အဖြူရောင်သတို့သမီးရဲ့နောက်ဆုံးည
{စ/ဆုံး}
*****~~~~******~~~~~********
ကားဖြူဖြူလေးပေါမှ မိန်းခလေးတစ်
ဦး ဆင်းလာသည်။ ပန်းနုရောင်သန်းနေသောအသား
အရေနှင့် ဖြောင့်ဆင်းနေသောဆံပင်များကသူ
မအလှကိုပိုပေါလွှင်စေသည်။ စွဲမက်ဖွယ်
ကောင်းတဲ့ သူမမျက်ဝန်းများက ယောက်ကျာင်္း
လေးတွေရဲ့ နှလုံးကိုရပ်သွားစေနိုင်သည်။
"မင်္ဂလာပါ မမလေး" ၊ "မင်္ဂလာပါ" ဆိုင်ဝန်ထမ်းများက "မေကိုတပြေးညီနှုတ်
ဆက်ကြသည်။ မေ ဖွင့်ထားတဲ့ ခမ်းနားကြီး
ကျယ်တဲ့ မင်္ဂလာသတို့သမီးဝတ်စုံနဲ့ ခန်းဝင်
ပစ္စည်း သတို့သမီးအလှပြင် မင်္ဂလာပွဲနဲ့ပက်
သက်တဲ့ ပစ္စည်းမှန်သမျှ မေဖွင့်ထားတဲ့ နန္ဒာလ
ရိပ်ဆိုင်မှာ ရနိုင်လေသည်။ နေ့စဉ်လိုလို ဝယ်
ယူအားပေးသူနှင်ာဆိုင်ကစည်ကားလျက် ရှိသ
ည်။နေ့စဉ်အလုပ်ကိစ္စများက မေ့အတွက် ခေါင်းစား
စရာတွေဖြစ်နေသည်။"ရတီရေ မှာထားတဲ့ပစ္စည်းတွေ
ရောက်ပြီလား " "ဟုတ်ကဲ့မမ ရောက်လာပြီ Storeခန်းထဲမှာ
ထားထားတယ်""မေ့ကိုစာရင်းယူလာပေး ပြီးမှမေ
ပစ္စည်းသွားကြည့်မယ်""ဟုတ်ကဲ့မမ"
"မေကတော့ အရောင်းအဝယ် စီးပွားရေးသမား
ဆိုတော့ စကားပြောရင် ဖော်ရွေတယ်။"မမစာ
ရင်းရပြီ" "အေးအေး ရတီစားပွဲပေါတင်ထား
လိုက်" မေရတီယူလာပေးသည့်စာရင်းကိုစစ်
လေသည်။"မင်္ဂလာဝတ်စုံဒီဇိုင်း တွေန့တကွေ
ပါ့ ဒီဇိုင်းသစ်မှန်သမျှကမေတို့ဆိုင်အရင်ရောက်
ပြီး ဝန်ဆောင်မှုကောင်းတာကြောင့် နာမ်မည်ကြီး ဆိုင်တွေထဲမှာမေ့ဆိုင်လည်းအပါ
အဝင်ပေါ့။မင်္ဂလာဝတ်စုံပုံတွေနဲ့ ဈေးနှုန်းတွေစစ်ရင်း
အကုန်ကွက်တိပါပဲ ။ဒါပေမဲ့ မင်္ဂလာဝတ်စုံပုံမှာ တစ်ပုံအပိုပါလာ
တယ်။မေဝတ်စုံကိုကြည့်လိုက်တော့ အသက်ဝင်နေသလို
ခံစားရတယ် တစ်ခါမှမမြင်ဖူးသေးတဲ့ ဒီဇိုင်းအသစ်ပဲ မေမြင်
ဖူးသမျှထဲမှာ ဒီဝတ်စံကအသက်အဝင်ဆုံးပေါ့ မေရမ်း
သဘောကျသွားတယ်။ မေချက်ချင်းပဲ storeခန်းထဲသွားကာထိုဝတ်စုံကိုရှာတော့
ရွှေရောင်ကွပ်ထားတဲ့မှန်ဘောင်ထဲမှာ အရုပ်မ
ကိုဝတ်ထားသည်။မေတံခါးဆွဲဖွင့်လိုက်ပြီးသေချာ
ကြည့်တော့ပုံထဲမှာထက်ပိုလှနေလေသည်။
နှင်းဖြူ နှင်းစက်လေးတွေရဲ့အေးမြခြင်း ဖြူစင်ခြင်း
