★ အိုင်ပီထွဋ်ခေါင် နှင့်
သုံးလောင်းပြိုင်လူသတ်မှု့ ★
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Part_3
"တောင်းပန်ပါတယ် ကိုစိုင်းခွန် "
"ကျုပ်ကို ခွင့်လွှတ်ပါဗျာ "
"အင့် အားးးး "
ထပ်ဆင့်ကန်လိုက်သော ခြေအစုံကြောင့်
ခန္ဓာကိုယ် တခုလုံးနာကျင်မှု့ကြောင့်ပျော့
ခွေသွားချင်ပေမယ့် လူနှစ်ဦးက လက်ပြန်ချုပ်
ထားသဖြင့် လဲကျမသွားပေ။
"ဒီမှာထွန်းမောင် ငါတခုပဲသိချင်တယ်"
"ဘာကြောင့် ဒီလိုလုပ်ရတာလဲ"
"ကျုပ် ကျုပ် ဒီလောက ကနူတ်ထွက်ချင်တာကြောင့်လုပ်မိတာပါ"
"အော်"
"မင်းက ဒီလိုကိုး ရပါတယ်"
"ငါတို့ဂိုဏ်းထဲက မင်းကို နူတ်ထွက်ခွင့်ပေးလိုက်ပါ့မယ်"
"တကယ်ပြောတာလား ကိုစိုင်းခွန် "
"ကျုပ်ကလိမ်ပါ့မလား"
"ကျေးဇူးတင်ပါတယ် ကိုစိုင်းခွန်"
"ဟားးးး ဟားးးး ဟားးးး "
"ဒီမှာ ထွန်းမောင်"
"ဗျာ "
"ငါတို့ fight starဂိုဏ်းရာဇ၀င်မှာ ဒီတိုင်းအရှင်
လတ်လတ် ထွက်လို့ရတာ ကြုံဖူးလို့လား"
"ဟင်"
"ဒါ ဒါဆို ကျုပ် ကျုပ်"
ကိုထွန်းမောင် မျက်နှာ ကြောက်လန့်ခြင်းများ
နှင့်ဖုံးလွှမ်းသွားသည်။
ရုတ်တရတ် အခန်းတံခါးတခုပွင့်လာပြန်သည်။
ထိုသူမှာလည်း နေ့ခင်းကပင် သေဆုံးခဲ့ပြီးဖြစ်
တဲ့ဦးထွန်းမောင်ဇနီး မနန်းကြည်ပင်ဖြစ်နေလေသည်။
"အကို ဘာတွေဖြစ်နေကြတာလဲ"
"အနန်း မလာနဲ့ သားလေးနဲ့အတူဒီကထွက်သွား"
"အကို ဘာတွေဖြစ်ကုန်တာလဲ"
"နန်းကိုရှင်းပြပါအုံး"
"အနန်းရယ် အကိုရှင်းပြဖို့အချိန်မရဘူး"
"သားလေးခေါ်ပြီး အမြန်ဆုံးထွက်သွားပါကွာ"
"မသွားနိုင်ဘူး အကို ဘာတွေဖြစ်နေတာလဲ"
"နန်းကိုရှင်းပြပါ"
"အကို့ အမှားကြောင့် အခုအကိုပြန်ပေးဆပ်ရတယ်ဆိုတာပဲ"
"သွားပါတော့ အနန်းရယ်"
"ဟင့်အင်း မသွားနိုင်ဘူးအကို"
ဦးထွန်းမောင်သူ့ဇနီးကို အလွန်ပင်ချစ်ပုံရသည်။
သားဆိုသူက ဘယ်မှာရှိနေလဲဆိုတာတော့မသိ။
သူတို့မိသားစုအတွက် အရေးပါသည့်လူတစ်ဦး
ဖြစ်ဟန်တူသည်။
"ကဲ စကားတွေရှည်တယ်"
"ညိုမောင် အဲ့ဒီမိန်းမကို ရှင်းပြစ်ကွာ"
"ဟုတ်ကဲ့ဆရာ"
ညိုကြီးဆိုသူ ဦးထွန်းမောင်ကို လက်ပြန်ချုပ်ထားရာမှ ကျန်တစ်ဦးကို လွှဲပေးပြီး
