် … မလုပ်နဲ့တော့ … မင်းမသတ်လည်း သွေးထွက်လွန်ပြီး သူဟာသူသေသွားလိမ့်မယ် … လာလာ … ဒီနှစ်လောင်းကို ကားပေါ်တင် … အဲ့ဒီကောင်တွေပါ ခေါ်ခဲ့ … သူတို့ကို အရှင်လတ်လတ် သွေးထုတ်ရမယ်''

ကျုရှင်ဆရာကြီးနှင့်ဝကြီးအား ရက်စက်စွာအသေသတ်လျက် လူနာတင်ယဉ်ပေါ်သို့ သယ်ဆောင်ခါ သေလုမျောပါးဖြစ်နေခဲ့သော တန်ခိုးနှင့်အတူ ငါးလေး၊မျှားလေးအားလည်း လူနာတင်ယဉ်ပေါ်သို့တင်ဆောင်လာခဲ့ပြီး စိတ္တဇဆရာများမှာ ဆေးရုံဆီသို့ ဦးတည်မောင်းနှင်လာခဲ့လေတော့သည်။

                              *****
တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်းမှ လူငယ်များအားလုံး ဆေးရုံဆီသို့ မေ့မျောစွာဖြင့်ရောက်ရှိလာခဲ့ပြီး ဆက်လက်၍ မည်သို့ပင် သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းများ ဖြစ်လာကြဦးမည်နည်း။

ထိုဆေးရုံဟာ လူသတ်နေခဲ့သော ဆေးရုံတစ်ခုဟု အားလုံးသိရှိသွားခဲ့လျင် ထိုဆေးရုံရှိဆရာများမှာ ထိုသူများအား အဘယ်သို့ပြုလုပ်ကြမည်နည်း။

ကျဉ်းထဲကျပ်ထဲရောက်နေသည့် မရဏအချိန်ခါမျိုးတွင် မည်သူများမှ အကူညီပေးမည်နည်း။

ဆက်လက်၍မည်သို့ပင် စွန့်စားကြမည်နည်း။

… … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

                         **********
            ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                    (၁၃.၂.၂၀၁၆) မြန်မာစံတော်ချိန်
                        ည (၁၂)နာရီအချိန်၌
                ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                       စာရေးသူ-ထီးကလေး
                   (ရင်နှင့်ရင်း၍ရေးသားသည်)

မှတ်ချက်။     ။အကြောင်းအမျိုးမျိုးဖြင့် အပိုင်း(၉)အား
                   ဖော်ပြပေးပြီးလျင် ကျွန်ုပ်အနေနှင့်
                   တစုံတရာသော အခက်ခဲလေးများ
                   ရှိနေပါသောကြောင့် ဖော်ပြပေးရန်
                   ကျန်ရှိနေသေးသော
                   ဇာတ်လမ်းအဆက်များအား ခေတ္တ
                   ဆိုင်းငံ့ထားရပါမည်ခင်ဗျာ။     ။
လေးစားစွာဖြင့်
                     ထီးကလေး
စိတ်ရှည်စွာဖြင့် ဆက်လက်အားပေးကြပါဦးနော်။


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၀)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

  ဆရာဝန်ကြီးစွန်ရဲနိုင်မှာလဲ မိမိ၏ဇနီးသည်တစ်ယောက် အသက်ဆုံးရှုံးရတော့မည်အား လွန်စွာစိုးရိမ်လျက် သူ၏စိတ်အခြေနေများမှာလည်း သာမာန်ထက်ပိုမိုဖောက်ပြန်လာချေခဲ့သည်။

မြေညီထပ် အပေါက်၌တည်ရှိနေသော ကောင်ဒါပေါ်တွင် အထိုင်ဖုန်းတစ်လုံး မြင်တွေ့ခဲ့ရသည်ကြောင့် မိမိတို့သူငယ်ချင်းများအားလုံးဟာ ယခုကားကြီးတိမ်းမှောက်မှု့ဖြင့် ဆေးရုံဆီသို့ ရောက်ရှိနေခဲ့ကြောင်း နေအိမ်များဆီသို့ အကြောင်းကြားရန် ပန်းအိအားနှုတ်ဆတ်လျက် ထီးကလေးတစ်ယောက် ဒုတိယအထပ်လှေကားဆီသို့အရောက် အရေးပေါ်ခန်းအတွင်းမှ ဆရာဝန်ကြီးစွန်ရဲနိုင်ဟာလည်း သတိရရှိနေခဲ့သော ထီးကလေးနှငိ့ပန်းအိတို့အား အာရုံကြောများ ထုံထိုင်းစေနိုင်သည့် ထိုးဆေးထိုးရန် အပြင်သို့ ထွက်ရောက်လာခဲ့ချေသည်။

သို့သော် အရေးပေါ်ခန်းအရှေ့၌ မိန်းကလေးဖြစ်သူ ပန်းအိတစ်ယောက်တည်းကိုသာ မြင်တွေ့လိုက်ရပြီး ထီးကလေးအား မတွေ့ရှိရတော့သည်ကြောင့် ဒေါက်တာသန်းနိုင်အား လိုက်လံရှာဖွေစေခိုင်းခဲ့သည်။ ပန်းအိအားလည်း ဆရာဝန်ကြီးမှာ ခတ်ထန်လှသော စကားများပြောဆိုလျက် သူမနှင့်အတူရှိနေခဲ့သော ထီးကလေးတစ်ယောက် မည်သည့်နေရာဆီသို့ ထွက်ခွာသွားခဲ့ကြောင်း ဟိန်းဟောက်မေးမြန်းချေခဲ့သည်။ ပန်းအိတစ်ယောက်ဟာလည်း ခက်ထန်လွန်းလှသော ဆရာဝန်ကြီး၏အပြုမူများအား နားမလည်နိုင်။ ထီးကလေးတစ်ယောက်မြေညီထပ်ဆီသို့ နေအိမ်များအား ဖုန်းဆက်အကြောင်းကြားရန် ဆင်းသတ်သွားခဲ့ကြောင်း ပြောဆိုချေခဲ့သည်။

ထို့ကြောင့် ဒေါက်တာသန်းနိုင်အား အနောက်မှ လျင်မြန်စွာဖြင့် အမှီလိုက်ပါသွားရန် စေခိုင်းလျက် မိမိ၏လက်ကိုင်ဖုန်းဟာလည်း ထိုအချိန်၌ မြည်သံထွက်ပေါ်လာခဲ့လေသည်။ ဖုန်းဆက်သူမှာ ဇနီးဖြစ်သူအား စောင့်ကြည့်ပေးထားရန် မှာကြားခဲ့သော နပ်စ်မလေးဆီမှ အဝင်ဖုန်းဖြစ်စေကာ အပေါ်ဆုံးထပ် မိမိ၏နားနေခန်းအတွင်းမှ ဇနီးဖြစ်သူတစ်ယောက် အမောဖောက်နေခဲ့ကြောင်း အကြောင်းကြားစေခဲ့သည်။ ထို့ကြောင့် ဆေးရုံရှိ ဆရာဝန်များအား အရေးတကြီးဆင့်ခေါ်စေခါ ထီးကလေးနှင့်လည်း ဒုတိယထပ်လှေကား၌ အရေးတကြီးတတ်ရောက်သွားကြသော ဆရာဝန်များအဖွဲ့နှင့် ဆုံတွေ့ခဲ့ရသေးသည်။

