အမှတ်စဉ်(၁၉) ဝိုင်းစိန်(မအူပင်သူ)

**မ​မေ့ရက်​နိုင်ဖူး**
°°••°°••°°••°°••°°••°°
             အမှတ်​စဉ်​ ၁၉   ဝိုင်းစိန်​(မအူပင်​သူ)

ကျမရဲ့အရွယ်​လွန်​ခဲ့တဲ့(၁၅)နှစ်​အချိန်​က​ပေါ့
အစားမက်​အ​ဆော့မက်​ပြီးအ​ပျော်​ပါမက်​ခဲ့တဲ့အချိန်​ပေါ့
ကျမမှာ၁နှစ်​ကြီး၁နှစ်​ငယ်​ညီမ၃​ယောက်​ရှိတယ်
ကျမအပါအဝင်​၄​ယောက်​​ပေါ့
အရမ်းလည်းအ​ဆော့သန်​ကြတယ်
ဒီလိုသီတင်းကျွတ်​ဆိုရပ်​ကွက်​ထဲကက​လေး​ပေါင်းစုံအရွယ်​စုံဆိုက်​စုံ​ခေါ်ကာ
ငရဲမီး​ဆော့တယ်​၊​ ​ယမ်း​ဖောက်​ကြတယ်​​လေ
ပိုက်​ဆံစုလို့များများရှိရင်​မီးပုံးပျံဝယ်​လွှတ်​ကြ​သေး
ကျမတို့မြို့​လေးကတာဝတိ°သာဘုရားပွဲမှာပြဇာတ်​ပါတယ်
စတိတ်​ရှိုးနဲ့ဘုရား​ရှေ့ကလာတဲ့တံမြက်​စည်းလှဲယိမ်း​တွေကိုကျမတို့ညီမ​လေး​ယောက်​နဲ့က​လေးတသိုက်​လမ်း​လျှောက်​ခါ​လျှောက်​ကြည့်​ခဲ့ကြတယ်​။
ဒီ​နေ့လပြည့်​​နေ့အိမ်​ကဓ​လေ့ဖြစ်​တဲ့ကြီးကြီးနဲ့ဘိုး​လေးကိုကန်​​တော့ဖို့သွားကြရမှာ
ကန်​​တော့တဲ့အခါမုန့်​ဖိုးတစ်​​ယောက်​ကို၃၀၀၀​လောက်​ရတယ်

"မမ​ရေ"  "မမကြီး"
"မမလတ်​"  "မမငယ်​​ရေ"
"လာကြ​လေကန့်​​တော့ဖို့သွားကြမယ်​"

အငယ်​ဆုံးမအရမ်းကိုတက်​ကြွ​နေတယ်​ကြွမှာ​ပေါ့မုန့်​ဖိုးရမှာကိုသူသိ​နေတယ်​​လေ

"​အေးပါဟလာပီလာပီ"

ဆိုင်​ကယ်​စီးသူကစီးစက်​ဘီးနဲ့လိုက်​သူကလိုက်​နဲ့သွားလိုက်​ကြတာဘိုး​လေးအိမ်​အရင်​ဝင်​ပြီး
ဘိုး​လေးကိုကန်​​တော့မယ့်​ ပစ္စည်း ​တွေထုတ်​ခါကန်​​တော့ကြ​တော့
ဘိုး​လေးကဆု​ပေးတာ​လေးမှတ်​မိ​​သေးတယ်

"​အေး..ငါ့​မြေး​တွေစိတ်​ချမ်းသာကိုယ်​ကျန်းမာနဲ့လင်​​ကောင်းသား​ကောင်းရပါ​စေ"

အဲ့ဒီချိန်​တုန်းက​တော့မသိခဲ့ဖူး
လင်​​ကောင်းသား​ကောင်းဆိုတာကိုအသက်​​လေးကြီးလာ​တော့မိန်းက​လေးတစ်​​ယောက်​မှာ
လင်​ယူမှားရင်​တစ်​ဘဝလုံးမ​ကောင်းဖူးဆိုတာကို
ဘိုး​လေး​ပေးတဲ့ဆုကတကယ့်​ကို​စေတနာ​ရှေ့ထား​ပေးခဲ့တာပါလားလို့​တွေးမိ​နေတယ်

ကဲဘိုး​လေးကိုကန်​​တော့ပြီး​တော့ကြီးကြီးဆီ​ရောက်​လာပြန်​တယ်

"ဟဲ့ဘယ်​သူ​တွေတုန်း"

"သမီးတို့ပါကြီးကြီး"

"​ဟေ...ငါ့တူမ​တွေပါလား"
"​အေးလာကြလာကြဖျာ​ပေါ်ထိုင်​ကြ​ဟေ့"

