✏သက်ရောက်လေသော ဝဋ်ကြွေး✏
(၁)
မွေးခါနီးဖို့ လူကမသက်သာ၊ မိခင်မေတ္တာအဟုန်ဖြင့်
ဒီအတောအတွင်း စိတ်ပင်ပန်းခဲ့သမျှာကို မလှမူ
ဖြတ်ကျော်နိုင်ခဲ့သည်၊၊ အော် ဒီအချိန်ဆိုရင်သွေးလေးရဲ့
အဖေပျော်မြူးနေပါလိမ့်မည်၊၊ နှစ်လရှည်များဆိုးအတူ
ကောင်းဖက်မျှဝေပေးခဲ့တဲ့ မိန်းမကို မချစ်တော့ဘူး
အကြောင်းပြချက်လေးနှင့်တစ်မြို့ တစ်ရွာထွက်ခွာ
သွားခဲ့ပြီ၊၊ ညီမအငယ်မိသားစုကောင်းမူကြောင့်သာ
မလှမူရင်သွေးလေးကို မွေးဖွားဖို့အဆင်ပြေတော့သည်၊၊
"" အမ အဝတ်တွေဘာလို့လျှော်ထားတာလဲ။ မွေးခါနီး
တစ်ခုခုဖြစ်သွားမှဖြင့် စိတ်ညစ်ပါတယ်နော်""
""ငါ မနေတတ်လို့ပါ""
"" ငါမရီးကတော့ စံပဲ သေချာတယ်မွေးလာမယ့်
ကောင်ကတော့ အဖေလိုလက်ကြောမတင်း မဟုတ်
လောက်ဘူးကွ။ ရင်မေ ကြီးကြီးကို ပြစ်မထားနဲ့""
"" စိတ်ချပါအဖေရာ ခုအဝတ်လျှော်တာလဲ သမီးရွာ
အလယ်ပိုင်းသွားတုန်းလျှော်တာ""
"" ဒါနဲ့ကြီးကြီးကိုအဆူခံရအောင် တိုင်တယ်ပေါ့""
"" စိုးရိမ်လို့ ပြောတာပါကြီးကြီးကလည်း""
မလှမူသူအားလာဖတ်သော တူမလေးကိုပြန်ဖတ်ထား
လိုက်သည်၊၊ မတ်ဖြစ်သူပြောသလိုပင် ယောက်ကျား
လေးများ မွေးလာခဲ့ရင် အဖေလိုလက်ကြောမတင်း
စိတ်မငြိမ်သောသူ မဖြစ်ဖို့ဆုတောင်းနေမိ၏၊၊
မလှမူတို့နေသောအရပ်က ပျဉ်မရွာ၊၊
° ° ° ° ° ° ° ° ° ° ° °
(၂)
ပိတောက်တောဆိုတဲ့ ရွာလေးမှာလည်း အစွန်းရောက်
မနာလိုဝန်တိုခြင်းများနှင့်ပူလောင်နေသောမိန်းမ
တစ်ယောက်၊၊ သူနာမည်က မာယာ၊ ကွယ်ရာမှာ
လူအများကနတ်ဆိုးမဟုခေါ်ကြလေသည်၊၊ ခေါ်ရတဲ့
အကြောင်းကလည်းရှိသည်၊၊ မာယာမွေးကတည်းက
မိဘနှစ်ပါးလည်းဆုံး၊ ပတ်ဝန်းကျင်ကိုစကားပြောတတ်
ကတည်းက အမျိုးမျိုးဒုက္ခပေးလေသည်၊၊ ပြန်လည်း
မပြောရဲ ကျိန်တိုင်းထိသောကြောင့်
သူကျိန်မှာကြောက်တာအပြင် သူအဘိုး
ရွာသူဌေးကြီး၏ရန်ကလည်းကြောက်ရသေးသည်၊၊
တစ်ရွာလုံးကလည်း မာယာအဘိုးနဲ့ငွေရေးကြေးရေး
မကင်းနိုင်ကြသောကြောင့်သာ၊ ဘူပိတ်မှာဆိုး၍
