ပဉ္စမမြောက်ပန်းဒေဝီ
…………………………
အပိုင်း(14)
ညဥ့်နက်သန်းခေါင်ယံအချိန် လူခြေတိတ်ဆိတ်
နေတဲ့ နတ်ကျွန်းတွင် သူမတစ်ယောက် အဆောင်
ကနေ တစ်ယောက်တည်း ထွက်လာခဲ့တော့သည်။
ညဥ့်ကနက်နေသည်မို့ မည်သူမှ သူမကို သတိမမူ မတွေ့ကြပါ သူမကတော့ ဘုရားကျောင်း ပျက်သို့
ခဲ့သည်။ ဘုရားကျောင်းသို့ ရောက်တော့ ဘုရား
ကျောင်းက ချိတ်ပိတ်ထား သဖြင့် အပြင်ဘက်က
နေ အထဲ၌ရှိသော ပန်းပင်များဖြင့် ဆက်နွယ်၍ အာယုံခံလိုက်သည်။
"ဟင် ဒါက ဘာလဲ မိစ္ဆာလား လူတွေကိုသတ်နေ
တာ ငါမိစ္ဆာနံ့ရတယ်"
သူအံသြသွားတော့ကာ သူမအုတ်နံရံကို ကိုယ်
ဖော့ ပညာဖြင့်ကျော်ကာ ဝင်လိုက်တော့သည်။
အထဲသို့ရောတော့ သူမခုနက ပန်းနှင့် ချိတ်ဆက်
မိရာ ချယ်ရီပန်းပင်ရှိရာသို့ လာခဲ့တော့သည်။
လရောင်အလင်းကြောင့် ပတ်ဝန်းကျင်ကို ကောင်း
စွာ မြင်ရတော့သည်။ သူမ ဘုရားကျောင်း အ
ဆောက်အအုံးထဲသို့ ပန်းတွေနဲ့ချိတ်ဆက်ကာ
မဝင်ဘဲ ဘုရာစကျောင်းရဲ့ဘယ်ဘက်ဘေးသို့
လျှောက်ဝင်လာရာ ချယ်ရီပန်းနှစ်ပင်ကြား၌ ရုပ်ထု
ကိုတွေ့ရသည်။ သူမ တစ်လှမ်းခြင်းလျှောက်လှမ်း
ကာ ရုပ်ထုဆီသို့ လာခဲ့တော့သည်။
"ဒီရုပ်ထုအနားမှ မိစ္ဆာရှိရမယ် ငါဒီနားမှာဘဲအနံ့
ရတယ် "
သူမသိဘဲ မြေ၌ဆွဲထားသော အမျိုးသမီးတစ်
ယောက်ရဲ့ ပုံကိုတက်နင်းမိတော့သည်။ ထိုအခါ
ရုပ်ထုက အသက်ဝင်လာပြီ
"ခြေထောက် ဖယ်လိုက် မိန်းကလေး အဲဒီမှာမရပ်
နဲ"
သူမ လည် ရုတ်တရပ် ရုပ်ထုစကားကြောင့် အံသြ
ကာ ငြိမ်သက်မိသွားသည်။ ရုပ်ထုက စစ်သူကြီး
ပုံသဏ္ဍန်းပြောင်း၍ သူမကို ခြေထောက်ဖယ်ဖို့ ထက်ပြောပြန်တော့သည်။ သူမလည် ဘာကြောင့်
မှန်းမသိပေ့မယ့် ခြေထောက်ကိုဖယ်ရန် လုပ်လိုက်
ချိန်
"ဟင် ငါခြေထောက်ဖယ်လိုမရတော့ပါလား"
မြေ၌ ပန်းချီးထဲက အမျိုးသမီးဟာ သူမခြေ
ထောက်ကို ဆွဲထားကား အသံနက်ကြီးနှင့်ရယ်
တော့သည်။ ထိုအချိန်မှာခွေးတွေကလည် တစ်အားကို အူကြတော့သည်။
"ဟားးးးးဟားးးးဟားးးဟားးးးးးဟားးးးး ငါအစာနောက်တစ်ယောက်ရပြီ ငါလွတ်တော့မယ်
ဟားးးးးဟားးးး "
သူမက သူခြေထောက်တစ်ဖက်ကို ဆွဲထားသဖြင့်
သူမရုန်း ၍မရသွားသည်။ သူမက ပထမတော့
