ပဉ္စမ​မြောက်​ပန်း​ဒေဝီ အပိုင်း၁မှ ၁၀ထိ

ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                       အပိုင်း(1)
ကန်တော်ကြီးပေါ်ရှိ ခုံတန်းလေးတစ်ခု တွင်ထိုင်
ရင်း ကျွန်တော်ကိုင်ထားသောစာအုပ်လေးတစ်
အုပ်ကိုဖတ်ရန်တွေးလိုက်သည် စာအုပ်နာမည်
က ရာဇာဝင်ထဲကပန်းဒေဝီဖြစ်သည်။ ဒီစာအုပ်လေးဟာ လွန်ခဲ့သော ခရစ်နှစ်AD107 ခုနှစ်လောက်က ရာဇာဝင်တစ်ခုကို အင်္ဂလိပ်လို ရေးသားထားခြင်းဖြစ်သည်။ စာရေးသူဟာနက္ခတ
ပညာရှင်မစ္စတာဂျော့ဂိုးဖြစ်သည်။ သူဟာ နက္ခတာ
ရာကို စိတ်ဝင်းစားသူဖြစ်၍ တရုတ်ပြည်သို့အလည်
ရောက်ရင်း အမှတ်မထင် ထိုရာဇာဝင်ကိုကြားသိ
ရပြီ စိတ်ဝင်စားသဖြင့် ပြန်လည်ရေးသား ခြင်းဖြစ်
သည်။ ထို့စာအုပ်ကို {Historic flower
princess}ဟု နာမည်ဖြင့် မစ္စတာဂျော့ဂိုးဟာ 1897လောက်မှ စာအုပ်ထုတ်ဝေ ခဲ့ပြီ အောင်မြင် မှုမရရှိခဲ့ချေ။ထိုအတွက်သူအရမ်းစိတ်မကောင်း
ဖြစ်ခဲ့ရသည်ဟုသိရသည်။ထိုစာအုပ်သည် သူသိ
နည်းလှတွေ သိတဲ့လူသိပ်များများစားစားမရှိချေ။
     ယခုမှာတော့ ဒီစာအုပ်ကိုကျွန်တော်ဖတ်ရန်အ
အတွက်ကျွန်တော် အဖိုးမဆုံးခင်ကပေးခဲ့ခြင်းဖြစ်
သည်။အဖိုးဟာကျွန်တော်မွေးဖွားစဉ်ကကျွန်
တော်ကို နက္ခတွက်၍ ဒီစာအုပ်ကို ကျွန်တော်
အသက်နှစ်ဆယ်အရွယ်ရောက်လျှင် ပေးဖတ်ရန် ကျွန်တော်အဖေ ကိုမှာခဲ့တော့သည်။ အဖိုးဟာ ဘာကြောင့်ကျွန်တော်ကို တခြားလက်ဆောင်
မပေးဘဲ စာအုပ်တစ်သာပေးသွား ရလည်ဆိုတာ ကျွန်တော် အခုချိန်ထိနားမလည်ခဲ့ပါ။ ကျွန်တော်
နှင့် ဒီစာအုပ်ကရော ဘယ်လိုပါတ်သတ်နေသလဲ။
ကျွန်တော်မသိပါ။ ကျွန်တော် မိဘများကိုကျွန်
တော်မေးသောလည် အဖိုးဘာကြောင့် ကျွန်တော်
ကို ဒီစာအုပ်တစ်အုပ်ပေးသွားမှန်းမသိကြပါ။ အဖိုး
ဟာရည်ရွယ်ချက်ရှိသူဖြစ်၍ တစ်ခုခုရည်ရွယ်ရှိနေ
သဖြင့် ပေးခဲ့ခြင်းဖြစ်သည်ဟုယူဆမိပါသည်။
  အမေပြောပြတာတော့ ကျွန်တော်ဟာကျွန်တော်
ကိုမွေးတုန်းကထူဆန်းသည်ဟုပြောသည်။ကျွန်
တော်ဟာ မွေးကတည်းက စလွယ်ပါ၍မင်းလက္ခ
ဏနှင့်ပြည်စုံသည် ဟုအဖိုးကပြောခဲ့သည်ကိုအမေ
ကတဆင့် သိရသည်။ကျွန်တော်၏ကျောအနောက်
တွင်လည်း ခုနှစ်စင်ကြယ်ပုံသဏ္ဍန် မှဲ့ပါသဖြင်
ကျွန်တော်သည် အရမ်းထူးခြားပုဂ္ဂိုလ်ဖြစ်သည် ဟုပြောခဲ့သည်။ အရင်ဘဝက မင်းဧရာဇ်ဖြစ်မည် ဟုယူဆလျှက် မင်းမဟာဟု ကျွန်တော်ကို အဖိုးက နာမည်ပေးခဲ့သည်။ ကျွန်တော်တစ်ခါလေးမှ ဒီစာ
အုပ်ကိုဖတ်ချင်စိတ်မဖြစ်ဖူးပါ အခုအသက်နှစ်
ဆယ်ကျော်မှ ဒီစာအုပ်ကိုဖတ်ကြည့်ချင်လာသည်။
ဒါကြောင့်စာအုပ်ကိုဖတ်ဖို့ ကျွန်တော်စဉ်းစားမိ
သည် ဒါကြောင့်ဒီနေကျွန်တော်အတန်းမတတ်ဘဲ တစ်ယောက်တည်း အေးအေး စာဖတ်ချင်လို ကျွန်
တော် ဒီကိုလာခဲ့ခြင်းဖြစ်တော့သည်။
     ပထမစာအုပ်ရဲ့စာရွက်ပထဦးဆုံးကိုလှန်လိုက်
ချိန်မှာကျွန်တော်နောက်မှ
"ဟိတ်…ဘာလုပ်နေလဲ"
အနောက်ကနေတစ်ခုခုနှင့် လှမ်းပေါက်သဖြင့်
ကျွန်တော်လှည့်ကြည့်လိုက်ရာ ကျွန်တော်နဲရွယ်
တူ မိန်းကလေး သုံးယောက်ကို တွေရသည်။
စာသင်ခန်းထဲတွင် ကျွန်တော်ကို အမြဲတမ်း
စနောက်နေသော မိန်းကလေးများဖြစ်ကြသည်။
ကျွန်တော်က ထိုင်ရာကမတ်တပ်ရပ်လိုက်ပြီ
"မင်းတို့ ဘာလာလုပ်တာလဲ"
သူတို့ထဲက ခပ်ဆွာဆွာ ကောင်းမလေးက
"ရှင်ကရော ဒီမှဘာလာလုပ်နေလဲ အတန်းလစ်ပြီ
တော့"
ပန်းရောင်ဝတ်ဆင်ထားသော ကောင်းမလေးက
"သူ့ကောင်းမလေးစောင့်နေတာနေမှာပေါ့"
"ဟားးးး  ဟားးးးးဟားးးးး"
"ဟုတ်လား သူကောင်းမလေးက ဒို့လောက်ချော
ပါ့မလား"
"စောင့်ကြည့်မှပေါ့ လူရိုးကြီးရဲ့ကောင်းမလေး
ဆိုတော့ ရေခဲတုံးဘဲနေမှာ"
"ဟားးးဟားးးဟားး"
ကျွန်တော် သူတို့သုံးယောက်ကြည့်ပြီ စိတ်ပျက်
သွားသည် တော်တော်မလွယ်မိန်းကလေးတွေဘဲ
မလွယ်ဘူး ဒီနေရာကနေ အိမ်ပြန်မှဖြစ်မယ် နောက်ဆိုက တော်တော်လေးကို သူတို့နဲကြပ်ခံထိ
လိမ့်မယ်…သူတွေးကာ ဖြင့်အိမ်ပြန်ရန်သူတို့ကို ဘာမှမပြောဘဲ လှည့်ထွက်လိုက်သည်။ ထိုအချိန်ပန်းရောင်အကျီ င်္ဝတ်ထားသောကောင်း
မလေးက
"ဘယ်သွားမှလဲ ရှင့်ကောင်းမလေးကိုမစောင့်
တော့ဘုးလား"
ကျန်သောနှစ်ယောက်ကပါ
"သူကိုစိတ်ကုန်သွားလို မလာတော့ဘူးထင်တယ်
ဟားးးး"
သူတို့ပြောလိုက်ရီနေကြတော့သည်။သူလည်းဂရု
မစိုက် ချင်သဖြင့် မသိချင်ယောင်ဆောင် လိုက်
သည်။ ထိုအခါ ပန်းရောင်ဝတ်ထားသောကောင်း
မလေးက သူအနားပြေးလာပြီ သူအရှေ့မျက်နှာ
မှုရပ်ကာ
"ရော…ရှင့်အတွက် လက်ဆောင်ပေးတာ"
သူအံသြသွားသည် ထိုကောင်းမလေးက သူကို
နှင်းဆီပန်း အနီရောင် တစ်ပွင့်ကို လက်ကမ်းပေး
နေတော့သည်။သူက
"ငါ ပန်းမကြိုက်ဘူး ငါကိုမနှောက်ယှက်ပါနဲ မင်းတို့ အေးအေး ဆေးဆေးနကြပါ"
သူက သူမကိုမျက်နှာလွဲကာ လှည့်ထွက်လိုက်
တော့သည်။ သူမက
"မင်းမဟာ… ငါတို့နင်ကို ခင်လိုစတာပါ နင်ငါတို့ကို
စိတ်ဆိုးလား ငါတောင်ပန်းပါတယ် ငါတို့က နင်
ကိုခင်လိုပါ"
သူကသူမကို တစ်ချက်လှည့်ကြည့်လိုက်ပြီ သုမ
မျက်နှာငယ်လေး နှင့်တောင်ပန်းနေသည်ကိုတွေ့
ရသည်။သူက မျက်နှာခပ်တည်တည်ဖြင့်
"ငါ ဘယ်သူနဲမှ မခင်ချင်ဘူး သူငယ်ချင်းလည်
မလိုဘူး ငါတစ်ယောက်တည်းဘဲနေချင်တယ် ငါ
ကို မင်းတို့ နှောက်ယှက်နေတာတွေ ရပ်လိုက်ပါ
ငါ မင်းတို့နဲ သူငယ်ချင်းမဖြစ်ချင်ဘူး ငါသွားတော့
မယ်"
သူမကသူစကားကြောင့် တိတ်ဆိတ်သွားတော့
သည်။ သူမက သူစကားကို တွေးဝေသွားပုံရ
သည်။ သူလည်သူမအား တစ်ချက်ကြည့်ပြီ ထိုနေရကနေ လျှောက်လှမ်းလာလိုက်သည်။ သူ
တို့လည် ကျွန်တော်ရဲ့မာထန်တဲ့မျက်နှာထား
ကြောင့် ဘယ်သူမှဆက်၍မတားရဲကြတော့ချေ။
    သူလမ်းလျှောက်လာရင်း တွေးနေမိသည်။ ငါ
ဒီစာအုပ်လေးကို ဖတ်မယ်ဆိုမှ အနှောက်အယှက်
တွေကများလိုက်တာပန်းဒေဝီရယ်။မင်းနဲငါများ
တစ်ခုခုများ ဆက်စပ်နေသလား ပန်းဒေဝီရယ်။
မင်းကို ဘာလို ပန်းဒေဝီလို ခေါ်တွင်းစေခဲ့တာ
လဲ ငါနဲရောမင်းက ဘယ်လိုဆက်စပ်နေမလည်း
ငါသိချင်မိတယ် ငါဟာမွေးလာကတည်းက ငါလက်
နဲပန်းတွေကို ထိလိုက်တိုင်းဘာလို့ညှိုးနွမ်းသွားရ
တာလဲပန်းဒေဝီ ဒါကြောင့်ငါ ခုနက မိန်းကလေး
ပေးသော ပန်းကိုမယူခဲ့တာဟာ အဲဒီပန်းဟာ ငါလက်နှင့်ထိလျှင် နွမ်းသွားမယ်ဆိုတာ သိနေခြင်း
ကြောင့်ပါ သူတွေးရင်းနှင့် တစ်ယောက်တည်း လမ်းလျှောက်လာတော့သည်။
     သူကားလမ်းမပေါ်ရောက်တော့taxiကိုတား
လိုက်ပြီ ကားသမားက
"ညီလေး ဘယ်သွားဖို့လဲ"
သူက
"ဆူလေ ဘုရားလမ်းကို"
"တတ်လေ ညီလေ"
"ဟုတ်ကဲ့"
သူလည်ကားပေါ် တတ်လိုက်ပြီထိုင်လိုက်သည်
ကားသမားကမောင်းလာလိုက်ပြီ
"ဘယ်ဘက်ကို မောင်းရမလည်းညီ"
" လမ်း သုံးဆယ်ဘက်ကို မောင်းပါ"
ကားသမားလည် သူကိုခေါင်း ငြိမ့်ပြကာ ကားကို
သား ဂရုစိုက်မောင်းနေတော့သည်။ သူကတော့
ကားပြတင်းပေါက် ဘက်ကနေအပြင်းသို့ငေးကြည့်
နေလိုက်သည် လက်ထဲတွင်လည် စာအုပ်ကိုသေ
ချာ ဆုပ်ကိုင်ထားတော့သည်။
  သူကားစီးရင်း အပြင်ဘက်ကိုငေးလားမိတော့
သည်။ ရန်ကုန်မြို့ရဲ့မြင်ကွင်းဟာ အရမ်းကိုပင် ရှုပ်တွေလှသည်။ လမ်းတွင် ကားများကိုလည်
မျက်လုံးမူးနှောက်အောင် တွေ့ရနေတော့သည်။
မြင့်မားတဲ့ အဆောက်အဦးတွေကြောင့် ကောင်း
ကင်ကို လှလှပပမမြင်ရချေ။ ရှုပ်ယှက်ခတ်နေတဲ့
ကားတွေ လမ်းပေါ်တွင် ကိုယ်လိုရာ လမ်းလျှောက်
နေကြတဲ့သူတွေ ကားစည်းကမ်းမဲ့ကွေ့ချင်သလို ကွေ့နေကြပုံတွေ။ မီးပွုင့် မိ၍ကားကို ခဏခဏရပ်
နေရတဲ့ အဖြစ်တွေ ကိုသူကြည့်ရင်း စိတ်ပျက်လာ
တော့သည်။ ဒီလိုနဲကားက ဆက်၍မောင်းလာခဲ့ရာ
ဆူလေ ဘုရားနားသို့ရောက်လာတော့သည်။ ဆူလေလမ်းမှပေါ် တွင် ခိုတွေကို အစာကျွေးနေ
သော စုံတွဲတစ်တွဲကိုတွေရပြန်သည်။ ခိုတွေအများ
ကြီးကြား အစာတွေကိုမြှောက်မြှောက်၍ ပစ်ကာ
ပျော်မြူးနေကြသော ချစ်သုစုံတွဲတစ်ဖြစ်သည်။ တခြားကြည့်သူ အဖို့တော့တော်တော်ကြည်နူးစရာ
ပုံလေးပါ ကျွန်တော်ကတော့ ထိုစုံတွဲကိကြည့်၍ တစ်ချက်သာကြည့်၍ပြုံးမိသည် ဒီလိုနဲ့ကားမောင်း
လာရာအိမ်ရှေ့သို့ ရောက်လာသည်။ကားပေါ်က ဆင်းလိုက်ပြီ ကျွန်တော်ကားခကို ဒရိုင်ဗာကို ရှင်းပေးလိုက်သည်။ ပြီတော့ကျွန်တော်အိမ်ထဲသို့
ဝင်လာတော့သည်။
    အမေက အိမ်ထဲက ထွက်လာပြီကျွန်တော်ကို
တွေ့၍
"သား ပြန်လာပြီလား ဒီနေ့အစောကြီးပါလား ဘာ
ဖြစ်လိုလဲ နေမကောင်းဘူးလား"
အမေက ကျွန်တော်အနားသို့လာ၍ ကျွန်တော်န
ဖူးလေးကိုစမ်းကာ ဂရုတစိုက်မေးလိုက်သည်။
"နေကောင်းပါတယ်မေမေ သားအတန်းမတတ်
ချင်တော့လိုပါ"
"ဘာဖြစ်လိုလဲသားရယ်"
"စိတ်မပါလို့ပါမေမေ"
"အဲဒါဆိုလည်းရေ မိုးချိုးပြီ ဆင်းလာခဲ့ သားကြိုက်
တတ်တာတွေ မေမေချက်ထားတယ် ထမင်းစားရ
အောင်နော်"
သူခေါင်းလေးသာ ငြိမ့်ပြလိုက်ပြီ အိမ်အပေါ်
ထပ်သူအခန်းဆီသို့ လာလိုက်တော့သည်။သူစာ
အုပ်ကို စားပွဲပေါ်သို့တင်လိုက်သည်။ စာအုပ်ကိုသူ
ညကြမှဖတ်ရန်ဆုံးဖြတ်လိုက်တော့သည်။
သူကုတင်ပေါ်သို့ခဏထိုင်လိုက်ပြီ သက်ပြင်း
တစ်ချက် စာအုပ်ကိုကြည့်လျှက်ချလိုက်တော့သည်
။ တစ်ခဏကြာသူနားပြီမှ သူရေချိုးရန်အတွက် မျက်နှာသုတ်ပုဝါကို ယူပြီ ရေချိုးခန်းထဲသို့ ဝင်လိုက်လေတော့သည်။

အပိုင်း(1)ပြီ၏စာဖတ်သူများအားလေးစားလျှက်
                                  စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
.………………………
                       အပိုင်း(2)
ညဆယ်နာရီခန့်အချိန်တွင် ကျွန်တော်အခန်းလေး
ထဲက စားပွဲပေါ်သို့ စာအုပ်လေးကိုတင်လိုက်ကာ
ထိုင်လိုက်သည်။ ပြတင်းပေါက်တံခါးဖွင့်ထား
သဖြင့် ဆောင်လေ၏ ခြောက်သွေ့အေးမြသော
လေက အစဉ်တစိုက် တိုက်ခက်လျှက်ရှိသည်။
ကျွန်တော် စာအုပ်ကိုဖတ်ဖို့ဆုံးဖြတ်ထားပြီမို့ စာ
အုပ်လေးကိုဖွင့်ကာ စာမျက်တစ်ကိုစတင် ဖတ်
လိုက်တော့သည်။
    ဟိုလွန်ခဲ့သော AD107ခုနှစ်၌ တရုတ်နှင့်အန္ဒိ
ယနိုင်ငံတို့၏ နယ်နိမိတ်ဖြစ်သော ဟူချိုင်းတောင်
ဘက် ဂင်္ဂါမြစ်ကို ပိုင်းခြား၍ တိုင်းနှင့်ပြည်နယ် အသီးသီး ပိုင်းခြား၍ မင်းနိုင်ငံတော်တွေ တည်
ထောင်ခဲ့ကြသည်။ ထိုတရုတ်နိုင်ငံတွင်၌လက္ကတား
ပြည်တွင် အလွန်းအာဏရှိသော ဘုရင်၏ အကို
တော်ဆက်သူဦးရီတော် ရန်ကျန်ဆောင်ရှင်း ရှိလေသည်။ သူသည် ဘုရင်၏ အာဏာတစ်ဝက်
လောက်ကို သူကအမိန့်ပေးလေ့ရှိတော့သည်။ သူတွင်မော်ပညာတတ်သော လော့ရင်းဟုခေါ်
သော သူတစ်ယောက်ရှိလေသည်။မော်ဆရာလော့ ရင်းဟာ ဦးရီတော်ရဲ့အမိန့်ကိုနားခံလျှက် ဦးရီး
တော် ခိုင်းသမျှကို မော်ပညာနှင့်တိုက်ခိုက်လျှက်ရှိ
တော့သည် ထိုကြောင့် သူကိုနိုင်ငံတော်တစ်ခုခု ဖြစ်မှစိုးသဖြင့်ဘယ်သူကမှ သူအမိန့်ကိုမလွန်ဆန်
ရဲလျှက်ရှိကြသည်။ ဘုရင်ကိုလည် သူ၏မော်နှင့် ပြုစားခံထားရသဖြင့် ကျန်းမာရေးက ချုချာလွန်း
သည် နိုင်ငံကိုလည်း ကောင်းကောင်းမအုပ်ချုပ်နိုင်
ချေ။ ဘုရင်ဟာ နိုင်ငံတော်ကို ပျက်သုံးမှစိုးသဖြင့်  သူ၏နောက်ထပ်ဆက်ခံနိုင်တဲ့ မင်းလောက်တစ်ပါး
ကို သူအတွက် အမှန်တစ်ကယ်လိုအပ်နေလျှက် ရှိတော့သည်။ ဘုရင်မင်းမြတ်တွင်လည်သားတော်
သုံးပါးရှိလေသည်။၁၀နှစ်အရွယ်သားတော်ကြီး ယူဇရာဇ်။ ၈နှစ်အရွယ် သားတော့ယူကျန်မင်း။ ၅နှစ်အရွယ် ယူရှန်ပင်း တို့ဖြစ်သည်။
     သားတော့သုံးပါး၏ ဇာတာကို ဒီနေ့ဦးရီတော်
ကဘုရင်ခမ်းမဆောင်တွင် သားတော်သုံးပါးကို
ခေါ်လျှက် စစ်ဆေးတော့မည်ဖြင့်။ ခမ်းမတွင် သားတော် သုံးပါးနှင့် ဝန်မင်းများ အမတ်များ မိဖု
ရားများပါ အားလုံးက ဘုရင်ဖြစ်လာမည့် သား
တော်ကို သိချင်နေကြတော့သည်။ ဘုရင်နှင့် ဦး
ရီးတော်တို့က ခန်းမဆောင်သို့ ရှေ့ဆင့်နောက်
ဆင့်ရောက်လာကြပြီ အခမ်းအနားကို ဘုရင်က
"ကယ် အခမ်းအနားစတင်ကြတော့ ဝန်းမင်းများ"
ဝန်မင်းတွေကလည် ဘုရင်စကား အဆုံးတွင်
"အမိန့်တော်မြတ်အတိုင်းပါ အရှင်မင်းကြီ.း"
ပညာရေးဝန်းကြီးက ပထမဦးဆုံးဖြင့် ဇာတာစစ်
နက္ခပညာရှင်များကို နေရာယူစေပြီမှ
"မင်းသားလေး ယူဇရာဇ်ရဲ့ ဇာတာကို ဖော်ပြပါ
နက္ခပညာရှင်များ"
နက္ခတွက်ပညာရှင်များက ပထမဦးဆုံးတွက်ချက်
ကြပြီ နက္ခပညာရှင်တစ်က ထွက်၍လျောက်လေ
သည်။
"မှန်လှပါ အရှင်မင်းကြီး မင်းသားလေး ယူဇရာဇ်
ဟာ ပညာတော်၍လက်ရုံးရည် ပြည်စုံသော မင်း
တစ်ပါးဖြစ်နိုင်ပါသည် အရှင်မင်းကြီး"
ဘုရင်ဟာ နက္ခပညာရှင်ရဲ့စကားကို သိပ်ဘဝမကျ
ချေ ပညာတော်၍ လက်ရုံးရည်ရှိယုံနှင့် တိုင်းပြည့် ရဲ့မင်းကောင်းတစ်ပါး မဖြစ်နိုင်ချေ ဒါကြောင့် စိတ်ပျက်ကာဖြင့်
"နောက်တစ်ယောက် တွက်စေ"
ဘုရင်ရဲ့စိတ်ပျက်တဲ့ စကားသံကြောင့်ဦးရီတော်ရီ
ကာ ဖြင့်
"အငယ်ဆုံးတစ်ယောက်ကို အရင်တွက်ပါ"
ဦးရီတော် စကားကြောင့်ဘုရင်ဟာတော်သေးတာ
ပေါ့ သားတော် ယူကျန်မင်းကို မခေါ်ဘဲ သားငယ်
၏ဇာတာကို အရင်စစ်ဆေးခိုင်းလေသဖြင့် သက်
ပြင်းချကာဖြင့် သားတော် ယူကျန်မင်းကိုဦးရီးတော် ကအလေးမထား ဘူဆိုတာသိရသဖြင့် ဘုရင်ပြုံးမိ
လေတော့သည်။
"အမိန့်တော့မြတ်အတိုင်းပါ အရှင်မင်းကြီး"
သားတော်ငယ်ကိုခေါ်၍ စစ်ဆေးကြရာ
"မင်းသားလေးရှန်ပင်းဟာ သိမ့်မွေ့အနုပညာကို
မြတ်နိုးသော မင်းဖြစ်လိမ့်မည် သူ၏အကိုတော်
တွေ အမိန့်ကိုမကျော်လွန်ဘဲ အကိုတော်တွေ သေဆုံးပြီမှ မင်းဖြစ်လိမ့်မည် နှလုံးရည်ပြည့်ဝ၍ သာယာသောမင်းဖြစ်လိမ့်မည်"
ဦးရီတော်ဟာ မင်းသားလေးကို ကြည့်၍ အကို
တော်တွေ သေဆုံးပြီ မှမင်းဖြစ်မည်ဆိုသဖြင့် သူ
ထိန့်လန့်သွားသည် မင်းသားလေးကို သေချာ
ကြည့်၍ ငါဒီကလေးကို သတိထားရမယ် ငါကို့ပြန်
