~~ ကျွန်မ မျက်ရည်ကျခဲ့ရသော ဇတ်ဝင်ခန်း ~~~~
…
…
ကျွန်မ နဲ သူနဲ fb ပေါ်မှာ စပြီးတွေဆုံခဲ့ရတယ့်
ကျွန်မ အတွက်တော့ သူဟာ နတ်ဖုရားတစ်ပါးလိုပါပဲ့
သူဟာ အမြဲတမ်းနာကျင်ကြေကွဲနေတဲ့ စာတွေကိုတင်လေ့ရှိတယ်
ကျွန်မ ကတော့ သူရဲ့ စာတွေကို တိတ်တခိုးစောင့်ဖတ်နေတဲ့
စာဖတ်ပရိတ်သတ်ပေါ့
အချစ်ရေးနဲပတ်သတ်လာရင် အဆုံးအစွန်ထိ နာကျင်ခံစားရခဲ့ဖူးပုံရတဲ့
သူ ဟာ သူရေးသမျှစာတွေအားလုံးက မူန်ရီမှိုင်းပြကာ
ရီဝေ ကြေကွဲနေတဲ့ ရနံ တွေ ထုံသင်းနေတယ်လို
ကျွန်မ သူစာတွေကို ဖတ်တိုင်း အမြဲခံစားနေရတယ်
ကျွန်မ ဘာဖြစ်မှန်းမသိဘူ့း
ကျွန်မ သူကို အားပေးချင်တယ့်
ကျွန်မ သူနံဘေးက နေရပ်တည်ချင်တယ်
ကျွန်မ သူကိုပေးဆပ်ချင်တယ်
သူဒဏ်ရာတွေကို ကုစားပေးချင်မိတယ့်
ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ့်
ကျွန်မ သူကိုအရဲစွန့်ပြီး စကားသွားပြောလိုက်တယ့်
အဲနေ့က မှတ်မှတ်ရရ ကောင်းကင် ဟာ ကြည်ပြာရောင်
အပြုံးတွေနဲ ဝေဝေ ဆာဆာဖူးပွင့်နေလျက်ပေါ့
သူ ဟာ ယဉ်ကျေးစွာနဲပဲ ကျွန်မ ကိုစကားပြန်ပြောခဲ့တယ့်
ဒါပေမယ့်
ကျွန့်မ မှ စကားစပြောရင် သူ ဟာဘယ်သောအခါမှစမပြောတတ်သလို
စကားပြောတဲ့အခါမှာလည်း လိုတာထက်ပိုပြီးပြောလေ့မရှိဘူး
သို့သော့်
သူနဲစကားပြောနေတဲ့အချိန်တွေဆိုရင် ကျွန်မ အသက်ရှူဖိုကိုတောင်
မေ့လျော့နေရလောက်တဲ့အထိ ကျွန်မ ပျော်ရွင်နေခဲ့တယ့်
ဒီလိုနဲ ရက်ပေါင်းများစွာကြာလာတော့
ကျွန်မ ဟာ သူရဲ့ အရင်းနှီးဆုံးသူစိမ်းတစ်ယောက်ဖြစ်လာတယ့်
သူခံစားချက်တစ်စွန်းတစ်စ တွေပါဝင်နေတဲ့ စကားလုံးတွေကို
သူဟာ ဖွင့်ဟ လာခဲ့တယ့်
သူဟာ စကားအရမ်းနည်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်
တစ်ခါတစ်လေ သူစိတ်ပါလာတဲ့အခါမျိုးကျရင်
ကျွန်မ ကို သူကြုံတွေခဲ့ရတာတွေ ပြောပြလေ့ရှိတယ့်
သူ ဟာ ငယ်ငယ်ထဲက မိဘမရှိတော့ဘူး
မွေးစားမိဘတွေနဲနေခဲ့ရတယ်
