#ကျွန်မချစ်သောခေါင်းဆောင်
*************************
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့
နောက်လိုက်ကောင်းတစ်ဦးအဖြစ်
တာဝန်ကျေပွန်ခဲ့ဖို့လိုပါတယ်
ကျွန်မသိတဲ့ခေါင်းဆောင်ကောင်းဆိုတာ
နောက်လိုက်တွေအတွက်စံပြဖြစ်ပြီး
ကိုယ်တိုင်ထူးချွန်ထက်မြက်နေဖို့လိုသလို
ကိုယ့်နောက်လိုက်တွေကိုလည်း
ထက်မြတ်ထူးချွန်အောင်ဆွဲခေါ်မြှင့်တင်ပေးနိုင်သူ
မိမိရဲ့အောက်လက်ငယ်သားတွေကို
ချစ်ခင်မြတ်နိုးစွာကာကွယ်စောင့်ရှောက်ပေးနိုင်သူ
သနားကရုဏာကြီးမားပေမဲ့
စည်းကမ်းလည်းမလျော့မတင်း
လာဘ်ပေးလာဘ်ယူကင်းရှင်းစွာနဲ့
စီမံခန့်ခွဲမှု နိုင်နင်းကောင်းမွန်သူ
ခေါင်းဆောင်ကောင်းတွေရဲ့
အရည်အချင်းမည်မျှပင်ရှိနေပါစေ
ကိုယ်တိုင်ရိုးသားဖြောင့်မတ်ပြီး
သနားကရုဏာမေတ္တာစိတ်နဲ့
စီမံခန့်ခွဲမှု နိုင်နင်း
တာဝန်ကျေပွန်ပြီး
ထက်မြတ်ထူးချွန်တဲ့
ခေါင်းဆောင်ကောင်းရဲ့နောက်မှာသာ
နေခွင့်ရမယ်ဆိုရင်
ရလဒ်ကောင်းတွေထွက်ပေါ်လာဖို့
ပင်ပန်းဆင်းရဲပါစေ
နောက်လိုက်ကောင်းအဖြစ်ရပ်တည်ခဲ့ချင်ပါတယ်
နောင်တစ်ချိန်မှာ
ကိုယ်တိုင်ခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့အခါ
ကောင်းမွန်မြင့်မြတ်တဲ့
ဤကဲ့သို့သော ခေါင်းဆောင်ကောင်းဖြစ်လေအောင်
ကြိုးစားဆောင်ရွက်ခဲ့ချင်ပါတယ်လေ ။
photo;credit #မြင့်မြတ်သိင်္ဂီ
Post a Comment