ပဉ္စလက်​ရွာ၏ ကျိန်​စာသမိုင်း

★ ★ ပဉ္စလက်ရွာ၏ ကျိန်စာသမိုင်း ★ ★
                ~~~~~~~~~~~

《အခန်း 1》

    လေပြင်းများသည်အဆက်မပြတ်တိုက်ခတ်နေသည်။
တိုက်ခတ်လာသော လေပြင်းသည် ဆီးနှင်းများအား သယ်ဆောင်လာခြင်းကြောင့် ဆီးနှင်းများသည် အနီးအပါးဝန်းကျင်ရှိ
တောအုပ်မှသစ်ပင်များပေါ်တွင် ကပ်ငြိကာ သစ်တောကြီးများသည် ဖွေးဖွေးလူပ်မျရှိနေကာ မြေပြင်သည်လည်း ဆီးနှင်းများ ဖုံးလွမ်းနေလျှက်ရှိနေသည်။
ရာသီဥတုသည်ကား ဆိုးရွားနေသော အချိန်ဟု သတ်မှတ်ရမည်ပင်ဖြစ်သည်။
  တစ်ခုသော တောင်ပေါ်ရွာငယ်လေးသည် ဆိုးရွားလှသော ရာသီဥတု အခြေအနေကြောင့် ရွာသားများမှာ အပြင်သို့ မထွက်ကြပဲ အိမ်တွင်းအောင်း
လျှက်ရှိ နေကြတော့သည်။
  ရွာနဲ့ ခပ်လှမ်းလှမ်းတွင်ရှိသော သစ်လုံးအိမ်ငယ်လေးတစ်လုံးဆီမှ အိမ်မီးလင်းဖိုမှ ခေါင်မိုးသို့ ဆက်သွယ်ထားသော မီးခိုးခေါင်းတိုင်ဆီမှ
မီးခိုးများ တလူလူထွက်နေလျှက်ရှိသည်။
  သစ်လုံးအိမ်ငယ်လေးအတွင်း မီးလင်းဖိုသည် သစ်သားချောင်းများကို တဖျစ်ဖျစ် လောင်ကျွမ်းလျှက် လောက်မြိုက်ကာ တောက်လောင်လျှက်ရှိနေခြင်းနဲ့အတူ
မီးလင်းဖိုနံဘေးတွင် ချမ်းအေးလှသော အအေးဒဏ်အတွက် မီးလူံနေသော လူသုံးယောက်ရှိနေပါသည်။
    တစ်ယောက်မှာကား အသက်ငါးဆယ်နီးပါးခန့် လူကြီးတစ်ယောက်ဖြစ်ပြီး ဆေးတံကြီးတချောင်းကို ဆေးမူန့်များထည့်ကာ မီးစွဲရင်း မီးခိုးတထောင်းထောင်းထအောင် ဖွာရိုက်လျှက်ရှိနေသည်။
ကျန်နှစ်ယောက်မှာကား အသက် ၂၅ ဝန်းကျင်ဟု ခန့်မှန်းရမည်ဖြစ်သော လူငယ်တစ်ယောက်ဖြစ်ကာ နောက်တစ်ယောက်မှာကား ပျိုမြစ်နုငယ်လှသော အသက်ဆယ့်ရှစ်နှစ်အရွယ်ခန့်မျရှိသော
မိန်းမပျို လေးတစ်ယောက်ပင်ဖြစ်သည်။
လူကြီးနဲ့ မိန်းမပျိုလေးမှာ သားအဖဖြစ်ဟန်တူပြီး ရိုးရာလက်ဖြစ်ချည်ထည် အဝတ်အစားများအားဝတ်ဆင်ထားကြကာ လူငယ်မှာကား ယခုဒေသမှဟုတ်ဟန်မတူချေ အကြောင်းကား လူငယ်သည် ဂျင်းဘောင်းဘီ စစ်ဂျာကင်အား ဝတ်ဆင်ထားကာ သူ့ရုပ်ရည်မှာလည်းမြင်ရုံမျဖြင့် တနယ်သားမှန်းသိသာလှသည်။
သုံးယောက်လုံးသည် စကားတခွန်းမျ မဆိုကြပဲ တိတ်ဆိတ်စွာဖြင့် ငြိမ်သက်နေကြသည်။
   "ကျွန်တော်လည်း ပြန်ချင်ပါပြီ ဦးရယ်..
ကျွန်တော်ကြောင့် အလုပ်ပိုရတဲ့ ဦးနဲ့ ဒီက
နှမကိုလည်းအားနာလှပါပြီ..."
တိတ်ဆိတ်မူအားဖြိုခွင်းရင်း လူငယ်ကစတင်ကာ စကားဆိုလာခြင်းပင်ဖြစ်သည်။
  "အာ.လက်စသတ်တော့ မောင်ဒီရမ်းက အားနာနေတာကိုး ဦးအိမ်မှာလူတစ်ယောက်တင်ကျွေးထားရတာဘာမှတာဝန်မပိုပါဘူး နောက်တခုက
ရာသီဥတုက အရမ်းဆိုးနေတယ်လေ..
သွားလာလို့ ဘယ်ဖြစ်မှာလဲ...
ဒီတော့စိတ်အေးလက်အေးသာနေ
နေရထိုင်ရတာကော သက်သာလား.."

