သွေးစုပ်ဖုတ်ကောင်
စာရေးသူ=ရှိုင်းမြတ်
(စ/ဆုံး)
"နောင်ခန့် ရေ နောင်ခန့်"
"ဟေ့ ဘယ်လိုဖြစ်တာလဲ ကျော်သူရာ အနောက် ကို ခဏလေး ၀င်ပါတယ် အသံပြဲနဲ့ အော်ရလားဟ"
"အရှေ့ ထွက်ကြည့်အုံး ဘယ်သူရောက်နေလဲ ဆိုတာ"
ကျော်သူ ပြောစကားကြောင့် အခန်းထဲက မြန်မြန်ထွက်ပြီ ကြည့်လိုက်ရာ ဆရာလေး အောင်နိုင်နဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်
"ဟာ ဆရာလေး ဘယ်တုန်းက ရောက်တာလဲ"
"အခုလေးတင်ပဲ ညီ "
"နေကောင်းတယ်မလား ဆရာလေး "
"ကောင်းပဗျာ ညီတို့ကော အစစအရာရာ အဆင်ပြေကြရဲ့လား"
"ဟုတ် ဆရာလေး"
"အစ်ကို ရောက်လာတာ ညီတို့ ကို ပြောစရာ ရှိလို့"
"ဟုတ် ဆရာလေး ပြောပါ"
"အော် မိတ်ဆက်ပေးရအုံးမယ် ဒါက ဦးသာဒင်တဲ့ သူတို့က နောင်ခန့် ကျော်သူ နော်စေး ဖြူစင် "
ဦးသာဒင်ဆိုတဲ့ လူကြီးက
"ဟုတ်ကဲ့ ဆရာလေး "
ကျော်သူ နော်စေး ဖြူစင် ထိုင်ခုံအသီးသီးမှာ ၀င်ထိုင်ကြလေတော့သည်။
ဆရာလေးက စပြီတော့
"ဦးသာဒင် ပြောပြလိုက်ပါ သူတို့လဲ သိရအောင်ပေါ့"
"'ဒီလို ငါတူတွေ တူမတွေရဲ့ ဦးတို့ ရွာက အရင်တုန်းက အခုလို့ အဖြစ်မျိုး မရှိခဲ့ဘူး သိပ်မကြာတဲ့ နေ့ကပေါ့
ရွာမှာ စပြီ ကြက်တွေ အကုန် ပြာနှမ်းပြီ သေကုန်ကျတယ် နောက်ကျ ၀က်တွေ သေကုန်ကျတယ် အကုန်လုံး တစ်ပုံစံထဲပဲ နောက်ပိုင်းကျ နွားတွေ သေကျတယ် တဖြည်းဖြည်းနဲ့ အခု လူတွေ သေလာတယ် လူတွေ ဆိုလဲ သွေးမရှိသလို သေကုန်ကြတာ ထူးဆန်းတာက လည်ပင်းအနားမှာ အစွယ်ရာလိုမျိုးတွေ့ရတာပဲ နောက်တစ်ခု ရှိသေးတယ် ရွာထဲ တစ်ခုခု ဖြစ်တော့မယ်ဆို ညနေပိုင်းလောက်ဆို ဘယ်က ရောက်လာမှန်းမသိတဲ့ လင်းနို့တွေ အများကြီး ရွာအပေါ်မှာပျံနေတော့တာပဲ အဲလို လင်းနို့တွေ ထွက်လာတဲ့နေ့ဆို ရွာထဲ လူဖြစ်ဖြစ် တရစ္ဆာန်ဖြစ်ဖြစ် သေတော့တာပဲ တဖြည်းဖြည်း ရွာကလူတွေလဲ ကြောက်လာတာနဲ့ မြို့တက်ပြီ ဆရာပင့်ခိုင်းတာနဲ့ ယောင်ယောင်ပေ နဲ့ ဘုရားကုန်းပေါ်ကဆင်းလာတော့ ဟိုဒီက ဆရာလေးနဲ့ တွေ့ရတော့တာပဲ"
ဦးသာဒင် ပြောရတာ မောသွားတော့ ရေသောက်နေလေရာ ဆရာလေးက
"အခု အစ်ကို အဲဒီရွာကို လိုက်သွားမှာမို့ ညီ လိုက်မလား"
"ဟာ လိုက်မှာ ပေါ့ ဆရာလေးရဲ့ ဘယ်တော့လောက် သွားမလဲ"
"ဖြစ်နိုင်ရင် ဒီနေ့ညလောက်ကားနဲ့ လိုက်သွားမယ် ညီ"
"ဟုတ် ဆရာလေး ကျွန်တော် အ၀တ်စားထည့်လိုက်မယ် "
ကျွန်တော် အ၀တ်စားထည့်ပြီ နော်စေးတို့ ကို နှုတ်ဆက်ကာ ဆရာလေးနဲ့ လိုက်လာခဲ့လိုက်လေတော့သည်။
