နှင်းဆီ နီနီ Part 1

နှင်းဆီနီနီ part 1
ဟူးးးးးးးးးးးးဝူးးးးးးးးးးဟူးးးးးးးးးး
လေတိုက်သံတွေကပြင်းထန်
လှသလိုမိုးကလဲအငြိုးနဲ့ရွာနေ
သည့်အလားတဝုန်းဝုန်းနှင့်
ပိတ်ပိန်းအောင်မှောင်နေသော
ပတ်ဝန်းကျင်မှာခွေးတစ်ကောင်
ကြောင်တစ်မြီးမှပင်မရှိ

ထိုကဲ့သို့အခြေနေနှင့်အချိန်
တွင်တော့ရပ်ကွက်တစ်ခု၏
အိမ်ကြားလမ်းလေး
များအားဖြတ်ကာဖြတ်ကာ
ဖြင့်တရွေ့ရွေ့နှင့်လျှောက်လာ
သည့်အရာတစ်ခုထိုအရာမှာ
မိန်းကလေးတစ်ယောက်
်ဖြစ်လေသည်

သူမလက်ထဲတွင်နီရဲနေသော
နှင်းဆီပန်းစည်းတစ်စည်းအား
ကိုင်ထားပြီးမျက်နှာပေါ်တွင်လည်း
မိတ်ကပ်များဖြင့်ခြယ်သထား
သည့်အပြင်ရှည်လျားလှသော
အနီရဲရဲဂါဝန်အားဝတ်ဆင်ထား
လေသည်ပြောရလျှင်တော့
သာမန်ထက်သူမမှာသတို့သမီး
တစ်ဦးကဲ့သို့အပြင်ဆင်များဖြင့်
့်ဖြစ်လေသည်

မည်သူမျှအရေးကြီးကိစ္စမရှိပဲမ
ထွက်သောဤအချိန်မျိုးတွင်
ထိုမိန်းကလေးမှာလမ်းကြား
လေးများမှတစ်ဆင့်ထိုရပ်ကွက်၏
အမြင့်ဆုံးဖြစ်သော၈ထပ်တိုက်ကြီး
ဆီသို့ဦးတည်၍သွားနေလေသည်

ထိုတိုက်အဝင်ဝမှအစောင့်မှာ
လည်းမိုးအေးအေးဖြင့်သူ၏
အခန်းထဲတွင်ကွေးနေလေရာ
ထိုမိန်းကလေးဝင်သွားသည်အား
သတိမထားမိပေထိုမိန်းကလေးမှာ
စိုရွှဲနေသောသူမဂါဝန်အား
လက်တစ်ဖက်ဖြင့်မကာ
တိုက်လှေကားများမှ
တစ်ထပ်ပြီးတစ်ထပ်တက်နေ
လေသည

်နောက်ဆုံးလသာဆောင်
အရောက်သူမခြေလှမ်းများရပ်တန့်
သွားလေသည်အချိန်အတော်ကြာ
သည်အထိသူမရပ်တန့်နေပြီးမှ
ခြေလှမ်းများရှေ့ဆက်လှမ်း
လိုက်လေသည်လသာဆောင်
များ၏ထုံးစံအတိုင်းအကာအရံမရှိ
သူမလသာဆောင်၏အစွန်းတစ်ဖက်
နားရောက်သည်အထိ
ိလျှောက်လာလေသည်

ထိုနားအရောက်သူမပါးစပ်မှ
တတွတ်တွတ်ပြောနေလေသည်

''ဂျိမ်းးးးးးဂျလိမ်းးးးဂျိမ်းးးးးး''
ပြင်းထန်လှသောမိုးချုန်းသံနှင့်
အတူလျှပ်စီးများဖြင့်ပတ်ဝန်းကျင်
တစ်ခုလုံးလင်းလက်သွားလေသည်
်လင်းလက်သွားသောထိုတစ်ခဏ
သူမမျက်လုံးများရဲနေခြင်းက
သူမငိုထားကြောင်းသက်သေ
ဖြစ်နေသည်သူမအံကြိတ်ကာ
လက်ထဲမှပန်းစည်းအား
ကျစ်ကျစ်ပါအောင်စုပ်ကိုင်ပြီး
ထို၈ထပ်တိုက်၏လသာဆောင်
မှခုန်ချလိုက်လေတော့သည်

''အားးးးးးအားးးးးးအားးးးးး''

''ဝေဝေ ဝေဝေ''

အိပ်ယာထက်မှချွေးများ
စီးကျနေကာအသက်ရှုသံများ
မြန်နေသောအသားဖြူဖြူ
မိန်းကလေးတစ်ဦးသူမ
အမည်ကဝေဝေနှင်း
မိဘပိုင်အချိုရည်ထုတ်သော
ကုမ္မဏီတွင်M.Dရာထူးဖြင့်
ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး

ရုပ်ရည်ဥစ္စာပြီးပြည့်စုံလှသော
သူမအားသာမန်ယောင်္ကျားများ
မကပ်ဝံ့သူမဘဝတွင်အရာရာပြီး
ပြည့်စုံသော်လည်းနေ့စဉ်နှင့်အမျှ
နှိပ်စက်နေသည်ကထူးခြားလှသော
ကြောက်မက်ဖွယ်ထိုအိပ်မက်ပင်
်ဖြစ်ပေသည်

