ကမ်းလက်တစ်စုံကိုသာ မျှော်လင့်မိပါသည် (စ/ဆုံး)
ဟောင်းနွမ်းနေပြီး ကြိုးပြတ်နေသော ဖေဖေလွယ်လေ့ရှိသော အိတ်ကလေးက ယခုတော့ နွယ်ရဲ့ ကျောင်းလွယ်အိတ်လေးအဖြစ် နေရာယူခဲ့ချေပြီ
အိတ်လေးကို လွတ်ထွက်သွားမည်စိုးသဖြင့် ရင်ခွင်ထဲပွေ့ပိုက်ပြီး ကျောင်းမှပြန်လာခဲ့သည်
သူမတို့ကျောင်းက ရပ်ကွက်ကျောင်းဖြစ်ပြီး (၈)တန်းအထိသာရှိသည် အများစုက လက်လုပ်လက်စား သားသမီးများဖြစ်ပြီး အနည်းစုကတော့ ဝန်ထမ်းသားသမီးများဖြစ်လေသည်
နွယ်ကတော့ (၅)တန်းကျောင်းသူ အိမ်တွင် အငယ်ဆုံးဖြစ်လေသည် မိခင်က နံနက်တွင် ဈေးထဲ၌ ကုန်စိမ်းရောင်းပြီး နေ့ခင်းတွင် အဝတ်လိုက်လျှော်ကာ သူ့ကို မရှိမဲ့ရှိမဲ့ငွေလေးနှင့် ကျောင်းထားခြင်းဖြစ်သည် ဖခင်ကတော့ နေ့စားပန်းရံသမား ကြုံလျှင် ကုန်ထမ်းပြီး မိသားစုဝင်ငွေကို ကူနေခြင်းပင် သူမရဲ့ အကိုကြီးကတော့ တစ်အိုးတစ်အိမ်ထူထောင်ပြီး သူမအိမ်နှင့် ကပ်ရပ်တွင် တဲထိုးကာနေထိုင်လေသည် တစ်အိုးတစ်အိမ်ထူထောင်ထားသော်လဲ အလုပ်အဆင်အပြေသည့်အချိန်တိုင်း သူနှင့်သူ့မိသားစုကို ဖခင်နှင့်မိခင်က ထောက်ပံနေရဆဲပင်
နွယ်.... အသက်အရွယ်နှင့်မမျှ လောကဓံ၏ ရိုက်ခတ်မှုကို ခံနေရသူပင် တခြားကလေးများ ကျောင်းသွား ကျောင်းပြန် စာကျက် ဆော့ကစားနေသည့်အချိန် သူမကတော့ အားလျှင် မိခင်နှင့်အတူ ဈေးလိုက်ရောင်းရသည် အိမ်သားတွေစားဖို့ ထမင်းဟင်းချက်ကာ အိမ်သန့်ရှင်းရေးကို ဒိုင်ခံလုပ်နေရသူ ကျောင်းအားလပ်ရက်ဆော့ကစားဖို့ပင် စိတ်မကူးရဲသူ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ကူညီမှသာ ဝမ်းဝမည်မဟုတ်ပါလား.....