သတ်နိုင်တာ လော့ရင်းပြောပုံဆိုရင် သားတော်
သုံးပါးထဲက ဒီလေးဖြစ်နိုင်တယ် ငါအခုကတည်းက
ဒီကလေးကို သေချာစောင့်ကြည့် ထားရမယ်
ဘုရင်က ဦးရီးတော်မျက်နှာကို ကြည့်၍  တစ်ခုခု
ကြံနေပြီဆိုတာ ရိပ်မိသွားသဖြင့်
"ကယ်နောက်တစ်ယောက် ဇတာစစ်ဆေးစေ"
ဝန်းမင်းက ကျန်ရှိနေသေးသော မင်းသားလေးကို
ခေါ်တော့သည်။
"မင်းသားလေး ယူကျန် ယူကျန် ယူကျန်"
ယူကျန်ဟာ သူအလှည့်မရောက်သဖြင့် ထိုင်နေ
ရင်းအိပ်ပျော်နေတော့သည်။ သူနာမည်ကို ထပ်ခါ
ထပ်ခါခေါ်လည် သူကမကြား တမေ့တမော အိပ်
ပျော်နေလျှက်ရှိသည်။ ဦးရီတော်က စိတ်ပျက်လာ
သဖြင့်
"ကယ် ရှိစေတော့ ဒီအတိုင်းသာ စစ်လိုက်တော့
ဒီကလေး ရဲ့ဇာတာကို"
နက္ခပညာရှင်က ဘုရင်မျက်နှာကို တစ်ချက်ကြည့်
၍ ဘုရင်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ နက္ခ
ပညာရှင်က တွက်ချက်ကာ ဟောတော့သည်။
"မင်းသားလေး ယူကျန်ဟာ ပေါ့ပေါ့တန်တန်နေ
၍ဘယ်အရာမှ အလေးထားသူမဟုတ် မိစ္ဆာမနှင့်
ချစ်ကျွမ်းဝင်၍ ပြည်ဖျက်မဲ့ သူမျိုးဖြစ်ပါတယ် ဒါ
ကြောင့် ယူကျန်ဟာ မင်းမျိုးကိုမင်းနွယ်ကို ညစ်
ညမ်းစေ၍ ကိုယ်ကိုယ့်ကို အဆုံးစီရင်ပါလိမ့်မယ်
သူတစ်ဦးဖြစ်ပါတယ် အရှင်မင်းကြီး"
"ဟားးးးးဟားးးးဟားးးးးးး"
ဦးရီတော်ဟာ ထိုစကားကိုကြား၍ ဟက်ဟက်ပက်
ပက်ရယ်မောလေးတော့သည်။ သူမတ်တပ်ထရပ်
လိုက်ပြီ ဘုရင်အားကြည့်ပြီ
"ညီတော်မင်းကြီ ညီတော်မင်းကြီးရဲ့သားတော်
တွေဟာ တစ်ယောက်မှဇတာက အသုံမကျပါလား
လော့ရင်ငါကိုယ် တော်ကို ပြောတုန်းက ညီတော် မင်းကြီးရဲ့သား သုံးယောက်ထဲကတစ်ယောက်ဟာ ကြီးမြတ်သောမင်းဖြစ်လိမ့်မယ်တဲ့ဥာဏ်အလွန်
ကောင်း၍ ဘက်စုံတော်သောမင်းဖြစ်ပြီ ငါကိုယ်
တော်ကိုအဆုံးစီရင်လိမ့်မယ်ဆိုဘဲ မိစ္ဆာကိုပါ ထိန်း
ချုပ်သတ်နိုင်လိမ့်မယ် လော့ရင်းရဲ့မော်ပညာနှင့် သူကိုထိန်းချုပ်မရနိုင်တဲ့မင်းဖြစ်လိမ့်မယ်တဲ့ ပညာတော်၍လက်ရုံရည်ရော နှလုံးရေ ပြည့်စုံ၍ သူ၏အချစ်ဟာရာဇာဝင်တွင်မည့် အချစ်သူရဲ
ကောင်း အဖြစ် မင်းဖြစ်လာလိမ့်မယ်ဆိုသလားဘဲ အခုတော့ညီတော်ဘုရင်ရဲ့သားတွေရဲ့ ဇာတာ တွေဟာ တစ်ယောက်မှ ငါကိုမကျော်လွှာ နိုင်ပါလား ဟားးးးဟားး လော့ရင်း လောရင်း မင်း
ရဲ့တွက်ချက်က မှားသလား နက္ခပညာရှင်တွေက
ဘဲ မှားသလား ငါကတော့ ငါကိုယ်တော်ကို သတ်မယ့်သူက ညီတော်မင်းကြီးရဲသား တစ် ယောက်မှတော့ မဖြစ်နိုင်ဘူး ဟားးးးးးးးဟားးး"
ဦးရီတော်ဟာ ရီ၍ခမ်းမဆောင်ထဲကနေ ထွက်
သွားလိုက်တော့ သည် သူနောက်လိုက်များလည်
သူနောက်သို့လိုက်ကာ ထွက်သွားကြတော့သည်။ နက္ခဟောပေးသောဆရာက ပြုံး၍ဘုရင်မျက်နှာ
ကိုကြည့်လိုက်သည် ဘုရင်ကခေါင်းကို ငြိမ့်ပြသည် နက္ခဆရာလည် ဘုရင်အမှုအယာကိုကြည့်၍ စိတ်
ချရတော့သည်။ ဘုရင်က
"ကယ် အခမ်းနားသိမ်းမယ်"
"အမိန့်တော်မြတ်အတိုင်းပါ ဘုရား"
ဘုရင်က ပုလ္လင်ပေါ်က ဆင်းလာပြီ သားသုံး
ယောက်ကို ကြည့်လိုက်ကာ
"အထိန်တော် သားတော် ယူကျန်ကို ငါကိုယ်တော်
ခန်းဆောင်ဆီ ခေါ်ခဲ့ပါ"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
အထိန်တော်က မင်းသားလေးကျန်မင်းကို သွား
ချီမခဲ့ပြီ ဘုရင်နောက်သို့ လိုက်လာလေတော့
သည်။ ဘုရင်လည် ခမ်းမအပြင်ဘက်သို့ရောက်မှ
သက်ပြင်းချနိုင်သည်။
တော်သေးတယ် ငါကိုတော် သားတော်ရဲ့ဇတာကို
လိမ်၍ ပြောစေလို့ နောက်ဆိုငါသားတော် အသတ်
ခံရနိုင်တယ် ငါကိုယ်တော် သားတော်ကျန်မင်းကို အသက်နှစ်ဆယ်အထိ လျှို့ဝှက်သင်ကြားပေးရ
မယ် သားတော်လေးကို ဘယ်သူကမှသတိမထား
မိအောင်သာမာန်လူတစ်ယောက်လို ထားရမယ် ဘယ်သူမှဂရုမစိုအောင် ထားမှဖြစ်လိမ့်မယ် သူရင်လေးစွာဖြင့် တွေးတောလိုက်ကာဖြင့်သူ၏
နားနေဆောင်သို့ လာလေတော့သည်။
နက္ခတွက် ပယောဟိတ်ဆရာတွေဟာ ကိုဌာနသို့
ရောက်တော့မှ တစ်ယောက်က
"ငါတို့လိမ်ပြောတာ မပြစ်ဖြစ်ပြီလား "
ထိုင်နေတဲ့ သူတစ်ယောက်က
"ငါတို့ မင်းသားလေး ယူကျန်ကိုကယ် ရမယ်"
မတ်တပ်ရပ်နေသော သူတစ်ယောက်က
"ဘာဖြစ်လိုလဲ ကျီရန်"
"မနက်ဖြန်ည လပြည့်ညမှ မိစ္ဆာမ ကိုမွေးဖွားတော့
မယ် သူကိုဘယ်ကမှ မထိန်းနိုင်ဘူး မင်းသားလေး
ရဲ့စကားဘဲ နားထောင်လိမ့်မယ် ငါတို့ မင်းသား
လေးဘာမဖြစ်အောင် ဦးရီးတော် ဘာမှမလုပ်နိုင်
အောင် ငါတို့မင်းသားလေးကို ကာကွယ်ရမယ် ဦး
ရီးတော်က ငါတို့လိမ်တာသိရင် ငါတို့ကိုသတ်လိမ့်
မယ် ငါတို့လည် သတိထားနေကြပါ"
မတ်တပ်ရပ်နေသူက ထိုင်နေတဲ့ ကျီရန်နားသို့
ထိုင်လိုက်ပြီ သက်ပြင်းချလိုက်ကာ
"ငါတို့ပြည်အတွက် ရင်လေမိတယ် မင်းသားလေး
လည် မြန်မြန်ကြီးလာမှဖြစ်မယ် ဒါနဲကျီရန် မင်း
ဘာလို မင်းသားလေး သေမယ် အချိန်ကို ထည့်
ဟောလိုက်တာလဲ"
"အဲဒီလိုမှမပြောရင် ဦးရီးတော် သံတဃဖြစ်နေဦး
မယ် အခုတော့ ဦးရီးတော် မင်းသားလေးအပေါ်
သံတဃကင်းကင်းနဲ ငါတို့စကားယုံသွားတယ်လေ
ငါလည် ဘုရင်မျက်နှာကြည့်ပြီပြောသာပြောရတာ
စိတ်ကမဖြောင့်ဘူး"
"အေး ပြောမနေနဲတော့ဟာ ငါလည် တုန်ရီနေ
တာဘဲ ဟူးးးအခုမှဘဲ သက်ပြင်းကချနိုင်တော့
တယ်"
သူတို့ နှစ်ယောက်လည် စိတ်မောကိုယ်မောဖြစ်
နေကြတော့သည်။

အပိုင်း(2)ပြီး၏စာဖတ်သူများအားလေးစားလျှက်
                              စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                 အပိုင်း(3)
ဒီနေ့ဟာလပြည့်နေမို့လဟာဝိုင်းစက်လုံးဝန်းလျှက်
ရှိနေတော့သည်။ နက္ခဆရာဝမ်ရန်ဟာ နန်းတော်
ရဲ့လေဟာပြင်တွင် တစ်ယောက်တည်ရပ်နေလျှက်
ကောင်ကင်ကိုမော့ကြည့်ပြီ နက္ခတွက်ရင်း ရင်
မောလျှက်သည်။ လကိုကြည့်နေရင်းဖြင့် ညဥ့်နက်
သန်းခေါင်ယံအချိန်တွင် လနားဆီမှ ခုနှစ်စင်ကြယ်
က ထွက်ပေါ်လာတော့သည်။ ထိုခုနှစ်ကြယ်ထဲမှ
ငါလုံးမြောက်ကြယ်ဖြစ်သောကြယ်ဟာ ပို၍လင်း
ထိန်တောက်ပလျှက်ရှိသည်။နက္ခဆရာဝမ်ရန်ဟာ
ထို ရှည်လွန်တဲ့သူ၏မုတ်ဆိတ်ကို လက်နှင့်ပွတ်
သပ်ရင်း နူတ်မှ
"အချိန်ကျပြီ………"
ရုတ်တရပ်အတွင်းမှာဘဲ လကကျက်တော့သည်။
ချက်ချင်းဆိုသလို လေပြင်းပြင်းတွေက တိုက်ခတ်
လာပြီ ခွေးများကပါ လကျက်တာနှင့် စတင်အူကြ
တော့သည်။ကောင်းကင်မှ တောက်ပလျှက်ရှိသော ခုနှစ်စင်ကြယ်ထဲက ငါးလုံးမြောက်ကြယ်ဟာ မြေ
ပြင်ထက်ဆီသို့ ရုတ်တရပ်အတွင်းကြွေကျလေ
တော့သည်။ ကြယ်ဟာ ကြွေကျရာ မျဉ်းဖြောင့် အတိုင်း တောင်တန်းကိုကျော်လွန် ကြွေကျလေ တော့သည် ဝမ်ရမ်ဟာ ကြယ်ကိုကြည့်၍ ဘယ်နေ
ရာဘယ်ဘက်ကို ကြွေကျသလည်ဟု သူချက်ချင်း
တွက်ချက်ကြည့်လိုက်သည်။
"ဟင်…နတ်ကျွန်းဆီကို ကြွေကျတာလား ဒါဆို ဒီ
ကလေးဟာ အစွမ်းအရမ်းရှိမယ့် ကလေးဘဲ"
သူတွက်ချက်နေရင်း ထိတ်လန့်တုန်လှုပ်သွား
တော့သည်။ ခေါင်းလေးခါရင်း နောက်သို့သုံးလှမ်း
ဆုတ်ကာ လကကျက်နေသည်ကို သွေးပျက်
ကြောက်လန့်ကာ ကြည့်နေတော့သည်။
    *နတ်ကျွန်း*နတ်ကျွန်းဟုခေါ်တွင်လောက်
အောင် နတ်ဆေးဆရာအများစုနေထိုင်ကြသော
ကျားစော်ဘွားတွေသာဖြစ်ကြသည်။ ထိုနတ်ကျွန်း
တွင် နတ်ကျွန်း၏စော်ဘွားခေါင်းဆောင် မူရမ်း၏
ဇနီးသည် ယနေ့ညဥ့်နက်ယံတွင် ငါးယောက်
မြောက်သမီးတော်ကို ဖွားမြင်လေတော့သည်။
ကလေးဟာ အလွန်ချစ်စရာကောင်းလှသည် မွေး
ပြီတာ စတင်ရယ်သော ကလေးဖြစ်၍ မူရန်အံသြ
မိလေတော့သည်။ထိုကလေးမွေးဖွားတာနှင့်
တပြိုက်နက် နတ်ကျွန်းတစ်ခုလုံးရှိ ပန်းပင်များဟာ အားလုံးဟာ ပန်းများဝေဆာ မွေးပျံ လန်းဆန်းပွင့်
ဖူးလျှက်ရှိသည်။ ပန်းများဟာ အငုံတောင်မှ ချက်
ချင်ကြီးထွားကာ ပွင့်ကြလာတော့သည်။ စော်
ဘွားမူရန်ဟာ သူကလေးဟာ ထူး ခြားသည့်ဟု စိတ်ထဲမှ ထင်လျှက်မွေးမွေးပြီချင် နက္ခတွက်လေ
သည်။ နက္ခဆရာက ကလေး၏နံဖူး၌ လင်းနေ
သောကြယ်စကို လက်နှင့်ဖိ၍ အာယုံခံကြည့်ရာ
နံဖူးက အလင်းရောင်က သူကိုဆောင့်တွန်းသလို
ဖြစ်သဖြင့် နောက်သို့ယိုင်တိုင်တိုင်ဖြစ်သွားတော့
သည်။ ကလေးငယ်ကိုချီမထားသော မူရမ်းဟာ
နက္ခဆရာ အပြုမှုကိုကြည့်ပြီ စိုးရိမ်သွားသဖြင့်
"ဘာဖြစ်တာလဲ ဆရာတော်"
ဆရာတော်ဟာ အိနြေ္ဒပြန်ဆယ်လိုက်ပြီ
"ဒကားကြီး မူရန် ဒကားကြီးရဲ့ ကလေးဟာ
မိစ္ဆာဝင်စားတဲ့ကလေးဘဲ ကောင်းကင်က ကျိမ်စာ
သင့်ပြီ မွေးဖွားလာတဲ့ ကလေးဘဲ ဒကားကြီး"
မူရန်ဟာ ဆရာတော်စကားကို ကြား၍တုန်လှုပ်
ခြောက်ချားသွားတော့သည်။
"မဖြစ်နိုင်ဘူးဆရာတော် မဖြစ်နိုင်ဘူး"
"ဒကားကြီး ဒီကလေးဟာ အသက်နှစ်ဆယ်အရွှယ်
ရောက်လျှက် လူကိုသွေးစုပ်၍ အသက်ရှင်လိမ့်
မည် သူကိုအသက်ရှင်လျှက်မွေးထားမိခဲ့ရင် နောင်တစ်ချိန်မှ အန္တရယ်ရှိလာနိုင်တယ်"
"ဘာ………"
"သူကို မည်သူကမှမသတ်နိုင်ဘူး သူ၏အစွမ်း
သည် ဘယ်သူကမှ မထိန်းချုပ်နိုင်ဘူး သူချစ်တဲ့
သူသာ သူကိုထိန်းချုပ်နိုင်လိမ့်မယ် သူဟာကျိန်စာ
သင့်ပြီ မွေးဖွာလာတဲ့ ပန်းမိစ္ဆာဖြစ်တယ် သူဆန္ဒ
အလျှောက် ပန်းတွေဟာသူစကားကိုနားထောင်
ကြလိမ့်မယ် ပန်းတွေဟာ သူမိစ္ဆာဖြစ်တာနဲ ပန်း
တိုင်းကို စားမိသူ ခူးယူမိသူတိုင်း သေဆုံးကြလိမ့်
မယ် သူကိုမိစ္ဆာဖြစ်တာနဲ သတ်ပစ်မှရမယ် သူကို
မသတ်ပစ်ရင် သူဟာလူသားတွေကိုသေစေလိမ့်
မယ် ဒကား"
"ဘာ………… မဖြစ်နိုင်ဘူး ငါကလေးက မိစ္ဆာမ
ဖြစ်ရဘူး"
ကလေးကို ပွေ့ချီထားရင်း မူရမ်း တုန်းလှုပ်ချောက်
ချာသွားတော့သည်။ ကလေးက တခစ်ခစ်ရယ်၍
ချစ်စရာအလွန်ကောင်းနေတော့သည်။ အနားရှိ
အခိုင်းစေများ လာရောက် ကလေးကိုကြည့်ရှူကြ
သော မိတ်ဆွေများလည်း အသံတိတ်ကုန်ကြ
သည်။ တစ်ယောက်က ထိုင်နေရာကထ၍
"ကလေးကို သတ်လိုက်ပါ ဂြိုလ်ဆိုးပါလာတဲ့ ကလေးကို သတ်လိုက်ပါ"
နောက်တစ်ယောက်ကပါ
"ဟုတ်တယ် ကလေးကို သတ်ပါ ခေါင်းဆောင်"
ကျန်သော လူတွေက ကလေးကိုသတ်ရန် ဝိုင်းဝန်း
ထောက်ခံကြတော့သည်။ ကလေးမွေးပြီခြင်း မှုရမ်
၏ဇနီး သောကျွမ်းဟာ ကလေးရဲ့ဇတာကို ကြားသိရ၍ ထိန့်လန်တကြား ပြေးလာ၍ မူရမ်
လက်ထဲက ကလေးကိုယူ၍ပွေ့ချီလိုက်ပြီ
"ငါသမီးလေးတောလေးကို မသတ်ပါနဲ ငါရဲ့သမီး
တော်လေးကို မသတ်ပါနဲ ရှင်ကြီး ကယ်ပါဦး ကျမ
ကလေးကို ကယ်ပါဦး"
မှုရမ်လက်ကိုဆွဲ ၍ငိုယိုက တောင်းဆိုနေတော့
သည်။ မှုရမ်းလည် ကျောက်ရုပ်ပမာရပ်နေပြီ ဆွံအ
နေလျှက်ရှိတော့သည်။ ပတ်ဝန်းကလူတွေကလည်
ကလေးကို သတ်ရန်သာအမိန့်ပေးကြတော့သည်။
မူရမ်ဟာ သူဟာနတ်ကျွန်းရဲ့အကြီးအကဲကဖြစ်
နေပြန် ကလေးကလည် သူကလေးရဲအဖေဖြစ်နေ
ပြန်တော့ သူအကြားကြီး ဆူညံသံတွေကြားထဲ က
နေစဉ်းစားလိုက်ရသည်။ ပြီမှာ
"အားလုံးတိတ်ကြပါ"
သူရဲ့မာန်ကြောင့် အားလုံးတိတ်ဆိတ်သွားကြ
တော့သည်။ သူက
"ကလေးကို မသတ်နိုင်ဘူး ငါဒီကလေးကို မွေးမယ်
တစ်ကယ်လို့ သူအသက်နှစ်ဆယ်ပြည့်လို မိစ္ဆာဖြစ်
ခဲ့ရင် ကျုပ်ကိုယ်တိုင်သူကို သတ်မယ် ကျုပ်အား
လုံးတာဝန်ယူတယ် အားလုံးစိတ်မပူကြပါနဲ"
တစ်ယောက်က
"မိစ္ဆာကိုမွေးထားတာမကောင်းဘူး အခုကတည်း
ကမသတ်ရင် နောက်မှနောင်တရရလိမ့်မယ်"
"ကျုပ်ပြောပြီးသားဘဲ ကျုပ်တာဝန်ယူတယ် သူ
လူတစ်ယောက်ကို သတ်မိတာနဲ ကျုပ်ကိုတိုင်
သတ်ပစ်မယ် အခုတော့ဘာမှနားမလည်သေးတဲ့
ကလေးကို မသတ်ပါရစေနဲ ကျုပ်တောင်းပန်းပါ
တယ် ဘာမှမသိတတ်နားမလည်တဲ့ ကလေးကို
ကြောက်လို့သတ်ရတာ သူရဲဘောကြောင်ပါတယ်"
နောက်ထပ်တစ်ယောက်က
"ခေါင်းဆောင်က တောင်းပန်နေပြီဘဲ ငါတို့လက်ခံ
ရမယ် ငါခေါင်းဆောင်ကို ယုံတယ် ကလေးလည်
ငယ်သေးတော့ ဘာမှမဖြစ်နိုင်သေးပါဘူး အ
သက်နှစ်ဆယ်ရောက်မှ မိစ္ဆာဖြစ်ခဲ့တယ်ဆိုရင် အဲဒီ
ချိန်ရောက်မှ တစ်မျိုးစဉ်းစားကြတာပေါ့"
နောက်တစ်ယောက်ကပါ
"ကျုပ်လည် လက်ခံတယ် ကလေးကိုမသတ်သင့်
သေးဘူး"
ကျန်တဲ့ လူတွေပါ တစစနဲ လက်ခံလာကြတော့
သည်။ ပထမဦးဆုံးပြောတဲ့ လူတစ်ယောက်က
ဘာမှဆက်မပြောတော့ဘဲ အားလုံးငြိမ်နေကြ
တော့သည်။ ထိုအချိန် မူရမ်က ဆရာတော်ကို
"ဆရာတော် ကျုပ်ရဲ့သမီးတော်လေးကို သင့်
လျောသော နာမည့်တစ်ခုပေး ပေးပါ"
ဆရာတော် ကခေါင်းငြိမ့်ပြီ စဉ်းစားတွက်ချက်
လိုက်ပြီ ခဏကြာမှ မုတ်ရှည်ကိုကိုင်ဆွဲကာဖြင့်
"မော့ရန် …ကျန်မော့ရန်"
"သိပ်ကောင်းတဲ့ နာမည်ဘဲ မော့ရန် ကျန်မော့ရန်
ဟားးးးးဟားးးးး"
ပတ်ဝန်းကျင်ရှိလူများလည် အားလုံးထောက်ခံကြ
တော့သည်။ ညဥ့်ကနက်လာကြသဖြင့် အားလုံး
လည် ကလေးကိုကြည့်ပြီ မူရမ်နှင့်သူဇနီးကို ဂုဏ်
ပြုက မိမိအိမ်သိုပြန်ကြလေတော့သည်။
    ကောင်းကင်ကိုကြည်၍ သက်ပျင်းချနေနေ
သော နက္ခဆရာဝမ်ရန်ဟာ လကိုသာ တစ်စိုက်
မတ်မတ်ကြည့်လျှက်ရှိသည်။ လဟာ အချိန်အ
တော်အကြာ ကျက်နေခဲ့ရာ ပြန်လည်လွတ်မြောက်
သွားတော့သည်။ တိုက်ခတ်နေသော လေပြင်းပြင်း
များလည် ငြိမ်သက်သွားတော့သည် လနား၌ထွန်း
လင်းနေသော ခုနှစ်ကြယ် ပြန်လည်ပျောက်ကွယ်
သွားတော့သည်။ အရာရာတိုင်းက အရင်အတိုင်း
ပုံမှန်လိုပြန်လည် ဖြစ်သွားတော့သည်။ အူနေသော
ခွေးသံတွေလည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူလည် ထိုအဖြစ်အပျက်ကိုကြည့်နေရင်း
"အနှစ်ဆယ်အတွင်း ငါတို့မိစ္ဆာကို တားဆီးနိုင်
အောင်လုပ်ရတော့မယ် မိစ္ဆာကို ဝင်လာဖို့ သူမိ
ဘတွေကခွင့်ပြုလိုက်ကြပါလား ဟူးးး"
သူနူတ်မှရေရွတ်က သူလည်လေဟာပြင်ကာနေ
သူအိပ်ဆောင် ဆီသို့လှည့်ထွက်လာလေတော့
သည်။

အပိုင်း(3)ပြီး၏စာဖတ်သူများအားလေးစားလျှက်
                                     စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                    အပိုင်း(4)
သုံးနှစ်လောက် အချိန်ကြာတွင် နိုင်ငံကိစ္စများ
ကို လိုက်လံစည်မံနေသဖြင့် မင်းသားလေးသုံးပါး