ကြည်လင်ချမ်းမြှေ့ချင်းဂုဏ်ဆောင်
တဲ့ပုလဲရောင်အဖြူနုနုလေးကို ဇာခြည်ရွှေပန်း
ကွပ် ငွေခြည်ကြိုး ရင်စည်း တွဲလျားချထားတဲ့ ခါးစည်း
ရဲ့ဘေးမှာနှင်းဆီနီရဲအပွင့်လေးတွေကို
ချည်နဲ့ကိုယ်တိုင်ပုံဖော်ဖန်တီးထားသည့်ဒီဇိုင်းနှင်
့ အောက်အနားအစလေးကစ သေသပ်လှပ
နေသည်။ မေ အကျီင်္ရဲ့ အစိတ်အပိုင်းတစ်ခုချင်း
စီလိုက်ကြည့်ရင်း ခုနရင်ဘက်နားမှာ အပေါက်
ကြီ့းဖစ်နေပြီး သွေးလိုမျိုး စိုစိစိဖြစ်နေသည်။
မေတစ်ချက်ထိပ်လန့်သွားသည်။ ခုနသူကြည့်
တုန်းကအကုန်အကောင်း သူအခုကြည့်နေရင်း
ရုတ်တရက် အကျီင်္ကအပေါက်ကြီးဖြစ်သွားပြီး
သွေးစွန်းကွက်တွေဖြစ်နေတာ မေပအမြင်မှား
တာလား တကယ်လားဆိုတာ ဝေခွဲမရတော့ဘူး
မေဝတ်စုံကိုချွတ်ယူကာမေ့ရုံ
းခန်းကိုယူလာခဲ့သည်။ မေ နဒီကိုခေါလိုက်သ
ည်။"နဒီ ခုနက ဒီဝတ်စုံက ဒီအတိုင်းရှိနေတာ
လား"ဆိုပြီးမေးလိုက်သည်။"မဟုတ်ဘူး မမ ခု
နအ့လိုမရှိဘူး အဲ့တာခုမှဖြစ်သွားတာ ဘယ်သူ
လုပ်လိုက်လည်းမငိဘူး နဒီတောင်းပန်ပါတယ်
နဒီစုံစမ်းကြည့်လိုက်မယ်" မေခေါင်းညိတ်ပြလို
က်သည်။ နဒီမယုံချင်သေးဘူး စဉ်းစားရလုံးဝ
ခက်နေသည်။ နဒီ မင်္ဂလာဝတ်စုံပို့ပေးတဲ့ မေ
ယူနေကျ ပင်ရင်း ဒေါဥမ္မာဆီကိုဖုန်းလှမ်းဆက်
လိုက်သည်။ နဒီဖြေတဲ့အတိုင်းပဲ မရှိဘူး မေအ
တွက်တော့စဉ်းစားစရာ ပဟေဠိ တစ်ခုထွက်လ
ာချေပြီ ။မေလည်း ဝတ်စုံကအစွန်းကိုချွတ်ဖို့
မေအိမ်သို့ယူသွားခဲ့လေသည်။ မေလည်းဝတ်
စုံကိုကြည့်ရင်းအမျိုးမျိုးအဖြေထုတ်နေသည်။
ဒီလောက်လှပပြီးကျက်သရေရှိလှတဲ့ဝတ်စုံပေါ
မှာ ရုတ်တရက်အပေါက်ကြီးနှင့် သွေးစွန်းကွက်
ဘယ်လိုများပေါလာပါလိမ့်ပေါ့။ မေလည်းအမျိုး
မျိုးတွေးရင်း မင်္ဂလာဝတ်စုံကို အစွန်းချွတ်ဆေး
တွေနဲ့ချွတ်ပေမဲ့မရဘူး နီသထက်နီလာတယ်
မေလည်းလက်လျှော့လိုက်ပြီး ဝတ်စုံကို အရုပ်
မမှာချိတ်ထားလိုက်ပြီး မေရေချိုးခန်းဝင်လိုက်
လေသည်။'"လျှပ် လျှပ် လျှပ်"အခန်းထဲလမ်း
လျှောက်နေသံကို မေကြားရသည်။ မေရေချိုး
ခန်းတံခါးဖွင့်ပြီး အခန်းထဲ မျက်လုံးဝှေ့ကြည့်
တော့ အရုပ်မက နေရာရွေ့နေသည်။ မေမျက်လုံးတစ်ချက်ဝေဝါး