"သမီး ပြန်လာပြီလား ထမင်းချက်ထားလိုက်နော် အမေအဝတ်သွားလျှော်အုံးမယ် အဖေပြန်လာမှပဲ ခေါ်လိုက် အဲ့ကျမှ ထမင်းအတူစားမယ်နော်"
"မေမေရယ် နားပါအုံးလား ညနေလဲစောင်းနေပြီ ရေစိုပြီး ခါးကိုက်နေပါအုံးမယ် မေမေရယ်"
"သြော် သမီးရယ် အမေတို့က တစ်နေ့လုပ်တစ်နေ့စားတွေလေ နားတဲ့နေ့ ထမင်းငတ်မှာပေါ့ သမီးရယ် ပြီးတော့ အမေတို့ ပိုက်ဆံစုရအုံးမယ်လေ ငါ့သမီးကို ပညာတတ်ကြီး ဖြစ်စေချင်တယ်ကွယ် အမေတို့လို ပင်ပင်ပန်းပန်းရှာနေရမှာစိုးလို့ပါကွယ် ကဲကဲ ထမင်းချက်လိုက်နော် အမေခဏပဲ ပြီးရင် ပြန်လာမယ်နော် ငါ့သမီးသာ ဂရုစိုက်နော် အမေသွားပြီနော်"
"သမီးရေ သမီးအတွက် မုန့်ပါလာတယ်"
အိမ်ရှေ့မှ ဖခင်၏ ခေါ်သံကြောင့် နွယ် ထွက်လာလိုက်သည်
"ဖေဖေ ဒီနေ့စောတယ်နော် ဖေဖေ သမီးကို ချီပါအုံး"
"ငါ့သမီးကကြီးလာပြီ ဖေဖေမနိုင်တော့ဘူး ဟားဟား ဘယ်လိုလဲ သမီး စာတွေလိုက်နိုင်ရဲ့လား"
"လိုက်နိုင်တယ် ဖေဖေ"
"အေးအေး ကြိုးစားငါ့သမီး ဖေဖေတို့မှာက ပညာအမွေပဲပေးနိုင်တယ် ပစ္စည်းဥစ္စာဆိုတာက ငါ့သမီး ပညာတတ်ကြီးဖြစ်မှပဲ ရှိတော့မှာ" သူမ ခေါင်းလေးကို ပုတ်ပြီး ပြောနေသော ဖခင်မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်အပြည့်ဖြင့်သာ..
ငွေကြေးဆင်းရဲသော်လဲ ရှိတာလေးနှင့်ပျော်ရွှင်စွာဖြင့် ရောင့်ရဲတင်းတိမ်နိုင်သော နွယ်တို့မိသားစုလေးကို ကံကြမ္မာဆိုးဝင်ရောက်ခဲ့မည်ဟု မည်သူထင်မည်နည်း
"ဟေ့ ကလေးလေး အိမ်ပြန်တော့မှာလား "
သူမတို့ အိမ်နှင့် မဝေးလှသော ဈေးဆိုင်ရောင်းသည့် အိမ်မှ ဦးလေးကြီးပင်
"ဟုတ် ဦး ဘာပြောမလို့လဲ"
"သမီး အမေကို ပြောလိုက်အုံး ဦးဆိုင်က ယူထားတဲ့ အကြွေးကို ရှိသလောက် ပြန်ဆပ်အုံးလို့ ခုတော့ ဦးကို ခဏ နှိပ်ပေးအုံး ညောင်းနေလို့"
နွယ် ဖေဖေပေးထားသော နာရီအစုတ်လေးကို ကြည့်တော့ အချိန်က စောသေးသည် နွယ်စိတ်ထဲ လူကြီးကို ကူညီတာကောင်းတယ်ဟုပင် ကလေးအတွေးနှင့် တွေးမိလိုက်သည်
ဘေးနားတွင် ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းသူကျောင်းသားတွေက အလျှိုလျှိုပြန်နေတော့ လူကလဲ သိပ်မပြတ်တော့ သူမလဲ မငြင်းဆန်ပဲ လမ်းဘေးအုတ်ခုံပေါ်ထိုင်နေသော ဦးလေးကြီးကို နှိပ်ပေးရန် ဟန်ပြင်လိုက်သည်
အချိန်မည်မျှကြာသွားပင်မသိလိုက်ချေ စကားပြောရင်းနဲ့ နှိပ်ပေးနေတာ နေတောင်အတော်စောင်းနေပြီပဲ ဦး သမီးပြန်တော့မယ်
"အေးအေး ရော့ မုန့်ဖိုးယူသွား သမီး လိမ်မာလို့ ဦးက ပေးတာ ပြန်တော့နော် ကြားလား"
"ဟုတ် ဟုတ် ဦး "
နေ့ရက်တွေ ကြာလာတော့ နွယ် ဦးကို ဆွေမျိုးရင်းချာတစ်ယောက်လို ခင်မင်မိသည် ကျောင်းပြန်လျှင် အုတ်ခုံပေါ် နှိပ်ပေး ပြီးလျှင် မုန့်ဖိုးပေး တစ်ခါတစ်ရံ သူမတို့အိမ်အတွက် လိုအပ်တာလေးတွေပါ ပေးတတ်တော့ သူမတို့အိမ်ကလဲ ကျေးဇူးရှင်တစ်ယောက်လို သဘောထားမိလေသည်
တစ်နေ့......