မောင်နှမ မရှိ ဆွေမျိုးမရှိနဲ သိပ်ပြီးအထီးကျန်ခဲ့ရတဲ့အကြောင်း
အခုချိန်ထိ သူ ဟာအထီးကျန်နေတုန်းပဲ့
သူ ဟာ အိမ်ထောင်ကျဖူးတဲ့ လူတစ်ယောက်
မိန်းကလေးဘက်က မိဘတွေက သူနဲသဘောမတူလို
ခွဲလိုက်ကျရင်း ရှင်ကွဲ နဲ အဆုံးသတ်သွားလိုက်ရတဲ့အကြောင်း
မွေးစားမိဘ တွေကလည်း မကြာသေးခင်က နှစ်ယောက်လုံး
ကွယ်လွန်သွားပြီ ဆိုတဲ့အကြောင့်း
ဒီလိုနဲ ကျွန်မ ဟာ သူရဲ့ ရင်ဘတ်ထဲက အစိမ်းလိုက်ခွဲခံထားရတဲ့
ဒဏ်ရာတွေကို ပျောက်ကင်းသက်သာအောင် ကုသပေးဖိုအတွက်
သမားတော် တစ်ယောက်ဖြစ်လာခဲ့တယ့်
သူနဲကျွန်မ တစ်ယောက်နဲတစ်ယောက်အပြင်မှာမဆုံဖူးပေမယ့်
သူရင်ဘတ်နဲကျွန်မ ရင်ဘတ်ဟာ အလိုလို စေ့စပ်လက်ထပ်လာခဲ့တယ်
တစ်နေ့
သူဟာ ကျွန်မကို ချစ်တယ်ဆိုပြီးဖွင့်ဟ လာခဲ့တယ့်
ကျွန်မ အတိုင်းမသိပျော်ရွှင်ခဲ့ရပေမယ့်
ဟန်ဆောက်ပြီးတော့ ကျွန်မ သူကိုမေးခွန်းပြန်လည်ထုတ်ခဲ့တယ်
အရင်လူတွေအတွက် အစားထိုးဖိုကျွန်မကိုချစ်တာလား
ဒါမှ မဟုတ့်
ဒဏ်ရာတွေကိုသက်သာစေဖိုအတွက် ခုတုံးလုပ်တဲ့အနေနဲ
ကျွန်မ ကိုချစ်တာလား ဆိုပြီးကျွန်မ မေးခဲ့တယ့်
သူအပေါ်နားလည်ပေးမယ့်သူဟာ
သူရဲ့အတိတ်တွေကိုလက်ခံပေးမယ့် သူဟာ
ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်ထဲပဲရှိတဲ့အတွက့်
မင်းကို ချစ်တာပါဆိုပြီးသူပြန်ဖြေခဲ့တယ့်
ဒီလိုနဲပဲ သူနဲကျွန်မ Online ပေါ်မှာ
ချစ်သူတွေ ဖြစ်ခဲ့တယ့်
သူဟာ တစ်ခါတစ်လေ လွန်စွာနားလည်ခက်ပြီး
တစ်ခါတစ်လေမှာတော့ အလွန်သနားဖိုကောင်းတယ်
တစ်ခါတစ်လေကျရင်လည်း သူထက် အသက်ငယ်တဲ့ ကျွန်မ ကို ကလေးတစ်ယောက်လို ဆက်ဆံတတ်ပြီး
တစ်ခါတစ်လေမှာတော့ သူကိုယ်တိုင်က ကလေးတစ်ယောက်လို
ကျွန်မ ကိုနွဲဆိုးဆိုးလေ့ရှိတယ့်
ဘာပဲဖြစ်ဖြစ် ကျွန်မ သူကိုသိပ်ချစ်တယ်
ကျွန်မ သူနဲအပြင်မှာတွေချင်လာမိတယ့်
သူရှိတဲ့ အရပ်ကိုလာပြီး ကျွန်မ နေချင်မိတယ့်