ဒေါ်နန်းကြည်ရှိရာ လျှောက်သွားလေသည်။
"လူယုတ်မာတွေ"
"ကောင်မ တော်တော်ခေါင်းမာတယ်"
"သေစမ်း"
"အားးးး "
"အကို"
ကျယ်လောင်သောအသံနှင့်အတူ ဒုတိယမြောက်ဓားချက်က ကျောဘက်မှာ
စိုက်ဝင်လာပြီး ကြမ်းပြင်ပေါ် မှောက်ရက်
သားလဲကြသွားတော့လေသည်။
ခဏအကြာမှာ သွေးများ ကြမ်းပြင်ပေါ်စီး
ကြလာပြီး နောက်ထပ်အသံတစုံတခုမျှ မကြား
ရတော့ပေ။
သေဆုံးသွားပြီဖြစ်သည်။
"ကိုစိုင်းခွန် ခင်ဗျား လုပ်ရက်တွေ လွန်နေပြီ"
"အော်"
"ငါလုပ်ရပ်ကလွန်တယ်ဆိုတော့ မင်းလုပ်ရပ်
ကရောတရားသွားလား"
"ကျုပ်လုပ်ရပ်ကိုကျုပ်တာဝန်ယူတယ် "
"ဘာမှမဆိုင်တဲ့ ကျုပ်မိသားစုကို ခင်ဗျားတပည့်
တွေကို သတ်ပြစ်ခိုင်းတာ တရားလွန်နေပြီ"
"တိတ်စမ်း"
"ကျော်ထွန်း "
"ကြာတယ်ကွာ ရှင်းပြစ်ပေတော့"
"ခင်ဗျား လူယုတ်မာ"
ဦးထွန်းမောင် ချုပ်ထားတဲ့ ကျော်ထွန်းဆိုသူ
လက်အတွင်းမှ အတင်းရုမ်းကန်ပြီး ဦးစိုင်းခွန်
ရှိရာ အပြေးဝင်လာပြီး တိုက်ခိုက်တော့သည်။
သူထင်ထားသလိုဖြစ်မလာခဲ့ ။
ရင်ဝဆီ စူးနင့်သောအရာတခု ထိုးသွင်းတာခံ
လိုက်ရသည်။
လျှင်မြန်လိုက်တဲ့ဓားချက် ရင်ဝမှ နှလုံးရှိရာ
တန်းမတ်စွာ စိုက်ဝင်သွားသည်။
ချက်ချင်းပြန်လည်ဆွဲထုပ်ပြီး ကျောဘက်အ
ဆုတ်ရှိရာဆီ ဒုတိယ ဓားချက်ထပ်မံစိုက်ဝင်သွား
ခဲ့သည်။
နောက်ဆုံး မျက်လုံးအိမ်မှာ ဒေါသရိပ်များဖုန်းလွှမ်းပြီး ဦးစိုင်းခွန်ကို စိုက်ကြည့်ရင်း လောကကြီးကို အပြီးအပိုင်နူတ်
ဆက်သွားတော့လေသည်။
"ကဲ...ညိုမောင်နဲ့ ကျော်ထွန်း သစ္စာဖောက်တွေဒီလိုပဲ အဆုံးသတ်ရမယ်ဆိုတာ မင်းတို့သိထားပါ"
"ဟုတ်ကဲ့ ဆရာ "
"အေး ...သဲလွန်စမကျန်စေနဲ့ ရဲက အနံ့ခံသိပ်ကောင်းတာ"
"လုပ်စရာရှိတာလုပ်ကြ"
ဦးစိုင်းခွန် တပည့်နှစ်ယောက်နှင့်အတူ လက်စ
ဓားပေါ်ကသွေးစက်များကို တစ်ရှုးတစနှင့်
သုတ်ဖယ်လိုက်ပြီး သူ့ကိုယ်ခန္ဓာပေါ်က သွေးစ
များကို သန့်ရှင်းလိုက်သည်။
"ဆရာ ဒီမှာ ထွန်းမောင်ခန္ဓာကိုယ်ပေါ် မသင်္ကာတဲ့ ပစ္စည်းတခုရှိနေတယ်"
"ဟေ...ငါ့ကိုပြစမ်း"
ညိုမောင် ဦးထွန်းမောင် ကိုယ်ပေါ်မှာတပ်ဆင်
ထားတဲ့ Recording စက်သေးလေးတခု...