ကို သတိမထားဘဲနေလျှက်ရှိတော့သည်။ ဒီနေ့
တွင် ဦးရီးတော်ဟာ မင်းသားလေးသုံးပါးရဲ့ လှုပ်
ရှားမှုကို မသိရသဖြင့် အခြေအနေကိုသိချင်လာ
တော့သည်။ဒါကြောင့် ဦးရီးတော်ဟာ ဒီနေ့ဧည့်ခန်း
မဆောင်တွင် မော်ဆရာလော့ရင်နှင့်ဦးရီးတော်
တို့ စကားပြောလေကြတော့သည်။ ဦးရီးတော်က
"လော့ရင်း မင်းပြောတော့ ငါကိုသတ်မယ့်သူက
မင်းသားလေးသုံးပါးထဲက တစ်ပါးဆို ဇတာတွက်
ကြည့်တာ တစ်ယောက်မှ ငါကိုသတ်နိုင်မယ့်ပုံမရ
ဘူး မင်းမှာနေပြီထင်တယ်"
"မမှားဘူး ဦးရီးတော် ကျုပ်မမှားဘူး မင်းသားသုံး
လတ်ထဲကတစ်ပါးဟာ ဦးရီးတော်မပြောနဲကျုပ်
လည် သူကိုမသတ်နိုင်ဘူး အဲဒါအသေအချာဘဲ ကျုပ်ပြောတာယုံပေးပါ ဦးရီးတော်"
"ကောင်းပြီလေ အနာဂတ်မှငါကို သတ်မယ့် မင်း
သား သုံးပါကို ငါးကိုယ်တော် ပုံသွင်းပြီ မင်းပြော
တာကို ဆန့်ကျင်ပြမယ် ငါလိုဦးရီးတော်က ဘုရင်
ကိုယ်တောင် ချုပ်ကိုင်ထားတာ ဒီမင်းသားသုံး
ယောက်ကို မချုပ်ကိုင်နိုင်ရင် ငါရာဇဝင်ပြောင်းလဲ
ပြစ်လိုက်မယ် လော့ရင်း မင်းစောင့်ကြည့်နေလိုက်
…လာကြစမ်း "
သူဒေါသဖြင့် အခိုင်းစေတွေကို ခေါ်တော့သည်
မော်ဆရာလော့ရင်းက တိတ်ဆိတ်လျှက်ရှိတော့
သည်။ အခိုင်းစေတွေရောက်လာပြီ
"ဝေါယာဉ်ပြင် ငါနန်းတောမထဲသွားမယ်"
"ဟုတ်ကဲ့ ဦးရီးတော်"
အခိုင်းစေးတွေက ဝေါယာဉ်ကိုပြေး၍ပြင်ကြတော့
သည်။ ဦးရီးတော် ထွက်သွားရန်ပြင်ချိန် လော့ရင်း
က
"ဦးရီးတော် ကျုပ်ပြောတဲ့စကားကို မမေ့ပါနဲ မင်းသားလေး သုံးပါးကိုသတိထားပါ"
ဦးရီးတော်ဟာ ဘာမှမပြော ခန်းမထဲမှအပြင်သို့
ထွက်လာလေတော့သည်။ အပြင်၌ဝေါယာဉ်က
အဆင့်သင့်ပြင်ထားသဖြင့် ဝေါယာဉ်ပေါ် တတ်
လိုက်ပြီ နန်းတော်ဆီသို့ လာတော့သည်။
နန်းတော်တွင် မင်းသာများစသင်ဆောင်တွင် မင်း
သားသုံးပါးနှင့်အတူ အမတ်များရဲ့သားတွေကပါ ပညာသင်နေကြတော့သည်။ မင်းသား သုံးပါးနှင့်
အတူတူ စာသင်နေသော ကျောင်းသားအားလုံး
ဆယ်ယောက်ခန့်ပညာသင်ကြားနေကြလျှက်ရှိ
သည်။ မင်းသားသုံးပါးသည် ဘုရင့်သားများဖြစ်
ကြသော်လည် အရှေ့ဆုံးခုံတွင် သူများတွေနှင့်
အတူတကွ ထိုင်၍စာသင်ကြတော့သည်။
မင်းသားအငယ်ဆုံးကို အလယ်မှထား၍ အကိုယ်
တော်နှစ်ပါးက ဘေးဘက်တစ်ယောက် တစ်ဖက်
ဆီတွင် ထိုင်ကြတော့သည်။ စာသင်းသား အားလုံး
က ဆရာရဲ့စာသင်ကြားမှုကိုယ် လေ့လာမှတ်သား
ကြ တော့သည်။ ထိုစာသင်သားများထဲတွင် ည
ထောင့်၌ထိုင်သော မင်းသား ကျန်မင်းက စာသင်
နေတာ ဂရုမစိုက်ဘဲ စာသင်ခုံပေါ် လက်လေတင်
၍ အိပ်ပျော်နေလျှက်ရှိသည် ဆရာက ထပ်ခါ
ထပ်ခါဒုတ်လေးဖြင့် သွား၍နိုးသော်လည် သူကဂရု
မစိုက် စာသင်ကြားမှုကို မယူဘဲ ထပ်အိပ်လျှက်ရှိ
တော့သည်။ ဆရာလည် စိတ်ပျက်လာသဖြင့် မင်း
သားဖြစ်နေတာကတစ်ကြောင်း ဥပက္ခာပြုကာ စာ
သင်လျှက်နေလျှက်သည်။ စာသင်ကြားမှုတွင် အ
သက်သာရှစ်နှစ်အရွယ်သာရှိသော မင်းသားငယ်
ရှန်းပင် သည်အတော်ဆုံးဖြစ်သည်။ မင်းသားကြီး
ဇရာဇ်ဟာသာမာန် အမတ်သားတွေနဲ တန်တူ
သွားတော့သည် မင်းသားကျန်မင်းကတော့ စာကို
ကိုလေ့လာမှုကိုမရှိပါ အအိပ်မက်သောမင်းသား
တစ်ပါးဖြစ်တော့သည်။ ဆရာဟာ မင်းသားကျန်
မင်းကို ကြည့်၍ သက်ပျင်းတွေ ခဏခဏချမိနေ
တော့သည်။ ထိုအချိန် ဦးရီတော်ကစာသင်ဆောင်
သို့ရောက်လာတော့သည် မင်းသားများ၏ စာ
သင်ကြားမှုကို လာလေ့တာဟုဆို၍ စာသင်ခန်းထဲ
သို့ဝင်လာတော့သည်။ ဆရာကလည် ဘာမှမပြော
ဘဲ ဘေးသို့ရပ်လိုက်သည်။ စာသင်ခန်းထဲရှိစာသင် ကလေးများကို တစ်ချက်ကြည့်လိုက်ရာ ကလေး
များက သူကိုကြောက်နေကြသဖြင့် သူပြုံးလိုက်မိ
သည်။ ဒါပေ့မယ် ကျန်မင်းကတော့ သူကိုလာကို
ဂရုမစိုက်ဘဲ အိပ်နေမပျက်လျှက်ရှိသည်။သူက
မင်းသားကျန်မင်းရဲ့ ရိုင်းတဲ့အပြုအမှုကိုမနသ်မြို့
သဖြင့်
"မင်းသား ကျန်မင်းကို နိုးလိုက်ကြစမ်း"
အခိုင်းစေတွေက မင်းသားကျန်မင်းနားသွား၍
"မင်းသား မင်းသား မင်းသားလေး မင်းသားလေး"
နား၌ကပ်၍ခေါ်ပေ့မယ့် မကြားချင်ယောက်ဆောင်
ကာ ထပ်၍ အိပ်လေသည်။ အားလုံးက မင်းသား
လေးအတွက် စိတ်ပှုသွားသည် ဦးရီးတော် က
ဒေါသ ထွက်လာပြီ မင်းသားလေးရဲ့နား နားကပ်၍
တိုးတိုးလေ ကပ်၍ပြောလိုက်သည်။
"မင်းသားလေး ဘုရင်ကြီးကို ဦးရီးတော် လုပ်ကြံ
နေပြီ မင်းသားလေးဖခမည်းတော် ပျံလွန်တော်
မှုတော်မယ်"
ဦးရီးတော်စကားကို မည်သူမျှမကြားကြပါ ဦးရီး
တော် တီတိုးကပ်၍ ရွက်လိုက်သည် မင်းသားလေး
လေးကျန်မင်းက ကြား၍ မျက်လုံးများပွင့်လာ
တော့သည်။ ဆယ်နှစ်နှစ်အရွယ်ရှိသော မင်းသား
လေးကျန်မင်ဟာ အိပ်နေရာမှသေချာထထိုင်
လိုက်ပြီ မျက်နှာခပ်တည် တည် ဦးရီးတော်မျက်နှာ ချင်းဆိုင်စုံ၍ဦးရီးတော် မျက်လုံးတစ်စုံကို ခပ်တည်
တည်လေ စိုက်ကြည့်လိုက်သည် ပြီတော့ တစ်ဖြေး
ဖြေး ပြုံးလိုက်သည်။ နှုတ်မှ
"ဖခမည်းတော် မင်းကြီးကို ဦးရီးတော် ဘယ်တော့
မှလုပ်ကြံနိုင်မှမဟုတ်ဘူး ကျုပ်ရှိနေသ၍ ဦးရီး
တော် မလုပ်ကြံနိုင်စေရဘူး"
ဦးရီးတော်ဟာ မထင်မှတ်ထားသော မင်းသား
လေးဆီက စကားကို ကြားလိုက်ရသဖြင့်
"ဟားးးးဟားးးးဟားးးးးးးဟားးးးး"
ဟက်ဟက်ပက်ပက် အော်ရီတော့သည်။ ဘေး၌ရှိ
ကြသော  လူများလည် ဦးရီးတော်ရီတဲ့ ပုံကိုကြည့်
ပြီ ကြောက်လန့်ကုန်ကြတော့သည်။ ကျန်မင်းက
တော့ တုန်လှုပ်မှုမရှိ မဲ့ပြုံးလေးသာပြုံးလျှက်ရှိ
တော့သည်။ ဦးရီတော်တော်က ရီနေရာကနေ ရပ်
လိုက်ပြီ
"ငါ ဒီနေ့ မင်းသားလေးသုံးပါးကို စစ်ဆေးစရာ
ရှိတယ် စစ်ဆေးစရာရှိလို နန်းတော်ထဲကိုလာခဲ့
တာ စိတ်မပူပါနဲ မင်းသားကျန်မင်း ငါကိုယ်တော်
ညီတော်မင်းကြီးကိုဘာမှမလုပ်ပါဘူး ဟားးးးးဟားး
ဒါပေ့မယ် မင်းသားလေးပြောတဲ့စကားကိုတော့ မှတ်သားထားရမယ် ဟားးးးး"
မင်းသားလေးက ဘာမှထပ်မပြောတော့ဘဲ ဦးရီး
တော်ရဲ့ကောက်ကျစ်တဲ့ ရယ်သံကို နားထောင်
လိုက်တော့သည်။
"ငါကိုယ်တော်အခု  မင်းသားလေးတို့ကိုမေးခွန်း
သုံးခုမေးမယ် မဖြေနိုင်ရင် မင်းသားလေးတို့ သုံးယောက်စလုံးက ကျုပ်နေခိုင်းတဲ့အတိုင်း ကျုပ်အမိန့်အတိုင်းနေရမယ် အခုကစပြီနေရမယ်
ဘယ်လိုလဲ သဘောတူကြလား"
ကျန်းမင်းက
"ကောင်းပါပြီ ဦးရီးတော် ကျုပ်တို့ဖြေလိုနိုင်ခဲ့ရင်
ဦးရီတော်လည် ကျုပ်တို့တောင်းဆိုတာ ပေးရမယ်"
"ကောင်းပြီလေး မင်းသားသုံးပါးက ငါကိုယ်တော်
မေးခွန်းသုံးခုကို ဖြေဆိုနိုင်ပါစေ သုံယောက်လုံး
ကို မေးခွန်းတစ်ခုကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ် "
"ကောင်းပြီဦးရီတော်  ဒိုင်အဖြင့် ဆရာကိုခံအပ်
ပါရစေ"
"ကောင်းပါပြီ ဒိုင်လိုအပ်ရင် မင်းသားလေးသဘော
ပါ ခန့်အပ်စေ"
ဦးရီတော်ဟာ မင်းသားလေးကျန်မင်းရဲ့ စကား အမှုအယာကြည့်ပြီ ကိုအံအား သင့်မိသွားသည် ဒီကလေးဟာ တော်တော်မလွယ်ပါလား ရဲရင့်
လိုက်တာ ဟုတွေလိုက်မိသည်။
"ဘုရင်ကြွ ချီလာပါပြီ"
ရုတ်တရပ်အခိုင်းစေများ ရဲ့စကားသံကြောင့်
အားလုံ တစ်ချက်ငြိမ်သက်သွားကြတော့သည်။
ဘုရင်ကရောက်လာပြီ
"ဘာဖြစ်ကြတာလဲ အကိုတော်"
"ဘာမှမဖြစ်ပါဘူး မင်းသားတွေနဲလောင်ကြေး
ထပ်နေတာပါ …ညီတော်မင်းကြီးလည် ဒိုင်အဖြစ်
ကြည့်ရှုနိုင်ပါတယ်…မင်းကြီးအတွက်နေရာပေး
လိုက်ကြစမ်း"
"ဟုတ်ကဲ့"
မင်းကြီးတွက် ခုံနေရာပြင်ဆင်ပေးကြတော့သည်။
ဘုရင်က မင်းသားသုံးပါးရဲ့မျက်နှာကို ကြည့်လိုက်
ရာ သားတော်ကြီးနှင့်သားတော်ငယ်တွင် ကြောက်
စိတ်ဝင်နေကြသည်ကို သတိထားလိုက်မိသည်။
ကျန်မင်းကတော့ ဦးရီတော်ရဲ့ ဟန်ပန်အမှုအယာ
ကိုသာ မကြောက်မလန့် စိုက်ကြည့်နေတော့သည်။
မင်းကြီးကစိုးရိမ်သွားသည်။ ကျန်မင်းကို ဦးရီတော်
ရိပ်မိလိုမဖြစ်သေးပါ ယခုတားလိုကလည်မဖြစ်နိုင်
တော့ပေ။ မင်းကြီးလည် သူတို့ရဲ့ပုံစံတွေကိုကြည့်
၍ ထိတ်လန့်နေတော့သည်။ ဦးရီးတော်က လက်
ပြ၍ စမယ်ဟုပြောလိုက်သည်။ မင်းသားသုံးပါး
လုံးလည် ကိုယ်နေရာကိုယ်ထိုင်၍ ဦးရီးတော်
စကားကို နားထောင်နေကြတော့သည်။ ဦးရီတော်
က
"မေးခွန်းကို အစဉ်လိုက်ဖြေရမယ် ဘယ်ဘက်ခြမ်း
က မင်းသားဇရာဇ်ကစမယ်"
မင်းသားဇရာဇ်က စမယ်ဆိုတော့ ကျန်မင်းက
နောက်ဆုံးပေါ့ တော်သေးတယ် ကျန်မင်းအတွက်
အချိန်ရသေးတယ်ဟု ဘုရင်တွေးလိုက်မိတော့
သည်။ ဦးရီးတော်ကပြုံးပြီ စတင်မယ်ဟုဆိုကာဖြင့်
"မင်းသား ဇရာဇ် စစ်ပွဲတစ်ပွဲအတွက်အရေးကြီးဆုံး
လို အပ်ချက်ကဘာဖြစ်မလဲ"
ဇရာဇ်ဟာ အတော်အတန်စဉ်းစားလိုက်ပြီမှ
"ရဲစွမ်းသတ္တိပါ ဦးရီးတော်"
"မင်းသားငယ်လေးကရော"
ဇရာဇ်ရဲ့စကားကို သဘောမကျသဖြင့် ရှန်းပင်
ကိုမေးလိုက်သည်။
"စစ်ပွဲမှာ စိတ်ဓါတ်ခိုင်မာဖို့ကအရေးကြီးဆုံးပါ ဦး
ရီးတော်"
"အင်း ဖြေတာမဆိုးဘူး မင်းသားလေး ကျန်မင်း
ရဲ့အဖြေကိုနားထောင်ကြည့်ပါစေ"
ကျန်မင်းက ပြုံးလိုက်ပြီ
"အကိုတော်ပြောသလို ရဲစွမ်းသတ္တိလည်မမှားပါ
ဘူး ညီတော်ငယ်ပြောသလို စိတ်ဓါတ်ခိုင်မာ
ဖို့လည် မမှားပါဘူး အရေးကြီးဆုံးက ခေါင်းဆောင်
ရဲ့ နည်းဗျူဟာ အသုံချမှုဘဲ နည်းဗျုးဟာကို ခေါင်း
ဆောင်က မတီထွင်နိုင်ရင် စစ်ပွဲကရှုံးမှာဘဲ ဒါ
ကြောင့် ကျုပ်ထင်တာတော့ စစ်နိုင်ဖို့ နည်းဗျုးဟာ
အရေးကြီးဆုံးဘဲ"
"ဖြောင့် …ဖြောင့်…ဖြောင့်…"
ဦးရီးတော် လက်ခုပ်သံကြောင့် အားလုံးအံအား
သင့်သွားတော့သည်။ဆရာက
"မင်းသားလေးတို့ အဖြေမှန်ကန်ကြောင်းပါ ဒါ
ကြောင့် မင်းသားလေးတို့ဘက်နိုင်ပါတယ်"
ကျန်မင်းက မဲ့ပြုံပြုံးလိုက်ပြီ ဦးရီးတော်က
"ကောင်းပါပြီ မင်းသားလေးတို့မေးခွန်းတစ်ခုကို
ဖြေနိုင်သွားပါပြီ နောက်ထက် တစ်ခုကို ထပ်မေး
ရအောင် နိုင်ငံတစ်ငံမှာ ဘုရင်ရဲ့ ပိုင်ဆိုင်တဲ့ငွေ
ပမာဏဘယ်လောက်ရှိလဲ မင်းသားဇရာဇ် စဖြေ
ပါ"
"မရည်တွက်နိုင်ပါဘူး အများကြီးရှိတယ်"
"မင်းသားငယ်လေးကရော"
"ကောင်းကင်က ကြယ်တွေကို ဦးရီးတော်ရေ
တွက်နိုင်သလား ဘယ်သူကမှမရေတွက်နိုင်ဘူး
ဒါကြောင့် ကောင်းကင်ရဲ့ကြယ် ပမာဏဟာ ဘုရင်
ရဲ့ ပိုင်ဆိုင်ငွေပမာဏပါဘဲ"
ဦး ရီးတော်က ခေါင်းလေငြိမ့်၍ မင်းသားငယ်
စကားကို လက်ခံလိုက်လေတော့သည်။
"မင်းသားကျန်မင်းကရော"
"ဘုရင်မှပိုင်ဆိုင်ငွေ မရှိပါဘူး"
"ဘာ………"
သူစကားကြောင့် အားလုံးလန့်သွားသည် ဘုရင်
ပါ အံသြသွားတော့သည်။ ဦးရီးတော်က
"ဘာကြောင့် လည်မင်းသားလေး ရှင်းပြပါဦး"
"ဘုရင်ဆိုတာ အာဏာဘဲရှိတယ်ငွေမရှိပါဘူး မယုံ
ရင် ခမည်းတော်ရဲ့ ကိုယ်ခန္ဓာမှ ရှာကြည့်ပါ ငွေ
စက္ကူတစ်ရွက်မှမရှိပါဘူး ဘုရင်ဖြစ်သူဟာအာဏာ
အရှိဆုံးသူမို့ တစ်တိုင်းတစ်ပြည့်လုံးကိုအမိန့်ပေး
လျှင် အားလုံးဟာဘုရင် ဘဏ္ဏားငွေတွေပါ ဦးရီး
ပိုင်ဆိုင်တဲ့ငွေဟာလည် ဘုရင်ပိုင်တဲ့ငွေပါဘဲ ခမည်းတော်အမိန့်နှင့်သိမ်းလျှင် ဦးရီးတော်ပေးရ
မှာဘဲ ဒီလိုပါဘဲ ဘုရင်ကငွေပမာဏကို တစ်စုံတစ်
ယောက်ကိုပေးချင်လျှင် အာဏာနဲ ပေးခိုင်းလိုက်
တာဘဲ ဒါကြောင့် ဘုရင်မှ အာဏာသာရှိ၍ ငွေမရှိ
ပါဘူး သတ်သေပြရမလား ခမည်းတော်မှငွေမရှိပါ
ဘူး မယုံရင်ရှာကြည့်ပါ"
"ဟားးးးးဟားးးးဟားးး"
ဘုရင်ကရီတော့သည်။ ဦးရီးတော်က
"ဖြောင့်…ဖြောင့်…ဖြောင့်"
ဒီတစ်ကြိမ်လည် ဆရာက မင်းသားလေးတွေ နိုင်
သည် ဟုဆိုလိုက်ပြန်တော့သည်။ ဦးရီးတော့
မျက်နှာပျက်သွား သည် သူအနေနဲ သူမေးတဲ့
မေးခွန်းကို သာမာန်ဦးနှောက်နှင့် ဖြေလျှင်မသိနိုင်
ပါ သူကျန်းမင်ကို ကြည့်၍ပိုအံသြသွားသည်။ ဘု
ရင်က ဦးရီးတော်ပုံစံကို ကြည့်ပြီ ကျန်မင်းဒုက္ခ
ရောက်မှကို စိုးရိမ်နေတော့သည်။
"အကိုတော် နောက်ဆုံးမေးခွန်းစတင်ရအောင်"
သူကကျန်မင်းကိုကြည့်လိုက်ပြီ
"နောက်ဆုံးမေးခွန်းဘဲ ငါလိုဦးရီတော်ကို သတ်ချင်
ရင်ဘာအရင်လုပ်ရမလည်"
ဦးရီးတော်မေးခွန်ကြောင့် အားလုံးလန့်သွားသည်။
ဇရာဇ်က
"နန်းချရမယ် ဦးရီးတော်ကို ဦးရီတော်ရာထူးက
နေချလိုက်မှ ဦးရီတော်ကိုသတ်လိုရမယ်"
ရှန်းပင်က
"အာဏာသိမ်းရမယ် ဦးရီးတော် အာဏာမရှိတော့
ရင် ဦးရီးတော်ဟာ ဘာမှလုပ်လိုမရတော့ဘူး ဒါကြောင့် သတ်လိုက်တာနှင့် အတူတူဘဲ"
"ကျန်းမင်းကရော ဘာအရင်လုပ်ရမယ် ဟုထင်
သလဲ"
ကျန်းမင်းက ဟန်မပျက်ခပ်တည်တည်ဖြင့်
"မော်ဆရာလော့ရင်းကို အရင်သတ်ရလိမ့်မယ်"
"ဘာ……မင်းး မင်းကလုပ်ပါ့မလား"
"အချိန်က ဆုံးဖြတ်ပေးမှာပါ ဦးရီးတော်"
"ဘာ…"
ဦးရီးတော်ဟာ ကျန်မင်းစကားကြောင့် အံသြကာ
အနောက်သို့ ယိုင်ကနဲဖြစ်သွားတော့သည်။ ထိုပုံ
ကိုမြင်သော ဘုရင်က
"သြော် အကိုတော် ကျန်မင်းကဘာမှ မသိတဲ့က
လေးမို့ ပြောတာပါ ခွင့်လွတ်ပေးလိုက်ပါ"
ဦးရီးတော် တော်တော်ကိုလန့်သွားသည် ။ ဆယ်
နှစ် နှစ်အရွယ်ကလေးတစ်ယောက်ရဲ့စကား အပြုအမှုရဲရင့်မှု ထက်မြတ်တဲ့မျက်လုံးတွေကို ကြည့်၍ အံသြသွားတော့သည်။ ကျန်းမင်းက
"ဦးတော် ကျုပ်အဖြေ မှန်မယ်လိုထင်ပါတယ် ဒါ
ကြောင့် ကတိအတိုင်း ကျုပ်တောင်းဆိုမယ်"
ဦးရီးတော်ဟာ သတိပြန်ထားလိုက်ပြီ
"ကောင်းပြီ ဘာအလိုရှိပါသလဲ မင်းသားလေး"
"စစ်သူကြီး မှုလန့်ကို လွတ်ပေးပါ"
"ဘာ…မင်းသားလေးက စစ်သူကြီးမှုလန်ကို ဘာ
လို့ ကယ်ချင်ရတာလဲ"
"ကျုပ်တောင်းဆိုတာ ဦးရီးတော်ကတိအတိုင်းသာ
လွတ်ပေးပါ "
ဦးရီတော်မျက်နှာ ပျက်သွားတော့သည်။
"ကောင်းပြီ ငါကတိအတိုင်း စစ်သူကြီး မှုလန်ကို
လွတ်ပေးမယ်"
လွန်ခဲ့တဲ့လအနည်းငယ်က ဦးရီးတော်ဟာ သူအ
မိန့်ကို မနာခံလို စစ်သူကြီးကို နည်းမျိုးစုံ သုံး၍
အကျဉ်းကျထားတော့သည် ဒါကိုမင်းသားလေး
ကတောင်းဆို သဖြင့် သူအံအားသင့်လေတော့
သည်။
"ငါကိုတော် မင်းသားလေးတို့ကို စောင့်ကြည့်
နေမယ်"
ကျန်းမင်းက
"ကောင်းပါပြီ"
"တောက်!!"