အိပ်မက်ဟုပြောသော်လည်း
သူမအဖို့ပြင်ပလောကတွင်
အမှန်တကယ်မြင်နေရသည့်
အလားတုန်လှုပ်ဖွယ်ကောင်း
နေလေသည်ဒီနေ့ပါပါလျှင်ထိုအိပ်မက် အားသူမမက်နေသည်မှာ
တစ်ပတ်နှင့်သုံးရက်ပင်ရှိနေပေပြီ

ယခုလည်းသူမထိုအိပ်မက်ကြောင့်
လန့်ကာနိုးလာရပြန်ပြီ

''သမီးသတိထားအုန်းလေ သမီး
သမီးကိုနိုးဖို့အခန်းရှေ့အရောက်
အခန်းထဲကသမီးအော်သံကြားလို့
မေမေလန့်ပြီးပြေးဝင်လာတာ
ဘာတွေမက်ပြန်ပြီလဲသမီး''

''မေမေသမီးအဲ့ဒီအိပ်မက်ကြီးပဲ
ဘာလို့ခဏခဏမက်နေတာလဲ
သမီးဘယ်သူ့ကိုမှဘာမှမဟုတ်တာ
မလုပ်ဖူးဘူးမေမေရယ်သမီး
စိတ်ပင်ပန်းလိုက်တာ
အဲ့အိပ်မက်ကြီးမက်ပြီးတိုင်း''

''သမီးကိုလည်းမေမေခဏခဏ
ပြောပါတယ်ဒါသမီးရဲ့စိတ်စွဲလန်း
မှုတစ်ခုပါလို့သမီးဒီကိစ္စနဲ့ပက်သက်
်ပြီးအဆင်မပြေတော့ဘူးဆိုရင်
မေ့မေ့သူငယ်ချင်းတစ်ယောက်
်နဲ့တွေ့ကြည့်ပါလားမေမေ
အပွိုင်းမင့်ယူပေးမယ်လေသမီး''

''မေ့မေ့သူငယ်ချင်းကဘယ်သူတုန်း
ဘာလုပ်တာတုန်း''

''သူကစိတ်ရောဂါကုဆရာဝန်လေ''

''ဝုန်းးးး''ဝေဝေဒေါသတကြီး
သူမအပေါ်မှခြုံစောင်အားဖယ်ချလိုက်ကာ

''မေမေဘာပြောချင်တာလဲမေမေ
သမီးကိုရူးနေတယ်ထင်နေတာလား
သမီးကမေမေယုံကြည်ပေးပြီး
သမီးကိုကူညီပေးနိုင်မယ်ထင်
လို့ပြောပြခဲ့တာကိုမေမေက''

''မဟုတ်ဘူးလေသမီးအထင်
လွဲနေပြီမေမေပြောချင်တာက''

''တော်ပြီမေမေသမီးဘာမှ
နားမထောင်ချင်တော့ဘူးတော်ပြီ''

ဝေဝေစိတ်ဆိုးမာန်ဆိုးဖြင့်
အိပ်ယာထက်မှထကာ
ရေချိုးခန်းအတွင်းဝင်သွား
လေသည်သွားတိုက်ရင်းမှ
သူမစဉ်းစားနေမိသည်
သူမငယ်ဘဝမှတိုင်
ယနေ့ထိထိုကဲ့သို့ထိပ် လန့်စရာအိပ်မက်များမမက်ဖူးခဲ့ပေ

''ထူးဆန်းလွန်းတယ်ဒီအိပ်မက်က
ိုဒီရက်ပိုင်းဆက်တိုက်မက်နေတာ
ဒါသာမန်တော့မဟုတ်လောက်ဘူး
ငါဘာလုပ်သင့်လဲအပြင်မှာ
သာဆိုလည်းတစ်ခုခုလုပ်လို့ရ
သေးတယ်ခုဟာက
ငါဘာလုပ်ရမလဲအိပ်မက်ထဲက
မိန်းကလေးကဘယ်သူလဲ''

ဝေဝေတစ်ယောက်အတွေးများစွာ
ဖြင့်ရေချိုးပြီးအဝတ်စားလဲကာ
အောက်ထပ်သို့ဆင်းလာလေသည်
သူမအမေကမနက်စာစားဖို့
လှမ်းခေါ်နေသည်ကိုမသိဟန်
်ပြုကာထွက်လာခဲ့လေသည်

ရုံးရောက်တော့မှရုံးမှပြာတာ
ကောင်လေးမောင်ပုအားခေါ်ကာ
မနက်စာဝယ်ခိုင်းလိုက်လေသည်

''ဒေါက် ဒေါက်''          ''ဝင်ခဲ့ပါ''
ဝေဝေ့အခန်းကိုဝင်လာသူက  သူမတို့၏စရှယ်ယာစပ်တူပါသော
ကုမ္မဏီမှပိုင်ရှင်၏သားတစ်ဖြစ်လဲ
သူမချစ်သူရန်နိုင်
်''အော်ကိုကိုးဘယ်သူများလဲလို့
လာထိုင်လေကိုဘာကိစ္စရှိလို့လဲ''

''အော်ဒီနေ့ညနေရုံးဆင်းပြီးရင်
ကိုနဲ့ခဏလိုက်ခဲ့အုန်း''

''ဘယ်လဲကို''

''ဝေအတွက်စပရိုက်စ်ရှိတယ်''

''တကယ်''သူမဝမ်းသာအားရ
ပြောမိလေသည်ရန်နိုင်ထိုင်
နေရာမှထလာကာသူမလက်အား
လှမ်းကိုင်လိုက်လေသည်
ဝေဝေလက်အားရုန်း
ထွက်လိုက်လေသည်

''ဝေဝေရယ်ကိုတို့ကချစ်သူတွေလေ''

''ချစ်သူတွေဆိုတာကိုဝေဝေ
မငြင်းပါဘူးဒါပေမဲ့ကို့ကိုအဖြေပေး
ထားတာတောင်မကြာသေးဘူးလေ
ဝေဝေလေ့လာပါရစေအုန်း''

''ကို့ကိုမယုံကြည်တာလားဝေ''

''မယုံကြည်တာမဟုတ်ပါဘူး
ဝေဝေအဆင်သင့်မဖြစ်သေးတာပါ''
ရန်နိုင်မျက်နှာအနည်းငယ်ငြိုးငယ်သွားကာ

''ကယ်ဝေကိုလည်းရုံးသွား
တော့မယ်ဝေ့ကိုဝင်နှုတ်ဆက်
်တာသွားပြီနော်''

''ဟုတ်ကားလည်းဂရုစိုက်
မောင်းအုန်းနော်ကို''
တံခါးအဝနားရောက်နေသာ
ရန်နိုင်သူမအားတစ်ချက်
လှည့်ကြည့်ကာပြုံးပြရင်း
ခေါင်းငြိမ့်ပြသွားလေသည်

်ဝေဝေအလုပ်ထဲအာရုံနှစ်ထား
လိုက်ခြင်းကြောင့်အိပ်မက်
အကြောင်းအားမေ့နေလေသည်
်ညနေရုံးဆင်းချိန်ရောက်တော့
ရန်နိုင်သူမအားလာကြိုလေသည်
သူမကားပါကင်တွင်ရပ်ထားသော
သူမ၏ကားအားသော့ပိတ်ကာ
ရန်နိုင်ကားနှင့်အတူ
ထွက်လာခဲ့လေသည်

''ကိုဝေဝေ့ကိုဘယ်ခေါ်သွားနေတာလဲဟင်''

''ဟိုရောက်တော့သိမှာပေါ့''

ရန်နိုင်ကားရပ်လိုက်သည်က
စားသောက်ဆိုင်တစ်ဆိုင်
ရှေ့တွင်ဖြစ်သည်

''ဟင်ဒီနေရာဝေဝေမရောက်ဖူးသေးပါဘူး''

''မနေ့ကမှစဖွင့်တာဝေရဲ့ကို့သူငယ်ချင်းရဲ့
ဆိုင်မလို့ကိုလည်းသိတာ''

''လာအထဲသွားစို့''ရန်နိုင်သူမ
ဘက်မှကားတံခါးလာ၍ဖွင့်ပေးလေသည်
ဆိုင်မှာတော်တော်လေးကြီးသည့်အပြင်စား
သောက်ဖွယ်ရာများစုံလင်လှပေသည်
အပြင်ဆင်များမှာလည်းထိပ်တန်း
အဆင့်ထက်ပင်ကျော်လွန်နေသည်

စားသောက်စရာများ၏ဈေးနှုန်းများမှာ
မြင့်လွန်းနေသည်ကသူဌေးများသာ
လာရောက်စားသောက်နိုင်ကြောင်း
သက်သေဖြစ်နေလေသည်
သူမတို့ဝင်ရောက်လာသည်နှင့်
ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသော
ရန်နိုင်နှင့်သက်တူရွယ်တူကောင်လေး
မှလာ၍ဧည့်ခံလေသည်

ရန်နိုင်နှင့်ထိုဆိုင်ပိုင်ရှင်တို့စကား
ပြောနေစဉ်သူမလည်းစားစရာများမှာ
လိုက်ကာစောင့်နေရင်းမှဖေ့စ်ဘွခ်ဖွင့်
သုံးနေမိလေသည်

်''ဟူးးဖေ့စ်ဘွခ်သုံးရတာလည်း
အကုသိုလ်တွေများလာပြီလှလား
မလှလားတွေနဲ့လိမ်ပြောနေရတာ''
သူမတွေးရင်းလက်ကဖုန်းscreenအား
အပေါ်အောက်ပွတ်နေရင်းမှ
ရပ်တန့်သွားလေသည်

''ဟင် ဒါ ဒါ ဒီမိန်းကလေးက
ငါ့အိပ်မက်ထဲက''သူမဆက်မ
တွေးနိုင်လက်များကအလိုလိုပင်
ထိုပုံတင်ထားသောaccountအား
နှိပ်လိုက်ကာwallထဲဝင်လိုက်လေသည်

သူ့wallထဲတွင်ကတင်ထားသည်များ
ကိုမမြင်ရpostတွေကိုfriends only လုပ်ထားလေသည်သူမထိုaccount
အားadd fri လုပ်ထားလိုက်လေသည်
account နာမည် နှင်းဆီနီ တဲ့
သူမမှတ်ထားလိုက်လေသည်