ကျောင်းကြီးမြန်မြန်ဖွင့်ပါစေလိုပဲ ဆုတောင်းနေမိတယ်
ဒါမှ ကျွန်မချစ်တဲ့သူနဲလက်ချင်းချိတ်ပြီး အတူတူလမ်းလျှောက်ခွင့်ရမှာ
ကျောင်းပြန်ဖွင့်တဲ့နေမှာပဲ့
ကျွန်မ သူဆီဖုန်းဆက်ပြီး ကျွန်မ နဲလာတွေ့ဖိုခေါ်ခဲ့တယ့်
သူကျွန်မဆီရောက်လာခဲ့တယ့်
တစ်ယောက်နဲတစ်ယောက် ပထမဦးဆုံးအကြိမ် မြင်တွေခွင့်ရမှာဆိုတော့ ကျွန်မ ရင်တွေအရမ်းခုန်နေမိတယ့်
ပျော်လည်းပျော်နေမိတယ့်
ကျွန်မ လက်ဖျားခြေဖျားတွေ အေးစက်နေမိတယ့်
ကျွန်မနဲသူနဲ အေးအေးလူလူထိုင်လိုရမယ့် ဆိုင်လေးမှာ
အဲနေက စတွေခဲ့တယ့်
သူဟာ ကျွန်မ ထင်တာထက်ပိုပြီး ပိန်နေခဲ့တယ်
နှစ်ဆယ်ကျော်လူငယ်တစ်ယောက်လို ထင်စရာမရှိလောက်အောင်ကို
အရွယ်က အိုနေခဲ့တယ့်
သူမျက်ဝန်းတွေက ရီဝေနေပြီး
သူပုံစံက မိုင်ပေါင်းများစွာကို ခရီးကြမ်းနှင်ပြီးလာရတဲ့
လူတစ်ယောက်လို ပင်ပန်းနွမ်းနွယ်မူတွေအပြည့်နဲပဲ့
သူ ရဲ့ လက်ညိုးနဲလက်ခလယ်က နီကိုတင်း ဒဏ်ကြောင့်
ဝါကျင့်ကျင့် အရောင်ကိုသန်းနေပြီး
သူရဲ့ နူတ်ခမ်းတွေက ဆေးလိပ်များစွာကို သောက်သုံးနေတာကြောင့်
နီညိုရောင်ပြေးနေတယ့်
သူရဲ့ နေထိုင်မူပုံစံဟာ ရောဂါတစ်ခုခုခံစားနေရတဲ့
သေခါနီးလူမမာတစ်ယောက်လို ဖြစ်ကတတ်ဆန်းနိုင်လွန်းခဲ့တယ်
ကျွန်မ သူကိုသိပ်ပြီးသနားသွားတယ့်
ကျွန်မ သူကို သိပ်ပြီးတော့လည်းချစ်မိသွားတယ့်
ကျွန်မ သူအတွက် လိုလိုသေးမရှိ ဖြည့်ဆည်းပေးခဲ့တယ့်
ကလေးတစ်ယောက်ကို ဂရုစိုက်နေတဲ့ မိခင်တစ်ယောက်လို
ကျွန်မ သူကို တစ်ကနေပြန်စပြီး ပြုစုပျိုးထောင်ပေးခဲ့တယ့်
တစ်ဖက်ကလည်း
ကျွန်မ အတွက် အိမ်ကထောက်ပံတဲ့ ကျောင်းစရိတ် ဟာ
သူနဲကျွန်မ နှစ်ယောက်စရိတ်အတွက် သုံးနေတာဖြစ်တဲ့အတွက်
ကျွန်မ မလောက်ဘူးဖြစ်နေတယ့်
ဒါပေမယ့် ကျွန်မ သူကိုသိပ်ချစ်တဲ့အတွက်
သူမျက်နှာကို တစ်ချက်အညိုးမခံခဲ့ဘူ့း
ကျွန်မ ရဲ့ အဆင်မပြေမူတွေကို သူမသိစေရဘူး
ကျွန်မတစ်ယောက်ထဲ ဖြေရှင်းခဲ့တယ့်