အသတ်ခံလိုက်ရသည့် ဝကြီးကဲ့သို့ ထီးကလေးသည်လည်း ဆေးရုံအပေါ်သို့ စူးစမ်းမှုများပြုလုပ်လာပါက ထိုနေရာ၌သာ အသေသတ်အပျက်ရှင်းရန် ခိုင်းစေခဲ့သည်။ သို့သော် ထီးကလေးမှာမူ ဆေးရုံအပေါ်သို့ စူစမ်းနေခဲ့ခြင်းမဟုတ် ဆေးရုံ၏အကြောင်းများအားလည်း မည်သည့်အရာတစ်ခုမှ သိရှိထားဟန်မတူ။ သာမာန်လူနာတစ်ဦးအဖြစ်နှင့်သာ နေအိမ်ဆီသို့ဖုန်းဆက်နိုင်ရန် ကြိုးစားနေခဲ့သည်သာ ဖြစ်နေကြောင်း သိရှိလိုက်ရသည်ကြောင့် ဒေါက်တာသန်းနိုင်မှာ သူ့အားအသေမသတ် အပေါ်ထပ်ဆီသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အလောတကြီး အပေါ်ထပ်ဆီသို့ ဒေါက်တာသန်းနိုင် တတ်ရောက်သွားခဲ့သည်နှင့် သူ၏နောက်မှ ထီးကလေးသည်လည်း ထပ်ကြပ်မကွာ ကြောင်တောင်တောင်ဖြစ် လိုက်ပါသွားခဲ့ရချေသည်။ ပထမထပ်လှေကားအပေါ်သို့ ကျော်လွန်သွားချေခဲ့ပြီး ဒုတိယအထပ်ဆီသို့ ရောက်ရှိလာခဲ့လေသည်။

သို့သော် ဒုတိယထပ် အရေးပေါ်ခန်းအရှေ့၌ မိမိအားစောင့်စားနေခဲ့သော သူငယ်ချင်းဖြစ်သူပန်းအိအား ထီးကလေးတစ်ယောက် မမြင်တွေ့ရတော့ချေ။ ဒေါက်တာသန်းနိုင်မှာလဲ ဆရာဝန်ကြီး၏ဇနီးသည် ရှိနေရာ အပေါ်ဆုံးထပ်ဆီသို့ပင် အရောက်လှမ်းနိုင်ရန် အလောတကြီးလှေကားဆီသို့တတ်ရောက်ရန် စိတ်လောနေခဲ့သည်။

''ဒေါက်…ဒေါက်တာ ခဏလေးပါ''
''ဘာလုပ်မလို့တုန်း… ''
''ဟို… ဟိုအရေးပေါ်ခန်းရှေ့မှာ ကျွန်တော့သူငယ်ချင်း မိန်းကလေးတစ်ယောက်ကိုများ မတွေ့မိဘူးလား''
''သြော်…! ဟို !… ခြေထောက်ဒဏ်ရာရထားတဲ့ တစ်ယောက်လား''
''ဟုတ်… ဟုတ်တယ်ဒေါက်တာ''
''သူ့ခြေထောက်အရမ်းကိုက်နေလို့ ဆရာဝန်ကြီးဆေးထိုးပေးထားတယ် အခုသူ့အခန်းထဲမှာရှိနေလိမ့်မယ်ထင်တယ်''
''သြော်!… ဟုတ်ကဲ့ဒေါက်တာ''
''လာလာ… မောင်ရင်လဲ ဒေါက်တာနဲ့အပေါ်ကိုလိုက်ခဲ့… ဆရာဝန်ကြီးကတော် အသည်းသန်ဖြစ်နေတယ်တဲ့''
''ဗျာ… ကျွန်တော်က အပေါ်ကိုလိုက်ခဲ့ရဦးမှာလားဒေါက်တာ''
''အေးလေ…¡ မောင့်ရင့်ကိုလဲ ဆရာဝန်ကြီးလိုအပ်တာတွေ လုပ်ပေးလိမ့်မယ် လာပါမြန်မြန်လာ''
''ဒေါက်…ဒေါက်တာ ကျွန်တော်…ဖုန်းလေး…''

''လာပါမောင်ရင်ရာ… အပေါ်ရောက်မှ ဖုန်းဆက်ဟုတ်ပြီလား လာလာ''

ဒုတိယအထပ် လှေကားအတတ်အဆင်း၌ ထီးကလေးမှာမူ အရေးပေါ်ခန်းအရှေ့၌ရှိနေသော ပန်းအိအား မတွေရှိလိုက်ရတော့သည်ကြောင့် စိုးရိမ်ကြီးစွာ ဒေါက်တာသန်းနိုင်အား မေးမြန်းချေခဲ့သည်။ ဒေါက်တာသန်းနိုင်ဟာလည်း အကြောင်းစုံရှင်းပြလျက် အပေါ်ထပ်ဆီသို့ လျင်မြန်စွာရောက်ရှိနိုင်ရန်သာ စိတ်လောချေနေခဲ့သည်။

ဖုန်းဆက်ရန် ပြောဆိုနေခဲ့သော မိမိအား အပေါ်ထပ်သို့ရောက်ရှိမှသာ ဖုန်းဆက်ပါဟုပြောဆိုလျက် ဒေါက်တာသန်းနိုင်၏ ခြေလှမ်းများ လှေကားတစ်ဆစ်လို့ စတင်လှမ်းရန်ရွယ်လိုက်လေသည်။ ထို့နောက် ထီးကလေးသည်လည်း ပန်းအိတစ်ယောက်ထိုင်နေခဲ့သော အရှေ့ပေါ်ခန်းအရှေ့ ခုံလေးဆီသို့ တစ်ချက်ပြန်လည်လှည့်ကြည့်မိချေခဲ့သည်။

''ဟင်!… ဒေါက်တာ ခဏလေး''
''ဟေ့…ဟေ့''
မိမိ၏အနောက်မှ လိုက်ပါတတ်ရောက်နေသော လှေကားအထစ်မှ အရှေ့ပေါ်ခန်းအရှေ့သို့ အလောတကြီး ပြေးသွားခဲ့သော ထီးကလေး၏အနောက်မှ ဒေါက်တာသန်းနိုင်ဟာလည်း ထပ်ကြပ်မကွာ လိုက်ပါချေခဲ့သည်။ ဒေါက်တာသန်းနိုင်၏ စိတ်အတွင်း၌ ထီးကလေးအား စိတ်မရှည်ချင်တော့ချေ။
''ဟာကွာ မောင်ရင် ဘာလုပ်မလို့လဲ''
''ဒါ … ပန်းအိဖိနပ်တစ်ဖက်ပဲ''
''ဟင်… သြော်… သူ… သူကျွတ်ကျန်နေခဲ့တာလားမှ မသိတာ''
''ဟင်… ဒီမှာလဲ သွေးစတွေပါလား… ဒေါက်တာ''

အရေးပေါ်ခန်းအရှေ့တွင်ရှိနေခဲ့သော ခုံလေး၏အောက်ဘက်၌ ပန်းအိ၏ဖိနပ်တစ်ဖက်အား မြင်တွေ့လိုက်ရလေသည်။ ဒေါက်တာသန်းနိုင်ဟာလည်း ထိုဖိနပ်တစ်ဖက်အား မြင်တွေ့လိုက်ရပြီး နံရံပေါ်၌ သွေးစသွေးနများအား မြင်တွေ့လိုက်သည်နှင့် ဒေါက်တာစွန်းရဲနိုင်ဟာ ပန်းအိအား တစ်စုံတစ်ခုပြုလုပ်ခဲ့ပြီဟု ကောင်းစွာရိပ်စားမိခဲ့ချေသည်။

