သူခိုးငတက်ပြားနှင့် တန်ဆောင်မုန်းလပြည့်ည
သူခိုးငတက်ပြားသည် တန်ဆောင်မုန်းလပြည့်ည သန်းခေါင် ၁၂ နာရီတိတိတွင် မွေးဖွားသော
ငတက်ပြားသီးသန့် နက္ခပေါ်သော သူခိုးဂြိုလ်သက်ရောက်တွင် မွေးဖွားသည်ဟု သိရသည်။
သို့ကြောင့် ယနေ့ တန်ဆောင်မုန်းလပြည့်ညများတွင် ကျီးမနိုးပွဲဟု အမည် တပ်၍ စာရေးသူ လူငယ်ဘ၀က စနောက် ကျီဆယ်သော သဘောဖြင့် ပန်းအိုး ရေတိုင်ကီ နှင့် အခြားသော အိမ်ရှေ့ပစ္စည်းများကိုနေရာရွေ့ပြောင်းခြင်း တအိမ်နှင့်တစ်အိမ် မိုးလင်းလျင် ပစ္စည်းများပြန်လည် အလဲလှယ် လုပ်ကြအောင် ရီစရာ အရပ်နေ ပျော်စရာ ကာလသားဘ၀တွင် ပါဝင်ခဲ့ဘူးပါသည်။
ထိုအချိန်တွင် ကာလသားချက်ဟုခေါ်သော ဘူးသီးကြက်သား အရည်ကျဲကျဲကလေးချက်ကာ သူငယ်ချင်းများနှင့် စားကြ သောက်ကြနှင့် ညသန်းခေါင် အကျော် တွင် ကျီးမနိုးပွဲ ပါဝင်ခဲ့ရဘူးသည်။
၇၂၆ တွင် အင်းဝကို တည်၍ သတိုးမင်းဖျားနန်းတက်သည်။
ထိုအရပ်ဒေသ စစ်ကိုင်း ရေဝန်းအရပ်တွင် ကျော်စောသော သူခိုးကြီး ငတက်ပြား အမှန်တကယ်ရှိ၏။
ငတက်ပြားသည် စည်းကမ်းရှိရှိ ခိုးသည် ငတက်ပြား၏ သူခိုးစည်းကမ်းကို ကျနော် ကြိုက်သည်။
မြန်မာပြည်မှ ခိုးခဲ့ကြသော သူခိုးများတွင် ငတက်ပြားသူခိုးစည်းကမ်းကိုဖေါက်၍ စံချိန်အသစ် တင်သောကြောင့် စိတ်ပျက်နေရသည်။
သူခိုးငတက်ပြား စည်းကမ်း(၃) ချက်
(၁) မိမိနယ်မိမိ နေထိုင် မွေးဖွားသော အရပ်တွင် မခိုးရ။ တခြားနယ်သို့ ထွက်၍ ခိုးလေ၏။
သို့ရာတွင် ယနေ့မြန်မာပြည်တွင် တိုင်းပြည် မိမိနေသော နယ်တွင် အားရပါးရခိုးကြခြင်းသည် ငတက်ပြားစည်းကမ်းကို ချိုးဖေါက်ကြလေသည်။
(၂) ခိုးရာ၌လည်း ဆင်းရဲနွမ်းပါး သူတို့ထံ၌ မခိုးရ ကြွယ်ဝသော သူဌေးသူကြွယ် ၊ မှူးမတ် စသည်တို့ထံ၌သာ ခိုး၏။
မြန်မာပြည်တွင်းလက်ရှိနှင့် ယခင် အစိုးရ သူခိုးများသူ ဆင်းရဲ ချမ်းသာ မခွဲခြား အားလုံးမှ ခိုးကြ၏။
(၃) ခိုးသောအခါ ဥစ္စာရှင်ကို မည်သည်အခါမျှ အနာတရ မပြု။ ပစ္စည်းကိုလည်း တွေ့ရသောပစ္စည်း တစ်ဝက်ထက် ပို၍ မခိုးရပါ။
မြန်မာပြည် တွင်းကား စည်းမဲ့ကမ်းမဲ့ ခိုးနေကြသည်မှာ ကြောက်ခမန်းလိလိပေတကား…
ဤသို့ဖြင့် သူခိုးကြီး ငတက်ပြားသည် ဧရာဝတီမြစ်အား တိတ်တဆိတ် ဖြတ်ကျော်လျက် အင်းဝဘက်သို့ ကူး၍ သူဌေးသူကြွယ် ၊ မှူးမတ်တို့၏ အိမ်များ၌ ခိုးယူလေ့ရှိ၏။
မှူးမတ် စသူတို့သိ၍ ဖမ်းကြသော်လည်း မရ ဖမ်းဖို့လည်း ကြိုးစားသော် မတတ်နိုင်ခဲ့ကြပေ။
တစ်နေ့ဝယ် ငတက်ပြားက " သတိုးမင်းဖျား ငါ့ကို ရလျှင်သာ သတ်ရအံ့ ၊ မရသော်ကား အသူရအံ့နည်း " ဟု ကြုံးဝါးလေ၏။