"ဟုတ်​ကြီးကြီးသမီးတို့လာကန်​​တော့ကြတာပါ"

"​အေး​အေး"

ဒီလိုနဲ့ကန်​​တော့ပြီး​တော့ကြီးကြီးထံမှဆု​ပေးသံကြားရပါတယ်

"ယခုလိုကန်​​တော့ရတဲ့အကျိုးများ​ကြောင့်​စိတ်​ချမ်းသာကိုယ်​ချမ်းသာဖြစ်​ကြပီးလင်​​ကောင်းသား​ကောင်းရကြပါ​စေသား​ကောင်းရတနာသမီး​ကောင်းရတနာများလဲရကြပါ​စေ"

ကြီးကြီးဆီကဆု​တောင်းတစ်​ခုပိုလာခဲ့ပါတယ်အရင်​ကမသိခဲ့ပါဖူး
ုအမှန်​​ပါလင်​​ကောင်းရ​ပေမယ့်​ လည်းသားဆိုးသမီးဆိုးနဲ့​တွေ့ပြန်​ရင်​လည်းဘယ်​စိတ်​ချမ်းရမလည်း
ရှေ့ကိုကြိုမြင်​ခါ​ပေးတဲ့ဆု​တွေကိုကျမတို့ညီမ​လေး​ယောက်​တညီတညာထဲပြန်​ပြီး​ပြောတာက

"​ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေကြီးကြီး"

ဒီလိုနဲ့ကျမတို့ညီမမုန့်​ဖိုး၃၀၀၀ဆီရခဲ့တယ်
ကျမတို့ညီမ​တွေသီတင်းကျွတ်​ပွဲ​ဈေးတန်းကို​လျှောက်​လည်​ခဲ့ကြတာ​ပေါ့
ပွဲ​ဈေး​ရောက်​​တော့
လပြည့်​​ကျော်​တစ်​ရက်​​နေ့​ကြ​ဆော့ဖို့အတွက်​​ ​ဗြောက်​အိုး ၊မီးပုံး.နဲ့ ယမ်း​သေနတ်​​လေး​တွေဝယ်​ခဲ့ကြတယ်
မုန့်​​လေ​ပွေလဲဝယ်​စားခဲ့ကြ​သေးတယ်
ဒီလိုနဲ့တစ်​​ယောက်​ကိုမုန့်​ဖိုးတစ်​​ထောင်​ဆီပိုလာခဲ့ရာ
ငါးရာကိုရက်​ကွပ်​ထဲတာဝတိ°သာဘုရားကြွရင်​လှူဖို့ရည်​စူးခါချန်​ခဲ့ကြတယ်
ကျန်​ငါးရာကို​တော့​လျှောက်​လည်​ကြတဲ့အခါက​လေး​တွေမုန့်​ဝယ်​​ကျွေးဖို့ချန်​ထားခဲ့တယ်

ဒီလိုနဲ့လပြည့်​​ကျော်​တစ်​ရက်​​နေ့
ရပ်​ကွက်​ထဲသို့တာဝတိ°သာဘုရားကြွလာချိန်​​ပေါ့ဘုရားကြွမလာခင်​တံမြက်​စည်းယိမ်းအရင်​လာခါဘုရားရပ်​တိုင်​​နေရာသို့လာ​ရောက်​လှည်းကျင်းကပြကြတယ်
ဒီလိုနဲ့ဘုရားကြွလာတဲ့အခါဆီမီးနဲ့အတူနံသာတိုင်​၊အလှူ​ငွေများထည့်​ပြီး
ကျမတို့ညီမ​လေး​​ယောက်​နဲ့က​လေးတစ်​သိုက်​​ဆော့ချိန်​ကြပါပီ

"​ဟေ့ရန်​ပိုင်​​ရေတစ်​ခွက်​ခပ်​ခဲ့​လေဟာ"

"ခပ်​​နေတာပဲအမရာခဏ​တော့​စောင့်​​ပေါ့"

ရွှီးရှီးရှဲရှဲ   "​ဖောင်း"

"အမ​လေးမြတ်​စွာဘုရား"

ညီမအလတ်​​ဘေး​ဗြောက်​အိုးပစ်​ချလိုက်​တာထခုန်​ပါ​လေ​ရော

"​အောင်​ဖြိုးနင်​မီးဖို့​လေဟာငရဲမီးကစားကြမယ်​"

ညီမအငယ်​က​ပြော​လေရာ
အောင်​ဖြိုးမီးဖို​လေရဲ့
ငယ်​ငယ်​ကမသိခဲ့ဖူးဘုရားကြွတဲ့အခါထွန်းလှူထားတဲ့ဖ​ယောင်းတိုင်​အတို​လေး​တွေမီးငြိမ်းတဲ့အခါထပ်​မထွန်း​တော့ပဲယူကစားခဲ့ဖူးတယ်
အိမ်​ကဆူပါတယ်

