အမှတ်‌စဉ်‌၂၈ အညာသား‌လေး

အားလုံးဆင်နွှဲ  မီးထွန်းပွဲ

အမှတ်​စဉ်​ ၂၈
                                   ဒုံးပျံ
                                   အညာသားလေး

အဘိဓမ္မာ နေ့ ဟု
သတ်မှတ်ခေါ်တွင်
ရက်မြတ် အထူး
ဝါဆိုဦးနှင့်  သီတင်းကျွတ်

မယ်တော်နတ်သား
အမှူးထား၍
ခညောင်းကပ်လာ
နတ်ဗြဟ္မာအား
တရား တော်များ
ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့၏

လူ့ပြည်ဆင်းကြွ
မြတ်ဗုဒ္ဓအား
ရွှေ  ငွေ ပတ္တမြား
တန်စောင်းသုံးသွယ်
ဝန်းကာခြံ၍
သိကြား နတ် တို့
ပူဇော် ဆီမီး
ထိန်ထိန်ငြီး၏

ကြည်ညိုဖွယ် အတိ
သက်ဆင်းကြွလာ
မြတ်ဘုရားကို
လူသားတို့လည်း
ဆီမီးရောင်စုံ
ထွန်းကြကုန်ကာ
ပူဇော်ခစား
ဖူးမျှော်ကြသည်

ဝါလကင်းလွတ်
သီတင်းကျွတ်မှာ
တစ်လက်လက်နှင့်
ဝင်းဝင်းတောက်ပ
ဆီမီးများကို
ထွန်းညှိပူဇော်
အားလုံး ဆင်နွှွဲ ပျော်လေပြီ

                                       ဒုံးပျံ
                                       အညာသားလေး

တင်​ဆက်​သူ ရာဟုသား
Admin စနိုး

Post a Comment