မိခင်မေတ္တာ
=======
တစ်ခါတုန်းက ရွာတစ်ရွာမှာ မိခင်ဖြစ်သူက သားလေးမွေးရင်းမီးတွင်းထဲမှာပဲဆုံးပါးသွားခဲ့ရှာပါတယ် လူမမယ်သားလေး မိတဆိုးလေးမို့ ဖခင်ဖြစ်သူခင်ဗျာ နို့ချိုတိုက်ကျွေးဖို့အခက်ကြုံလာပြီပေါ့ တိုက်ဆိုင်စွာပဲ အိမ်မှာမွေးထားတဲ့နွားမကြီးကလည်းနွားသားပေါက်လေးနဲ့မို့အဆင်သင့်စွာပဲမိတဆိုးသားလေးအတွက်နို့ချိုတိုက်ကျွေးရမဲ့ပြဿနာပြေလည်သွားပြီပေါ့
ဒီလိုနဲ့နွားမကြီးနဲ့သားလေးရဲ့သံယောဇဉ်ကြိုးလေးတွေခိုင်မြဲလာ
တော့၃နှစ်ကျော်ကျော်အရွယ်ရောက်လာတဲ့သားလေးကကိုယ်တိုင်ပဲနွားမကြီးရဲ့နို့ရည်ကိုသောက်စို့နိုင်ပြီပေါ့ မူကြိုအရွယ်သားလေးကျောင်းသွားရင်ညနေရောက်တိုင်းနွားမကြီးကကျောင်းရှေ့ကိုလာလာကြိုတယ် နွားမကြီးနဲ့သားလေးရဲ့သံယောဇဉ်တွေအဆက်ပြတ်မဲ့နေ့ရောက်လာခဲ့ပြီပေါ့ ညနေကျောင်းဆင်းချိန်နွားမကြီးရောက်မလာခဲ့ပါဘူး သားလေးခင်ဗျာနွားမကြီးကိုမျှော်ရင်းနဲ့အိမ်ပြန်ရောက်ခဲ့ပြီ ရောက်ရောက်ခြင်းပဲသားလေးကမေးပြီပေါ့နွားမကြီးဘယ်ရောက်သွားလည်းအဖေ မျက်နှာမကောင်းဖြစ်နေရှာတဲ့ဖခင်ကခုလိုပြန်ဖြေရှာပါတယ် သားလေးရဲ့နွားမကြီးရောင်းလိုက်ရပြီသားရယ် အိမ်ကစည်းပွားရေးမကောင်းတော့ လယ်တွေယာတွေစိုက်ပျိုးဖို့မျိုးကဝယ်ရအုံးမယ်စားဝတ်နေရေးအတွက်အဖေဒီနွားမကြီးကိုမရောင်းမဖြစ်တော့လို့အဖေရောင်းလိုက်ရတာပါသားရယ်တဲ့လေ ခိုင်းနွားတွေရောင်းလိုက်ရင်အဖေ့လက်မောင်းတွေဖြုတ်သလိုဖြစ်မှာမို့နောက်ဆုံးရွေးချယ်လိုက်ရခြင်းပါတဲ့ မိခင်တစ်ယောက်လိုတွယ်တာခဲ့တဲ့သားလေး ငိုကြွေးရုံမှတပါးအခြားမရှိဒီလိုနဲ့မစားမသောက်ပဲအိပ်ယာထဲလှဲခဲ့ပြီပေါ့ သားအဖြစ်ကိုမကြည့်ရက်မမြင်ရက်နဲ့ ၂ရက်လောက်သောနံနက်ခင်းမှာတော့အိမ်ရှေ့ကနွားအော်သံကြားရတော့ဖခင်ဖြစ်သူအိမ်တံခါးဖွင့်ကြည့်ချိန်မျှော်လင့်မထားတဲ့မြင်
ကွင်းသားဖြစ်သူကိုအိပ်ယာနိုးလို့ သားလေးထကြည့်စမ်းပါအုံးကွာအိမ်ရှေ့ကို သားဖြစ်သူမြင်လိုက်ရတဲ့မြင်ကွင်း ပျော်ရွှင်မဆုံးဖြစ်ရပြီပေါ့ ရောင်းလိုက်တဲ့နွားမကြီးအိမ်ရှေ့မှာဝယ်သွားသူကိုယ်တိုင်လက်ကဆွဲလို့ ဖခင်ဖြစ်သူကအကြိုးအကြောင်းမေးပါတော့တယ် ဝယ်သွားသူပြန်ပြောပြလိုက်တာက ဒီနွားမကြီးအိမ်ရောက်တဲ့နေ့ထဲကဘာမှလည်းကျွေးမရဘူးဗျာ မျက်ရည်တွေပဲကျနေတာမစားလည်းမစားဘူး အော်နေတာညတိုင်းပဲဒါနဲ့အကြောင်းရင်းသိရအောင်ဒီပြန်ခေါ်လာတာပဲတဲ့ဖခင်ဖြစ်သူကလည်းနွားမကြီးနဲ့သားလေးရဲ့အကြောင်းစုံရှင်းပြလိုက်တော့ ဇာတ်ရည်လည်သွားပါတော့တယ် ဝယ်သွားသူကလည်း ကျုပ်ဒီနွားမကြီးနဲ့ဒီသားလေးရဲ့သံယောဇဉ်ကိုမဖြတ်တော့ပါဘူးဗျာ ငွေလည်းပြန်မပေးပါတော့နဲ့ကျုပ်လှူပါတယ်မိခင်မရှိတော့တဲ့သား
လေးအတွက်မိခင်မေတ္တာစိတ်နဲ့နို့ချိုတိုက်ကျွေးခဲ့တဲ့ဒီနွားမကြီးနဲ့ဒီသားလေးဘဝရေဆက်ရှိသရွေ့နေထိုင်ပါစေတော့ဗျာ ဆိုပြီး ထားခဲ့ပါတော့တယ် တိရစ္ဆာန်ပင်ဖြစ်လင့်ကစား မျိုးမတူဘဝခြားပေမဲ့သံယောဇဉ်နှောင်ဖွဲ့မှု့တွေ မေတ္တာတရားထားတတ်မှု့တွေဟာ ကျွန်တော်တို့လူသားကပိုလို့တောင်ရှိသင့်ပါတယ် ကျင်လည်ရတဲ့လူ့ဘဝခဏလေးမှာ တစ်ဦးအပေါ်တစ်ဦးအပြန်လှန်နားလည်မှု့တွေစာနာမှု့တွေမေတ္တာတရားတွေလွှမ်းခြုံပါသောလူ့အသိုက်ဝန်းတခုကိုတည်ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီးသာယာအေးချမ်းသွားမှာအမှန်ပါပဲလေ
Credit Original
မိခင်မေတ္တာ
- on 9:58 PM
- No comments
Post a Comment