ကျော်သူက ကားနဲ့လိုက်ပို့ကာ ပထမဆုံး ဆရာလေး အိမ်ဝင်ပြီ ယူစရာရှိတာယူ ကာ
ကားဂိတ်ကိုထွက်လာလိုက်လေတော့သည်။ကားဂိတ်ရောက်တော့ ကံကောင်းထောက်မှတ်စွာနဲ့ နောက်ဆုံးခုံသုံးခုံသာ ရလေသည်။
ကျွန်တော်တို့ လက်မှတ်ဖြတ်ပြီ ကားပေါ်တက်ထိုင်နေလိုက်ရာကျော်သူလဲ ပြန်သွားလေတော့သည်။
ကားစထွက်တော့ ဆရာလေးကော ဦးသာဒင်ကော ကိုယ်အတွေးနဲ့ ကိုယ့်ရှိနေလေရာ ကျွန်တော်လဲ နားဂျပ် တပ်ကာ မှေးပြီလိုက်လာလေတော့သည်။
အချိန်ဘယ်လောက်ကြာသွားတယ် မသိဘူး ကားရပ်လိုက်တာကြောင့် ထကြည့်လိုက်ရာ ထမင်းစားနားတာကြောင့် ကျွန်တော်တို့လဲ သန့်စင်ခန်းဝင် တစ်ခုခုစားသောက်ပြီ ကားပေါ်ပြန်တက်လာလေတော့သည်။
ကားပေါ်ရောက်တော့ အိပ်ပြီလိုက်လာရာ မနက်မိုးလင်းခါနီးတစ်ခါ ထပ်နားလေတော့ ကျွန်တော်တို့လဲ မျက်နှာသစ် မနက်စာ စားပြီ ကားပေါ်ပြန်တက်လာတော့ ဆရာလေးက
"ဦးသာဒင် တော်တော် ဝေးလာဗျ"
"ရောက်တော့မှာပါ ဆရာလေး"
ရောက်တော့မှာပါဆိုပေမဲ့တော်တော် ကြာကြာ ကားစီးလိုက်ရလေသည်။
"ဆရာလေး ရှေ့ဆို ရောက်ပြီ "
ဦးသာဒင် ပြောတာကြောင့် ကျွန်တော်တို့လဲ အထုပ်ကိုယ့်စီ ဆွဲကာ ကားတံခါးနားကို လျှောက်သွားလိုက်လေသည်။
ကားရပ်တာနဲ့ တပြိုင်နက် ကျွန်တော် တို့ ဆင်းလိုက်ကြရာ လက်က နာရီကို ကြည့်လိုက်တော့ ၁၂ နာရီပင်ကျော်နေလေပြီ ကားလမ်းမပေါ်ကနေတစ်ဆင့် လမ်းကြုံစောင့်လေရာ သိပ်မကြာဘူး ထော်လာဂျီတစ်စီးမောင်းလာတာတွေ့တော့ ဦးသာဒင် တားလေရာ
"ဟေ့ ဘယ်သူတုန်းမှတ်တယ် ချက်စူပဲ ရွာပြန်မှာမလား"
"ဟုတ်တယ်လေ ဦးသာဒင်ရဲ့ ဧည့်သည်တွေနဲ့ပါလား ဘယ်သူတွေတုန်းဗျ"
"ရွာက အနှောက်အယှတ်တွေကို ရှင်းပေမဲ့ ဆရာလေးကွ"
"ဟာဗျာ ဦးသာဒင်က လဲ အားနာစရာကြီး မြန်မြန်တက် အာ့ဆိုရင်"
ကျွန်တော်တို့ ထော်လာဂျီပေါ်တက်ပြီ လိုက်လာလိုက်လေတော့သည်။
ရွာထဲ ၀င်လာတော့ ကလေး လူကြီး အကုန် လုံး ထော်လာဂျီ အနောက်ကပါလာကြလေတော့သည်။
ချက်စူက
"ဦးကြီးအိမ်ပဲ မောင်းရမှာလား"
"အေးလေ ငါအိမ်ပဲ သွားလိုက် "
သိပ်မကြာလိုက်ဘူး ရေနံဂျီး ၀နေတဲက နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး ရှေ့ ရောက်တော့ အိမ်ခြံဝမှာ လူတွေ စုရုံး စုရုံးနဲ့ လုပ်နေတာနဲ့ ဦးသာဒင်က
"ကဲကဲ ဆရာလေးတို့ ခရီးပန်း လာကျတယ် ခဏနားပါစေအုံး ညကျမှာ လာခဲ့ကြ"
ဦးသာဒင် ပြောပြီတော့ အကုန် ပြန်သွားတော့ ဦးသာဒင်က