ကြောက်လာသဖြင့် ရုန်းသည်။ ရုပ်ထုစစ်သူကြီးက
လည် သူနေရာကရွေ့မရသဖြင့် သုမကိုကူ၍မရ
ချေ။ ထိုမိစ္ဆာမက မြေကနေထွက်ကာ သူစည်းဝိုင်း
ထဲတွင် သူမကို ချုပ်နှောင်လိုက်တော့သည်။ သူမ
ရုန်းနှင့် ဒေါသထွက်လာတော့သည်။ ထိုမိစ္ဆာမက
"ဟားးးးးးးးဟားးးးးငါအစာ ငါအစာ နင်ကငါ့အစာ"
သူမကို သွေးစုပ်ရန် သူမအနားသို့ တဖြေးဖြေးကပ်
လာတော့သည်။ သူမလည်ရုန်းရင်းနှင့် စိတ်မွမ်း
ကျပ်လာတော့သည်။အသက်ရှူသံ ပုံမှန်မဟုတ်
တော့ဘဲ အသိစိတတ်ပျောက်လာကာ ဒေါသကိုမ
ထိန်းချုပ်နိုင်တော့ချေ။ မူမှန်စွာသူမပုံသဏ္ဍန်းဟာ ပြောင်းလဲပြီ သူမနံဖူးမှ အပြာရောင်အလင်းတန်း
ထွက်လာသည်။ သူမမျက်လုံးများလည် အပြာ
ရောင်အဖြစ်သို့ အရောင်းပြောင်းလဲပြီသူမအားချုပ်
နှောင်ထားသမျှဟာ ချက်ချင်းဆိုသလို သူမရဲ့စွမ်း
အားကြောင့် ချုပ်နှောင်၍မရတော့ချေ။
မိစ္ဆာမလည် သူပုံမကိုကြည့်၍ အံသြသွားပြီ ရယ်သံ
လည် တိတ်သွားတော့သည်။ သူမဟာ ကြောက်
စရာကောင်းသော ပုံသဏ္ဍန်အဖြစ်သို့ ပြောင်းကာ မိစ္ဆာမအနား ကပ်လိုက်ပြီ လက်တစ်ဖက်ဖြင့် လည်ပင်းကိုညစ်ကာ စူးဝါးသောအသံဖြင့်
"ငါကိုသတ်ချင်တယ် နင်လောက်အစွမ်းလေးနဲ
ငါကိုသတ်မယ် သွားစမ်းးးးးး"
သူမကိုင်မြှောက်က တစ်ဖက်သိုပစ်ချလိုက်သည်။
မိစ္ဆာမလည် မြေပြင်၌လဲကျသွားသည်။ အဆွယ်
ထက်နှစ်ချောင်းနှင့် ဘီးလူမဟန်ရှိသည်။ ထိုမိစ္ဆာမ
ကာ
"နင်ဘယ်သူလဲ နင်လူမဟုတ်ဘူး နင်လည် ငါလို
ဘဲ ဘီလူးမလားး "
သူမက သူကိုယ်သူမသိဟန်ဖြင့်
"ငါဘယ်သူလဲ ငါ ဘယ်သလဲ ငါနင်ကို သတ်မယ်
ငါဘယ်သူလဲ ပြော ငါဘယ်သူလဲ"
သူမအသိစိတ်ပျောက်ကာ ပန်းကိုခူး၍ စားလိုက်
သည်။ပြီတော့ ယိုင်တိုင်တိုင်လမ်းလျှောက်ကာ
ချယ်ရီပန်းတွေကိုယူ စွမ်းအားဖြင့်ယူလိုက်ပြီ
"သူကို သတ်လိုက်"
ပန်းတွေကို အမိန့်ပေးလိုက်တော့သည်။
"ဟားးးးးဟားးးးးးငါဘယ်လဲ ငါဘယ်သူလဲ"
"ဘုန်းးးး"
သူမလဲကျကမေ့လဲသွားတော့သည်။ ပန်းတွေက
သူမအမိန့်ကြောင့် အသက်ဝင်ကာ ဘီလူးမကို
ဝိုင်းသတ်ကြတော့သည်။ ဘီလူးမလည် သူကိုပန်း
တွေက တိုက်စားကြသဖြင့် နာကျင်လာသဖြင့်
စူးဝါးတဲ့အသံနက်ဖြင့် အော်က ပျောက်ကွယ်