"အကြီးမဒါဘာလုပ်​​နေတာလဲအခုပြန်​ချ"

"ဟုတ်​​မေ​မေဘာလို့လဲ"

"ကဲလာကြလာကြအားလုံး"

"​မေ​မေ​ပြောပြမယ်​"

"ဟုတ်​​မေ​မေ"

"ဖ​ယောင်းတိုင်​မကုန်​​သေးတာကိုဘာလို့ယူမ​ဆော့ရတာလဲဆိုရင်​မြတ်​စွာဘုရားကိုရည်​ရွယ်​ရည်​စူးပီးလှူဒန်းထားတာမို့မကုန်​​သေးလည်းမီးစကိုထပ်​ညှိပြီးပြန်​ပူ​ဇော်​ရမယ်​မှတ်​ထားရမယ်​​နော်​သားတို့သမီးတို့"

"ဟုတ်​ကဲ့ပါ အန်​တီ"

မေ​မေဒီလိုရှင်းပြလိုက်​​တော့ကျမတို့​တွေလည်း​နောက်​ဆိုယူမ​ဆော့ကြ​တော့ပါဖူးဒီလိုနဲ့ထိုညကကျမတို့က​လေး​တွေငရဲမီးမ​ဆော့ဖြစ်​ခဲ့ကြဖူး

"ကဲကဲအားလုံးလာကြ​ဟေ့ရပ်​ကွက်​လမ်းထိပ်​မှာပြဇာတ်​ကား​တွေလာ​နေပြီသွားကြည့်​ကြမယ်​​ဟေ့"

ကျမအသံပြုလိုက်​တယ်​ဆိုအားလုံး​အော်​ခါ​ပြေးလာကြပါ​တော့တယ်

"​ဟေး"    "​ရေး"

တစ်​​ယောက်​တစ်​​ပေါက်​​အော်​ခါကျမ​နောက်​ကိုလိုက်​လာကြပါ​တော့တယ်

လမ်းလည်း​ရောက်​​ရောအဲ့ဒီမှာပြဿနာစပါပြီ

"မမ မဟာဒုတ်​ကြည်​မယ်​"

ပြော​ပြောဆိုဆိုနဲ့အငယ်​ဆုံးမလက်​ကိုဆွဲ​ခေါ်​လေရဲ့

"မမ. မဟာဇနကကြည့်​မယ်​"

ရန်​ပိုင်​ကကျန်​တဲ့လက်​တဖက်​ကိုလာဆွဲ​ခေါ်ပြန်​ပြီ

ဟိုဘက်​သုံး​ယောက်​ဒီဘက်​​လေး​ယောက်​နဲ့သူတို့ကြည့်​ချင်တဲ့ဆီကိုဆွဲ​ခေါ်​နေကြတယ်
ဘေးကလူ​တွေကလဲဝိုင်းကြည့်​​နေကြပြီ

ကဲကျမလည်းစိတ်​မရှည်​တာနဲ့ထ​အော်​လိုက်​ပါ​တော့တယ်

"​တော်ကြပါ​တော့  ငါလက်​ကိုလွှတ်​ကြပါ"

အသံပြဲနဲ့ထ​အော်​ခါမှမျက်​လုံး​လေး​တွေပြူး​ကြောင်​စွာနဲ့ကျမကိုကြည့်​​နေကြတယ်

"ကဲလာကြဘာမှမကြည့်​​တော့ဖူး"

"ဟင်​မမကလည်း"

အားလုံးကမျက်​နှာငယ်​​လေး​တွေနဲ့

"ကဲပါလာကြဇာတ်​ထုတ်​မကြည့်​ကြနဲ့ရပ်​ကွက်​ထဲကစတုဒီသာသွားဝါးကြမယ်​"

"​ဟေး....​ဟေး...​ရေး...."

အားလုံးပြုံးရွှင်​သွားကြတယ်
ဒီလိုနဲ့စတုဒီသာ​ကျွေးတဲ့ဆီ​ခြေတက်​လာခဲ့ကြတာ​ပေါ့..
ကြာဇံ​ကြော်​​ကျွေးတယ်​​လေ

"က​လေး​တွေတန်းစီတန်းစီ"

ကျမတို့က​လေးတစ်​သိုက်​လည်းဝင်​စီလိုက်​ကြတယ်​ကျမတို့အလှည့်​​ရောက်​ဖို့​စောင့်​ရင်း
လက်​ထဲပါလာတဲ့​ဗြောက်​အိုး​တွေ​ဖောက်​ကြတယ်
ကျမတို့အလှည့်​​ရောက်​လို့ဝင်​စားကြတာ​ပေါ့

