"အငိုအသည်းနှလုံး အပြုံးမျက်နှာ"
✿✿✿✿✿✿✿✿✿✿✿✿✿✿
မင်္ဂလာဆောင်တဲ့ နေ့တစ်နေ့ လက်ထပ်ထိမ်းမြားတဲ့
နေ့တစ်နေ့ ဟာ မိန်းကလေးတစ်ယောက်ရဲ့ ဘဝ မှာ
အပျော်ရွှင်ဆုံးသော နေ့လေးတစ်နေ့လို့ "ခင်လေး"
ကြားဖူးတယ်……
မင်္ဂလာဆောင်ပြီး တဲ့ လက်ထပ် ထိမ်းမြားပြီးတဲ့
သူငယ်ချင်းမိန်းကလေး တွေပြောတာလည်း "ခင်လေး"
ကြား ဖူးတယ်……
ဟုတ်လည်းဟုတ်မှာ ပေါ့လေ ဘာမှမဆိုင်တဲ့ "ခင်လေး"
တောင်မှ သူငယ်ချင်း နန်းဒါလီ ရဲ့ မင်္ဂလာဆောင်မှာ
ရောက်သွားတော့ ခန်းမ ရဲ့ အပေါက်ဝမှာ စပီကာ
အကြီးကြီးတွေ နဲ့ မင်္ဂလာသီချင်းလေးတွေ ဖွင့်နေတော့
ခင်လေး တောင်ရင်ခုန်မိတယ်……
ဒါပေမဲ့ တစ်ခု တော့ရှိတာပေါ့လေ……
သူငယ်ချင်း တွေက မင်္ဂလာဆောင်တဲ့ နေ့တစ်နေ့ဟာ
ဘဝမှာ အပျော်ဆုံးနေ့ တစ်နေ့ လို့ နင်တို့ က
ပြောနိုင်တာပေါ့ လေ……
နင်တို့ က ကိုယ်ချစ်နှစ်သက် တဲ့ သူနဲ့
မင်္ဂလာဆောင်ခဲ့ရတာကို……
ခင်လေးလို ကိုယ်မချစ်မနှစ်သက်တဲ့ သူနဲ့ မင်္ဂလာဆောင်ရမယ် လက်ထပ်ထိမ်းမြား ရမယ် ဆိုရင် အပျော်ဆုံး
နေ့ တစ်နေ့ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက်
ဖြစ်နေမှာတော့ အသေအချာပါပဲ……
"အလှပြင်ဆရာမ က ခင်လေး ကိုအလှပြင် ပေးနေတယ်
"ခင်လေး"က အရမ်းလှတာပဲ တဲ့ မျက်တောင် တု တောင်တတ်စရာမလိုဘူး……
မျက်တောင်လေး ကို ကော့နေတာပဲ လို့ ဆိုတော့
"ခင်လေး" မျက်ရည် မကျအောင်မနည်း ထိမ်းထားရတယ်……
"ဘာဖြစ်လို့ လဲ ဆိုတော့ ခင်လေး ရဲ့ ငယ်ချစ်ဦး စိုင်း
ပြောတဲ့စကားလေးကို သွားသတိ ရမိတယ်……
"မျက်တောင် ခတ်ရမှာ နှမြော လို့ မျက်တောင်မခတ်ပဲ နဲ့ ကြည့်နေချင်မိတယ် ဆိုတဲ့ စိုင်း ရဲ့ စကားလေးကို
သတိရမိတယ်"
"မင်္ဂလာဆောင် ဖို့အတွက် အလှပြင်နေရတယ်ဆိုပေမဲ့ မင်္ဂလာဆောင်အတွက် လူတွေရှုပ်ယှက် ခတ်နေအောင်
သွားလာပြီး အလုပ်တွေ လုပ်နေကြတယ် ဆိုပေမဲ့ "ခင်လေး" ရဲ့ မျက်လုံးထဲမှာ တော့ စိုင်း ကိုပဲ မြင်ယောင်နေမိတယ်……
ခင်လေး ရဲ့ အတွေးထဲ မှာ စိုင်း ပဲရှိနေတယ် စိုင်းရယ်……
.
.