သွားတော့သည်။ သူမလည် ထိုဘုရားကျောင်း
ပျက်ထဲ၌မေ့လဲလျှက်ရှိနေတော့သည်။ လရောင်
လည်တဖြေးဖြေး ကွယ်ပျောက်ကာရောင်နီဦးလေး
သန်းလာတော့သည်။ သူမကတော့ မြေပြင်၌ ခွေ
ခွေလေးမေ့လဲနေလျှက်ရှိတော့သည်။
မနက်မိုးလင်းခန့်တွင် နန်းတော်သို့ပြန်ရောက်
လာတော့သည်။ မည်သူကမှကြိုစိုမယ်လူ တစ်
ယောက်မျှမရှိကြပါ။ သူပြန်လာမှန်းတောင် မည်သူ
ကမှသိပုံမရကြချေ။ သူတို့ နန်းတော်ထဲသို့ဝင်လာ
ကြတော့သည်။ သူဦးတည်၍ ဘုရင့်နန်ဆော်ဆီ
သို့ ဦးတည်၍လာခဲ့တော့သည်။ ဘုရင့်နန်တော်
ဟာ အရင်ကလိုမဟုတ်တော့ဘဲ တိတ်ဆိတ်ငြိမ်
သက်လျှက်ရှိတော့သည်။ ဘုရင့်အစောင့်တွေ တစ်ယောက်မှမတွေ့ရချေ။ သူအဆောင်ထဲသို့
ဝင်လိုက်ပြီ စိတ်ထဲမှပုံမှန်တော့တဲ့ သူဖခမည်း
တော်အဆောင် ကိုကြည့်၍ရင်ထဲ နစ်ခနဲဖြစ်သွား
သည်။ သူစိတ်ဓါတ်မကျဘဲ ရှေ့ဆက်လျှောက်ဝင်
လာခဲ့တယ် အထဲရောက်တော့ အထိန်းတော်က
ထွက်လာပြီ သူကိုသိ ဟန်မရှိဘဲ
"ဘယ်သူတွေလဲ စစ်သူကြီး ဘုရင့်နန်းဆောင်ကို
ဘယ်သူတွေကို ခေါ်လာတာလဲ"
သူက အထိန်ကိုကြည့်ကာ ငယ်ငယ်ကသူကို ထိန်
ခဲ့သော အထိန်တော်ဖြစ်နေသည်။
"အထိန်တော် ခမည်းတော်ရော ကျွန်တော်
ကျန်မင်းပါ ကျန်မင်းလေး မမှတ်မိတော့ဘူးလား"
"မင်းသားလေးလား မင်းသားလေးကျန်မင်းလား"
သူကပြုံးလိုက်ပြီ
"ဟုတ်ပါတယ် အထိန်တော်"
သူကို ဝမ်းသားအားရပြေးဖက်ကာ ငိုတော့သည်။
"အဟီးးးးးဟီးးးးဟီးးး မင်းသားလေး မင်းသားလေး
ပြန်လာပြန်ပြီ မင်းသားလေးပြန်လာပြီ မင်းသား
လေး ကယ်ပါဦးမင်းသားလေး"
ဖက်ထားရမှာ ခွာလိုက်ပြီ သူမျက်နှာကိုအထိန်
တော်ကာ ကိုင်ကာ
"နေကောင်းရဲ့လား မင်းသားလေး ငါတို့မင်းသား
လေးတောင် ဒီအရွယ်ရောက်နေပြီ ငါထိန်ခဲ့တဲ့
မင်းသားလေးက ဒီလောက်တောင်ကြီးပြင်းသွား
တာ ငါမသိလိုဘူး အဟင့် အဟင့်"
"မငိုပါနဲတော့ အထိန်တော်တော်ရယ် တိတ်ပါ ဒါနဲ
ခမည်းတော့ရော"
အထိန်တော်က ငိုနေတာကို ရပ်ပြီ
"အထဲမှာ အိပ်နေတယ်နေမကောင်းဘူး မင်းသား
လေး ဒါတွေအားလုံးဟာ ဟိုဦးရီးတော်လုပ်တာ"
"နောက်မှအဲဒီအကြောင်းတွေပြောရအောင် အခု
ဖခမည်းတော်နဲတွေ့ချင်တယ်"
"လာပါ မင်းသားလေး"