ဒေါသသကြီးနှင့် စာသင်စောင်ထဲကနေ ထွက်သွား
လိုက်လေတော့သည်။ မင်းကြီးလည် ဦးရီးတော်
မျက်နှာကိုကြည့်ပြီ ကြောက်လန့်သွားတော့သည်။
မင်းသား သုံးပါးလုံးအသက်အန္တရာယ်ရှိနိုင်တယ်
ဆိုတာ သူသိသွားလေတော့သည်။ ကျန်မင်းက
တော့ အပြုံးမပျက်ချေ။ ကျန်မင်းကိုကြည့်၍ ရှန်းပင် လည်မကြောက်တော့ပါ။ ဇရာဇ်ကတော်
တော်လေးကို ကြောက်ရွံ့နေမိတော့သည်။ ဘုရင်
လည် သားတော်တွေကို နူတ်ဆက်ပြီ စာသင်
စောင်မှ ထွက်လာတော့သည်။ မင်းသားသုံးပါ
လည် စာကိုသာ ဆက်လက်သင်ကြားကြတော့
သည်။

အပိုင်း(4)ပြီ၏စာဖတ်သူများအားလေးစားလျှက်
                                     စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                   အပိုင်း(5)
နန်းတော် အိပ်ဆောင်တွင် ဘုရင်ဟာ ညဥ့်နက်
အထိ အိပ်မပျော်နိုင်ဘဲရှိနေတော့သည်။ လမ်း
လျှောက်စဉ်းစားနေရာမှ ကုတင်ခုံတွင်ထိုင်လိုက်ပြီ
"ငါ သားတော် ကျန်မင်းကို ဒီမှဆက်ထားလိုမဖြစ်
တော်ဘူး အကိုတော်သတိထားမိရင် သားတော်
ဒုက္ခရောက်နိုင်တယ် ငါ တောင်ပေါ်ကို ပို့ရမယ်
ဟုတ်တယ် ငါ သားတော်ကိုတောင်ပေါ်ပို့ရမယ်
အသက်နှစ်ဆယ်ကျော်မှ ငါပြန်ခေါ်မယ် ဒီကလေး
ကို ဆရာတော်ရသေ့ လက်ထဲမှာ ပညာသင်ခိုင်းရ
မယ် ပညာတွေတတ်မှ ဒီကိုပြန်ခေါ်ရမယ်"
သူ ဆုံးဖြတ်ချက် ခိုင်ခိုင်မာ ချလိုက်ပြီ ညနက်
အချိန်မှာဘဲ အိပ်ဆောင်မှ ထွက်ကာ အခိုင်စေ
များကို ခေါ်ပြီ မင်းသားယူကျန်မင်း အိပ်ဆောင်
သို့ ထွက်လာတော့သည်။ အိပ်ဆောင်သို့ရောက်
တော့ မင်းသားရဲ့အထိန်တော်ကို မင်းကြီးက
"သားတော်လေးရော"
"အိပ်တော်ခေါ်နေပါတယ် အရှင်မင်းကြီး"
"သူအတွက် အကျီင်္အနည်းငယ်နဲ လိုအပ်တာတွေ
ထုတ်ပိုးလိုက်ပါ"
"ဟုတ်ကဲ့"
"သွား မြန်မြန်လုပ်"
"ဟုတ်ကဲ့"
အထိန်တော်လည် ကြောက်ကြောက်နှင့် ဘုရင်
ရှေ့မှ ထွက်သွားတော့သည်။ မင်းကြီးက ယူကျန်မင်း အိပ်နေသော ကုတင်ပေါ်သို့ ထိုင်
လိုက်ပြီ
"သားတော်…သားတော်"
ကျန်မင်းကို လှုပ်၍နိုးလိုက်တော့သည် ကျန်မင်းက
မကြီးသံကြား သဖြင့် နိုးသွားတော့သည်။ ထ၍ထိုင်
လိုက်ပြီ
"ဘာပြောစရာ ရှိလိုလည်ဖခမည်းတော်"
သူ၏ပုံခုံးနှစ်ကို ဘုရင်က ဆုပ်ကိုင်လိုက်ပြီ မျက်
နှာကိုသေချာကြည့်ကာ
"ခမည်းတော်ပြောတာကို သေးချာနားထောင် သားတော် သားတော်အခု တောင်ပေါ်မှာရှိတဲ့
ဆရာတော်ဆီကို သွားရမယ် အချိန်မရှိဘူး"
"ဘာလုပ်ဖိုလည် ဖခမည်းတော် အခုချိန်ကြီး"
"အဲဒီမှာသွားနေပါ အဲဒီမှာနေပြီ ဆရာတော်ရသေ့
ဆီမှာ ပညာသွားသင်ပါ ပညာတွေသင်ပြီ ပြန်လာ
ရမယ် ဒီမှာသားတော် ဆက်နေလိုမဖြစ်တော့ဘူး
အကိုတော်လက်က သားတော်ကို ကာကွယ်ဖို့ ဒီနည်းဘဲရှိတယ်"
"သားတော် ဦးရီးတော်ကိုမကြောက်ဘူး ခမည်း
တော်စိတ်မပူပါနဲ"
"ခမည်းတော်သိပါတယ် ဒီတိုင်းပြည်ရဲ့အနာဂတ်
ဟာ သားတော်လက်ထဲမှာဘဲရှိတယ် သားတော်
တစ်ခုခုဖြစ်လိုမရဘူး ဖခမည်းတော်ပြောတာ နား
ထောင်ပါ သားတော် အချိန်မရွေး ခမည်းတော် တစ်ခုဖြစ်သွားတယ် သားတော်ကို လာပြန်ခေါ်ဖို့
လူ လွတ်တာနဲပြန်လာခဲ့ပါ"
"ကောင်းပါပြီ ဖခမည်း ခမည်းတော်ရဲ့စကားကို
သားတော် နားထောင်ပါမယ်"
"အချိန်မရှိဘူး သားတော် အဝတ်အစားလဲလိုက်
ဝေါယာဉ်ပြင်ထားတယ် အခုညပိုင်း နန်းတော်က
ထွက်မှဖြစ်မယ် ဘယ်သူမှမရိပ်မိခင် မနက်
လောက်ဆို နှင်းတောင်ရဲ့ တောင်ခြေရောက်ပြီ "
"ဟုတ်ကဲ့ ခမည်းတော်"
"ကယ်ကယ် လုပ်တော့"
သူ အိပ်ယာကထလိုက်ပြီ အဝတ်အစားဝတ်ပြီ
လိုအပ်တာကို ယူလိုက်သည်။ အထိန်းတော်က
မင်းသားနောက် လိုက်ရန်ပြင်လိုက်ချိန် ဘုရင်က
"မင်းသားနောက် ဘယ်သူမှမလိုက်ဘူး သားတော်
တစ်ပါးတည် တောင်ပေါ်ကို သွားရမယ် ရဲမတ်တွေ
က သားတော်တောင်ခြေရောက်တဲ အထိပို့ပေး
လိုက်ပါ ပြီရင် ပြန်လာခဲ့ရမယ် ကယ်ရော့ သား
တော် ဒါက ဆရာတော်ရသေ့ကို ဒီစာပေးလိုက်ပါ
ပြီတော့ ဒါက တံဆိပ်တုံး သားတော်ယူသွားပါ"
"ဟာ မယူဘူး ခမည်းတော် သားတော် ဒါယူသွား
လိုက်ရင် ခမည်းတော် အမိန့်စာကို ဘာနဲ့ထုမလဲ"
"ငါ တံဆိပ်တုံးအတုကို ပုံစံတူ လုပ်ထားတယ် မစိုး
ရိမ်နဲ အကိုတော်က အချိန်မရွေး နန်းလုလာနိုင်
တယ် ငါမှတံဆိပ်တုံးအစစ်မရှိရင် သူဘုရင်မဖြစ်
နိုင်ဘူး သားတော်ပြန်လာရင် ခမည်းတော် ထီး
နန်းလွှဲထားပေးမယ် သားတော်ပညာတွေ သင်ယူ
ပြီ ပြန်လာပါ ထီးနန်းကို ကာကွယ်ရမယ်"
သူတံဆိပ်တုံးကိုယူလိုက်ပြီ သေချာကြည့်ကာ
"ကောင်းပါပြီ ဖခမည်းတော် အမိန့်တော်အတိုင်းပါ
ဘဲ ဒီတံဆိပ်တုံးကို သားတော်အသက်နဲရှင်းပြီ ကာကွယ်ပါမယ် "
"တံဆိပ်တုံးကိုသေချာသိမ်းပါ သားတော် လုံးဝ
မပျောက်စေနဲ"
"ဟုတ်ကဲ့"
"ကယ်သွားတော့"
"ကန့်တော့ခဲ့ပါစေ ခမည်းတော်"
"ကောင်းပြီ"
သူကန့်တော့ပြီ နန်းတော်မှ ရဲမက်တွေနဲအတူ
ဝေါယာဉ်ကို စီးကာဖြင့် ထွက်လာခဲ့တော့သည်။
ဘုရင်လည် သူသားတော်ထွက်သွားတာကို ကြည့်
ပြီ စိတ်မကောင်းဖြစ်ကာ ကျန်ရစ်ခဲ့တော့သည်။
  ညအချိန်တော်တော်ကြာကြာ ခရီးနှင်ခဲ့ပြီ ဝေါ
ယာဉ်ထဲတွင် ကျန်မင်းဟာ တစ်ရေးမှဆက်မအိပ်
တော့ဘဲ သတိနှင့်သာလိုက်လာတော့သည်။ မနက် မိုးသောက် တုန်ခေါက်ချိန်တွင် တောင်ရဲ့
ခြေရင်းသို့ရောက်လေတော့သည် သူဝေါယာဉ်
ကို ရပ်ခိုင်းကာ တောင်ပေါ်ကို မော့ကြည့်လိုက်
သည်။ တော်တော်ဝေးဝေး လံလံရှိအောင်
မြင့်လှသည်။
တောင်ခြေရင်းတွင် တစ်ယောက်သာတတ်ရန် စာ
ရေးထားတော့ သည်။ သူစာကိုကြည့်ပြီ စိတ်ညစ်
သွားသည်။ နောက်သို့ လှည့်လိုက်ပြီ
"သင့်တို့ပြန်ကြတော့ တောင်ပေါ်ကို ကျုပ်တစ်
ယောက်တည်းတက်မယ်"
သူတို့ထဲက ရဲမတ်ခေါင်းဆောင်က
"မင်းသားလေး ဒီနှင်းတောင်ရသေ့က လျှို့ဝှက်တံ
ခါးပိတ်ထားတယ် တံခါးငါးဆင့်ရှိတယ် တစ်ဆင့်
လျှင်မေးခွန်းတစ်ခုဖြေရမယ် အဖြေတစ်ခုဖြေနိုင်မှ
စည်းတံခါးတစ်ခု ပွင့်လိမ့်မယ် မေးခွန်းဖြေပြီ တောင် ပေါ်တတ်လျှင် နေ့ဝက်ကြာတယ် မင်းသား
ဝင်ပေါက်တံခါးတစ်ခုကို မဖြေနိုင်ရင် ပြန်ဆင်းလာ
ရလိမ့်မယ် မင်းသား"
"ဟုတ်လား ကောင်းပြီလေ သင့်တို့ ငါကိုယ်တော်
ကို နေဝက်စောင့်ပါ"
သူဝေါထဲမှ သူ၏အဝတ်အစားထုပ်ကို ကျောနှင့်
အရှေ့ကို ချည်လိုက်ပြီ
"ကယ် ကျုပ်စတတ်ပြီ"
သူ ပထမလှေးကား၌ တစ်ယောက်သာတတ်ပါလို့
ရေးထားသဖြင့် သူတတ်ရန် ချိန်လိုက်ချိန် ရှေ့မှ
တစ်ခုခု တွန်းထားသလို့ဖြစ်သဖြင့် သူစာကိုကြည့်
၍နောက်ကို ဆုတ်လိုက်ပြီ
"တစ်ယောက်တည်းလာ၍ တစ်ယောက်တည်း
တပည့်ဖြစ်ပါရစေ"
နူတ်မှ ရွတ်လိုက်ပြီ သူလှေကားပေါ်ပြန်တတ်
ကြည့်လိုက်သည်။ ခုနကဝင်မရ ဖြစ်နေရာမှ သူ
သူဝင်လို့ရသွားတော့သည်။ သူသုံးလေးလှမ်းတတ်
လာလိုက်ပြီ အနောက်သို့ပြန်ကြည့်ရာ ခုနကသူ
ဝင်လာရာ တံခါးကိုမတွေ့ရ ယခုသူနောက်လှည့်
ကြည့်ရာ သစ်သားတံခါးကိုတွေ့လိုက်သည်။ သူ
အံသြသွားတော့သည်။ သူကြည့်ပြီ ဆက်၍သာ
ရှေ့ဆက်၍ တောင်ပေါ်သို့ တတ်လာတော့သည်။
တောင်ပေါ်ရှိ တောထဲတွင် တိတ်ဆိတ်၍ ကျေး
ငှက်သံ များကိုသာယာစွာကြားရတော့သည်။
တောင်တတ်လမ်းရိုးတစ်လျှောက် သူတက်လာ
တော့သည်။ အတော်အတန်ကြာပြီနောက် လှေ ကားထစ်တစ်ခုကို ထပ်တွေပြန်တော့သည်။ လှေးကာဘေးတွင် စာကိုတွေ့ရပြန်သည်။
"ဂီတာသံကို ခံစား၍ မျက်ရေကျတတ်သော တိရစ္ဆာန်ကို သင့်ပြောပါ တစ်ချိန်သာဖြေခွင့်ရှိ
သည်။"
သူစာကို ဖတ်လိုက်ပြီအတော် အတန်စဉ်းစား
လိုက်ပြီ လှေကားနားသို့ ကပ်ကာ
"ဂီတသံကြား၍ ငိုစေနိုင်တာ နွားပါ"
တံခါး ပွင့်သွားလေတော့သည်။  သူအဖြေမှန်သ
ဖြင့် တံခါးကိုမြင်ရလေတော့သည်။ သူဆက်၍
ဒုတိယမြောက်တံခါးကို ဖွင့်နိုင်ခဲ့တော့သည်။ သူ
ဆက်၍တောင်ပေါ် သို့တတ်လာခဲ့တော့သည်။ လမ်းတစ်ယောက်တွင် သစ်ပင်ကြီးတွေကြောင့်
အရိပ်ကောင်း၍ ကောင်းကင်ကိုမော့ကြည့်၍ မမြင်
နိုင်တော့ပေ့ သူဆက်၍သာ လျှောက်တတ်လာ
တော့သည်။ အချိန်အတော် အတန်အကြာ တက်
လာခဲ့ပြီ နောက်တစ်ကွေ့တောင်အချိုးတွင် လှေး
ကားထစ်ကိုတွေရပြန်သည်။ ဒီတစ်ခါတော့ သူစာ
ကို မတွေ့ရပါ အိုးလေးသုံးအိုးချထားပေးသည်။
ရွှေအို ငွေ အိုး ကြေးအိုး အိုးတွေတင်ထားတဲ့
အောက်တွင် စာရေးထားသည်။
"ရွေးပါ တံခါးဖွင့်ရန် သော့ထားထားသည်။သင့်က တစ်အိုးသာရွေးခွင့်ရှိသည်။"
သူအခက်ခဲဖြင့်သွားသည်။ သော့က ဘယ်အိုးမှ
ရှိမှန်းမသိပါ ဘယ်လိုလုပ်ရမလဲဟုသူတွေးလိုက်
သည်။ သူအိုးတွေကို သေချာကြည့်လိုက်သည်။
ဘယ်လိုအိုးတွေလည်ဟု စစ်ဆေးကြည့်လိုက်
တော့သည်။ ရွှေအိုးကိုကြည့်ရာ
"ဒါ ရွှေအစစ်အိုးဘဲ ရွှေနှင့်သံရောလိုမရဘူး ဒီရွှေ
အိုးမှာ သော့မရှိနိုင်ဘူး"
နောက်တစ်အိုးဖြစ်သော ငွေအိုးကိုကြည့်လိုက်
သည်။
"ဒီအိုးက ငွေအိုးဘဲ သံထည့်လိုရတယ် မမဲဘူး သော့က ငွေအိုးမှရှိနိုင်တယ် မဖြစ်သေးဘူး နောက်
တစ်အိုးကိုကြည့် ရဦးမယ် ငါရွေးချယ်မှုမှားလိုမဖြစ်
ဘူး ဒီအိုးကတော့ ကြေးအိုးဘဲ"
အနံကိုခံကြည့်လိုက်ရာ
"ကြေးနံဘဲ ဒါပေ့မဲ့ အိုးကဘာလိုမဲနေတာလဲ ကြေး
ရောင်မတွေ့ဘူး မဲနေတယ် ဘာကြောင့်လဲ အဆိပ်သုတ်ထားတာလား ကျန်တဲ့အိုးကိုပြန်ကြည့်
လိုက်ရာ တော်သေးတယ် ငါတစ်အိုးမှလက်နဲမထိ
မိလို ဟူးးးး"
သူသက်ပျင်းတစ်ချက်ချလိုက်ပြီ ငွေနှင့်ကြေး ဘယ်အိုး ဖြစ်မလဲဟုသူတွေးလိုက်မိတော့သည်။
ခဏကြာ
"ဟာ ဟုတ်ပြီ ကြေးအိုးဘဲ ကြေးဟာ သံနှင့်ထိရင်
ထားတာများရင် အရောင်ပြောင်းတယ်"
သူ ကြေးကိုရွေးလိုက်ပြီ ဖွင်လိုက်ရာ သံသော့တံ
တစ်ချောင်းကိုတွေ့ရလေတော့သည်။ သူယူလိုက်
ပြီ တံခါးကိုဖွင့်လိုက်တော့သည်။ သူတံခါးသုံးခုကို
ဖွင့်လာနိုင်ခဲ့ပြီ နောက်ထက်တံခါးနှစ်ခု ကိုဖွင့်
ရန် ဆက်၍တောင်ပေါ်သို့တတ်လာခဲ့တော့သည်။
တောင်၏တော်တော် မြင့်မြင့်ကိုရောက်ရှိလာပြီ
တောင်ပေါ် အောက်ခြေကိုတော်တော် လှမ်းလှမ်း
မြင်ရသည်မှ သူအနေဖြင့် သည်းထိပ်ရင်ဖို့ဖြစ်နေ
သည်။ ဒါပေ့မဲ့လည်သူ မတုန်လှုပ်ဘဲ ရှေ့သို့သာ
တက်လာခဲ့တော့သည်။ နောက်ထပ်တံခါးတစ်ခု
သို့ ရောက်လာပြန်တော့သည်။ လှေကားအောက်
ခြေ၌ ကျားခုံ တစ်ခုထားထာသည်။ ဇယ်သီး ဆယ်
နှစ်လုံးကိုစီး ၍စကြာင်္ပုံသဏ္ဍန်ဖော်ထားသည်။သူ
ဇယ်သီးတွေကိုကြည့်ပြီ တံခါးဖွင့်ရန် တစ်ခုခုရှိရ
မည် ဇယ်သီးတစ်လုံးကိုယူ၍ နေရာရွေ့ကြည့်
လိုက်သည်။ သူမှားရွေ့မိသဖြင့်ဇယ်သီးတွေ ကနဂို
မှုလအတိုင်းပြန်ဖြစ်သွားတော့သည်။ ကျားခုံ
ဘောင်အပေါ်ကနေ စာတမ်းလေပေါ်လာသည်။
အခွင့်အရေးသုံးခါသာရှိသည်။ သင့်တစ်ခါမှားသွား
ပြီ နောက်ထပ်နှစ်ခါမှားလျှင် သင့်တောင်အောက်
ပြန်ဆင်းရပါမည်။
"ဟူးးးးး'
သူသက်ပျင်း တစ်ချက်ချလိုက်ပြီ ဇယ်သီးတွေကို
သေသေချာချာ ကြည့်လိုက်သည်။
"ဒါက ဘာကိုရည် ညွှန်နေတာလဲ ငါမှရွေ့ခွင့်
နှစ်ကြိမ်ဘဲကျန်တော့တယ်"
သူသေချာကြည့်နေပြီ
" ဒီစကြာင်္ပုံစံက ငါတွေ့ဖူးသလိုဘဲ ဘယ်မှာတွေ့
ဖူးတာလဲ"
သူအတော်ကြားအောင်တွေးလိုက်ပြီ
"ဟုတ်ပြီ စစ်သူကြီးမူလန် ငါကိုပြဖူးတဲ့ စကြာင်္ပုံစံ
စစ်တိုက်နည်းဘဲ ဟုတ်ပြီ ငါ ဖြိုခွဲရမယ်"
သူ ထိပ်တစ်လုံးနှင့် အလယ်လုံးကို ခပ်မြန်မြန်
လေးယူလိုက်သည်။ ချက်ဆိုသလို စကြာင်္ပုံသဏ္ဍန်
ပျက်ဆီးသွားတော့သည်။
"ဟားးးး ငါက ဒီလောက်လေးမှ အရည်ချင်းမရှိရင်
ကျန်မင်းမဟုတ်တော့ဘူးဟားးး"
စတုတ္ထမြောက်တံခါးပွင့်သွားလေတော့သည်။
နောက်ဆုံးတံခါးကို သူဖွင့်ရန်အတွက် တောင်
ထိပ်ပေါ်သို့ ရောက်လာလေတော့သည်။  ထိပ်သို့
ရောက်တော့ အဆောင်ရဲ့ မုတ်ဝသို့ရောက်လာ
တော့သည်။ တံခါးကိုဖွင့် ၍ ကိုရင်ကြီးတစ်ပါး
ထွက်လာတော့သည်။ သူကထိုကိုရင်ကိုကြည့်၍
ပြုံးပြလိုက်ပြီ ထိုကိုရင်ကြီးက
"မေးခွန်းလေးခုကို ဖြေဆိုပြီ တံခါးတိုင်းဖွင့်လာနိုင်
တဲ့အတွက် ဂုဏ်ယူပါတယ် ဒကားလေး"
"နောက်ဆုံးမေးခွန်းမေးပါ ကျုပ်ဖြေမယ်"
"ကောင်းပြီ ဒကားလေး ၁။ခေါင်းပေါ်မှပျံနေတဲ့
ငှက်ကို သင့်ဘယ်လိုတားမလဲ ၂။သင့်နောက်မှာ
သင့်ကို ခုန်အုပ်ဖို့လုပ်နေတဲ့ကြားကို သင့်ဘယ်
လိုသတ်မလဲ ၃။သင့်ရှေ့မှရှိနေတဲ့ ခြင်္သေ့တစ်
ကောင်ရဲ ဟိန်းဟောက်သံကို သင့်ဘယ်လိုနား
ထောင်မလဲ ဒကားလေးဖြေပါ အမွှေးတိုင်တစ်တိုင်
စာ အချိန်ပေးမယ် မဖြေနိုင်ရင် ဒကားလေးလာ
ရာလမ်းကို လှည့်ပြန်ရမယ်"
"ကောင်းပြီ ကျုပ်ဖြေမယ် ၁။ ကျုပ်ခေါင်းပေါ်မှပျံ
နေတဲ့ ငှက်ကို ကျုပ်မတားနိုင်ပါ ကျုပ်ခေါင်းမှာ
အသိုက်လာမဆောက်အောင်တော့ ကျုပ်တား
နိုင်ပါတယ်။ ၂။ ကျုပ်ရဲ့နောက်ကျား ခုန်အုပ်လာပါ
စေ ကျုပ်မကြောက်ပါ သူခုန်အုပ်ချိန်ဟာ သူဝမ်း
ဗိုက်ကို ကျုပ်လက်နက်တစ်ခုခုနှင့် ကျုပ်ထိုးသတ်
နိုင်ရင် ကျုပ်နောက်ကကျားကို ကျုပ်သတ်နိုင်မှာ
ပါ  လိုအပ်တာ ကျုပ်က သူထက်လျှင်ဖိုဘဲ။
၃။ရှေ့ကာ ဟိန်းဟောက်နေသောအသံကို ခြင်္သေ့
သံကျုပ်ကြားနိုင်ပါတယ် နားခံနိုင်သော ကျုပ်ထပ်
ကြီးမြတ်တဲ့ ပုဂ္ဂိုလ်မဟုတ်ရင် ကျုပ်အမိန့်ကို သူပြန် နာခံရပါလိမ့်မယ် ဒါဟာကျုပ်ရဲ့ဆုံးဖြတ်
ချက်ဘဲ ကျုပ်ထက်တော်ရင် ကျုပ်လေးစားမယ်
ကျုပ်ထက်ညံရင် ကျုပ်အစေခံဖြစ်ရမယ်"
"ကောင်းလေးစွ ကောင်းလေးစွာ ကောင်းပြီ ဒကား
လေး သင့်အဖြေမှန်ကန်ပါတယ် ကိုယ်တော်ရဲ့
အနောက်ကို လိုက်ခဲ့ပါ ဒကားလေး"
သူပြုံးလိုက်ပြီ အလွန်ဝမ်းသာသွားတော့သည်။
အောက်၌ စောင့်နေသောရဲမတ်များလည် နေ့ဝက်
ကျော်ပြီ မို့ ပြန်မလာတော့ဘူးဆိုတာ သိသဖြင့်
နန်းတော်သို့ပြန်ကြလေတော့သည်။

အပိုင်း(5)ပြီး၏စာဖတ်သူများအား လေးစားလျှက်
                                  စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                  အပိုင်း(6)
ဦးရီးတော်ဟာ ညကတော်ယုံနှင့်အိပ်မပျော်နိုင်
သလို ယခုလည်အတွေးတွေဖြင့် စဉ်းစားရခက်နေ
သည်။ မင်းသားလေးကျန်မင်း၏ အမှုအယာ
အပြောအဆိုဟာ သာမာန်ကလေးတစ်ယောက်
နှင့်မတူပါ။ မော်ဆရာလော့ရင်းဟာ သူကိုအကြိမ်
ကြိမ်သတိပေးထားသည်။ သူကိုသတ်နိုင်သူဟာ
မင်းသားသုံးပါထဲက တစ်ပါးဖြစ်နိုင်တယ်ဟုပြော
ခဲ့သည်။ သူ၏မျက်မြင် ဇာတာကို နက္ခစစ်ကြည့်ရာ
မင်းသားလေးတွေဟာ သူထင်သလောက် ဇာတာ
မကောင်းကြပါ ပို၍ဆိုးသည်သူက မင်းသားလေး
ကျန်မင်းဖြစ်သည်။သူ၏ဇာတာဟာ လုံးဝမကောင်း
ပါ အခုသူမြင်တွေခဲ့တာက ကျန်မင်းဟာ မင်းသား
လေးနှစ်ပါထက် ဥာဏ်ရည်ရော မာန်ရော ရဲရင့်ပုံ
ရောသူတွေ့လိုက်ရသည်။ သူဧည်ခန်းမတွင် တစ်
ယောက်တည်းထိုင်ကာ ထိုင်နေရသည်။ စိတ်ထဲမှ
ဇဝေဇဝါဖြစ်နေလျှက်ရှိတော့သည်။
"သခင်ကြီး မှော်ဆရာလော့ရင်းရောက်လာပါပြီ"
"ဝင်ခဲ့ခိုင်းလိုက်"
အခိုင်းစေရဲ့စကားကြောင့် သူအတွေးတွေ ရပ်
