Sim1ခုနဲ့ ဖုန်းနံပါတ်‌၂ခုသုံးမယ်‌

မင်္ဂလာပါ
Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း။ software မလို အင်တာနက်လိုင်းမလို ပိုက်ဆံမစားဘူး။ တကယ်အသုံးဝင်တာပါ။

ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာ အခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်း တွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor/Ooredoo ထဲမှာ အ၀င် Call လက်ခံလို့ရမယ်ဗျ။
အဲတာဆိုရင် Telenor / Ooredoo Sim တခုထဲမှာ MPT ရော Telenor / Ooredoo နံပါတ်ပါ နှစ်ခုလုံး အ၀င်ခေါ်လက်ခံလို့ရပြီဗျ။ လုံးဝ Free ပါ။ ဒီနည်းကို MPT မူရင်း Page ကနေ တင်ထားတာတွေ့လို့ စမ်းကြည့်တာ အဆင်ပြေလို့ ပြန်မျှဝေပေးတာပါ။ Ooredoo သုံးသမားတွေလည်း ယခုနည်းအတိုင်းလုပ်လို့ရပါတယ်။ အတူတူပါပဲ။

မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်ကို Telenor/Ooredoo နံပါတ်ထဲမှာ အ၀င် call လက်ခံလို့ရတဲ့နည်းနော်။ MPT Sim ကို ဖုန်းထဲကနေထုတ်ထားလည်း MPT ကို Call ရင် Telenor ထဲ ၀င်သွားမှာပါ။ အဲတာဆို Sim တကတ်ထဲဖုန်းက နံပါတ် ၂ ခုအ၀င်လက်ခံလို့ရပြီပေါ့။ အရမ်းအသုံးဝင်တာနော် ကဲအောက်ကနည်းအတိုင်း လိုက်လုပ်ကြပါဗျာ အဆင်ပြေပါစေ။ ကျနော် ကိုယ်တိုင် စမ်းထားတာမို့ စိတ်ချလက်ချ ဒီနည်းကို သုံးနိုင်ပါတယ်။ ကဲ စမယ်ဗျာ ---

- အရင်ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်ထားပါ။
- 1331ကို CF လို့ ရေးပြီး SMS ပို့ပါ။ ခနနေရင် SMS တခု ပြန်ဝင်လာပါမယ်။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်တဲ့ ကတ် Telenor/Ooredoo နံပတ်ကို *21*09×××××××××# လို့ရိုက်ပြီး Call နိပ်လိုက်ပါ။ ခနနေဆို Success ဖြစ်တဲ့ စာပြလာရင် အောင်မြင်ပါပြီ။ အဲတာဆို MPT Card ကို ထုတ်လိုက်လို့ရပြီ ခုနက ထည့်ထားတဲ့ နံပါတ် Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်လိုက်ပါ။ အဲတာဆို အားလုံး အဆင်ပြေပါပြီ။

MPT နံပါတ်ပဲခေါ်ခေါ် Telenor နံပါတ်ပဲခေါ်ခေါ် ကိုထည့်ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်လာမှာဖြစ်ပါတယ်။ အဲတာဆို Sim တခုထဲကို နံပါတ် ၂ ခုအ၀င် Call လက်ခံလို့ရပါပြီ။ ကျနော် လက်တွေ့ စမ်းထားတာမို့ မဖြစ်နိုင်ဘူးဆိုတာမပြောပါနဲ့နော်။ ဖုန်းနဲ့ ရေးတင်တာမို့ ပုံနှင့်တကွ မပြနိုင်တာ ခွင့်လွှတ်ပါနော်။

အားလုံးအဆင်ပြေပါစေ

အဆင်မပြေသောသူများ ပြန်ဖြုတ်ချင်လျှင်

MPT Sim ကဒ် ထည့်ပြီး 1331 သို့
CF OFF လို့ရိုက်ပြီး message ပြန်ရိုက်လိုက်ပါ ။

Call forwarding ပြန်ပြုတ်သွားပြီး နဂိုကအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်...

Credit
အများသိအောင် Share ပေးခြင့်ဖြင့်ကူညီပါ

Post a Comment