တောင်းပန်အောက်ကျို့ ၍ ဆက်ဆံကြရသည်၊၊
"" မာလေး သနပ်ခါးသွေးပြီးပြီ။ ကိုကြီးကိုယ်တိုင်
လိမ်းပေးရမလားဟင်""
"" ဘာသနပ်ခါးမှ လိမ်းချင်စိတ်မရှိဘူး""
"" သနပ်ခါးမလိမ်းလည်း မာလေးကလှပြီးသားပါ။
မလိမ်းချင်တဲ့အကြောင်းက ဘာများလဲကွယ်""
"" ရှင်မယားကြီးကလေးမွေးတော့မယ်
အဲ့ ကလေးကိုသတ်ပစ်ချင်တယ်""
"" ဟင် ""
"" ဘာလည်း အံ့သြသွားလား၊ ရှင်မလုပ်ပေးနိုင်ဘူးပေါ့
ကျွန်မမြင်နေတယ်။ နုပျို မူတွေမရှိတော့တာနဲ့ ကလေး
သံယောဇဉ်နဲ့ရှင်မယားစီပြန်သွားမှာကို""
ကိုထွန်းခန့်ခေါင်းကုပ်နေလေ၏၊၊ ခက်သည် အချစ်ကြီး
လို့အမျက်ကြီးတာလား၊၊ မာလေးသည်ကလေးမရနိုင်
သောကြောင့် ရွာထဲက ကလေးများကိုချီရင်တောင်
မကြိုက်၊၊ သဝန်တိုစိတ်များက အရိုးထဲထိဖုံးလွှမ်းနေ
သည်၊၊ ခုလည်းသူသွေးသားမွေးခါနီးမို့ မကောင်းတဲ့
အတွေးများဖြင့် ပူလောင်နေပြန်ပြီ၊၊ အမှန်ပြောရရင်
မလှမူကိုစိတ်ကုန်ပေမယ့် မွေးလာမည့်ကလေးကိုတော့
မမြင်ရသေးပဲ ဖခင်စိတ်ဖြင့်ကြည်နူးကာချစ်မိသည်၊၊
"" ကိုကြီး မာလေးပြောနေတာ မကြားဘူးလားကွာ""
ချွဲ့ နွဲ့ပြောသော မာလေးစကားအဆုံးမှာ ကိုထွန်းခန့်
ဖခင်ပီသချင်စိတ်များ အရည်ပျော်သွားခဲ့သည်၊၊ ချစ်ဇနီး
ကိုရင်ခွင်ထဲဆွဲဖတ်၍ ပါးများကိုတရှုံရှုံနမ်းကာ ပလီပလာ
ပြောနေပါတော့သည်၊၊ ဒီအမိုက်မှောင်ကြောင့်လည်း
မိသားစုတစ်ခုကို လွယ်ကူစွာဖြိုဖျက်ခဲ့တဲ့ အမိုက်သား
နှစ်ဦး ဘယ်အထိများ ဆက်မိုက်ကြပမလဲ၊၊
° ° ° ° ° ° ° ° ° ° ° °
(၃)
"" မွေးပြီဟေ့ မွေးပြီယောက်ကျားလေးဟ""
လက်သည်အဒေါ်ကြီး၏ စကားအဆုံးမလှမူဝမ်းသာ
သွားသည့်မှာ ပြောမပြတတ်လောက်အောင်ပင်၊၊ ညီမ
ဖြစ်သူကလည်း ဘေးနေလက်လေးဆုပ်၍
အားပေးနေရှာသည်၊၊ တူမနဲ့မတ်ကတော့ အော်ဟစ်
ခုန်ပေါက်နေတာ အခန်းထဲကပင်အတိုင်းသားကြားရ
လေသည်၊၊ ကိုစိမ်းကားကြီးထွန်းခန့် လှမူဘဝမှာရှင်
သေသွားပြီ၊၊ သားလေးကြောင့် မလှမူမျှော်လင့်ချက်တွေ