"အော်"
"ထွန်းမောင် ထွန်းမောင်"
"ငါတို့ဂိုဏ်းအပေါ်သစ္စာဖောက်ရုံသာမက"
"ဒင်းက.....သူသေရင်တောင် ငါတို့ကိုပြေးမလွတ်အောင်ကြံတာပဲ"
"ညိုမောင်နဲ့ကျော်ထွန်း"
"ဟုတ်ဆရာ"
"အဲ့ဒီ Recording စက်ယူခဲ့"
ဦးထွန်းမောင် စက်ပစ္စည်းလေးအတွင်းမှ မိုက်ခရိုအက်စ်ဒီ ကဒ်တစ်ခုတွေ့ရတော့သဘော
ကြသွားဟန်နှင့်.....
"ညိုကြီး ဒီသတ္တ၀ါပါးစပ်ဖြဲလိုက်"
ညိုကြီးဆိုသူ ဦးစိုင်းခွန် ဘာလုပ်မည်မသိသော်
လည်း ခိုင်းစေသည့်အတိုင်း သေဆုံးနေသော
ဦးထွန်းမောင်ပါးစပ်ကို အတင်းဖြဲထားလိုက်သည်။
ခဏအကြာမှာ မိုက်ခရိုအက်စ်ဒီကဒ်တခု သေဆုံးနေသောဦးထွန်းမောင်ပါးစပ်အတွင်း
ကြလာတော့သည်။
"ရပြီ ညိုကြီး"
"ဆရာ ဘာကြောင့်ဒီလိုလုပ်တာလဲ"
"ဟားးးး ဟားးးး ဟားးးး "
"ညိုကြီးရာ မင်းတော်တော်တုံးပါလား"
"ဘာကြောင့်လဲ ဆရာ"
"အေး....တရားဥပဒေကို မကြောက်လို့ ဒုစရိုက်မှောင်ခို
ဂိုဏ်းအဖွဲ့ ဖွဲ့ပြီးလုပ်စားနေတာ"
"ဒါကြောင့် ဘယ်ရဲကိုမှ ဂရုမစိုက်လို့ ဒီလို
လုပ်လိုက်တာပဲ ရှင်းပြီလား"
"ဟုတ်...ရှင်းပါပြီဆရာ"
ထွဋ်ခေါင် အိပ်မက်ဆိုပေမယ့် ဒေါသထွက်သွား
ရလေသည်။
သူအပါအ၀င်တရားဥပဒေနဲ့ ရဲသားတွေကို
စော်စော်ကားကားပြောနေတဲ့ လူမသမာတစု
သူထင်ထားသလို သူ့အဖေဖြစ်နေရင်တောင်
တရားဥပဒေအရ ပြုလုပ်မည်ဟု စိတ်ထဲဆုံး
ဖြတ်ချက်ချပြီး ဖြစ်နိုင်ရင် အိပ်မက်အတွင်းက
လွန်မြောက်ပြီး တရားဥပဒေအရ အရေးယူလိုက်
ချင်သည်။ သို့ပေမယ့် မည်သို့မျှမစွမ်းနိုင် အိပ်မက်က အိပ်မက်ပေပဲမဟုတ်လား...
ထိုသို့နှင့်စိတ်တွေ ပြန်လည်စုစည်းရန်ကြိုးစား
နေပေမယ့် အိပ်မက်အတွင်းမှ မလွန်မြောက်နိုင်သေးပဲ အဖြစ်အပျက်များကို
ဆက်လက်မြင်တွေ့နေရသေးသည်။
ဦးစိုင်းခွန်နှင့် သူ၏တပည့်များ စကားပြော
နေရင်း ဘေးနားက ဦးထွန်းမောင်အလောင်း
ကို ရွံ့ရှာစပ်ဆုပ်စွာကြည့်နေရင်း အခန်းတခုအတွင်းမှ ကလေးတစ်ဦး...