လိမ်နည်းပေါင်းစုံနဲအိမ်ကနေ ပိုက်ဆံတွေတောက်းခဲ့တယ့်
ကျွန်မ ချစ်တဲ့ သူအတွက် ကျွန်မ ဘာပေးဆပ်ရ ပေးဆပ်ရ
ကျွန်မ အသင့်ရှိလာခဲ့တယ့်
ဒါပေမယ့်
အပေါင်းအသင်းတွေစုံတဲ့အခါ သူ ဟာစိတ်ပြန်ပြီး
လည်သွားလေ့ရှိတယ်
ဟိုအရင် မူးယစ်ဆေးဝါး သံစဉ်တွေထဲမှာ
သူပြန်လည် နစ်မျောလေ့ရှိတယ့်
ကျွန်မ သူကို အရင်ဘဝမျိုးပြန်အရောက်မခံနိုင်ဘူ
ကျွန်မ သူကိုအဆုံးရှူံးမခံနိုင်ဘုး
ကျွန်မ သူကို မူးယစ်ဆေးဝါးတွေ ထပ်ပြီးမသုံးနိုင်အောင်
ခြိမ်းခြောက်ခဲ့တယ့်
မူးယစ်ဆေးဝါးတစ်ခါထပ်သုံးရင်
ကျွန်မလက်ကို ကျွန်မ ဓါးနဲ တစ်ခါလှီးတယ့်
ဗီဇ ဆိုတာသိပ်ပြီးပြင်ရဖိုခက်တယ့်
သူဟာ ကျွန်မ ဒီလောက်ခြိမ်းခြောက်နေရင်းကြားကနေ
ကျွန်မ မသိအောင် မူးယစ်ဆေးဝါးတွေ ထပ်လုပ်တယ်
သူနဲကျွန်မ အဲကိစ္ဓ နဲပ ခဏခဏ စကားများရန်ဖြစ်ကျတယ့်
တစ်ခါတစ်လေ ကျွန်မ ဒီလောက်ထိ ချစ်ရဲ့သားနဲ
ကျွန်မ တောင်းဆိုးတဲ့ဒီအရာလေးတစ်ခုကိုတောင်
မလိုက်လျောရကောင်းမလားဆိုပြီး
ကျွန်မသူကိုအဆက်သွယ်ဖြတ် စွန်ပစ်ဖို ဆုံးဖြတ်ခဲ့တယ်
ဒါပေမယ့်
ဟိုးအရင်လို ဘဝမျိုးကိုသူပြန်ရောက်သွားမှာကိုတွေးပြီး
ကျွန်မ ကြောက်နေခဲ့တယ့်
ကျွန်မ သူကို မစွန့်ပစ်နိုင်ခဲ့ဘူး
ကျွန်မ အခုတစ်လော အဆင်မပြေဘူ့း
သူနဲလည်း ခဏခဏ စာကားများရန်ဖြစ်နေသလို့
ကျွန်မကိုယ်တိုင်လည်း နေမကောင်းခဏခဏ ဖြစ်နေတယ့်
တစ်နေ့
သူနဲကျွန်မ စကားအကြီးအကျယ်များကာရန်ဖြစ်ကျတယ့်
ကျွန်မ သူကို အဆက်မသွယ်မလုပ်ပဲပစ်ထားမိသလို့
သူဘက်ကလည်း ကျွန်မ ကိုဆက်သွယ်မလာခဲ့ဘူ့
ဒီလိုနဲ တစ်ပတ်ခန့်ကြာလာတဲ့အထိ
ကျွန်မ ကိုသူဖုန်းတစ်ချက်ဆက်အလာခဲ့ဘူ့း
ကျွန်မ မသင်္ကာတော့ဘူ့း
ကျွန်မအပြင်တစ်ခြားတစ်ယောက်များသူမှာ ရှိနေမလားမသိဘူး
ဆိုတဲ့ အတွေးင်္းကြီးကလည်း ကျွန်မ ကို သေမလောက်
နှိပ်စက်နေတယ့်
ဆယ်ရက်မြောက်တဲ့နေ့မှာကျွန်မ လုံးဝ မနေနိုင်တော့ဘူး
ကျွန်မ သူကို မဆက်သွယ်ပဲ မနေနိုင်တော့ဘူး