ပြန်ရှင်သန်လာခဲ့လေသည်၊၊
ရွာကိုအလည်လာသော ပျဉ်မရွာသာရဲ့သတင်းပေးမူ
ကြောင့် သူသားတစ်ယောက်ရပြီဆိုတော့ပြောမပြ
တတ်အောင်ဝမ်းသာသွားလေသည်၊၊ မာလေးပါဘေးမှာ
ရှိနေသဖြင့် သူပါ သိသွားရသည်၊၊ အတန်ငယ်ငြိမ်နေ
သောမာလေးကြောင့် ကိုထွန်းခန့်လှုပ်တောင်မလှုပ်ရဲ၊၊
"" ကိုကြီး""
"" ဗျာ မာလေးပြောလေ""
"" တတယ်တမ်းမာလေးမှားပါတယ်... ကိုကြီးကလေး
မွေးလာမှ ကိုကြီးသွေးသားပဲဆိုပြီး မာလေးမိခင်စိတ်
ဝင်လာတာ... သားလေးကိုမာလေးချစ်တယ်""
"" သဘောထား ပြည့်ဝလိုက်တာမာလေးရယ်""
ပြောင်းလဲသွားသော ချစ်ဇနီးကြောင့်ကိုထွန်းခန့် အရမ်း
စိတ်ချမ်းသာသွားသည်၊၊ အခြေအနေပေးရင် ကလေးကို မလှမူစီက ပြန်တောင်းရမည်၊၊ အတွေးနဲ့တင် ကျေနပ်
နေမိသည်၊၊ အဖေရအောင်ခေါ်မယ် သားရေ၊၊
"" ဟဲ့ ရင်မေသားလေးပြုတ်ကျသွားမှ""
"" အဖေချီချင်တိုင်း ဥာဏ်မများနဲ့နော်... မောင်လေးက
သမီးအပေါ်မှနေတာ ဟုတ်တယ်မလား ကြီးကြီးနဲ့အမေ""
"" ဟုတ်ပရှင် ဟုတ်ပရှင်""
မချီတတ်ချီနေသော တူမချောကြောင့် မလှမူသုံးယောက်
ရယ်မောနေကြရသည်၊၊ သားလေးက ကိုထွန်းခန့်
တူတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ရုပ်လေးထွက်လာ
သည်၊၊ တစ်မိသားစုလုံး လက်ပေါ်ကကို မချချင်ကြပါ၊၊
"" ကိုကြီး ဒီမှာကြည့်""
"" ဟာ ဆွဲကြိုးလေးပါလား""
"" ဒါက သားအတွက်လေ ပျဉ်မရွာကိုလူကြုံနဲ့ထည့်ပေး
လိုက်မယ်၊၊ ကိုကြီးစာလေးဘာလေးရေးထား စာနဲ့
လက်စွပ်ကို ထည့်ပေးရအောင်""
"" မာလေးရယ် ကိုကြီးအားနာလိုက်တာ၊၊ စိတ်ချမာလေး
ကို သေတောင်မခွဲနိုင်ဘူး။ သားလေးကိုသာကိုကြီးတို့စီ
ခေါ်လာနိုင်ဖို့ အမြန်ကြိုးစားရမယ်""
"" သားကဒီရောက်လာရင် မြလေးအတိုင်းမထက်
ဝမ်းသာမိမှာပါ၊၊ အတွေးနဲ့တောင်ပျော်လိုက်တာ""
```နင်ကလေးကို ခေါ်ထားဖို့မပြောနဲ့သေအောင်ကို
သတ်ပစ်မှာ ဟင်းး ဟင်းး ငါလိုမိန်းမမျိုးက အချစ်ဆိုတဲ့
အရာကို ငါတစ်ယောက်တည်းပိုင်ရမှ ကျေနပ်တာကို
နင်မသိတာ နင်သိပ်ညံ့တာပဲ ´´´