ဦးထွန်းမောင်ပြောနေတဲ့ သူ့၏သားပင်
ဖြစ်ပေလိမ့်မည်။
အသက်၈နှစ်ကျော်သာသာပဲရှိမည်ထင်သည်။
ငယ်ရွယ်လွန်းလှသေးသည်။
ကလေးမှာ သွေးအိုင်ထဲလဲကျနေတဲ့ ဒေါ်နန်းကြည် ကိုမြင်လိုက်သည်နှင့် အပြေးလာ
ကာ ငိုကြွေးပါတော့သည်။
"ကျော်ထွန်း"
"ဟုတ်ဆရာ ပြောပါ"
"ကဲ ``ကြူပင်ခုပ် ကြုငုတ်မကျန်´´အဲ့ဒီသစ္စာ
ဖောက်သားကို တခါတည်းသာရှင်းပြစ်ကွာ"
"ကောင်းပါပြီဆရာ စိတ်ချပါ"
ပြောပြောဆိုဆို အသင့်လက်ထဲမှာရှိတဲ့ ဓားမြှောင်တလတ်နှင့် ပစ်ပေါက်လိုက်သည်။
ဒုစရိုက်လောကမှာ ကျင်လည်သူပီပီ လက်လည်းတည့်သလို ပစ်မှတ်ကိုလည်း တိကျ
လှသည်။ ကလေးရဲ့ ကျောဘက်ဆီ တန်းတန်း
မတ်မတ်စိုက်ဝင်သွားပြီး အသံပင်မထွက်နိုင်
ခြေတဆန့်ဆန့် နှင့် မျက်ဖြူလန်ကာ သေဆုံး
သွားပါတော့သည်။
ကိစ္စအားလုံးပြီးသွားလေတော့ ဦးစိုင်းခွန်နှင့်
အတူ တပည့်နှစ်ယောက် အိမ်အတွင်းမှ ထွက်
ခွာသွားပါတော့သည်။
သို့ပေမယ့် ထွဋ်ခေါင်မြင်တွေ့နေရတဲ့ သေဆုံး
သွားတဲ့ အလောင်းများမှာ တိတ်ဆိတ်တဲ့ ညတ
ညရဲ့ ကြေကွဲစရာအဖြစ်ကျန်နေခဲ့ရတော့သည်။
အိပ်မက်တခု ပြီးဆုံးသွားပေမယ့် အေးစက်တဲ့
လက်တစုံရဲ့ လှုပ်နိုးသလို ခံစားလိုက်ရသည်။
ထိုသို့နှင့် ထွဋ်ခေါင်သတိပြန်ဝင်လာပြီး နာရီ
ကိုတချက် ငုံ့ကြည့်လိုက်သော် ..နာရီလက်တံ
များ အချိန် ၃နာရီသို့ ညွှန်ပြနေသည်။
ထွဋ်ခေါင် ထိုအိမ်ကြီးအတွင်းမှ အမြန်ဆုံးထွက်ခွာရန်ပြင်ဆင်လိုက်သည်။
ထွဋ်ခေါင်မြင်တွေ့နေရတဲ့ အိပ်မက်ထဲက အ
ကြောင်းအရာများကတော့ ငွေရောင်ပိတ်ကား
ပေါ်က ပြရုပ်များလို ထွဋ်ခေါင်စိတ်ထဲမှာ စွဲကျန်ရစ်နေပေတော့သည်။
ရုတ်တရက်
နှာခေါင်းအတွင်း တိုးဝင်လာတဲ့ ညှီစို့စို့သွေးနံ့
များကြောင့် စိတ်ထဲမသင်္ကာသလိုဖြစ်မိပြီး ထွဋ်ခေါင်ထိုင်နေတဲ့နေရာ ဘေးပတ်ပတ်လည်
ကို ဝေ့၀ိုက်ကြည့်လိုက်မိသည်။
ထွဋ်ခေါင်ထင်မှတ်မထားသော မြင်ကွင်းတခု
နှင့်အတူ သူ့ကို စိုက်ကြည့်နေတဲ့ ၀ိဥာဉ်ဆန်ဆန်
အရိပ်သုံးခုကို တွေ့လိုက်ရသည်။
အိပ်မက်လက်ကျန်လေလား ...
တကယ့်အဖြစ်လေလား...