သူဘာများဖြစ်နေမလည်း
သူတစ်ခုခုများဖြစ်နေမလာ့း
သူဘယ်တွေရောက်နေမလည်းဆိုတဲ့မျှော်လင့်ချက်နဲ
ကျွန်မ ဘက်ကပဲ သူကိုစပြီးဖုန်းစခေါ်ဖို ဆုံးဖြတ်လိုက်တယ့်
ဒီတစ်ကြိမ်နဲဆိုရင် ကျွန်မ ဖုန်းခေါ်နေတာ
အခါငါးဆယ်ရှိပြီ့
သူရဲ့ ဖုန်းနှစ်လုံး လုံးစက်ပိတ်ထားတယ် ဆိုတဲ့
အဖြေကြီးပဲ ကျွန်မကိုတုံပြန်နေခဲ့တယ့်
ကျွန်မ မနေနိုင်တော့ဘူး
ကျွန်မ အရမ်းစိတ်ပူနေပြီ့
တကယ် လည်းမစွန့်လွတ်နိုင်ပဲနဲ မာန တွေထားခဲ့မိတဲ့
ကိုယ်ကိုလည်းကျွန်မ စိတ်နာနေမိတယ့်
ကျွန်မ သူနေတဲ့နေရာကို လိုက်သွားဖို ပြင်ဆင်လိုက်တယ့်
တွေပါပြီ့
သူကိုတော့ မဟုတ်ဘူး
ကျွန်မ သူ အဆောင်က အဆောင်မူးကိုမေးကြည့်လိုက်တယ်
သူ လွန်ခဲ့တဲ့ လေးရက်လောက်ထဲက အဆောင်မှာမနေတော့ဘူး
သူ ဇာတိကိုပြန်တော့မယ့်
အဲအရင်ရက်တွေကလည်း အခန်းထဲက အခန်းပြင်မထွက်ပဲ
နေတယ်ဆိုတဲ့အကြောင်း
အဆောင်မူးက ကျွန်မ ကိုဖြေပြီး
ကျွန်မအတွက် သူက စာတစ်ဆောင် ပေးထားခဲ့တယ်ဆိုတာကိုပါ
ကျွန်မကို ပေးတယ့်
ကျွန်မ အငမ်းမရ နဲ ဖောက်ဖတ်ကြည့်လိုက်မိတယ့်
ကျွန်မ မျက်ရည်တွေ က သူလက်ရေးစောင်းစောင်းလေးတွေန
သီကုန်းထားတဲ့ စာမျက်နှာပေါ်ကို အတိုင်းအဆမရှိကျဆင်းလာတယ်
ကျွန်မ မျက်လုံးတွေဝေဝါးလာတယ့်
ကျွန်မ ငိုနေမိတယ့်
သူရေးထားတဲ့စာထဲမှာ
""
သူ ချောင်းဆိုးတိုင်းသွေးပါနေတာကြာပြီဖြစ်လို
ကျွန်မ နဲ စကားမများခင် တစ်ပတ်လောက်က ဆေးသွားစစ်တော့
သူမှာ အဆုတ်ကင်ဆာ ရှိနေပြီ ဆိုတာကိုသိလိုက်ရတယ်
အဲဒီရောဂါဆိုးကြီးကြောင့်ပဲ ကျွန်မ အနားက သူထွက်သွားပြီ
သူကိုခွင့်လွတ်ပေးပါ့
နောင်ဘဝကျရင်တော့ ကျွန်မနဲတူတူ သက်ဆုံးတိုင်
ပေါင်းဖက်ပါ့မယ် ဆိုတာကို ကတိပေးပါတယ့်
ကင်ဆာ ဆိုတာကိုသိပြီးတဲ့နောက်ရက်မှာ အကြောင်းမရှိအကြောင်းရှာပြီး ကျွန်မကို အဆက်သွယ်ဖြတ်ခဲ့တယ်
သူကိုလိုက်မရှာပါနဲတော့
လူလောကမှာ လပိုင်းပဲ ခံတော့မှာဖြစ်တော့တဲ့အတွက်
