ရှင်‌တို့‌ယောကျား‌တွေရယ်‌ အပိုင်း ၃+အပိုင်း၎

"ရှင်တို့ ယောက်ျားတွေရယ်"

အပိုင်း(၃)+အပိုင်း၎

ကို နဲ့ ချစ်သူတွေဖြစ်ကာစ ....
အရမ်းကို ပျော်ရွှင်အေးချမ်းရတဲ့ ချစ်သူဘဝလေးကို နှစ်ယောက်သားအတူ ဖြတ်သန်းလာခဲ့ကြတာ အထေ့အငေါ့မရှိ။အမုန်းတွေ နာကျည်းမှုတွေမရှိ။အတ္တတွေ ဒေါသတွေမရှိ။အနိုင်ယူလိုမှုတွေ ဥပက္ခာတရားတွေမရှိ။တစ်ယောက်တစ်မြေဆီမှာပေမယ့် သစ္စာမပျက်ဘဲ တစ်ယောက်အပေါ်တစ်ယောက်နားလည်သော တွေ့ခွင့်မရှိ တစ်ယောက်မျက်နှာတစ်ယောက်မြင်ဖို့ခက်ခဲပေသော်ငြား တကယ်ကို ပကတိ ပကတိ ပျော်ရွှင်ခြင်းအတိပြီးသော နှစ်ယောက်တစ်ကမ္ဘာလေးကို ဖုန်းထဲက အလွမ်းပြေအနမ်းလေးတွေနဲ့ အတူ တည်ဆောက်ခဲ့ကြတယ်။
"ကို"
"ဟင်"
"ရွှန်းလဲ့တို့ က တစ်ယောက်တစ်မြေဆီမှာနော်"
"အင်းလေ ဘာဖြစ်လို့လဲ ချစ်ရဲ့"
"ရွှန်းလဲ့တို့ကို လူကြီးတွေကသဘောမတူကြရင်...ကိုယ်နောက်ဆုတ်သွားမှာလား"
"ဟာကွာ ဘာတွေပြောနေတာလဲ"
"အဲဒါဆို ဘယ်လိုလဲ ရှေ့ဆက်တိုးမှာလား နောက်ပြန်ဆုတ်ကြမလား"
"အင်းးးး......"
ကိုက စဉ်းစားဟန်ပြု ပြီးနောက် ရုတ်တရက်...
"ခိုးပြေးမယ်ကွာ"
"ဟမ်...အာ ...ကိုနော် မလိုက်ချင်ပါဘူး"
ရွှန်းလဲ့ အလန့်တကြားလေးပြောလိုက်လျှင် တစ်ဖက်မှကို့ရဲ့ ရယ်သံကို ဖုန်းထဲမှ အတိုင်းသားကြားလာရသည်။
"လူကြီးတွေသဘောမတူရင် ခိုးပြေးမယ်လို့ပြောတာပါ၊ အခုခိုးပြေးမယ်လို့ ကျွန်တော်မျိုး မပြောဝံ့ပါဘူးဗျာ"
"သိဘူးလေ၊ စကားကိုရှင်းရှင်းပြောပါ"
"ခု ဘေးမှာဘယ်သူရှိလဲ"
ကို့ရဲ့ မေးသံတိုးတိုးလေးကြောင့် ရွှန်းလဲ့ ဘေးဘီဝဲယာလှည့်ကြည့်လိုက်ရာ သူငယ်ချင်းတွေက ခပ်လှမ်းလှမ်းရောက်နေသည်မို့
"ဘယ်သူမှမရှိပါဘူး ကို၊ ဘာဖြစ်လို့လဲ"
"အာဘွားပေးဦး"
ကို့ ရဲ့ ပြောပုံလေးကို ရွှန်းလဲ့ ချစ်စနိုးဖြစ်သွားမိပြီး ခပ်တိုးတိုးရယ်လိုက်မိသည်။ထို့နောက် ဖုန်းလေးကို နူတ်ခမ်းနားကပ်ကာ
"အာဘွား"
