ဖုန်းလေးပိတ်ထားရအောင် သူငယ်ချင်း

ဖုန်းလေးပိတ်ထားရအောင်သူငယ်ချင်း
=========================
သူငယ်ချင်း
တို့တွေမတွေ့ရတာကြာနေပြီနော်
တို့တွေ ခဏတာတွေ့ရတဲ့အခိုက်မှာ
ဖုန်းလေးတွေ အိမ်မှာပဲ ထားခဲ့ရအောင်ပါ။
မင်းလည်း မင်းအကြောင်းပြော
ငါလည်း ငါ့အကြောင်းပြောမယ်
မင်းပြောတဲ့အခါ ငါနားထောင်မယ်
ငါပြောတဲ့အခါ မင်းနားထောင်ပါကွာ …  ။

တို့တွေကို ခဏတာတွေ့ဆုံနေခိုက်
ဖုန်းဝင်လာတာပဲဖြစ်ဖြစ်
On Line သုံးနေတာပဲဖြစ်ဖြစ်
ဘာမှမလုပ်ပါနဲ့ကွာ…
အဲ့ဒါတွေက တို့တွေရဲ့ မေတ္တာကို
အဝေးကို လွှင့်ပစ်နိုင်တယ်ကွ…။

တို့တွေအဝေးကို ရောက်တဲ့အခါ
ဖုန်းလေးနဲ့စကားပြောမယ်
On Line က နေ Chat မယ်ကွာ
ဒါပေမဲ့ တို့တွေ အပြင်မှာ တွေ့ရင်တော့
မင်းလည်း မသုံးနဲ့ ငါလည်းမသုံးဘူး…။

တို့တွေရဲ့ ခင်မင်မှု သံယောစဉ်ကို
ရင်းနှီးဖော်ရွေ နွေးထွေးမှုနဲ့
သက်သေပြကြရအောင်…
တစ်ယောက်နဲ့တစ်ယောက်…
လေးစားမှုလေးတွေနဲ့ ပြကြရအောင်…
မထီမဲ့မြင် ပြု ခြင်းကို ရှောင်ကြဉ်ရအောင်ပါ။

စကားတွေအများကြီးပြောကြမယ်
တစ်ယောက်နဲ့တစ်ယောက်
နောက်ပြောင်ကျီ စယ်ရင်း
ခဏတာတွေ့ဆုံမှုကနေ
တစ်ဘဝစာ ချစ်ခင်မြတ်နိုးတွယ်တာမှုအထိရအောင်
ငါတို့တွေ ပြင်ဆင်ကြရအောင်…။

အိုခေ သူငယ်ချင်း
အပြင်မှာ တို့တွေဆုံဖြစ်ကြရင်
ဖုန်းလေးတွေပိတ်ထားကြရအောင်ကွာ…။  ။

            လေးစားလျှက်
                        ဆရာတိမ်ထွဋ်ခေါင်
ပခုက္ကူ ပညာရေးကောလိပ်
D.T.Ed(15/10), Section (D)

Post a Comment