#ရပ်ကျော်ရွာကျော်ငတေနှင့် သချိုင်းသူ
အသက်တစ်ရာမနေရ အမှုတစ်ရာတွေ့ရ ဆိုတဲ့စကားအတိုင်းပါပဲလား
ဟဲဟဲ ကျုပ် အဲ့လိုပြောလိုက်တော့ စကားကြီးစကားကျယ်များ ဖြစ်သွားလာတော့ မသိဘူး ဒါပေမယ့် တကယ် ဗျ ဒီမှာလေ ကျုပ်တပည့်ကျော် ငတေ ပေါ့ ခင်မှုံ လေး မှ မရရင်သေ ရပါ တော့မယ်ဆိုတဲ့ ငတေ က အခု မိန်းမ ယူမလို့တဲ့လေ ခဗျားတို့လဲ ကြားဖူးမှာပေါ့ ရပ်ကျော်ရွာကျော်ငတေ အကြောင်းကို ဟိ အဲ့လို ဇ ရှိတဲ့ ကောင် က ကျုပ်ဆီ တပည့်လာ ခံ တာမို့ လက်ခံထားလိုက် တာ အခုဆို သံယောဇဉ်တောင် အတော် ဖြစ်နေပြီ ငတေ ယူ မယ့် မိန်းမ အကြောင်း သိရင် ခဗျာ တို့အံ့သြသွားလိမ့်မယ်
ဒီလိုဗျ
"တပည့်ကျော် ငတေ ရေ ဒေါက်တာဆရာ ရုကမ်း ဟိုဖက် ရွာ ဆေးသွား ကုမယ်ဟေ့ အဆင့် သင့် လုပ်ထားလိုက်"
"ဟုတ် ဒေါက်တာဆရာ ရမ်းကု အဲ အဲ ဟုတ် ပါဘူး ရုကမ်း"
ရုကမ်း ဆိုလို့ ကျုပ်နမည်ကြားပြီး တရုတ်လူ မျိုးလို လို ကိုရီးယားလူမျိုးလို လို မထင်နဲ့နော် ကျုပ်က ဗမာ လူမျိုး စစ် စစ် ဗျ တခါ က ကျုပ်က ဒေါက်တာပေါ့ ဗျာ ဟဲဟဲ ဒါပေမယ့် အခု ဒေါက်တာ အလုပ်ထပ် ပို ဝင်ငွေကောင်းတဲ့ နတ် ကတော် အလုပ် လုပ် နေတယ် အဲ မှားလို့ ပယောဂ ဆရာ လုပ်နေတာပေါ့ (တကယ်တော့ ကုလိုက်တဲ့သူတိုင်း မရှင်လို့ လိုင်စင် အသိမ်း ခံလိုက်ရတာလေ နမည် အသစ်လေး ပါ ရထားတာပေါ့ ရုကမ်း )
ဟိုဖက်ရွာရောက်တော့ တပည့်ကျော် ငတေနဲ့ အတူ ပယောဂ နှင်မယ်ပေါ့
"ဆရာ ရုကမ်း လာပြီဟေ့"
"ဆရာ ကြွပါ " လှေကားပေါ်တက်မလို့ပဲ ရှိသေးတယ်
"ဟားဟား ဟားဟား ဟား ဟား "
"အမလေး ဗျ " ကျုပ် လဲတပည့်ကျော် ကြီးလက်ဆွဲပြီး ထအော်တာပေါ့
"ဆရာ ဘယ်လို ဖြစ်တာလဲ "
"ဘာမှ မဖြစ်ပါဘူး အပေါ်တက်ရအောင် တပည့် ကျော် အရှေ့ က တက် ဂ ဂလု" ဘာမှ မဖြစ်ဟန်ဆောင်လိုက်ပေ မယ် ခြေ လှမ်းတွေ တုန် နေတယ် အိမ်မှာ ထိုင် နေရင် စားစရာမရှိတာ ကြောင့် ရ ရာ အလုပ် လိုက် လုပ် နေရတာ ကျုပ်က လဲ ဘာအလုပ်မှ ကျွမ်း ကျင်တဲ့အလုပ် ရှိတာ မဟုတ်ဘူး လိမ်စားတာ ကလွဲရင် ပေါ့
အခု ဟာက သရဲရီသံ က ကြောချမ်းစရာ
အပေါ်သွားပြီး ဘာလုပ်ရမှန်း မစဉ်းစား တတ်တော့ ဟိုရောက်မှ မီးစင်ကြည့် က ရမှာပဲ ………
အပေါ် လဲရောက် ရော ကျုပ် ကို မျက်ထောက်နီ နဲ့ကြည့်နေတဲ့ အမျိုးသမီးတစ် ဦးကို တွေ့တယ်