  "ဟုတ်ကဲ့ဦး နေရထိုင်ရတာတော့သက်သာပါတယ်
ဒါပေမယ့် ခုတလော ညအိပ်ရင် ဘာဖြစ်လဲမသိ ကြောက်စရာကောင်းတဲ့
အိပ်မက်တွေပဲမက်နေတယ်.."

ဒီရမ်းစကားကြောင့်လူကြီးနဲ့ မိန်းမပျို မျက်နှာများ ကွက်ခနဲ ပျက်သွားကြသည်။
သို့သော်
လူကြီးက အချိန်မှီပျက်ယွင်းသွားသော မျက်နှာအားပြင်လိုက်ရင်းမှ....
"ဒါကတော့ မောင်ဒီရမ်း အဖျားရှိန်ရေ
နောက် ရာသီဥတုရယ်ကြောင့် နေမှာပါ.."

  "ဟုတ်ကဲ့..ဦးကျွန်တော် ခေါင်းမူးသလိုဖြစ်နေလို့ သွားနားလိုက်ပါအုံးမယ် ..ခွင့်ပြု ကြပါအုံး"

  ဒီရမ်းထွက်သွားချိန် မီးလင်ဖိုဘေးတွင် သားဖနှစ်ယောက်သာ ကျန်နေရစ်ခဲ့သည်။

"အပါး ဘယ်လို လုပ်ကြမလဲ သူခုထိဒီကမပြန်ရသေးဘူး လကွယ်ညကလည်း နီးလာပြီ ...သူသာသမီးတို့အကြောင်းသိသွားရင်..."

တချိန်လုံးငြိမ်သက်တိတ်ဆိတ်စွာဖြင့် ရှိနေသော မိန်းမပျိုလေးက သူမဖခင်အားပြောလိုက်ခြင်းပင်ဖြစ်သည်။
"အခြေအနေက အပါး တို့မထင်တာတွေ
ဖြစ်လာတာပဲ သူ့ကိုပြန်ပို့ဖို့ စီစဉ်ပြီးခါမှ ရာသီဥတုက ဆိုးလာတယ်..ဖြစ်လာမှတော့ဘယ်တတ်နိုင်တော့မလဲ.."

"ခုအခြေအနေက မလွယ်ဘူးနော်..အပါး
သူသာ သမီးတို့အကြောင်းသိသွားရင် ရွာသားတွေကလည်း သူ့ကိုအလွတ်ပေးကြမှာ မဟုတ်ဘူး ..
ပထမအကြီမ်ကတောင် ကံကောင်းလို့
ရွာသားတွေဆီက ခေါ်လာလို့ရတာ..
ခုတခေါက်ဆို ဘယ်သူမှ လက်ခံမှာ မဟုတ်ကြဘူး..."