မှတ်မိပါသေးတယ် ညနေ နေဝင်ချိန် လေးမှာ ခင်လေး တို့
ရေခပ်ဆင်းတော့ လက်ပံ ပွင့်တွေရဲရဲနီ အောင်ပွင့်နေတဲ့
လက်ပံ ပင်ကြီးရဲ့ အောက် မှာ စိုင်းက "ခင်လေး" ကို
ဘာမပြောညာမပြောနဲ့ ရှေ့ကနေ လက်တားပြီး ချစ်တယ်
လို့ပြောတော့ "ခင်လေး" လေ ကြောက်လည်း ကြောက်
ရှက်လည်းရှက်နဲ့ ခြေဖျားလက်ဖျားတွေ ကို
အေး စက်သွားတာပဲ……
ခင်လေး တို့ ရေခပ်ဆင်း တိုင်း စိုင်းက ချစ်တယ် ချစ်တယ် နဲ့
ရည်းစားစကား လိုက်ပြောတော့ ခင်လေး လည်း
မိန်းကလေးပဲလေ ကျောက်တုံးတွေ ကျောက်ရုပ်တွေတောင် မှ ထိတိုက်ပါများရင် ပွန်းပဲ့ သွားသေးတာပဲလေ ခင်လေးလည်း အသည်းနှလုံးနဲ့ တည်ဆောက်ထားတဲ့ လူသားပဲလေ……
အချိန်တွေ ကြာလာတော့ ခင်လေး လည်း
စိုင်းကိုချစ်မိသွားတာပေါ့……
ချစ်မိတာလဲ မပြောနဲ့ လေ ခင်လေးဘေးက မစွာတေး က အောင်သွယ်ကောင်းတာကို စိုင်းက ဘယ်လို ရိုးသားတာ
အရက်မသောက် ဖဲမရိုက်ဘူး ကြက်မတိုက်ဘူး
အလုပ်ကြိုးစားတယ် ဘုရားတရား ကို လည်း
ရိုသေကိုင်းရိုင်းတယ် မိဘ ကိုလည်းသိတတ်တယ်
စသည့်ဖြင့် ပေါ့ လေ……
တကယ် တမ်းတော့ မစွာတေး ပြောတာတွေက
တကယ်လည်း မှန်နေတာကို……စိုင်း က ရိုးသားတယ်
ကြိုးစား တယ် အဲဒါကြောင့် စိုင်းကို ချစ်တယ်……
စိုင်း မှာ မိန်းကလေးတွေ မက်လောက်စရာ ဘေသုံးဘေ
တစ်ဘေ မှမရှိပါဘူး……
ရုပ်လည်း အလှကြီးမဟုတ်ဘူး……
ပညာလည်း မတတ်ပါဘူး ၇ တန်းအောင်ပဲ……
ပစ္စည်း ဥစ္စာ ကလည်း ချမ်းသာတယ်လို့ မဟုတ်ပါဘူး……
ကြွေးမြီ် ကင်းယုံ နဲ့ စားနိုင်သောက်နိုင်ရုံပါပဲ လေ……
ဒါပေမဲ့ စိုင်း ရဲ့ ဖြူစင်တဲ့ ရိုးသားမှု လူတိုင်းကို ကူညီတတ် တဲ့ စိတ်ဓာတ်ကလေးက တော့ အဲဒီဘေ ၃ ဘေထက်သာတယ်
လို့ပဲ ခင်လေးယူဆ မိတယ် ချစ်နေမိလို့
အပြစ် မမြင်ဘူး လို့လည်း ဆိုချင်ဆိုကြပါစေ……
ဒီထက် အမှတ် ရစရာကောင်းတဲ့……
စိုင်း နဲ့ ချိန်းတွေ့ တဲ့နေ့လေးကို သတိရမိသေးတယ်……
ခင်လေး တို့ ရွာထဲက ဖြူလေး ယောက်ျားရတော့ ရွာထဲမှာ
ဟိုးလေး တစ်ကျော်ကျော်ဖြစ် သွားတာပဲ……
အဲဒီတော့ စိုင်း က မစွာတေးက နေတစ်ဆင့်
ခင်လေးစီ စာပေး လိုက်တယ် ခါတိုင်းတွေ့ နေကြ လက်ပံပင်အကြီးကြီးအောက်က စောင့်နေမယ်တဲ့……
ချစ်တဲ့ စိတ်နဲ့ ခင်လေး လည်း ရေခပ် ဆင်းတာလိုလို
ဘာလိုလိုနဲ့ အိုးလေး ခေါင်းပေါ်တင် ပြီး သွားတာပေါ့ လေ……
အဲဒီတော့ စိုင်း က ပြောတယ်……
ရွာထဲမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်နေတဲ့ ဖြူလေး
အကြောင်းသိလား?
