" မမေ့ရက်နိုင်ပါဘူး" အမှတ်စဉ် ၁၈ {PàńĐóŘą }.
- - - - - - - - - - - - - - - - - - - - - - - - - - - - -
ဖောက် ဖောက် ဖောက် ရွှီးးးးးးဒိုင်းးးး။
သီတင်းကျွတ်ရာသီမို့ ဒီအသံတွေက မြန်မာပြည်ကြီး
နဲ့ စိမ်းသက်လှသည်တော့ မဟုတ်ပါ။နှစ်စဉ်နှစ်တိုင်း
ဒီအသံမျိုးက ကြားနေကြဖြစ်သည်လေ။မကြားရသည်မှ
ထူးဆန်းနေပေရော့မယ်။
" ဗြဲ အဟင့် ဦးလေးရေ ဦးလေး"ဟု ခေါ်ကာ
ဘေးအိမ်က ကလေးမလေး သက်သက် ငိုယိုပြီး တက်
လာလေသည်။"ဘယ်လိုဖြစ်လာရတာလဲ သက်သက်ရဲ့
သမီးသူငယ်ချင်း ဟိုအကောင်ရော" "သူပေါ့ ဦးလေးရဲ့
တူပေါ့ သက်က မီးရောင်လေးနဲ့ မီးပုံးလုပ်နေတာကို
ဗောက်အိုးကို ဘေးနားလာဖောက်တယ်လေ အဲ့ဒါဦးလေးကို လာတိုင်တာ ဟင့်"ဟု ပြောလည်းပြော
ငိုလည်း ငိုလေသည်။
"နေပါဦး အဲ့အကောင်ကို ဦးခေါ်လိုက်မယ် ဟုတ်
ပြီလား" "သွေးခန့် ဟျောင့် မင်းလာဦး" " ဗျာ ဦးလေး"
သွေးတစ်ယောက် အူကြောင်ကြောင်ပြေးလာလေသည်။
"ဘတ်" "ဟာ ဦးလေ ကျော်ဘာလုပ်လို့လဲဗျ"
အရိုက်ခံရသော ဇာတ်ပိုးကို ပွတ်ရင်းပြောလေသည်။
"မင်းလာခဲ့ သွေး ဟိုမှာသက်က ငါ့ကို ငိုပြီးလာတိုင်နေ
ပြီလား "ဟာ ဦးလေးကလည်း ဒီဗောက်အိုးလေးဖောက်လို့ သူ့အသက်ထွက်မှာကြနေ
တာပဲ လာငိုပြနေတာလား" "ဟာ နင်ကလည်း အသက်
တော့ ထွက်မသွားပေမဲ့ လိပ်ပြာလွင့်မတက်လန့်သွား
တယ်ဟဲ့ ငနာရဲ့ ဟင့်" ကလေးနှစ်ဦး စကားကြောင့်
ဦးလေးဖြစ်သူက " လာ သားနဲ့သမီး အဲ့ကိစ္စနဲ့ပတ်သက်
ပြီး ဦးလေး ဖြစ်ရပ်မှန် တစ်ခုပြောပြမယ်" "ဒီလိုကွဲ့"
အတိတ်များဆီသို့. . . . . . . . . . . . . .။
"သီတင်းကျွတ် ညလေးတစ်လေးတစ်ည
ပြန်လည်ကာ အမှတ်ရမိပါတယ်🎼🎼မီးလေးတွေထွန်း
လို့ ဒန်ဒန်ဒန် 😜😜လမ်းထဲမှာကွယ်🎼🎼အတွဲလည်း
မရှိဘူးပေါ့ သမင်လည်ပြန် ခဏခဏလှည့်ကြည့်တယ်။"
ရက်ကွက်ထဲ သီချင်းသံလေးများဖြင့် ဆူညံ့နေလေသည်။ "ငုဝါ သွားကြမယ်လေဟာ အိမ်ထဲ
ကထွက်ခဲ့ပါဦးဟ" "ဟာ အာ့လိုဆူဆူညံ့ညံ့အသံတွေ
ငါမကြိုက်တာ နင်တို့သိရက်နဲ့ဟာ မလိုက်ချင်ဘူး