"ဖြစ်လာမှတော့ ဘယ်တတ်နိုင်တော့မှာလည်း သမီးရေ
အခြေအနေကြည့် စီစဉ်ရတော့မှာပေါ့ "

သားဖနှစ်ယောက်စကားဝိုင်းသည် ငြိမ်သက်တိတ်ဆိတ်သွား၏။

အပြင်ဖက်တွင်ကား နှင်းမုန်တိုင်းသည် တိုက်ခတ်နေလျှက်ရှိသည်။

ဒီရမ်းတယောက် အိပ်ယာပေါ် လဲလျောင်းနေရင်းမှ ကံအားလျှော်စွာ ယခုရွာလေးသို့ ရောက်လာသော သူ့အကြောင်းများပြန်တွေးနေမိသည်။

သူသည် သူ့မိတ်ဆွေ များနဲ့ နှင်းဖုံးတောင်တန်းများပေါ် ကတိုး လာပစ်ကြရင်း နှင်းတောင်ပြို ကျချိန် သူသည် တောင်ပေါ်မှ ပြုတ်ကျခဲ့သည်။

သူကိုယ်သူ သေလူဟု ထင်ထားခဲ့သော်လည်း သေကံမရောက်
သက်မပျောက် ဦးလဗျန်နော် နဲ့တွေ့ဆုံကာ
သူအသက်ချမ်းသာ ရခဲ့ခြင်းပင်ဖြစ်သည်။

[ဒီရမ်းအနေဖြင့် တခြားအကြောငအရာများဖြစ်သော လပြည့်လကွယ်နေ့တိုင်း ကျိန်စာသင့်နေသော ဒီရွာအကြောင်းအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော်လည်း မေ့လျော့နေသည်မှာကား ဦးလဗျန်နော် တိုက်ခဲ့သော ရက်ပိုင်းမှတ်ညဏ်များ ကွယ်ပျောက်စေသော ဆေးမြစ် အစွမ်းကြောင့် မမှတ်မိတော့ခြင်းပင်ဖြစ်သည်။ ]

လကွယ်ရက်ရောက်ရန်ရက်ကားတဖြည်း
ဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ရာသီဥတု သည်လည်း အတန်ငယ် ငြိမ်သက်သွားခဲ့ပြီ ဒီရမ်းတယောက်ကား
ထိုရက်များအတွင်း အိပ်လိုက်စားလိုက် ဆွမ်ပရာနဲ့စကားပြောလိုက်ဖြင့်  အချိန်ကုန်လွန်နေခဲ့သည်။
ဦးလဗျန်နော်ကား ဘာတွေအလုပ်ရူပ်နေမှန်းမသိ ယခုရက်ပိုင်းအတွင်း အိမ်သိပ်မကပ်ချေ ။
ယနေ့ကာ ဦးလဗျန်နော်သည် မနက်အစောကြီးကတည်းကအိမ်မှထွက်ခွာသွားသည် ။

ညနေစောင်းလောက်မှ ဦးလဗျန်နော် ပြန်ရောက်လာခဲ့တော့သည်။
သူကား ရွာသားနှစ်ယောက်နဲ့အတူ ပြန်လာခြင်းဖြစ်ပြီး ရွာသားနှစ်ယောက်ကား နှင်းဝက်ဝံကြီးတစ်ကောင်အား သစ်သားချောင်းတချောင်းဖြင့် ရှေ့နောက်သယ်ပိုးလာကြခြင်းပင်ဖြစ်သည်။
ကြည့်ရသည်မှာ ဦးလဗျန်နော်ကားမနက်အစောကြီးကတည်းက အမဲလိုက်ထွက်ခြင်းဖြစ်ဟန်တူသည်။
"သမီးရေ အပါး ရွာထဲသွားပြီးစီစဉ်စရာတွေရှိလို့ တခါတည်း သွားရတော့မယ် သမီးညကျရင်လိုက်လာခဲ့နော်..
မောင် ဒီရမ်း ဦးကိစ္စရှိလို့ သွားရအုံးမယ်...

ဦးလဗျနော်ကား အရေးတကြီးကိစ္စ တခုရှိနေဟန်ဖြင့် သမီးဖြစ်သူနဲ့ ဒီရမ်း အားနူတ်ဆက်ကာ ဝက်ဝံအားသယ်ကာထွက်ခွာသွားပြီဖြစ်သော ရွာသားနှစ်ယောက်နောက်လိုက်ရန်ခြံပြင်ထွက်ပြီးမှ တစုံတခုအား သတိရသွားဟန်ဖြင့် .....