သွားပြီး အရုပ်မက မေ့ကိုရည်ပြနေသည်။ "ဟီးး ဟီးးးး ဟီးးးး"
မေခေါ်င်းများပူထူသွားသည်။ မေလည်းရီရမှာ
လား ငိုရမှာလား ကယောင်ခြောက်ခြားဖြစ်နေ
တော့သည်။မေ စာအုပ်တွေထဲမှာဖတ်ဖူးသလို
မင်္ဂလာဝတ်စုံမှာများ သရဲ တစ္ဆေ ဝိဉာဉ်များကပ်
ညှိနေမလားဟုတွေးရင်း မေခြေဖွဖွလေးနင်းက ဝတ်စုံနားသွားလေသည်။မေမျက်လုံးများက တဝိုးတဝါး ဖြစ်နေရင်း မေမင်္ဂလာဝတ်စုံကိုသေ
ချာကြည့်သည်။ မေကြည့်နေရင်း သွေးစွန်းကွက်ကြီးက
မျက်မြင် သူ့အလိုလို ပျောက်သွားပြီး အပေါက်ကြီးဖစ်နေတဲ့
ဘယ်ကရင်အုံနားကလည်း ချည်တွေ သူ့အလိုလိုပြန်ပြည့်နေလေသည်။
အရုပ်ကအသက်ဝင်လာပြီးမျက်တောင်ခတ်ကာ
မေ့လက်ကိုလှမ်းဖမ်းလိုက်သည်။
"အားးးးးးးးးးး"မေ အော်ဟစ်ရုန်းကန်ပြီး အောက်ထပ်
သို့ပြေးဆင်းလေသည်။ မေတွေ့တဲ့အခန်းထဲဝင်ပြေးသည်။ "ဒေါက်
ဒေါက် ဒေါက် ဒေါက် ဒေါက်"အိမ်အပေါထပ်မှအောက်ထပ်
သို့ဆင်းလာသည့်ောက်ဖိနပ်အသံကြားလေသည်။မေ
ခြေမကိုင်မှီ လက်မကိုင်မှီဖြစ်ကာ တွေ့တဲ့အဝတ်စွဲဝတ်ပြီး
အိမ်အပြင်ထွက်ကာ
ကားကို ကြောက်လှန့်လှန့်နှင့်ကမန်းကတန်း
မောင်းလေသည်။ မေ ဇောချွေးများပျံ့နေကာ
ကားကိုတုန်တုန်ရီရီမောင်းရင်း ကားမှန်ကိုမျက်
လုံးရောက်သွားတော့ နောက်ခန်းမှာ မင်္ဂလာဝတ်စုံဝတ်ထားတဲ့ မိန်းကလေးကားနော
က်ခန်းမှာ ထိုင်လျက်ပါလာတာကိုတွေ့ရလေ
သည်။ မေလည်းကားကို တွေ့တဲ့နေရာ ထိုးကွေ့လိုက်တော့ ဘေးကလာတဲ့ ကုန်ကားနဲ့
ခေါင်းချင်းဆိုင်တိုက်မိလေသည်။ မေ ကားမှန်
ရှေ့ မူးဝေဝေဝိုးသဝါးကြည့်လိုက်တော့ရှေ့မှာ
အဲ့ကောင်မလေးရပ်နေတာ မြင်လိုက်ရပြီးမေသ
တိမေ့မျေားသွားပြီး မေ ဆေးရုံရောက်သွားလေ
သည်။မေ မှောင်မဲအေးစက်နေတဲ့ နေရာကြီးကို
ရောက်သွားလေသည်။မိန်းကလေးတစ်ယောက်
သူ့ရှေ့မှာပေါလာသည်။"ကျွန်မနောက်လိုက်ခဲ့ပေးနိုင်မလား"၊
"ဒီနေရာကဘယ်နေရာလည်း မှောင်ပြီးအေးစက်နေတာပဲ"၊ "ကျွန်မနဲ့ လိုက်ခဲ့
ပေးနိုင်မလား"၊ "ဘယ်နေရာကိုလည်း"၊"ကျွန်မ
နဲ့ခနလောက်လိုက်ခဲ့ပေးပါ ကျွန်မရှင့်ကို ပြောပြ
စရာရှိတယ် ပြီးရင်ရှင့်ကိုပြန်ပို့ပေးမှာပါ" ၊ မေ