"လာ ဆရာလေးတို့ အိမ်ပေါ်ကို ကြွကျပါ ချက်စူ အထုပ်တွေ အိမ်ပေါ်တင်ပေးလိုက်အုံး ဧည့်သည်တွေကို"
"ဟာရပါတယ် ဗျာ ကျွန်တော် ဘာသာ သယ်ပမယ်"
"လာပါ အားမနားနဲ့ "
ကို ချက်စူ အတင်းအိတ်ကိုဆွဲယူပြီ အိမ်ပေါ်တင်ပေးခဲ့ပြီ နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။
အိမ်ပေါ်ရောက်တော့ ဦးသာဒင်က နေဖို့ ပြင်ပေးလေရာ ဆရာလေးကတစ်ခန်း ကျွန်တော် တစ်ခန်း အိမ်မှာ ဘယ်သူမှမတွေ့တာကြောင့်
"ဦးက တစ်ယောက်ထဲ နေတာလား "
"ဟုတ်တယ် ငါတူရဲ့ ဘာလိုလဲ"
"မေးကြည့်တာပါ"
"ကဲကဲ ရေမိုးချိုးပြီ နားချင်ရင် နားတော့ ဦးလေး သူကြီးအိမ်သွားပြီ အကြိုအကြောင်းပြောလိုက်အုံးမယ်"
ဦးသာဒင်ထွက်သွားတော့ ဆရာလေး လဲ ရေမိုးချိုးလေရာ ခဏစောင့်ပြီ ကျွန်တော်လဲ ရေချိုးပြီ အ၀တ်စားလဲနေတုန်း ဆူညံဆူညံနဲ့ အိမ်ထဲ ၀င်လာတာက
ဦးသာဒင်နဲ့လူကြီးတစ်ယောက်ပါလာလေရာ အနောက်က ချိုင့်ဆွဲလာပြီ ရွာသားတွေကော ပါလာကြလေတော့သည်။
အကုန်လုံး ထိုင်နေကြပြီ ထမင်းပွဲပြင်တဲ့သူက ပြင်နေလေရာ ဆရာလေးနဲ့ ရွာသူကြီး မိတ်ဆက်ပေးလေရာ
ရွာလူကြီးနာမည်က ဦးဖိုးလူ တော်တော်ကြာ စကားပြောကြပြီ ပြန်သွားကြလေတော့သည်။
သူကြီးကော ရွာသားတွေကော ပြန်သွားတော့ ဦးသာဒင်က
"လာ ဆရာလေး တို့ ထမင်းစာကြ"
"လာလေ ဦးကြီးကော မစားရသေးဘူးမလား"
ဆရာလေး ကျွန်တော် ဦးသာဒင်တို့ ထမင်းစားနေတုန်း
"ဦးသာဒင် ထမင်းစားနေပြီလာဗျ"
"လာလေ ချက်စူ တစ်ခါထဲ ၀င်စား"
"အတော် ပဲ ကျွန်တော်လဲ ဗိုက်ဆာနေတာနဲ့ "
ကိုချက်စူပြောပြောဆိုဆိုနဲ့ ပန်ကန်ယူပြီ ၀င်စားလေတော့သည်။
ကျွန်တော်တို့ ထမင်းစားနေတုန်း
"ဦးကြီး သာဒင် ဧည့်သည်တွေ ရောက်နေတယ်ဆို ဟင်းလာပို့တာ"
"ဟာ ဒေါ်မယ်ပုံနဲ့နှင်းငယ်တို့ပါလား အလာကား ဒုက္ခ ရှာလိုဗျာ ရပါတယ်ဗျ"
"စေတနာနဲ့ပါ စားကျလေနော် ကျုပ်တို့လဲ ပြန်အုံးမယ်"
ဒေါ်မယ်ပုံက ပါးစပ်ကသာ ပြောနေတာ မျက်လုံးက ဆရာလေးကို သေချာကြည့်နေလေသည်။
ဒေါ်မယ်ပုံတို့ပြန်သွားတော့ ထမင်းဆက်စားနေကျရာ ဒေါ်မယ်ပုံတို့လာပေးတဲ့ ဟင်းကို ကိုချက်စူကော ဦးသာဒင်ကော ဆရာလေးကော မထိတော့ ကျွန်တော် နှိုတ်မယ်လုပ်တော့
"ညီ"
ဆရာလေးကို ကြည့်လိုက်တော့ ဆရာလေးမျက်နှာက တစ်ခုခု ဖြစ်နေတာ သိတော့ တမင်တကာ ဟင်းခွက်ကို လက်နဲ့ရိုက်ချလိုက်လေတော့သည်။
"ခလွမ်း"
"ဟာ"
ဇလုံလဲ ကြမ်းပြင်ပေါ်ကြသွားတော့
"ကန်တော့ ကန်တော့ ဦးသာဒင် ကျွန်တော် မတော်တဆ ဖြစ်တာပါ "