သူက်ု တကယ်ချစ်ရင် ကိုယ်ကိုသာ ကျန်းမာရေးဂရုစိုက်ပြီး
နေရစ်ခဲ့ပါ ဆိုတဲ့အကြောင်းရေးထားခဲ့တယ့်"""
ကျွန်မ ငိုခဲ့တယ့်
ကျွန်မ အပြန်လမ်းတစ်လျှောက်လုံး ကားပေါ်မှာ
ငိုခဲ့မိတယ့်
ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန်ထိ ခေါင်းအုံးကိုဖက်ပြီး
ကျွန်မတစ်ယောက်ထဲ တိုးတိတ်စွာငိုကြွေးခဲ့တယ့်
ကျွန်မ အရူးတစ်ယောက်လို ရူးမတတ်ငိုကြွေးခဲ့မိတယ့်
! နှစ်လခန့်ကြာပြီးနောက် !
ကျွန်မ သူကိုဘယ်လိုမှ မေ့ပျောက်မရခဲ့ဘူး
သူနဲကျွန်မ အတူတူသွားခဲ့တဲ့နေရာတွေကို
ရောက်တိုင်း
ကျွန်မ သူများရှိနေမလားဆိုတဲ့ အတွေးနဲ ယောင်ယမ်းကာ
လိုက်ရှာနေမိတယ့်
ဒါပေမယ့် မတွေခဲ့ဘူ့း
မတွေပေမယ်လည်း ကျွန်မစိတ်မပျက်ပဲ သူကိုရှာဖွေနေမိတုန့်း
ထုံးစံအတိုင်း ဒီနေ့ ဟာ သူနဲကျွန်မနဲ ချစ်သူဖြစ်တာ
လေးလ မြောက်တဲ့နေပေါ့
သူကျွန်မ အနားမှာရှိမနေပေမယ့်
ကျွန်မ ကတော့ သူနဲအတူ ရှိခဲ့ဖူးတဲ့
အင်းလျားကန်ဘောင်ပေါ် က ဒီထိုင်ခုံလေးမှာ
တစ်လပြည့်တိုင်းတစ်ခါလာထိုင်လေ့ရှိတယ့်
ဒီနေဟာ မိုးရွာနေတော့ အင်းလျား
ကန်ဘောင်ထက်မှာ လူရှင်းနေတယ့်
ထိုင်ခုံတွေအားလုံးနီးပါး ထိုင်မဲ့သူကင်းမဲ့နေတယ့်
အင်းလျားရေပြင်ဟာ လည်းမိုးရေ တဖျောက်ဖျောက် ကျနေတဲ့
ဂီတ သံစဉ်ကို တိုးတိတ်စွာခံစားနေတယ်
ကျွန်မ တိုနှစ်ယောက် အတူထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံလေးမှာတော့
ထူးထူးခြားခြား ထီးမပါဆောင်းစရာ မပါနဲ မိုးရေတောထဲမှာ
လူတစ်ယောက်ထိုင်နေတာကို အဝေးထဲက ကျွန်မလှမ်းမြင်လိုက်ရတယ့်
ကျွန်မ သူကို ထသွားအောင် ဘယ်လိုပြောရပါ့မလည်း
စဉ်းစားရင်း တဖြည်းဖြည်းလျှောက်လှမ်းလာခဲ့တယ့်
"
အို့သူ………သူ ………… ကျွန်မ ရှာနေတဲ့ သူပဲ့
ကျွန်မ သူကို အံသြမှင်သက်စွာနဲရပ်ကြည့်နေခဲ့မိတယ်
သူကတော့ရေပြင်ကိုသာငေးရင်း ကျွန်မ သူအနားရောက်နေမှန်းတောင်