"ဟယ် ညည်းကလဲအေ ကျုပ့် ကို အဲ့လို ကြီး မကြည့်ပါနဲ့အေ လန့်ထှာအေ"
"ဒေါက်တာ ဆရာ "
ကျုပ် အသံကြောင့် လူတွေ ကျုပ်ကို ဝိုင်းကြည့် နေကြတာပေါ့ အဲ့တော့မှ
"ဟိတ် …… ဘာ လို့ ဒီအိမ် မှာ လာနှောက် ယှက်နေရတာလဲ " အသံများ မတုန်အောင် သတိထားပြီး ပြောလိုက်ရတယ် တပည့် ကျော်ကလဲ ကျုပ့် ကို လေးစားတဲ့မျက်လုံး များနဲ့ ကြည့်နေလေရဲ့
"အံ့ မယ် ဟဲ့အကောင် ငါ့ ကို ဘာလို့လာ နှောက်ယှက်နေတာ လဲ ဟုတ်လား ပျင်းလို့ဟေ့ ပျင်းလို့"
" ဟဲ … ဟဲ … ဟီး သားက စတာ အွန့် သူက စိတ် ဆိုး တာ လား ချိတ် ချိုး ရဝူး ယေ" ပါးစပ်က လဲပြော အမူအယာလေးက လဲ နဲ နဲ နွဲ့ချင်သွားတာ ကို ကျုပ်တောင် သတိ မထားမိဘူး ဒါပေမယ့်
တပည့် ဖြစ်သူမှာ
"ဒေါက် တာ ဆရာ အဟမ်း ဟမ်း"
"အဲ မှားလို့ ခဗျာက ဘယ်သူလဲ "
" ဟဲ့ ငခွေး မင်းမလဲကွယ် ပယောဂ ထုတ်မယ့် ဆရာ ခေါ်လာတာလဲ ဘယ်လို အူကြောင် ကြောင် ဆရာ ခေါ်လာတာလဲ မသိဘူး ငါ့ သရဲသက်တမ်းမှာ အဲ့လို ငကြောင် ဆရာမျိုးမတွေ့ဖူးဘူး" သရဲဖြစ်သူ က ကျုပ်ကို ဂုဏ်ပုဒ် တခု တောင် အသစ်ထပ်ပေးလိုက်သေးတယ် ငခွေး ဆိုသူ ကလဲ ကြောင်တောင်တောင် လေး ဖြစ်လို့ ကျုပ်ကလဲ ကျုပ်ရဲ့ ရာထူး အသစ်အတွက် အို တိုး အမ်းတန်း နဲ့ ရှက်နေသလို လို ပဲ ဗျ :P
"ဒီမယ် အဘွားကြီး ကျုပ်ဆရာ ကို အဲ့လို မပြော ပါနဲ့ ဗျ ကျုပ် ဆရာ က တခါ က လိုင်စင် အသိမ်းခံရတဲ့ ဒေါက်တာ တစ်ယောက်ပါ ဗျ တခါ တလေ နတ် ပွဲတွေလဲ က ပါတယ် ဗျ"
"အဲ့တော့ ဘာဖြစ်လဲ"
"အဲ့တော့ ဝင်ပူးနေတဲ့ကောင်မလေး ကို လွှတ်လိုက်"
တပည့် ကျော်ကြီး ငတေ့ ကို ကြည့်ရတာ ဗိုလ်အောင်ဒင်များ ရောက်လာသလားပဲ
သရဲဖြစ်သူမှာ မျက်လုံးလေး ကလယ် ကလယ်ဖြစ်သွားတယ်
"ကျုပ်နမည် ငတေ လာ လာ ကျုပ်ဆရာ က သနားလို့ ခဗျာ ကို ညှာနေတာ ကို ခဗျာ့ က မထီလေးစား လုပ်တာပေါ့လေ တွေ့မယ် လာ လာ "သရဲဝင်ပူးနေသူ ငခွေးရဲ့ မိန်းမ ကို တပည့်ကျော် ကြီး တရွတ်တိုက်ခါ မီးဖိုချောင်ထ်ဲဆွဲခေါ်သွားတယ် ခဏနေတော့ "ဒုန်း ဒုန်း ဒုန်း"
"အမလေး တော် ကြောက်ပါပြီတော့ အမလေး ငတေ တဲ့တော့ တော်ရေ ကြောက်ပါပြီ လို့ ငခွေး ရေ နောက် တခါ မင်း မိန်းမ ဆီမလာတော့ပါဘူး ရွာထိပ်က ညောင်ပင်မှာ ငါ့အတွက် အမဲသားတစ်ပိဿ လာ ချက်ပြီး ပို့ပေးပါလို့ပြော မလို့ပါတော် ကြောက်ပါပြီတော် ဆရာ ငတေ ရေ အမလေး ရှုး ရှဲ ရှုး ရှဲ ဟော ဟဲ ဟော ဟဲ "