"ရတယ် ရတယ် ထားလိုက် ငါတူ ပြီမှ ဦးကြီးရှင်းမယ်"
"ရပါတယ်ဗျာ ကျွန်တော်လဲ ၀ပြီ ကျွန်တော်ပဲ ရှင်းလိုက်ပမယ်"
ကျွန်တော် ဟင်းတွေ ကို ပန်ကန်းထဲ ကောက်ထည့်ပြီ လက်သုပ်ပ၀ါနဲ့ သုပ်ပြီ နောက်ဖေးကို ထွက်ခဲ့လိုက်ပြီ နောက်ဖေးမှာ ဟင်းတွေ သွားပုံလိုက်လေရာ
"ဟာ"
ကျွန်တော် ပုံလိုက်တဲ့ ဟင်းတွေက ခဏအတွင်းမှာပဲ မစင်တွေ ဖြစ်သွားလေတော့သည်။
ကျွန်တော် တအံသြ ကြည့်နေတုန်း နောက်ကရောက်လာတာက ကိုချက်စူ
"ဟာ ညီ ဘယ်လိုဖြစ်တာလဲ"
"တိုးတိုး ကိုချက်စူ ဒါသပ်သပ် ယုတ်မာတာ "
"အစ်ကို ထင်တယ် အဲဒေါ်မယ်ပုံတို့က အောက်လမ်းလိုလို ဘာလိုလိုဆိုတာ "
"ဘယ်သူမှ မပြောနဲ့နော် ကိုချက်စူ "
"စိတ်ချပါ"
ကျွန်တော်တို့လဲ ပန်းကန်ဆေးကြောပြီ ဟန်မပျက် အပေါ်ပြန်တက်လာပြီ ထမင်းဝိုင်းကို ကူသိမ်းပြီ ဘုရားစင်ရှေ့ စကားထိုင်ပြောနေတုန်း
"၀ီ ၀ီ ၀ီ ၀ီ"
အိမ်ထဲပျံဝင်လာတာက ပိတုန်း တစ်ကောင် ဆရာလေးက ဘုရားစင်ပေါ်က ရေချမ်းခွက်ကိုယူက မန္တာန် ရွတ်ဖတ်ပြီ ပက်လိုက်လေရာ
"အားးးး"
"ဟာ "
ကိုချက်စူနဲ့ ဦးသာဒင်တို့ ပါးစပ်အဟောင်းသား အော်သံကို ပီပီသသ ကြားလိုက်ရတာကို ပိတုန်းလဲ ပျောက်သွားလေတော့သည်။
ဦးသာဒင်က
"ဆရာလေး ဆောနက ဘာလဲ ဟင်"
"အဲဒါက ကျွန်တော်တို့ကို ရောက်နေတာကို သိတဲ့ သူက ကင်းထောက်လွှတ်လိုက်တာပါ"
"ဗျာ"
"ဟုတ်တယ် ဦးသာဒင် ကျွန်တော်တို့ရောက်လာတော့ သူတို့ အလုပ်တွေ ကောင်းကောင်းမလုပ်နိုင်တော့လို့ နှောက်ယှတ်တာ"
ကျွန်တော်က ၀င်ပြီတော့
"ဦးသာဒင် ဆောနက လာသွားတဲ့ ဒေါ်မယ်ပုံတို့က ဒီရွာဇာတိလား"
"မဟုတ်ဘူး ငါတူရဲ့ သူတို့က အထက်ဘက်က ပြောင်းလာတယ်ပြောတာပဲ "
"အော်"
ဆရာလေး တို့ စကားထိုင်ပြောနေကြတာ တဖြည်းဖြည်းနဲ့ ညနေဘက်ရောက်လာတော့
"က်ီြ ကီ်ြ ကြီ် ကြ်ီ"
ကြွက်အော်သံမျိုး အသံတွေကြောင့် ကျွန်တော်တို့ အပြင်ထွက်ကြည့်လိုက်ရာ
"ဟာ"
အလန့်တကြားရေရွတ်မိလိုက်လေသည်။
ကောင်းကင်တစ်ခုလုံး လင်းနို့တွေ အများကြီးတွေ့လိုက်ရော အခါ ဦးသာဒင်က
"ဒီနေ့ညတော့ တစ်ယောက်ယောက် သေအုံးမယ် ထင်တယ်"
"ဟင်"
တော်တော် ကြာ ပျံနေပြီ တဖြည်းဖြည်း အဝေးကို ပျံထွက်သွားတော့ ကျွန်တော်တို့လဲ အိမ်ထဲ ပြန်ဝင်လာခဲ့လိုက်လေတော့သည်။
ဆရာလေး လဲ ဘုရားရှိခိုး တရားထိုင်နေတော့ ကျွန်တော်လဲ ရေချိုးပြီ ဦးသာဒင် ထမင်းဝိုင်းပြင်နေတာနဲ့ ကူပြင်နေလိုက်လေသည်။
ဆရာလေး တော်တော်ကြာကြာ တရားထိုင်ပြီတော့ အမျှဝေ ပြီ ထလာတော့ ဦးသာဒင်က