စိတ်ထဲကနေ မာယာကြုံးဝါးနေလေသည်၊၊ ကိုထွန်းခန့်
တစ်ယောက်မှာတော့ နားလည်မူပေးသော ချစ်ဇနီးလေး
ကြောင့် ပီတိအပြုံးများဖြင့် ပျော်ရွှင်နေလေသည်၊၊
"" မလှမူ ပိတောက်တောရွာက လူကြုံထည့်ပေးလိုက်
တယ်... ဒီမှာထားခဲ့လိုက်မယ်နော်""
"" ဟဲ့ ဝင်းသန့် အကျိုးအကြောင်းလည်း
ပြောမသွားဘူး။ တမ်းထွက်သွားတယ်""
ရွာထဲကကောင်လေးပေးသွားသော ပစ္စည်းထုပ်ကို
ဖွင့်ကြည့်လိုက်သည်၊၊ ဘူးလေးတစ်ဘူးနှင့်စာတစ်စောင်
ပါလား၊၊ ဘူးကိုဖွင့်လိုက်သောအခါ ချစ်ဖွယ်ကောင်းသော
ကလေးဆွဲကြိုးလေးကို တွေ့ရသည်၊၊ ဘယ်ကများလူကြုံ
နဲ့ထည့်ပေးတာပါလိမ့်ဟု တွေးရင်းစာကိုဖတ်လိုက်လေသည်၊၊
"" ကိုထွန်းခန့် ဟား ဟား ဟား အဖေပီသချင်တယ်""
စာထဲတွင် သားလေးကိုအရမ်းတွေ့ချင်ကြောင်း ခုလို
မွေးခဲ့ပေးလို့ မလှမူကိုကျေးဇူးလဲတင် သူကိုခွင့်လွှတ်
ပေးဖို့ပါတောင်းပန်လေသည်၊၊ ဆွဲကြိုးလေးအား ကလေး
ကိုသေချာဆွဲပေးဖို့ပါ တောင်းဆိုထား၏၊၊ စာအဆုံးက
တော့ သူအဖေပီသဖို့ကြုံကြိုက်ရင် အခွင့်အရေးပေးဖို့
အရှက်မရှိတဖွဲ့တနွဲ့ရေးထားပြန်သည်၊၊ ဒါကြောင့်လည်း
စာကိုဖတ်ပြီး မလှမူရယ်မိခြင်းဖြစ်သည်၊၊ သားလေးကို
သူရင်ခွင်ထဲကများ ခွဲထုတ်ဖို့ကြံနေကြတာလား၊၊အတွေး
နဲ့တင်ပူလောင်လွန်းလှသဖြင့် နို့ချို အငမ်းမရစို့နေသော
သားလေးကို တင်းကြပ်စွာဖတ်ထားလိုက်သည်၊၊
° ° ° ° ° ° ° ° ° ° ° °
(၄)
ခန္ဓာကိုယ်ကိုဟိုဘက်ဒီဘက်စောင်း၍ ရင်မေငုပ်တုပ်
ထထိုင်လိုက်သည်၊၊ ရွာထဲမှခွေးများ ဟောင်သံတစ်ချက်
တစ်ချက် ကြားနေရသည်၊၊ အပေါ့သွားချင်လာသဖြင့်
ခြေသံဖော့ဖော့နင်း၍ အိမ်အောက်ဆင်းဖို့လှမ်းလာခဲ့၏၊၊
ညည်းသံလိုလိုကြားလိုက်မိတယ် ထင်သဖြင့်အသာ
ရပ်ကာနားစွန့်နေမိသည်၊၊ ကြီးကြီးတို့သားအမိအခန်း
ဘက်ကမို့ အခန်းထဲကိုခေါင်းပြူ ကြည့်နေစဉ် နှစ်လ
သားမောင်ငယ်လေးမှာ လည်ပင်းကနေမဲမဲအငွေ့များ
ထွက်နေသည်၊၊ ကြီးကြီးမှာ ညပိုင်းအိပ်တာနောက်ကျ