ဝေဝေခေါင်းထဲတွင်အတွေးပေါင်း
များစွာဖြင့်ကြပ်နေလေသည်

''ဒီမိန်းကလေးကငါ့အိပ်မက်ထဲက
ဆိုတာသေချာတယ်နေ့တိုင်း
အိပ်မက်ထဲမှာမြင်နေရတာ
မမှားနိုင်တော့ဘူးခုသူprofile
ချိန်းသွားတာမှမိနစ်ပိုင်းလေး
ပဲရှိသေးတယ်ဘာလဲဟာ
ငါ့အိပ်မက်ထဲမှာသူတိုက်ပေါ်က
နေခုန်ချတယ်ခုသူလိုင်း
သုံးနေတယ်ဘာတွေလဲ''

''သူ့ပုံနဲ့များသူများတစ်ယောက်
သုံးနေတာလားအင်းလေဒါလည်း
ဖြစ်နိုင်တာပဲဟာစိတ်ရှုပ်လိုက်တာ''
သူမအတွေးများဖြင့်ခေါင်းတွေပင်
ကိုက်ချင်လာသည်စားပွဲပေါ်မှ
ရေအေတစ်ခွက်ယူသောက်
လိုက်ကာအသက်ရှုမှန်စေရန်
်ကြိုးစားနေမိသည်

်နားထဲတွင်
ချိုသာလွန်းလှသည့်တယော
ထိုးသံကဝင်ရောက်လာလေရာ
ငုံ့ထားသောခေါင်းဆတ်ကနဲ
မော့ကြည့်လိုက်မိလေသည်

သူမရှေ့တွင်ရန်နိုင်မတ်တတ်
ရပ်နေကာသူမဘေးပတ်ပတ်လည်
တွင်တူညီဝတ်စုံများဖြင့်လူသုံးယောက်
်တယောထိုးနေလေသည်
တယောသံအဆုံးရန်နိုင်သူမ
ရှေ့ဒူးထောက်ကာ

''ဝေ ကို့ကိုလက်ထပ်ပါ
ဝေကိုအမြဲတမ်းစိတ်ချမ်းသာ
စေဖို့ကိုတာဝန်ယူပါရစေကို့ကို
လက်ထပ်မယ်မလား''

သူမအားပါးတရပြုံးလိုက်ကာ
ခေါင်းတွင်တွင်ငြိမ့်မိသည်
ရန်နိုင်သူ၏ဘောင်းဘီအိတ်ထဲမှ
ရတနာဗူးသေးလေးထုတ်ကာ
ထိုထဲမှစိန်တစ်ပွင့်တည်းနှင့်
့်ပြုလုပ်ထားသောခန့်ထည်လှသည့်
လက်စွပ်လေးအားဝေဝေ့လက်သူ
ူကြွယ်ဆီသို့စွပ်ပေးလိုက်လေသည်

်ထို့နောက်တွင်တော့သူတို့နှစ်ယောက်
်အစားအစာများစားသောက်ကာ
ထွက်လာလေသည်ရန်နိုင်က
ဆိုင်မန်နေဂျာကိုနှုတ်ဆက်နေ
သည်ကြောင့်ဝေဝေကားဆီသို့
တစ်ယောက်တည်း
ထွက်လာခဲ့လေသည်ကားနား
မရောက်ခင်သူတို့ကားနားတွင်
်လူတစ်ယောက်ရပ်နေသည်ကိုဝေဝေ
တွေ့မိလိုက်လေသည်

''ဟင်ဘယ်သူပါလိမ့်ကားနားမှာ
ဘာလုပ်နေတာလဲ''ဝေဝေလှမ်း
ကြည့်နေရင်းမှထိုလူမှာကားနား
မှထွက်ခွာသွားလေသည်
ဆိုင်ပတ်ပတ်လည်တွင်
ထွန်းထားသောမီးရောင်ကြောင့်
ထိုလူအားသဲသဲကွဲကွဲမြင်လိုက်
ချိန်တွင်တော့ဝေဝေမျက်လုံး
အစုံပြူးကျယ်သွားခဲ့ရလေ
တော့သည်ထိုလူမှာအခြား
သူမဟုတ်သူမအိပ်မက်ထဲမှ
ဂါဝန်အနီနှင့်မိန်းကလေး

လက်ထဲတွင်လည်းရဲရဲတောက်
နေသောနှင်းဆီအနီများဖြင့်ဝေဝေ
စဉ်းစားမနေပဲသူမနောက်သို့
အပြေးလိုက်လေတော့သည်

်ရန်နိုင်သူ၏ဆိုင်ပိုင်ရှင်သူငယ်ချင်းနှင့်
စကားပြောအပြီးကားထားရာသို့
ရောက်လာရာကားနားတွင်ဝေဝေ
ရှိမနေပတ်ဝန်းကျင်အား
လှည့်ပတ်ကြည့်မိရာ
လမ်းချိုးတစ်ခုထဲသို့ဝင်သွားသော
ဝေဝေ့နောက်ကျောအား
မြင်လိုက်မိလေသည်

''ဟာဝေဝေအဲ့ဒါဘယ်သွားတာလဲ''
ပါးစပ်မှလည်း''ဝေဝေ ဝေဝေ''
ရန်နိုင်အော်လည်းအော်ကာ
နောက်မှပြေးလိုက်သွားလေသည် ဝေဝေခြေလှမ်းများဘယ်လိုပင်
်သွက်နေပါစေထိုမိန်းကလေးအား
မမှီဖြစ်နေသည်ဝေဝေသူမ
နောက်ပြေးလိုက်လာရင်းမှ
ှသတိဝင်လာလေရာသူမကိုယ်၌
ပင်ချွေးများရွှဲနေပေပြီ