ကောင်မလေးကိုသေထျာကြဘ့်သည်။ အသား
ဖြူဖြူ မပိန်မဝ အရပ်မြင့်မြင်းလေး သွယ်လျတဲ့ကိုခန္ဓာရှိသည်
ပြီးတော့ မင်္ဂဝတ်စုံဝတ်ထားတာယမေသေချာကြည့်တော့
သူမြင်ခဲ့တဲ့မင်္ဂလာဝတ်စုံပဲ မေလည်း ဘာမှကို
နားမလည်ဘူး ကောင်မလေးမေ့ရှေ့ကနေ
လှည့်ထွက်သွားလေသည်။"ခနလေး ဒီနေရာက
ဘယ်နေရာလည်းပြောပြလို့ရမလား"ကောင်မလေးမေ့ကို
တခြမ်းစောင့်လေးလှည့်ရီပြပြီးဘာမှမ
ပြောဘဲ ဆက်သွားခ့သည်။ မေလည်း လက်လေးပိုက်ကာ
ကောင်မလေးနောက်မှ ကုတ်ကုတ်လေးလိုက်သွားခဲ့သည်။ မှောင်မဲ
အေးစိမ့်နေတဲ့ နေရာကြီးကနေ လျှောက်လာရင်း ခြံတံခါး
အခိုင်အမာနဲ့မီးများ ထိန်ထိန်လင်းနေသာ နှစ်ထပ်တိုက်အိမ်ကြီးကို
တွေ့လေသည်။ အိမ်ရှေ့မှာတော့ ဘင်ကား အဖြူရောင်လေး
ရပ်ထားသည်။ မေမျက်တောင်
တ်းချက်အခတ်မှာ ဘယ်လိုလုပ် ခြံတံခါးကြီးကို
ဖြတ်ကျော်ပြီး ရောက်လာမှန်းမသိဘူး ကောင်မလေးက
လှေကားပေါတက်သွားလေ
မေလည်းနောက်ကနေလိုက်သွားသည်။ ကောင်မလေးက
အခန်းတစ်ခုရှေ့ရောက်တော့
တော့ ရပ်လိုက်ပြီး ရုတ်တရက်မေ့ရှေ့ကနေ ပျောက်သွား
လေသည်။ မေအခန်းထဲဝင်မို့လုပ်
တုန်း အခန်းထဲကနေအသံတွေထွက်လာလေ
သည်။"ကျွန်မကိုလွှတ်ပေးပါ ကျွန်မရှင့်ကို မချစ်ဘူး ရှင့်ကိုလက်
မထပ်နိုင်ဘူး ကျွန်မကိုလွှတ် လွှတ်ပေးပါနော် ကျွန်မတောင်း
ပန်ပါတယ် ပြီးတော့ ရှင်နဲ့ကျွန်မမဖြစ်နိုင်တော့
ဘူး ကျွန်မမင်္ဂလာပွဲသဘက်ခါဆိုရောက်ပြီ ကျွန်မ ကျွန်မနိုင်နဲ့
မခွဲနိုင်ဘူး ကျွန်မကိုပြန်လွှတ်ပေးပါ ကျွန်မတောင်းပန်ပါတယ် "၊ "
ဘာ ငါနင့်အပေါ ဘယ်လောက်ထိချစ်တယ် ဘယ်လောက်
ထိမြတ် နိုးခဲ့တယ် နင့်အတွက်ငါ
ဘယ်လောက်ထိ ထိုခိုက်ဆုံးရှုံးခဲ့ရလည်း နင့်
အတွက် ငါ့အကျင့်ဆိုးတွေဘယ်လောက် ထိပြု
ပြင်ခဲ့လည်း အဲ့တာကုခုထိနင်မသိသေးဘူးလား
ငါ ငါ နင့်ကိုတောင်းပန်ပါတယ် ဝတ်လွှာ နင့်လက်ထပ်ပွဲ
ကိုဖျက်ပြီး ငါ့ကိုလက်ထပ်ပါ ခုခု
ထိဆိုအချိန်မှီသေးတယ် ဝတ်လွှာငါ့ကိုလက်ထ
က်ပါနော် ငါနင့်ကိုတစ်သက်လုံးတင့်တောင့်တ
င့်တယ် ကောင်းကောင်းမွန်မွန်ထားမှာပါ နင်ငါ့