သောကြောင့် နှစ်ခြိုက်စွာအိပ်မောကျနေပုံပင်၊၊
"" အောင်မယ်လေး အဖေနဲ့အမေလာပါအုံး""
ရင်မေအော်သံကြောင့် လင်မယားနှစ်ယောက်သား
အခန်းထဲက ပြေး၍ထွက်လာကြသည်၊၊
"" ဘာဖြစ်တာလဲ သမီး ""
"" သူခိုးဝင်လို့လား""
မျက်ရည်များကျကာ အမဖြစ်သူအခန်းထဲကို လက်ညိုး
ထိုးပြနေသော သမီးကြောင့်မြမူထိတ်လန့်သွားသည်၊၊
စိုးရိမ်စိတ်များဖြင့် အခန်းထဲကိုဝင်သွားလိုက်၏၊၊
နောက်ကနေ သမီးနဲ့ယောက်ကျားပါကပ်လိုက်လာသည်။
"" လုပ်ပါအုံး ယောက်ကျားရေ... သားလေး တစ်ကိုယ်လုံး
မဲပြာနေပါလား။ ချီလို့လည်းမရဘူး ပူလွန်းလို့""
"" အရင်ဆုံး မရီးကိုဒီဘက်ဆွဲလိုက်""
သတိလစ်နေသော အမကိုလင်မယားနှစ်ယောက် သတိ
ပြန်လည်လာအောင် ပြုစုပေးလေသည်၊၊ ညည်းညူ သံနဲ့
အတူ အမပြန်သတိလည်လာခဲ့သည်၊၊
"" သားလေးရော သားဘယ်လိုဖြစ်ရတာလဲ အား
ပူလိုက်တာ မီးလိုပါပဲလား။ လုပ်ကြပါအုံး ငါသားကို ""
"" အမ စိတ်ထိန်းပါအုံး သားအသက်မရှိလောက်တော့
ဘူး။ ဒါအောက်လမ်းနဲ့လုပ်တာဖြစ်မယ် ရင်မေ ဘုရား
စင်ကပရိတ်ရေသွားယူ မောင်လေးလောင်းရအောင်""
မလှမူသားကိုကြည့်ကာ တရှုံ့ရှုံ့ဖြင့်ငိုနေရှာသည်၊၊ ရင်မေ
ယူလာသော ပရိတ်ရေဖြင့်ကလေးတစ်ကိုယ်လုံးကို
လောင်းလိုက်တော့သည်၊၊ တစ်အိမ်လုံးတုန်ခါသွားကာ
နာကျင်အော်ဟစ်သွားသော အသံနက်ကြီးဖြင့်အော်သံ
ကို ကြက်သီးထဖွယ်ကြားလိုက်ရလေသည်၊၊
""ဟင်""
""ဟာ""
အာမေဍိတ်သံ ကိုယ်စီထွက်လာသည်၊၊ မျက်လုံးပြူးကာ
အသက်မဲ့နေသော သား၏အလောင်း လည်ပင်းမှာ
အဝတ်ညစ်ညစ်များ ကြိုးတစ်ခုလိုပတ်လျက်၊ ဒါဆိုခုန
မြမူပြောသလိုဆိုရင် ကိုထွန်းခန့်ပေးတဲ့ဆွဲကြိုးက
အောက်လမ်းနဲ့စီရင်ထားတဲ့ ဆွဲကြိုးပါလား၊၊
မကောင်းတဲ့ အဝတ်စကြီးကိုဆွဲကြိုးအထင်နဲ့ ငါ
ကိုယ်တိုင်ဆွဲပေးမိတာ၊၊
"" အဟင့် အဟင့် လုပ်ရက်လိုက်တာ ကိုထွန်းခန့်ရယ်""
"" အမ ဘာပြောတာလဲ""
"" ကိုထွန်းခန့်ကသားဖို့ လူကြုံနဲ့ရွှေဆွဲကြိုးထည့်ပေး
တယ်။ အမလည်းဆွဲကြိုးလေးကိုသားကိုဆွဲပေးထား