"မမညီမ​လေးတို့မဝ​သေးဖူး"

ကျမညီမ​တွေက​တော့လုပ်​ပါပြီ
ကြာဇံ​ကြော်​နှစ်​ပွဲကုန်​တာမဝ​သေးဖူးတဲ့

"ညီမ​လေးတို့​တော်​ကြ​တော့​နော်​အစာမ​ကြေဖြစ်​မှာစိုးလို့​နော်​"

"မမကလည်းစားလို့​ကောင်းလို့ပါ"

"​တော်​​ပါ​တော့ညီမ​လေးရယ်​လိမ်​မာတယ်​"

ညီမ​လေးကို​ချော့​မော့ခါအိမ်​ပြန်​​ခေါ်လာခဲ့တယ်

ဒီလိုနဲ့အိမ်​​ရောက်​​တော့
ကျမတို့ပွဲ​ဈေးကဝယ်​လာတဲ့မီးပုံးပျံလွှတ်​ရမယ့်​အချိန်​​ရောက်​လို့လာခဲ့ပြီ​လေ

"ကဲညီမ​လေးတို့ကတစ်​လုံးယူ"

"ရန်​ပိုင်​တို့ကတစ်​လုံးယူ"

"ပြီးရင်​​သေချာကိုင်​ကြ​နော်​မီးပုံပျံ​ဘေးကိုမီးစွဲမယ်​"

"ဟုတ်​ကဲ့ပါမမရယ်​"

တပြိုင်​ထဲထ​အော်​ကြ​တော့ကျမပီတိဖြစ်​ခဲ့ရပါတယ်
မီးပုံးပျံလည်းမီးစာမှိုင်းဝလာတဲ့အချိန်​မှာ​တော့အားလုံးထ​အော်​ကြတယ်

"​၁. ၂.  ၃.   ​ရေး ......."

"မီးပုံးပျံ ကြီးမိုး​ပေါ်​ရောက်​သွားပြီ​ဟေ့"

အားလုံးထ​အော်​တဲ့ကျမရင်​ထဲကြိတ်​ပြီးဆု​တောင်းမိတာ​လေးက

"ဒီညမ​လေး​တွေနဲ့​နောက်​နှစ်​​ပေါင်းများစွာအတူ​ပျော်​ရွှင်​စွာသီတင်းကျွတ်​ပွဲနှင့်​အတူ၁၂လရာသီပွဲ​တော်​တိုင်းမှာအတူဖြတ်​သန်းရပါလို၏ဘုရား"

မီးပုံးပျံ လွှတ်​ပြီးတဲ့အခါကိုယ်​အိမ်​ကိုယ်​ပြန်​ခဲ့ကြပြီး

အိမ်​​ရောက်​​​တော့ည(၁၀)နာရီထိုး​နေပါပီ
ကျမတို့ညီမ​တွေအိပ်​ယာဝင်​ခဲ့ကြပြီး
သီတင်းကျွတ်​မီးထွန်းပွဲ​လေးနဲ့​​ပျော်​ရွှင်​စရာဒီည​လေးကို
မေ့လို့မရခဲ့ပါဖူးဒီလိုစုံလင်​လှတဲ့
ဒီည​လေးကိုအခုတိုင်​ "မ​မေ့ရက်​နိုင်ဖူး"

လွန်​ခဲ့တဲ့၁၅နှစ်​ကအဖြစ်​အပျက်​​လေးဆို​ပေမယ့်​အခုထိမ​မေ့နိုင်​ဖူးညီမ​လေး​တွေနဲ့ပြန်​ဆုံခါပွဲ​ဈေးလည်​ရင်းမီးထွန်းရင်းနဲ့ဘိုး​လေးတို့ကြီးကြီးတို့​ပေးတဲ့ဆုသံ​တွေပြန်​ကြားချင်​မိ​သေးတယ်

ဘိုး​လေးတို့​ပေးတဲ့ဆု
ယောက်​ကျား​ကောင်းရပါ​စေ
သား​ကောင်း၊သမီး​ကောင်းရပါ​စေဆိုတဲ့စကား​လေးနဲ့
မေ​မေ​ပြောပြခဲ့တဲ့ ဘုရားကိုရည်​စူးလှူထား​သောဆီမီးတိုင်​အားမ​ဆော့ရဖူးဆိုတာနဲ့အတူညီမ​လေး​တွေနဲ့​ဆော့ကစားရတာ​လေး​တွေကို မ​မေ့နိုင်​စွာပြန်​အမှတ်​ရရင်းနဲ့​ပေါ့.......

ဝိုင်းစိန်​(မအူပင်​သူ)

Admin-ko min

Post a Comment