ကိုလက်ထပ်ပါနော်"၊ "ဟင့်အင် ငါနင့်ကိုလက်မထပ်နိုင်ဘူး
ငါနိုင့်အပေါမှာသစ္စာ မဖောက်ဘူး နင်ဒီလိုလုပ်
နေတာ နင့်အတွက်မကောင်းဘူး ပြီးတော့ ပြီး
တော့ငါ ငါ အပျိုမဟုတ်တော့ဘူး နင် နင်ဘဝအတွက်
ငါ့ထက်သင့်တော်တဲ့ မိန်းကလေးတွေ့မှာပါဟာ ငါငါ့ကိုလွှတ်ပေးပါ
နော်"၊ "ဖြန်းး"မေလန့်သွားသည့် ခုနသူ့ကိုခေါလာသည့်မိန်းကလေး အခန်းထဲမှာ
ကောင်လေးတစ်ယောက်နဲ့စကားများရင်း အဲ့
ကောင်လေးက ဝတ်လွှာကိုပါးရိုက်လိုက်တာ ဝတ်လွှာ
ကြမ်းပြင်ပေါသို့ခွေကျသွားသည်။
မင်းဆက်က"ဒီမှာဝတ်လွှာ နင်ငါ့က်ုပဲ လက်ထပ်ယူရမယ်
ဒီတစ်သက်နင်အဲ့ဒီအကောင်နဲ့မညားစေရဘူး
ငါ့မိန်းမဖြစ်ကိုဖြစ်ရမယ်။"၊ လွှတ် လွှတ် လွှတ်
ရှင်မင်းဆက်နင်မယုတ်မာနဲ့ ဒီတစ်သက်နင့်မိန်းမ ဖြစ်မယ်
ဆိုရင် ငါ့ကိုငါသတ်သေလိုက်မယ်"၊ "ဟား ဟား ဟား
သတ်သေမယ် ဟုတ်လား သေလေ သေ အဲ့တာဆိုနင့်ကို
ချစ်မိတဲ့ငါလည်းဒီထက်မနာ
ကျင်ရတော့ဘူး မင်းလည်းဟိုကောင်နဲ့မပျော်
ရွှင်နိုင်တော့ဘူး အဲ့တာဆိုတရားမျှတတယ် ဟား ဟားဟား"၊
"လွှတ် လွှတ် ရှင်မင်းမလုပ်ပါနဲ့ တောင်းပန်ပါတယ်ဟာ ဟင့်ဟင့်ဟင့်" ဝတ်လွှာလက်လှမ်းမှီတဲ့ ရေဖန်
ခွက်နဲ့ မင်းဆက် ခေါင်းကိုရိုက်လိုက်သည် အား
တော့သိပ်မပါဘူးပေါ့ မင်းဆက်ခေါင်းကသွေး
နည်းနည်းထွက်လာတာကို မင်းဆက်ကိုင်ကြည့် ပြီး ဒေါသတော်တော်ထွက်သွားလေသည်။
မေ ပါးစပ်ကိုလက်နှင့်အတင်းအုပ်လိုက်သည်။
မင်းဆက် ဘောင်းဘီအိပ်ကပ်ထဲက ဓားမြှောင်
ထုပ်ကာ ဝတ်လွှာ ရင်ဘက်ကို လေးငါးချက်လောက် ဆက်တိုက်ထိုးပစ်လိုက်
သည်။"အားးးးးးးးးးးးး"ဝတ်ရည်ရဲ့ အသံနက်ကြီးတစိချက်နဲ့အော်လိုက်ပြီး ပါးစပ်မှ
သွေးများအဆက်မပျက် တလောဟော စီးကာ
မျက်လုံးကြီးပွင့်လျက်သေဆုံးသွားလေသည်။
အဲ့ချိန်မှ မင်းဆက်လည်း အသိပြန်ဝင်လာပုံရပြီး
ကတုန်ကရင်ခြောက်ခြောက်ခြားခြားနဲ့ "ဝတ်လွှာ ဝတ်လွှာ
ဝတ်လွှာ ဟာ သေပြီထင်တယ် တောင်းပန်ပါတယ် ဝတ်လွှာ
ငါ ငါတမင်မရည်ရွယ်ပါဘူး ငါဖြစ်ချင်တာ နင့်နဲ့
တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နေဖို့ပါ ငါချစ်သလို နင်ငါ့ကိုပြန်ချစ်စေချင်တာပါဟာ "