ဖုန်းလေးဖြင့် တစ်ယောက်ကိုတစ်ယောက်မြတ်နိုးစွာအပြန်အလှန် အာဘွား ဟု ပြောဆိုနူတ်ဆက်ပြီး ဖုန်းချလိုက်ကြပေမယ့် ရွှန်းလဲ့ရင်ထဲမှာတော့ လှိုက်ဖိုနွေးထွေးနေဆဲ။တစ်ရက်ကို မနက်၊နေ့လည်၊ည ထိ သုံးကြိမ်ဖုန်းပြောဖြစ်ပေမယ့် အလွမ်းတွေကမပြေ။ကို့ ကို အချိန်နှင့်အမျှ အမြဲတမ်းတလွမ်းဆွတ်နေမိသည်မှာအမှန်ပင်။
"ချစ် အသံလေး မကြားရရင်ကို မနေနိုင်ဘူး၊အချိန်နဲ့အမျှ စက္ကန့်နဲ့အမျှ အမြဲသတိရနေမိတာ"
ကို့ စကားသံလေးတွေပြန်ကြားယောင်မိရင်း စာအုပ်ကြားထဲညှပ်ထားသော ကို့ ဓာတ်ပုံလေးကို ထုတ်ယူကာ မြတ်နိုးစွာနမ်းရှိုက်လိုက်မိသည်။ထို့ကြောင့် သူငယ်ချင်းတွေ၏ မျက်လုံးပြူးဖြင့်ဝိုင်းကြည့်ခြင်းကို ခံလိုက်ရကာ ထိုအကြည့်တွေကို ရှက်ပြုံးလေးဖြင့် တုန့်ပြန်လိုက်ရသည်။

ဆက်ရန်
နန်းဝတီမေ

"ရှင်တို့ ယောက်ကျားတွေရယ်"

အပိုင်း(၄)

လေပြည်ကြောင့် လှိုင်းလေးများထနေသော ကန်ရေပြင်ကိုငေးကြည့်ရင်း ရွှန်းလဲ့တစ်ယောက် ချစ်စု ၏ စကားသံများကိုပြန်ကြားယောင်နေမိသည်။
"ငါ့စိတ်ထင် သူ နင့်ကို တကယ်ချစ်တယ်လို့မထင်ဘူး ရွှန်းလဲ့"
"ဘာဖြစ်လို့လဲ...အေးလေ နင်တို့က ဘေးလူတွေပဲ ငါသူ့ကို ဘယ်လောက်ထိချစ်တယ်ဆိုတာကို သူနဲ့ငါသာအသိဆုံးဖြစ်သလို၊ သူငါ့ကို ဘယ်လောက်ထိချစ်တယ်ဆိုတာကိုလဲ သူနဲ့ငါသာ အသိဆုံးလေ"
"နင် သူ့ကို တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားတာလား ရွှန်းလဲ့"
"အင်း၊ ငါသူ့ကို လက်ထပ်ဖို့ရည်ရွယ်ထားတယ်"
"နင်ပြန်စဉ်းစားပါဦး ရွှန်းလဲ့၊နင်နဲ့သူက တစ်ယောက်တစ်မြေဆီမှာ ...သူနင့်အပေါ် သစ္စာရှိလိမ့်မယ်လို့ထင်လား၊ ခဏလေးအတွင်းမှာ ချစ်သူတွေဖြစ်သွားကြတာကို နင်က သူ့အချစ်ကိုယုံနေတာလား၊နင့်ကွယ်ရာမှာ သူနောက်တစ်ယောက်မထားဘူးလို့ နင်ပြောနိုင်လား"