''ဒေါက်တာ… ကျွန်တော့သူငယ်ချင်း တစ်ခုခုဖြစ်သွားပြီလားမသိပါဘူးဗျာ… ဒေါက်တာ သူဘယ်မှာလဲ သူအခုဘယ်မှာလဲ''

ယခုကဲ့သို့ ပတ်ဝန်းကျင်မျိုး၌ မိမိ၏နံဘေးတွင် ဒဏ်ရာရရှိထားခဲ့သော သူများအနက် ပန်းအိတစ်ယောက်သာလျင် လူကောင်းပကတိအတိုင်း ရှိနေခဲ့သည်ဟု သတ်မှတ်ထားနိုင်ခဲ့ပြီး သူမနှင့်အတူ ကောင်းတူဆိုးဖက် တိုင်ပင်စရာများရှိသေးသည်။ ယခု ပန်းအိ၏ဖိနပ်တစ်ဖက်အား မြင်တွေ့ခဲ့ရပြီး နံရံပေါ်တွင်လည်း သွေးစသွေးနများ ပေစွန်းနေခဲ့သည်က မသင်္ကာစဖွယ်ကောင်းလှသည်။ ထို့ကြောင့် ထီးကလေတစ်ယောက် ငုတ်တုတ်အနေအထားမှ ဒေါက်တာသန်းနိုင်အား မော့ကြည့်လျက် မေးမြန်းလိုက်လေသည်။

မိမိ၏အချစ်ဆုံးသူငယ်ချင်း ဒေါက်တာစွန်ရဲနိုင်၏ဇနီးသည် အသည်းသန်ဖြစ်နေသည့်အခြေနေမျိုး၌ ဒေါက်တာသန်းနိုင်တစ်ယောက် ထီးကလေးအား ရှည်ရှည်ဝေးဝေး ရှင်းပြမနေချင်တော့ချေ။ ထို့ကြောင့်ငုတ်တုတ်အနေထားမှ မိမိအား မော့ကြည့်လျက် မသင်္ကာစဖွယ်မေးမြန်းနေခဲ့သော ထီးကလေးအား အသေသာလျင် သတ်ပစ်ချင်နေပြီ။ ထို့ကြောင့် အသင့်ဆောင်ထားခဲ့သော ခါးနောက်ကျောမှ စကေဘာ(ခွန်းထက် သေးသွယ်လှသော အရာ)အား ဖြည်းညင်းစွာထုတ်ယူလျက် မိမိအားငတ်တုတ်အနေအထားမှ ထပ်မံ၍ မေးမြန်းရန် ကြိုးစားလိုက်သော ထီးကလေး၏ လည်ပင်းဆီသို့ ထိုးသွင်းလိုက်ချေသည်။
'' အား … ''

                           *******
''ရဲမောင်!… လုပ်… လုပ်ပါဦးကွာ ငါ့မိန်းမကိုကြည့်ပါဦး''
''ဖြူ… သတိထားပါဦး အစ်ကိုရှိတယ်လေ အစ်ကိုပြောနေတာကို ကြားရဲ့လား''
''စွန်ရဲ!… ဖြုလေး သွေးအားတော်တော်နည်းနေပြီ သွေးဆက်ကုသမှ ဖြစ်တော့မယ်''
''ဘာ!… သွေဆက်ကုသရမယ်ဟုတ်လား ငါမသိတော့ဘူးကွာ ငါ့ခေါင်းထဲမှာ မီးတွေတောက်နေပြီ ငါဘာမှမသိတော့ဘူး သူငယ်ချင်း… မင်း… မင်းကယ်ပါဦး''
''စွန်ရဲသူငယ်ချင်း စိတ်အေးအေးထားပါဦး မင်းမိန်းမပြန်ကောင်းလာမှာပါ သွေးအားနည်းပြီး အခုလိုဖြစ်နေတာ သူငယ်ချင်းစိတ်အေးအေးထားနော်''
''ကယ် … ကယ်ပါဦးကွာ''

''ဆရာမ… ပထမအထပ်အခန်းထဲမှာ သတိရလာတဲ့ လူငယ်တစ်ယောက်ယောက်ကို သွေးပေါင်ချိန်တိုင်းပြီး ခေါ်လာခဲ့ပေးပါ… ကျုပ်တို့ သူတို့တွေကို အသုံးချမှဖြစ်တော့မယ် ဒေါက်တာသူရနဲ့ဆရာမနဲ့ နှစ်ယောက်သွားပါ… ပိပိရိရိရှိပါစေနော်''
''ဟုတ်ကဲ့ဒေါက်တာ''
''သြော်!… ဆရာမ ပထမထပ်အခန်းဆိုတာကို သိပါတယ်နော်… ဓာတ်လှေကားကနေ ဆင်းပါ မြန်မြန်လုပ်''
''ဟုတ်… ဟုတ်ကဲ့ဒေါက်တာ''

ကြောက်စရာကောင်းလှသည့် လူသားတစ်ယောက်အလား ပုံသဏ္ဍန်ပြောင်းနေသော ဇနီးဖြစ်သူဖြူလေးမှာ မျက်ဖြူလှန်လျက် နှလုံးခုန်းနှုံးမှာလည်း အလွန်ပင်မြန်ဆန်နေခဲ့လေသည်။ ရင်တွင်း၌ ပူလောင်မှုဒဏ်များ အလွန်ပင်ခံစားနေရသလား ဝတ်ထားခဲ့သော အကျီကိုပင် ရုံးကန်ဆွဲချွတ်နေခဲ့သည်။ ဒေါက်တာရဲမောင်၏ ပြောစကားအရ ဖြုလေးမှာ အမျိုးမျိုးသော စမ်းသပ်ခွဲစိတ်မှုများကြောင့် ထိုကဲ့သို့သော ဝေဒနာများပိုမို ခံစားလာရဟန်တူသည်။

သို့သော်လည်း ဇွတ်မှိတ်လျက် တစ်ခ်ျန်ချိန်၌ လူကောင်းပြန်လည်ဖြစ်လာဦးမည်လားဟူသော အတွေးမျိုးဖြင့် အပိတ်ခံထားရသော ထိုဆေးရုံအတွင်း၌ပင် တိတ်တဆိတ် ဖြူလေးအား ကုသပေးနေခဲ့သည်မှာ သူမ၏အတွက်နှင့် ထိုဆေးရုံအတွင်း၌ပင် အသတ်ပေးခဲ့ရသော လူသားများမနည်းချေတော့ချေ။ ယခုအခါတွင်လည်း သွေးဆက်ကုသရမည်ဟု ဆိုလျက် ဆရာဝန်တစ်ဦးနှင့် နပ်စ်မလေးတစ်ဦးအား ပထမထပ်အခန်းအတွင်း၌ ရှိနေခဲ့သော လူငယ်များထံမှ သွေးအားကောင်းသူ တစ်ဦးအား ခေါ်ဆောင်ခိုင်းစေခဲ့သည်။