သူက မနောက်သိုပြန်လှည့်ပြီ
"ခဏလောက် အပြင်မှစောင့်ပေးကြပါ"
စစ်သူကြီးနှင့်ရန်ညီနောင်တို့က
"ကောင်းပါပြီ မင်းသားလေး"
သူလည် အထိန်တော်အနောက်နေ အိပ်ဆောင်
ထဲသို့ ဝင်လာခဲ့သည်။ အိပ်ယာ၌လဲလျောင်နေ
သော သူ၏ဖခမည်းတော်မင်းကြီးကို သူတွေလိုက်
ရသည်။ သူက သူဖခမည်းတော်ဘေးနားထိုင်
လိုက်ပြီ
"မနိုးသေးဘူးလား"
"ဟုတ်တယ် အဲလိုဘဲ အမြဲတမ်းအိပ်နေတယ် သတိလည် ရလိုက်မရလိုက်ပါဘဲ"
"ဘယ်နှစ်ရက်ရှိသွားပြီလည် တစ်လကျော်ပြီ"
သူ သူရဲ့ဖခမည်းတော်ကိုကြည့်၍ စိတ်ထဲတွင် ဝမ်း
နည်းသွားတော့သည်။ အချိန်တော်တော်ကြာ သူ
ဘုရင်ကို စိုက်ကြည့်၍နေမိသည် အထိန်တော်
လည် သူကိုဘာမှမပြောဘဲ သူဘေးကနေရပ်
ကြည်နေတော့သည်။ အချိန်တော်ကြာကြာ သူငြိမ်
သတ်နေတော့သည်။ ဘုရင်က သတိမရသေးချေ။
သူက
"အခု နန်းတော်မှ ဘယ်သူအုပ်ချုပ်နေလဲ"
"ဦးရီးတော်"
"အကိုတော်နှင့် ညီတော်တို့ရော"
"သူတို့ အဆောင်မှာရှိမှာပါ"
"နန်းတော်ကို သူတို့မထိန်းချုပ်ကြဘူးလား ဒီ
လောက် အချိန်ထိ သူတိုတွေ ဘာလုပ်နေကြလဲ"
"မင်းသားကြီးက ဦးရီးတော်နောက်လိုက်လုပ်နေ
တယ် ဦးရီတော်အမိန့်အတိုင်း နာခံနေတယ်"
"ဘာ အကိုယ်တော်က ဦးရီးတော်နောက်လိုက်
အသုံးမကျလိုက်တာ ဒါဆို ညီတော်ရှန်ပင်းကာ
ရော ဘာလုပ်နေလဲ"
"မင်းသားလေး ရှန်ပင်းက ထီးနန်းကိစ္စ စိတ်မဝင်
စားဘူး အနုပညာဘဲစိတ်ဝင်စားတယ် အားရင်
ပန်းချီးဘဲ ဆွဲနေလေ့ရှိတယ် နန်းတွင်းရေးကိုလုံး
ဝ စိတ်မဝင်စားဘူး မင်းသားလေး"
"ဘာ နန်းတွင်းရေးကို စိတ်မဝင်စားဘူး"
သူကို အထိန်တော်ရဲ့စကားတွေက စိတ်ပျက်သွား
စေတော့သည်။
"ဖခမည်းတော် ဒီလိုဖြစ်နေတာတောင် သုတို့တွေ
ကနန်းတော်နဲ မဆိုင်သလိုနေနေကြတယ်"
သူတော်တော်ဒေါသ ထွက်သွားတော့သည်။
"တွေ့ကြရောပေါ့ကွာ အသုံးမကျတဲ့ ညီအကို
တွေ "
သုဘုရင့် အိပ်ဆောင်မှလှည့်ထွက်လိုက်သည်။ အထိန်တော်က
"မင်းသားဘယ်သွားဖိုလဲ အခုဘဲပြန်လာတာ ခဏ
လောက်နားပါဦး"
"ရှန်ပင်းအဆောင် နောက်မှဘဲနားတော့မယ် ညီ
တော်နဲသွားတွေ့မယ်"
သူအပြင်သို့ ထွက်လာတော့သည်။ စစ်သူကြီးက
"မင်းသား ကျွန်တော်မျိုးကိုခွင့်ပြုဦး အိမ်ခဏပြန်
