‌လေဖြတ်‌လျှင်‌ အသုံးပြုနိုင်‌မည့်‌

လေဖြတ်လျှင် အသုံးပြုနိုင်မည့် ဆေးနည်းကောင်း
==================================
(သင့်ကျမ်းမာရေးအတွက် Myanmar Medicine Media ကို Like လုပ်ထားလိုက်ပါ )

မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်နေတဲ့ ဦးဝင်းမောင်ဆိုသည့်သူသည် သံဂဟေဆက်တဲ့အလုပ်ကို နှစ်အကြာကြီး လုပ်နေခဲ့ပါတယ်။ အသောက်အစားမရှိ၊ မူးယစ်ဆေးသုံးစွဲခြင်းမရှိပါပဲ ပူအိုက်တဲ့အတွက် အင်္ကျီချွတ်၍နေခြင်း၊ ပန်ကာဖွင့်အိပ်ခြင်း စသည်တို့ကြောင့် တစ်နေ့မှာ ရုတ်တရက်
ခြေထောက်တစ်ခြမ်း လေဖြတ်ခဲ့ပါတယ်။

ချက်ချင်းပဲ ဆေးခန်းမှာ ဆေးထိုးဆေးသောက်ပေမယ့် ခေတ္တအနာသက်သာလာရုံကလွဲပြီး မပျောက်ကင်းခဲ့ပါဘူး။ မကြာခင် အသိတစ်ဦးနဲ့တိုးပြီး ဦးသာရင်ဆေးနဲ့ ရှောက်သီးလိမ်းပေးဆိုတာနဲ့ ဒီအတိုင်းနေလည်း မထူးဘူးဆိုပြီး မြန်မာပြည်ကို ဆေးမှာယူပြီး ရောက်တာနဲ့ စလိမ်းပါခဲ့ပါတယ်။

ဆေးလိမ်းနည်း

(၁) ရှောက်သီးကို အရည်ညစ်ယူပြီး ဦးသာရင်ဆေးနှင့် ဖျော်ပါ။

(၂) ၄င်းဆေးကို ၃ နာရီခြားတစ်ခါစီ လေဖြတ်တဲ့နေရာတွေကို လိမ်းပေး။

(၃) ဦးသာရင်ဆေးကို သောက်လည်း သောက်ပေးပါ။
_____________

ဆေးလိမ်းလို့ ၃ ရက်မြောက်မှာ ဓါတ်လိုက်သလိုခံစားခဲ့ရတဲ့အနာ
ပျောက်ကင်းပြီး ဒရွတ်တိုက် သွားလို့ရလာတယ်။

၈ ရက်မြောက်မှာ တုတ်ထောက်ပြီး စတင်ရပ်နိုင်၊ လျှောက်နိုင်လာခဲ့ပါတယ်။

၁၂ ရက်မြောက်မှာ တုတ်လွတ်ပြီး လမ်းလျှောက်တတ်ခါစကလေးငယ်လို
ပြန်လျှောက်လာနိုင်ခဲ့ပါတယ်။

၁၅ ရက်မြောက်မှာ ချွေးထွက်အောင် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း လုပ်နိုင်လာတယ်။ လမ်းကောင်းကောင်း လျှောက်နိုင်လာတယ်။

တစ်လပြည့်တာနဲ့ ဆိုင်ကယ်ပြန်စီးလာနိုင်ပြီး တစ်လခွဲအကြာမှာ သံဂဟေဆက်အလုပ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။

ရုတ်တရက် လေဖြတ်ပြီး အိပ်ယာထဲမှာ လှဲနေရတဲ့ ဦးဝင်းမောင်ကတော့ ဒီဆေးနည်းနဲ့ တစ်လခွဲအတွင်းမှာ လေဖြတ်ရောဂါကို ကိုယ်တိုင်လက်တွေ့ကုသပြီး
ပျောက်ကင်းခဲ့တဲ့အတွက် ဆေးနည်းကို လက်တို့လိုက်ပါတယ်

ကဲ မိတ်ဆွေတို့ရေ၊ သင်တို့အနားမှာလည်း လေဖြတ်တဲ့သူရှိရင် ဒီဆေးနည်းလေးကို စမ်းသပ်ဖို့ မျှဝေပေးသင့်တယ်နော်။ အနာနဲ့ဆေးတည့်သွားရင် ယူပစ်သလို ပျောက်တတ်တာ ရှေးကမ္ဘာဦးကတည်းကပါ။

လူသားအားလုံး အနာရောဂါများ ကင်းရှင်းပြီး ကျန်းမာကြပါစေ။
(ဆေးကြော်ငြာခြင်းများမရှိပါ.. ဆေးဝါးဗဟုသုတ ရစေလိုခြင်းမျှသာဖြစ်ပါသည်)

Credit - တိုင်းရင်းမြန်မာဆေး
(သင့်ကျမ်းမာရေးအတွက် Myanmar Medicine Media ကို Like လုပ်ထားလိုက်ပါ )

Post a Comment