သွားသည်။ မှော်ဆရာလော့ရင်းက
"ဦးရီးတော် ကျုပ်ကိုခေါ်တယ်ဆိုလို ဘာများခိုင်း
စရာရှိလိုလဲ"
"ခိုင်းစရာတော့မရှိပါဘူး မေးစရာရှိတာ"
"မေးပါ ဦးရီးတော်"
"မင်းသား သုံးယောက်ရဲ့ဇာတာကို မင်းတွက်
ကြည့်နိုင်သလား"
"ဘာအတွက်လဲ ဦးရီးတော်"
"ငါမင်းသား သုံးပါထဲမှာ မင်းသားကျန်မင်းရဲ့ဇာ
တာကို ပြန်စစ်ချင်တယ်  နက္ခတွက်တဲ့သူတွေက
ဘဲမှားသလား ဒီကလေးကဘဲ တစ်ကယ်ညံတာ
လား ငါသိချင်တယ် ဒီကလေးပုံစံကိုကြည့်ရတာ
သာမာန်ကလေးတော့ မဟုတ်ဘူး"
"အဲဒီမင်းသားလေး ကိုကျုပ်နှင့်ပေးတွေ့ပါ ကျုပ်
တွက်ချက်ပေးနိုင်ပါတယ်"
"ကောင်းပြီ ငါအခု နန်းတော်ထဲကို သွားမယ် မင်း   ငါအနောက်ကလိုက်ခဲ့ပါ"
"ဟုတ်ကဲ့ပါ ဦးရီတော်"
"ကဲ ဝေါယာဉ်ပြင် ငါနန်းတော်သွားမယ်"
"ဟုတ်ကဲ့"
အခိုင်းစေရဲမတ်များက ပြေး၍ ဝေါယာဉ်ကိုပြင်ကြ
တော့သည်။ သူနှင့်လော့ရင်းလည် အခန်းပြင်သို့
လိုက်ထွက်လာကြသည်။ အပြင်၌အဆင်သင့်ပြင်
ထားသော ဝေါယာဉ်ကို သူကစီး၍ လော့ရင်က လမ်းလျှောက်ပြီ သူ၏ဝေါယာဉ် နောက်မှ လိုက်ခဲ့
လေတော့သည်။
    အသက်ငါးနှစ်အရွယ် နတ်ကျွန်းစုရဲ့ငါးယောက်
မြောက် သမီးဖြစ်သော မော့ရန်လေးဟာ ငါးနှစ်
တောင် ကျော်နေခဲ့ပြီ စကားကို တစ်လုံးမှမပြော
ချေ။ ငိုလည်မငို ရယ်လည်မရယ် စကားလည်မ
ပြော ဘယ်သူနှင့်မှလည် ကလေးပီပီ မကစားပါ။
တစ်ယောက်တည်း ပန်းခြံလေးတွင် အမြဲတမ်း
ထိုင်လျှက် ပန်းတွေကို သာငေးကြည့်၍ ပြုံးလိုက်
ပန်းတွေကို ပုတ်ကစားလိုက် တစ်ယောက်တည်း
သီသန့်လေနေတော့သည်။ စော်ဘွားမူရင်းဟာ သူ
သမီးကို ကြည့်၍ သက်ပျင်းသာ ချချမိနေသည်။ ဒီ
ကလေးဟာ ထူးဆန်းတာထက် ပို၍ထူးဆန်းနေ
သည်။ အခြားသောကလေးများက သူမအနားသို့
မသွားရဲမခေါ်ရဲကြပါ။ မိစ္ဆာဝင်စားသည့် သူမလေး
ကို ကြောက်ကြသဖြင့် အနားမကပ်ရဲမခေါ်ရဲကြပါ
သူမ၏ ညီအမများကလည် တစ်ခါတစ်လေ သူမ
ကို ခေါ်ပြီကစားပေးပေ့မဲ့ သူမကမစားပါ။ ပန်းလေး
တွေကသာ သူရဲ့အဖော်အဖြင့် သူစိတ်နဲ့စကား
ပြောနေတော့သည်။ အမြဲတမ်းသီးသန့်နေထိုင်နေ
ရင်း သူအမအသက်နှစ်ဆယ်ရွယ်သို့ ရောက်ရင် သူမစိတ်ကို ထိန်းချုပ်၍ မရတော့မှာကို စော်ဘွား
မူရန်ဟာ စိုးရိမ်နေမိသည်။ သူမကတော့ ပန်း
တွေ့နဲ့သာဆော့ကစားနေတာ အခြားအရာကို လည် သူမဘာကိုမှ စိတ်မဝင်စားလျှက်ရှိတော့
သည်။ သူမ၏အပြုံးကို ရံဖန်ရံခါမြင်ရပေ့မဲ့ သူမ၏
အပြုံးကြောင့် ဖူးနေသော ပန်းလေးတွေက ချက်ချင်းဆိုသလို ပွင့်လန်းလာလျှက်ရှိသည်။
တိတ်ဆိတ်ခြင်းတွေက သူမအတွက်အဖော်တစ်ခု
လိုဖြစ်နေလျှက်ရှိတော့သည်။
       တောင်ပေါ်တော့ သူရောက်လာခဲ့ပြီ တောင်
ပေါ်ရှိ ဘုန်းကြီးကျောင်းဟာ တိတ်ဆိတ်လွန်းလှ
သည်။ သူအတွက်အဖော်လည်မရှိ ကိုရင်ကြီး
တစ်ပါးနှင့် ကိုရင်လေး တစ်ပါးသာရှိသည်။ ရသေ့
ကြီး ဝုကိုတော့ မတွေ့ရသေးချေ။ ကိုရင်ကြီးက
သူအတွက် နေစရာအခန်းကို စီစဉ်ပေး၍ ရသေ့
ကြီးဝု တရားကျင့်၍ အပြန်အလာကို သူကိုစောင့်
ခိုင်းသည်။ ဘယ်အချိန်လာမယ်မှန်းမသိတဲ့ ရသေ့
ကြီးဝုကို ဘာလုပ်ပြီ သူစောင့်မယ်မှန်းမသိသဖြင့်
သူအတော်လေးကို စိတ်ပျက်နေတော့သည်။ ကို
ရင်လေးကတော့ သူနှင့်စကားလာပြောပေးပေ့
မယ် ကိုရင်လေးဖြစ်၍ သီလသမာတိလုံလွန်းလှ
၍ ပြောဆိုလျှင် သူကို သတိနှင့်ပြောနေရသည်။
သူအတွက် ဒီတောင်ပေါ်က အတော်လေးကို စိတ်
ပျက်စရာ ဖြစ်နေတော့သည်။ သူဘုန်းကြီးကျောင်း
ကို လျှောက်ပတ်၍ ကြည့်ရှု့ပေ့မဲ့ ဘာမှထွေထွေ
ထူးထူ မရှိပေ။ တိတ်ဆိတ်လွန်းသဖြင့် ငှက်သံက
သာ အဆူညံဆုံးဖြစ်နေလျှက်ရှိသည်။ သူဘုန်းကြီး
ကျောင်း၏ လှေကားထစ် လေးမှထိုင်ပြီ ဘာလုပ်
ရင်ကောင်း မလည်ဟု သူထိုင်တွေးလိုက်တော့
သည်။
   နန်းတော်သို့ ရောက်တော့ ဦးရီတော်နှင့်မှော်ဆ
ရာလော့ရင်းတို့ဟာ စာသင်ဆောင်သို့ ဦးတည်၍
လာကြတော့သည်။ စာသင်ဆောင်သို့ရောက်တော့
ှီုဦးရီးတော်ဟာ စာသင်သားတွေကို ကြည့်လိုက်ရာ
မင်းသားသုံးပါထဲမှ ကျန်မင်းကိုမတွေ့ချေ။ သူက
စာသင်နေသော ဆရာကို
"မင်းသားကျန်မင်း ဒီနေ့စာလာမသင်ဘူးလား"
ဆရာက ကြောက်ကြောက်ဖြင့်
"ဟုတ်ကဲ့ "
"ဘာဖြစ်လိုလည် စာလာမသင်တာလဲ"
"နေမကောင်းဖြစ်နေပါ ဦးရီးတော်"
သူချက်ချင်းလှည့်ထွက်သွားပြီ အပြင်ရောက်တော့
"မင်းသားလေးအဆောင်ကိုသွားမယ်"
"ဟုတ်ကဲ့"
ဦးရီးတော် ဦးဆောင်၍ မင်းသားလေးကျန်မင်းရဲ့
အဆောင်တော်သို့ လာကြတော့သည်။ အဆောင်
သို့ရောက်တော့ အဆောင်ထဲသို့ဝင်ရန်ပြုချိန် မင်း
သားလေး အထိန်းတော်ကထွက်လာပြီ
"ဘာကိစ္စများရှိပါသလဲ ဦးရီးတော်"
"မင်းသားကျန်မင်းနဲတွေ့ချင်တယ်"
"နေမကောင်းပါဘူး ဦးရီးတော်"
သူမျက်လုံးလေးကို အစောင်သို့ဝေ့ဝဲကြည့်လိုက်
သည်။
"မင်းသားလေးက နေမကောင်းဘူးသာဆိုတယ်
ဆေးဆရာတွေ တစ်ယောက်မှမရှိပါလား"
"ဟို ဟိုလေ…"
အထိန်းတော်က ဘာပြောရမယ်မှန်မသိသဖြင့် စကားထစ်ငေါသွားသည်။ ဦးရီးတော်က စိတ်တို
ဟန်ဖြင့်
"ဖယ်စမ်း ငါရှေ့က"
အဆောင်ထဲကို မည်သူကိုမှ ဂရုမစိုက်ဘဲ အ
ဆောင်ထဲသို့ အတင်းဝင်ရောက်လေတော့သည်။
ထိုအချိန် ရဲမတ်တစ်ယောက်ကပြေး၍ ဘုရင်နန်း
ဆောင်သို့ပြေးလာတော့သည်။
"အရှင်မင်းကြီး အရှင်မင်းကြီး"
"သြော် အလန့်တကြား ဘယ်လိုပြေးလာတာလဲ
အလောတကြီး ဘာဖြစ်လာတာလဲ"
"မင်းသားလေးကျန်မင်း မင်းသားလေးကျန်မင်းကို
ဦးရီးတော် လာရှာတယ် မင်းသားလေးနန်းဆောင်
မှာ"
"ဘာ……"
ဘုရင်လည် အလောတကြီး ရဲမက်စကားကိုကြား
တာနှင့် သူ၏နန်းဆောင်ကနေ မင်းသားလေး
ကျန်မင်းအဆောင်သို့ လာတော့သည်။ အဆောင်
သို့ရောက်တော့ ဦးရီးတော့ ကမင်းသားလေးကျန်
မင်းကို စောင့်လျှောက်နေကြသော ရဲမတ်များ
အချွေရံများ အခိုင်းစေများနှင့် အထိန်းတော်များ
ကို ဟိန်းဟောက်၍ မင်းသားလေးကိုမတွေ့ရသ
ဖြင့် မေးမြန်းနေတော့သည်။ သူတို့တွေ့ကလည်
မသိကြောင်းဖြေကြားကြပေ့မယ့် ဦးရီးတော်က
လက်မခံချေ။ မင်းကြီးလည် အရောက်သွား၍
"ဘာဖြစ်နေကြတာလဲ အကိုတော်"
"သြော်  ညီတော်မင်းကြီးရောက်လာတာကိုး"
"မင်းသားလေးနဲတွေ့ချင်လိုလာတာ မင်းသား
လေးနေမကောင်းဘူးဆိုလို လာကြည့်တာပါ မင်း
သားလေးကိုမတွေ့ရလို့မေးနေတာ တစ်ယောက်
မှအသုံးမကျဘူး မင်းသားလေးဘယ်သွားလဲမသိ
ကြဘူး ဒါကြောင့် အော်နေရတာ"
"သြော် ဟုတ်လား မောင်မင်းတို့သွားကြတော့ "
"ဟုတ်ကဲ့ အရှင်မင်းကြီး"
" အကိုတော် သူတို့တွေကမင်းသားလေးဘယ်မှရှိ
လည် မသိကြပါဘူး"
"ညီတော်မင်းကြီးရော သိလား"
"အင်း တောင်ပေါ်ကိုလွတ်လိုက်တယ် ဆေးကုဖို့ သူက ဇာတာမကောင်းဘူး ဒါကြောင့် သူကိုနန်း
တော်ထဲမှာ မထားချင်လို ဆရာတော်ရသေ့ဝုဆီ
ပို့လိုက်တယ်"
"ဘာ…ဆရာတော်ဆီကို ပိုဆောင်လိုက်တယ်"
"အင်း"
ဦးရီးတော် စိတ်ညစ်သွားတော့သည်။ ဆရာတော်
ရသေ့ဝုဆိုတာ အရင်ဖခမည်းတော်မင်းကြီး ရိုသေ
ကိုးကွယ်သော ဆရာတော်တစ်ပါးဖြစ်သည်။ သူ
နှင့် မင်းကြီးတို့၏ ပညာကိုသင်ကြားပေးခဲ့သော
သူတို့၏ ဆရာအရင်းအချာဖြစ်သည်။ ညီတော်မင်း
ကြီးဟာ မင်းသားလေးကို ဆရာတော်ရသေ့ဝုဆီ
ပို့လိုက်တာဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးဟု သူ
တွေးလိုက်မိသည်။ မင်းကြီးလည် ဦးရီးတော်ရဲ့
မျက်ရိပ်ကိုကြည့် ၍ သူအလိမ်ပေါ်သွားမလားဟု
စိုးရိမ်နေမိသည်။ ဦးရီးတော်က ပြုံး၍
"မင်းသားလေးက ဆရာတော်ဆီရောက်သွားပြီ
ကိုး ငါကိုယ်တော်က စိတ်ပူလိုမင်းသားလေးကို
လာကြည့်တာပါ ဘာမှထွေထွေထူးထူးတော့ မ
ဟုတ်ဘူး အလုပ်ရှုပ်စေမိပြီ ညီတော်မင်းကြီး"
"ရပါတယ် အကိုတော်"
"ဒါဆိုလည် ပြန်လိုက်ဦးမယ် မူလန်းကိုကတိ
အတိုင်း လွတ်ပေးလိုက်ပါပြီ အဲဒါ မင်းသားလေး
ကိုပြောချင်လိုပါ"
"ကောင်းပါပြီ အကိုတော်"
"သွားစို့"
"ဟုတ်ကဲ့"
ဦးရီးတော်နှင့် သူနောက်လိုက်တွေလည် အားလုံး
ထွက်သွားကြတော့သည်။ မှော်ဆရာလော့ရင်းက
မင်းကြီးကို တစ်ချက်စိုက်ကြည့်၍ ဦးညွှတ်ပြလိုက်
သည်။ မင်းကြီးလည် ပြန်လည်ပြုံးပြလိုက်လေ
တော့သည်။

အပိုင်း(6)ပြီ၏စာဖတ်သူများအားလေးစားလျှက်
                               စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                   အပိုင်း(7)
ကျန်မင်းဟာ ရသေ့ဝုကိုတွေ့ရဖို့ ကျောင်းတော်မှ
ပျင်းရိစွာနဲ လေးငါရက်လောက်စောင့်လိုက်ရ
သည်။ ဒီနေ့မှာတော့ ဆရာတော်ရသေ့ဝုဟာ တောင်ပေါ်သို့ သူ၏ တပည့်နှစ်ယောက်နှင့်အတူ ပြန်ရောက်လာတော့သည်။ ဆရာတော်ဝုက ရောက်လာသည်ကို သူကမသိသေးဘဲ လေးညှင်း
လေးခံကာ သူတောင်ပေါ်ကနေ တောင်အောက်
၏ ရှုခင်းတွေကို ငေးကြည့်နေတုန်းမှာဘဲ ကိုရင်
ကြီးကရောက်လာပြီ သူကိုလာခေါ်တော့သည်။ ဆရာတော်ဝုရောက်နေပြီ သူကို သွားတွေရန်လာ
ခေါ်သည်။ သူလည်းဝမ်းသာစွာနဲဘဲ ကိုရင်ကြီး
နောက် လိုက်လာခဲ့သည်။ ဆရာတော်ဝုကိုတွေ့
ပြီ ဖခမည်းတော်ပေးသော စာကိုပေးရန် စာကိုသူ
အခန်းဆီမှ ဝင်ယူလိုက်သည်။ ပြီတော့မှ ကိုရင်ကြီး
၏ နောက်သို့လိုက်လာပြီ ခန်းမဆောင်သို့ရောက်
လာတော့သည်။ အသက်ခုနှစ်ဆယ်အရွယ် ရသေ့
ကြီးနှင့် သူနှင့်ရွယ်တူ လူငယ်ယောကျာ်းလေးနှစ်
ယောက်ကို သူတွေ့လိုက်ကြသည်။ သူလည်ခန်းမ
ထဲသို့ ဝင်လာပြီ ရသေ့ကြီးကို
"အရိုသေပေးပါတယ် ရသေ့ဝု"
"ဒကားလေးအကြောင်းကို သိသလောက်တော့
သိထားပြီပါပြီ ဒါနဲ ဒကားလေးက ဘယ်သူလည်"
"ယူကျန်မင်းပါ"
"သြော် ငါရဲ့တပည့်တော် မင်းကြီးရဲ့သားတော်
ပါလား "
"ဟုတ်ပါတယ် "
"ဘယ်နှစ်ယောက်မြောက်သားတော်လဲ"
"နှစ်ယောက်မြောက်ပါ ဆရာတော်"
"သြော် …ဒုတိယမြောက်သားတော်ကိုး"
"အသက်ဘယ်လောက်ရှိပြီလဲ"
"တစ်ဆယ့်နှစ် နှစ်ပါ"
"ကောင်လေစွ ဒီအရွယ်လေးနဲ တောင်ပေါ်အထိ ကို တတ်လာ နိုင်တဲ့ အရည်အချင်းကိုချီးကျူးမိပါ
တယ်"
သူကိုင်ထားတဲ့ စာကိုယူ၍
"ဒါက ဖခမည်းတော်မင်းကြီး ဆရာတော်ကိုပေး
ခိုင်းလိုက်တာပါ ဆရာတော်"
"အင်း"
ရသေ့ဟာ စာကိုလှမ်းယူ၍ ဖတ်လိုက်သည်။ ပြီတော့မှ စာကိုသေချာခေါက်ကာ ဘေးမှာအသင့်
ထွန်းလင်းထားသော ဖယောင်းတိုင်မီးဖြင့်ရှို့လိုက်
သည်။ ကျန်မင်းက ရသေ့ဝုရဲ့အမှုအယာကို သေချာစိုက်ကြည့်နေတော့သည်။ ဆရာတော်
၏ အမှုအယာက စာကိုဖတ်လိုက်ပေ့မယ့် ဘာမှ
အလေးမထား တဲ့အမူအယာဖြင့် စာကိုပါမီးရှို့
လိုက်သေးသည်ကို သူကြည့်၍ အံသြသွားတော့
သည်။ရသေ့က
"မင်းသားလေး ကျန်မင်း"
"ဟုတ်ကဲ့ ပြောပါရသေ့"
"ဒီအချိန်က စပြီ မင်းသားလေးဟာ မင်းသားလေး
မဟုတ်တော့ဘူး ဆရာတော်ရဲ့တပည့်ဖြစ်သွားပြီ"
"ဟုတ်ကဲ့"
ရသေ့က
"ရန်ကျိ နဲ ရန်ရှမ်း"
"ဟုတ်ကဲ့ ဆရာတော်"
"သူ့ကို တပည့်တော်တို့က စောင့်လျှောက်ပြီ လေးစားမယ်လူဘဲ ဒီအချိန်ကစပြီ သူကိုကာကွယ်
စောင့် ကြရမယ်ကြားလား တပည့်တော်တို့"
ရန်ကျိက
"ဆရာတော်တပည့်တို့ စောင့်လျှောက်ရမယ့် သူကို
တပည့်တို့ ဒီအတိုင်းတော့ မလေးစားနိုင်ဘူး မကာ
ကွယ်ပေးနိုင်ဘူး သူကို တပည့်တို့ ညီနောင် စမ်း
သတ်ပါစေ တပည့်တော်တို့လက်ခံနိုင်တဲ့ အရည်
ချင်းသူမရှိမှာ သူကိုလေးစားပါရစေ ဆရာတော်"
"ကောင်းပြီလေ ကျန်မင်း"
"ဟုတ်ကဲ့ပြောပါ ဆရာတော်"
"သူတို့နှစ်ယောက်ဟာ မင်းရဲ့တစ်ချိန်ချိန် ဘယ်
လက်ရုံးနဲ ညာလက်ရုးံဘဲ မင်းကိုသူတို့လေးစား
ဖို့ မင်းအပေါ်မှဘဲ မူတည်တယ် နားလည်လား
ဆရာတော်ပြောတာကိုး"
"ဟုတ်ကဲ့ "
"ကယ် မင်းတို့သွားကြတော့ သြော် ကျန်မင်း မင်း
ကို မနက်ဖြန်ကစပြီ ပညာတွေသင်ကြားပေး
တော့မယ် စတင်လိုက်နာယူပါ"
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာတော်"
"ကယ် ကယ်သွားကြတော့"
"ဟုတ်ကဲ့"
သူတို့သုံးယောက်လုံးက ညီညီညာညာဖြေကြပြီ
ခန်းမထဲက ထွက်လာကြတော့သည်။ အပြင်
ရောက်တော့ သူက
"သူငယ်ချင်းတို့"
ရန်ကျိက
"ငါတို့ မင်းနဲသူငယ်ချင်းမဖြစ်သေးဘူး မင်းကို
ဘုရင်သားဆိုပြီလည် မလေးစားနိုင်ဘူး မင်းကို
လက်ခံဖို့ ငါတို့ထက်သာတဲ့အရည်ချင်းရှိ မင်းမှရှိ
မှဖြစ်မယ်"
ရန်ကျိနှင့်ရန်ရှမ်းအမှုအယာဟာ သူကိုမထင်မဲ့မြင်
ပြုကြသည်ကို သူကြည့်၍ ဒေါသထွက်သွားသည်။
"ကောင်းပြီလေ မင်းတို့သဘောပါ "
သူလည် ဘာမှဆက်ပြောချင်စိတ်မရှိတော့ဘဲ သူ
သူတို့ရှေ့မှထွက်လာခဲ့တော့သည်။ ရန်ကျိနှင့်
ရန်ရှမ်းလည် သူအမှုအယာကိုကြည့်ပြီ သူကိုကျော
ခိုင်း ၍ ကိုယ့်နေရာဆီသို့ပြန်နားကြတော့သည်။သူ
လျှောက်လာရင်း နူတ်မှ
"တော်တော်မလွယ်ပါလား နန်းတော်မှာ ဘယ့်သူ
ကိုမဆို ငါအမိန့်ပေးလိုရတယ် ဒီညီကိုယ် နှစ်
ယောက်ကို ငါဘယ်လိုကိုင်တွယ်ရမလဲ သူတို့ငါ
ကို ယုံကြည့်ဖို့ဆိုတာ တော်တော်တော့ မလွယ်
ကူဘူး ငါကိုဆရာတော် စမ်းသတ်နေတာများလား
သူတို့နှစ်ယောက်ကရော ငါအတွက် တစ်ကယ့်
အသုံးဝင်လာမလား"
"အသုံးဝင်လာမယ် ဒကားလေ"
နောက်မှ အသံကြောင့် သူလှည့်ကြည့်လိုက်ပြီ
"ဟင် ကိုရင်ကြီးပါလား"
"ဟုတ်တယ် ဒကားလေးက အခုမှရောက်တော့
ရန်ညီကိုအကြောင်း ဘာမှမသိဘူး ဒါကြောင့်
ဒကားလေးနောက်ကို လိုက်ခဲ့တာ"
"ကျွန်တော့်ကို ကူညီပေးနိုင်ပေး နိုင်မလား ကိုရင်
ကြီး"
"ကိုယ်တော်တော့ ဒကားလေးကို မကူညီနိုင်ဘူး ရော့ဒါကို လေ့လာပါ ဒကားလေး"
ကိုရင်ကြီးက စာအုပ်နှစ်အုပ်ကို သူအားကမ်းပေး
လိုက်တော့သည်။
"စာအုပ်နှစ်အုပ်ပါလား"
"ဟုတ်တယ် ဒကားလေး ဒကားလေးရန်ကျိက
မြှားပစ်တာတော်တယ် တိုက်ရည်ခိုက်ရည်ကောင်း
တယ် ဒါကြောင့် ဒီဓါးသိုင်းစာအုပ်ကို ပေးတာ လေ့
လာဖို့ပါ ရန်ရှမ်းက မျက်လှည့်တော်တယ် ဥာဏ်
ကောင်းတယ် ကျားထိုကျွမ်းကျင်တယ် ဒါကြောင့်
မျက်လှည့်ပညာစာအုပ်ကို ပေးတာပါ လေ့လာဖို့ပါ
သူတို့ညီကိုနှစ်ယောက်လုံးက တော်ကြတယ်
ဆရာတော်ဝုရဲ့ စကားနားထောင်ကြတယ် သူတို့
ထက်မတော်တဲ့ သူကိုဦးညွှန်မှမဟုတ်ဘူး။ ဒကား
လေးလည် လူတော်တစ်ယောက်ပါ ကိုယ်တော်
ပြောတာ ဒီလောက်ဆို သဘောပေါက်ပါတယ်"
"ကောင်းပါပြီ ကိုရင်ကြီး"
"ဘုရားအားစောင့်မပါ ကိုယ်တော်ကို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
ကိုရင်ကြီးကသူရှေ့ကနေ ထွက်သွားတော့မှ သူစာ
အုပ်လေ နှစ်အုပ်ကို ကိုင်ကာ
"ဟူးးးး"
လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီ သက်ပျင်းတစ်
ချက်ချ လိုက်ပြီ
"မလွယ်ပါလား "
သူရဲ့ဘုရင်သားဆို့တဲ့ ဘဝကလည်ဒီနေရာမှာဘဲ
အဆုံးသတ်ပြီထင်တယ်ဟု သူတွေးမိရင် သူ
ဝမ်းနည်းမိလာတော့သည်။ နန်းတော်မှရှိတဲ့ သူရဲ့
ညီကိုတော်တွေ အမတ်၏သား သူငယ်ချင်းတွေ
သူရဲ့မိခင်မိဖုရား သူရဲ့ဖခမည်းတော် အားလုံးကို
သူလွမ်းမိနေတော့သည်။ နန်းတော်မှ သူအမိန့်
နှင့် သူဆက်ဆံလိုရပေ့မဲ့ အခုတော့ သူကိုယ့်သူ