''ကျွတ်… ကျွတ်… အမလေးလေး''
''အား… တစ်ကိုယ်လုံးကို ကိုက်ခဲနေပါလား''
''ဟင်!… စာမိ…''
တင်ဇာနွယ်တစ်ယောက် သတိရလာမိ၏။ မျက်နှာပြင်တစ်ခုလုံး ရှုတ်မဲ့လျက် ညည်းထွားသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။ သူမ၏အတွေး၌ ခရီးထွက်လာရာမှ ကားကြီးတိမ်းမှောက်သွားသည့် အကြောင်းအား တဒင်က ခဏ မေ့မျောနေဟန်တူ၏။ မျက်လုံးမဖွင့် နံဘေးနားသို့လက်ဖြင့် အသာစမ်းကြည့်သည်။ တစ်စုံတစ်ယောက်အား စမ်းမိလိုက်ပြီး လန့်သွားခဲ့သော အမူယာလေးဖြင့် မျက်လုံးအိမ်အား စုံဖွင့်လိုက်သည်။

သူမ၏နံဘေး၌ သူငယ်ချင်းဖြစ်သူ စာမိတစ်ယောက် လဲလျောင်းနေခဲ့သည်အား တွေ့ရှိလိုက်ရသည်။ သေချာသည်မှာ သူမနှင့်သူငယ်ချင်းဖြစ်သူများ အခန်းအလွတ်အကြီးတစ်ခုအတွင်းသို့ စုရုံးရောက်ရှိနေခဲ့လေခြင်းဖြစ်သည်။
''ဟဲ့… စာမိ စာမိ…ထ ထစမ်း… ဟဲ့''
မိမိတို့အား ထိုအခန်းအတွင်း၌ ပစ်ထားသကဲ့သို့ ရှိနေခဲ့ပြီး အခန်းအတွင်း၌ မည်သည့်အရာမတစ်ခုမျှ မရှိ။ ရှင်းလင်းနေခဲ့ကာ နံဘေးနား၌ သူငယ်ချင်းဖြစ်သူများအား မြင်တွေ့နေခဲ့ရသည်။ မိမိ၏ အနီးနားတွင်ရှိနေခဲ့သော စာမိကိုသာလျင် သူမလှုပ်နှိုးနေခဲ့မိ၏။

''ဟင်… အား''
''ဟဲ့… ထစမ်း စာမိ… ငါတို့ဘယ်ရောက်နေတာလဲ''
''အား ကျွတ်ကျွတ်… ငါ့ခေါင်းကွဲသွားပြီးဟ… မသိဘူးလေ''
''ဟာ… ငါတို့ကားကြီးမှောက်သွားတာလေ… ဟုတ်တာပဲဟ ငါတို့ကားကြီးမှောက်သွားတာ ဟိုမှာလဲ ထီးကလေးရဲ့ သူငယ်ချင်းတွေ… ထပါဦးဟ''
''ငါ… ငါမထနိုင်ဘူး''
''ဟာ… နင်ကလဲ ယောကျာ်းဖြစ်ပြီ''

မထနိုင်ဘူးဟု ပြောဆိုလိုက်သော စာမိ၏စာကားသံကြောင့် တင်ဇာနွယ်တစ်ယောက် စိတ်မရှည်သော လေသံလေးဖြင့်ကျွတ်ဟု နှုတ်မှရည်ရွတ်သံထွက်ပေါ်လာခဲ့ပြီး ရုတ်တရက်ထလျက် မေ့မျောနေခဲ့သော သူငယ်ချင်းဖြစ်သူများအား ပြန်လည်သတိလည်စေရန် သူမသွားရောက်နှိုးမည်ဖြစ်သည်။ သို့သော် အလောတကြီးထလိုက်သော တင်ဇာနွယ်တစ်ယောက် ထိုနေရာတွင်သာ ခွေရိုင်လျက် လဲကျသွားခဲ့ရသည်။ သူမ၏ခြေထောက်များ ကောင်းစွာမရပ်တည်နိုင်ခဲ့ချေ။

''တင်ဇာ ဘာဖြစ်တာလဲ''
''အား!… ငါ… ငါလဲမထနိုင်ဘူးဟ… ငါတို့ဘယ်ရောက်နေကြတာလဲ ဆရာတို့ရော ထီးကလေးတို့ရော ဘယ်ပျောက်နေကြတာလဲ''
''မမျှားလေး!… တင်ဇာ… မျှားလေးလှုပ်လာပြီ … အစ်မမျှားလေး အစ်မမျှားလေး''

''ဟင်!… စာမိ တင်ဇာ… ငါတို့ဘယ်ရောက်နေကြတာလဲ''
''မသိဘူးအစ်မ… ကျွန်တော်တို့လဲ အခုမှ သတိရလာတာ ဘယ်ရောက်နေကြမှန်းမသိဘူး''
''ဟင်… လမ်းလေး ဟဲ့… လမ်းလေး ဟာ … ငါးလေး အားလုံးဒဏ်ရာတွေနဲ့ပါလား ထီးကလေးနဲ့တန်ခိုးတို့ရော ဘယ်မှာလဲ''
''မသိဘူးအစ်မ… တင်ဇာသတိရလာတည်းက သူတို့ကိုမတွေ့တာ အားကျွတ်ကျွတ်''

''ဒေါက်…ဒေါက်''
''ဘယ်သူလဲဟ… တံခါးလာခေါက်နေတယ်''
''စာမိ… သွာ… တံခါးသွားဖွင့်လိုက် ငါခြေထောက်မရပ်နိုင်ဘူး''
''ဟာ… နင်ကလဲ ငါ့ခါးအောက်ပိုင်း ကိုက်ခဲနေတာပဲ… ငါဘဟ်လိုလုပ်ထနိုင်မှာလဲ''
''နေကြနေကြ… အစ်မသွားဖွင့်လိုက်မယ်''

မျှားကလေး သွေးထွက်ဒဏ်ရာတစ်ချို့နှင့်အတူ ယခုအချိန်၌ ပြန်လည်သတိလည်လာ၏။ နံဘေးနားတွင်မူ သူငယ်ချင်းဖြစ်သူများ မေ့မျောနေခဲ့သည်များအား သူမတစ်ယောက်မြင်တွေ့လိုက်ရသည်။ သို့သော် လှုပ်နှိုး၍မရ မေ့မျောနေကြသေးသည်။ မိမိတို့အားလုံး မည်သည့်နေရာဆီသို့ ရောက်ရှိနေခဲ့ကြသနည်း စဉ်းစား၍မရ ရောက်ရှိနေသော အခန်းပတ်ဝန်းကျင်ကိုသာ လှည့်ပတ် အကဲခတ်နေမိခဲ့သည်။

ထွက်ပြေး၍မရ အပြင်၌တံခါးသော့ခတ်ထားသည်။ သို့သော် ထိုအခန်းဆီသို့ အပြင်မှတစ်စုံတစ်ယောက် အခန်းတံခါးအား လာရောက်ခေါက်စေခဲ့သည်။ လူငယ်များ၏အမြင်၌ ထိုတံခါးဟာ သော့ခတ်ထားခြင်းရှိမည်မဟုတ် ထိုကြောင့် တံခါးလာရောက်ခေါက်သူအား ဖွင့်ပေးစေရန် မျှားကလေးတစ်ယောက် ခံနိုင်ရည်ရှိစွာနှင့် တံခါးဆီသို့ တစ်ရွှေ့ရွှေုလှမ်းသွားချေခဲ့သည်။