"ပြောနိုင်တယ်၊ ကို က သစ္စာရှိတဲ့လူတစ်ယောက်ပါ ချစ်စု၊ သူငါ့ကို သူ့ကိုယ်သူထက်ပိုချစ်တယ်၊ ငါ့ကို အလေးထားတယ် မြတ်နိုးတယ် ဂရုစိုက်တယ် ၊သူနဲ့ငါ တစ်ယောက်တစ်မြေဆီမှာပေမယ့် တစ်နေ့နေ့မှာလက်ထပ်ကြဖို့ တစ်ယောက်ကိုတစ်ယောက် ကတိပေးထားတယ်၊ ငါနဲ့သူ အဲဒီကတိကို ဘယ်တော့မှဖျက်မှာမဟုတ်ဘူး"
"ဟား ဟား နင်ယုံနေလားရွှန်းလဲ့၊ ဒီမှာ...ငါပြောမယ်...ငါ့မှာ အစ်ကိုတွေရှိတယ်၊ငါ့အစ်ကိုတွေက ငါ့ကို ယောက်ျားတွေရဲ့ စိတ်ဓာတ်စိတ်ထားအကြောင်းပြောဆိုပြီး ငါ့ကို ရည်းစားမထားဖို့ဆုံးမတယ် "
"ဒါပေမယ့် နင်ရည်းစားထားတာပဲလေ ချစ်စု"
ရွှန်းလဲ့စကားကို ချစ်စုက လက်ကာပြကာတားပြီး...
"ငါပြောတာကို နားထောင်ဦးရွှန်းလဲ့၊ အဲဒီလို ငါ့မှာအစ်ကိုတွေရှိတဲ့အတွက် အစ်ကိုတွေ ပြောပြဆုံးမထားလို့ ယောက်ျားတွေအကြောင်းငါသိတယ်၊ နင်က အဖြူ ထည်...နင် ယောက်ျားတွေအကြောင်း ငါ့လောက်မသိပါဘူး၊ သူနင့်ကို တကယ်ချစ်တယ်လို့ ငါမထင်ဘူး၊ဒါပေမယ့် နင်က သူနင့်ကိုတကယ်ချစ်ပါတယ်လို့ အမြဲပြောနေတယ်၊အဲဒီနင့်စကား မှန်မမှန်...ငါစောင့်ကြည့်နေမယ်ရွှန်းလဲ့၊ငါအရင်ရည်းစားတွေနဲ့တုန်းက ယောက်ျားမုန်းဝါဒီသမားကြီးနင်က ငါ့ကို ယောက်ျားတွေမကောင်းကြောင်းအမြဲပြောဆိုပြီး ရည်းစားမထားဖို့ ငါ့ကိုနင်အကြိမ်ကြိမ်တားတယ်၊အခုနင်ကိုယ်တိုင် ချစ်တတ်သွားတော့ ဘယ်လိုလဲ၊ အဲဒီတုန်းက ငါ့ချစ်သူ ငါ့ကိုပစ်သွားလို့ အကြိမ်ကြိမ်ငိုခဲ့တဲ့ ငါ့ကို နင်ပြောခဲ့တဲ့စကားတွေ နင်မှတ်မိသေးရဲ့လား၊အဲဒီစကားတွေကို နင်ကိုယ်တိုင် နင့်ခေါင်းထဲနင်ပြန်ရိုက်သွင်းပြီး သူ့ကိုမေ့ပစ်လိုက်စမ်းပါ၊ သူနင့်ကို တကယ်မချစ်ဘူးလို့ ငါထင်ကိုထင်နေတယ် သူငယ်ချင်း"
"မဖြစ်နိုင်တာတွေမပြောနဲ့၊ နင့်ပါးစပ်ပိတ်ထားလိုက်တော့ "
"ရွှန်းလဲ့ဝေ"
"ဆက်မပြောနဲ့"
သူငယ်ချင်းချစ်စုနှင့် အပြန်အလှန်ပြောဆိုခဲ့သည့် စကားများကို အကြိမ်ကြိမ်အခါခါထပ်တလဲလဲပြန်လည်ကြားယောင်ရင်း ရွှန်းလဲ့တစ်ယောက် စိတ်ပင်ပမ်းနွမ်းနယ်လွန်းစွာ သက်ပြင်းအခါခါချမိသည်။စိတ်အစဉ်သည် စိုးရိမ်ခြင်းအဆင့်မှ ပူလောင်ခြင်းအဆင့်ကိုကူးလာသည်။ပူလောင်ခြင်းအဆင့်မှ နှလုံးသားအစုံသည် ထိန်းချူ ပ်ရခက်စွာ စိုးရိမ်ပူပန်မှုများကြားတွင် ပြင်းထန်စွာတဒိတ်ဒိတ်ခုန်လှုပ်လာသည်။ထိုမှတဆင့် ကိုယ့်ချစ်သူအကြောင်းကိုယ်ပြန်တွေးမိတော့ ချစ်သူက ဖုန်းအဆက်သွယ်မလုပ်တာရက်အနည်းငယ်ကြာပြီမှန်း သတိရလာသောကြောင့် ချစ်သူဆီ ဖုန်းခေါ်လိုက်သည်။
"ဟယ်လို "
"ကို"
"အင်း...ချစ် ပြောလေ၊ နေ့လည်စာစားပြီးလား"
"မစားရသေးဘူး"
"ဟာ...စားတော့လေကွာ၊ဗိုက်အောင့်နေလိမ့်မယ် ဘာလို့ခုချိန်ထိ နေ့လည်စာမစားသေးတာလဲ"
ကို့ရဲ့ ချို လွင်ကြည်သာသော ဂရုတစိုက်အပြောလေးကြောင့် ရွှန်းလဲ့ ရင်ထဲမှ အပူသောကများ အနည်းငယ်လျော့သွားသလို နှုတ်ခမ်းအစုံကလဲအပြုံးတို့ဖြင့် ပြန်လည်အသက်ဝင်လာခဲ့ရသည်။
"ကို"
"ဟင်"
"ဘာလို့ ရွှန်းလဲ့ဆီဖုန်းမဆက်တာလဲ၊ပြောတော့ အသံလေးမကြားရရင်မနေနိုင်ပါဘူးဆို"
"ကိုယ် မအားဘူးလေ ချစ်ရဲ့၊ အခုလဲအလုပ်လုပ်ရင်း ဖုန်းပြောနေတာ၊ပြီးတော့ လစာမထုတ်သေးတော့ ဖုန်းဘေလ်လဲမဖြည့်ရသေးဘူး"
"အဲဒါဆို...ရွှန်းလဲ့ ကို့ဖုန်းကို ဖုန်းဘေလှမ်းထည့်ပးလိုက်မယ်လေ"
"တော်ပါပြီ၊မထည့်ပါနဲ့ ချစ်ရယ်၊ မုန့်ဖိုးလေးတွေကုန်သွားလိမ့်မယ်၊ ကို လစာထုတ်မှထည့်ပါမယ် လှမ်းဖြည့်မပေးနဲ့နော်"
ကြည့်ပါဦး။ဘယ်လောက်ရိုးသားလိုက်တဲ့ ချစ်သူလေးလဲ။ဒီလိုရိုးသားဖြူ စင်တဲ့ ကို က ရွှန်းလဲ့ကို တကယ်မချစ်ဘူးဆိုတာဖြစ်နိုင်ပါ့မလား။
"ကို"
"ဗျာ"
"ဒီနေ့လေ...သူငယ်ချင်းတစ်ယောက်ကပြောတယ်"
"ဘာပြောလဲ၊ ချစ် သူငယ်ချင်းက"
"ဟိုလေ...ကိုက...ရွှန်းလဲ့ကို တကယ်မချစ်ဘူးတဲ့၊ ခဏလေးအတွင်းချစ်သူတွေဖြစ်သွားကြတာမို့ ကို က ရွှန်းလဲ့ကိုတကယ်ချစ်တာလုံးဝမဖြစ်နိုင်ဘူးတဲ့၊အနေဝေးရင် သွေးအေးသွားနိုင်တယ် နောက်တစ်ယောက်ရသွားနိုင်တယ်တဲ့"
"ဟာကွာ၊ ဘေးစကားတွေမယုံစမ်းပါနဲ့၊ ချစ်က သူတို့နဲ့လက်ထပ်ရမှာမဟုတ်ဘူး၊ကိုယ်နဲ့လက်ထပ်ရမှာ၊ ဘာမှတွေးပြီးစိတ်ပူမနေနဲ့၊ကိုယ်က ချစ်တစ်ယောက်တည်းကိုပဲချစ်တယ်၊တန်ဖိုးထားတယ် မြတ်နိုးတယ်၊နောက်တစ်ယောက်ဆိုတာထပ်ရှိလာမှာမဟုတ်ဘူး....နော်"