ဘေးဘီဝဲယာကြည့်လိုက်ရာ
သူမတစ်ခါမှပင်မရောက်ဖူးသေး
သောနေရာတစ်ခုဖြစ်နေသည်
ပလက်ဖောင်းပေါ်တွင်ခြေပစ်
်လက်ပစ်အိပ်နေသော
သူတောင်းစားတစ်ချို့
လမ်းလားအမှိုက်ပုံလားပင်
မသဲကွဲလောက်အောင်
်ရှုပ်ပွနေသောရပ်ကွက်တစ်ခု
အတွင်းသူမရောက်လာလေသည်

ရင်ဘတ်တစ်ခုလုံးနိမ့်ချီ
မြင့်ချီဖြင့်သူမမောနေလေသည်
ဂါဝန်အနီနဲ့မိန်းကလေးသူ
သူဘယ်ရောက်သွားတာလဲ
ငါငါကောဒါဘယ်ရောက်လာတာလဲ
အနောက်လှည့်ကြည့်လိုက်သောအခါ
မှောင်မဲနေသည်မှလွဲ၍ဘာမှမရှိ
အခုမှသာသူမကြောက်ရန်
သတိရလာလေသည်

''ငါ ငါဘာလုပ်ရမလဲ ဘာလုပ်ရမလဲ
ကို ကိုရန်နိုင် ဟုတ်တယ် ဟုတ်တယ်''
သူမဘေးလွယ်အိတ်ထဲမှဖုန်းထုတ်ကာ
ရန်နိုင်အားဖုန်းခေါ်လိုက်လေသည်

''ဟာ ဖုန်းလိုင်းတွေမရှိတော့ပါလား
ဘယ်လိုဖြစ်တာလဲ တောက်စ်
ဘာတွေလဲဟာဒါတွေအားလုံး
အဲ့ဒီမိန်းကလေးကလူစစ်စစ်
ရောဟုတ်ပါ့မလား''

ထိုအတွေးကြောင့်သူမတစ်ကိုယ်လုံး
ကြက်သီးများထသွားလေသည်
ထိုစဉ်သူမပုခုံးပေါ်သို့ကျ
ရောက်လာသောလက်တစ်ဖက်

်''အားးးးးးးအားးးးးးးးးး''

''ဝေဝေဝေဝေကိုပါဝေကိုရန်နိုင်ပါ''

ဝေဝေရန်နိုင့်ရင်ခွင်ထဲပြေး
ဝင်လိုက်ကာငိုချလိုက်မိလေသည်

အေးမြလှသောလေကြည်လင်လှသော
ရေမျက်နှာပြင်တွင်အထင်းသားပေါ်
နေသာလရောင်ပတ်ပတ်လည်မှ
ကျနေသောအပင်များ၏အရိပ်တို့က
ချစ်သူများအတွက်ဆိုလျှင်ရင်ခုန်စရာ
ကြည်နူးစရာဖြစ်ပေမဲ့ဝေဝေအတွက်
တော့ကြည်နူးစရာထက်ကြောက်အား
ပိုနေမိလေသည်ကန်ဘောင်ပေါ်တွင်
်ဝေဝေနှင့်ရန်နိုင်ထိုင်နေရာဝေဝေ
ဖုန်းမှအသံမြည်လာလေသည်

''ဟာခုဏကလိုင်းတွေပျောက်နေတာ
လေအခု''သူမဖုန်းကိုင်လိုက်လေရာ

''ဟယ်လိုဟုတ်မေမေသမီး
ကိုရန်နိုင်နဲ့ရှိနေတယ်အခုဂျူး
ကန်မှာခဏနေပြန်လာခဲ့မယ်
ဟုတ်ဒါပဲနော်မေမေ''

ဝေဝေသူမအမေနှင့်ဖုန်းပြောအပြီး
ရန်နိုင်က''ဝေပြောပြတဲ့အရဆိုရင်
်ဒါကဝေရဲ့စိတ်ဆွဲလန်းမှုတစ်ခုပဲကို
ဖတ်ဖူးတယ်တချို့လူတွေမှာစိတ်ဖိစီးမှု
များလာရင်သူများတွေမမြင်ရတဲ့အရာ
တွေကိုသူတို့မြင်လာတယ်တဲ့မြင်လာ
တယ်ဆိုတာထက်မြင်အောင်
ဖန်တီးလာတယ်ဆိုပိုမှန်မယ်

စိတ်ဖိစီးမှုများလာတဲ့ချိန်မှာလူတစ်ချို့က
အပေါင်းသင်းသိပ်မရှိတဲ့သူတွေဥပမာ
ဝေလိုပေါ့တစ်ယောက်တည်းအနေ
များလာတဲ့ချိန်မှာမသိစိတ်ကကို့အတွက်
လူတစ်ယောက်ကိုဖန်တီးလိုက်တယ်
တစ်ချို့ကအဲ့ဖန်တီးထားတဲ့လူနဲ့ချစ်ခင်
စွာဆက်ဆံတတ်ကြတယ်တစ်ချို့ကြ
တော့ကြောက်တတ်ကြတယ်
ဝေဖြစ်နေတာအဲ့ဒါပဲဝေ