ထို့နောက် တံခါးလေးအား အသာတွန်းဖွင့်လျက် လွယ်ကူစွာဖြင့် ထိုတံခါးဟာလည်း ပွင့်လစ်လာခဲ့၏။ တံခါးလာခေါက်သူဟာ မည်သူများဖြစ်ကြသနည်းဟူသော သိချင်စိတ်ဖြင့် တင်ဇာနှင့်စာမိ အခန်းဝဆီသို့ တစ်မျော်မျော်ကြည့်နေကြသော်လည်း မိမိတို့ရှိနေသည့် နေရာနှင့် အခန်းအဝဆီသို့ အမြင်ရ တစ်စောင်းဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အခန်းအဝမှ တံခါးလာခေါက်သူဟာလည်း မည်သူမည်ဝါဖြစ်သည်ဟု မမြင်တွေ့ရချေ။

အခန်းတံခါးပွင့်လာသည်နှင့် သွေးပေနေသော နပ်စ်မဝတ်စုံနှင့် သီရိမေအား မြင်တွေ့လိုက်ရသည်။ ရုတ်တရက်ထိုသို့မြင်တွေ့ရလိုက်သည်ကြောင့် မျှားကလေးတစ်ယောက် အနောက်ဆီသို့ တွန့်ဆုတ်သွားခဲ့ရင်း သူမအားစိုက်ကြည့်နေမိသည်။ နပ်စ်မလေးသီရိမေဟာလည်း အပြုံး။ သို့သော် မျက်လုံးအိမ်ဟာ တည်ငြိမ်နေခဲ့ပြီး သူမ၏အပြုံးဟာ အသက်မဝင်ခဲ့ချေ။ ထို့ကြောင့် အရှေ့သို့တစ်လှမ်း လှမ်းလိုက်ပြီး နပ်စ်မလေးသီရ်မေအား မျှားကလေးတစ်ယောက် တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်လေသည်။

''ရှင်ဘယ်သူလဲ… ကျွန်မတို့ဘယ်ကိုရောက်နေကြတာလဲ''
''ရှင်တို့အားလုံး ဒီဆေးရုံကနေ အမြန်ဆုံးထွက်သွားကြပါ''
''ဘာ… ဒါ… ဒါဆေးရုံဟုတ်လား''
''ဟုတ်တယ် ဆေးရုံဒါပေမယ့်… လူသားစားတဲ့ဆေးရုံ''
''ဘာ!… ဘယ်လို… လူသားစားဆေးရုံဟုတ်… ဟုတ်လား ရှင်ဘာတွေပြောနေတာလဲ ကျွန်မနားမလည်ဘူး''
''အဲ့ဒါတွေမေးမနေနဲ့ ဒီအခန်းထဲကနေ ထွက်ပြီး… အပေါ်ဆုံးထပ် ဒေါင့်ဘက်အထိလျောက်သွား… ပြီးရင် ထွက်ပေါက်တစ်ခုရှိတယ် အဲ့ဒီကနေဆင်း တစ်ခြားထွက်ပေါက်ကနေ ထွက်ရင် ရှင်တို့သေဖို့ပဲရှိတယ်''
''ရှင်ကဘယ်သူလဲ အခုရော ဘာတွေပြောနေတာလဲ ကျွန်မဘာတစ်ခုမှ နားမလည်နိုင်ဘူး''
''ကျွန်မနာမည်က သီရိမေ လွန်ခဲ့တဲ့(၁၅)နှစ်က …''

သွေးပေနေခဲ့သော နပ်စ်မလေးဝတ်စုံနှင့် သီရိမေဟာ အခန်းအပေါက်ဝ၌ ရပ်တန့်လျက် ပျက်သားလွန်းလှသော လေသံများနှင့် မျှားကလေးအား ပြောဆိုနေခဲ့၏။ သို့သော် မျှားကလေးမှာမူ သီရိမေ၏ ပြောဆိုနေခဲ့သော စကားများအား မည်သည့်အရာတစ်ခုမှ သူမ နားမလည်နိုင်ချေ။ ထို့ကြောင့် ကြောင်တောင်တောင်ဖြစ်နေခဲ့သော မျှားကလေးအား နပ်စ်မလေးမှာ ရှင်းပြပြောဆိုမည်အလုပ် သူမ၏နားအတွင်း၌ တစ်စုံတစ်ခုသော အသံများအားကြားလိုက်ရသည့်အလား ပြောလက်စ စကားများအားရပ်တန့်သွားခဲ့ရင်း ဘေးတစ်ဖက်သို့ကြည့်ခါ ပြေးရှောင်သွားခဲ့လေသည်။

လေပြင်းတစ်ချက်က ပြင်းထန်လှသည်။ နပ်စ်မလေးတစ်ယောက် မိမိအားပြောလက်စ စကားများဆက်လက်၍မပြော ရုတ်တရက်ထွက်ပြေးသွားသည်ကြောင့် မျှားကလေးတစ်ယောက် အခန်းအပြင်သို့ လိုက်လံထွက်ရန် ဟန်ပြင်လိုက်ချိန်၌်

''အား!… ''
''မမျှားလေး… မမမျှားလေး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ''
''အား!… ကျွတ်ကျွတ်… ''
''အစ်မရရဲ့လား''
''ရတယ်… ဘယ်ရောက်သွားတာလဲ သူဘယ်ရောက်သွားတာလဲ''
''ဟင်အစ်မ… ဘယ်သူ့ကိုပြောနေတာလဲ''
''အခုန အစ်မနဲ့အခန်းရှေ့မှာ စကားရပ်ပြောနေတဲ့ နပ်စ်မလေးလေ… သူဘယ်ရောက်သွားတာလဲ''

အခန်းတံခါးအား တစ်စုံတစ်ယောက် လာခေါက်သံကြား၍ မျှားကလေးတစ်ယောက် တံခါးဖွင့်ရန် လှမ်းသွားခဲ့သည်။ သို့သော် တံခါးမှာ လွယ်ကူစွာဖြင့် ဖွင့်ဟမရသည်ကြောင့် တံခါးလော့အား အားကုန်ဆွဲနေသည့် မျှားကလေးတစ်ယောက် အရှိန်လွန်ကာ နောက်ပြန်လဲကျလာရသည်။ နောက်ပြန်လဲကျလာသည့် မျှားကလေးအား တင်ဇာနှင့်စာမိ စိုးရိမ်ကြီးစွာမေးမြန်းချေခဲ့သည်။ ထို့နောက် မျှားကလေး၏နှုတ်မှ အခန်းအရှေ့၌ သူမနှင့်စကားရပ်လျက်ပြောနေသော နပ်စ်မလေးတစ်ယောက် အဘယ်သို့ရောက်ရှိသွားသနည်းဟု မေးမြန်းလိုက်သည်ကြောင့် တင်ဇာနှင့်စာမိ တစ်ဦးမျက်နှာတစ်ဦး ကြောင်တောင်တောင်ဖြင့်ကြည့်မိလိုက်သည်။

