ဖူးစာရှင်
=====
ဖတ်ဖြစ်အောင်ဖတ်ပါခင်ဗျာ....
တခါက.... အရမ်းရုပ်ဆိုးတဲ့ကောင်လေးတစ်ယောက်ရှိတယ် ။
သူကရုပ်သာဆိုးပေမယ့် စာပေဗဟုသုတကျတော့ပြည့်ဝလို့စကားပြောအင်မတန်ကောင်းသူလေးတစ်ယောက်ပေါ့ ။
တစ်နေ့တော့ မြို့မျက်နှာဖုံးသူဌေးကြီးတစ်ယောက်ရဲ့သမီးကို တွေ့မြင်ပြီးအင်မတန်နှစ်သက်စွဲလမ်းသွားတယ် ။
ကောင်မလေးကတော့ ရုပ်ဆင်းအင်မတန်ချောမောလှပပြီး ပညာတတ်လေးတစ်ယောက်ပေါ့ ။
ကောင်လေးဟာ သူချစ်ခွင့်ပန်ဖို့ လူငယ်သဘာဝကြိုးစားတဲ့အခါမှာပဲ
ကောင်မလေးက ကြမ်းတမ်းတဲ့စကားတွေနဲ့ ငြင်းလွှတ်တာပေါ့ ။ ဒါပေမယ့် ကောင်လေးက လက်မလျော့ဘူး သူတကယ်ချစ်မိသွားတဲ့ကောင်မလေးအချစ်ကိုရဖို့ နည်းအမျိုးမျိုးကြိုးစားရင်း တစ်နေ့ မရှောင်သာ တစ်ယောက်ချင်းတွေ့ပါရော ...
အဲ့သည့်အခါ ကောင်လေးက ကောင်မလေးကိုတောင်းဆိုတယ်
" ငါ့ကိုမချစ်ချင်နေပါ ကောင်မလေး ... ငါပုံပြင်လေးတစ်ခုပြောပြချင်လို့ နားထောင်ပေးပါလား "
ကောင်မလေးလည်း မဖြစ်မနေမို့ လမ်းတစ်ခုရွေးလိုက်တယ် ...
" နင်...ကိုယ်ထိလက်ရောက်မကျူးလွန်ဖူးဆို ငါနားထောင်ပေးမယ် "
" ကောင်းပြီ "
ကောင်လေးပြောပြတဲ့ ပုံပြင်လေးက . . . !
~~~~
" တခါက ငှက်လောကမှာ အရမ်းလှတဲ့ငှက်ထီးလေးနဲ့ အမွှေးအတောင်မွဲခြောက်ခြောက်နဲ့ငှက်မလေးစုံတွဲတစ်တွဲရှိတယ် ... ။
ငှက်ထီးလေးက ငှက်မလေးကိုအရမ်းချစ်တော့ ငှက်မလေးရုပ်ဆိုးတာကို အပြစ်မမြင်ဘူးပေါ့ သည်လိုနဲ့ ငှက်မလေးမမျှော်လင့်ပဲ သေဆုံးသွားပါရော သေဆုံးသွားတဲ့အခါမှာ ငှက်မလေးကို ပွေ့ပိုက်ရင်း ငှက်ထီးလေးက သစ္စာဆိုတယ် ...
' ကျွန်တော်ဟာ ငှက်မလေးကို အရမ်းမြတ်မြတ်နိုးနိုးချစ်ခဲ့ပါတယ်
ဤမှန်သောသစ္စာစကားကြောင့် နောက်ဘဝမှာ ချစ်သူဟာ အရမ်းချောမောလှပတဲ့သူဖြစ်ပါစေ ... ကျွန်တော်ကတော့ ယခုသူထံရောက်ရှိမယ့် အဆိုးတွေကို ကိုယ်စားခံယူရပါစေ ။
အဲ့လိုနဲ့ ရင်ကွဲနာကျပြီးသေလွန်တော့ ...
ငါးမောင်နှံသွားဖြစ်တယ် ...