"အင်းပါ"
"ကဲ ဒါပဲနော် ချစ်၊ကို မအားသေးဘူး"
"ဟုတ်"
ကို ဘက်က ဖုန်းချသွားပေပြီ။ရွှန်းလဲ့ တံတားဘောင်လေးကိုမှီကာ ကို ပြောသောစကားတွေနှင့် ချစ်စုပြောသော စကားတွေကို နှိုင်းယှဉ်ကြည့်ကာ စိတ်အာရုံများဗျာများနေမိတော့သည်။သို့ပေမယ့် ကို့ကိုအရမ်းချစ်တာမို့ ယုံကြည်မှုတွေက ချစ်စုစကားတွေအပေါ်မှာထက် ကို့စကားတွေပေါ်မှာသာ အလေးသာသွားတော့သည်။ကို့လို ရိုးသားတဲ့ ချစ်သူလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတာဟာ ရွှန်းလဲ့အတွက် သိပ်ကံကောင်းလွန်းပါသည်။ကိုဟာ ရွှန်းလဲ့အတွက် အစားထိုးမရသူ ဘုရားပေးတဲ့ဆုလာဘ်လေးပါ။သူငယ်ချင်းချစ်စုစကားကိုနားယောင်ပြီး ထိုဆုလာဘ်လေးကို ရွှန်းလဲ့က အဘယ်ကြောင့်စွန့်ပစ်ရမည်နည်း။ရွှန်းလဲ့နှလုံးသားလေးက အဲဒီလောက်မမိုက်မဲတတ်ပါ။ကို့ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်သလို ဘယ်တော့မှလဲ နောက်တစ်ယောက်ထပ်ချစ်မှာမဟုတ်။ကို သာလျှင် ရွှန်းလဲ့ရဲ့ တစ်ဦးတည်းသော ချစ်သူ။ထာဝရချစ်ရသူလေးပါ။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ယနေ့ ရွှန်းလဲ့ ရဲ့မွေးနေ့....
ကို့ဆီမှ မွေးနေ့ဆုတောင်းစကားလေးပင် ရွှန်းလဲ့ထံရောက်မလာခဲ့ပါ။တစ်နေကုန် ကို့ဆီမှ ဖုန်းကိုမျှော်သည်။ကို့ မက်ဆေ့ခ်ျကိုမျှော်သည်။သို့သော် ...သို့သော်...
"ကို ဘာလုပ်နေတာလဲ"
"အလုပ်မှာလေ ဘာဖြစ်လို့လဲ"
"ဒီနေ့ ဘာနေ့လဲမသိဘူးလား"
ကို့ ဘက်မှစဉ်းစားနေသလို အသံတိတ်သွားသည်။အတန်ကြာမှ...
"မသိဘူး ချစ်၊ ဘာထူးဆန်းတဲ့နေ့မို့လို့လဲ"
"ဟာ ကိုကလဲ၊ဒီနေ့ ရွှန်းလဲ့ ရဲ့ မွေးနေ့လေ ၊ကိုတကယ်မသိတာလား"
ကို့အဖြေစကားကြောင့် ရွှန်းလဲ့ ရင်ထဲ လှိုက်ကနဲ့ဖြစ်သွားကာ ဝမ်းနည်းစွာဖြင့် ခပ်ဆတ်ဆတ်လေးပြောလိုက်မိသည်။ထိုအခါမှ ကိုက...