လိုက်တာ။ ခုကြမကောင်းတဲ့အစီအရင်တွေနဲ့ဆွဲကြိုးက
သားကိုငါစီကနေ ဆွဲခေါ်သွားခဲ့ပြီ""
ဝမ်းနည်းစွာငိုကြွေးနေသော မလှမူကိုကြည့်၍ ကျန်တဲ့
သူများပါလိုက်၍ ငိုကြွေးကြလေသည်။ အေးချမ်းနေသော
မိသားစုကမ္ဘာလေးကို သူတို့မို့လုပ်ရက်ကြသည်၊၊
"" တောက်... အဖေမတန်ပဲ မယားစိတ်မွှန်ပြီး သားကို
သတ်တဲ့ကောင် ငါပြန်သတ်မယ်""
ဓားဆွဲကာ သွားသတ်မယ့်ဟန်ပြင်နေသော မတ်ဖြစ်သူ
ကို ဝိုင်း၍ချူ ပ်ထားရသည်၊၊ မလှမူသူကြောင့် ညီမမိသား
စုကိုပါ မထိခိုက်စေချင်ပါ၊၊ သားလေးမရှိတော့ဘူး ဆိုတဲ့
အသိက စိတ်လွတ်ကာ ရူးနှမ်းသွားချင်လောက်သည်၊၊
"" ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့
သားရယ်.... အမေမကယ်ခဲ့နိုင်တာ ခွင့်လွှတ်ပါ""
° ° ° ° ° ° ° ° ° ° ° °
(၅)
သားအလောင်းမြေမြုပ်ပြီးတာဖြင့် မလှမူညီမနဲ့တူမကို
တွဲ၍ အိမ်ကိုပြန်လာခဲ့သည်၊၊ သူမစိတ်ဆင်းရမှာဆိုး
သဖြင့် ကိုထွန်းခန့်ကိုလည်း သွား၍ရန်မလုပ်ကြပါ၊၊
နောက်ဆုံးမလှမူအားကိုးရာ ရတနာသုံးပါးသာရှိတော့
သည်၊၊ ရွာကျောင်းက ဘုန်းဘုန်းဘုရားထံ မလှမူတရား
များ သွားနာယူလေသည်၊၊ မေတ္တာသုတ်လေးအချိန်တိုင်း
ပွား၍ အမုန်းစိတ်များလျော့ပါးကာ မေတ္တာထားတတ်
လေပြီ၊၊ ကံကြမ္မာမကောင်းသောကြောင့် အကြွေးကြေ
အောင် ဆပ်ရတယ်လို့ပဲ ဖြစ်သမျှကို သဘောထားလိုက် သည်၊၊ အတိတ်အကြွေးသာ မြန်မြန်ကုန်ပါစေတော့၊၊
"" မမာယာ သူဋ္ဌေးကြီးအကြွေးပေးရမယ့်လူ ကျန်သေး
တယ်။ တော်ကြာတိုင်နေမှ အရှက်ကွဲမယ်""
"" ဘာ... ဒါတောင်ကျန်သေးတယ်ဟုတ်လား
ငါသာ သိမ်းသွားတော့ဟေ့""
မာယာတစ်ယောက် စိတ်ညစ်ကာစိတ်ဓာတ်ကျနေသည်။
အဘိုးဖြစ်သူဦးနှောက်သွေးကြောပြတ်ကာ ဆုံးချင်းချင်း
အကြွေးရှင်များလိုက်လာကြသည်၊၊ ရွာထဲအကြွေး
ရမယ့်သူများကလည်း အကုန်လာရောက်ပေးကြသည်၊၊
ဒါတောင်အဘိုးအကြွေးက မကျေဘူးဆိုတော့ ခြံတစ်
ဝက်ခွဲ၍ရောင်းရပါတော့မည်၊၊ လောင်းကစားမတ်သော
