ကျွန်တော်သိသော မိန်းက​လေများ

ကျွန်တော်သိသော မိန်းကလေးများ
-------

၁ - တည်ငြိမ်တဲ့ မိန်းကလေး

ဟန်ဆောင်မှုကို ကျွမ်းကျင်တယ်
ခံစားချက်ကို လိုအပ်သလို အပြုံးနဲ့ဖုံးတတ်တယ်

အားနည်းချက် >>> အရောင်တွေများအောင်လေ့ကျင့်ထားတော့
ကလေးဆန်တဲ့ သွက်လက် ချစ်စရာကောင်းမှုမျိုးသူ့မှာမရှိဘူး

======

၂ - ကလေးဆန်တဲ့ မိန်းကလေး

ဘဝဟာပေါ့ပေါ့ပါးပါး စက္ကူပါးလေးတရွက်ပဲ
လွပ်လပ်တဲ့အပြုံးလေးကြောင့် အမြဲချစ်စရာကောင်းနေတယ်

အားနည်းချက် >>> ရည်မှန်းချက်တွေပျောက်ပြီး
ကိစ္စတိုင်းကို စိတ်ပျက်သွားလောက်အောင် စိတ်ကောက်တတ်ကြတယ်
နားလည်မှုပေးနိုင်မှုစွမ်းအား သူတို့မှာမရှိဘူး

======

၃ - လက်တွေ့ဆန်တဲ့ မိန်းကလေး

ဥာဏ်ကောင်းတယ်
တော်တယ် တတ်တယ်
ဘဝအတွက် အစီအစဉ်ကောင်းတွေကို ရေးဆွဲထားပြီးသား
ထိုသူမျိုးနဲ့အိမ်ထောင်ပြုခဲ့ရင် တိုးတတ်အောင်မြင်မှာကျိန်းသေတယ်

အားနည်းချက် >>> စိတ်ကူးယဉ်နိုင်စွမ်းနည်းပါတယ်
လက်တွေ့မကျတဲ့ ကိစ္စတချို့ဟာ အပိုအလုပ်လို့သူမြင်တယ်
( ဥပမာ - အနမ်း ၊ အကြည့် )

=======

၎ - ရည်မှန်းချက်ကြီးတဲ့ မိန်းကလေး

ဘဝကို ပထမဦးစားပေးနဲ့ အသက်ရှင်နေသူ
လူတကာထက် ခေါင်းတလုံးပိုသာသူတွေ
တကယ်တော်တဲ့ အမျိုးသမီးတွေပါ

အားနည်းချက် >>> အချစ်ဟာသူ့အတွက် ဗိုင်းရပ်စ်တခု
အကြီးမားဆုံးရန်သူလို့သူသတ်မှတ်ထားခြင်းပဲ

==========

၅ - စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေး

နူးညံ့တဲ့ စိတ်ထားပိုင်ရှင်တွေပေါ့
ဘဝကို အပျော်ရွင်ဆုံးနည်းလမ်းနဲ့ ဖြတ်သန်းနေတယ်
နေထွက်ပြီး နေဝင်တယ်ဆိုတာ
သူ့အတွက် အလှတရားချည်းပါပဲ

အားနည်းချက် >>> သူ့အတွက် ဘဝဟာ အလွယ်ချည်းမလာဘူး
အခက်အခဲတွေ့တာနဲ့ အန္ထရယ်များလွန်းတယ်
ပြီးတော့ လူတိုင်းကို သူယုံကြည်တာအဆိုးဆုံးအားနည်းချက်ပဲ

Credit to : Ulay Kyi ( ကိုလင်း )

Post a Comment