"မှတ်ပ လား ကဲ မှတ်ပ လား"
မီးဖိုချောင်မှ သရဲဝင်စီးသူ အမျိုးသမီး အသံတိတ် သွားတယ် ခဏ အကြာ မှာ ငခွေးကလဲ သူ့မိန်းမ ဘာများ ဖြစ်လဲဆိုပြီး မီးဖိုခန်းထဲဝင်သွားတယ် သရဲဝင်ပူးသူ ငခွေးရဲ့အမျိုးသမီး မျက်နှာမှာ ရေတွေ မှန်း မသိ ချွေးတွေ မှန်း မသိ ရွှဲနစ်လို့
"ဆရာ ဘယ်လို ကုလိုက်တာလဲဟင် ကျွန်တော့် မိန်းမ ပြန်ကောင်း သွားပြီ ကျေးဇူးတင်လိုက်တာ ဆရာရယ် "
ကျုပ်ကို ရှေ့မှာထားပြီး တပည့်ကျော်ကြီး ကို ချီးကျူးနေလိုက် ကြတာ ကျုပ်တောင် အနေခက်လာတယ်
"ဒါတွေမလိုပါဘူး တကယ်တော့ ဒါက ကျုပ်ဆရာရဲ့ ကျေးဇူးကြောင့်ပါ ဒေါက်တာဆရာ ကျွန်တော် ကန်တော့ပါတယ် "
အဲ့လို တပည့်ကြီး က အလိုက်သိတာဗျ အဲ့တော့မှကျုပ်လဲ သက်ပြင်း ချ နိုင်တော့တယ် ငခွေး ကလဲ သူ့မိန်းမ ပြန်ကောင်းသွားလို့ကျေးဇူးတင်ပြီး ကျုပ်တို့ ကို ညစာ ထမင်း တောင်ကျွေးလိုက်သေးတယ်
ဒါနဲ့ ကျုပ် က အရမ်းပြန်ချင်နေပြီ ငတေ ဘယ်လိုများ ကုလိုက်လို့ ညောင်ပင်အောက်က သရဲ ခဗျာ အမောတကော ထွက်သွားရတာလဲဆိုတာ လေ ခဗျာတို့လဲ သိချင်နေပြီမဟုတ်လား ;) ညနေ အတော်စောင်းမှ အဲဒီ့ရွာက ထွက် လာရတယ် လမ်းရောက်တော့ တပည့် ဖြစ်သူကို မေးရတာပေါ့ ပညာလေး ဘာလေး ရအောင်
"တပည့်ကျော် မင်း သရဲကို ဘယ်လို မောင်း ထုတ်လိုက်တာလဲကွ"
"လွယ်ပါတယ် အဲ့သရဲ အဖွားကြီးကို စိတ်ပေါက် ပေါက်နဲ့ မီးဖို ခန်းထဲခေါ်သွားပြီး……တော်ပါပြီ ဆရာရယ် မပြောတော့ပါဘူး" တေနာလေး ကဈေးကိုင်နေလိုက်သေးတယ်
"ပြောပါကွာ သိချင်လွန်းလို့ပါဆို "
"နောက်ဖေးခေါ်ပြီး ကုလားအော်သီးနဲ့ ကြက်သွန်တွေ ထောင်း ပြီး ပါးစပ်ထဲ အတင်းထိုးထည့်ပေးလိုက်တာလေ ငရုတ်သီးထောင်းတဲ့ အသံမကြားဘူးလား ဆရာကလဲ "
"တော်သေးတာပေါ့ ငတေ ရယ်" ကျုပ်အထင်က ငတေ မဖွယ်မရာ လုပ်လိုက်တာများလားလို့ (မဖွယ်မရာဆိုလို့တမျိုးမထင်နဲ့နော် သရဲမကို များ သေးနဲ့ပန်းလိုက် တာလားလို့ပါ မျက်နှာမှာလဲရေတွေ ရွှဲနေတာကိုး :P နောက်မှ သဘောပေါက်တယ် ငြုတ်သီး စပ်လို့ ရေသောက်ရင်း မျက်နှာပေါ်လောင်းလိုက်တာ ဖြစ်မယ်လို့)