မဝေးခွဲနိုင်တော့ပေ။
ထွဋ်ခေါင်ကို ကြည့်နေတဲ့သူတို့ရဲ့အကြည့်တွေ
ကအဓိပ္ပါယ်တခုပါနေသလိုထင်မိသည်။
ကြောက်စိတ်မဖြစ်မိပေမယ့် တုံ့ပြန်တက်တဲ့
ခန္ဓာကိုယ် မှသွေးလည်ပတ်မှု့များရပ်တန့်သွား
သလိုထင်မိသည်။
ကျောပြင်တခုလုံးအကြောများ လှုပ်ရှားသွား
ပြီး ကြက်သီးများပင် ထလာမိတော့သည်။
ဝိုးတ၀ါး အရိပ်သုံးခုမှာ မလှုပ်မယှက် ငြိမ်သက်ရင်းကြည့်နေကြသည်။
ထွဋ်ခေါင်သတိပြန်ရလိုက်မိသည် အိပ်မက်လို
လိုအဖြစ်ပျက်ထဲက သေဆုံးသွားတဲ့ အိမ်ကြီးပိုင်
ရှင်မိသားစုသုံးဦးဖြစ်နေလေသည်။
"ဘာအကူအညီလိုလဲ ဦးထွန်းမောင်"
ဝိဥာဉ်သုံးခုထဲမှ ထွဋ်ခေါင်စကားကိုအံ့သြသွား
ဟန်နှင့် မျက်နှာမှာ ၀မ်းသာမှု့ပုံရိပ်များ ဖြတ်
သွားသည်ကို ထွဋ်ခေါင်သတိပြုမိလိုက်သည်။
ဦးထွန်းမောင် ၀ိဥာဉ် အသက်ဝင်လှုပ်ရှားလာပြီး
ကွဲအက်နေတဲ့ အသံကြီးနှင့်....
"ကျုပ်တို့မိသားစုကို ကူညီပါ"
"ကောင်းပြီလေ ...ဘယ်လိုကူညီရမလဲပြောပါ"
"ကျုပ်မိသားစုအသတ်ခံခဲ့ရတာကို အမှု့မှန်
ပေါ်အောင်အရင်ဖော်ထုပ်ပေးပါ"
"ပြီးရင် ဒီအိမ်မှာပဲ အမျှဝေပေးပါ"
"ကောင်းပါပြီ ဦးထွန်းမောင် "
"ကျွန်တော် အစွမ်းကုန်ကြိုးစားဖော်ထုပ်ပေး
ပါ့မယ်"
"ကျေးဇူးတင်ပါတယ် အိုင်ပီထွဋ်ခေါင်"
:::အော် ငါ့နာမည်တောင်သိနေပါလား....
တွေးတောရင်း ၀ိဥာဉ် အရိပ်သုံးခုကိုသနားဂရု
ဏာ သက်တဲ့မျက်ဝန်းများနှင့်ကြည့်နေရင်း...