  "သမီး...ဆွမ်ပရာ ခန....
ခြံရှေ့တွင်ရပ်လိုက်ရင်း သမီးဖြစ်သူအားလှမ်းခေါ်လိုက်သည်။

  ထို့နောက်
ဆွမ်ပရာနှစ်ကိုယ်ကြားလေသံမျဖြင့် တီးတိုးမှာကြားနေတော့သည်။
ဆွမ်ပရာကားသူ့ဖခင်အမှာစကားအားခေါင်းတညိတ်ညိတ်ဖြင့်နားထောင်နေလျက်ရှိနေတော့သည်။
မှာကြားစရာများအားမှာကြားပြီးသည်နဲ့
ဦးလဗျန်နော်လည်းဝေးသွားပြီဖြစ်သော ရွာသားများနောက် လိုက်ပါသွားတော့သည်။

   "ဦးဘယ်သွားတာလဲ ဆွမ်ပရာ...

  "အော်..ဒီညလကွယ်
ညလေ ရိုးရာပွဲရှိလို့
အပါးအလုပ်ရူတ်နေတာပါ..
အော် ဒါနဲ့ ကိုဒီရမ်းရေမိုးချိုးလိုက်လေ ညီမရေနွေးတည်ထားတယ် စပ်ချိုးပေါ့.."

"​ကျေးဇူးပါပဲ ဆွမ်ပရာ ကျွန်တော်အတွက် ဆွမ်ပရာတို့သားအဖကျေးဇူးကြီးလှပါတယ်.."

ရေနွေးစပ်ထားသော ရေဖြင့်ရေမိုးချိးလိုက်ညပင်မှောင်စပြု ပြီဖြစ်သည်။

  "အစ်ကို ထမင်းပွဲပင်ထားပြီးပြီ ထမင်းစားလို့ရပြီ.."

  "ဦးပြန်လာမှ အတူစားကြတာပေါ့..ညီမရဲ့.."

"အပါးက ဒီနေ့ရိုးရာပွဲနဲ့ အလုပ်ရူတ်နေတယ် လာမစားဖြစ်တော့ဘူးတဲ့ ညီမလည်းမဆာလို့ အစ်ကိုဆာနေပြီမလား စားပါ "

ဆွမ်ပရာအသင့်ပြင်ထားသော ထမင်းဝိုင်းတွင် ဒီရမ်းတယောက် တယောက်တည်းပင်စားသောက်လိုက်သည်။
ထမင်းဝိုင်းကား အသားခြောက်ဟင်းတစ်ခွက် မူံညှင်းဟင်းချို အပြင်တခြားသူမသိသော အရွက်တမျိုးကိုချက်ထားခြင်းဖြစ်သည်။

အစကဗိုက်သိပ်ဆာသလိုမတွေ့သော်လည်း ထမင်းဝိုင်းတွင်ထိုင်ပြီးစားသောက်လိုက်သည်နဲ့ ခံတွင်းတွေ့ကာ ဒီရမ်းတယောက်အားပါးတရ စားသောက်လိုက်မိသည်။
နောက်တခုကား သူနာမည်မခေါ်တတ်သော အမျိုးအမည်မသိအရွက်သည်ကား အင်မတန်အရသာရှိကာ ခံတွင်းတွေ့နေမိသည်။

ဒီရမ်းစားသောက်နေသည်ကို ဘေးမှ ဟင်းပွဲများပြင်ဆင်ကာ စောင့်ကြည့်ပေးနေသော ဆွမ်ပရာသည်
အဓိပ္ပါယ်​ ပါပါ တချက် ပြုံးလိုက်သည်။
သူမပြုံးလိုက်သော အပြုံးသည် လျို့ဝှက်လွန်းကာ ထိုအပြုံးအဓိပ္ပါယ်အား
ဘာသာပြန်ရန်သူမသာတတ်စွမ်းပေလိမ့်မည်။

  "အားပါး ..ဟင်းချက်လက်ရာတွေကောင်းလွန်းလို့ စားကောင်းကောင်းနဲ့ စားလိုက်တာ ဗိုက်ကိုတင်းသွားတာပဲ..
ညီမက ရုပ်ကလေးချောသလောက် အချက်အပြုတ်က တကယ်တော်တာပဲ"

"အဟင်း..ဟင်း...အစ်ကိုကတော့မြှောက်ပြီ..."

   "တကယ်ပြောတာညီမရဲ့ ညီမဟင်းချက်လက်ရာတွေ တကယ်ကိုကောင်းတာပါ..."