နင်တို့ဘာသာသွားကြ လာမခေါ်နဲ့" ဟုပြောသာပြော
လိုက်ရသည် လိုက်တော့ လိုက်ချင်သား။ဒါပေမဲ့ ငုဝါနဲ့
မဖြစ်လို့ပါ သူငယ်ချင်းတို့ရယ်လို့သာ စိတ်ထဲပြောမိ
လေသည်။
"နေဟာ မလိုက်နဲ့ သူငယ်ချင်းတွေ လူစုံပါစေဆိုပြီး
လာခေါ်တာ နင့်ချစ်လွန်းလို့မထင်နဲ့" "ဟဲ့ နေပိုင် နင်က
လည်း အဲ့လိုမပြောနဲ့လေ" "အေးလေကွာ မင်းကလည်း
သူလည်း ဘယ်စိတ်ကောင်းပါ့မလဲဟ" နေပိုင်တို့ အုပ်စု
တစ်ယောက်တစ်ပေါက် ကျွတ်စီကျွတ်စီဖြစ်ကုန်လေ
သည်။
"ကလေးတို့ရယ် သမီးလေးက နေမကောင်းလို့ပါ
မဟုတ်ရင် အဒေါ်တို့လဲ လွှတ်ပါတယ် နားလည်ပေး
ကြပါနော် " "ဟုတ် ရပါတယ်အဒေါ် နောက်နှစ်ခါမှပေါ့"
နေပိုင် စိတ်ထဲတွင်တော့ ဒီနေမကောင်းလေးများ ရက်
ကွက်ထဲ တစ်ပတ်လောက်ပတ်တာများ သေမှာကျနေ
တာပဲ ဖြစ်နေလိုက်ကြတာ။ တစ်ကယ်တော့ နေပိုင်က
ငုဝါကို ချစ်နေသည်သာ။ဒီလိုသီတင်းကျွတ်ညမျိုးကို
ချစ်ရသောသူနှင့် အတူမလည်ချင်းမို့သာ ဒေါသထွက်
လို့ ပြောမိတာ ဖြစ်သည်။
အိမ်ထဲက ငုဝါကတော့ ထွက်သွားသောကျောပြင်များ
ကိုကြည့်ရင်း "နေပိုင်ရယ် နင်မှငါ့ကို နားမလည်တာ၊
နင်တစ်နေ့ သိလာမှာပါ" တုန်ခါသောအသံလေးဖြင့်
ပြောနေသည်ကို နေပိုင်ကြားနိုင်တော့မည် မဟုတ်။
အိမ်ပြန်ချိန်ရောက်နေလေပြီ။ငုဝါတို့ အိမ်ရှေ့ကဖြတ်ပြီးပြန်ရမှာ ဖြစ်သည်။ဒီတိုင်းတော့
သီတင်းကျွတ်ညမကုန်ဆုံးစေချင်ပါ။နေပိုင် ခေါင်းထဲ
ဖျက်ခနဲ့ အကြံတစ်ခုပေါ်လာလေသည်။လက်တွေ့
အကောင်အထည်ဖော်ဖို့ သူငယ်ချင်းများကိုစကား
အစချီလိုက်သည်။ " ငါတို့ ငုဝါအိပ်နေတဲ့ အခန်းထဲ
ဗောက်အိုး ထည့်ဖောက်လိုက်ရင် မကောင်းဘူးလား"
ရုတ်တရက်နေပိုင်ပြောသော စကားကြောင့် အားလုံး
ကြောင်သွားကြသည်။နောက်မှ "ဟာ မင်းကတော့ လုပ်
ပြီ" " အေးလေ နင်ရူးနေလား နေပိုင် ငုဝါ နေမကောင်း
ပါဘူးဆိုမှပဲ" " သူ့ဘာသာ အေးဆေးနေပါစေဟာ"
သူ့အကြံကို တစ်ယောက်မှ လက်မခံကြ။
"အေးပါကွာ မင်းတို့ကလည်း ငါကဘာရယ်မဟုတ်ဘူး
ဒီတိုင်း ပြောလိုက်တာပါကွ" "အင်းပါ တစ်ကယ်မလုပ်