ရန်နိုင်ရှင်းပြလိုက်သောကြောင့်
ဝေဝေအနည်းငယ်ဇဝေဇဝါဖြစ်
သွားခဲ့လေသည်သို့ပေမဲ့သူမ
လက်မခံချင်ပြိုင်ငြင်းလို့လည်း
ရမည်မဟုတ်၍သူမဘာမှ
ဆက်မပြောတော့ပေ

ကယ်ဝေတတ်နိုင်သလောက်
်စိတ်ကိုငြိမ်အောင်ထား
ပျော်စရာများများတွေး

ကိုလည်းတတ်နိုင်သလောက်
ကူညီပေးမယ်ညနက်နေပြီ
အိမ်ပြန်စို့အန်တီတို့စိတ်ပူ
ူနေလိမ့်မယ်သူမခေါင်းသာငြိမ
့်ပြလိုက်မိလေသည်ရန်နိုင်သူမအား
အိမ်အတွင်းထိလိုက်ပို့ပေးပြီး
မေမေတို့အားနှုတ်ဆက်ကာ
ပြန်သွားလေသည်

ဝေဝေစိတ်ပင်ပန်းမှုနှင့်အတူface bookအားသတိရသွားလေသည်
သူမလှမ်းaddထားသောaccount
သူမအားလက်ခံမခံသိရန်ဖုန်း
ထုတ်ကာဖွင့်ကြည့်လိုက်မိလေသည်

''ဟငါ့ကိုလက်ခံထားပြီးပြီပဲ''
ဝေဝေmessengerသို့ဝင်လိုက်ရာ
ထိုaccountပိုင်ရှင်မှာonlineရှိ
နေလေသည်ဝေဝေစ၍hiလိုက်လေသည်

''hi'' တစ်ဖက်မှလည်းချက်ချင်း ''hi''

ဝေဝေ ''ညီမကဘယ်ကလဲ''

နှင်းဆီနီ ''ကျွန်တော်ကယောင်္ကျားလေးပါ''

ဝေဝေ''အော်မသိပါဘူးaccountနာမည်
ကလည်းနှင်းဆီနီပြီးတော့pp picကလည်းမိန်းကလေးပုံနဲ့ဆို
ိုတော့မိန်းကလေးမှတ်လို့''

နှင်းဆီနီ''ဟုတ်ကဲ့ရပါတယ်ဗျ''

တစ်ဖက်ကထိုလောက်သာပြော၍
ဘာမှဆက်မပြောဝေဝေက

''ဟိုဒါနဲ့လေpp picကမိန်းကလေးက
ဘယ်သူလဲဟင်ဟိုချစ်စရာကောင်းလို့''

နှင်းဆီနီ''အော်ကျွန်တော်တစ်ဖက်
သတ်ချစ်ခဲ့ရတဲ့သူပါ''

ဝေဝေကချစ်ခဲ့ရတဲ့သူဆိုတော့

တစ်ဖက်က့''ဟုတ်ပါတယ်သူအခု
ဒီလောကကြီးထဲမှာမရှိတော့ဘူး''

''ဟင်''

ဝေဝေဘာဆက်ပြောရမှန်း
မသိ၍လိုင်းပိတ်လိုက်လေသည်
''သူ သူကဒါဆိုသေပြီး
သားပေါ့ဘာလို့ငါ့ကိုဒီလို
အိပ်မက်လာပေးနေရတာလဲ
ငါတစ်ခုခုတော့လုပ်မှပါ''

သူမအတွေးများစွာဖြင့်ခေါင်းအုံး
ပေါ်ခေါင်းချလိုက်ရာအတော်ကြာ
သည်ထိအိပ်မပျော်

''ရှပ် ရှပ် ရှပ်'' ဝေဝေအခန်း
အပြင်ဘက်မှခြေသံအားနားစွင့်ရင်း

''ဘယ်သူလဲမေမေလား''ပြန်ဖြေသံမကြား
သူမအိပ်ယာထက်မှထကာ
အခန်းတံခါးတွန်းဖွင့်လိုက်လေသည်
ဘယ်သူမှရှိမနေသူမမျက်မှောင်
်ကြုတ်ကာဘေးပတ်ဝန်းကျင်အား
ဝေ့ဝဲကြည့်လိုက်သည်ဘယ်သူမှ
မရှိအခန်းထဲပြန်အဝင်နောက်မှ

''ဝေဝေ''လေသံဖြင့်ခေါ်လိုက်သံ
သူမတစ်ကိုယ်လုံးတုန်သွားကာ
ဆတ်ကနဲလှည့်အကြည့်လှေကား
အောက်သို့ပြေးဆင်းသွားသော
အရာတစ်ခုဝေဝေနောက်မှ
ှပြေးလိုက်လေသည်ဧည့်ခန်းထဲအ
ရောက်မီးကဖြတ်ကနဲပြတ်သွားလေသည်ပတ်ပတ်လည်မှောင်မဲနေသည်

ဝေဝေပါးစပ်မှအော်နေသော်လည်း
အသံကထွက်မလာအာစေးထည့်
ခံထားရသည့်ပမာပါးစပ်များ
ခြောက်ကပ်နေလေသည်
ဝေဝေမျက်လုံးကိုအတော်ကြာ
အားစိုက်ကာကြည့်နေလိုက်ရာ
အမှောင်ထဲတွင်ကျင့်သားရလာ
လေသည်မသဲကွဲသော်လည်း
အနည်းငယ်မြင်နေရလေသည်

