သူငယ်‌ချင်းများရဲ့ စာပွဲမှာ နိုင်းနိုင်းစ‌နေ

သူငယ်ချင်းရဲ့စားပွဲမှာ လှပတဲ့ သန္တာကျောက်ခက်တွေတင်ထားတယ်။ သန္တာကျောက်က ဘယ်လိုဖြစ်လာတာလဲလို့ ကျွန်မမေးတော့ သူက ကျောက်ကနေဖြစ်လာတာလို့ ပြောတယ်။
.
သန္တာကျောက်က ကျောက်ကနေဖြစ်လာတာမဟုတ်သလို သက်ရှိအပင်တွေကနေဖြစ်လာတာလည်း မဟုတ်ပါဘူး။ သန္တာကျောက်က သန္တာကောင်တွေရဲ့ အရိုးစုတွေ စုပြုံပြီးဖြစ်လာတာဖြစ်တယ်။ သန္တာကောင်က လောကမှာတစ်ခုတည်းသော မလှုပ်ရှားတဲ့သတ္တဝါဖြစ်တယ်။ မျိုးပွားနှုန်းများပြီး သူတို့သေဆုံးသွားတဲ့အခါ သန္တာကျောက်ခက်တွေဖြစ်လာခဲ့တယ်။ သန္တာကျောက်ခက် နည်းနည်းစုပြုံမိပြီဆိုရင် သန္တာကောင်အများအပြား သေဆုံးပြန်တယ်။ သန္တာကျောက်ဆောင်ကြီးတစ်ခုဖြစ်ဖို့ နှစ်ပေါင်းထောင်သောင်းချီကြာတယ်။ သေးငယ်တဲ့ မရေအတွက်နိုင်တဲ့ သန္တာကောင်သေပေါင်းများစွာရဲ့ ခန္ဓာကိုယ်တွေစုပြုံရလို့ဖြစ်တယ်။
.
တကယ်တော့ လှပတဲ့သန္တာကျောက်တွေက သန္တာကောင်တွေရဲ့သင်္ချိုင်းဖြစ်တယ်။
.
#NineNineSaNay @ နိုင်းနိုင်းစနေ
.

Post a Comment