"​ကျေးဇူးပါရှင် ညီမ ထမင်းပွဲသိမ်းလိုက်အုံးမယ် အစ်ကို "

ဆွမ်ပရ ထမင်းပွဲသိမ်းကျန်နေရစ်ခဲ့ချိန် ဒီရမ်းလည်း ဧည့်ခန်းမီးလင်းဖိုဘေးတွင် ဆွမ်ပရာအားစောင့်ရင်းတောင်တောင်အီအီတွေးနေမိသည်။
အပြင်ဖက်တွင်ကားမှောင်နဲ့မည်းမည်းဖြစ်နေကာ ခေါင်မိုးပေါ်သို့ကျနေသော နှင်းကျသံတဖျောက်ဖျောက်အားကြားနေရသည်။
ခနအကြာ
ဒီရမ်းခေါင်းတခုလုံးလေးလံလာကာ အိပ်ချင်စိတ်များဖြစ်ပေါ်လာတော့သည်။
အားယူကာမျက်ခွံများအားကြိုးစားဖွင့်သော်လည်း သူ့မျက်ခွံများကား ခဲဆွဲထားသည့်အလား လေးလံကာ အိပ်ချင်စိတ်အား ထိန်းသိမ်းမနိုင်တော့ပဲ
နေရာမှာပင်အိပ်ပျော်သွားတော့သည်။

   ထိုအခါမှ အိမ်ခန်းအတွင်းမှ အနက်ရောင်အဝတ်အစားများဝတ်ဆင်ထားကာ လက်ဆွဲ မီးအိမ်လေးတလုံးကိုင်စွဲထားသော မိန်းမပျို လေးတစ်ယောက် အပြင်သို့ လှမ်းထွက်လာသည်။
ဆွမ်ပရာပင်ဖြစ်သည် သူမသည်နှစ်ခြိုက်စွာအိပ်မောကျနေသော
ဒီရမ်းအားကြည့်ကာ နူတ်ခမ်းတွန့်ရုံတချက်ပြုံးလိုက်သည်။
ဒီရမ်းစားသော ညနေက အရွက်တမျိုးသည် နှစ်ခြိုက်စွာအိပ်စက်စေနိုင်သော အပင်တမျိုးပင်ဖြစ်သည်။
ဆွမ်ပရာသည် လက်ဆွဲမီးအိမ်အားဆွဲရင်း
အိမ်ပေါ်မှတဆင့် ခြံထဲဆင်းကာ အပြင်ဖက်ဆီဦးတည်လိုက်ရင်း တဖြည်းဖြည်းထွက်ခွာသွားခဲ့ပြီဖြစ်သည်။

  ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

ဒီရမ်းတယောက် တယောက်နိုးလာတော့
မီးလင်းဖိုမှ မီးသည် လောင်စာများမရှိတော့သော်ကြောင့် မီးကျီခဲများကျနေလျှက် ခပ်ရဲရဲတောက်နေလျှက်ရှိနေသည်။
တအိမ်လုံးကား မှောင်မဲတိတ်ဆိတ်လျှက်ရှိနေသည်။

  "ငါ..ညစာစားပြီး မီးလင်ဖိုဘေးအိပ်ပျော်
သွားတာပဲ....

ဒီရမ်း အိပ်ချင်စိတ်မရှိတော့သောကြောင့်
မီးလင်ဖိုထဲသို့ အနီးရှိထင်းချောင်းများပစ်ထည့်လိုက်သည်။
ထင်းချောင်းများအားမီးစွဲ၍ တဖျစ်ဖျစ် တောက်လာခြင်းနဲ့အတူ အခန်းအတွင်း
အလင်းရောင်အနည်းငယ် ရလာသည်။

    ဦးလဗျန်နော်တို့သားအဖကား မတွေ့ရ
ချေ ။
ဦးလဗျန်နော် ပြန်မရောက်သေးလားဒါမှမဟုတ်ပြန်ရောက်ပြီး အိပ်နေပြီလား..မဖြစ်နိုင်
အကယ်၍ ပြန်ရောက်ပါက မီးလင်းဖိုဘေးတွင် အိပ်ပျော်နေသော မိမိအားနိုးမည်ပင်ဖြစ်သည်။
ဆွမ်ပရာ ....ဒီရမ်းခေါင်းထဲ ဆွမ်ပရာ အား
သတိရလိုက်မိသည်။
ဆွမ်ပရာသည် အဘယ်ကြောင့် မိမိအားလာမနိုးသနည်း။
တအိမ်လုံးသည်ကားခြောက်ကပ်တိတ်ဆိတ်လျှက်ဖြင့် ဒီရမ်း ခေါင်းတွင်းမေးခွန်းများဖြင့် ပြည့်လျံနေသည်။