ဝေဝေဖြေးဖြေးချင်းစမ်းတဝါးဝါး
ဖြင့်သွားနေရာ''ဒုတ်'' ''အားးးးကျွစ် ကျွစ်''
ခြေထောက်နှင့်ခုန်တိုက်မိလိုက်လေသည်
်စေးထန်ထန်ခံစားမှုကြောင့်သွေးထွက်နေ
မှန်းသိနေရသည်ဝေဝေတံခါးမကြီး
ဆီသို့ရောက်သည်နှင့်ဝေဝေတံခါး
ဆွဲဖွင့်ကာခြံထဲဆင်းလာလေသည်

်ခြံထဲတွင်ကားလရောင်အနည်းငယ်
ကျရောက်နေမှုကြောင့်အတန်အသင့်
့်မြင်နေရလေသည်ဝေဝေပတ်ပတ်လည်
လိုက်ကြည့်နေမိသည်ခွေးတစ်ကောင်
ကြောင်တစ်မြီးပင်မတွေ့ရ
သူမအိမ်ထဲပြန်ဝင်ရန်ခြေလှမ်း
လိုက်စဉ်ရိပ်ခနဲသူမဘေးမ
ှဖြတ်သွားလေသည်ဖြတ်ခနဲ
သူမလှည့်ကြည့်လိုက်ရာဂါဝန်
အနီနှင့်မိန်းကလေးသူမတို့၏
အုတ်တံတိုင်းပေါ်တွင်
မတ်တတ်ရပ်နေလေသည်

ဝေဝေအားကျောပေးနေသည့်
အနေအထားမှတဖြည်းဖြည်း
လှည့်လာရာမျက်နှာတစ်ခုလုံးရှိ
အသားများမှာတောက်တောက်စင်း
ထားသည့်အလားကြေမွနေပြီး
သွေးချင်းချင်းရဲနေလေသည်

''အားးးးးးးးးးးအားးးးးးးးးသရဲသရဲမ သရဲမအားးးးးးးး''

''ဝေဝေ ဝေဝေ သမီးသတိထားပါအုန်းသမီး''

သူမဘေးတွင်သူမအမေ
နာရီလှမ်းကြည့်လိုက်တော့
မနက်၅နာရီပင်ထိုးနေပေပြီ''

''သမီးအမေ့ပြောစကားနားထောင်ပါ
သူသမီးကိုစိတ်ငြိမ်အောင်လုပ်ပေးပါလိမ့်မယ်''

တော်ပြီမေမေဒီအကြောင်း
ဆက်မပြောနဲ့သူမရန်နိုင်နှင့်
တွေ့ကာထိုအကြောင်းအရာများ
အားပြောပြဖြစ်ပြန်လေသည်ရန်နိုင်က
လည်းလက်မခံသူမစိတ်စွဲလန်းမှုဟု
သာပြောနေလေသည်

ညစဉ်ညတိုင်းထိုအိပ်မက်၏
ခြောက်လန့်မှုကြောင့်ဝေဝေ
ညရောက်မည်ကိုပင်ကြောက်
နေမိလေသည်အိပ်မပျော်စေရန်
်အမျိုးမျိုးလုပ်ရင်းကအိပ်ရေးပျက်
ညများများလာကာဝေဝေကျန်းမာ
ရေးပင်အလွန်အမင်းထိခိုက်လာ
လေသည်ရန်နိုင်နှင့်လက်ထပ်ရန်
်လည်းတစ်ပတ်ခန့်သာလိုတော့သည်

သူမအခြေနေမှာဆိုးသည်ထက်
ဆိုးလာသည်မည်သည့်ဆေးမှမ
နိုင်မည်သူနှင့်မှလည်းအတွေ့
မခံတော့ပဲအခန်းတွင်းသာအောင်း
နေမိလေသည်နောက်ဆုံးသူမ
အမေ၏တောင်းဆိုချက်ကိုဝေဝေ
မငြင်းသာတော့ပေသူမကိုတိုင်လည်း
ညကိုကောင်းကောင်းအိပ်စက်ကာ
အနားယူချင်နေလေသည်

သူမအမေ၏သူငယ်ချင်းဖြစ်သ
ူစိတ်ရောဂါကုဆရာဝန်နှင့်တွေ့ပြီး
ပြန်လာကာလမ်းဘေးရှိကော်ဖီဆိုင်
တစ်ဆိုင်တွင်ဝင်၍ကော်ဖီသောက်ကာ
စိတ်ဖြေနေမိလေသည်အဓိပ္ပါယ်မဲ့စွာဖြင့်
လမ်းမကြီးအားငေးနေမိလေသည်

ထိုစဉ်လမ်း၏ဘေးတစ်ဖက်တွင်
သူ၏အိပ်မက်ထဲမှမိန်းကလေးအား
တွေ့မြင်လိုက်လေသည်ဝေဝေ
ပိုက်ဆံအမြန်ရှင်းကာသူမဆီသို့
ပြေးလိုက်လေသည်စိတ်ထဲမှလည်း