ထိုသို့ ငတက်ပြား အစွမ်းကောင်း၍ မမိနိုင်ကြောင်း ၊ ထိုသို့ ကြုံးဝါးကြောင်းကို သတိုးမင်းဖျား ကြားသော် ငတက်ပြားကို မိမိကိုယ်တိုင် မိအောင်ဖမ်းမည်ဟု ဆုံးဖြတ်လိုက်လေ၏။
တစ်ည၌ သတိုးမင်းဖျားသည် ရုပ်ဖျက်၍ ထွက်လာပြီးလျှင် မြို့တံခါး မြစ်ဆိပ်က စောင့်နေလေ၏။
ငတက်ပြားလည်း သန်းခေါင်ကျော်၌ လာနေကျအတိုင်း လာ၍ ကမ်းနားသို့ရောက်သော် လှေပေါ်ကပင် " ဟေ့ ဘယ်သူလဲ " ဟု မေး၏။ သတိုးမင်းဖျားက " ငါ ညဉ့်လူပါ " ဟု ဆိုမှ ကုန်းပေါ်သို့ တက်လေ၏။ သတိုးမင်းဖျားက " ဆရာ့နောက် တပည့်ခံ၍ ခိုးလိုသောကြောင့် စောင့်နေပါသည် " ဟု ဆိုသော အခါ ငတက်ပြားသည် အလွန် သဘောကျ၍ အတူခေါ်ဆောင်သွားလေ၏။
ငတက်ပြားနှင့် ဘုရင် သတိုးမင်းဖျား နားလည်မှု
ငတက်ပြားက သတိုးမင်းဖျား၏ အသွားအလာကို အကဲခတ်ကြည့်ရာ အလွန်သဘောကျ၏။ ထိုထက်ပင် အကာအဆီး ၊ ဝင်းထရံ စသည်တို့ကို ငတက်ပြားက ခုန်လွှားသောအခါ သတိုးမင်းဖျားလည်း နည်းတူလိုက်၍ ခုန်ကျော်နိုင်သည်ကို တွေ့ရမှ ငတက်ပြားသည် အံ့ဩ၍ ပခုံးကို ပုတ်ပြီးလျှင် " ငါ့တပည့် အတော် စွမ်းသကိုး " ဟု ချီးမွမ်းသော ဟူ၏။
သတိုးမင်းဖျားက " ဆရာ ရှင်ဘုရင့် နန်းတွင်းသို့ ဝင်၍ ရှင်ဘုရင့် ပစ္စည်းတို့ကို ခိုးလိုသည် " ဟု ပြောသောအခါ ငတက်ပြားက " တပည့် ငါတို့ ခိုးစားသော်လည်း ငါတို့ ဘုရင်ကိုကား မပြစ်မှားသင့် ၊ ရှင်ဘုရင့် ပစ္စည်းကို မခိုးချင်ပါနှင့် " ဟု ဆိုသည်ကို သတိုးမင်းဖျားသည် အလွန် သဘောကျပြန်လေ၏။
သတိုးမင်းဖျားမှ မကြေလည်၍ မေးသော အခါ သူခိုးကြီးငတက်ပြားမှ ဘုရင့်ပစ္စည်းမှာ တန်ဘိုးပိုကြီးကြောင်း ပြောသောအခါ ငတက်ပြားမှ ဘုရင် ပိုင်အဖြစ် ဘုရင်မှ သတ်မှတ်သည်ထက် မိမိအနေဖြင့် အများပြည်သူများအား ထောက်ပံ့ပေးကမ်းရန် ကြိုတင် သိမ်းထားသော အရာများ ဖြစ်ကြောင်း ရှင်းပြလေသည်။
ထိုနောက် မှူးမတ်များအိမ်တွင် ပုတီး ၊ နားတောင်း ၊ လက်စွပ်များကို ခိုးယူခဲ့၍ တံခါးအနီး မီးသွေးတိုက်သို့ ပြန်လာခဲ့ကြ၏။ သတိုးမင်းဖျားသည် ငတက်ပြားကို ဖြားယောင်း၍ အရက် အလွန်ယစ်မူးအောင် တိုက်ကာ လဲသောအခါမှ ခြေချင်းခတ်၍ မီးသွေးတိုက်တွင် သော့ခတ်ကာ ထားခဲ့၏။
နံနက်သို့ ရောက်ကာလ မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ သတိုးမင်းဖျားလည်း ထိုမှူးမတ်တို့၏ လက်စွပ် စသည်တို့ကို ဝတ်ဆင်၍ ညီလာခံသို့ တက်လေ၏။ မှူးမတ်တို့လည်း မြင်၍ မိမိတို့၏ လက်စွပ် စသည် ဖြစ်ကြောင်း သိသော်လည်း ဘုရင် ဖြစ်၍ မယိုးစွပ်ဝံ့။ တူသည် ဟူ၍သာ လျှောက်ကြကုန်၏။
သတိုးမင်းဖျားလည်း " နင်တို့သည် ငတက်ပြားကို ရအောင် မဖမ်းနိုင် ၊ ယခု ငါ ဖမ်းမိခဲ့ပြီ ၊ သွားယူချေ " ဟု ထားရာသို့ စေလိုက်၏။
