နှလုံး‌ရောဂါ ‌လေးဘက်‌နာ

နှလုံးရောဂါ/ လေးဘက်နာ(တိုင်းရင်းဆေး)
==========================

နှလုံးရောဂါ/ လေးဘက်နာရောဂါ တို့သည် တာရှည်ဖြစ်ပွားသော ရာဂါအမျိုးအစားဖြစ်ပြီး ဖြစ်ပွားပါက အထူးသဖြင့် နှလုံးရောဂါဖြစ်ပွားပါက ငွေကုန်ကြေးကျများခြင်း ရာသက်ပန် ဆေးမှီဝဲရခြင်း စသဖြင့် ဆိုးကျိုးရှိသော ရောဂါမျိုးပင်ဖြစ်သည်

တိုင်းရင်းဆေးအနေဖြင့် အစာလည်းဆေး ဆေးလည်းအစာအဖြစ် မှီဝဲရမည့် ဆေးမှာ

ကြွက်နားရွက်မှိုကို စားပါ။ ( ဘိုးဘွားနားရွက်လို့ခေါ်သည်)
ငါးရက်တခါ၊ တကြိမ်ကို မှိုခြောက် တကျပ်သား ကုန်အောင် စားရသည်။ ဟင်းချက်စား၊ သုပ်စား၊ အမျိုးမျိုး စီမံပြီး စားပါ။ တလအတွင်း ခြောက်ကျပ်သား ၀မ်းထဲဝင်ရင် ရပြီ။
အကျိုးဆက်က နှလုံးသွေးကြောကျဉ်းတာ၊ ကျယ်တာ၊ နှလုံးအဆီပိတ်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ကျပ်ပန်းနာ၊ အစာအိမ် လေထိုးလေအောင့် ဝေဒနာ အစုံသက်သာပျောက်ကင်းစေသည်။
ကြွက်နားရွက်မှို သုပ်စားလိုသော်---
မှိုခြောက်ကို ရေနွေးစိမ်ပါ၊ တနာရီကြာလျှင် ရေစင်အောင် ဆေး၍ ဓား၊ ကတ်ကြေးဖြင့် ပါးပါးလှီး ညှပ်ထားပါ။ ကြက်သွန်နီတဥကို ဆီချက်ချက်၍ အအေးခံထားပါ။ ကျန်တလုံးကို ပါးပါး လှီးထားပါ။ စားခါနီးတွင် မှို၊ ပုစွန်ခြောက်မှုန့်၊ ပဲအကျက်မှုန့်၊ ဂေါ်ဖီလှီးပြီးသားများ ကြက်သွန်နီ လှီးပြီးသားတို့ကို အချို၊ အငန် သင့်ရုံ၊ ဆီချက်၊ သံပုရာရည်ဆမ်း၍ နယ်ကာ စားသုံးပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် အကျက်မှုန့် သုံးနိုင်ပါသည်။

ကြွက်နားရွက်မှိုသည် ဘေးဥပါဒ်အနည်းဆုံးမှိုအမျိုးအစားဖြစ်ပြီး ဆေးဝါးမှိုတစ်မျိုးလည်းဖြစ်သည်။

(မှတ်ချက်။   ။နှလုံးရောဂါသမားများ ကော်ဖီသောက်ခြင်းအား (လုံးဝ) ရှောင်ကြဉ်ပါ )

Post a Comment