''နင်ငါ့ကိုဒုက္ခပေးတာတော်တော်များ
နေပြီတော်ပြီဒီနေ့တော့နင့်ကိုငါရ
အောင်ဖမ်းမယ်''သူမထိုမိန်းကလေး
အားမျက်ခြေမပြတ်တရစပ်
လိုက်နေမိသည်သူမလိုက်နေ
သည်ဆိုတာထက်ထိုမိန်းကလေးမှာ
သူမအားဦးဆောင်ခေါ်သွား
နေသည်ဆိုကပိုမှန်လိမ့်မည်

်ဝေဝေထိုမိန်းကလေးနောက်တရ
စပ်လိုက်လာလေရာဆင်းရဲသား
ရပ်ကွက်တစ်ခုထဲသို့ရောက
်လာလေသည်လမ်းချိုးလမ်းကွေ့
များတစ်ခုပြီးတစ်ခုဖြတ်လာပြီး
သည့်နောက်ထိုမိန်းကလေး
မှာတဲအိမ်လေးတစ်အိမ်တွင်း
သို့ဝင်သွားသည်အားတွေ့
လိုက်လေသည်

တဲအိမ်ရှေ့တွင်ရပ်ကာအတန်ကြာ
သည်အထိဝင်သင့်မသင့်သူမချိန်ဆ
နေကာနောက်ဆုံးအထဲသို့ဝင်ခဲ့လိုက်
လေသည်အိမ်ထဲတွင်တော့ကုတင်
်တစ်လုံးသောက်ရေအိုးစဉ်တစ်ခုအပြင်
်အိုးခွက်အနည်းငယ်သာတွေ့ရလေသည်

နံရံတွင်ချိတ်ထားသောဓါတ်ပုံများအား
ကြည့်ရင်းသူမအံ့သြနေမိသည်'' ဒါါဆိုဒါကအဲ့မိန်းကလေးအိမ်ပေါ့
သူငါ့ကိုဘာပြချင်လို့ခေါ်လာတာပါလိမ့်''
သူမတွေးရင်းအိမ်အတွင်းထဲထိ
ဝင်လာခဲ့လေသည်

''ဟေ့ဘယ်သူလဲ''ရုတ်တရက်သူမ
လန့်သွားကာအသံလာရာဆီ
သို့ကြည့်လိုက်မိလေသည်
အသက်အားဖြင့်၈၀လောက်ရှိမည်
ထင်ရသောအဘွားအိုတစ်ဦး
လက်တွင်တုတ်ကောက်ကိုင်
ထားကာခါးလည်းအနည်း
ငယ်ကိုင်းနေလေသည်

''အော်ဟိုကျမက''သူမဘာ
ဆက်ပြောရမှန်းမသိအဘွား
အိုကသူမအားသေချာကြည့်ပြီး

''ဘာလာလုပ်တာလဲ''

''သူ သူနဲ့တွေ့ဖို့လာတာ''ဝေဝေ
နံရံပေါ်ရှိမိန်းကလေးဓါတ်ပုံအား
လက်ညိုးထိုးပြကာပြောလိုက်
်လေသည်အဘွားအိုမျက်နှာမှ
ခက်ထန်မှုများပျောက်သွားကာ

''သမီးကဘယ်သူလဲနှင်းဆီရဲ့
သူငယ်ချင်းလားအဖွားက
မသိလို့နော်လာထိုင်ထိုင်''
သူမအားကုတင်ပေါ်တွင်
နေရာထိုင်ခင်းပေးကာ

''နှင်းဆီမှာဒီလိုချမ်းသာတဲ့
သူငယ်ချင်းတွေလည်းရှိတာပဲလား
အဖွားကိုတော့တစ်ခါမှမပြောဖူးပါဘူး
သူနဲ့သိတာကြာပြီလားသမီး''

''အဖွားသမီးအမှန်ပဲပြောပြပါရစေ
သမီးနှင်းဆီကိုမသိပါဘူးဒါပေမဲ့သမီး
ကိုဒီထိရောက်အောင်လည်း
သူပဲခေါ်လာတာပါ''

''ဘာ ဘယ်လို''

''ဟုတ်ပါတယ်''ဝေဝေသူမ
ဖြစ်နေသည့်အရာများအား
အဖွားအိုအားပြောပြလိုက်လေသည်
ဝေဝေစကားဆုံးသည်နှင့်အဖွားအိုမှာ
ခြုံးပွဲချငိုချလေတော့သည်

်''သမီးရယ်ဘာကြောင့်ဘာကြောင့်များ
မကျွတ်လွတ်ရတာလဲကွယ်အဖွား
ဘာများလုပ်ပေးရမလဲအီးးဟီးးးဟီးးး''
ဝေဝေအဖွားအိုအားဖက်ကာ
နှစ်သိမ့်နေမိလေသည်

''အဖွားသမီးကိုနှင်းဆီကသူနဲ့
ပက်သက်တဲ့အကြောင်းတွေသိစေ
ချင်တယ်နဲ့တူတယ်သမီးကိုသူ့အ
ကြောင်းပြောပြပါလားရှင်''
အဖွားအိုမှခေါင်းတငြိမ့်ငြိမ့်လုပ်ကာ
နှင်းဆီ၏ငယ်ဘဝမှစ၍ပြောပြလေသည်။ ။ ။ ။်
အပိုင်း၂ဆက်‌ရန်‌

Post a Comment