ငတက်ပြား တောင်းဆိုမှု
ရှေ့တော်သို့ ရောက်သော် မင်းကြီးက " အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီ ဖြစ်သည်။ အလိုရှိသလို သက်တော်မူတော့ ၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် အရှင်မင်ကြီး၏ မိဖုရား လှကညာ ဒေ၀ီ ပဂေးသရဖူ စောဥမ္မာ ကိုသာ အလိုရှိပါသည် " ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်လေ၏။
သတ္တိရှိသူကို နှစ်သက်တတ်သော သတိုးမင်းဖျားသည် အနည်းငယ်မျှ အမျက်တော် မရှိဘဲ " ငါ့သို့သော ဘုရင်ကိုစင်လျက် ဤသို့သော် စကားကို ဆိုဝံ့သူသည် အကျိုးမဲ့ မသေကောင်း ၊ နောင် တိုက်ပွဲရှိသောအခါတို့၌ အမှုတော်ကို ထမ်းစေရမည် " ဆို၍ ထားတော်မူသည်။
ထိုနောက် မကြာမှီတွင်ပင် တောင်တွင်းကြီးစားသည် ခြားနား ထောင်ထားလေရာ ငတက်ပြားကို ညဉ့်အခါ၌ မြို့တွင်းသို့ ဝင်စေ၍ အလွန်စွမ်းသော လေးသည်ကြီး တစ်ယောက်ကို လုပ်ကြံစေ၏။ လေးသည်ကြီး မရှိလျှင် တောင်တွင်းကြီးစား မခံနိုင်၍ အညံ့ခံမှ အရေးတော် ပြီးရလေသည်။
ထိုသို့ သူခိုးငတက်ပြားနှင့် စပ်၍ မှတ်ရန်ကား စစ်ကိုင်းတွင် ' မရှိခဏ ဘုရား ' ဟူ၍ စေတီတစ်ဆူ ယခုတိုင် ရှိသည်။ ဤဘုရားမှာ ငတက်ပြားသည် ခိုး၍ရသော ပစ္စည်းတို့ဖြင့် တည်သောဘုရားဖြစ်၏။ ဘုရား တည်စဉ်က ငွေလို၍ မရှိလျှင် ခဏသာ ဖြစ်သည်။ သွားရောက် ခိုးလိုက်လျှင် ရသည်ချည်း ဖြစ်သောကြောင့် ' မရှိခဏ ဘုရား ' ဟု တွင်သည်။
ငတက်ပြားသည် သူခိုးဖြစ်သော်လည်း တိုင်းသူပြည်သားများ လူဆင်းရဲနှင့် ၄င်းမွေးသော ဒေသ တွင် မခိုးခဲ့ကြောင်း
ငတက်ပြားသည် နိုင်ငံအတွက် အသုံးပြုရန် သိုလောင်ထားသော ဘုရင့် ဘဏ်တိုက်( အစိုးရဘဏ်) တို့ကို မခိုးခဲ့ကြောင်း
ငတက်ပြားသည် ခိုးခဲ့သမျှ မိမိတ၀မ်းစာသာ စားသုံးလျက် အခြားမရှိသော ဒေသ များသို့ သွားရောက်၍
လူဆင်းရဲသားများကို သူဌေးသူကြွယ်ဂိုက်ဖမ်းပြီး လှူဒါန်း ပေးကမ်းကြောင်း
ငတက်ပြား သည် ခိုးယူထားခဲ့မှုကြောင် မိမိ၏ အကုသိုလ်ကံအား ပြေလျော့စေခြင်းနှင့် ၄င်း၏ ခိုးယူခံရသူများလည်း ကပ်စေးနည်း တွန့်တိုမှု သောကမှကင်းဝေးရန် နှစ်ဖက်နှစ်ဝ ကုသိုလ်အတွက် ဘုရားတည် ကျောင်းဆောက် လုပ်ပေးခဲ့ကြောင်း
နောက်ဆုံးငတက်ပြား သေဆုံးချိန်တွင် ၄င်း လျှို့ဝှက်ထားသော ရတနာ ပစ္စည်း ကျင်းကြီးတစ်ခုရှိကြောင်း အဆိုပါ ကျင်းကြီးသည် နောင်ပွင့်လာမည့် ဘုရားရှင်တော်မြတ်အား ရည်စူး၍ ကုသိုလ်ပြု ရေစက်ချ အမျှပေးဝေခဲ့ကြောင်းသိရသည်။
စည်းမဲ့ကမ်းမဲ့ သူခိုးများ အတုယူနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
မူရင်းဆရာအား လေးစားလျှက်
Post a Comment