လိုက်ဦးမယ် အေးဆေးမှပြန်လာခဲ့မယ်"
"ကောင်းပါပြီ စစ်သူကြီး နောက်မှ ကျွန်တော်လာ
ခဲ့ဦးမယ် အခုတော့ရှင်းစရာလေးတွေရှိသေးတယ်"
"ဟုတ်ကဲ့မင်းသား အကူညီလိုရင်ပြောပါ"
"ကောင်းပါပြီ စစ်သူကြီး"
စစ်သူကြီးက သူကိုနူတ်ဆက်ပြီ သူရှေ့မှထွက်သွား
လိုက်တော့သည်။ သူလည် ရန်ညီကိုနှင့်အတူ ရှန်
ပင်းဆောင်သို့ လာခဲ့တော့သည်။ ရှန်ပင်းအဆောင်
သို့ရောက်တော့ ရဲမတ်တွေက သူကိုမည်သုမှန်း
မသိကြသဖြင့် တားကြတော့သည်။ သူတို့လည်
အားလုံးနှင့်တိုက်ခိုက်ပြီ အဆောင်ထဲသို့ဝင်ခဲ့တော့
သည်။ စာကြည့်ဆောင်၌ ရှန်ပင်းက ပန်းချီးဆွဲနေ
လျှက်ရှိသည်။ သူတို့ဝင်လာပြီ သူညီတော်၏ အေး
ဆေးစွာ ပန်းချီးဆွဲနေပုံကိုကြည့်၍ ဒေါသထွက်ကာ
ညီတော် စားပွဲပေါ် စာအုပ်တွေကို လက်ဖြင့်တွန်း
ထုတ်ပြီ ရှန်ပင်းဆွဲနေသည် ပန်းချီးကားကို ယူ
၍ဖြဲပစ်လိုက်တော့သည်။ ရှန်ပင်းက သူကိုကြည့်
၍ အံအားသင့်သွားကာ
"မောင်မင်း ဘယ်သူလဲ ဘာလိုအခုလိုလုပ်တာလဲ"
သူက ရှန်ပင်း အကျီ င်္ကိုဆွဲ၍ ထိုးလိုက်သည်။ ရှန်
ပင်းလည် ကြမ်းပြင်ပေါ်သို့ ထိုးခံထိသဖြင့် လဲကျ
သွားတော့သည်။ သူက ရရာ စက္ကူအလိမ်တစ်ခု
ကို ယူ၍ သူညီတော်အား ရိုက်နှက်လေတော့
သည်။ ရှန်ပင်းလည် ရုတ်တရပ် ဘာကြောင့်မသိ
ဘယ်သူ ဘယ်ဝါကလာရိုက်နေမှန်းမသိသဖြင့်
ဒေါသထွက် အော်၍ ရဲမတ်တွေကိုမကူညီတောင်း
တော့သည်။
"အစောင့်တွေ လာခဲ့စမ်း လာခဲ့ကြစမ်း သူကိုလာ
ဖမ်းကြစမ်း"
ရဲ့မတ်လေးယောက်လောက်က ပြေးဝင်လာကြပြီ
သူကရဲမတ်တွေကို
"တစ်ယောက်မှမလာနဲ အကုန်ရိုက်သတ်ပစ်လိုက်
မယ် အသုံးမကျတဲ့ ညီတော် ရဲ့အစောင့်တွေ မင်း
တို့ သခင်လည် အသုံမကျသလို မင်းတို့လဲအသုံး
မကျဘူး"
"ဒီမှာ မောင်မင်းက ကျုပ်ကိုရိုက်နေအောင် မောင်
မင်းက ဘယ်သူလဲ ကျုပ်လို မင်းသားကို လာရိုက်
ရအောင် မောင်မင်းအသက်ပေါနေလား"
"ဘာ မင်းကများ ထပ်ရိုက်ရင်သေဦးမယ် ရန်ကျိ ရန်ရှမ်း"
"ဟုတ်ကဲ့ မင်းသားလေး"
"ရှန်ပင်းကို ကြိုးတုတ်လိုက်ကြ"
ရဲမတ်တွေကလည် ကြောက်လန့်နေကြသည်။
သူက ရဲမတ်တွေကို သူရဲ့မင်းသားကျောက်စိမ်း
တံဆိပ်ကို ထုပ်၍
"အမိန့်နာခံကြစမ်း"