"နွယ် သမီး လာအုံး "
"ဟုတ် ဦး သမီး နှိပ်ပေးရအုံးမလားဟင်"
"အေး အေး သမီး......."
"ဟေ့ မယ်မြ နင့်သမီး နွယ်ရော ငါပြန်လာရင် ခါတိုင်း ကြိုနေကြပါ"
"ခါတိုင်းပြန်ရောက်ပြီ ဒီကောင်မလေး လည်နေတာလားမသိဘူး ရက်ကွက်ထဲ ပတ်ရှာလိုက်အုံးမယ် တော် ထမင်းဆာရင် စားထားနှင့်လိုက်"
"အေးအေး သမီးကို မဆူနဲ့အုံးနော် ကလေးဆိုတော့ သူလဲ လည်ချင်ရှာမှာပေါ့ "
"အေးပါ တော်ကလဲ စိတ်ချ မဆူဘူး စိတ်ပူလို့ ရှာတာပါ သွားပြီ"
ဒီနေ့မှ ဒေါ်မြစိတ်တွေ လေးလံနေသည် သမီးကလဲ ခါတိုင်းဆို အိမ်ပြန်နေကြ ဒီနေ့အယမှ ထူးထူးဆန်းဆန်း ဟူး....
"ဒေါ်မြရေ ဒေါ်မြ"
"အေး ပြော မယ်မြတော့ မရှိဘူး ဘာမှာချင်လို့လဲ "
"ဟာ... ဦးလေး လာအုံးဗျ ကျောင်းနားက ချုံစပ်ထဲမှာ ခင်ဗျား သမီး လဲနေလို့ဗျ မပြောကောင်းမဆိုကောင်းဗျာ ရဲတွေတော့ ခေါ်ထားတယ်ဗျ မြန်မြန်လာ"
"ဟေ..."
စားနေသော ထမင်းလုတ်တောင် ခံတွင်းမှ ထွက်ကျဘာသည်
"သမီး...သမီး..."
သွေးအလိမ်းလိမ်းနှင့် လဲနေသော သမီးကို မျက်လုံးပေါင်း သောင်းခြောက်ထောင် ဝိုင်းကြည့်နေသော လူအုပ်ထဲ တိုးသွားမိသည်
မှုခင်းစစ်ရဲများကတော့ လုပ်ဆောင်စရာရှိတာအယများကို လုပ်ဆောင်ပြီး နွယ်ကို ဆေးရုံခေါ်သွားကြသည်
ဒေါ်မြ သမီးကို ရှာရင်း ကျောင်းနားဘက်ရောက်လာသည် ကျောင်းဆိုတာက ရက်ကွက်နှင့် အနည်းငယ်လှမ်းလေသည် ချုံစပ်တွေများပြီး ညနေခင်းဆို လူပြတ်သည်က များသည်
ကျောင်းနားလေးရောက်တော့ လူများအုံနေသဖြင့် ရင်ထိတ်သွားသည်
"ဒေါ်မြ ခင်ဗျားဘယ်သွားနေတာလဲဗျ ခင်ဗျားသမီးကို အခုဆေးရုံပို့ထားတယ် ခင်ဗျားယောကျာ်းကိုတော့ ရဲတွေက နဲနဲမေးမြန်းစရာရှိလို့ စခန်းခေါ်သွားတယ်ဗျ"
"ဘယ်လိုသမီးက ဆေးရုံမှာဟုတ်လား ဘုရားဘုရား ငါ့သမီးလေးတော့ ထင်သလို မဟုတ်ပါစေနဲ့"
"ဒေါ်မြ ဆေးရုံလိုက်သွားလေ ကျွန်တော် လိုက်ပို့ပေးမယ် လာလာ"
ဆယ်အိမ်ခေါင်းစကားကြောင့် သတိဝင်လာပြီး သမီးရှိရာ လာခဲ့လိုက်သည်
ဒေါ်မြ စို့နင့်စွာဖြင့် ခြေမကိုင်မိ လက်မကိုင်မိ အရုပ်ကျိုးပြတ်လေတော့သည်
ဖူးယောင်နေသော မျက်နှာနှင့် အသက်ကို အနိုင်နိုင်ရှူနေသော နွယ် ဆီးအိတ်ပေါက်သွားတယ်တဲ့လေ သမီးရယ် အမေဘယ်လိုဖြေသိမ့်ရမှာလဲကွယ်
"ခင်ဗျားက ကလေးရဲ့အဖေနော်"