ငါးမလေးက အရမ်းချောမောလှပပြီး ငါးထီးလေးကတော့အရမ်းရုပ်ဆိုးတာပေါ့
ဒါပေမယ့် ငါးထီးလေးက အရမ်းအားကြီးတော့ ငါးမလေးကိုကာကွယ်တာပေါ့
သည်လိုနဲ့သေလွန်ခါနီးအခါ ငါးမလေးက အတိတ်ကိုပြန်သတိရတာကြောင့် သစ္စာထပ်ဆိုတယ်
" နောက်ဖြစ်လေရာဘဝမှာ အရမ်းချောမောလှပတဲ့ကောင်းချင်းအရာတွေအကုန် ငါးထီးလေးရပြီးတော့
ဆိုးကျိုးတွေအကုန် ကျွန်တော်မျိုးမ ပဲခံခွင့်ရပါစေ " လို့ ဆုထပ်တောင်းတော့ ...
သေလွန်တဲ့အခါ နတ်ပြည်မှာ နတ်စုံတွဲသွားဖြစ်တယ် ...
နတ်သားလေးက ရုပ်ဆင်းအင်္ဂါချောမောလွန်းပေမယ့်
နတ်သမီးလေးကတော့ ရုပ်ဆိုးတဲ့အပြင် တောက်တောက်ပြောင်ပြောင်လည်းမရှိနဲ့ပေါ့
ဒါပေမယ့် နတ်သားလေးက နတ်သမီးလေးကိုချစ်တယ် အရမ်းချစ်တယ် ရှေးဘဝက ရေစက်ဖူးစာကြောင့်ဆိုတာကို သူယုံတယ် ...
သူတို့ဟာ အများသူငါတွေအလည်မှာ စံပြချစ်သူတွေလို အရမ်းချစ်ကြတယ် ။
သည်လိုနဲ့ နတ်သက်ကြွေခါနီးမှာ နတ်သားလေးက ရှေးဘဝတွေက သူတို့အဖြစ်တွေကို ပြန်သတိရတာကြောင့်
နတ်သမီးလေးမသိအောင် နတ်မင်းကြီးဆီသွားတယ် ။
သူတို့ နတ်သက်ကြွေတဲ့အခါ နတ်သမီးလေးဟာ လူ့ပြည်မှာဘယ်လိုပုံစံဖြစ်မလဲ ကြည့်ခွင့်တောင်းတယ် ...
နတ်မင်းက ခွင့်မပြုဘူး .. နတ်သားလေးက သူတို့သစ္စာတွေကိုပြောပြတဲ့အခါ နတ်မင်းကြီးလည်း သူတို့အချစ်ကိုလေးစားသွားတာကြောင့်
ကြည့်ခွင့်ပေးလိုက်တယ် ...
နတ်သမီးလေးက အရမ်းရုပ်ဆိုးပြီးဆင်းရဲတဲ့ သာမာန်လူသားတစ်ဦးအဖြစ်နဲ့မြင်ပြီး
နတ်သားလေးကကျတော့ အရမ်းချောမောလှပပြီး ပညာတတ် လူချစ်လူခင်ဝိုင်းဝိုင်းလည်နေမယ်ပေါ့ ။
နတ်သားလေးက နတ်သမီးလေးရဲ့ဆိုးကျိုးတွေကို သူယူပြီး
နတ်သမီးလေးကို သူရဲ့ကောင်းချင်းတွေအကုန်ရစေချင်တယ်
ဘဝချင်းလဲပေးပါလို့ဆိုတော့ ...