ရဲမတ်တွေလည် အမိန့်ပြာကိုတွေ ကြောက်လန့်ပြီ
ဦးညွှတ်ကြတော့သည်။
"မင်းသားကျန်မင်းကို အရိုသေပေးပါတယ်"
"ကောင်းပြီ မင်းသားရှန်ပင်းကို အချုပ်ထဲထည့်
ထားလိုက် ငါအမိန့်မရဘဲ အချုပ်ထဲကမထွက်
စေနဲ"
ရှန်ပင်းလည်အံသြသွားတော့သည်။
"အကိုတော်………အကိုယ်တော်ကျန်မင်းလား"
သူရှန်ပင်းဘက်လှည့်လာပြီ
"ညီတော် ကိုယ်အပြစ်ကိုယ်သိတယ်မှတ်လား ငါ
ဘာလုပ်သင့်လည်ဆိုတာ အချုပ်ခန်းထဲမှာ စဉ်းစား
ပါ အချိန်တပတ်ပေးမယ် ငါကို အဖြေတစ်ခုခုကို အသင့်လျှောဆုံးအဖြေပေးပါ"
ရှန်ပင်းမျက်ရည်ဝဲလာပြီ ပြုံးလာသည်။
"သိပါတယ် အကိုတော် အကိုတော်လာပြီဆိုတော်
ညီတော် နန်းတွင်းကို စိတ်ချပါပြီ အကိုတော်ကြိုက်
တဲ့ အပြစ်ပေးပါ ခံယူပါမယ် အကိုတော် အမိန့်
အတိုင်းနေပါ့မယ် ညီတော်ကို ထပ်ရိုက်ပါ အကို
တော် အကိုတော်ပြောတာမှန်ပါတယ် ညီတော်က
အသုံးမကျတဲ ညီတော်ပါ အပြစ်ပေးပါ"
"ကောင်းပြီ ငါဘာအရင်လုပ်သင့်လည် စဉ်းစား
လိုက်ဦးမယ် ညီတော်အခုတော့ အချုပ်ထဲမှ သွား
နေလိုက်ဦး ငါစိတ်ပြေမှ လွတ်ပေးမယ် အကိုတော်
ရော ညီတော် ရော ရှိနေပါလျှက်နဲ နန်းတော်ကြီး
တစ်ခုလုံး အခုလိုဖြစ်စေခဲ့တယ် ခမည်းတော်အိပ်
ယာထဲ လဲနေတာတောင် စိတ်မပူဘဲ ညီတော်က
အေးဆေးနေနေနိုင်တယ် ငါခွင့်မလွတ်နိုင်ဘူး"
"ညီတော် အသုံးမကျပါဘူး အကိုတော် ဦးရီးတော်
ကို မကျော်လွန်နိုင်ခဲ့ဘူး ဦးရီးတော်ကိုရင်ဆိုင်ဖို့
ညီတော်မှာ အာဏာမရှိဘူး အစွမ်းအစမရှိခဲ့ဘူး"
"စောင့်ကြည့်နေ တစ်ပတ်အတွင်း ငါ ဦးရီတော် အမိန့်ကို ဆန့်ကျင်ပြမယ် အခု ညီတော်အပြစ်ကိုခံ
ယူလိုက်ဦး ငါ ညီတော်ရဲ့အခုပုံစံကို စိတ်ဆိုးမိ
တယ်"
"အကိုတော်သဘောပါဘဲ နားခံပါ့မယ်အရမ်း
ဝမ်းသာတယ် အကိုတော် ပြန်ရောက်လာတာ"
"နောက်မှစကား အေးဆေးပြောကြတာပေါ့ ငါအမိန့်မရဘဲ ရှန်ပင်းကိုဘယ်သူမှတွေ့ခွင့်
မရှိဘူးကြားလား သေချာစောင့်ကြပ်ကြပါ"
"ဟုတ်ကဲ့"
ရဲမတ်တွေကို ပြတ်သားတဲ့အမိန့်ဖြင့် ညီတော်ရှန်
ပင်းကို အချုပ်ခန်းသို့ ပို့ဆောင်လိုက်တော့သည်။
ရန်ညီနောင်လည် သူကိုကြည့်၍ ပို၍လေးစားသွား
တော့သည်။ သူရဲမတ်အယောက် နှစ်ဆယ်