မျှားကလေး၏ စိတ်အတွင်း၌ နာကျင်နေခဲ့သော ဝေဒနာများနှင့် အခန်းတံခါးအားလွယ်ကူစွာဖြင့် ဖွင့်ဟချေခဲ့ပြီး နပ်စ်မလေးတစ်ဦးနှင့် စကားများစွာပြောဖြစ်ခဲ့ကြသည်ဟု သိရှိထားခဲ့သော်လည်း တင်ဇာနှင့်စာမိ၏အမြင်မှာတော့ မျှားကလေးတစ်ယောက် တံခါးအား ဖွင့်မရ အားကုန်သာလျင်ဆွဲဖွင့်နေခဲ့ပြီး နောက်ပြန်လဲကျလာရသည်သာ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် မျှားကလေးသာလျင် ကြောင်တောင်တောင်ဖြင့် ထိုစကားများ ပြောဆိုလာခြင်းသာဖြစ်မည်ဟု ယူဆလျက်

''အစ်မမျှားလေး… သက်သာရဲ့လား''
''ရပါတယ် အစ်မဘာမှမဖြစ်ပါဘူး… အခုန နပ်စ်မလေးပြောသွားတယ် … အစ်မတို့တွေ ဆေးရုံရောက်နေကြတာတဲ့''
''ဟာဗျာ… အစ်မ… ခဏလေးနားလိုက်ဦးနော် အစ်မပင်ပန်းနေပြီ''
''ဟင်!… ''

မျှားကလေး၏နှုတ်မှ ထိုသို့ပြောစကား ထပ်မံကြားလိုက်ရသည်ကြောင့် စာမိမှာမျှားကလေးအား ယောင်ရမ်းပြောဆိုနေခဲ့ခြင်းသာ ဖြစ်မည်ဟု ယူဆလျက် နှစ်သိမ့်ချေခဲ့သည်။ သို့သော် မျှားကလေးမှာမူ အခန်းအဝ၌ နပ်စ်မလေးသီရိမေနှင့် စကားများစွာပြောဆိုဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်အတောအတွင်း၌ပင် အခန်းတံခါးအား လာရောက်ဖွင့်လစ်နေခဲ့သော အသံများထပ်မံကြားလိုက်ရပြန်သည်။

ထိုတစ်ကြိမ်မှတော့ ဒေါက်တာရဲမောင်တစ်ယောက် ထိုအခန်းအတွင်း၌ရှိနေသော လူငယ်များထဲမှ သွေးအားကောင်းသော လူငယ်တစ်ဦးအား ခေါ်ဆောင်စေခိုင်းလိုက်ခြင်းကြောင့် ရောက်ရှိလာခဲ့သော ဆရာဝန်လေးတစ်ယောက်နှင့် နပ်စ်မလေးတစ်ဦးပင်ဖြစ်ချေသည်။ ထိုသူနှစ်ဦးမှာတော့ ခတ်ထားသည့်အခန်းသော့အား ဖွင့်လျက် အခန်းအတွင်းသို့ တည်ငြိမ်စွာဖြင့် ဝင်ရောက်လာခဲ့ရင်း ပြန်လည်သတိရရှိနေခဲ့သော တင်ဇာ စာမိ မျှားကလေးတို့အား မြင်တွေ့လိုက်ရလေသည်။

''သြော်!… ခင်ဗျားတို့သတိရနေကြပြီပဲ… အေးဗျာ စိတ်တော့မရှိနဲ့ ကျွန်တော်တို့ဆေးရုံမှာ လူနာတွေအရမ်းများနေတာနဲ့ ခင်ဗျားတို့အဖွဲ့ကို ဒီအခန်းထဲမှာ ခဏနေရာချထားပေးခဲ့တာ… အခုအားလုံးသတိရနေကြပြီလား''
''ရှင်… ဒါ… ဒါဆို… ကျွန်မတို့အားလုံး ဆေးရုံရောက်နေကြတာပေါ့…ဟုတ်လား''
''ဟုတ်ပါတယ်… ဘာမှမစိုးရိမ်ကြနဲ့တော့ ကဲဆရာမ… ဆရာဝန်ကြီးမှာလိုက်တဲ့အတိုင်း သတိရနေတဲ့ သူတို့သုံးယောက်ကို သွေးပေါင်ချိန်ပေးပါ''
''ဆရာ… ဒီမှာရှိမနေကြတဲ့ ကျွန်တော်တို့သူငယ်ချင်းတွေရော'
''သြော်… သူတို့အားလုံး ကျန်းကျန်းမာမာရှိကြပါတယ်… ခင်ဗျားတို့သတိရနေပြီဆိုတာ သူတို့သိတာနဲ့ ရောက်လာကြလိမ့်မယ် … ကျွန်တော်ပြောပြပေးလိုက်ပါ့မယ်''

''ဟုတ်ကဲ့ဆရာ!… ကျွန်တော့ကိုလဲ တစ်ချက်လောက်ကြည့်ပေးပါဦး ကျွန်တော်ခါးအောက်ပိုင်း လှုပ်လို့မရဘူးဆရာ… တော်တော်လေးနားနေတယ်''
''ဟုတ်ပြီဟုတ်ပြီ ကျွန်တော်ဆရာဝန်ကြီးကို ပြောပြပေးပါ့မယ် ပြီးတာနဲ့ ခင်ဗျားဆီကိုပြန်လာခဲ့မယ်''
''ဒီဘက်က အစ်မကရော… ''
''ရှင်!…''
''သြော်!… အစ်မကရော သက်သာရဲ့လားလို့''
''ဟုတ်… ဟုတ်ကဲ့ ကျွန်မသက်သာပါတယ်… အပြင်မှာရှိနေတဲ့ ကျွန်မသူငယ်ချင်းတွေကို ကျွန်မတို့သတိရနေပြီဆိုတဲ့ အကြောင်း ပြောပေးပါ'
''စိတ်ချပါ ကျွန်တောပြောလိုက်ပါ့မယ်''

''ဒေါက်တာ!… သုံးယောက်ထဲမှာ ဒီညီမတစ်ယောက်ပဲ သွေးအားကောင်းနေတာ တွေ့ရတယ်ဒေါက်တာ''
''အင်း!… ကောင်းပြီးလေ… ကဲညီမ…ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပေးနော်''
''ရှင်!… ကျွန်မက ဘယ်ကိုလိုက်ခဲ့ရမှာလဲ''
''သြော်ဟာ… နင်ကလဲ လိုက်မှာရှိ လိုက်သွားစမ်းပါ နင့်ကိုတစ်ခုခုလုပ်ပေးမလို့ဖြစ်မှာပေါ့… ''
''အေး… အေးပါဟ… ဟုတ်…ဟုတ်ကဲ့''
''ကဲလာ… ''