ကျုပ် ငတေ့ ကိုကြည့်ပြီး ရီ လဲ ရီချင်တယ် ရပ်ကျော်ရွာကျော် လို့လဲ ခေါ်ထိုက်ပါပေတယ် ဒီဘက် ရွာအဝင် သချိုင်းရောက်တော့ မှောင်ရီလဲပျိုးနေပြီ ငတေ က ဆတ်ခနဲ တခု ခု ကို ကောက်လာတယ် ဘာလဲတော့ မသိပေမယ့် ကျုပ်အထင် ခွေးတွေ ဘာတွေ မောင်းဖို့ တုတ်ကောက်လာတယ် ထင်တာပဲ ည အိပ်ခါနီးရောက်တော့ တပည့် ကျော်က တော့ အိပ်နေပါပြီ အပြင်မှ
"ဝု အူ အူ" ကျုပ် လဲခွေး အူသံကြားတာကြောင့် စောက်ခေါင်းမြှီး ခြုံပြီး အိပ်ပစ်လိုက်တယ်
မနက် လင်းတော့ တပည့်ကျော်က ဆရာစားဖို့ ထမင်းတွေပါတွေ အဆင်သင့် ပြင် ထားပေးတယ်
"ဒေါက်တာ ဆရာ ကျုပ် မိန်းမ ယူချင်တယ် ဗျာ "
"ဘယ် လို မင်းပြောတော့ ခင်မှုံ လေး မရလို့ ဒီတစ်သက်မိန်းမ မယူတော့ဘူးဆို"
"ဟုတ်တယ် အခု မရတော့ဘူး ည က တွေ့လိုက်တဲ့ ကောင်မလေး ကြောင့် ကျုပ်မိန်းမ ယူတော့မယ်လို့ "
"ငတေ မင်းနဲ့တော့ ပေါက်တက်ကရ "
"တကယ် ည က အိပ်ပျော်နေရင်း ခွေး အူ သံကြားလို့ထ ကြည့်တော့ အပြင်မှာ ကောင်မလေး တစ်ယောက်တွေ့တယ် ဒါနဲ့ အထဲဝင်မလားမေးတော့ အဲ့ကောင်မလေး ကျွန်တော့်ဆီလာတယ် ဘာမှလဲမပြောဘူး ဒါပေမယ့် ဒီည လဲ လာမလား မေးတော့ ခေါင်းငြိမ့်တယ် အဲ့ကောင်မလေး ကို ကျွန်တော် ယူမလို့ ဆရာခွင့်ပြုပေးပါ"
"မင်းဟာကလည်း ကွာ မြန်လိုက်တာ ညက တွေ့တယ် မနက် ကြ ယူတော့မယ်ဆိုတော့ ကောင်း မလေး က ဘာတဲ့လဲ"
"ဟာ ဆရာက လဲ ဟိုဖက်ရွာကပဲနေမှာပေါ့ ကျွန်တော်ကို သဘောကျ လို့ ည ဘက်ကြီး ကျွန်တော် နောက် လိုက်လာ တာကို သူ့သဘောက ရှင်းရှင်းလေးကို ဒါတောင် ဆရာ က သဘော မပေါက်ဘူး "
သူ့အတွေးနဲ့သူ တော့ ဟုတ်နေတာပဲ
တပည့်ကျော်က အဲ့လို ပြောနေတော့လဲ ကျုပ်က ည သူ့ကောင်မလေး အလာ ကို စောင့်ရမှာပေါ့ ည ၁၁ နာရီလောက်ရှိပြီ မလာဘူး ကျုပ်ဖြင့် ငိုက်တောင် ငိုက်လာတယ် ကျုပ်တပည့်ကြီးကတော့ ဇွဲနဲ့စောင့်နေတယ်
"ဝု အူး အူ……………"
"ဆရာ လာပြီ"
"အမလေး ဟဲ့ ပလုတ်တုတ်"ငိုက်နေရင်း ခုံပေါ်ကတောင် ပြုတ်ကျတယ် တပည့်ကျော် ပြောတဲ့ကောင် မလေး ကို ကျုပ်မတွေ့ရဘူး
တပည့်ကျော်ကတော့ ညွှန်းတယ်ဟေ့
"လာ လေ အိမ်ထဲဝင် "