သိပုံမပေါ်ဘူ့း
ကျွန်မ သူကိုတိုးတိုးလေး ခေါ်လိုက်မိတယ့်
သူပြန်မထူးဘူ့း
မိုးရေစက်သံတွေနဲမို့ သူမကြားတာလားဆိုပြီး
ကျွန်မ သူရှေ့ကို သွားရပ်က နည်းနည်းကျယ်ကျယ်လေး
အော်ခေါ်လိုက်မိတယ့််
စိတ်ထဲမှာလည်း ကျွန်မကို နှစ်လ ကြီးများတောင်
ခြေရာဖျောက်သွားရမလားဆိုပြီး စိတ်တိုနေမိတယ့်
ဒါပေမယ့်
ူသူကျွန်မကိုပြန်မထူးဘူ့း
ကြားရက်နဲ မြင်ရက်နဲ တမင်မထူးတာပဲ လိုကျွန်မထင်ပြီး
ပိုပြီးဒေါသထွက်လာမိတယ့်
ကျွန်မ သူပခုံးကို ကိုင်ပြီး လှူပ်ခေါ်လိုက်တယ့်
" အို ………………………………သူအသားတွေအေးစက်နေတာပဲ့
အဲတော့မှကျွန်မ စိတ်ပူသွားပြီး ထီးကိုချကာ မိုးစိုရင်စိုပါစေဆိုပြီး
သူရဲ့ မျက်နှာကို ဆွဲမော့ကာ သူကို ကြည့်လိုက်တယ့်
အို …… သူနူတ်ခမ်းတွေ သွေးမရှိတော့တဲ့ လူသေကောင်လို
ဖြု ဖတ်ဖြူလျော်ဖြစ်နေပါလား
သူလက်တွေကို ကျွန်မ ကိုင်ကြည့်လိုက်တယ်
အေးစက်နေပြီ့
သူတစ်ကိုယါလုံးလည်း တောင့်တင့်းနေပြီ့
ကျွန်မ သူကို အော်ခေါ်ပြန်တယ့်
သူမထူးဘူ့း
ကျွန်မ ရဲ့ စိုးရိမ်မူက အမြင့်ဆုံးအနေအထားရောက်သွားပြီး
ကျွန်မ သူနှာခေါင်းဝ ကို လက်နဲထိကာ အသက်ရှူသေးလား
စမ်းကြည့်လိုက်မိတယ့်
…… မိုးရေတွေနဲအတူ ကျွန်မ အော်ငိုမိလိုက်တယ့်
သူအသက်မရှိတော့ဘူ့း
ဘယ်အချိန်ထဲက သူဒီနေရာမှာ လာထိုင်နေလည်းဆိုတာ
ကျွန်မ မသိပေမယ့်လ့
အေးစက်တောင့်ခဲ့နေတဲ့ သူလက်ထဲက ရေစိုနေတဲ့
စာရွက်အပိုင်းလေးကို ကျွန်မ ဖြည့်ယူလိုက်တယ့်
စာလုံးတွေက မညီမညာနဲ အတော်အားစိုက်ပြီးရေးထားခဲ့ရပုံရတယ်
သူရေးထားတဲ့ စာကတော့
"" အချစ်ရယ်
" ဒီစာကို မင်းဖတ်နေချိန်မှာ ကိုယ်ဟာ ဒီလောကကြီးထဲမှာ
" အသက်မရှိတော့ဘူး
" ဒါပေမယ့်
" ကိုယ်ရဲ့ ဝိညဉ် ကတော့ မင်းရဲ့နံဘေးမှာ ထာဝရတည်ရှိနေလိမ့်မယ်
" ကိုယ်မင်းကိုသိပ်ချစ်ပါတယ် "
" ဒါပေမယ့်
" ကိုယ်မျက်ရည်တွေကြောင့် မင်းကို မပူလောင်စေချင်ဘူး