သာ အားကိုးရတော့မည် သူဝမ်းနည်း၍ မျက်
ရည်ကျလာတော့သည်။ သူတွေးရင်းဖြင့် သူ၏
အိပ်ဆောင်ခန်းကို လျှောက်လှမ်းလာတော့သည်။
  ဧည့်ခန်းဆောင်တွင် ဦးရီတော်တစ်ယောက် ဒေါ
ပွလျှက်ရှိတော့သည်။ မှော်ဆရာလော့ရင်းနှင့် သူ
၏အမှုထမ်းများကပါ သူကိုကြောက်ရွံ့နေကြ
သည်။
" ညီတော်မင်းကြီး ညီတော်မင်းကြီး မင်းကငါကို
လှည့်စားသွားပါလား  ငါကိုမင်းလုပ်ရဲတယ်ပေါ့ ကျန်းမင်းကို ဆရာတော်ဆီ ပို့ပြီကာကွယ်ပေးရဲ
တယ် ငါကိုတောင်ဂရုမစိုက်တော့ဘူးပေါ့ မင်းသား
ကျန်မင်းရဲ့ဇာတာကို လိမ်ပြီဟော်ရဲတယ်ပေါ့လေ ငါသိရမှဖြစ်မယ် မင်းသားကျန်မင်းရဲ့ ဇာတာအစစ်
မှန်ကို ငါသိရမှဖြစ်မယ်"
မှော်ဆရာလော့ရင်က
"ဦးရီတော် ကျွန်တော်မျိုးတို့ မင်းသားလေးနောက်
လိုက်သွားကြမလား"
"ငါစဉ်းစားလိုက်ဦးမယ် ဆရာတော်ဝုနဲ ထိပ်တိုက်
တွေ့လိုမဖြစ်ဘူး နှင်းတောင်က နန်းတော်လို
မဟုတ်ဘူး ငါစဉ်းစားလိုက်ဦးမယ် အခုလောက်ဆို
ဆရာတော်ဝုဟာ မင်းသားလေးကိုတွေ့ပြီ ဘာ
ကြောင့် ညီတော်မင်းကြီး လွှတ်လာရလည်ဆိုတာ
သိလောက်ပြီ ငါတို့လှုပ်ရှားလိုမဖြစ်ဘူး "
"ဒါဆို ဆရာတော်ကို သွားဖူးရင် မင်းသားလေးဆီ
သွားကြရင်ရော"
"ဒီအကြံမဆိုးဘူး ဟုတ်တယ် ဆရာတော်ကို သွား
ဖူးရမယ် မင်းသားလေးနဲလည်တွေ့ရမယ် ငါ သိ
ကို သိရမယ် မင်းသားလေးကျန်မင်းကို သူမသတ်
နိုင်ခင် ငါကြိုပြီ သူကိုသတ်နိုင်ရမယ် သူရဲ့ဇာတာ
ကို ကြည့်ပြီ သူရာဇာဝင်ပြောင်ပြန်လှန်ပစ်မယ် ဟားးးဟားးးးးး ညီတော်မင်းကြီး ညီတော်မင်းကြီး
မင်းသိပ်မှားသွားပြီ ငါကိုမင်းက မင်းသားလေး ကျန်မင်းကို သတိထားမိအောင်လုပ်ပေးလိုက်တာ
ဘဲ ဟားးးးဟားးးးး"
ဦးရီးတော်က အော်ကြီးဟစ်ကျယ် အော်ရီတော့ လေသည်။ ပြီမှ
"မနက်ဖြန် နှင်းတောင်ကို ခရီးနှင်မယ် ဟားးး
ဟားး"
အားလုံးလည် ဦးရီးတော်ကိုကြည့်ပြီ ဝိုင်းရီကြတော့
သည်။
နတ်ကျွန်း၌ သုန်ချန်နတ်ဘုရားကျောင်း၌ လူသတ်
သည်ဟု သတင်းတွေပြန့်နေတော့သည်။ ရုတ်
တရပ် လူသေတာ နှစ်လောင်းရှိပြီဖြစ်သည်။ နတ်
ကျွန်းစုရဲ့စော်ဘွားခေါင်းဆောင် ဖြစ်သော မူရမ်း
နှင့် နတ်ကျွန်းစု၏ လူများသည်သုန်ချန်ဘုရား
ကျောင်းသို့သွားကြတော့သည်။ ကျောင်းတော်တစ်ခုလုံးကိုလျှောက်၍ လိုက်ရှာကြ
ပေ့မယ် ဘာကြောင့်လူတွေ သေဆုံးကြတယ်ဟူ၍ မသိကြချေ။ အရမ်းကို အံသြစရာကောင်း လောက်
အောင်ဖြစ်ပျက်နေကြတော့သည်။ ဘာမှအစအနမှ ဘုရားကျောင်းမှာ ရှာမတွေ့ကြသဖြင့် သုန်ချန် ကျောင်းတော်ကို ချိတ်ပိတ်လိုက်ကြသည်။ မည်သူ
မှမသွားရဟု အမိန့်ထုတ်လိုက်လေတော့သည်။ နတ်ကျွန်းရှိလူ အများစုကတော့ မော့ရန်လေမွေး
လာတော့မှ ဖြစ်တာကြောင့် သူမလေးကိုသာ အပြစ်တင်ပြောဆိုကြတော့သည်။ သူမလေးက
သတ်တာဟု ယူဆကြတော့သည်။ သူမလေးကတော့ သူမကြောင့် လိုပြောကြပေ့မယ် ဘာမှ မသိကြချေ။ငါးနှစ်ကျော်ကလေးတစ်
ယောက်ဟာ လူသတ်တာမဖြစ်နိုင်တာကိ မူရမ်းက
သိပေ့မယ့် ပတ်ဝန်းကျင်ရှိ လူများကတော့ သူမ
လေးကို တဖြေးဖြေး ခင်မယ့်သူတွေတောင်
နည်းလာကြတော့သည်။ သူမ၏ ညီမတွေလည်
သူမကို သိပ်မခေါ်ရဲ မချစ်ရဲကြတော့ပါ။ ထိုကြောင့်
မူရန်ဟာ နှင်းတောင်က ဆရာတော်ဝုကိုပင့်ပြီ သူ
သမီးလေး ကိစ္စတိုင်ပင်ရန်ဆုံးဖြတ်လိုက်တော့
သည်။ ဒါကြောင့် သူစာပို့ခိုကို သုံး၍ဆရာတော်
ထံ စာပို့လိုက်လေတော့သည်။ နတ်ကျွန်းသို့ ကြွ
လာရန် အကူအညီတောင်းလိုက်တော့သည်။

အပိုင်း(7)ပြီး၏စာဖတ်သူများအားလေးစားလျှက်
                               စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                    အပိုင်း(8)
ရသေ့ကြီးဝုဟာ သူအဆောင်ဆီသို့ စာပို့ခိုရောက်
လာသဖြင့် သူ ခိုဆီကနေ စာကိုယူ၍ဖတ်လိုက်
သည်။ နတ်ကျွန်း၌ဖြစ်ပျက်နေသည်ကို တချိန်က သု၏တပည့်ဖြစ်ဖူးသော မူရန်ဆီက စာဖြစ်တော့
သည်။ သူစာကိုဖတ်လိုက်ပြီ သဘက်ခါနတ်ကျွန်း
ဆီသို့ ခရီးနှင်ရန်ဆုံးဖြတ်လိုက်တော့သည်။
   ညကနက်နေခဲ့ပြီ သူမအိပ်သေးချေ။ ကိုရင်ကြီး
ပေးသော စာအုပ်ကိုဖတ်၍ မအိပ်နိုင်သေးပါ။ ရန်
ညီကိုနှစ်ယောက်က အချိန်မရွေး သူကို ပညာစမ်း
နိုင်သဖြင့် သူမအိပ်နိုင်ဘဲ စာအုပ်ကိုသာ ကြိုးစား၍
ဖတ်နေတော့သည်။ ည၏အချိန်ဟာ မည်သို့ပင်
ကုန်ဆုံးသည်ကိုပင် သူသတိမထားနိုင် သူမသိနိုင် တော့ချေ။မနက်လောက်မှ ထိုင်လျှက်စာဖက်နေ
ရင်း အိပ်ပျော်သွားတော့သည်။
    မနက်လေးနာရီလောက် အချိန်တွင် ရန်ကျိနှင့်
ရန်ရှမ်းတို့ဟာ သူအခန်းသို့ရောက်လာကြပြီ သူကို
တံခါးခေါက်၍ နိုးကြတော့သည်။
"ကျန်မင်း ကျန်မင်း ကျန်မင်း  ဒုန်း… ဒုန်…း ဒုန်း"
တံခါးကို ထုရိုက်ပြီ နိုးသဖြင့် သူလန့်နိုးသွားသည်။
သူထကာ တံခါးကိုဖွင့်လိုက်ပြီ ရန်ညီနောင်တွေကို
တွေ့ရသည်။
"ဘာဖြစ်လိုလဲ"
"ဆရာတော်ခေါ်ခိုင်းတယ် အခုလိုက်ခဲ့ပါ"
သူဘာမှဆက်မပြောတော့ဘဲ သူတို့နောက်ကို
လိုက်ခဲ့တော့သည်။မနက်အစောကြီး နိုးပြီဆရာ
တော်က ဘာလုပ်မှာလည် ဟုသူတွေးလိုက်မိ
သည်။ ဘုရားရှိခိုဆောင်သို့ ရောက်တော့ ဆရာ
တာ့က တရားထိုင်နေလျှက်ရှိသည်ကိုတွေ့ရ
သည်။ ဆရာတော်က သူရောက်လာသည်ကိုသိ၍
သူ တို့ကိုမျက်လုံးဖွင့်၍ ကြည့်လိုက်သည်။
"ကျန်မင်း"
"ဟုတ်ကဲ့ဆရာတော်"
"မနက်တိုင်း မင်း ငါးနာရီခန့် တရားထိုင်ရမယ်"
"ဟုတ်ကဲ့ဆရာတော်"
"ကယ် တပည့်တော်တို့ သုံးယောက်လုံး တန်းစီ၍
ထိုင်ကြပါ။"
"ဟုတ်ကဲ့"
သူတို့လည် ညီညီညာညာပြန်ဖြေလိုက်ကြသည်။
ဆရာတော်က
"ကျန်မင်း"
"ပြောပါဆရာတော်"
"ဆရာတော် ဘာကြောင့် တပည့်တော်ကို တရား
ထိုင်ခိုင်းလည် ဆိုတာသိသလား"
"မသိပါဘူးဆရာတော်"
သူက ရုတ်တရက်မနက်အစောကြီး ထရ၍ တရား
ထိုင်ရမည် ဖြစ်သဖြင့် စိတ်မရှည်စွာဖြင့်ဖြေလိုက်
သည်။ ဆရာတော်က သူစိတ်မရှည်ပုံကို သိ၍ပြုံး
မိသည်။
"ကျန်မင်း တပည့်ဟာ အခု နန်းတော်နဲ့အဝေးမှာ
လာနေရတာ နန်းတော်ကို သတိရတဲ့စိတ်ဖြစ်မိမှာ
ဘဲ စိတ်ဓါတ်ကျတာတွေလည် ဖြစ်လာနိုင်ပါတယ်
တပည့်တော်ဟာ ကလေးတစ်ယောက်နဲ မတန်တဲ့
တာဝန်တစ်ခုကို လက်ခံထားရတယ် မဟုတ်လား
စိတ်ထဲမှာ ကြောက်ရွံ စိုးရိမ်တဲ့စိတ်တော့ဖြစ်မိမှာ
ဘဲ မဟုတ်ဘူးလား"
"ဟုတ်ပါတယ် ဆရာတော်"
"ဒါကြောင့်ဘဲ တပည့်တော်ကို တရားထိုင်စေပြီ မိမိစိတ်ကို တည်ငြိမ်အောင် ချုပ်ထိန်းခိုင်းတာပါ"
သူဆရာတော်စကားကြောင့် ဘာပြန်ပြောရမလည်
တောင်မသိတော့ပါ။ ဆရာတော်ပြောတာလည် မှန်ပါသည်။
"ဟုတ်ကဲ့ပါ ဆရာတော်"
သူထိုလည် ထိုအချိန်မှစ၍ တရားထိုင်ကြတော့
သည်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ သူတို့ဘုရား
ကျောင်းဆောင်ကြီးမှာ ငှက်သံမှအပ မည်သည်
အသံ တစ်စုံတရားမျှမကြားရချေ။ အပြင်၌ကိုရင်
လေးရဲ့ တံမြက်စည်းလှဲသံကိုလည် သဲသဲသာကြား
ရတော့သည်။ တရားထိုင်ရတာ ကျင့်သားမရတဲ့
သူအတွက် စိတ်ကိုတော်တော်လေ လျော့နေရ
တော့သည်။ မနက်ခုနှစ်နာရီလောက်ခန့်တွင် သူတို့ တရားထိုင်ပြီ သက်သက်လွတ်ဖြင့် မနက်စာ
စားကြရသည်။ သူဒီအစားအသောက်တွေ လုံးဝမ
စားနိုင်ပါ။ မစားနိုင်လည် ကြိတ်မှိတ်၍စားနေရ
တော့သည်။ ကိုရင်ကြီးက သူမစားချင်တာကို သိ၍
"ဒကားလေ ဒီဘုန်းတော်ကြီးကျောင်းမှာတော့ စား
စရာ ဒါဘဲရှိတယ်ဒကားလေး နန်းတော်နဲတော့ ဘယ်အရာမှမတူ နိုင်ဘူး သည်းခံပါ"
"ဟုတ် ကဲ့ ပါ"
ရန်ညီနောင်တို့က သူမစားနိုင်တာကို ကြည့်ပြီ ရယ်
နေကြတော့သည်။ နေ့လည်လောက်အချိန်တွင်
သူတို့ဓါးသိုင်းကို ဆရာတော်က သင်ပေးနေလျှက်
သည်။ သူလည် ရန်ညီနောင်နှင့်အတူ ကြိုးစား၍
သင်ယူနေတော့သည်။ ထိုအချိန်တွင် သူလုံးဝမျော်
လင့်မထားသော လူတစ်ယောက် ရောက်လာခဲ့
တော့သည်။ ကိုရင်လေးကပြေးလာပြီ
"ဆရာတော် ဆရာတော် ဆရာတော်"
"ဘာဖြစ်လာတာလည် ကိုရင်လေး သတိထားမှာ
ပေါ့"
"လူသုံးယောက်ရောက်လာတယ် အခုဝင်ပေါက်
မုတ်ဝမှာ ကိုရင်ကြီးနှင့်စကားပြောနေတယ် ဆရာ
တော်ကို လာတွေ့တာလိုပြောတယ် သုံယောက်
တောင် တောင်ပေါ်ကိုဘယ်လို တတ်လာလည် မ
သိဘူးဆရာတော်"
"သူတို့ကို ဝင်လာခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ ဆရာတော်"
ကိုရင်လေး ရဲ့အမူအယာက်ုကြည့်ပြီ သူတို့လည်
ဓါးသိုင်းလေ့ကျင်နေရင် ရပ်လိုက်ကြသည်။ ကိုရင်
လေးကပြေးရင် သွားပြန်ပြောတော့သည်။ ခဏ
ကြာ ကိုရင်ကြီးနှင့် လူသုံးယောက် ပါလာတော့
သည်။သူနောက်သို့ကြည့်လိုက်ရာ
"ဦး ရီးတော်ပါလား"
သူအံသြသွားသည် ငါဒီရောက်နေတာ သူသိသွား
ပြီပါလား သူဘာရည်ရွယ်ချက်ရှိလိုလိုက်လာတာ
လဲဟု သူတွေးလိုက်မိသည်။ ဆရာတော်ကကြည့် ၍ သူတပည့် ဖြစ်ဖူတဲ့သူဖြစ်နေသည် နှင်းတောင်
ရဲ့အကြောင်းကို ကောင်းကောင်းသိနေသူဖြစ်
သည်။ဦးရီးတော်က ဆရာတော်ဝုကို
" ကန်တော့ပါတယ် ဆရာတော်"
"သြော် ငါရဲ့တပည့်တော်ကြီး ရန်ချွေပါလား"
"ဟုတ်ပါတယ် ဆရာတော်"
သူကတော့ ဦးရီးတော်ကိုကြည့်၍ အံသြနေတော့
သည်။ ဦးရီးတော်နောက်မှ လူတစ်ဦးက သုကို စိုက်ကြည့်နေတော့သည်ကို သူသတိထားမိလိုက်
သည်။ ထိုသူ၏ အမူအယာကိုကြည့်ရတာ နန်းတွင်
အမတ်မဖြစ်နိုင် အမဲရောင်ဝတ်စုံကို ဆင်မြန်းထား
ပြီ လက်တွင် လက်စွပ်များဝတ်ထားသည် ညာ
လက်ခလယ်တွင် လူရိုးခေါင်းပုသဏ္ဍန်း လက်စွပ်
ကို ဝတ်ထားသဖြင့် သူဟာ မှော်ဆရာလော့ရင်း ဖြစ်နိုင်သည်ဟုဆိုတာ သူရိပ်မိသွားတော့သည်။ ဆရာတော်က
"ဘာကိစ္စရှိလိုလည် တပည့်ကြီး"
"မင်းသားလေးနေမကောင်းဘူးဆိုလို လာကြည့်
တာပါ ဆရာတော်ကိုလည် တွေ့ချင်တာကြောင့်
ပါကျန်းမာရေးကောင်းရဲ့လား ဆရာတော်"
"သြော် ကောင်းပါတယ် တပည့်ကြီး"
"ဆရာတော် ကျွန်တော်မျိုး မင်းသားလေးနဲ စကား
ပြောလိုရမလား ဆရာတော်"
"တပည့်လေး ကျန်မင်းက ခွင့်ပြုရင်စကားပြော နိုင်
ပါတယ်"
ဦးရီးတော်က သူဘက်သို့လှည့်လာပြီ
"မင်္ဂလာပါ မင်းသားလေး နေကောင်းလား"
သူက
"ကောင်းပါတယ် ဦးရီးတော် စိတ်ပူစေမိလို တောင်းပန်ပါတယ်"
"မဟုတ်တာ မင်းသားလေးရယ် ဦးရီးတော်က မင်း
သားလေးရဲ့ ဦးတော်အရင်းဘဲ ဒီလောက်တော့
ဂရုစိုက်ပေးရမှာပေါ့"
"ကျေးဇူးတင်ပါတယ် ဦးရီတော်။ ဦးရီးတော် ကျုပ်
နဲပြောစရာ ဘာများရှိလိုလဲ"
"ရှိပါတယ် နှစ်ယောက်တည်းပြောလို့ရမလား"
"မရဘူး ကျုပ် သိုင်းလေးကျင့်နေတယ် ဆရာတော်
ကို ရိုသေရမယ်လို ဖခမည်းတော်က မှားထား
တယ် သေချာဂရုတစိုက် ပညာကိုသင်ဖို့ကို မှာထားတယ် စိတ်မကောင်းပါဘူး"
"ခဏလေးပါ မင်းသားကျန်မင်း သူက မင်းသားရဲ့
ကျန်းမာရေးကို စစ်ခိုင်စေချင်လိုပါ"
"ကျုပ်ကောင်းပါတယ် ဘာမှမဖြစ်တော့ဘူး"
"ခဏလေးပါ ဦးရီးတော် စစ်ပြီတာနဲ ပြန်မှာပါ နှင်း
တောင်က ညအိပ် မတည်ရဘူး ဒါကြောင့် ခဏ
လေး အချိန်ပေးပါ"
သူက ဆရာတော်မျက်နှာကိုကြည့်လိုက်ပြီ ဆရာ
တော်ကခေါင်းငြိမ့်ပြသည်။ သူလည်
"ကောင်းပြီ ကျုပ်ကို စစ်ဆေးပါ ဒီနေ့ရာမှာဘဲ စစ်
ဆေးပါ အားလုံးရဲ့ရှေ့မှာဘဲ စစ်ဆေးနိုင်မလား"
"ကောင်းပါပြီ မင်းသားလေးက ဒီလိုဖြစ်စေချင်မှ
တော့ ငါကိုတော်ကလည် စစ်ဆေးခိုင်းရတာပေါ့
လော့ရင်း မင်းသားလေးကို စစ်ဆေးပါ"
"ဟုတ်ကဲ့ ဦးရီးတော်"
ပုံမှန်မဟုတ်တဲ့ အပြုအမူဆိုတာကို သူသိပေ့မဲ့
လည် မျက်နှာချင်ဆိုင်ဖြစ်နေသဖြင့် ငြင်း၍မရပါ။
သူလက်ခံလိုက်ရသည်။ မှော်ဆရာလော့ရင်းက
တဖြေးဖြေးသူအနားသို့ကပ်လာပြီ
"မင်းသားလေးကို အပြစ်ပြုမိပြီ"
"ရပါတယ် လုပ်စရာရှိတာလုပ်ပါ"
သူလော့ရင်းကို စိုက်ကြည့်လိုက်ပြီ သူခေါင်းကို လက်ဖြင့် အုပ်မိုးလေသည်။ လော့ရင်းကမျက်လုံး
မှိတ်ကာ အာယုံခံလေသည်။ သူကငြိမ်၍ရပ်နေရာ မှ မေ့လဲဟန်ပြုလိုက်သည်။ ဆရာတော်က လန့်
သွားသည် ဦးရီးတော်လည် ကြောင်တောင်တောင်
ဖြစ်သွားသည်။ သူကရုတ်တရပ် မေ့သွားခြင်း
ကြောင့်ဖြစ်သည်။ မှော်ဆရာလော့ရင်းလည် သူကိုကြည့်ပြီ တအံအား ဖြစ်သွားသည်။ သူလည် ဘာမှမလုပ်ရသေးဘဲ မင်းသားလေးက ဘာဖြစ်
တာလဲဟု တွေးလိုက်သည်။ ဆရာတော်ကသူမေ့
သွားတာနှင့်
"တပည့်ကြီးရန်ချွေး တပည့်ကြီးခေါ်လာတာက  သမားတော် မဖြစ်နိုင်ဘူးထင်တယ် ရည်ရွယ်ချက်
ရှိလိုလား တပည့်လေး ကျန်မင်းတစ်ခုခု ဖြစ်မယ်
ဆိုရင် ဆရာတော်ခွင့်မလွတ်မဘူးနော် ကယ်ကယ် ရန်ကျိ ရန်ရှမ်း တပည့်လေးကျန်မင်းကိုသူ အ
ဆောင်သို့ခေါ်သွားပါ"
"ဟုတ်ကဲ့"
ဦးရီးတော်က
"ခဏနေပါဦးဆရာတော်"
ှီုဦးရီတော်က မင်းသားဥာဏ်ဆင်ပြီ ဟန်ဆောင်
တာကို ရိပ်မိသွားသည်။ ဒါကြောင့်မင်းသားနား
ကပ်၍ တိုးတိုးလေဖြင့်
"မင်းသား ဟန်ဆောင်နေတာကို ရပ်လိုက်ပါ မင်း
သားလေး အခုဟန်ဆောင်လိုက်ရင် မင်းသားလေး
နန်းတော်ပြန်ရောက်ရင် မင်းသားလေးရဲ့ညီကိုနဲ
ခမည်းတော်မင်းကြီး တို့ကိုငါကိုတော် သတ်ပြစ်ရ
လိမ့်မယ် ထပါ ဟန်ဆောင်နေတယ်ဆိုတာ ငါကိုယ်တော်သိတယ်"
သူမေ့ချင်ယောင်ဆောင်နေရမှ ထ ထိုင်လိုက်
သည်။ ဝိုင်းကြည့်နေကြသူများလည် အံသြသွား
ကြသည်။
"ကောင်းပြီလေ ကျုပ်ကိုထိခိုက်အောင်လုပ်ရင် ကျုပ်ခွင့်မလွတ်ဘူး ဦးရီးတော်ကိုလည် ကျုပ်မယုံ
သလို မှော်ဆရာလော့ရင်းကိုလည် ကျုပ်မယုံဘူး"
"ကောင်းပါပြီ ဘာမှမဖြစ်စေရဘူး လော့ရင်း စစ်ဆေးတော့"
"ဟုတ်ကဲ့"
သူရော ဦးရီးတော်ရော ထရပ်လိုက်သည်။ မှော်
ဆရာလော့ရင်းက ခုနကအတိုင်း ဆက်လုပ်၍ အာ
ယုံခံကြည့်လေသည်။ သူကိုကြည့်လိုက်ရာ ဘုရင်
ဝတ်စုံဖြင့် မြင်ရလေသည်။ ချော့မောလှပသော မိန်းကလေးတစ်ယောက်က သူကိုပြုံးလျှက်ကြည့်
နေတော့သည်။ မှော်ဆရာအာယုံခံဖြင့် သုမကို
ကြည့်လိုက်ရာ သူမအပြုံးတွေကရပ်တန့်သွားပြီ
သူကို တစ်ခုခုနှင့်ဆောင့်၍တွန်းထုတ်လိုက်သလို
ဖြစ်သွားတော့သည်။ သူအာယုံခံနေရင်း အနောက်
သို့ ခြေသုံးလှမ်းယိုင်သွားတော့သည်။ လော့ရင်၏
အမူအယာပျက်ပုံကို အားလုံးကြည့်၍ အံအားသင့်
သွားကြသည်။ လော့ရင်းမတ်မတ်ရပ်လိုက်ပြီ ဦးရီး
တော်မျက်နှာကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ဦးရီးတော်က ဆရာတော်ရိပ်မိမှာစိုးသဖြင့် စိတ်
ပူဟန်ဖြင့်
"မင်းသားလေး ဘာမှမဖြစ် မပါဘူးနော်"
"ဟုတ်ကဲ့ ဘာမှမဖြစ်ပါဘူး"
ဦးရီးတော်က ဆရာတော်ဘက်လှည့်ပြီ
"ဆရာတော် မင်းသားလေးဘာမှ မဖြစ်ဘူးဆို
တော့ ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦး"
"ကောင်းပါပြီ ပြန်ကြပါ နှင်းတောင်က ဧည့်သည်
လက်မခံပါဘူး"
"ဟုတ်ကဲ ဆရာတော့ သိပါတယ်"
"ကောင်းပြီ"
ဦးရီးတော်က
"မင်းသားလေး မင်းသားလေး အပြန်အလာကို ငါ
ကိုယ်တော် စောင့်နေပါမယ်"
"ကောင်းပါပြီ ကျုပ်ပြန်လာခဲ့ရင် ဦးရီတော် ကျုပ်
ဆီက တစ်ခုယူထားရင် တစ်ခုပြန်ပေးရပါလိမ့်
မယ်"
"ကောင်းပါပြီ အဲဒီလိုပြန်ယူနိုင်တဲ့ အရည်အချင်း
