မနေ့က လိုင်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ စကားပြောမိပြီး ဒီနေ့ ရုပ်ရှင်ရုံရှေ့မှာချိန်းထားတာလေ ...
ပုံထဲမှာကောင်မလေးက စွန်းချောလေး ကိုယ်တွေရုပ်ရှင်ရုံရှေ့မှာ ရင်ခုန်သံတွေမြန်နေပြီ ငတိမက ရောက်မလာသေး ... အတော်ကြာမှ ဖုန်းကောက်မည်လာတယ် ...
" ဘယ်နားမှာလည်း ရောက်နေပြီလေ "
" ကျနော်ရုပ်ရှင်ရုံရှေ့မှာလေ "
" တို့လည်း ရုပ်ရှင်ရုံရှေ့မှာလေ .... အော်တွေ့ပြီ "
ကလောက် ဖုန်းကျသွားတယ် ... သူကသာတွေ့ပြီပြောတာ ကိုယ်က သူ့ကိုမတွေ့ ..
ဟိုကြည့်ဒီကြည့်ရှာနေတုန်း ... သစ်ပင်ပေါ်က မျောက်ပြုတ်ကျသလို ဘုတ်ကနဲ ကိုယ့်ရှေ့ခုန်ပြီးလာရပ်တယ် ...
"အောင်မလေး ကလူကလူ "
အရပ်ပုပု အသားမဲညိုညို မိတ်ကပ်တွေဖွေးလို့ .. ဒီကြားထဲ EYE LINER ကလည်း ချယ်ထားတာမဲလို့ ... နှုတ်ခမ်းနီက ရဲတောက် ... ရုတ်တရက် တရဲ လို့ မအော်မိအောင် ဘရိတ်အုပ်လိုက်ရတယ် ...
" ကွီး ရောက်နေတာကြာပြီလား "
" အွန်း ကြာပြီ "
" ကွီးက ဓာတ်ပုံထဲမှာသာ ကြည့်မကောင်းတာ အပြင်မှာလဲရုပ်ဆိုးတာပဲနော် .. ဟစ်ဟစ် .. ခလွေးရော လှလား "
" ငွမ် "
ဘာပြောရမှန်းတောင်မသိဘူး ကျုပ်ကျ အပြင်မှာလည်းရုပ်ဆိုးတယ်တဲ့ သူ့ကျ ... အင်းလေ မိန်းကလေးဆိုတော့ မလှဘူးပြောရင် ရှက်သွားမှာပေါ့ ...
" လှပါတယ် အဟီး "
" ဒါနဲ့ အကောင့်နာမည်က Pinkey Barbie Cuttie Myint ဆိုတော့ နာမည်အရင်းက ဘာလည်းငင် "
" နာမည်အရင်းက လှလှမြင့်လေ "
" ငင် ဟုတ်လား "
" ကွီးနာမည်ကရော OMG ဆိုတာ အုန်းမုတ်ခွက်လား "
" ဘယ်ကသာ Oh My God ဗျ .. ကျော့်နာမည် အောင်ဘုန်း "
ပြောနေတုန်း ငတိမက ဖုန်းထုတ်ပြီး လက် ၂ ချောင်းထောင်လိုက် လက်ဝါးထောင်လိုက် နှုတ်ခမ်းစူလိုက်နဲ့ ပုံတွေရိုက်နေတာ ...
ကျုပ်လည်း မနေနိုင်လို့ခိုးကြည့်လိုက်တယ် .... 360 B612 ပြီးတော့ Beauty Plus တွေရောကျနော်မသိတဲ့ ဓာတ်ပုံ ဆော့ဝဲတွေရောစုံလို့ ငါးမိနစ်လောက်ပြင်လိုက်ပြီး ပုံထွက်လာတယ် ...
" လှလား ကြည့်ကြည့် "
ငင် လှလိုက်တာ ဓာတ်ပုံကိုကြည့်လိုက် သူ့ကြည့်လိုက်နဲ့ ဒီရုပ်က ဒီရုပ်ဖြစ်သွားတာကို ဇဝေ ဇဝါဖြစ်နေမိတယ် ....
ပြီးတော့ ငတိမက ဖွဘုတ်ပေါ်ကောက်တင်ပလိုက်တယ် ... ခေးလှလား စင်ဂယ်လေးနော် ခွက်စ်လို့ရတယ် ... မာနမကြီးရင် Tag ယူသွား ဘာညာနဲ့ ... ကျုပ်က ကြောင်တောင်တောင်လေး သူလုပ်တာလိုက်ကြည့်နေတုန်း ကျုပ်ဘက် မျက်ထောင့်နီနဲ့ လာကြည့်တယ် ...
" ဘာလုပ်နေတာလည်း အင်တာနက်ဖွင့်ပြီး Like လုပ် ကွန်မန့် ၀င်ရေးလေ ... "
အော်အင်း ကျုပ်လဲ ယောင်နနနဲ့ အင်တာနက်လေးဖွင့် Like လုပ်မယ်လုပ်တော့ ငတိမကပြောတယ် ...
" Haha Like ပေးရင် သေမယ်နော် "
အော်ဟုတ် ဆိုပြီး ရိုးရိုး Like လေးပေးလိုက်တယ် .... ငတိမက မကျေနပ်သေးဘူး " မန့်အုန်းလေ "
" ဘာမန့်ရမလည်းငင် "
" ကျွတ်စ် ပိန်းလိုက်တာ ဖုန်းပေး " ဆိုပြီး ဖုန်းပါလုသွားတယ် ....