" ကိုယ်ရဲ့ ရောဂါဆိုးကြီးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ မင်းကို
" မနာကျင်စေချင်ဘူ့"
" ဒီနေ့ ဟာ ကိုယ်တို့ရဲ့ ချစ်သက်တမ်းလေးလပြည့်တဲ့နေဖြစ်တယ် "
" ကိုယ်နဲမင်းနဲတူတူထိုင်ကာ ရယ်မောပျော်ရွှင်ခဲ့တဲ့ "
" ထိုင်ခုံးလေးမှာ မင်းရှိနေဖိုကိုယ်မျှော်လင့်မိတယ် "
" ဟူးးးးးးးးးးးးအချစ်ရယ့်
" အမှန်တိုင်းဝန်ခံရ ရင် ကိုယ် ခုတလော သွေးတွေဆက်တိုက်အန်နေတယ်"
" အိမ်မက်တွေလည်းခဏခဏမက်တယ် "
" မက်သမျှ အိမ်မက်တွေထဲမှာလည်း အချစ်ပုံရိပ်တွေကြီးပဲ "
" မြင်နေရတယ့်"
" ကိုယ့်ကိုယ့်အခုဒီစာကိုရေးရင်းငိုနေရတယ့်"
" ကိုယ်ဒီနေ့တော့ ကိုယ်တိုအတူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာ "
" မိုးလင်းထဲက သွားထိုင်ဖြစ်မယ့်"
" ဘာဖြစ်ဖြစ်ပါအချစ်ရယ့်"
" အချစ်နဲကိုယ်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာတွေပဲ့"
" နောက်ဘဝ ဆိုတံ့ အယူအတ ကို လက်ခံထားကျဖြစ်တဲ့အတွက် "
" ကိုယ်တိုတွေ နောက်ဘဝ များစွာမှာ ပြန်လည်ဆုံတွေကျအုံးမှာပါ
" တကယ်လိုမျာ့း
" ကိုယ်ကို အချစ် သတိရတဲ့အခါ့
" ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ့
" ကိုယ်ဟာကောင်းကင်ကြီး ရဲ့ တစ်ထောင့်တစ်နေရာမှာ"
" အချစ်အတွက် အသက်ရှင်နေမှာပဲ့"
" သြော့်စကားမစပ့်"
" ကိုယ်ရဲ့ ဝိညဉ်ကို အချစ်ရဲ့အနားမှာ နေခွင့်ပြုပါနော့်"
*အရမ်းချစ်တယ် ဘေဘီလေးရဲ့ ကို့*
ကျွန်မ ရဲ့ မျက်ရည်တွေက မိုးရေစက်တွေနဲအတူ အင်းလျားရေပြင်ထဲကို
အတိုင်းအဆ မရှိစီးဆင်းသွားလေတယ့်
အေးစက်နေတဲ့ သူခန္ဓာကိုယ်ကို တင်းကြပ်စွာဖက်ရင်း
ကျွန်မ အသံတွေ သေဆုံးသွားတဲ့အထိ အော်ဟစ်ကာ
ငိုကြွေးလိုက်မိတယ့်
Ps ::
စာလုံးပေါင်းသတ်ပုံတွေ မှားနေရင်
ဖြည့်စွက်ပြီးဖတ်ပေးကျပါ့
Uုံ
ကွိုင်
Alinmyawsin
9;09.Pm.A.D.2016.
Oct.30
Post a Comment