လောက် ကိုခေါ်ယူကာ ဘုရင့်နန်းဆောင်သို့ ပြန်
လာတော့သည်။ သူက ဘုရင့်နန်းဆောင်၌ ရဲမတ် အစောင့်အဖြစ် ခေါ်ခဲ့တော့သည်။အထိန်တော်
"မင်းသားလေး ရဲမတ်တွေကဘာလုပ်ဖို့လဲ"
"ဘုရင့်နန်းဆောင်ကို ကာကွယ်ရမယ်"
"မလွယ်ဘူးမင်းသားလေး ဦးရီးတော်က ဘုရင့်နန်း
ဆောင် ကိုရဲမတ်မထားထားခိုင်းဘူး"
"ဦးရီူတော်က မထားပေ့မယ် ကျွန်တော်ကတော့
ထားမယ်အထိန်တော် ဦးရီတော်မထားခိုင်းတာက
ဘုရင့် အဆောင်ဟာ ဘာမှအသုံးမဝင်ဘူးလို သူ
ပြချင်တာ ဒါကြောင့် ဘယ်သူသတ်သတ် သတ်လို
ရတယ် ဘုရင်ဆိုတာ ဘာမှအသုံးမဝင်ဘူးလိုပြော
ချင်တာလေ ကျွန်တော်လည် ဦးရီတော်ကိုပြန်ပြရ
မယ် ဘုရင့်အဆောင်ဆိုတာ ဦးရီတော်တောင် ကျွန်တော် ခွင့်ပြုချက်မရဘဲ ဝင်ခွင့်မရှိစေရဘူး
ဒါကြောင့် ဘယ်သူကမှမဝင်နိုင်အောင် ဆန့်ကျင့်
ရမယ် အထိန်တော်"
"ဟုတ်ကဲ့ပါမင်းသားလေး မင်းသားလေးသဘောပါ
ဘဲ"
သူခေါ်လာသော ရဲမတ်အယောက်နှစ်ဆယ်ကို
ညီညီလေး ရပ်စေပြီ
"ငါကိုယ်တော် ရဲမတ်တော်တွေကို ပြောစရာရှိ
တယ် ဘုရင်ဆိုတာ ရဲမတ်တွေ အတွက်ဘယ်လို
ခံယူထားသလဲ"
"ဘုရားတစ်ဆူပါ မင်းသားလေး"
ရဲမတ်တွေက ညီညီညာညာဖြေကြတော့သည်။
"ကောင်းပြီ ဒါဆို ဘုရင်တစ်ခုခုမဖြစ်အောင် ဘာ
လုပ်ရမလဲ"
"ကာကွယ်ပေးရမယ် မင်းသား"
"ဘယ်လိုကာကွယ်ပေးရမလဲ"
"လိုအပ်ရင်အသက်ပါစွန့်ပြီ ကာကွယ်ပေးရပါမယ်"
"ဒါဆို ဘုရင်ထက်အရေ့းကြီးတာ လောကမှဘာရှိ
လဲ"
"ဘာမှမရှိပါဘူး မင်းသား"
"ဒါဆိုဘုရင့်ထက်ပိုပြီ ကြောက်ရမယ်သူရော ရှိကြ
လား ရဲမတ်တို့"
အားလုံးတိတ်ဆိတ်သွားကြတော့သည်။သူတို့တွေ
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာငြိမ်
သတ်သွားကြတော့သည်။ သူက
"ရန်ကျိ ရန်ရှမ်း"
"ဟုတ်ကဲ့ မင်းသားလေး"
"မင်းတိုမှ ငါထပ်ကြောက်ရမယ်လူရှိလား"
"မရှိပါဘူး မင်းသား တစ်ခြားလူကအမိန့်လာပေး
ရင် အသေခံပြီ မင်းသားလေးကို ကာကွယ်ပေးပါ
မယ် မင်းသား မင်းသားသာလျှင် ကျွန်တော်မျိုးတို့
ရဲ့သခင်ပါ"
"ရဲမတ်တော်တို့ကြားတယ်နော် ငါကိုယ်တော်က သစ္စာမရှိတဲ့ လူကိုမခေါ်ချင်ဘူး ဒါကြောင့် စဉ်းစား
ပါ ဘုရင့်ထက်လေးစားပြီ ကြောက်ရမယ့်သုရှိ