"ဆရာလေး ထမင်းစားလို့ရပြီ"
"ကျွန်တော် ရေချိုးလိုက်အုံးမယ် ဦးသာဒင်"
"ဟုတ် ဆရာလေး"
ဆရာလေး ရေချိုးနေတုန်း
"ရှူး ရှူး ရှူး"
နှာမှုတ်သံကြောင့် ကျွန်တော်နဲ့ ဦးသာဒင် အိမ်ရှေ့ တံခါးပေါက်ကို အကြည့် အားပါးပါး လက်မောင်းလုံးလောက် ရှိတဲ့ မြွေကြီး အိမ်ပေါ် တက်လာလေတော့သည်။
ဦးသာဒင်နဲ့ ကျွန်တော် နောက်ဖေး တံခါးကနဲ့ ဆင်းပြေးလေတော့သည်။
ရေတွင်းမှာ ရေချိုးနေတဲ့ဆရာလေးက ကျွန်တော်တို့ ပြေးလာတာတွေ့တော့
"ဘာဖြစ်ကျတာလဲ"
"ဆရာလေး မြွေဗျ နည်းနည်းနောနောမဟုတ်ဘူး ကျွန်တော် လက်မောင်းလောက်ရှိတယ်"
ဆရာလေး ရေစိုအ၀တ်နဲ့ အိမ်ပေါ်တက်သွားတော့ ကျွန်တော်လဲ အနောက် လိုက်တက်လာလေရာ
ဧည့်ခန်းမှာ မိန့်မိန့်ကြီး ခွေနေတဲ့ မြွေက ဆရာလေးကိုတွေတော့
ပါးပျဉ်ထိုင်လာလေသည်။
ငါ ဆရာအမိန့် နဂိုပုံစံ ပြောင်းစေ"
ဆရာလေ အမိန့် သံနဲက အတူ မြွေကြီး က ပုဝါစအဖြစ်ပြောင်းသွားလေတော့သည်။
ဆရာလေး ပုဝါ စကို ကိုင်ပြီ မန္တာန် ရွက်လိုက်ပြီ အောက်ချလိုက်လေရာ မြွေ အဖြစ်ပြန်ပြောင်းပြီ အိမ်ပေါ်က ဆင်းသွားလေတော့သည်။
ဆရာလေး လဲ အောက်ပြန်ဆင်းပြီ ရေပြန်ချိုး အ၀တ်စားလဲ ထမင်းဝိုင်းမှာ ထိုင်ပြီ ထမင်းစားကျလေရာ
ဦးသာဒင်က
"ဆရာလေး ဆောနက မြွေက ဘာလဲ ဟင်"
"တိုက်မြွေလို့ခေါ်တယ် ဦးသာဒင် ကျွန်တော်တို့ကို ပညာစမ်းတာပေါ့"
"ဟင် ဘယ်သူလဲ ဆရာလေး သိလား"
"သေချာတော့ မပြောနိုင်ပေမဲ့ ရိပ်မိသလောက်ပေါ့"
"အော်"
ကျွန်တော် တို့ ထမင်းစားပြီ ခဏ ထိုင်ပြီ စကားပြောကာ ညည့်လဲတော်တော် နက်လာတော့ ဘုရားရှိခိုး အိပ်ယာဝင်ခဲ့လိုက်လေတော့သည်။
"ကယ်ကြပါအုံး ကျုပ်သမီးလေး ဘာဖြစ်တာလဲ မသိဘူး"
အိပ်ပျော်မယ်ကြံကာရှိသေးတယ် အော်သံကြောင့် အခန်းထဲက ထွက်လာတော့ ဆရာလေးလဲ အခန်းထဲကထွက်လာလေသည်။
"ဆရာလေး ဘာဖြစ်တာလဲ မသိဘူး"
ဦးသာဒင် လဲ အခန်းထဲက ထွက်လာကာ
"သွားကြည့်ရအောင်"
"ဟုတ်"
ကျွန်တော်တို့ အော်သံကြားထဲ ဆီကို ထွက်လာလိုက်တော့ ရွာသားတွေ ရောက်နေလေပြီ အကုန်စုရုံး စုရုံးနဲ့ ကျွန်တော်တို့ လာတာမြင်တော့ လမ်းဖယ်ပေးကြရာ
အိမ်ပေါ်ကိုတက်လာတော့
"ဆရာလေး ရယ် လုပ်ပါအုံး "
"ဘယ်လိုဖြစ်တာလဲ "
"ကျွန်တော်တို့ လင်မယားအိပ်နေတုန်း သမီးအခန်းထဲက အသံကြားတာကြောင့် အခန်းတံခါးဖွင့်လိုက်တော့ သမီးလေးကိုယ်ပေါ်မှာ အကောင်တစ်ကောင် တက်ပြီ ထိုင်နေတာတွေ့တော့ ဘယ်သူလဲ မေးလိုက်တာ ပြတင်းပေါက်ကနေ ပျံထွက်သွားတယ်"