"သိပါတယ် ဖြူလေးကို သိန်းတစ်ရာ နဲ့ မြို့ကြီးသားက
တင်တောင်းတဲ့ ကိစ္စ ကိုပြောတာမဟုတ်လား??
သိပါတယ် ခင်လေး သူငယ်ချင်း ကောင်မလေးတွေက လည်း ပြောနေကြတာပဲ သူတို့ကို ကြိုက်နေတဲ့ ကောင်လေးတွေကို
တောင်မှ ငါတို့ကိုလည်း သိန်းတစ်ရာ နဲ့ တင်တောင်းမှ
ကြိုက်မယ်တို့ ဘာတို့ ပြောနေကြတယ်"……
ရွာထဲက သိတဲ့ အတိုင်းပဲ စိုင်း……အပြိုင်အဆိုင်တွေ ဂုဏ်တု
ဂုဏ်ပြိုင်တွေ အစ တုန်းကလည်း ကြည့်ပါလား လူပျိုကြီး
ဦးသာဝ က အပျိုကြီးဒေါ် ခင်တုတ် ကို ရွှေ ငါးကျပ်သားနဲ့
တင်တောင်းတော့ နောက်တတ် လာတဲ့ မိန်းကလေး
တွေကလည်း ရွှေ ၅ ကျပ်သားတင်တောင်းမှ ယူမယ်တို့
ဘာတို့ ဖြစ်လာတာလေ……(မောင်ထက်ဝေ ကို
ခရက်ဒစ်ပေးပါတယ်)
ဘာမှ မစိုးရိမ်ပါနဲ့ စိုင်းရယ် ခင်လေးက အဲလိုမိန်းကလေး
မျိုးမဟုတ်ပါဘူး လောကမှာ မှာ ရွှေတို့ငွေတို့ နဲ့ တန်ဖိုးဖြတ်
လို့ မရနိုင်တဲ့ အရာတွေအများကြီး ရှိနေတယ် ဆိုတာ သူတို့သိရင်သိပ်ကောင်းမှာပဲ……
"ခင်လေး" ဖြစ်ချင်တဲ့ ဆန္ဒ ကိုပြောပြမယ်နော် စိုင်း……
"စိုင်း က တောင်သူ လုပ်ငန်း လုပ်တာကျွမ်းကျင်တယ်
"ခင်လေး" က ကောက်စိုက်တတ်တယ် လေ
"ခင်လေး"တို့ ဘိုးဘွားဘီဘင်အစဉ် အဆက်က
လုပ်ကိုင်စားသောက်ခဲ့တဲ့ တောင်သူလုပ်ငန်း ကို
လုပ်ကိုင်စားသောက်မယ် လေ……
"တိုက်ကြီး" နဲ့ လည်းမနေချင်ပါဘူး တစ်ထပ်အိမ် လေးသပ်သပ်ရပ်ရပ်လေးနဲ့ ဝင်ငွေ ထွက်ငွေ မျှတ အောင်
သုံးမယ် စိုင်းရယ်……
စိုင်း နဲ့ ခင်လေးတို့ ရဲ့ ပျော်ရွှင်ကြည်နူး စရာကောင်းတဲ့
မိသားစု ဘဝလေး ကိုနှစ်ယောက်အတူ
တည်ဆောက်ကြတာပေါ့"……
ဒါပေမဲ့ တစ်ခုတော့ ရှိတယ် စိုင်း နဲ့ ခင်လေး တို့
မွေးဖွားလာမယ့် ကလေးတွေ ကြတော့ စိုင်း တို့ ခင်လေး တို့လို ပညာမတတ်တဲ့ ဘဝ မျိုးတော့ အဖြစ်မခံနိုင်ဘူး……
သူတို့ လေးတွေရဲ့ ဘဝ တွေ ကို တောထဲတောင်ထဲမှာ
မနစ်မြုပ်စေရဘူး စိုင်း……