ပြီးတော့ ကျုပ်ဖုန်းနဲ့ သူဝင်မန့်တယ် ကျုပ်ကဘေးကကြည့်နေရတယ် ... ဘာတဲ့
တစ်ယောက်တည်းလား ဘယ်ရောက်နေတာလည်း လှတယ်ကွား .... ကျုပ်အကောင့်နဲ့သူမန့်တာ
ရုပ်ရှင်ရုံရောက်နေတာလေ .. တစ်ယောက်တည်း တဲ့
သူပြန် reply တာ
လှတယ်ကွာ ခွက်စ်မယ်
ခွက်စ်လိုက်လေ ခိခိ နဲ့ဟုတ်နေတာ
သူ့ဘာသာကိုယ် ဖုန်း ၂ လုံးနဲ့တစ်ယောက်ထဲထိုင်မန့်နေတာ ကျုပ်ကဘေးမှာကို သူကတစ်ယောက်တည်း ရုပ်ရှင်ရုံရောက်နေတယ်ဆိုတော့ ကျုပ်ကိုယ်ကျုပ်တောင် အော် ငါဘယ်နားရောက်နေပါလိမ့်လို့တွေးပြီး မျက်ရည်ဝဲတက်လာတယ် ...
ဝအောင်မန့်ပြီးတော့ ဖုန်းပြန်ပေးတယ် ... ရုပ်ရှင်လက်မှတ်ဝယ်ပြီး မုန့်ဝယ်မယ့်နေရာရောက်တော့ အချဉ်ထုတ်တွေပဲဝယ်ပြီး ကော့ကော့ နဲ့ရုပ်ရှင်ရုံထဲဝင်သွားတယ် ....
ကျုပ်မှာမနဲနောက်က ပြေးလိုက်ရတယ် ...
ရုံထဲရောက်တာနဲ့ နိုင်ငံတော်သီချင်းမလာသေးဘူး ... ငတိမ မုန့်ထိုင်စားနေပြီ ... နိုင်ငံတော်သီချင်းလာလို့ သူများတွေ မတ်တပ်ရပ်လည်း သူကမုန့်စားမပြတ် ...
ကျုပ်မှာသူစားနေတဲ့အချဉ်ထုတ်တွေကြည့်ပြီး သွားပါကျိန်းတယ် ...
ဒီကြားထဲ ရေဗူးဆိုပြီး မထင်ရင် မထင်သလို ရေတောင်းသေးတယ် ... ကျုပ်က ရေတော်ဆက် ကြီးဖြစ်လို့ ... ရုပ်ရှင်ရုံမှာ ပြတာ ဟာသကား ... ငတိမက ရယ်လိုက်တာ ယောက်ျားကြီးကျလို့ ဝါးဟားဟားဆိုပြီး ရုံထဲမှာ သူ့အသံအကျယ်ဆုံးပဲ ... ကျန်တဲ့သူတွေက ဟာသကားထက် သူ့ရယ်သံကြားရင်ကို လိုက်ရယ်ကြတာ ... အချို့များဆို အထီးကြီးရယ်နေတာမှတ်လို့ ခေါင်းတွေနောက်ပြန်တောင်ကြည့်ကြတယ် ....
ရယ်ရုံနဲ့ပြီးမယ်ထင်လား ... မယ်မင်းကြီးမက ကျုပ်ကျောကုန်းတွေရော လက်မောင်းတွေကိုရော ထုလိုက် ရိုက်လိုက်နဲ့ ရယ်တာဗျား .... ကျုပ်မှာ သူတစ်ခါရယ်တိုင်း ဖျောင်းကနဲ ဘုန်းကနဲနေတာပဲ ....
ကြာတော့ ရုပ်ရှင်ထဲ ဟာသအခန်းလာမှာတောင်ကြောက်နေရတယ် ....
ဟာသအခန်းလာပြီဆို ကျုပ်တို့ခုံက အသံကိုမြိုင်လို့ ဝါးဟားဟား ဘုန်းဒုန်းဒုန်း ဝါးဟားဟား ဘုန်းဒုန်းဒုန်း နဲ့ ....
ရုံပြင်ထွက်တော့ သူများတွေကရယ်ရလို့ထင် ပြုံးလို့ ကျုပ်မှာ မျက်ရည်လေးတွေဝေ့လို့ .... လက်မောင်းတွေရော ပခုံးတွေရော အောင့်လို့ ...
ရုံပြင်ရောက်တော့ ငတိမက ပြန်တော့မယ်ကွီး ဆိုပြီးပြောတော့ .... ကျုပ်မှာ လက်ပြန်ပြဖို့တောင် လက်မြှောက်နိုင်ဘူး လက်နာနေလို့ ... မျက်လုံးထဲမှာတော့ မျက်ရည်တွေဝေ့လို့ ....
ဒါတောင်သူနဲ့ သူ့ကိုမခွဲနိုင်လို့ မျက်ရည်တွေဝေ့နေတယ်ထင်ပြီး သနားနေသေးတာ ...
ကျုပ်မှာ သူပြန်သွားတော့ ဘက်စ်ကားပေါ်တက် မျက်နှာငယ်လေးနဲ့ ဖွဘုတ်ဖွင့်ကြည့်လိုက်တော့ ငတိမက တင်ထားတာ ....
" တစ်ယောက်တည်းရုပ်ရှင်ကြည့်ရင်း သူ့ကိုသတိရပြီး မျက်ရည်တွေဝေ့တက်လာတယ်တဲ့ ... "
မျက်ရည်ဝေ့တာ နင်မဟုတ်ဘူး ငါဟ ငါဟ လို့ ရွချင်အုန်းဟဲ့ လို့ ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး အကောင့်လေးပါ ဖျက်ပလိုက်တယ် ... တဏှာတစ်ကြောပြတ်ရောပဲ ...
Credit to>> Aung Phone
Post a Comment