အမှုစစ်အရာရှိရဲ့ အမေးကို ခေါင်းငြိမ့်လိုက်သည်
"ခါတိုင်း ကလေးက ဘယ်ချိန်အိမ်ပြန်လဲ အိမ်ပြန်ရင်ရော ဘယ်သူတွေနဲ့ပြန်လဲ လူကြီးတွေထဲမှာရော ရင်းရင်းနှီးနှီး အနီးကပ်နေတဲ့လူရှိလား"
££€€€###*#*@@@@!!!!%%``´•()<>>)•;_
အမှုစစ်အရာရှိ မေးမြန်းသမျှကို ဖြေပြီး သမီးရှိရာ ဆေးရုံသို့ အပြေးလာခဲ့လေသည်
သမီးရဲ့ ကုတင်ဘေးတွင် ငိုကြွေးနေသော မိန်းမဖြစ်သူကို နှစ်သိမ့်ဖို့ပင် အင်အားမရှိတော့ချေ
အထက်ပါအဖြစ်အပျက်များဖြစ်ပြီး သုံးလအကြာ
တရားခံကို မိပြီး ဥပဒေရဲ့ အပြစ်အတိုင်း ခံယူခိုင်းခဲ့လေသည် ဒေါ်မြတို့ရဲ့ ကျေးဇူးရှင်လို့သတ်မှတ်ထားသူ ဈေးဆိုင်က ဦးလေးကြီးဆိုသူက သူမတို့သမီးဘဝကို နင်းချေသွားခဲ့သည်ဆိုတာကို စို့နင့်စွာဖြင့်သာ....
ဝဋ်ကြွေးရှိ၍ ပေးဆပ်သည်ဟုသာ စိတ်တွင် ထင်မှတ်လိုက်လေသည်
တစ်ချိန်ချိန်တွင် သမီးလေး အနာဂတ်တွင် အမည်းစက်မထင်ရန် ရွယ်သူကလေးများ၏ လှောင်ပြောင်ခြင်းကို မခံရရန် သူမ ယခုတော့ သမီးရှေ့၌ မားမားရပ်တည်တော့မည်လေ ကျောင်းတွင် ဆရာမများ၏ ကူညီဖေးမမှုကြောင့် ယခင်လို စာပြန်သင်နိုင် ပျော်ရွှင်နေသော သမီးလေးကို ကြည့်ပြီး နောင်တစ်ချိန် ထိုအမှားမျိုး မဖြစ်စေရန် ကာကွယ်ရပေတော့မည်
သမီးလေး အနာဂတ်လှပရန် စိတ်အားတက်ကြွမှု အားငယ်မှုကို ဖြေဖျောက်ပေးနိုင်သော နွေးထွေးသော ကမ်းလက်တစ်စုံကိုသာ မျှော်လင့်မိလေတော့သည်#########
မှတ်ချက်# #ဤ အကြောင်းအရာသည် တစ်စုံတစ်ရာကို ထိခိုက်နစ်နာစေခြင်းကြောင့် ရေးသားခြင်းမဟုတ်ချေ☺☺ ဖတ်ပြီး မိမိပတ်ဝန်းကျင်၌ရှိသော ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက် တန်ဖိုးထားစေလိုသော ရည်ရွယ်ချက်သာဖြစ်ပေသည်
အပျော်တမ်း ဝါသနာအရင်းခံပြီး ရေးသားသူသာဖြစ်သည် ☺☺✌✌ စာပေဖြင့် သတိပေးနှိုးဆော်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အသိပညာပေးခြင်းသာ ဖြစ်ပါသည် ✌✌
(ရင်သွေးငယ်များ အန္တရာယ် ကင်းရှင်းစေရန် မိဘများနှင့် အုပ်ထိန်းသူတို့ကို သတိပေးခြင်းသာဖြစ်ပါသည် အယုံမလွယ်ရန်နှင့် ကလေးငယ်ကို ပိုပြီးဂရုစိုက်စေလိုသော စေတနာသက်သက်ဖြင့်သာ....)
မေတ္တာဖြင့် Mee Mee ##😘😘😘😘
Post a Comment