တဖန် ထိုဝိဥာဉ်သုံးခုမှာလည်း ကျေးဇူးတင်တဲ့
မျက်ဝန်းများ အားကိုပါရစေဆိုသော အကြည့်
များနှင့် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွား
ပါတော့သည်။
ထွဋ်ခေါင် သက်ပြင်းရှည်ကြီးတချက်ချမိရင်း
အချိန်မရတော့တာကြောင့် နေရာမှထွက်ခွာ
ခဲ့တော့သည်။
"ကိုထွဋ်ခေါင် တစ်ညလုံးဘယ်တွေသွားနေတာလဲဗျ"
"အော် ..ကိုမျိုးအောင်"
"ညကကျုပ်အလုပ်တစ်ခုရှိလို့ သွားတာပါ"
"ကျုပ် ဒီနေ့ကိုရဲခေါင်နဲ့တွေ့ချင်တယ်ဗျာ"
"အော်...မနေ့က မှု့ခင်းဖြစ်ပွားခဲ့တဲ့မိသားစုအိမ်
ကတူဆိုသူလား"
"ဟုတ်တယ်လေ ကိုမျိုးအောင်"
"အဲ့ဒီနေ့က ကိုရဲခေါင် ဘာကိစ္စနဲ့အဲ့ဒီအိမ်ကိုလာလဲ
ဆိုတာကို ကျုပ်သိချင်တယ်ဗျ"
"ရပါတယ် ကျုပ်ဆက်သွယ်ပေးပါ့မယ်"
"ကောင်းပါပြီ ကိုမျိုးအောင်"
"အချိန်တော့မကြာစေနဲ့ဗျာ"
"ကျုပ်လုပ်စရာတွေရှိသေးတယ်"
"ရပါတယ်ဗျာ ကျုပ်အခုပဲဆက်သွယ်လိုက်ပါ့မယ်"
ထိုသို့နှင့် တယ်လီဖုန်းနှင့် ကိုရဲခေါင်ကိုဆက်
သွယ်အကြောင်းကြားလိုက်သည်။
"ကိုထွဋ်ခေါင် "
"မကြာခင် ရောက်လာလိမ့်မယ်"
"ခုတော့ခဏစောင့်ရင်း နားလိုက်ပါအုံး"
"ကျေးဇူးပဲ ကိုမျိုးအောင်"
ခဏအကြာမှာ ကားတစီးဝင်လာပြီး
ကိုရဲခေါင်ဆိုသူ ရောက်လာခဲ့သည်။
"ကိုရဲခေါင် လာဗျာ"
"ကျုပ်တို့ စကားခဏပြောကြတာပေါ့"
ထွဋ်ခေါင် စခန်းအတွင်းဝင်လာတဲ့ ရဲခေါင်ဆိုသူ
ကို ဆီးကြိုရင်း.....
"ဘာကိစ္စများ ထူးလို့ပါလဲ အိုင်ပီ"
"မနေ့က မှု့ခင်းနဲ့ပတ်သတ်လို့သိချင်တာလေး
မေးမြန်းချင်လို့ပါ"
"ရပါတယ် ကျုပ်သိထားသမျှ အကုန်ပြောပြပါ့
မယ်"
"အိုင်ပီ သိချင်တာသာမေးမြန်းပါ"
"ဒီလို ကိုရဲခေါင် "
"ခင်ဗျား အဲ့ဒီနေ့က ဘာကိစ္စနဲ့ ဦးထွန်းမောင်
အိမ်ကို လာလဲဆိုတာ အရင်ဆုံးသိချင်ပါတယ်"
"အော်...ဒါက ကျုပ်က ဦးလေးထွန်းမောင် အိမ်ကို မနက်တိုင်း မြို့ပြင်ကနွားခြံမှာ နွားနို့
သွားယူပြီး ပို့ပေးနေကြပါ"
"ခင်ဗျား ပထမဆုံးမြင်တွေ့ခဲ့ရပုံအကျဉ်းကိုပြော
ပြနိုင်မလား"
"ကျွန်တော် အဲ့ဒီနေ့က မနက်၈နာရီလောက်မှာ
နွားနို့လာပို့ရင်း အိမ်ထဲမှာ တိတ်ဆိတ်နေတာနဲ့
ဘယ်သူမှ မနိုးသေးဘူးထင်ပြီး တံခါးခေါက်
ကြည့်တော့ ဘာသံမှလည်းပြန်မကြားရဘူးဗျ"
"ပြီးတော့ တံခါးကလည်း ဂျက်ချမထားတော့
ကျုပ်လည်း စိတ်ပူပြီးဖွင့်ကြည့်လိုက်တော့ ကျုပ်