ရှိလာပါစေ"
"ဟုတ်ကဲ့ပါ ကျုပ်ကိုစောင့်နှင့်ပါ"
"ပြန်ကြစို့ ခွင့်ပြုပါ ဆရာတော် အနှောက်အယှက်
ပေးမိပြီ"
"ကောင်းပါပြီ လာလမ်းသာ၍ သွားလမ်းလည်
ဖြောင့်ပါစေ တပည့်ကြီး"
"ကျေးဇူးပါ"
ဦးရီးတော်တို့ဟာ မင်းသားလေးနှင့်တွေ့၍ သူတို့
သိချင်တာ သိရပြီဖြစ်သဖြစ် နှင်းတောင်မှ ပြန်
လည်ထွက်ခွာခဲ့လေတော့သည်။ သူကတော့ ဦးရီး
တော် ပြန်သွားသဖြင့် ဘာမှမဖြစ်မတုန်လှုပ်မစိုးရိမ်
ချေ။ မှုလအတိုင်း ဓါးသိုင်းကို ဂရုစိုက်၍ ပြန်လည်
လေ့ကျင့်လေတော့သည်။ ဆရာတော်ဝုလည် မင်း
သားရဲ့ ကြောက်ရွံ့မှုမရှိပုံကို ကြည့်၍ လေးစားမိ
လေတော့သည်။

အပိုင်း(8)ပြီး၏စာဖက်သူများအားလေးစားလျှက်
                               စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                      အပိုင်း(9)
ဆရာတော်ဝုဟာ ဒီနေ့နတ်ကျွန်းစုသို့ သွားရန်စဉ်း
စားလိုက်သည်။ သူ၏တပည့်တွေလည် နတ်ဆေး
ဆရာ မူရမ်နှင့်မိတ်ဆက်ပေးရန် တွေးလိုက်သည်။ သူ၏ တပည့်သုံးယောက်စလုံးကို ခေါ်ကာဖြင့်
နတ်ကျွန်းသို့ မြင်းကိုယ်စီဖြင့် ခရီးနှင်လေတော့
သည်။ နတ်ကျွန်း၌ဆရာတော်ဝုကို စော်ဘွားမူရမ်
က လေးလေးစားစားဖြင့် ကြိုဆိုလေတော့သည်။ သူလည် ဆရာတော်ဝုနှင့်အတူ နတ်ကျွန်းသို့ပထ
ဦးရောက်ဖူးလေတော့သည်။ နတ်ကျွန်းကို သူ
တောင်ပေါ်ကနေသာ မြင်တွေ့ဖူးသည်။ အဝေးက
မို့လှမလှသေချာမသိပါ အခုသူကျွန်းပေါ်ရောက်မှ
ကျွန်းဟာ အရမ်းကိုလှပလွန်းနေသည်။ နေရာ
တိုင်းတွင် ပန်များပွင့်လန်းနေလျှက်ရှိတော့သည်။
စော်ဘွားများရဲ သားသမီးတွေလည် ပျော်ပျော်
ပါးပါး မြေပြင်ထက်ဆော့စကားနေကြသည်။ သူနှင့်
ဝတ်စားပုံခြင်းမတူကြတာကို သူသတိထားမိသည်။
နတ်ကျွန်းရှိလူများလည် သူတို့နှင့်ဝတ်ပုံစားပုံမတူ
ညီသဖြင့် ဝိုင်း၍ရပ်ကြည့်နေကြတော့သည်။ သူက
တော့ ဝိုင်းကြည့်နေသော လူများကို တတာပြာ၍
ပြုံးပြီ လိုက်၍ နူတ်ဆက်လေသည်။ သူပြုံးပြတော့
ရပ်ကြည့်နေသော သူများလည်ပြုံးပြကြလေတော့
သည်။ရန်ညီအကိုကတော့ သူကိုကြည့်၍ ရူးနေ
သည်ဟုထင်ကာ ရယ်ကြတော့သည်။
   သူတို့တွေလည် စော်ဘွားမူလန်အိမ်သို့ လာကြ
တော့သည်။ ခြံအဝင်တွင် ပန်းလေးတွေကို လှ
ပစွာစိုက်ပျိုးထားသည့်ကို တွေ့ရသဖြင့် သူကြည့်
ရင် မနေနိုင်ကာ ပန်းတစ်ပွင့်ကို လှမ်း၍ခူးလိုက်
သည်။
   ရုတ်တရပ်အတွင်းမှာ ခူးလိုက်သော ပန်းပင်လုံ
ဟာ ချက်ချင်းဆိုသလို ညှိုးနွမ်းသွားတော့သည်။
သူလည် ပန်းပင်ကြီးကို ကြည့်၍ အံသြသွားတော့
သည်။
"ဟင် "
သူအသံကြောင့် အားလုံးနောက်သို့လှည့် ကြည့်ကာ သူခူးလိုက်သော ပန်းပင်တစ်ပင်းလုံး
သေသွားတာကို တွေ့မြင်သွားကြတော့သည်။
မူရမ်းက
"ဘယ်လိုဖြစ်တာလဲ ကောင်းလေး"
သူက
"မသိဘူး ဦးလေး ကျွန်တော် ပန်းခူးမိတာပါ အပင်
တစ်ပင်လုံးသေသွားတယ်"
"ဟင်"
အံသြကြလေတော့သည်။ထိုအချိန်မှာဘဲ
"အားးးး"
သူမပန်းခြံထဲတွင် ဒန်းလေးစီးကာ ပန်းတွေနဲဆော့
ကစားနေရင်း ဒန်းပေါ်ကနေ ပြုတ်ကြလေတော့
သည်။ မြေပြင်ထက်တွင် ရုတ်တရပ် ရင်ဘက်က
နာကျင်လာသဖြင့် မြေပြင်ပေါ်၌ လူးလိမ့် တော့
သည်။သူမ မြေပြင်ထက်လူးလိမ့်နေသည်ကို မည်
သူမှ မတွေမမြင်ကြချေ။ သူမနားကျင်လွန်း၍ မျက်
ရည်တောင်တောင် ကျလေတော့သည်။
"အားးးး အားးး ကယ် ကြ ပါ အားးးးး"
မူရမ်က ကျန်မင်းကိုကြည့်၍
"ကောင်းလးခြံက ပန်းတွေက တစ်ခုခုဆက်ဆက်
နေတယ် အရမ်းအရမ်းလျောက်မခူးပါနဲ"
သူလည်းလန့်ပြီ ကြောင်တောင်တောင်နဲ ခူးထား
သော ပန်းကိုပစ်ချလိုက်တော့သည်။ ပြီမှာ
"ဟုတ် ဟုတ် ဟုတ်ကဲ့ ဦးလေး တောင်းပန်ပါ
တယ်"
ဆရာဝုက
"ကယ် အိမ်ထဲဝင်ကြရအောင်"
မူရမ်က
"ကြွကြပါ ဆရာတော်"
သူတို့တွေလည် ဆရာတော်နှင့် အတူအိမ်ထဲသို့
ဝင်လာကြတော့သည်။ ဆရာတော်နောက်ကနေ
ရန်ညီနောင်လည် အိမ်ထဲသို့ လိုက်ဝင်ကြသည်။
သူက အိမ်ထဲသို့ ခြေလှန်းစလှမ်းတာ နဲအလွန်း
တရားမွှေးသော ပန်းရနံ့လေးတစ်ခုကို ရှုရှိုက်မိ
လေတော့သည်။ သူအိမ်ထဲသို့ဝင်လိုက်ပြီ
"အရမ်းမွှေးတဲ့ အနံ့တစ်ခုရတယ်"
သူကိုကြည့်၍ အားလုံးကြောင်၍ အံသြသွားပြန်ကြ
သည်။ သူအနံ့ကိုသေချာခံလိုက်ပြီ
"အရမ်းမွှေးတဲ့ ပန်းအနံ့ပါ တစ်ခါမှ ဒီလောက်မွှေး
တဲ့ ပန်းအနံ့မျိုးမရဖူးဘူး"
သူရှူရှိုက်နေရင်း လဲကျကာ မေ့လဲကျ သွားတော့
သည်။ မူရမ်လည်း အံသြသွားသည်။ အိမ်မှာ သူ
ပြောတဲ့ အရမ်းမွှေးတဲ့ အနံ့မျိုးမရှိပါ။ အိမ်ထဲမှာ ပန်းဟု၍ တစ်ပွင့်တစ်လေတောင်မရှိချေ ။သူက မွှေးပျံတဲ့ ပန်းအနံ့ကိရှူရှိုက်ကာ မေ့လဲသွား သဖြင့် ပို၍ အံသြသွားမိတော့သည်။ ဆရာဝုက
"ရန်ကျိနှင့် ရန်ရှမ်း သူကိုတွဲထူလိုက်ကြစမ်း"
"ဟုတ်ကဲ့ ဆရာတော်"
မူရမ်းက
"ကလေးတို့ရော သူပြောသလို ပန်းအနံ့ရလား"
ရန်ကျိက
"မရပါဘူး ဘာအနံ့မှမရပါဘူး ဦးလေး"
"ဘယ်လိုဖြစ်တာလဲ ဒီကလေးကဘာလဲ"
အခိုင်းစေတစ်ယောက်ကပြေးလာပြီ
"သခင်ကြီး သခင်ကြီး မော့ရန် မြေပြင်မှာလူလိမ့်
နေတယ် ဘာဖြစ်မှန်းမသိဘူး သွားလည်မခေါ်ရဲ
ဘူး"
"ဘာ…ငါအခု လိုက်လာမယ် သူကိုကြည့်သွားထား
လိုက်"
"ဟုတ်ကဲ့"
အခိုင်းစေကပြောပြီ ချက်ချင်းပြန်လည်ပြေးသွား
တော့ပြန်သည်။ မူရမ်လည် သူသမီ့းဖြစ်ပုံနှင့် ဒီကလေးမေ့လဲ ပုကိုကြည့်၍ ဘာပြောရမယ်မသိ
တော့ပါ။ ထူခြားနေသည်လည်အမှန်ပင်ဖြစ်တော့
သည်။ မူရမ် သူခေါင်းလည်ပူထူသွားတော့သည်။
"ဆရာတော် တပည့်တော်နှင့် ခဏလိုက်ခဲ့ပါ သမီး
လေးကို တစ်ချက်သွားကြည့်ရအောင် ဘာဖြစ်
မှန်းမသိဘူး"
"ကောင်းပြီ သွားကြစို့"
မူရမ်းက ရပ်ကြည်နေသော အခိုင်းစေများကို
"ဒီကလေးကို ဧည့်သည်အိပ်ဆောင်ပို့ထားလိုက်ပါ
ဒီကောင်လေးနှစ်ယောက်ကိုပါ ဧည့်ဆောင်မှာခဏ
နေခိုင်းလိုက် ပြီမှငါလာကြည့်မယ်"
"ဟုတ်ကဲ့"
ဆရာတော်ဝုက ရန်ညီနောင်ကို ခေါင်းငြိမ့်ပြကာ
အခိုင်းစေတွေနောက် လိုက်သွားစေတော့သည်။
ရန်ညီနောင်လည် ကျန်မင်းကိုတွဲကာ ခန်းမမှ
ထွက်သွားကြတော့သည်။ ဆရာတော်ဝုနှင့်မူရမ်း
တို့လည် ပန်းခြံထဲသို့ ခပ်သုတ်သုတ်လေးလျှောက်
လာကြတော့သည်။ မူရမ်သည် မြေပြင်၌လူးလိမ့်
နေသော မော့ရန်ကိုကိုပွေ့၍
"သမီး သမီး  သမီးမော့ရန် မော့ရန့် သတိထားအုံး  သတိထား "
"အားးအားးး"
သူမလေး အော်နေရင်းနှင့် မေ့သွားတော့သည်။ ဆရာတော်ဝုလည် ထိုအဖြစ်အပျက်ကိုကြည့်ပြီ
"ရေစက်သည်ကာ ထူးခြားလှပါလား ကံကြမ္မာက
ပြောင်းလဲယူ၍ မရနိုင်ပါ ကောင်းလေစွ"
ဆရာတော်ပြောနေသည်ကို မူရမ်းနားမလည်ဟန်
ရှိပေ့မယ် သူမလေးကိုပွေ့ချီကာ သူမအဆောင်
ဆီသို့ ချီခဲ့တော့သည်။ သူအဆောင်သို့ ရောက်
တော့ သူမကို သူအိပ်ယာပေါ်သို့ တင်လိုက်ပြီသွေး
ကြော စမ်းသတ်လိုက်သည်။ ဘာမှထူးထူးခြားခြား
ရောဂါရယ်မတွေ့ရ ရုတ်တရပ်ဘာဖြစ်လိုဘာဖြစ်
မှန်းကို မူရမ်နားမလည်တော့ချေ။ သူမလေးကို
သေချာ ပေးအိပ်စေပြီ နားစေလိုက်သည်။ သူမ၏
အစောင့်ကိုလည်း တစ်ယောက်သာ ထားထားရ
သည်။ သူမအဆောင်သို့ မည်သူကမှမလာချင်
ကြပါ။ ဒါကြောင့် သူအနား၌ တစ်ယောက်သာလျှင် အစောင့်အဖြစ်ထားပြီ မူရမ်းကသာသေချာ ဂရု
စိုက်ပေးရသည်။ သူမလေးကို သေချာ သိပ်ပြီမှာ
ဆရာတော်နှင့်အတူ ဧည့်ခန်းဆောင်သို့ ထွက်လာ
ကြတော့သည်။ ဧည်ခံဆောင်သို့ရောက်တော့
ဆရာတော်ဝုက
"ရန်ကျိ နဲ ရန်ရှမ်း"
ရန်ညီနောင်လည် ဆရာတော်တို့ရောက်လာသဖြင့်
မတ်တပ်ရပ်လိုက်ကြပြီ အရိုသေပေးကြသည်။
"ကျန်မင်းရော"
"အခန်းထဲမှာ ပေးအိပ်ထားပါတယ်"
မူရမ်းက
"သူအခြေအနေ ကြည့်ရအောင် ဆရာတော်"
"အင်း"
သူတို့တွေအားလုံး အိပ်ခန်းထဲသို့ဝင်လာက ကျန်း
မင်းကို လာကြည့်ကြတော့သည်။ မူရမ်းက သူကို
သွေးကြောစမ်း သတ်လိုက်သည်။ ဘာမှထွေထွေ
ထူးထူးမရှိပေ။ ဆရာတော်မျက်နှာ ကိုကြည့်လိုက်
ပြီ ခေါင်းကို ငြိမ့်ပြလိုက်သည်။ မူရမ်းလည် သူကို
မော့ရန်လိုဘဲ စောင်လေးခြုံပေးကာ ပေးအိပ်စေ
လိုက်သည်။ ပြီတော့မှ သက်ပျင်းချကာ ထိုင်ရာမှ
ထလိုက်ပြီ အပြင်ဘက်သို့ပြန်ထွက်လာကြတော့
သည်။ ဧည့်ခန်းမတွင် အားလုံးထိုင်ကြကာ မူရမ်
က
"ဆရာတော် ဒီကလေးတွေက ဆရာတော်တပည့်
အသစ်တွေလား"
"အင်း ဟုတ်တယ် သူက ရန်ကျိ သူက ရန်ရှမ်း "
ဆရာတော်က ရန်ညီကိုကို မိတ်ဆက်ပေးလိုက်
သည်။
"မင်္ဂလာပါ ဦးလေး မူရမ်"
"မင်္ဂလာပါ ရန်ညီနောင်"
ဆက်၍ ဆရာတော်က
"ရန်ကျိုး ရဲ့သားတွေလေ"
"ရန်ကျိုးရော ဆရာတော်"
"ဆုံးတာကြာပြီ"
"သြော် ရန်ကျိုးဆုံးပြီလား ဘယ်လိုဆုံးတာလဲ
ဆရာတော်"
"အင်း ဒီကလေးနှစ်ယောက် ငါဆီလွတ်ပေးလိုက်
ပြီ သူကတော့ နေမကောင်းဖြစ်လိုဆုံးပြီတဲ့လေ"
"သြော် ရန်ကျိုးမရှိတော့ပါလား"
မူရမ်သက်ပျင်းချမိပြန်သည်။
"ဆရာတော် ဟိုအထဲက ကလေးကရော သူပုံစံက
သာမာန်ကလေး ပုံစံမဟုတ်ဘူး ဘယ်သူလဲ"
"သူနာမည်က ကျန်မင်း ဒါဘဲသိတာပါ ကျန်တာ
တော့ ပြောမပြချင်ဘူး သူ အသက်အန္တရာယ်ရှိ
တယ်"
"သာမာန်လူတန်းစားကလေးမဟုတ်ဘူး ဆိုတာ
တော့ရိပ်မိပါတယ် ဆရာတော်မပြောချင်လည် မမေးတော့ပါဘူး ဒီကလေးနဲ တပည့်တော် သမီး
နဲများတစ်ခုခုပါတ်နေသလားဆရာတော် တပည့်
တော်သမီးဟာ သုကိုမွေးဖွားကတည်းက ပန်းတွေ
ချက်ချင်းဆိုသလို ပွင့်လန်းလာကြတယ် အခုချိန်
ထိ တစ်ခါမှမညှိုးမနွမ်းဖူးဘူး အခု ဒီကလေးပန်းကို ခူးလိုက်မှ ပန်းပင်တစ်ပင်လုံးဟာ သေသွားတာ တပည့်တော်ဖြင့် မယုံနိုင်ဘူးဖြစ်နေတယ် အခု
လည် ဒီကလေးရော သမီးငယ်လေးရော ရုတ်တ
ရက်ထူးခြားပြီ မေ့ကုန်ကြတယ် ဆရာတော်သူကို
ခေါ်ခဲ့တာ ဘာရည်ရွယ်ချက်များလည်း ဆရာ
တော် သိခွင့်ရှိရင် သိချင်တယ်ဆရာ ဒီအနီးအနား
မှာ ကျန်မင်းကို ရန်ပြုမယ်လူမရှိပါဘူး စိတ်မပူပါနဲ
တပည့်တော်ကိုပြောပြပါ"
"အင်း ရည်ရွယ်ချက်ကတော့ ကျန်မင်းကိုတပည့်
ကြီးနဲလာတွေ့ပေးတာပါ တစ်ချိန်ချိန် မှာ သူကို
ထောက်ခံပြီ သူအားပေး ကူညီပေးရလိမ့်မယ် ဆရာတော် တပည့်ရေးထားတဲ့စာကို ဖတ်ပြီ
သေချာစဉ်းစားပြီမှ သူကို ဒီကိုခေါ်လာတာပါ တ
ပည့်တော် သိချင်တဲ့အဖြေဟာ ကျန်မင်းဆီမှာဘဲရှိ
တယ် သူသားလျှင် တပည့်ကြီးရဲ့သမီးဘဝကို အဆုံးသတ်အောင်လုပ်ပေးနိုင်လိမ့်မယ် ကျန်မင်း ရှိနေသ၍ တပည့်ကြီးသမီးဟာ ဘာမှမဖြစ်နိုင်ဘူး မော့ရန်လေးကို အဆုံးသတ်ဖို့လိုလာရင် သူဘဲ
တားဆီးလိုရလိမ့်မယ် မော့ရမ်ကို တစ်ချိန်ချိန်မှာ
သူလက်ထဲကို အပ်လိုက်ပါ သူတို့နှစ်ယောက်ဟာ
တစ်ယောက်ကိုတစ်ယောက် အမှီပြုကြပါလိမ့်
မယ်"
"ဒါဆို ကျန်မင်းက ဘယ်သူဖြစ်မလဲ ပြောပြပါဆရာ
တော် သူကို ယုံကြည့်ဖို့အတွက် သူကိုသိထားဖို့
လိုပါတယ် သမီးလေးအတွက် စိတ်ချချင်လိုက်ပါ
သိထားရင် သမီးလေးကိုရော ကျန်မင်းကိုရော လို
အပ်တဲ့အကူ တပည့်တော်ပေးနိုင်လိမ့်မယ်ထင်
တယ် ပြောပြပါဆရာတော်"
"ကောင်းပြီ သူဟာ ယူကျန်မင်းဘဲ"
"ယူကျန်မင်း ဒါဆို ယူမင်းဆက်ရဲ့သားတော်လား"
"အင်းဟုတ်တယ် နောင်တတ်မယ် မင်းလောင်း
ဘဲ သူဇာတာက အရမ်းကို့ကြီးမြတ်တဲ့ မင်း
လောင်းဘဲ အရည်ချင်းရော ဥာဏ်ပညာရော ဘုဏ်းတခိုးရော မည်သည့်သူကမှ သုကိုယှဉ်နိုင်
မည် သူမျိုးမဟုတ်ဘူး တပည့်ကြီး"
"ဘာ……"
မူရမ် အံသြသွားတော့သည်။
"အခု မင်းသားလေးမှအန္တရာယ်ရှိနေတယ် ဒါကြောင့် ဘယ်သူမှမသိအောင် သာမာန်လူတစ်
ယောက်လိုနေခိုင်းထားရတယ် ယူဘုရင်က မင်း
သားလေးကို ကာကွယ်ချင်လို ဆရာတော်ဆီပို့ခဲ့
တာ"
"မင်းသားလေးအတွက် တပည့်တော်ဘာကူညီပေး
ရမလဲ ဘာကူညီပေးနိုင်မလည် ဆရာတော်"
"ဘာမှမလိုအပ်သေးပါဘူး သူကိုသာမာန်လူလိုဘဲ နေတတ်အောင် သင်းပေးရလိမ့်မယ်"
"သမီးလေးနဲ ပေးတွေ့ရမလား"
"သူတို့နှစ်ယောက်ကို ကံကဆုံစေပါလိမ့်မယ် အတင်းမလုပ်ယူနဲ သူတို့က စိတ်ချင်ဆက်နွယ်နေ
ကြတယ် သုတို့ဖာသာဆုံကြလိမ့်မယ် မတားဆီးမိ
စေနဲ"
"ဟုတ်ကဲ့ဆရာတော်"
"အခုမော့ရန်လေးအခြေ အနေဘယ်လိုရှိလဲ"
"အခုဆို သမီးလေးဟာ အဖော်တောင်မရှိဘူး တစ်
ယောက်တည်းဖြစ်နေတယ် သူကိုဘယ်သူကမှ
မခေါ်ရဲကြဘူး မစ္ဆာဆိုပြီတော့ တပည့်တော်ဇနီး
လည် သူစိတ်နဲဘဲနာမကျမ်းဖြစ်နေတယ်"
" သြော် သူကို ဒီအတိုင်း ထားထားလိုက်ပါ သီသန့်
နေပါစေ သူလုပ်ချင်ရာကို သင်ပေးလိုက်ပါ သူကို
တားဆီဖို့ ဘယ်တော့မှ မကြိုးစားမိပါစေနဲ သူဆီက
နေတစ်ခုခုကို လိုချင်ရင်တောင်းဆိုယူပါ ခွင့်မ
တောင်းဘဲယူမိရင် သေစေလိမ့်မယ် သတိထားပါ"
"ဟုတ်ကဲ့ဆရာတော်"
ဆရာတော်ဝုနှင့် မူရမ်တို့ဟာ ဧည့်ခန်းတွင်စကား
ပြောနေကြတော့သည်။ ရန်ညီကိုတွေလည်စကား
ပြောဆိုတာကိုနားထောင်နေကြသည်။ သူမှာက
တော့ မေ့နေရာမှာသတိပြန်ရလာတော့သည်။ သူ
နိုးလာပြီ အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။
သူပုံစံဟာ ခေါင်းနောက်၍ မူးနေသေးသည်။ မွှေး
ရနံ့ကတော့ သူနှာခေါင်းထဲတွင်ရသေးလျှက်ရှိ
သည်။
သူက အပြင်သို့ရောက်လာပြီ
"ဆရာတော် ကျွန်တော် ဘာဖြစ်တာလဲ"
သူနိုးလာသည်ကို ကြည့်၍အာလုံးအံသြ သွားတော့
သည်။ဆရာတော်က
"ကျန်မင်း ဘယ်လိုနေလဲ"
"ခေါင်းနဲနဲမူးနေတယ်ဆရာတော် မွှေးရနံ့ကရ
တုန်းဘဲ ဆရာတော်တို့ရော ဒီမွှေးရနံ့ကိုမရကြ
ဘူးလား"
"အင်း မရကြဘူး"
"ကျွန်တော်တစ်ယောက်တည်း ဒီမွှေးရနံကို ရနေ
တာဘာကြောင့်များလဲ ဒီမွှေးရနံကရော ဘယ်က
လာတာလဲ"
မူရမ်က
"အဲဒါတွေ မမေးပါနဲ မင်းသားလေး အနားယူလိုက်
ပါဦး နောက်မင်းသားလေး သူအလိုလို သိလာပါ
လိမ့်မယ်"
သူတစ်ချက်ပြုံးကာ ခုံတွင်ထိုင်လိုက်သည်။
"ကျွန်တော်အတွက် နေရာတိုင်းမှာ မေးခွန်းတွေရှိ
တာလား ဘာကြောင့်များလဲ"
"မင်းသားလေးက အရည်ချင်းရှိပါတယ် အရည်
ချင်းရှိတဲ့လူတိုင်းကို မေးခွန်းများစွာနဲ အစမ်းသတ်
ခံရတတ်ပါတယ်"
"ကောင်းပြီလေ ကျွန်တော်ကဘာမှန်းတော့ မသိ
ပေ့မဲ့ ရင်ထဲမှာတော့ ဒီမွှေးရနံ့ကြောင့် စိတ်ထဲ
ပျော်ရွှင်မိပါတယ်"
"အားလုံးဘဲ ခဏလောက်နားကြာပါဦး ခရီးဝေးက
လာကြတယ်ဆိုတော့ မင်းသားလေးတို့လည် ကိုယ်အိမ်လို သဘောထားပြီ နေကြပါ ပတ်ဝန်း
ကျင်ကိုလျှောက်ကြည့်နိုင်ပါတယ် "
သူက
"ကောင်းပါပြီ"  ရန်ညီနောင်တို့က"ဟုတ်ကဲ့ပါ'
မူရမ်က
"ဆရာတော် တပည့်တော်ကို အလုပ်ရှိသေးလို ခွင့်ပြုဦး ညကြမှစကားအေးဆေးပြောကြတာပေါ့"
"ကောင်းပါပြီ တပည့်ကြီး"
မူရမ်က အခန်းကနေထွက်သွားတော့သည်။ ဆရာ
ဝုလည် သူတို့ကို
"ကယ် လွတ်လွတ်နေကြပါ လျှောက်သွားကြည့်
လို ရပါတယ်သွားကြပါ"
"ဟုတ်ကဲ့"
သူတို့လည် ဆရာတော်ခွင့်ပြုချက်ရသဖြင့် အ ဆောင်မှ အပြင်ဘက်သို့ထွက်လာကြတော့သည်။
ဆရာတော်ဝုကတော့ အဆောင်တွင် စာအုပ်ဖတ်
ရင်း ကျန်ခဲ့တော့သည်။

အပိုင်း(9)ပြီး၏ စာဖတ်သူများအား လေးစားလျှက်