"ဟင် အဲဒီအကောင်က ဘယ်လိုမျိုးလဲ"
" လူပုံစံပဲ ဒါပေမဲ့ ပါးစပ်ထဲမှာ အစွယ်တွေနဲ့ လက်နှစ်ဖက် ဖြန့်လိုက်ရင် အတောင်ပံလို ပေါ်လာပြီ ပျံသွားတာပဲ"
"ဟင်"
ဆရာလေး ကောင်မလေး အလောင်းကို သေချာကြည့်လိုက်တော့ လည်ပင်းမှာ အစွယ်လိုမျိုး ကိုက်ထားတာကို တွေ့လိုက်ရလေတော့သည်။
ကောင်မလေး အဖေ အမေ နဲ့ အမျိုးတွေ ငိုနေကျတာကြောင့် ရွာသားတွေလဲ အလောင်းပြင်တဲ့သူကပြင်နဲ့ ညတွင်းချင် အသုဘ တစ်ခုဖြစ်သွားလေတော့သည်။
အလောင်းကို အိမ်ရှေ့ထုတ်ဖို့ အလောင်းကို မ မလို့ ရှိသေးတယ်
"အူ ၀ူ အူ အူအူ"
ရွာထဲ က ခွေးတွေ တစ်ကောင်မကြံ အူ ကုန်လေတော့သည်။
ထိုစဉ်
"ဘုန်း"
အသံနဲ့ အတူ ဆောနလေးတင် သေသွားတဲ့ ကောင်မလေး အလောင်း ထထိုင်လေတော့သည်။
"အမယ်လေး ကယ်ကြပါအုံး"
"အလောင်းကောင်ကြီး ထလာပြီ ပြေးဟ"
ရွာသားတွေ အကုန် အိမ်ပေါ်က ဆင်းပြေးလေတော့သည်။
ဆရာလေး အိမ်ပေါ် တက်ကြည့်လိုက်တော့အခါ
" ဒီ အိမ်မှာ ပရိတ်ရေ ပရိတ်ကြိုးရှိလား"
"မရှိဘူးထင်တယ်"
"နတ်ဆက်တဲ့ဓားကော ရှိလား"
"အခြောက်မှ မောင်လုံးဆီမှာ ရှိလောက်တယ်"
"မြန်မြန် တစ်ယောက်ယောက်ကို ယူခိုင်းလိုက်ပါလား"
အလောင်းကောင်က ထိုင်လျှက် လိုက်ကြည့်နေလေရာ မြင်ရတဲ့သူ အကုန် ကျောချမ်းနေလေတော့သည်။
သိပ်မကြာဘူး ဓားသွားယူတဲ့ ရွာသားတွေ ပြန်ရောက်လာလေရာ
"နောင်ခန့် ဓားယူပြီ ခေါင်းကို ခုတ်ချလိုက်"
"ဟုတ်ဆရာလေး"
ကျွန်တော်လဲ နတ်ဆက်တဲ့ဓားကို ယူပြီ အလောင်းကောင်နာ လျှောက်သွားလေရာ ကျွန်တော်ကို သေချာကြည့်ပြီ
"ဟိ ဟီး "
ရယ်ပြလေရာ ခြေလှမ်းတောင် တုန့်သွားတော့ ဆရာလေးက
"ညီမြန်မြန်လုပ်"
ကျွန်တော်လဲ အလောင်းကောင် ခေါင်းကနေပြီ ခုတ်ချလိုက်လေရာ
"ဘုန်း"
အသံနဲ့အတူ အလောင်းကောင်ကြီး ပြန်လဲကျသွားလေတော့သည်။
အချိန်က အရုဏ်တက်ချိန်ရောက်လာလေရာ နောက်ထပ် ထူးခြားမှုမရှိတော့တာကြောင့်
"ခင်ဗျားတို့ အလောင်းကို မိုးလင်းတာနဲ့ မီးသင်္ဂြီန်လိုက်တာ မြန်မြန် ကိစ္စအေးမယ်"
ရွာလူကြီးက ၀င်ပြီ
"ဆရာလေး ကောင်းသလိုသာ လုပ်ပါ"
ဦးသာဒင်က
"ဒါသွေးရိုးသားရိုးလား ဆရာလေး"
"ဘယ်ကသာ သွေးရိုးသားရိုးကမှာလဲ သပ်သပ်မဲ့ အနှောက်ယှတ်ပေးနေတာ"
"ထပ်လာအုံးပမလား ဆရာလေးရာ "
"သိပ်မပူပါနဲ့ သွေးစုပ်နေတယ် ဆိုကထဲက တစ်ခုခု ကြောင့်ပေါ့ "
ဆရာလေး တို့လဲ မိုးလင်းတော့ အိမ်ပြန်လာခဲ့ကျလေတော့သည်။