အဘိုးကြောင့် ဆင်းရဲသောဘဝသို့ ရောက်တော့မှာပါလား။
"" မာယာ မိန်းမယုတ် နင် အဲ့လောက်လုပ်ရက်တယ်""
"" ရှင် ဘယ်သွားနေတာလဲ။ ကျွန်မကိုဘယ်လိုခေါ်လိုက်
တာတုန်း အကြွေးတွေကြောင့် ဘဝပျက်မလိုဖြစ်မှ
ရှင် လစ်ပြေးတော့မလို့လား""
"" မင်း အဲ့လိုတစ်ဖတ်သတ်ဆန်တဲ့ အတွေးအခေါ်ကြောင့်
ငါသားလေးသေရတာ မင်းကမိန်းမယုတ်ဘဲ""
"" သေသင့်လို့ သေအောင်စီရင်တာ လျှာမရှည်နဲ့""
"" မရှည်လို့ရမလား ငါကသူအဖေကွ။ သားကိုသေမယ့်
ပစ္စည်းကိုငါကိုယ်တိုင်ပေးရတယ်လို့ သားသေတာ
တောင်မသိပဲ မိန်းမယုတ်ကိုတယုတယတန်ဖိုးထား
ချစ်ခင်နေမိတာ ငါအိမ်ပေါ်ကဆင်းမယ်""
"" ရှင် သွားရဲသွားကြည့် ကျွန်မကိုယ်ကျွန်မသတ်သေမှာ""
ဓားလည်ပင်းထောက်ထားသော မာလေးကြောင့် သူစိတ်
များလျော့ချလိုက်သည်၊၊ တတယ်ဆိုမာလေးကို ချစ်နေဆဲ
ပါ၊၊ သားကြောင့် စိတ်နာနေခြင်းသာ၊၊ တောက်ခေါက်၍
အိပ်ယာထဲဝင်လှဲနေလိုက်သည်၊၊
```ကိုထွန်းခန့်ရှင်ကျွန်မစီက ခုမထွက်သွားလည်း
နောက်ထွက်သွားမှာပါ ရှင်ကို ပေးမလွှတ်ဘူး´´´
အိပ်ဆေးတန်ခိုးဖြင့် အိပ်မောကျနေသော ကိုထွန်းခန့်
နှလုံးတည့်တည့်ကို ဓားနှင့်ချိန်ထိုးလိုက်သည်၊၊ သေသွား
တာနဲ့ဝိညာဉ်ကိုချူ ပ်ထားလိုက်ယုံပင်၊၊
်
"" ဟီး ဟီး ငါအနားကထွက်သွားလို့မရတော့ဘူး""
ထိုစဉ်မှာပင် သူလည်ပင်းအား မှင်စာလေးတစ်ကောင်
လာခွသည်၊၊ ဘေးသို့ကိုင်ပေါက်ပစ်လိုက်သည်၊၊
"" ဟာ ... မင်းရောက်လာပြီလား ဒီမှင်စာစုတ်ကို
ငါနဲ့ဝေးရာခေါ်သွားစမ်း""
"" ဝိုး ဝိုး ဟား ဟား သူများကံကြမ္မာစီရင်ချင်မနေနဲ့
နင်ကိုယ့်နင်ပြန်ကြည့်အုံး ဟီး ဟီး ဟီး""
"" အောင်မယ် ငါမွေးထားတဲ့သဘက်က ဘာစကား
ပြောတာလဲ ထပ်သေအောင်လုပ်လိုက်ရလို့""
"" ကြောက်မယ်မထင်နဲ့ နင်အစွမ်းတွေမရှိတော့ဘူး။
ဒီမှင်စာလေးက နင်ကြောင့်ငါသတ်ခဲ့တဲ့ဟိုလူရဲ့ကလေး
သူမိခင်ပို့သတဲ့ မေတ္တာကြောင့်ငါမှားမှန်းသိပြီ၊၊
ခုနင်ကိုနာကျင်မူတွေ ခံစားစေရမယ်""