ရင်လည်း ပြီးရော" "သွားမယ်ကွာ မိဘတွေတောင် အိပ်
နေကြပြီထင်တယ်" နေပိုင် ငြိမ်ပြီး လိုက်လာလေသည်။
ရှေ့နားဆို ငုဝါတို့ အိမ်ရှေ့ရောက်ပြီ။ငုဝါ အခန်းက
အိမ်ဦးခန်းဘေးကပ်ရပ်ပဲ။ပြေးသွားလျှင် ခဏလေးနဲ့
ခဏလေးနဲ့ ရောက်နိုင်သည်။လက်ထဲတွင်လည်း သုံး
ချက်ဖောက် ဗောက်အိုးက အဆင်သင့်။မီးခြစ်က ဘောင်းဘီအိတ်ထဲမှာ။သူငယ်ချင်းတွေကို လမ်းကြည့်
လိုက်တော့ စကားပြောကြရင်း အိမ်ပြန်ရောက်ရင်းသာ
အာရုံစိုက်နေကြသည်။ ဟော ရောက်ပါပြီ ငုဝါတို့ အိမ်
ရှေ့။ နေပိုင် ဖျက်ခနဲ့ဆို ဗောက်အိုးမီးငြိပြီး အပြေးသွား
လိုက်လေသည်။
"ဖောင်း ဖောင်း ဖောင်း"ဗောက်အိုး သုံးချက်
ဆင့်သံက တိတ်ဆိတ်သော ညကိုဖြိုခွဲလိုက်လေပြီ။
ထိုအသံနဲ့ ထပ်တူ " အားးးးးးးးးး"ငုဝါ၏အော်သံ။
သွားပြီ ငါမှားသွားပြီ နေပိုင်ခေါင်းထဲထူပူကုန်လေသည်။
အသံကြား၍ သူငယ်ချင်းတွေလဲ ပြေးအလာ။ဆူညံ့ အော်ဟစ်သံတွေ။ငိုယို သံတွေ။နေပိုင် ဘာမှမကြားနိုင်
တော့ပါ။
"အဲ့တော့ အဲ့တော့ရော ဦးလေး အဲ့ငုဝါက
ဘာဖြစ်တာလဲ သူဘာလို့ထအော်ရတာလဲ" သွေးနဲ့သက်က မေးလိုက်ခြင်းပါ။ဦးလေးလဲ လေးပင်
သော အသံဖြင့်"သူက နှလုံးရောဂါသည်လေ"
"ဟင်" "ဟင်" "သူဘာဖြစ်သွားတာလဲ ဦးလေး"
"သူဆုံးသွားပြီလေ" "ရှင်" "ဗျာ"
"အဲ့ဒါကြောင့် အပျော်က အပျော်ပဲကောင်းတယ်လေ
အပျော်ကနေ အပျက်ဖြစ်ရင်မကောင်းဘူး"ကြည့်ကြပ်
စကြပေါ့ကွာ။သီတင်းကျွတ်ဆိုတာ အဲ့လိုငိုသံတွေနဲ့
ရောမနေသင့်ဘူးလေ" "ကဲ မင်းတို့လည်း သွားဆော့
တော့ မလွန်စေနဲ့ပေါ့ကွာ၊ဟုတ်ပြီလား"
"ဟုတ် ဦးလေး" သွေးနဲ့သက်ပြိုင်တူဖြေပြီး သွားဆော့
ကြလေပြီ။
အကယ်ဤများ နောက်ပြန်လှည့်ကြည့်ခဲ့ပါက
မျက်ရည်များကျနေသော သူတို့ဦးလေးဖြစ်သူကို တွေ့
ရမည်လေ။အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းထဲက
နေပိုင်က သူဖြစ်နေခဲ့သည်ကိုး။ပြီးပါပြီ။
PàńĐóŘą. {5:11\15.10.2016}.
ပထမဆုံးရေးသားခြင်းမို့ သည်းခံဖတ်ပေးကြပါ။
Admin-ko min
Post a Comment