ဖော်ရွေလှစွာသော ပြောစကားများနှင့် သွေးအားကောင်းနေသည့် တင်ဇာအား ဆရာဝန်လေးနှင့်နပ်စ်မလေးမှာ အခန်းအပြင်သို့ တွဲလျက်ခေါ်ဆောင်သွားခဲ့ချေသည်။ ထို့နောက်ခန်းတံခါးအား သေချာစွာပြန်လည် သော့ခတ်နေခဲ့သော နပ်စ်မလေးအား တင်ဇာနွယ်တစ်ယောက် နားမလည်စွာနှင့် စိုက်ကြည့်နေခဲ့မိသည်။ မည့်သည့်အတွက်ကြောင့် အခန်းတံခါးအား ဤကဲ့သို့ သော့ခတ်နေရသနည်း။အခန်းအတွင်း၌ ခါးအောက်ပိုင်းလွန်စွာ အထိနာနေခဲ့သော စာမိနှင့် မျှားကလေးနှစ်ဦးသာ ကြောင်တောင်တောင်ဖြစ် ကျန်ရစ်နေခဲ့လေတော့သည်။
                               ******
''ဟာ… တန်ခိုး… မင်း… မင်းဘာဖြစ်လို့ ဆရာဝန်ကြီးကိုရိုက်လိုက်တာလဲ… ဟာကွာ''
''ငါ… ငါမရိုက်ရင် မင်း… မင်းကိုသူသတ်တော့မှာ''
''မင်းဘာတွေလျောက်ပြောနေတာလဲ တန်ခိုးသူငယ်ချင်း မင်းသတိထားစမ်းပါဦး ဘာဖြစ်လို့ အခန်းထဲကနေ ထွက်လာရတာလဲ မင်းတော့ဒုက္ခရောက်တော့မှာပဲ''
''ထီး… ထီးလေး… မင်း… မင်းအားလုံးကိုခေါ်ပြီး ဒီ… ဒီဆေးရုံထဲကနေ ပြေး… ပြေးတော''
''တန်ခိုး… မင်းဘာတွေလျောက်ပြောနေတာလဲ သတိထားပါဦး… ဟာ… တန်ခိုး… သတိထားဦးလေ''

စိတ်လောနေခဲ့သည့် မိမိအား မည်သည့်နေရာဆီသို့ ရောက်ရှိသွားခဲ့သနည်း မသိရှိသော ပန်းအိတစ်ယောက် ပျောက်ဆုံးသွားခဲ့ခြင်း ပတ်သတ်ပြီး မသင်္ကာစဖွယ်အပြုမှုများနှင့် အပိုစကားများမေးမြန်းနေခဲ့သော ထီးကလေးအား ဒေါက်တာသန်းနိုင်တစ်ယောက် ကြာရှည်စွာရှင်းပြစကားများ မပြောဆိုချင်တော့ချေ။ ထို့ကြောင့် အသင့်ဆောင်ထားခဲ့သော လူသတ်ပစ္စည်းစကေဘာအား အသာထုတ်ယူလျက် ထီးကလေး၏နောက်ကျောအား ထိုးသတ်မည်အလုပ်…

အရေးပေါ်ခန်းအတွင်း၌ရှိနေခဲ့သော တန်ခိုးတစ်ယောက် အပြင်သို့ အားတင်ခါထွက်ရောက်လာရင်း သူငယ်ချင်းဖြစ်သူထီးကလေးအား သတ်ရန်ရွယ်လျက်ရှိနေသော ဒေါက်တာသန်းနိုင်အား၏ ဇာတ်ပိုးအား ကိုင်ဆောင်လာခဲ့သော သံချောင်းကြီးဖြင့်  အားကုန်ရိုက်ချစေခဲ့သည်။ သို့သော် ဒေါက်တာသန်းနိုင်အား နောက်ကျောပေးထားခဲ့သော ထီးကလေးမှာမူ ထိုဖြစ်ရပ်အား သတိမထားမိခဲ့ချေ။

ဘာရယ်ကြောင့်မှန်းမသိ တန်ခိုးတစ်ယောက် ဆရာဝန်ကြီးအား ရိုက်နှပ်လျက် အခန်းပြင်သို့ထွက်ရောက်လာခဲ့သည်ကြောင့် သူငယ်ချင်းဖြစ်သူထီးကလေး နားမလည်နိုင်စွာဖြင့် အလောတကြီးမေးမြန်းချေခဲ့သည်။

လွန်စွာသွေးအားနည်းနေခဲ့သော တန်ခိုးမှာလဲ ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖက်သယောင်ယောင်ဖြစ်နေခါ သူ၏ရင်တွင်း၌ပြောဆိုချင်လှသော စကားများအား ကောင်းစွာမပြောဆိုနိုင်ခဲ့ချေ။ မတ်တပ်ရပ်နေရာမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်ကြောင့် လျင်မြန်စွာပွေ့ဖက်လိုက်ရင်း ထီးကလေးမှာတော့ ပြန်လည်မေးမြန်းချေခဲ့သည်။

''တန်ခိုး… မင်း… မင်းဘာဖြစ်လို့ ဆရာဝန်ကြီကိုရိုက်လိုက်ရတာလဲ… မင်းကွာ''
''ထီး… ထီးလေး… မင်း… မင်းတို့ပြေးကြတော့ မင်းဆရာနဲ့ဝကြီး… … ''
''ဟင်… ဘာဖြစ်တုန်း… တန်ခိုးဆက်ပြောလေ''
''မင်းဆရာနဲ့ဝကြီးကို … သူ… သူတို့တွေသတ်ပစ်လိုက်ကြတာ''
''ဟင်… ဟာကွာ… တန်ခိုး မင်းဘာတွေလျောက်ပြောနေတာလဲ… အဲ့ဒါဆရာဝန်ကြီးတွေလေ… မင်းစိတ်ကိုထိန်းပါဦး''

''ထီးလေး… ငါမျက်လုံးတွေ ပြာနေပြီ… ငါသွေးအားတော်တော်နည်းနေပြီ… ငါ့ကိုအရေးပေါ်ခန်းထဲပြန်ပို့ပေး… ပြီးရင် မင်းတို့အားလုံး ဒီနေရာကနေ ဝေးရာကိုပြေးကြတော့''
''တန်ခိုး… မင်းပြောတာကို ငါဘာတစ်ခုမှ နားမလည်ဘူး မင်းအားတင်းထား… ငါဆရာဝန်တွေ သွားခေါ်ပေးမယ်'
''မလုပ်နဲ့… ထီးလေး… ငါသွေးအားနည်းနေတာကလွဲရင် တစ်ခြားဘာမှမဖြစ်ဘူး… မင်းဆရာနဲ့ဝကြီးကို သတ်ပစ်လိုက်တာ အဲ့ဆရာဝန်တွေပဲ အဲ့ဒီအကြောင်းတွေ ငါအကုန်သိသွားလို့ သူတို့ငါ့ကိုနှုတ်ပိတ်မလို့ လုပ်နေကြတာ''
''ပြီးတော့ အခုလဲ မင်းကို ဒီဆရာဝန်သတ်ဖို့လုပ်နေတာ ငါအပြင်ထွက်လာတာ မြန်လို့ မဟုတ်ရင်မင်းတော့ သူ့လက်ချက်နဲ့ သေပြီးပဲ''
''ဟင်!… ''
''ဟုတ်တယ်… ဒီမှာကြည့် သူ့လက်ထဲက လူသတ်လက်နတ်… ပြီးရင် တစ်ခြားသူတွေကိုပါ သူတို့သတ်ပစ်ကြမှာ''
''ဘာ!… ဘယ်လို တန်ခိုး… မင်းပြောနေတာ တကယ်ပဲလား''
''တကယ်ပဲထီးကလေး… အချိန်မရှိဘူး… ငါ့ကိုအရေးပေါ်ခန်းထဲ ပြန်ပို့ပေးခဲ့ ပြီးရင် အားလုံးကိုခေါ်ပြီး မင်းတို့ပြေးကြတော့''
''မင်း… မင်းကရော… ''
''ရတယ်… ငါ… ငါသူတို့ထားခဲ့သလို အခန်းထဲမှာပဲ ဟန်မပျက်ရှိနေမှဖြစ်မယ် နောက်မှ ငါလိုက်လာခဲ့မယ်''
''ဖြစ်… ဖြစ်ပါ့မလားတန်ခိုး''
''ဖြစ်တယ် သွား… မြန်မြန်လုပ် အချိန်မရှိဘူး''
''အေး… အေး''