"" ငါ အမိန့်ရပ်စမ်း""
တဖြည်းဖြည်းတိုးတက်လာသော သဘက်ကြီးကြောင့်
မာယာဒူးတွေတုန်လာရသည်၊၊ အနားမှာလည်း ခုခံ
စရာအင်းများမရှိ နှုတ်အစွမ်းများလည်း ပျောက်ဆုံး
ကုန်သည်၊၊ နာက်ဆုံးကျည်ဆံအနေနဲ့ မာယာထွက်ပြေး
ထွက်ပြေးဖို့ကြိုးစားလေသည်၊၊
"" ဒီလို ပြေးလို့ရမလားကဲဟာ ကဲဟာ သေစမ်း'"
သဘက်ကြီး လက်ဖဝါးကြီးများဖြင့် မာယာအားစွေ့
ကတည်းပွေ့ကာ မျက်လုံးများနှစ်လုံးကိုအရင်ဖောက်
ထုတ်လိုက်သည်၊၊ သွေးစိမ်းရှင်ရှင် ထွက်ကာအော်ဟစ်
နေသော မာယာတစ်ယောက်မှာသဘက်ကြီးနှလုံးကို
ဖောက်ယူစားသောက် ချိန်မှာတော့ဇီဝိန်ချူ ပ်ငြိမ်းသွား
ခဲ့လေသည်၊၊ နောက်ဆုံးတစ်ယောက် ကိုထွန်းတင့်အား
လက်သည်းများနှင့်ကုတ်မယ့်ဟန်ပြင်သောအခါ လက်
သေးသေးလေးက ဖမ်းချူ ပ်ထားလိုက်သည်၊၊ ခေါင်း
ယမ်းပြနေသော မှင်စာလေးကြောင့် အန္တရာယ်မပြုပဲ
လွှတ်ပေးလိုက်သည်၊၊ ဘဝကူးဖို့ကိုနှစ်ယောက်သား
အမှုံအမွှားအသွင်ဖြင့် လေနဲ့အတူလွှင့်လာခဲ့တော့သည်၊၊
"" ဟေးး ဟေးး အကုန်လုံးရူးကြတာ ကျူ ပ်ကတော့
မယားတရူးပဲ အရူးတကအရူးထဲမှာ အဆိုးဆုံးပေါ့ဗျာ
ပတ် ဗေ ဗေ ချိ ဟေး လား မျောက်ကြီးကမယ်ဟေ့
ငါဗိုက်ဆာလို့ ထမင်းလေးကျွေးကြပါဟာ""
သနားသောသူများ ကျွေးသောထမင်းထုတ်ကို စားနေ
သော အရူးကြီးတစ်ယောက်၊၊ ထိုအရူးကြီးကတော့
အိပ်ယာက နိုးလာစဉ်မာယာပုံစုံကိုမြင်ပြီး စိတ်မထိန်း
နိုင်ပဲရူးသွားသော ကိုထွန်းခန့်သာဖြစ်၏၊၊ မလှမူက
တော့ သာသနာအကျိုးသယ်ပိုးကာ၊ တရားဘာဝနာ
ပွားများအားထုတ်၍ အပူငြိမ်းသောယောဂီမကြီးအဖြစ်
ဘဝနေဝင်ချိန်အထိ တရားအားထုတ် နေပါတော့သည်၊၊
(ပြီးပါပြီ)
စာဖတ်သူများအား လေးစားကျေးဇူးတင်လျက်,
Admin ဇူးဇူးငယ် (ဆူးငှက်) #ခြောက်ခြားဖွယ်ရာ
ပရလောကဇာတ်လမ်းများစုစည်းမှု
copy ဘယ်စာအုပ်မှမကူးပါ၊၊ အခြားစာများကိုလည်း
မမှီငြမ်းထားပါ၊၊ ကျွန်တော်ကိုယ်ပိုင်အတွေးကို စာဖတ်
သူများအတွက်ကြိုးစားရေးထားပါသည်၊၊
Post a Comment