ထိုစဉ် တီးတိုးစကားပြောသံများအိမ်ရှေလမ်းမဆီမှ ကြားလိုက်ရတာကြောင့် ဒီရမ်း ဘာရယ်မဟုတ် ပြတင်းဝမှတဆင့် အိမ်ရှေ့လမ်းမထက်သို့ လှမ်းကြည့်လိုက်မိသည်။

လမ်းမထက်တွင် လူတစုသည် လက်ဆွဲမီးအိမ်ကိုယ်စီဖြင့် နှင်းမူန်များကြားတွင်သွားလာနေကြသည်ကိုတွေ့လိုက်ရတော့သည်။

   ထိုအခါမှ ညနေက ဆွမ်ပရာပြောပြသော ရိုးရာပွဲတော်အကြောင်းအား ဒီရမ်းသတိရလိုက်မိသည်။
ထိုလူစုသည်လည်း ရိုးရာပွဲသို့သွားသော
သူများပင်ဖြစ်နိုင်သည်။

ဦးလဗျန်နော်သည် ရိုးရာပွဲသို့ရောက်နေသည် ထို့အတူ ဆွမ်ပရာသည်လည်း ရိုးရာ ပွဲသို့ လိုက်သွားခြင်းပင်ဖြစ်ရမည်ဟု ဒီရမ်း
ထင်မှတ်လိုက်သည်။

  သူ့အနေနဲ့လည်း အိပ်မပျော်တော့မည့်အတူတူ ရိုးရာပွဲ ကျင်းပသော ပွဲကို သွားကြည့်ရန်ဆုံးဖြတ်လိုက်မိတော့သည်။

ထို့ကြောင့်ပင် ဦးထုပ် အနွေးထည်များဝတ်လိုက်ရင်း အတန်ငယ်အလှမ်းကွာဝေးသွားပြီဖြစ်သောလူစုနောက်သို့ မှိန်ပြပြ မြင်နေရသော မီးရောင်အား မှန်းဆကာ ဒီရမ်းတယောက်လိုက်ပါသွားတော့သည်။

  ညသည်ကားတိတ်ဆိတ်ငြိမ်သက်နေလျှက်ရှိနေသည်။
လေပြင်းများ မတိုက်ခတ်တော့သော်လည်း ရာသီဥတုကား အေးစိမ့်နေကာ ညပိုး ပုရစ်အော်သံများကိုပင်မကြားရချေ
ဒီရမ်းကားမှောင်ထဲမှာပင် စမ်းတဝါးဝါးဖြင့်
ရှေ့မှ မီးရောင်နောက်မှန်းဆကာလိုက်လာရင်း တောင်ခြေတောအုပ်အနီးအရောက်တွင်မီးရောင်ပျောက်သွားတော့သည်။
ဒီရမ်းတယောက်ခုမှ အခက်တွေ့ချေပြီ
ဆက်လိုက်ရကောင်းနိုး လှည့်ပြန်ကောင်းနိုးဖြစ်နေမိသည်။
သူမကျွမ်းကျင်သော ဒေသတွင်စူးစမ်းချင်စိတ်ဖြင့် လိုက်လာမိသော ဒီရမ်းတယောက်ကား
အမှောင်ထဲတွင် စမ်းတဝါးဝါးဖြစ်နေသည်။

"စမိမှာတော့ မထူးပါဘူးလေ.အဆုံးထိဆက်ကရတော့မှာပေါ့.."

ဒီရမ်းကား ဆုံးဖြတ်ချက်တခုပိုင်နိုင်စွာချလိုက်ရင်း ရှေ့မှလူစုပျောက်ကွယ်သွားရာ တောစပ်မှတဆင့် တောတွင်းသို့ စမ်းတဝါးဝါး ဖြင့်လျှောက်ဝင်လာခဲ့တော့သည်။

