ယင်‌ကောင်‌သင်‌ခန်းစာ နိုင်းနိုင်းစ‌နေ

ယင်ကောင်တွေဟာ ညစ်ပတ်တဲ့နေရာမှာ အမြဲတစေကျက်စားတယ်။ ဒါပေမယ့် သူတို့ကို ရောဂါမကူးစက်ဘူး။ အကြောင်းက သူတို့ရဲ့အစာချေဖျက်နှုန်းက မြန်တယ်။ သူတို့ခန္ဓာကိုယ်ထဲ အစာဝင်သွားတယ်၊ အဲဒီအစာကို စုပ်ယူ၊ ချေဖျက်ပြီး အညစ်အကြေးအဖြစ်ပြန်စွန့်တဲ့အချိန်ဟာ ၇စက္ကန့်ကနေ ၁၁ စက္ကန့်လောက်ပဲကြာတယ်။ ရောဂါပိုးဟာ ယင်ကောင်ကိုယ်ထဲ အစာနဲ့အတူဝင်သွားတယ်။ မျိုးမပွားခင် မပြန့်ခင်မှာ အညစ်အကြေးအဖြစ်နဲ့ အပြင်ကိုစွန့်ထုတ်ခံလိုက်ရတယ်။
.
ရောဂါပိုးကို ခန္ဓာကိုယ်ထဲ ရပ်နားဖို့အချိန်မပေးဘူး၊ ဝင်တာနဲ့ ထုတ်ပစ်လိုက်တယ်။  အပျက်တွေကို သားပေါက်ဖို့အခွင့်အရေးမပေးဘူး။ မပေါက်ခင် ချေဖျက်ပစ်လိုက်တယ်။
.
ကျွန်မတို့လည်း အကျိုးမရှိ၊ မလိုအပ်တဲ့အရာတွေကို ခန္ဓာကိုယ်ထဲ၊ စိတ်ထဲကနေထုတ်ဖို့ ယင်ကောင်လိုကျင့်သင့်တယ်လို့ ထင်တယ်။ မလိုအပ်တဲ့ စိတ်ညစ်၊ စိတ်ရှုပ်ဝမ်းနည်းစရာတွေ၊ ပူပင်သောကတွေ၊ ဒေါသတွေ၊ အမုန်းရန်ငြိုးတွေ၊ အပျက်ဆောင်တဲ့စိတ်ခံစားချက်တွေကို စိတ်ထဲအချိန်အကြာကြီး ကိန်းအောင်းမနေစေဖို့၊ မျိုးမပွားစေဖို့ အခုဝင် အခုထုတ်ပစ်သင့်တယ်။
.
#NineNineSaNay @ နိုင်းနိုင်းစနေ
.

Post a Comment