"ဟာ ဟုတ်သားပဲ၊ဆောရီး ချစ်  ကို မေ့သွားတယ်ကွာ"
"ဘာ!မေ့သွားတယ် ဟုတ်လား ၊ဒါမေ့စရာလား...နှစ်ခါသုံးခါ သေသေချာချာပြောထားရက်နဲ့၊ကိုယ့်ချစ်သူမွေးနေ့ကိုတောင် ကိုယ်မမှတ်မိဘူးလား"
"ကျွတ်၊ ကိုယ်အလုပ်ရှုပ်နေတယ်ကွာ၊ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ မင်း ကို့ကိုပြဿ      နာမရှာပါနဲ့"
ရွှန်းလဲ့ ရင်ထဲကျ ဉ် ကနဲဖြစ်သွားသည်။ဒီလိုစကားတွေနဲ့ စကားလုံးစိမ်းစိမ်းတွေနဲ့ ကို ...ရွှန်းလဲ့အပေါ်အချိုးတွေပြောင်းနေတာကြာပြီလေ။သူတကယ်အလုပ်တွေရှုပ်နေလို့ပဲနေမှာပါဟု ကိုယ့်စိတ်ကိုယ်ဖြေပြီး ရွှန်းလဲ့ ကိုယ့်စိမ်းကားမှုတွေကို ခွင့်လွှတ်ခဲ့သည်မှာလဲ အခါခါ။နောက်ဆုံးတော့ အလုပ်ရှုပ်နေပါသည်ဆိုသော ကို့ ကို ရွှန်းလဲ့ ကပဲနားလည်ပေးကာ မနှောင့်ယှက်တော့ဘဲ ဖုန်းချလိုက်ရသည်။
ရင်ထဲမှာတော့ ဆို့နစ်လျှက်....
&&&&&&&&&&&&&&&&&&&&&&&&&&
ချစ်သူသက်တမ်း တစ်နှစ်အလွန် ....
ကို့ရဲ့ ဂရုစိုက်မှုတွေသည် ရှားပါးလာသလို ကို့ အချစ်တွေသည်လည်း အေးစက်လာသည်။စကားလုံးတွေသည် နူးညံ့ခြင်းကင်းမဲ့ကာ တစ်စထက်တစ်စ ခက်ထန်လာသလို ဥပက္ခာလေကြမ်းများလည်းထန်လာသည်။ထိုအခါ ရွှန်းလဲ့ မျက်ဝန်းလေးများတွင်လဲ မျက်ရည်မိုးတို့သည် စဲခြင်းမရှိ။ပါးပြင်လေးနှစ်ဖက်သည် မျက်ရည်တို့ကြောင့် အမြဲစွတ်စိုလျှက်ရှိသည်မဟုတ်ပါလား။
"ကို စာပို့ထားတာ ဘာလို့ပြန်မပို့တာလဲ"
"ဘေ မရှိလို့ပေါ့ကွာ"
"မက်ဆေ့ခ်ျတစ်ဆောင်ကို ဘေဘယ်လောက်ကုန်မှာမို့လို့လဲ၊တစ်ဆောင်လောက်ပဲဖြစ်ဖြစ်ပြန်ပို့ပါတော့လား"
"ဟာကွာ...မင်းဘယ်လိုဖြစ်နေတာလဲ၊ပြန်မပို့တော့ ဘာဖြစ်သွားမှာမို့လို့လဲ၊ငါစိတ်ကသိပ်ကြည်တာမဟုတ်ဘူး ငါ့ကို မရစ်စမ်းပါနဲ့ကွာ"