"ဂျိမ်းးးး"မှောင်မဲနေသောကောင်းကင်ယံမှ အေးစက်
စက် မိုးစက်လေးများ ကျဆင်းလာ
တော့သည်။ ဝတ်လွှာကတော့ သွေးအိုင်ထွန်း
လျက် ထာဝရလဲလျောင်းသွားချေပြီး မင်းဆက်
အချစ်အဆိပ်ကြောင့် ဝတ်လွှာကို ဘဝခြားသို့
ပို့လိုက်သည်အထိ မိုက်ရူးရဲဆန်စွာ အချစ်နွံနစ်
ခဲ့လေပြီ။ဝတ်လွှာရဲ့အသက်ရှုသံလည်းရပ်တန့်
ခဲ့ချေပြီ။ဆုလျားရစ်ပတ်တော့မယ့် သတို့သမီးရဲ့
သတို့သမီးလေးရဲ့ကံဆိုးမှုကို ဘယ်လိုကံဆိုးမှုကတုမှီနိုင်တော့မှာလဲ။
မင်းဆက် တစ်ကိုယ်လုံးနီရဲနေသောဝတ်လွှာရဲ့ ရုပ်အ
လောင်းကို လက်စဖျောက်ရန်ကြိုးစားတော့
သည်။ချစ်တာ ချစ်တာ တကယ်ရာဇဝတ်မှုဖြစ်တော့ ရောင်ပြေးတဲ့သူက
ခပ်များများပဲလေ။မင်းဆက်လည်းအပါအဝင်ပေါ့။
ဝတ်လွှာတစ်ကိုလုံးသွေးများပေကြံနေသော
ကြောင့် ဝတ်လွှာဝတ်ထားတဲ့မင်္ဂလာဝတ်စုံကို
လဲကာ သွေးများကိုရှင်းလင်းပြီ အဝတ်ဟောင်း
လဲကာ မင်းဆက်ခြံအနောက်ဘက်ကမြေကွက်လပ်မှာ
မြေကျင်းတူလျက် ဝတ်လွှာကိုမြှုပ်လေသည်။
"ဂျိမ်းဂျိမ်း ဂျိမ်း"ထပ်ဆင့်မိုးချိန်းသံကြီးနှင့်အတူ တစ်လောက
လုံကိုအလင်းတစ်ချက်တစ်ချက်ပေးသွားသည့် ခရမ်းရောင်
လျှပ်စီးများကဝတ်လွှာမျက်နှာကိုတစ်ချက်တစ်ချက် ထင်းထင်း
ကြီးဟပ်သွားသည်။မင်းဆက်ဝတ်လွှာကိုဒီလိုဖြစ်ဖို့မရည်ရွယ်
ပေမဲ့ အချစ်ကြီးတော့အမျက်ကြီးတယ်ဆိုတဲ့စကားအတိုင်း
မင်းဆက်ရဲ့ဘဝမှာ အချစ်ကပေးတဲ့ အမဲစက်ကြီးစွဲကျန်ရစ်
နေတော့မည်။မင်းဆက်ဝတ်လွှာကို သူ့ခြံအနောက်ဘက်မှာမြှပ်
ခဲ့တယ်။မင်းဆက်ရဲ့အိမ်မှာလည်းသွေးတွေတစ်စက်စက်ကျထားတာ
ဆိုတော့တစ်အိမ်လုံးသွေးတွေပေကျံနေတယ်။မင်း
ဆက်သွေးများကိုသုတ်သင်ရှင်းလင်းပြီး ဝတ်လွှာရဲ့ မင်္ဂလာဝတ်
စုံကိုမီးရှို့လေသည်။ဒါပေမဲ့ဘဝတ်လွှာ ရဲ့ဝတ်စုံ မီးမလောင်ဘူး
မင်းဆက်ထပ်ခါထပ်ခါရှို့ပေမဲ့ မီးကလုံးဝမဆွဲတော့ မင်းဆက်
လည်းကြောက်လန်လန့်နဲ့ဝတ်စုံကိုကျွတ်ကျွတ်အိပ်အမဲရောင်နှင့်
ထုပ်ပြီးအမှိုက်ပုံမှာသွားပစ်ခဲ့တယ်။ဝတ်လွှာရဲ့မင်္ဂလာဝတ်စုံကို
ဝတ်လွှာအဖွားက မင်္ဂလာလက်ဆောင်အနေနဲ့ ဒီဇိုင်းဆန်းလေး
ချုပ်ပေးထားတာ အရမ်းလှတာပေါ့။ မနက်ရောက်တော့ အမှိုက်