အတန်ငယ်မျ လျောက်ဝင်ပြီးနောက် တောတစ်နေရာအရောက်တွင် ခပ်လှမ်းလှမ်းဆီမှ ဆီမီးရောင်များ လျံထွက်နေသည်ကို တွေ့လိုက်ရခြင်းနဲ့အတူ စကားပြောသံများကိုပါ လေတချက်အဝှေ့တွင် ကြားလိုက်ရသောကြောင့် ထိုနေရာသို့
ဦးတည်ရင်း ဒီရမ်းလျှောက်လာခဲ့တော့သည်။
တောင်ကမူလေးတခုထိပ်မှစီးမိုးမြင်ရသောအနေအထားတွင်
  မီးရောင်သည် မြေကွက်လပ်တစ်ခုတွင်ဖိုထားသောမီးဖို
ကြ
ခြင်းဖြစ်ပြီး
လူပေါင်းများစွာသည် မီးပုံဘေးတွင် ဝိုင်းပတ်ကာဖြင့်ရှိနေကြသည်။

ဒီရမ်းအနေဖြင့် ထိုမြင်ကွင်းကို ကြည့်ရင်းဖြင့် ထိုမြင်ကွင်းမျိုးတစ်နေရာတွင်မြင်ဖူးသည်ဟု သူစိတ်တွင်းထင်နေမိသည်။
သို့သော်လည်း ဘယ်နေရာတွင်မြင်ဖူးသလဲဆိုတာ သူစဉ်းစား၍ မရချေ ။

  ဒီရမ်းလူအုပ်ကြီးနဲ့ ခပ်လှမ်းလှမ်းအနေထားမှရပ်ကြည့်နေမိခြင်းပင်ဖြစ်သည်။
သူရပ်ကြည့်နေစဉ်မှာပင် ထူးခြားသောအခြေအနေတစ်ခုဖြစ်ပေါ်လာတော့သည်။
လူအုပ်ကြီးရပ်နေသော နေရာသို့ အနက်ရောင် မြူ ခိုးငွေ့များ ရစ်သိုင်းလွမ်းခြုံ သွားခြင်းပင်ဖြစ်သည်။
မြင်ကွင်းများသည်ကြည်လင်ပြတ်သားမူမရှိပဲ ဝိုးတဝါးဖြင့်မြင်နေရသလို ကြက်သီးထဖွယ်ရာ အော်ဟစ်ညည်းတွားသံများကိုပါတဆက်တည်း ကြားလိုက်ရသည်။

ခနအကြာအနက်ရောင်မြူ ခိုးငွေ့များကင်းစင်သွားသော အခါ
ထူးခြားမူ တစ်ခုအား ဒီရမ်း ထပ်တွေ့လိုက်ရတော့သည်။

လူအုပ်ကြီးအလယ် မီးပုံဘေးတွင် အနီရောင်ရဲရဲတောက်ဝတ်ရုံရှည်အားဝတ်ဆင်ကာ ဖြူ ဆွတ်သော အသားအရည်ဖြင့် မိန်းမပျို တစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရခြင်းပင်ဖြစ်သည်။
သူမကား ဒီရမ်း စကြည့်စဉ်ကမတွေ့မိခဲ့
သူမသည် အနက်ရောင်မြူ ခိုးများ ရစ်သိုင်း
ချိန်ကျမှ ရောက်လာခြင်းပင်ဖြစ်တန်ရာသည်။

  လူအုပ်ကြီးအလယ်တွင်ရပ်နေသောမိန်းမပျိုလေး၏ ဝတ်ရုံနီသည် မီးဖိုမှ မီးအလင်းရောင်ကြောင့် ရဲရဲတောက်နီရဲလျှက်ရှိပြီး ရှည်လျားကာစည်းနှောင်ထားခြင်းမရှိသော ဆံကေသာများသည်လေတွင် လွင့်နေလွင့်မြောနေလျှက်ရှိနေသည်။

လူအုပ်ကြီးမှာကား စိတ်ညို့ ခံထားရသူများအလား ငြိမ်သက်စွာဖြင့်
ရှိနေကြသည်။
ဒီရမ်းစိတ်ဝင်တစားကြည့်နေစဉ်မှာပင်
  မိန်းမပျိုလေးကား သူနားမလည်သော
ဘာသာစကားတခုကို ရွတ်ဆိုလိုက်တော့သည်။
ရှေးဟောင်းမန္တန်တပုတ်ဖြစ်ဟန်တူသည်။
မိန်းမပျိုလေး မန္တန်အဆက်မပြတ် ရွတ်ဆိုနေခြင်းနဲ့အတူ လူအုပ်ကြီးကား ယိမ်းထိုးလူပ်ရှားလာကြတော့သည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တခုလုံးကား မိန်းမပျိုလေး၏
မန္တန်ကို ရွတ်သံသာ အဆက်မပြတ်ထွက်ပေါ် နေတော့သည်။