"ဒါရစ်နေတာမဟုတ်ဘူး၊ဖြစ်သင့်တာကိုပြောပြနေတာ၊မက်ဆေ့ခ်ျပြန်ပို့လို့ ဘေကုန်မှာစိုးတာကြောင့် မက်ဆေ့ခ်ျပြန်မပို့တာထားတော့ viberမှာ ပို့ထားတဲ့စာလေးတွေတော့ပြန်ပို့သင့်တယ်မဟုတ်လား၊viberမှာလဲ ရွှန်းလဲ့စာတွေအများကြီးပို့ထားတယ် ဘာလို့ replyမပြန်တာလဲ"
"ဂိမ်းဆော့နေတာ မင်းလဲသိတာပဲ၊ငါအားရင် replyပြန်မယ်မအားရင်မပြန်ဘူး"
"ဂိမ်းနဲ့ ချစ်သူနဲ့ ဘာကပိုအရေးကြီးတာလဲ"
"ဟာ မင်းဘာဖြစ်နေတာလဲ၊ ငါဒေါသထွက်လာပြီနော်၊မင်း ဖုန်းနံပါတ်ကို Block ထားပစ်လိုက်ရမှာလား"
ကို့စကားလုံးစိမ်းစိမ်းများကို အံ့သြဝမ်းနည်းလွန်းစွာ ရွှန်းလဲ့ ပါးပြင်ထက် မျက်ရည်များစီးကျလာပြန်သည်။ကို့ ဥပက္ခာတွေကြောင့် ဝမ်းနည်းစွာရှိုက်ငိုနေမိသည်မှာ အကြိမ်ပေါင်းမည်မျှရှိပြီလဲပင်မသိနိုင်တော့။
"ဂိမ်းဆော့တာကို အသာထားပါ၊ ဂိမ်းဆော့ပြီးရင်တော့ replyပြန်သင့်တယ်မို့လား၊ဖတ်တော့ဖတ်ပြီး လုံးဝကိုreplyမပြန်တာဘာကြောင့်လဲ၊ဘာဖြစ်လို့ အဲလိုတွေလုပ်နေရတာလဲ ကျွန်မဘက်ကဘာတွေမှားလို့ အဲဒီလို ဆက်ဆံနေရတာလဲ ဘာလို့လဲ"
ရွှန်းလဲ့ နာကျည်းစိတ်ဖြင့် အော်ပစ်လိုက်မိလျှင် သူပြန်ပြောသည်က
"ငါလဲ ငါ့စိတ်နဲ့ငါ ငါပြန်ပြောချင်မှပြန်ပြောမှာပေါ့ကွာ ဘာဖြစ်လဲ"
"ကို ကျွန်မကို အဲဒီလိုမပြောနဲ့၊ ကျွန်မကို့အပေါ် ဘယ်လောက်ထိချစ်တယ်ဆိုတာကို ကို သိရဲ့သားနဲ့ ဘာကြောင့် ဒီလိုတွေပြောနေရတာလဲ၊ကို့ဘက်ကမှားရင်လဲကျွန်မပဲအလျော့ပေးတယ် ကျွန်မဘက်ကမှားရင်လဲ ကျွန်မကပဲအလျော့ပေးရတယ်၊ကျွန်မအပေါ်ဒီလောက် ရက်စက်တာတောင် လမ်းခွဲမသွားဘဲ သည်းခံနေတယ်ဆိုတာက ကျွန်မကို့ကို အရမ်းချစ်လို့ ၊ကို ကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်လို့ ဒီလောက်နားလည်ပေးနေတာ အဲဒါ ကိုသိလား"
"ငါမင်းအပေါ်မကောင်းဘူးဆိုတာသိရဲ့သားနဲ့ မင်းဘာလို့ တွယ်ကပ်နေသေးတာလဲ၊ အမှန်ဆို အခု ..ငါမင်းကိုလမ်းခွဲစကားပြောမလို့"
"ဘာ!"

ဆက်ရန်
နန်းဝတီမေ

Post a Comment