                                စာရေးသူ…လင်းသုခ


ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                အပိုင်း(10)
သူနှင့်ရန်ညီနောင်တို့ ခြံထဲသို့လျှောက်၍ကြည့် ကြ
တော့သည်။ ထိုအချိန် မိန်းကလေးသုံးယောက်က
မျက်လုံးကို ပုဝါဖြင့်စီးပြီ ပုဝါနှင့်လိုက်၍ ရိုက်တမ်း ကစားနေကြသည်။ သူတို့ရွယ်တူကောင်းမလေးက
ပုဝါကို စီး၍ သူတို့ထက်အသက်နည်းနည်းကြီး
သော မိန်းကလေးနှစ်ယောက်က အသံပေး၍ ထို
လိုက်ရိုက်နေသော ကောင်မလေးကို ပတ်၍ပြေး
နေကြသည်။ ထိုအရာကို အပျိုပေါက်အရွှယ်မိန်းက
လေးက သူတို့ကစားနေတာကို ထိုင်ကြည့်၍ရယ်
နေလျှက်ရှိသည်။ သူတို့လည် ထိုမိန်းကလေးလေး
ယောက် ဆီသို့ လျှောက်လှမ်းလာတော့သည်။
သူတို့လေးယောက် နားသို့ရောက်တော့ သူတို့သုံး
ယောက်လည် တန်စီ၍သူတို့ကစားနေတာကို ရပ်
ကြည့်လိုက်သည်။ ထိုအချိန် ထိုင်နေသောအပျို
ပေါက်အရွှယ် အမက သူတို့ဆီသို့လျှောက်လာပြီ
သူတို့နှင့် မျက်နှာချင်ဆိုင်ရပ်ကာ
"သခင်လေးတို့က ဆရာဝုနဲပါလာကြတဲ့ လူတွေ
လား"
ရန်ရှမ်းက
"ဟုတ်ပါတယ် အမကဘယ်သူလဲ"
"စော်ဘွားမူရမ်ရဲ့ သမီးပါ အမနာမည်က လုရီ သူတို့က အမညီမတွေလေ"
ရန်ကျိက
"စော်ဘွားကြီးရဲ့ သမီးဟာ ငါးယောက်မဟုတ်ဘူး
လား နောက်တစ်ယောက်ကရော"
"ဟုတ်တယ် သူကနေမကောင်းဘူး သူကအမြဲ
တမ်း သီသန့်နေတယ် သူအဆောင်မှာပါ"
"သြော် ဟုတ်လား ကျွန်တော်နာမည် ရန်ကျိပါ သူက ကျွန်တော်ညီရန်ရှမ်း"
ရန်ရှမ်းက
"တွေ့ရတာဝမ်းသာပါတယ် အမလုရီ"
သူကိုလက်ညှိုးထိုး၍
"သူကရော"
"သူကကျန်မင်း ကျွန်တော်တို့ရဲ့ ဆရာတူ ညီကိုပါ"
"သြော်"
သူကဘေးထောင့်ကနေ ရပ်ပြီတော့ သူတို့ ကစား
နေရာ ရဲ့အနောက်ဘက် ပန်းခြံကို စိတ်ဝင်တစား
ကြည့်နေတော့သည်။ ထိုသည်ကို ထိုအပျိုအရွှယ်
လေးက သူကိုသတိထားမိပြီ
"သခင်လေး ဘာကြည့်နေတာလဲ"
သူက
"သြော်…ဟိုဘက်က ပန်းခြံထဲမှတစ်ခုခုရှိနေ
သလိုဘဲ မွှေးရနံ့တစ်ခုကို အဲဒီဘက်နေရနေ
တယ်"
သူမက
"အဲဒီဘက်မှာ ဘာမှမရှိပါဘူး ဘာမွှေးရနံ့မှလည်း
မရပါဘူး သခင်လေးစိတ်ထင်လိုနေမှာပါ"
သူက သေချာပန်းခြံကိုကြည့်၍
"ကျွန်တော် အဲဒီဘက်သွားချင်တယ် သွားလိုရမ
လား အမလုရီ"
"အန္တရယ်ရှိတယ် သခင်လေးမသွားပါနဲ အဲဒီဘက်
ကို ဘယ်သူမှမသွားကြဘူး"
"ကျွန်တော်သွားချင်တယ် မွှေးရနံ့ဘယ်ကလာ
သလဲဆိုတာ သိအောင်လုပ်ရမယ် ခွင့်ပြုပါဦး"
သူက နူတ်ဆက်ပြီရှေ့သို့ဆက်လျှောက်လာတော့
သည်။ ထိုအချိန် လိုက်နေသောသူတို့နှင့်ရွှယ်တူ
ကောင်မလေးက သူကိုမမြင်ဘဲ လာဝင်တိုက်
တော့သည်။ သူမပြုတ်ကျမည်ကိုစိုးရိမ်သဖြင့်သူက
ထိန်းပေးလိုက်သည်။ ထိုကောင်းမလေးက
"မိပြီ မိပြီ "
သူကို ဖက်ကာဖြင့် ပျော်ကာခုန်လေတော့သည်။
သူလည် ရုတ်တရပ်မိုငြိမ်သတ်နေတော့သည်။သူမ
လေးလည် မျက်လုံးတွင် စီးထားသော အဝတ်ကို
ဖြုတ်၍ သူကိုဝမ်းသားအားရကြည့်လိုက်သည်။
သူလည်ရုတ်တရပ်မို့ ထိုသူမကိုကြည့်လိုက်မိ
သည်။သူမက
"သခင်လေးက ဘယ်သူလဲ"
သူကမျက်နှာခပ်တည်တည်ဖြင့် သူမသူကို ဖတ်
ထားသော လက်ကိုဖယ်လိုက်ပြီ
"တောင်းပန်းပါတယ် ကျွန်တော်ကိုခွင့်ပြုပါဦး"
သူမကိုပြောပြီ ခြံထဲသို့ သွားရန်ပြုလိုက်သည်။
သူမက
"သခင်လေစ ဘယ်သွားဖို့လဲ အဲဒီကိုမသွားရဘူး သွားလိုမရဘူး"
သူကရှေ့သို့သွားရန်ခြေလှမ်းများ ရပ်တန့်သွား
သည်။နောက်သို့လှည့်ကြည့်လိုက်ပြီ
"ဘာလို့သွားလို့မရတာလဲ"
"မော့ရန် မော့ရန် ရှိနေတယ်"
"မောရန် မောရန်ဟာ ဘယ်သူလဲ"
"ဟို…"
"ရန်ရွှယ် တော်တော့"
လုရီက ရန်ရွှယ်ကို မပြောဖို့တားလိုက်သည်။
သူကတော့ တားလိုက်မှပို၍ ပန်းခြံထဲသို့ သွားချင်
သွားတော့သည်။ သူဘယ်သူကိုမှဂရုမစိုက်ဘဲ ပန်း
ခြံထဲသို့ ဝင်သွားတော့သည်။ ရန်ရွှယ်က သူနောက်
ပြေးလိုက်ကာ မသွားဖို့ကိုအော်၍ပြောနေတော့
သည်။ သူကဂရုမစိုက်ဘဲ ဆက်၍တစ်ယောက်
တည်း ဝင်သွားတော့သည်။ လုရီနှင့်အတူ ကျန်
သောလူများပါ လိုက်ခဲ့ကြတော့သည်။ သူအထဲ
သို့ရောက်တော့ ပန်းခြံထဲတွင်ပန်းတွေ မျိုးစုံစွာ
စိုက်ပျိုးထားသည်ကို တွေ့ရသည်။ အရမ်းကို
လှပလွန်းသည်။ လိပ်ပြာတွေကရုတ်တရပ် ပန်း
တွေနားကနေပျံကာ အထဲဆီသို့အားလုံးစု၍ သူရှေ့ကနေ့ အမွှေးအနံ့လာရာသို့စု၍ပျံကြလေ
တော့သည်။သူလည်ကြည့်ပြီ လိပ်ပြာတွေနောက်
ကို ထူဆန်းသဖြင့် ပြေးလိုက်တော့သည်။မွှေးရနံ့
ကို သူပို၍ရလာသည်။ အတော်အတန်လျှောက်
လာပြီ ပန်းခြံထဲတွင် အဆောင်တစ်ခုကိုတွေ့ရ
သည်။ သူအဆောင်နားဆီသို့လျှောက်လာသည်။
အဆောင်ဆီမှ အသက်ငါးနှစ်အရွှယ် ကလေးတစ်
ဦး အပြင်သို့ ယိုင်တိယိုင်တိုင်လျှောက်၍ထွက်လာ
တော့သည်။ လိပ်ပြာများဟာ သူမအနားဆီသို့ ဦး
တည်၍ ပျံသန်းလာကြပြီ သူမအနားသို့ရောက်
တော့ သူမလေးအနားတွင် ဝဲပျံနေကြတောသည်။ ထိုအရာသူကြည့်ရင်း သူကို သူမလေးကအံသြစေ
တော့သည်။ ဘာကြောင့်မှန်းနသိ သူမလေးကို ကြည့်ရသည်မှာ သူအဖို့ ကြေကွဲစရာကောင်းနေ
တော့သည်။ ဘာကြောင့်ဒီလိုသူဖြစ်ရသည်ကို သူ
ကိုယ်တိုင်လည်မသိချေ။
"မွှေးရနံဟာ ဒီညီမ ဆီကလာတာလား"
သူအံသြကမယုံနိုင်သဖြင့် သုမအနားသို့တဖြေး
ဖြေးလျှောက်လာတော့သည်။ သူမကသူကိုတွေ့
၍ လန့်ပြီ သူရှေ့တွေမေ့လဲကျသွားသည်။ သူလည်
ချက်ချင်းပြေး၍
"ညီမ ညီမလေး ညီမလေး"
သူမလေးကို သူပွေ့ဖက်ကာ သူမရဲ့မျက်နှာကို
ကြည့်လိုက်သည်။
"ဟင် မျက်နှာကတွေ ဖြူဖက်ဖြူရောဖြစ်နေပါလား
သွေးအားနည်းနေတာများလား ညီမ ညီမ ဒုက္ခပါ
ဘဲ ငါဘာလုပ်ရမလဲ မေ့နေတာထင်တယ်"
သူ သူမကိုပွေ့ချီကာ အဆောင်ထဲသို့ဝင်လာတော့
သည်။ အစောင့်က သူကသူမလေးကိုပွေ့ချီလာ
သဖြင့် အံသြသွားသည်။ သူကအစောင့်ကို
"သူအိပ်ယာလိုက်ပြပါ ဦးလေး"
အစောင့်က သူအိပ်ယာသို့ လိုက်ပြသည်။ သူမကို
သူ ကုတင်ပေါ်သို့ တင်ပေးလိုက်ပြီ အစောင့်ကို
"ဒီညီမလေးက ဘယ်သူလဲ"
"သခင်ကြီးရဲ့သမီးပါ"
"သူနာမည် ဘယ်လိုလဲ ဦးလေး"
"မောရန်ပါ ကောင်လေး"
"မော့ရန် မော့ရန်ဆိုတာ စော်ဘွားကြီးမူရမ်ရဲ့ ငါး
ယောက်မြောက်သမီးလား "
"ဟုတ် ဟုတ်ပါတယ် ငါယောက်မြောက်ပါ"
"သူကို ဘာလိုဒီမှတစ်ယောက်တည်းထား ထား
တာလဲ"
" သူက မိစ္ဆာဝင်စားတယ် ဆိုလို့ပါ"
"ဘာ မိစ္ဆာ ဒီညီမက မိစ္ဆာဝင်စားတာလား မဖြစ်နိုင်တာဗျာ"
"ဟုတ်ပါတယ်ကောင်လေး ဒါကြောင့် ဒီကိုဘယ်သူ
မှမလာဘူး အစောင့်တောင် ကျုပ်တစ်ယောက်ဘဲ
ရှိတာ သူအနား လာသမျှလူတွေ သိပ်မကြားဘူး
သေ ကုန်ကြတယ် ဒါကြောင့် သူအနားမှာ ဘယ်သူမှမရှိဘူး ဦးလေးက ဒီမှအစောင့်တာဝန်
ကျတာ နှစ်ရက်ဘဲရှိသေးတယ် ဒီကိုဘယ်သူမှ မော့ရန်ကို လာကြည့်တာမတွေ့ဖူးဘူး ကောင်
လေး က ပထမဦးဆုံးဘဲ"
"ဟုတ်လား ဒါနဲ စော်ဘွားမူရမ်ရော မလာဘူး
လား"
"လာကြည့်ပါတယ် တစ်နေ့ကိုသုံခေါက်လောက်
လာကြည့်ပေးတယ် ဒါနဲ ဒီကသခင်လေးက ဘယ်သူလဲ ဒီကမဟုတ်သလိုဘဲ"
"ကျွန်တော်က ဧည့်သည်ပါ ရပါပြီ ခင်ဗျားသွားလို့
ရပါပြီ သူအနားမှာ ကျွန်တော်ခဏနေလိုက်ဦး
မယ်"
"ကောင်းပါပြီ ကျုပ်အပြင်ကစောင့်နေပါ့မယ်"
"ဟုတ်ကဲ့"
အစောင့်က အခန်းအပြင်သို့ ပြန်၍ထွက်သွားလိုက်
သည်။ သူကတော့ သူမလေးကိုကြည့်ပြီ တွေးကာ
သူကဘယ်သူလဲ ဘာကြောင့် သူဆီကမွှေးရနံ့ကို
ငါရနေတာလဲ သူကရော ငါကိုတွေ့တာနဲဘာလို့
မေ့လဲသွားတာလဲ ဟာ မေးခွန်းတိုင်းက ဘာလိုအ
ဖြေမရှိတာလဲ သူကမိစ္ဆာ ဟုတ်ပါ့မလား။ ဟာ…ငါ
မသိတော့ဘူး သူကသနားစရာကောင်းလိုက်တာ
ဒီလောက်ငယ်ငယ်လေးနဲ တစ်ယောက်တည်းနေ
ရတယ် ဟူးးးးမဖြစ်သင့်ဘူး သူပုံကသွေးအားနည်း
နေတဲ့ပုံဘဲ ဘယ်သူမှလာမကြည့်ကြတော့ သူ
ဘယ်လိုနေကောင်းမလဲ ငါတစ်ခုခုလုပ်ရမယ် ဟာ
ဟုတ်ပြီ။ သူတွေးလိုက်ပြီအကြံရသွားသည်။
   သူဓါးမြှောင်လေးကို ခြေအိပ်ကနေထုတ်လိုက်
သည်။ သူရဲ့လက်ဖဝါးကို ဓါးနဲရှလိုက်ပြီ လက်သီး
ဆုပ်ကာ သွေးထွက်အောင်လုပ်ပြီ သူမလေးနူတ်
ခမ်းဆီသို့ တင်လိုက်ကာသူသွေးကို သူမနူတ်ခမ်း
မှပါးစပ်ထဲ သို့ကျအောင်လက်ကိုထားလိုက်သည်။
သွေးတွေကသူမပါးစပ်ဆီသို့ စီးဝင်သွားသည်။  ထို
အချိန်နောက်မှလိုက်လာကြသော ရန်ညီနောင်နှင့်
ညီအမများ ရောက်လာကြသည်။ လုရီက
"သခင်လေး ဘာလုပ်နေတာလဲ လက်ကိုဖယ်
လိုက်"
သူကပြုံး၍
"ရှူးးးးတိတ်တိတ်နေ ညီမလေးနိုးသွားမယ်"
ရန်ရွှယ်က သုလက်ကိုအတင်းဆွဲထုတ်၍
"မင်းဘာလိုငါကိုဆွဲတာလဲ"
"ရှင် ရူးနေပြီလား သူကလူမဟုတ်မဘူး မိစ္ဆာ"
"ဖယ်စမ်း သူကမင်းညီမမဟုတ်ဘူးလား"
ရန်ရွယ်က အတင်းဆွဲသဖြင့် သူလက်ကိုဖယ်ထုတ်
လိုက်ရသည်။ သူမလေးက တဖြေးဖြေးမျက်လုံး
လေဖွင့်လာသည်။ နူတ်ခမ်း၌ပေးနေသော သွေးကို လျှာဖြင့်ယက်လိုက်ပြီ ထထိုင်လိုက်သည်။ လူတွေ
ကများနေသဖြင့် သူကြည့်ပြီ လန့်သွားသည်။ သူ
တို့တွေလည် သူမကနိုးလာသဖြင့်အားလုံးလည်
လန့်သွားကြသည်။ ကျန်မင်းက သူမလေးကိုကြည့်
၍ တုန်ရီကြောက်လန့်နေသောအမူအယာကို တွေ့ရသဖြင့် သူက သူမကိုမကြောက်ရန်အတွက်
"မင်းတို့အားလုံးထွက်သွားကြ"
သူစကားကြောင့်ရော သူမလေးကသတိရလာ
တာကြောင့်ပါ သူတို့တွေကကြောက်ပြီ အပြင်
ဘက်သို့ထွက်လာကြသည်။ သူမလေးရဲ့ အမတွေ
က သူနှင့်သူမလေးကိုကြည့်၍ အံသြနေတော့
သည်။သူက သူမနားကိုကပ်ထိုင်လိုက်ပြီ ပြုံးကာ သူမ၏ ကြောက်ရွံနေသော သူမ၏လက်ကလေး
ကိုဆုပ်ကိုင်၍
"မကြောက်ပါနဲ ညီမလေး ဘာမှမဖြစ်ဘူး ကိုကိုရှိ
တယ် မင်းဘာမှမဖြစ်စေရဘူး မင်းနာမည်က မော့ရန်လား"
သူမလေးက သူကိုစိုက်ကြည့်၍ ကြောက်နေရာမှ
ယုံကြည်လာပုံရလာသည်။
"အင်း"
"နေလိုကောင်းလား"
"အင်း"
"ခုနကဘယ်သွားဖို့လဲ"
"သခင်လေးကို လာတွေ့ဖို့"
"ကိုလာတွေ့ဖို့ ဘာလိုလဲ ကိုသိလိုလား"
သူမလေးက ခေါင်းခါ၍
"မသိဘူး သခင်လေး ဒီကိုရောက်လာတာ အာရုံ
ထဲကနေ မြင်ရတယ် သခင်လေးကိုတွေ့ချင်လာ
တယ် ဒါကြောင့်အပြင်ထွက်လာတာ"
ငါးနှစ်ကျော်ကျော်ရှိသောကလေးက ဒီလောက်
စကားကို လေးလေးနက်နက်ပြောတတ်တာ သူ
အံသြသွားသည်။
"ကိုက ဘယ်သူလဲဆိုတာ ညီမသိလား"
"မသိဘူး ဒီအတိုင်း ဒီကိုလာမယ်ဆိုတာ သိနေ
တယ်"
"ဟုတ်တယ် ကိုကညီမဆီက မွှေးရနံတစ်ခုရလို
ဒီကိုလာခဲ့တာ ဘာကြောင့်များညီမဆီက မွှေးရနံ့
ကို အကိုတစ်ယောက်ဘဲရနေတာလဲ"
သူမလေးကပြုံး၍
"မသိပါဘူး မွှေးရနံ့ကို သခင်လေးရတာ ဘာမှ
မဖြစ်ဘူးလား ညီမကြောင့် လူတွေသေကြတယ်
ညီမ သိပ်ကြောက်တာဘဲ"
"ကယ်ပါ မကြောက်ပါနဲညီမ ကိုရှိတယ် ခဏလှဲနေ
လိုက်ဦး ခုဏက သွေးအားနည်းပြီ မေ့လဲထား
တယ် အခုတစ်ချက်လှဲလိုက်ဦးနော်"
"သခင်လေးလက်မှ သွေးတွေနဲ ဒဏ်ရရထားတာ
လား ညီမကြောင့်လား"
"မဟုတ်ပါဘူး ကိုဘဲ လက်ကိုဓါးနဲရှလိုက်တာ ညီ
မကြောင့်မဟုတ်ဘူး မစိုးရိမ်ပါနဲ ကယ်လှဲနေလိုက်
ကို ခဏနေဒဏ်ရာဆေးထည့်လိုက်မယ်"
"ဟုတ်ကဲ့"
သူမလေးကို သူချော့၍သိပ်လိုက်သည်။ သူမခေါင်း
လေးကို သူကပွတ်သပ်ပေးလိုက်သည်။သူမက
"သခင်လေး ပြန်မသွားနဲနော်"
"အင်း ပြန်မသွားဘူး ညီမအိပ်တာ စောင့်ပေးနေ
မယ်"
သူစကားကြောင့်သူမလေး ကျေနပ်သွားတော့
သည်။ မျက်လုံးလေးမှိတ်ကာ စိတ်ချလက်ချ အိပ်
သွားတော့သည်။ သူမလေးအိပ်သွားတော့မှ သူအပြင်ထွက်လာသည်။ အပြင်တွင် ရန်ညီကို
နှင့် ညီအမများနှင့်အတူ မူရမ်ပါ အပြင်ဘက်တွင်
ရပ်စောင့်နေတော့သည်။ သူကမူရမ်ကိုတွေ့ပြီ
"ဦးလေး ကျွန်တော်မွှေးရနံ့ဘယ်ကလာလည်ဆို
တာသိပြီ မော့ရန်ဆီက လာတာဘဲ"
"မော့ရမ်ရော မင်းသားလေး"
"အိပ်ပျော်သွားပြီ ကျွန်တော် ညီမကိုသိပ်ခဲ့တယ်"
"သူစကားပြောလား မင်းသားလေးကို"
"ပြောပါတယ် ဘာဖြစ်လိုလဲ"
"သူစကားပြောပြီလား"
"သူစကားပြောပါတယ် သူကျွန်တော်ကိုပြောတယ်
ကျွန်တော်လာတာ သူသိနေတယ်တဲ့"
မူရမ်ရော ရပ်ကြည့်နေကြသော ညီအမတွေရော
အားလုံးအံသြသွားကြသည်။မော့ရန်ဟာ စကား
လုံးဝမပြောသော ကလေးတစ်ယောက်ဖြစ်သည်။
ကျန်မင်းကိုစကားပြောသဖြင့် အံသြသွားတော့
သည်။ မူရမ်က
"မင်းသားလေးလည် ပြန်နားတော့လေ ခရီးပင်ပန်း
ထားတယ် ညနေတောင်စောင်းနေပြီ"
"ဟုတ်ကဲ့ သူနိုးလာရင် ကျွန်တော်ကိုရှာနေဦးမယ်
ကျွန်တော်သူအနားကနေ ဘယ်မှမသွားဘူးလို
ပြောထားတယ်"
"စိတ်မပူပါနဲ မင်းသားလေး သမီးကငယ်သေးလိုပါ
မင်းသားလေးပြန်နားပါ။ ဦးလေးကြည့်ထိန်းလိုက်
ပါမယ် စိတ်မပူပါနဲ"
"ကောင်းပြီလေ ဦးလေး ဒါဆိုကျွန်တော်ကိုသွား
ခွင့်ပါ။"
ရန်ရွှယ်က
"သခင်လေးက မင်းသားလေး မင်းသားလေးဆို
တာ ဘုရင်သားတော်လား"
သူက ပြုံးပြီရန်ရွှယ်ကိုကြည့်ကာ
"အရင်ကတော့ဟုတ်တယ် အခုတော့မဟုတ်တော့
ဘူး ကျွန်တော်တို့ကို ခွင့်ပြုပါ ဦးလေးမူရမ်"
"ကောင်းပါပြီ မင်းသားလေ"
သူနှင့် ရန်ညီနောင်လည် သူတို့တည်ခိုဆောင်
သို့ပြန်လာကြတော့သည်။ ညရောက်တော့ ဆရာ
ဝုက စော်ဘွားမူရမ်နှင့် စကားသွားပြောနေကြ
တော့သည်။ သူတို့လည်ခရီးဝေးကနှင်လာရသဖြင့်
သူတို့လည် အိပ်စက်ကြတော့သည်။ ဆရာဝုက သူ
မလေးနှင့် သူကိုထပ်မတွေ့ရန်ပြောသည်။ နှစ်
ယောက်စလုံးအရမ်းငယ်သည်ဖြစ်၍ သူအသက်
နှစ်ဆယ်ပြည့်မှ သူမနှင့်တွေ့ရန်ပြောသည်။ သု
လည် ဆရာဝုစကားကိုနားထောင်လိုက်တော့
သည်။ သူမလေးကို သူရဲ့မျက်လုံးထဲတွင်မြင်နေရ
သည်။
    မနက်မိုးလင်းတော့ ဆရာဝုနှင့်သူတို့သည်အား
လုံးကိုနူတ်ဆက်ပြီ နှင်းတောင်တို့ပြန်ကြတော့
သည်။သူမလေးကတော့ သူမကိုထားသွားတဲ့သူ
ကို လိုက်နေတော့သည်။ မူရမ်ကတော့ သူသမီး
စကား စပြောလာသဖြင့် သူအရမ်းဝမ်းသာနေ
လျှက်ရှိသည်။ ကျန်မင်းတော့ သူနတ်ကျွန်းကနေ
ပြန်သာပြန်နေရပေ့မယ့် သူမလေးကို နူတ်မဆက်
လိုက်ရသဖြင့် စိတ်မကောင်းဖြစ်နေမိတော့သည်။
မော့ရန်ဟာ မနက်မိုးလင်းတော့ သူကိုမတွေ့ရ
သဖြင့် အဆောင်တစ်ခုလုံးလိုက်ရှာတော့ သည်။
မူရမ်စကားကြောင့် အစောင့်က သူမကို အဆောင် ပိတ်ထားသည်။ အပြင်ကိုပေးမထွက်ပါ တစ်ကယ်
တော့ မင်းသားလေးအတွက် သူမကိုခဏတာဝေး
ဝေးထားလိုက်ရချင်းဖြစ်သည်။ မင်းသားလေးပညာ
သင်ယူရမည် အရွယ်ဖြစ်နေသဖြင့် သူမနှင့်အနီး
အကပ်ထားရင် သူပညာမသင်ဘဲ ဒီနတ်ကျွန်းက
နေ ပြန်၍မရတော့မည်ကို စိုးရိမ်သဖြင့် သူတို့နှစ်
ယောက် လိုအပ်တာထက် သံယောဇဉ် ပိုမတွယ်
အောင် နတ်ကျွန်းကနေ အမြန်ပြန်ရန် ဆရာ
တော်ဝုက ဆုံးဖြတ်လိုက်ရခြင်းဖြစ်တော့သည်။
ဆက်နေလျှင် သူတို့တွေ နှင်းတောင်ကို ပြန်ရန်
ခက်ခဲသွားလိမ့်မည်။ သူမလေးက ပြန်ဖို့ခွင့်မပြု
လျှင် မင်းသားလေးကို ထားရစ်ခဲ့ရလိမ့်မယ် ဒါ
ကြောင့် ဆက်မနေတော့ဘဲ မင်းသားလေးကို ခေါ်
ကာ နှင်းတောင်သို့ ခရီးအမြန်နှင်ရလေတော့
သည်။

အပိုင်း(10)ပြီ၏ စာဖတ်သူများအားလေးစားလျှက်
                                  စာရေးသူ…လင်းသုခ


Post a Comment