ဘာမှ မမြင်ရဘဲ ငတေ ခေါ်နေတဲ့အရာကို လိုက်ကြည့်နေမိတယ် ရုတ်တရတ် ကြက်သီးများ ထ လာတယ် "ဝု အူ အူ…"အပြင်က ခွေးများ က အိမ်ထဲကို လှိမ့်အူနေတယ် ကျုပ်လဲ ဒီကောင် တခု ခု ပဲဆိုပြီး ခြံပြင် ထွက်ပြီး တပည့်ကျော် အတွက် အသက်ပင်သေ သေ စတေးမယ် လို့တွေးကာ အူနေတဲ့ခွေးရဲ့ မျက်ချေး ကို မရ ရအောင် ကျုပ် ယူလိုက်တယ် ဒါတောင် အဲ့ခွေး က မပေးဘူး အကိုက်ခံမှာ ကြောက်သေးတယ် နောက် ကျုပ် မျက်လုံးမှာ တတ်လိုက်တော့ ထင်တဲ့အတိုင်း သရဲမ ကို မြင်ရတော့တယ်
ကျုပ်လဲအိမ်ထဲအမြန်ဝင်ပြီး
"ဟဲ့ သရဲမ "
"ဘာတုန်း" သရဲမက စွာလိုက်တာ
"နင် ငါ့တပည့်ကို ဘာလို့ နှောက်ယှက်တာလဲ"
"အောင်မယ် ငါက ဘယ်မှာနှောက်ယှက်လို့လဲ "
"နင် မြူစွယ် လို့ငါ့တပည့်ကျော်က နင့်ကို လက်ထပ် မလို့တဲ့ "
"အောင်မယ် အောင်မယ် နင့်တပည့်က လမ်းသွားတာ ကောင်းကောင်းမသွားဘဲ လက်သရမ်းပြီး ငါ့ အုတ်ဂူပေါ်က မှတ်တိုင် မ သွားလို့ လာပြန်တောင်းတာ ပြီးတော့ ငါ က နင့်တပည့်ကို လက်မထပ်နိုင်ပါဘူး
ငါက လူ့ဘဝမှာတည်းက တစ်ကိုယ်တည်း အပျိုးကြီး ပဲ လုပ်လာတာ သရဲဘဝ မှာလဲ တစ်ယောက်တည်းပဲ နေမှာ ……… "
"အံ့မယ် သရဲမက လာသားပဲ"
"နင့်တပည့် နှာဘူးကောင်ကိုသာ ကောင်းကောင်းထိန်းထားလိုက် မနက် ကျရင် အဲ့မှတ်တိုင်း ကို ငါ့ အုတ်ဂူမှာ လာထား ဒါ ပဲ သွားမယ် ဘိုင့် ဘိုင် ဂွက် နှိုက်……" သရဲမ က ပြာယာခပ်ပြီးထွက်သွားတော့တယ်
ငတေ တစ်ယောက် ကျုပ်နဲ့ သရဲမ ပြောတဲ့စကား များကို နားထောင်ရင်း ဘာမှ ပြန်မပြောနိုင်ပေ ကျုပ်မှာလဲ သရဲ မ ထွက်သွားမှ ကျုပ်လဲ မျက်နှာလေး ဘာလေး သစ်ပြီး
"ငတေ မင်းမလဲ ကြိုက်စရာရှားလို့ သရဲမများ ကြိုက်ရလားကွား"
"သရဲမ မှန်း သိမှ မသိတာကို လို့"
မနက်ရောက်တော့ ငတေယူလာတဲ့နေရာမှာ မှတ်တိုင်ကို ပြန်သွားထားပေးလိုက်တယ် သရဲမနမည်က ချစ်စရာလေး ဗျ "ဝက်မ" တဲ့ ဟဲ ဟဲ :D ငတေ က မှတ်တိုင်လေး ကိုကြည့်ပြီး "သွားနှင့်လေသူမောင်ကြီး နှမ ဝက်မ ရေ မောင်ကြီး သရဲ ဖြစ်တဲ့အခါ နှမလေး ဆီ အပြေးလာပြီ ပေါင်းဖက် ပါရစေ နှမ ဝက်မလေး အပြေးကြိုနော် အီးဟီး………ရွှတ်" ကျုပ်တပည့် က တခြားနေရာတာ တေတာ နှလုံးသားအရေးကတော့ အတော် ခံစား လွယ်တာ
"လာ တပည့်ကျော် ပြန်မယ်"
"ဆရာ ပြန်နှင့်ပါ "
"မင်းက ဘယ်တုန်း"
"အသည်းကွဲသူ မောင်ကြီး ထန်းရည်ဆိုင်မှာ အလွမ်းသွားဖြေ မလို့ပါ"
ပြီးပါပြီ :P :P :D
#Thet Tant Chit Thu ရေးသည်
https://www.facebook.com/groups/867803409996549
ဂုလေးကိုလဲ လာလည်အုန်းနော်
Post a Comment