ဒေါ်မယ်ပုံတို့ အိမ်ထဲတွင်
ဒေါ်မယ်ပုံနဲ့ နှင်းငယ်
"ဒေါ်လေး ဘယ်လို အခု ရွာကို ရောက်လာတဲ့ ဆရာတွေကြောင့် သွေးတောင် ကောင်းကောင်းမသောက်ရတော့ဘူး"
"နှင်းငယ် စိတ်ထင်တိုင်း လျှောက်မလုပ်နဲ့နော် တော်ကြာဒုက္ခ တွေ့သွားမယ် သတိထားနေပါ"
"ဟုတ် ဒေါ်လေး"
အမှန်စစ် ဒေါ်မယ်ပုံနဲ့ နှင်းငယ် က အောက်လမ်းပညာတက်လေရာ
နှင်းငယ် ပညာတက်ဆင့်တက်ဖို့ လုပ်နေတဲ့ အချိန် အနှောက်ဝင်လာတာကြောင့် နှင်းငယ် အတွက် လိုအပ်တဲ့ သွေးတွေကို လင်းနို့ပုံစံပြောင်းကာ သွေးစုပ်ယူနေရတာဖြစ်လေသည်။
ရွာထဲ လင်းနို့တွေ ၀င်လာတာလဲ ဒေါ်မယ်ပုံနဲ့ နှင်းငယ် လက်ချက်ဖြစ်လေရာ အခုတော့ အခွင့်အရေးက အရင်ကလောက် မလွယ်ကူတော့လေရာ အနှောက်ယှတ်အမျိုးမျိုးပေးပြီ ရွာက နှင်ထုတ်ပေမဲ့ အချည်းအနှီးသာ ဖြစ်နေလေတော့သည်။
တဖြည်းဖြည်း အမှောင်ကလဲ ကြီးစိုးလာလေရာ တစ်ချက်တစ်ချက် အူလိုက်တဲ့ ခွေးအူသံက ကျောချမ်းစရာကောင်းလှလေသည်။ တစ်ရွာလုံး ဆရာလေး ပြောစကားကြောင့် တံခါးတွေ အလုံပိတ်ပြီ အိမ်ထဲ နေလေကျရာ တစ်အိမ်ပဲ ပြတင်းပေါက်တစ်ချက် ဖွင့်ထားလေသည်။
ထိုအိမ်က ဦးသာဒင်ရဲ့ အိမ်
ထိုစဉ်
လင်းဆွဲနဲ့ တူတဲ့ ငှက်ကြီးတစ်ကောင်ပျံသန်းလာလေရာ ရွာပေါ် တော်တော်ကြာကြာ ပျံနေပြီ အကုန်တံခါးပိတ်ထားလေရာ တံခါးတစ်ချက်သာဖွင့်ထားတဲ့ ဦးသာဒင် ကို တွေ့သွားပြီ တစ်ရှိန်ထိုး ပျံဆင်းလာလေတော့သည်။
ပြတင်းပေါက်က ဘောင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်က အခြေအနေ ကြည့်နေလေရာ အခန်းထဲ တွင် အိပ်ပျော်နေတဲ့ လူကိုတွေ့သွားပြီ အခန်းထဲ ၀င်ပြီ လည်ပင်းနားကပ်ကာ သွေးစုပ်ဖို့ပြင်လေရာ
"ဘုန်း"
"ဂီး"
စောင်ခြုံကာ အိပ်ချင်ယောင်ဆောင်နေတဲ့ နောင်ခန့် ကြိမ်လုံးနဲ့ ရိုက်လိုက်လေရာ လင်းနို့ပုံစံနဲ့ သွေးစုပ်ကောင် တစ်ချက်မာန်ဖီကာ ပျံထွက်သွားလေတော့သည်။
ပျံထွက်သွားတဲက အရှိန်က တစ်အိမ်လုံး တုန်လှုပ်ပြီ ကျန်ခဲ့လေရာ သွေးစုပ်ကောင် ပြန်ထွက်သွားတော့ ဆရာလေး ဦးသာဒင် ကိုချက်စူတို့ အခန်းထဲ ၀င်လာပြီ
"ဘယ်သူလို့ ထင်လဲ နောင်ခန့်"
"ဒေါ်မယ်ပုံနဲ့ နှင်းငယ် တစ်ယောက်ယောက်ပေါ့"
"မနက်ဖြန်က အခြေအနေ စောင့်ကြည့်ရမှာပဲ"
စကားထိုင်ပြောနေတုန်း
"ဒင်းတို့ကြောင့် ငါတူမလေး သေရတာ နင်တို့ကို တစ်သက်မကျေဘူး"
အသံကြောင့် ကျွန်တော်တို့ အိမ်ပြန်ထွက်ကြည့်လိုက်လေရာ ဆံပင်ဖားလျား ချထားပြီ အိမ်ရှေ့ရောက်နေတာ ဒေါ်မယ်ပုံ