သူငယ်ချင်းဖြစ်သူတန်ခိုး ပြောဆိုသကဲ့သို့ပင် အဆစ်ပြုတ်နေခဲ့သည့် လက်မောင်းဖြင့် သူ့အား ထီးကလေးတစ်ယောက် အရေးပေါ်ခန်းအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးစေခဲ့သည်။

''ဟာကွာ… သန်းနိုင်တစ်ယောက်ကလဲ ကြားလိုက်တာ… အရေးကြီးနေပါတယ်ဆိုမှ ဆရာမ ဒေါက်တာသန်းနိုင်ကို သေချာခေါ်ခဲ့ရဲ့လား''
''ဟုတ်… ဟုတ်ကဲ့ ကျွန်မ သေချာခေါ်ပါတယ်''
''စွန်ရဲ… မင်းဖြူလေးနားမှာပဲ ခဏနေခဲ့ဦး… သန်းနိုင်နောက်ကို ငါလိုက်သွားလိုက်ဦးမယ်… အခုပြန်လာခဲ့မယ်သိလား''
''ရဲမောင်!… ငါ့မိန်းမကိုကယ်ပါဦး''
''အေးပါ!… သန်းနိုင်ကိုခေါ်ပြီးတာနဲ့ ဖြူလေးအတွက် ငါတို့အားလုံးပေါင်းပြီး ပြန်ကောင်းလာအောင် လုပ်ပေးပါ့မယ်''

ပထမအထပ်မှ သွေးအားကောင်းသော လူငယ်တစ်ဦးအား ခေါ်ဆောင်လာမည့် ဆရာဝန်နှင့်နပ်စ်မအား အခန်းအတွင်း၌ ဒေါက်တာရဲမောင်တစ်ယောက် စောင့်စားနေခဲ့ရင်း ဒေါက်တာသန်းနိုင်တစ်ယောက်သည်လည်း ယခုအချိန်ထိ ဆရာဝန်ကြီး၏နားနေခန်းအတွင်းသို့ ရောက်ရှိမလာခဲ့သေးချေ။ ထို့ကြောင့် ဒေါက်တာရဲမောင်မှာတော့ စိတ်မရှည်စွာဖြင့် ဒေါက်တာသန်းနိုင်အား ရှာဖွေရန် ဆရာဝန်ကြီး၏ နားနေခန်းအတွင်းမှ ထွက်ရောက်ခါ အောက်ထပ်သို့ စတင်ဆင်းရန်ရွယ်လိုက်လေသည်။

လေးလွန်းလှသော ခန္ဓာကိုယ်။ နာကျင်လွန်းနေသော ဘယ်လက်တစ်ဖက်ဖြင့် တန်ခိုးတစ်ယောက် စေခိုင်းပြောဆိုသကဲ့သို့ ထီးကလေးမှာတော့ လျင်မြန်စွာဖြင့်အရေးပေါ်အခန်းအတွင်းသို့ ပို့ဆောင်ပေးစေခဲ့သည်။ ထို့နောက် တန်ခိုး၏ရိုက်ချက်ဖြင့် အရေးပေါ်ခန်းအရှေ့၌ လဲကျနေခဲ့သော ဒေါက်တာသန်းနိုင်၏ အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းအား ထုတ်ယူရန်ကြိုးစားနေသည့်အချိန်၌ အပေါ်ထပ်လှေကားမှ ဒုတိယအထပ်သို့ တစ်စုံတစ်ယောက် ဆင်းရောက်လာသောခဲ့သော ခြေသံအားကြားလိုက်ရလေသည်။

ထို့ကြောင့် ဒေါက်တာသန်းနိုင်အား မနိုင်မနင်း မရွေ့နေရာမှ လျင်မြန်စွာချလျက် ဒုတိယအထပ် ညာဘက်ခြမ်းဆီသို့ ထီးကလေးတစ်ယောက် လျင်မြန်စွာရှောင်တိမ်းခဲ့ရလေသည်။ ထို့နောက် ဒေါက်တာသန်းနိုင်အား လှမ်းမြင်နိုင်သည့် ကွယ်ရာလေးမှ ပုန်းခိုကြည့်ရှု့လျက် အခြေနေများအား ပိုမိုသေချာစွာသိရှိရန် အကဲခတ်မည်ဖြစ်သည်။

သေချာလေပြီး။ ဒေါက်တာသန်းနိုင်အောင်အား ရှာဖွေရန် ဒုတိယအထပ်သို့ ဆင်းသတ်လာခဲ့သော ဒေါက်တာရဲမောင်ပင်လျင်ဖြစ်ချေသည်။ သူ၏လက်အတွင်း၌ ဆရာဝန်ကြီးစွန်ရဲနိုင် ကိုင်ဆောင်လေ့ရှိသော ပုဆိန်ကြီးအားလည်း ကိုင်ဆောင်လာခဲ့သည့်အား ထီးကလေးတစ်ယောက် မြင်တွေ့လိုက်ရလေသည်။

ထိုသို့သော မြင်ကွင်းများအား မြင်တွေ့လိုက်ရသည့် ထီးကလေးမှာမူ တန်ခိုးတစ်ယောက်ပြောဆိုခဲ့သော စကားများဟာ အမှန်ပင်ဖြစ်ချေနိုင်သည်ဟု သေချာစွာတွေးမိလိုက်လေသည်။ ထိုသို့ဆိုလျင် ဆေးရုံအတွင်း၌ရှိနေခဲ့သော သတိလစ်မေ့မျောနေခဲ့သည့် သူငယ်ချင်းဖြစ်သူများအား မည်သို့ပင် ဆေးရုံအတွင်းမှ ကယ်တင်ပေးရမည်နည်း။ ပန်းအိသည်လည်း ထိုဆရာဝန်များ၏ လက်ချက်ဖြင့် တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်မှာ သေချာလှပြီးဟု ထီးကလေးတစ်ယောက် သိရှိလိုက်ရပြီး နာကျည်းဒေါသထွက်သော မျက်လုံများဖြင့် လက်သီးအားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။

                         *******
*ဆေးရုံအကြောင်းများ ရှင်းလင်းစွာသိရှိသွားခဲ့သော ထိုလူငယ်တစ်ဦး ဆေးရုံအတွင်း၌ရှိနေသော သူ၏သူငယ်ချင်းများအား မည်သို့ပင် ကယ်တင်နိုင်မည်နည်း။

* ဇာတ်လမ်းငါးယောက်ထဲမှ မည်သူများ မရဏလမ်းသို့ရောက်ရှိဦးမည်နည်း။

* မိတ်ဆွေရဲအုပ်မောင်ဝင်းတစ်ယောက် ထိုဆေးရုံသို့ရောက်ရှိလာလျင် ကူညီနိုင်မည်မှာမလွဲချေ။

* အခက်ခဲနှင့်ကြုံတွေ့တိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သည့် မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံ၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

………… အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
 
                              ***
            ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၂၁.၂.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)

*(၁၁)ပုဒ်မြောက် သည်းထိတ်ရင်ဖို တစ္ဆေဇာတ်လမ်းရှည်


Post a Comment