ထွက်သွားပါ အတင်းမတိုက်တွန်းဘူး ဘုရင်သာ
လျှင်အရေးကြီးဆုံးလို ထင်ရင် ဘုရင်အစောင့်
အဖြင့် နေကြပြီ ဘုရင်ကိုကာကွယ်ကြပါ ကယ်အခု
စပြီ ဘုရင်ကိုမကာကွယ်နိုင်တဲ့လူထွက်သွားကြပါ"
ရဲမတ်တွေ မင်းသားစကားဆုံးတာနဲ ရဲမတ်တစ်
ယောက်ပြီ တစ်ယောက်စတင် ထွက်သွားကြတော့
သည်။ မင်းသားလေးရှေ့ကနေ တစ်ယောက်ပြီ
တစ်ယောက် ထွက်သွားးကြတော့သည်။
နောက်ဆုံးလူ ခုနှစ်ယောက်သာ ကျန်ရစ်လာ
တော့သည်။ ထိုရဲမတ်ခုနှစ်ယောက်ဟာ ထွက်မ
သွားဘဲ ငြိမ်သက်နေလျှက်ရှိတော့သည်။ သူက
"မင်းတိုတွေကရော ထွက်မသွားကြတော့ဘူးလား"
"ဟုတ်ကဲ့မင်းသား ဘုရင့်ကို မသတ်ပေးပြီကာ
ကွယ်ပါမယ် မင်းသား"
"ကောင်းပြီ ငါကိုယ်တော်ရဲ့ အမိန့်ကိုနာခံပေးကြ
တဲ့ ရဲမတ်တို့ကို ငါကလည် ရဲမတ်တို့ရဲ့အသက်ကို
ကာကွယ်ပေးမယ် အခုချိန်ကစပြီ မင်းတို့ရဲ့အရှေ့
မှာ ငါကိုယ်တော်ရှိတယ် ကယ်နေရာယူကြပါ ရန်
ကျိ ငါအကူညီတောင်းစရာရှိတယ် ဒီရဲမတ် ခုနှစ်
ယောက်ကို မင်းဦးဆောင်ပါ ငါအမိန့်မရဘဲနဲ ဘုရင့်ကို ဘယ်သူကမှတွေ့ခွင့်မရှိဘူး ကြားလား"
"ဟုတ်ကဲ့ မင်းသားလေး မင်းသလေးအမိန့်
အတိုင်းပါဘဲ"
"ကယ်နေရာယူတော့ ဘုရင့်ကိုစောင့်လျှောက်ဖို့
ငါ မင်းကို ပထမဦးဆုံးတာဝန်ပေးတယ်"
"အသက်ပေး၍ ကာကွယ်ပါ့မယ် မင်းသားလေး"
"ကောင်းပြီ ကယ်နေရာယူကြတော့"
ရန်ကျိနှင့်ရဲမတ်ခုနှစ်ယောက်ဟာ ဘုရင့်အဆောင်
ကိုစောင့်လျှောက်ရန်နေရာ ယူကြတော့သည်။
သူက
"အထိန်တော်"
"ပြောပါ မင်းသားလေး"
"သမားတော် သွားခေါ်ပါ ဘုရင့်ကို အနီးကပ်
စောင့်လျှောက်နိုင်အောင် ဘုရင့်နန်းဆောင်အ
တွင်ခေါ်ထားပါ "
"ကောင်းပါပြီ မင်းသားလေး'
သူလည် အားလုံးကို နေရာချ စီမံပြီ သူအဆောင်
ဆီသို့ ပြန်လာနားတော့သည်။ သုနှင့်အတူရန်ရှမ်း
က သူကိုစောင့်လျှောက်ရန် သူအဆောင်သို့ လိုက်
လာတော့သည်။ သူလည် ရန်ရှမ်းကို သူလက်
အောက်ငယ်သားလို သဘောမထားဘဲ သူနှင့် ညီ
အကိုသဘော ထား၍နေစေလိုတော့သည်။ သူ
အတွက် ဦးရီးတော်ကိုတိုက်ခိုက်ဖို့ စတင်ရတော့
သည်။
အပိုင်း(14)ပြီး၏စာဖတ်သူများလေးစားလျှက်
စာရေးသူ…လင်းသုခ
Post a Comment