လာပစ်တဲ့သူက ခွေးကကျွတ်ကျွတ်အိပ်ကို နှိုက်နေတော့ အိတ်
ပြဲသွားတယ် အဲ့တာကို အမှိုက်လာပစ်တဲ့သူကတွေ့ပြီးကောက်
ကြည့်လိုက်တော့ မင်္ဂလာဝတ်စုံဖြစ်နေတာနဲ့ အိမ်ယူသွားလျှော်
ဖွတ်ပြီးသန့်စင်သွားတော့ အရမ်းအရမ်းလှတာပေါ့။ အဲ့တာနဲ့အဲ့လူလည်း
မင်္ဂလာဝတ်စုံထုပ်တဲ့နေရာယူသွားပြီး
ရောင်းတယ် အဲ့မင်္ဂလာဝတ်စုံကို ဒေါဥမ္မာကနေ မေဆိုင်ကို
အဆန်းပို့လိုက်တာပေါ့။ဝတ်လွှာက"ကျွန်မကိုကူညီပေးပါ ကျွန်
မသေဆုံးသွားတာကို နိုင်နဲ့မိဘတွေမသိသေးဘူး နိုင်ကကျွန်မ
ကို မင်းဆက်နဲ့ခိုးရာလိုက်ပြေးသွားတယ် ထင်နေမှာ ကူညီပေး
ပါ ကျွန်မတောင်းပန်ပါတယ် ကျွန်မကိုရှင်ပဲကူညီနိုင်မှာမို့ပါ"
"နေအုန်း ဝတ်လွှာ မေ မရှင်းတာရှိတယ် ဝတ်လွှာကို မင်းဆက်
ဘယ်လိုလုပ် ဒီအိမ်ထဲခေါလာတာလည်း""အဲ့နေ့နေ့လည်က နိုင်ကျွန်မကို
မင်္ဂလာဝတ်စုံကြည့်ဖို့ခေါတယ် ကျွန်မငြင်းလိုက်
တယ် ပြီးတော့ အဖွားချုပ်ပေးတဲ့မင်္ဂလာဝတ်စုံဝတ်ပြီး နိုင်ကို
အံ့သြအောင်လုပ်ခြင်လို့ အဲ့နေ့ညဆိုင်တစ်ဆိုင်မှာတွေ့ဖို့ချိန်း
လိုက်တယ်။ ညရောက်တော့ ကျွန်မ မင်္ဂလာဝတ်စုံဝတ်ပြီးထွက်
လာခဲ့တယ် မင်းဆက်ကကြားထဲကနေပြီး ကျွန်မကိုဖမ်းခေါသွား ခဲ့တာ
အဲ့မှာပဲ ကျွန်မသေခဲ့ရတယ်"
မေလည်း ဝတ်လွှာကိုသနားရုံအပြင်ဘာမှမတက်နိုင်ပါ
ဝတ်လွှာက မေ့ကိုသူမြှုပ်ခံရတဲ့နေရာခေါသွားပြီး ဝတ်လွှာနဲ့မင်း
ဆက်ရုန်းရင်းဆန်ခတ်ဖြစ်တုန်းးက ဝတ်လွှာ မင်းဆက်ရဲ့ ကြယ်သီးကို
ပါးစပ်ခဲ့ကိုက်ဆွဲဖြုတ်ခဲ့တဲ့ပါးစပ်ထဲကကြယ်သီး
သက်သေရယ် မင်းဆက်ဝတ်လွှာကို ဓားနဲ့အချက်ပေါင်းများစွာ
ထိုးခဲ့သည့်ဓားရယ်ပြလေသည်။မေလည်း ခေါင်းညိတ်လိုက်
သည်။"တီ တီ တီ တီ "အသံလေးမေ့နားထဲကို ထိုးဝင်လာလေ
သည်။ မေလေးလံနေသော မျက်လုံးကို အားယူကာဖွင့်လိုက်
သည်။မေသတိရလာတော့ မင်္ဂလာဝတ်စုံက ဆိုဖာပေါမှာရှိနေ
သည်။ မေ့ဘေးမှာ မေ့ချစ်သူစက္ကလည်းရှိနေသည်။မေ စက္က
ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ပြီးအားရပါးရငိုချလိုက်
တော့ပြီး စက္ကကိုဝတ်လွှာ အကြောင်းပြောပြလေသည်။မေလည်း
