ဘဝလမ်းညွှန် လက်ဆောင်မွန်

ဘဝလမ်းညွှန် လက်ဆောင်မွန်
═══════════
လူတိုင်းရဲ့ဘဝမှာ ရံဖန်ရံခါတော့
ကိုယ့်ကို မဟုတ်မမှန် ဝေဖန်တိုက်ခိုက်ခြင်းမျိုးကို
ကြုံတွေ့ရတတ်ပါတယ်၊
အထူးသဖြင့်ကတော့
တစ်စုံတစ်ခုမှာ အောင်မြင်နေသူတွေအဖို့ ပိုလို့ကြုံရတတ်ပါတယ်။
သူတစ်ပါးထက် ခေါင်းတစ်လုံးပိုသာလေ
အဝေးကမြင်သာလေပဲမဟုတ်လား ။

အဲဒီလို ကြုံရတဲ့အခါမှာ တုန့်ပြန်ဖြေရှင်းသင့်တဲ့ကိစ္စနဲ့ မဖြေရှင်းသင့်တဲ့ကိစ္စရယ်လို့
နှစ်မျိုးကွဲပြားတာကို သိဖို့လိုအပ်ပါတယ်၊

ကိုယ်အလေးထားရမယ့်သူတွေ အလေးထားအပ်တဲ့ဂုဏ်သိက္ခာမျိုးရှိတဲ့သူတွေရဲ့ ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ခြင်းမျိုး အထင်မှားခြင်းမျိုးဆိုရင်တော့ မလွဲမသွေ တုန့်ပြန်ဖြေရှင်းရမှာဖြစ်ပြီး..ဒီလိုဖြေရှင်းခြင်းက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပိုတက်စေပါတယ်

ဒါပေမယ့်
ကိုယ်အလေးထားလောက်စရာလည်းမဟုတ်..
လေးစားအပ်စရာလူလည်းမဟုတ်..
ကိုယ်နဲ့လည်းတန်းမတူ
ကျိုးကြောင်းဆီလျော်စွာဝေဖန်ခြင်းလည်းမဟုတ်ဘဲ
ကိုယ့်ကို မလိုတမာစိတ်နဲ့
သေးသိမ်စွာ စွပ်စွဲတိုက်ခိုက်တာမျိုးကိုတော့ တုန့်ပြန်ဖြေရှင်းတာမျိုးမလုပ်ဘဲ
ခပ်မဆိတ်နေခြင်းကသာ ပိုပြီးသင့်လျော်ပါတယ်။
facebook ပေါ်မှာ အကောင့်တုတွေနဲ့ တမင်နှောက်ယှက်တိုက်ခိုက်နေသူတွေကိုတော့.. အရေးလုပ်စရာကိုမလိုပါဘူး..
ကိုယ်က အလင်းထဲကလူ..
သူက အမှောင်ထဲကလူ..
ဂုဏ်သိက္ခာချင်း အဆင့်အတန်းချင်းကိုက
ကွာခြားပြီးသားပါ ။

တချို့ကိစ္စတွေဟာ ကိုယ်က ဖြေရှင်းစရာမလိုဘဲ..ပတ်ဝန်းကျင်က
အချိန်က အလုပ်က
သူ့အလိုလိုဖြေရှင်းပေးသွားတာမျိုး ရှိတတ်ပါတယ်..

တချို့ကိစ္စတွေဟာ တုန့်ပြန်ဖို့ထိုက်တန်တယ်
တချို့ကိစ္စတွေဟာ တုန့်ပြန်ဖို့တောင်မထိုက်တန်ဘူး

တချို့တိုက်ခိုက်မှုတွေဟာ စိတ်ပျက်စရာ
တချို့တိုက်ခိုက်မှုတွေကျတော့ရယ်စရာ ကောင်းတယ်၊

တချို့ဝေဖန်မှုတွေက သတိမူစရာတွေကို သိမြင်လာစေတယ်..
တချို့ဝေဖန်မှုတွေက ဝေဖန်သူရဲ့
သိမ်ဖျင်းမှုကို သိစေတယ်၊

လောကကြီးမှာ
သူတစ်ပါးကို တိုက်ခိုက်ဝေဖန်သူတွေဟာ
အားလပ်နေသူတွေ ဖြစ်နေတတ်ပြီး..
တိုက်ခိုက်ခံရသူတွေဟာ ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်သူတွေဖြစ်နေတတ်တယ်။

ကိုယ့်ဘဝနဲ့ကိုယ် မပျော်ရွှင်နိုင်သူတွေက
သူတစ်ပါးကို ပိုပြီးစိတ်ဝင်စားတယ်..
ကိုယ့်ဘဝနဲ့ကိုယ် ပျော်ရွှင်နေသူတွေက
ကိုယ့်အလုပ်ကိုယ် ပိုစိတ်ဝင်စားတယ်..

အမှန်တရားအတွက် တိုက်ခိုက်ခြင်းက လက်ခုပ် ဩဘာပေးစရာကောင်းပေမယ့်..
သူတစ်ပါးကို ဖြိုလှဲရုံသက်သက်တိုက်ခိုက်ခြင်းက
မျက်နှာလွှဲ နှာခေါင်းရှုံ့စရာသာဖြစ်တယ်..

အောင်မြင်သူတွေက များများအလုပ်လုပ်တယ်..
မအောင်မြင်သူတွေက အောင်မြင်သူတွေကို များများအပြစ်ရှာပြီး စိတ်ဖြေတယ်..

ဂုဏ်သိက္ခာနဲ့အောင်မြင်မှုဆိုတာ
သူတစ်ပါးဆီက လုယူမှရတာမျိုးမဟုတ်ဘဲ..
ကိုယ်တိုင်တည်ဆောက်ယူမှရတာမျိုးဖြစ်တယ်..။

ပုညခင်
၂၇.၁၀.၂၀၁၆

Photo>>အဆိုတော် ကြည်ဖြူခင်
════════════
မေတ္တာဖြင့်
ကျော်​​ကျော်​ခိုင်
#KKK

Post a Comment