နတ်မင်းကလည်း ဒါဟာ သဘာဝမကျလို့ မဖြစ်နိုင်ကြောင်းငြင်းတယ်
နတ်သားလေးကလည်း အတင်းတောင်းဆိုတယ်
နောက်ဆုံးတော့ နတ်မင်းကြီးကသေချာမေးတယ်
" မင်းဟာ အင်မတန်ဆင်းရဲရုပ်ဆိုးပြီး လူလောကရဲ့ လောကဓံတွေကို အများကြီးခံရမှာနော် ... သေချာစဉ်းစား
မင်းတို့ ဖြတ်သန်းခဲ့တဲ့ ဘဝတွေထက် လူ့ဘဝရဲ့အခက်အခဲတွေက ပိုဆိုးတယ် ပိုများတယ် ပိုကြမ်းတမ်းမယ်နော် "
" ကျွန်တော်အခုလိုကြားလိုက်ရလို့ ပိုပြီးတောင်ဆုံးဖြတ်ချက်ခိုင်မာလာပါသေးတယ်
ကျွန်တော့်ချစ်သူကို သည်လိုအခက်အခဲတွေနဲ့ သည်လိုဒုက္ခတွေခံစားနေတာကို သိသိလျက်နဲ့ ကျွန်တော်ရွှေဘုံပေါ် မနေနိုင်ဘူး နတ်မင်းကြီး ... "
" အဲလိုပြောင်းလိုက်ရင် ဆိုးကျိုးအနေနဲ့ မင်းကိုသူက ချစ်ချင်မှချစ်လိမ့်မယ်နော်
တချို့သစ္စာတွေဟာ လူပြည်မှာ အရာမထင်တတ်ဘူး
တော်တော်လေးနက်နက်နဲနဲ ချစ်သူတွေမှ ဖူးစာကပြန်ပေါ်တတ်တာ "
" ကျွန်တော့်ကို မချစ်လည်း ကိစ္စမရှိပါဘူး နတ်မင်းကြီး
သူအခက်အခဲတွေနဲ့ ရုပ်ဆိုးဆိုးဘဝကြီးကိုတော့ မဖြတ်သန်းစေချင်ဘူး
သူ့ဒုက္ခနဲ့ဆိုးကျိုးတွေ ကျွန်တော်ပဲယူပါရစေ " လို့အတင်းပြောဆိုမှ
နတ်မင်းကြီးလည်း လက်ခံပြီးပြောင်းပေးလိုက်တယ် ။
သည်အဖြစ်ကို နတ်သမီးလေးသိသွားတယ်
နတ်မင်းကပြောင်းပြီးသား သူတို့လည်းနတ်သက်ကြွေခါနီးဆိုတော့ အချိန်မမှီတော့ဘူး
အဲလိုနဲ့ နတ်သက်ကြွေခါနီး အတူတူလက်တွဲပြီး နတ်သားလေးကို စကားတစ်ခွန်းမှာတယ် ...
" အကယ်၍ လူပြည်ရောက်လို့ ငါမမှတ်မိတဲ့အခါ
နင်က မဖြစ်မနေ ငါ့ကို တို့အဖြစ်အပျက်တွေ အစအဆုံး မရရအောင် လိုက်ပြောပြပေးပါနော် ...
မဖြစ်မနေ လိုက်ပြောပြပေးပါနော် ... "
#####
သည်လိုနဲ့ သူတို့ဟာ လူပြည်မှာ လူအဖြစ်ဝင်စားကြတယ် ကောင်မလေး ...
သူတို့ဟာ တခြားသူတွေတော့မဟုတ်ပါဘူး နင်နဲ့ငါပါပဲ
နင်ငါ့ကိုပြန်ချစ်စရာမလိုပါဘူး ...
နင်မှာခဲ့တဲ့ စကားလေးကို ပြောဖြစ်အောင် ပြောပေးပါဆိုလို့
ငါလာပြောပြတာပါ ။ "
ကောင်မလေးလည်း ကောင်လေးကိုကြည့်ရင်း ရုပ်ဆိုးတာတွေပျောက်ပြီး ချစ်စိတ်ဖြစ်လာတယ်
ကောင်လေးအကြည့်တွေနဲ့ စကားလုံးတွေကို နှစ်သက်စွဲလမ်းပြီး အရမ်းချစ်မိသွားတယ် ။
ကောင်လေးကို ချစ်တယ်လို့အဖြေပြန်ပေးပြီး
သက်ဆုံးတိုင် အတူတူသစ္စာရှိရှိနေထိုင်သွားကြတယ် ... ။
Credit…Original Writer


Post a Comment