ရဲစခန်းချက်ချင်းသွားကာ အမှုဖွင့်တိုင်ကြားလိုက်သည်။ ရဲများက
မင်းဆက်အိမ်ကိုဝင်ရောက်ရှာဖွေပြီး မေခေါသွားသော
နေရာ၌မြေတူးကြည့်ရာ လောလောလတ်လတ်ပဲရှိသေးတာမို့
ဝတ်လွှာ ခန္ဓာကပုမပျက်သေးဘူး မေဝတ်လွှာကိုကြည့်ရင်း
တစ်ရှိုက်ရှိုက်ငိုနေမိသည်။ရဲများက ဝတ်လွှာ မိဘမျာားကို
ဆက်သွယ်အကြောင်းကြားသည့်အခါမှ နိုင်လည်းဝတ်လွှာသေ
ဆုံးမှန်းသိရလေသည်။မင်းဆက်ကတော့ လူသတ်မှု ပြန်ပေးဆွဲ
မှုနှင့်ထောင်ဒဏ်၁၀နှစ်ကျလေသည်။မေဝတ်လွှာရဲ့ ရက်လည်
ဆွမ်းကပ်ကိုသွားခဲ့သည်။ရှေ့ဆုံကနေမှိုင်တိုင်တိုင်ထိုင်ပြီးငိုနေ
သော ဝတ်လွှာရဲ့ချစ်သူနိုင် နိုင်ဘေးမှာ ဝတ်လွှာရှိနေသည်ကို
မေတွေ့လိုက်ရသည်။ဝတ်လွှာနိုင်ဘေးမှာ ထိုင်နေပြီးစကား
တွေပြောနေသည်။နိုင်ကတော့ ဝတ်လွှာနဲ့ဘဝခြားနေပြီမို့ ဝ
တ်လွှာရဲ့စကားတွေကိုကြားနိုင်တော့မည်မဟုတ်ပါ။
"အကို ဝတ်လွှာလေ အကိုနဲ့နေချင်သေးတယ် ဝတ်လွှာမသွား
ချင်သေးဘူး ဒါပေမဲ့ကံတရားက ဝတ်လွှာတို့နှစ်ယောက်ကို
မျက်နှသာမပေးဘူး ဒီဘဝမှာအကိုနဲ့မဆုံနိုင်တော့ဘူး နောက်
ဘဝဆိုတာရှိခဲ့ရင်လေ ဘဝဆက်တိုင်းအကိုနဲ့ဆုံချင်တယ်
အကို့ကိုအဖော်မပြုပေးနိုင်တော့ဘူး ဝတ်လွှာသွားရတော့မယ်
ဂရုစိုက်ပါနော်"ဝတ်လွှာ နိုင်ပါးပြင်ပေါက အပူမျက်ရည်တွေကို
သုတ်ပေးရင်းကွယ်ပျောက်သွားလေသည်။မေအပြင်ကိုလှမ်း
ကြည့်လိုက်တော့ဝတ်လွှာက ကျေးဇူးတင်သည့်ဟန်နှင့် လက်ပြ
နှုတ်ဆက်နေလေသည်။မေမျက်ရည်များကိုထိန်းမရတော့ မေ
လည်းလက်ပြနှုတ်ဆက်ရင်း "ဘဝဆက်တိုင်းဒီလိုအဖြစ်စိုးက
နေကင်းလွှတ်ပါစေဟုရေရွတ်ရင်း...................
"အချစ်ကြီးလျှင် အမျက်ကြီး၏
အရမ်းချစ်လျှင် ဒုက္ခပင်လယ်ဝေ၏
အခြေအနေ အချိန်အခါစဉ်းစား၍
မှတ်ဉာဏ်နှင့်ဆုံးဖြတ်ပါက
ပျော်ဖွယ်ရာ ဘဝပင်လျှင်"
(ကျောင်းစာတစ်ဖက်နဲ့ရေးတာဆိုတော့ အရေးအသားညံ့
လျှင်ခွှင့်လွှတ်ပေးပါ)
Credit - ဖြူစင်သူ
Credit - စိတ်ခြောက်ခြားဖွယ် ပရလောကနယ်
အဖြူရောင်သတိုးသမီးရဲ့ နောက်ဆုံးည
in
အဖြူရောင်သတိုးသမီးရဲ့ နောက်ဆုံးည
- on 7:09 AM
- No comments
Post a Comment