ခင်လေး ပြောတာတွေ ကို စိုင်းလက်ခံလား လက်ခံပါတယ်
ခင်လေး ရယ် လို့ ပြောအပြီးမှာ…… အဲဒါ ကြောင့်ချစ်နေရတာလို့
ပြော ပြီး စိုင်း ကခင်လေး ကို ဖက်နမ်း လို့ ခင်လေး လည်း
ရှက်ရှက် နဲ့ အိမ်ကို တန်းပြန်လာခဲ့တယ်လေ……
အဲဒီတုန်း က ပြောခဲ့တဲ့ စကားတွေ က ခုတော့ ပုံပြင်တွေ
ဖြစ်ခဲ့လေပြီ စိုင်း ရယ်……
လွန်ခဲ့တဲ့ တစ်ပတ် ခွါလောက် က ရွာအလှူ ရှင်လောင်းလှည့်မှာ
ခင်လေး ကွန်းတောင်ပန်းတောင်ကိုင် လိုက်တာ ကို
အန်တီမြ တို့ အိမ်လာတဲ့ ဘယ်ကမြန်းမသိ ဘယ်သူမှန်းလဲမသိ သူအကြောင်းလဲ ကိုယ်မသိ ကိုယ့်အကြောင်းလဲ သူမသိပဲ နဲ့ မြင်မြင်ခြင်းချစ်မိသွားလို့ ဆိုပြီး ခင်လေး ရဲ့ မိဘ တွေဆီမှာ
အန်တီ မြ တို့ကို ခေါ်လာပြီး သိန်းသုံးရာ နဲ့
တင်တောင်းတော့……
ခင်လေး ရဲ့ မိဘ တွေက ဆင်စီးပြီးမြင်းရံတာကို မြင်ချင်တယ်
ဆိုတဲ့ မြန်မာ ဇာတ်ကားတွေထဲက စကားတွေ အတိုင်း
ခင်လေး ကို အဲဒီလူနဲ့ ပေးစားဖို့ မင်္ဂလာပွဲ ကို အမြန်ဆုံး
စီစဉ် လိုက်ကြတယ်……
အမြန်ဆုံး စီစဉ်မှာ ပေါ့လေ စိုင်း နဲ့ ခင်လေး နဲ့
ရည်းစားဖြစ်နေတာ ကို အိမ်က မိဘတွေ ကသိနေကြတာကို……
မိဘ တွေ စိတ်ချမ်းသာဖို့ အတွက် ခင်လေး
မငြင်းတော့ပါဘူး စိုင်း ရယ်……မိဘ ကိုစိတ်
ချမ်းသာအောင်ထား တဲ့ သားသမီး စိတ်မဆင်း ရဲဘူး
ဆိုပေမယ့် ခုတော့ စိတ်ဆင်းရဲနေရပြီ စိုင်း ရယ်……
မိဘ တွေ စိတ်ချမ်းသာ ဖို့ အတွက်
"အငိုအသည်းနှလုံး အပြုံးမျက်နှာ" နဲ့ ခင်လေး ရဲ့ ဘဝ နဲ့
ခန္ဓာ ကို စတေးလိုက်ပါတယ်……
ဘဝ ဆက်တိုင်း ဆက်တိုင်း ဒီလို အဖြစ်မျိုး နဲ့ မကြုံပါရစေနဲ့ လို့ "အငိုအသည်း နှလုံး အပြုံး မျက်နှာ" နဲ့ ရင်ထဲ က
ဆုတောင်းနေမိတယ် စိုင်း ရယ်……
ရွှေတွေ ငွေတွေ ဂုဏ်ပကာသန တွေ နဲ့ တန်ဖိုး ဖြတ်လို့
မရနိုင်တဲ့ ……………ကို လူတွေသိကျရင်သိပ်ကောင်းမှာပဲ……
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
Post a Comment