ဒေါ်မယ်ပုံ အသံလဲ ဆုံးရော
ခြေသံပြင်းပြင်းနဲ့ အိမ်ဝိုင်းအတွင်း ၀င်လာတဲကအသံကြောင့် ဆရာလေးး အိမ်အောက်ဆင်းတော့ ကျွန်တော်လဲ နောက်ကလိုက်ဆင်းခဲ့လေရာ
ခြံထဲ တွင် နည်းနည်းနောနော အကောင်းကြီးမဟုတ်တဲ့ သဘက်ကြီးရောက်လာလေရာ
ဆရာလေးလဲ လွယ်အိတ်ထဲက ဘီလူးရုပ်ကို ထုတ်ပြီ မန္တာန် ရွက်လိုက်လေရာ တဖြည်းဖြည်း အရုပ်က အသက်ဝင်လာကာ
သရဲနဲ့ ဘီလူး နပန်းလုံးနေလေရာ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ဆူညံနေကျသလို ဒေါ်မယ်ပုံကလဲ တောက်တခတ်ခတ်နဲ့ အားမလို အားမရ ဖြစ်နေကာ
ဆရာလေးကို အောက်လမ်းစက်တွေနဲ့ ပစ်လွှတ်လေတော့သည်။
ဆရာလေးလဲ အင်းချပ်တွေနဲ့ ပြန်လည်ပစ်ခတ်လေရာ ဒေါ်မယ်ပုံလဲ အခြေနေ မဟန်မှန်းသိလို ပြေးလေရာ သူခေါ်လာတဲ့ သဘက်ကြီးလဲ ပြေးထွက်သွားလေတော့သည်။
အရာအားလုံးက ပုံမှန်အတိုင်းဖြစ်သွားတော့မှာ ရွာသားတွေ တစ်ယောက်ပြီ တစ်ယောက်ထွက်လာကြလေတော့သည်။ သူကြီးနဲ့ အတူ ရွာသားတွေ ဒေါ်မယ်ပုံနောက်လိုက်သွာကျလေတော့သည်။
ဒေါ်မယ်ပုံလဲ ပြေးရင်ပြေးရင်နဲ့ တောနက်ထဲ ရောက်လာလေရာ သူအနောက်က ပြေးလိုက်လာတဲ့ သဘက်ကြီးက ဒေါ်မယ်ပုံထံ အစားတောင်းလေရာ
"ငါတောင်မနည်းအသက်လုပြေးလာတာ ဘယ်က အစာရှိမှာလဲ"
ဒေါ်မယ်ပု စကားသံလဲ ဆုံးရော
သဘက်ကြီးလက်တစ်ဖက်မြှောက်လာကာ ရိုက်ချလိုက်လေတော့သည်။
"အားးးးး"
အော်သံနဲကအတူ တောထဲ အိပ်တန်းတက်နေတဲ့ ငှက်တွေ ထပျံလေရာ ဆူညံနေလေတော့သည်။
ရွာသားတွေလဲ စုရုံ စုရုံနဲ့ အကြောင်းဆုံးမေးလေရာ တရားခံက ဒေါ်မယ်ပုံနဲ့ နှင်းငယ်မှန်းသိတော့
သူတို့အိမ်ထဲ ၀င်ရှာလေရာ ဘုရားစင်မရှိတဲ့ အပြင်အဆင်နဲ့အတူ နတ်ရုပ်ထုတွေတာ တွေ့လေတော့သည်။
အခန်းထဲ ၀င်ရှာလေရာ အသက်ပျောက်နေတဲ့ နှင်းငယ် ကိုတွေ့တော့ မိုးလင်းတာနဲ့ မီးသင်္ဂြီန်ဖို့တိုင်ပင်နေကျတဲ့ အချိန် ရွာသူကြီးတို့ ပြန်လာပြီ တောထဲ သေနေတဲ့ ဒေါ်မယ်ပုံအလောင်းကို တွေ့ခဲ့ကြောင်းပြောလေရာ ဆရာလေး တောထဲ လိုက်သွားပြီ မီးရှို့ ခိုင်းလိုက်လေတော့သည်။
မနက်မိုးလင်းတာနဲ့ နှင်းငယ် အလောင်းကို ထမ်းပြီ ရွာသုသာန်ကို ထုတ်ကာ မီးရှို့ကာ သင်္ဂြီန်လုပ်လေတော့သည်။
အနှောက်အယှတ်တွေလဲ မရှိလေတော့ လေး ငါးရက်လောက်ထပ်နေပြီ မြို့ကို ပြန်လာခဲ့လိုက်လေတော့သည်။
ပြီပါပြီ
(အဆင်မပြေတာတွေ ပါလာရင်လဲ ဝေဖန်ပါ သည်းခံပြီလဲ ဖတ်ပေးပါလို့ တောင်းဆိုပါတယ်)
Post a Comment