   ဆက်တိတ်ရွတ်ဆိုနေသော မန္တန်ရွတ်ဆိုသံသည် တိခနဲ ရပ်သွားသည်
ထို့အတူ အနက်ရောင်အခိုးအငွေ့များသည်လူအုပ်ကြီးနဲ့ အနီ​ရောင်​ ဝတ်မိန်းမပျိရှိရာနေရာတဝိုက်နောက်တကြိမ် လွမ်းခြုံလာပြန်တော့သည်။
"ဟား....ဟား.....ဟီး....ဟီး....ဟီး..."

ကြောက်မက် ကျောချမ်းဖွယ်ရာ ရယ်မော သံကြီးတခုကို ကြားလိုက်ရတော့သည်။

  နောက်တကြိမ် တဖြည်းဖြည်းမီးခိုးမြူ ငွေ့များ ကင်းစင်သွားသောအခါတွင်ကား
ဒီရမ်း အတွက် သွေးပျက်ကာနေရာတွင်ပင် ကြောက်စိတ်ဖြင့် သေသွားနိုင်သော မြင်ကွင်းတခုအားတွေ့လိုက်ရတော့သည်။

ရွာသားလူအုပ်ကြီးသည် လူစိတ်ပျောက်နေဟန်ဖြင့် သူတို့ရှေ့မြေကွက်လပ်တွင် အသင့်စုပုံထားဟန်တူသော သားကောင်ပုံကြီးမှ ကြက် ဝက် ဆိတ်
တခြားတော တိရိစ္ဆန် များအား အငမ်းမရ သွေးသံတရဲရဲဖြင့် ကိုက်ဖြတ်စားနေသော
မြင်ကွင်းအားတွေ့လိုက်ရတော့သည်။

အနီရောင်ဝတ် မိန်းမပျိုသည်ကား ဘယ်အချိန်က ပျောက်သွားသည်မသိရှိမနေတော့ပေ ။

   "အောင်မလေး..ဗျ "

သွေးသံတရဲရဲဖြင့် ဖယာက်ကျားမိန်းမပေါင်းများစွာ အသားများကိုက်ဖြတ်စားနေသော မြင်ကွင်းအားကြည့်ကာ ဒီရမ်းလွတ်ခနဲ
တချက် သတိလွတ်ကာ အော်လိုက်မိသည်။

သွေးသံတရဲရဲ ဖြင့်အသားများ အလုအယက် ကိုက်ဖြတ်စားနေသော
လူအုပ်ကြီးသည် ဒီရမ်း အော်သံကြား၍ထင့် ငြိမ်သက်သွားသည်။
ထို့နောက်
သူတို့ခေါင်းများသည် ဒီရမ်း ရပ်နေရာဖက်သို့ လှည့်လာကြရင်း ရဲရဲနီနေသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်လာကြတော့သည်။

ဒီရမ်းကား အခြေအနေမဟန်မှန်းသိကာ
နောက်သို့ လှည့်ရင်း သူလာလမ်းအတိုင်းမှန်းဆ၍ တချိုးတည်း ပြေးတော့သည်။

   သူ့နောက်မှ သစ်ပင်ငယ် ချုံ ပုတ်များအားတိုးဝှေ့ သံ တိရစ္ဆာန်​များကဲ့
တအီးအီး ညည်းညူသံ များပြုရင်း လိုက်လာသော ခြေသံ များစွာအားကြားလိုက်ရခြင်းနဲ့ အတူ
ဒီရမ်းကာ ကြောက်လန့်တကြား အသက်လုကာ ပြေးနေမိသည်။

  ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

ဒီရမ်းတယောက် ဒီတကြိမ်ကော ကံကောင်း အုံးမှာလား
ဒီရွာလေးရဲ့ ကျိန်စာသမိုင်းကကော ဘယ်သူတိုက်ခဲ့တာလဲ ဘယ်လိုပြန်ဖျက်ကြမလဲဆိုတာကတော့...
ဇတ်သိမ်းပိုင်းတွင် ဆက်လက် ဖတ်ရူပါရန်..

          ကြိုးစားလျက်

                ရာဝန.


Post a Comment