ဦးလေးထွန်းမောင် နဲ့အတူ တမိသားစုလုံး ကြမ်း
ပြင်ပေါ်မှာလဲကျသေနေတာတွေ့ရတာပဲ"
"အဲ့ဒါနဲ့ ဒီကတာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာပါပဲ"
"ကောင်းပါပြီ ကိုရဲခေါင်"
"နောက်တစ်ခုက ခင်ဗျား ညဦးထွန်းမောင်အိမ်
ကပြန်လာတော့ ဂျစ်ကားတစ်စီးနဲ့လူသုံးဦးတွေ့
ရတယ်ပြောတယ်နော်"
"အဲ့ဒီလူရဲ့ ပုံစံအကျဉ်းကို ပြောပြနိုင်မလား"
"ရပါတယ်ဗျာ"
"ခဏလေး ကိုရဲခေါင် ကျုပ်တခါတည်း ပုံတူ
ပန်းချီ ဆွဲဖို့ လိုအပ်တာတွေပြင်ဆင်လိုက်ဦးမယ်"
"ဒါနဲ့ ခင်ဗျားအချိန်ရရဲ့လား ကိုရဲခေါင်"
"ရပါတယ် ဗျာ"
"လိုအပ်တာသာအရင်ပြင်လိုက်ပါ"
ထွဋ်ခေါင် စာရွက်အဖြူတရွတ်နှင့် ခဲတံတ
ချောင်းပြင်ဆင်ပြီး ကိုရဲခေါင်ကို မသင်္ကာစရာ
တရားခံ ရဲ့ ပုံတူကိုရေးဆွဲရန်ပြင်ဆင်လိုက်သည်။
ကိုရဲခေါင်ပြောသမျှ အသေးစိတ်လိုက်ဆွဲနေ
ရင်းတဖြည်းဖြည်းနှင့် ပုံတူပန်းချီကားမှာ ထွဋ်
ခေါင်မြင်မက်ခဲ့တဲ့ အိပ်မက်ထဲကလူနှင့် တထေရာတည်း တူနေသည်။
ထွဋ်ခေါင် အံ့သြသလိုဖြစ်မိပေမယ့် အဲ့ဒီလူကို
တွေ့ဖူးသလိုထင်မိသည်။
ဟုတ်ပါသည် မနေ့ညက သူ့အဖေဦးစိုင်းအောင်နှင့် တူသည်ဆိုကာဝင်
ရောက်မိတ်ဆက်ခဲ့တဲ့ လူဖြစ်နေသည်။
"အခုလို ကျုပ်တို့ရဲတပ်ဖွဲ့နဲ့လာရောက်ပူးပေါင်း
ဆောင်ရွက်ပေးတဲ့အတွက် ကိုရဲခေါင်ကိုကျေး
ဇူးတင်ပါတယ်ဗျာ"
"ရပါတယ် နောက်လိုအပ်ရင်လည်း ခေါ်ယူမေးမြန်းနိုင်ပါတယ်"
"ကျုပ်ကို ခွင့်ပြုပါအုံး အိုင်ပီ"
"ကောင်းပါပြီဗျာ"
ထွဋ်ခေါင် စိတ်ထဲ ဘာမှဝေခွဲမရသေး...
သဲလွန်စတွေအားလုံးတခုနှင့်တခုကဦးစိုင်းခွန်
နှင့်တိုက်ရိုက်ပတ်သတ်နေသည်။
တခုက ဦးစိုင်းဆန်ထွန်း နှင့် ဘယ်လိုပတ်သတ်မှု့မျိုးရှိနေလဲ သိချင်နေမိသည်။
"ကိုမျိုးအောင်ရေ "
"အမှု့ကတော့ ရှုပ်သထက်ရှုပ်လာပြီဗျာ"
"ဒါကတော့ ရာဇ၀တ်မှု့ပဲကိုထွဋ်ခေါင်ရာ
ရာဇ၀တ်ဘေးပြေးမလွတ်ပါဘူး"
"တနေ့မဟုတ်တနေ့ အမှန်တရားကပေါ်လာမှာပဲ"
"ဟုတ်တာပေါ့ဗျာ"
"အဲ့ဒီအမှန်တရားမပေါ်ခင် အမှားတရာမဖြစ်ဖို့
သိပ်ဂရုစိုက်ရမယ်ဗျ"
"ကျုပ်တို့ လက်တွဲဆောင်ရွက်ကြတာပေါ့"
"တိုင်းပြည်နဲ့ ပြည်သူ့အတွက်ပဲ ကိုထွဋ်ခေါင်ရေ"
ကိုမျိုးအောင်အားပေးစကားပြောတာကလွဲပြီး
ဘာအကြံဥာဏ်မှ ပေးနိုင်မည်မထင်။
ဒီတိုင်းဆို ထွဋ်ခေါင် ပရိယာယ်သုံးရတော့မည်။
-------------------------
ဒီကနေ့ စိန်ပန်းမြိုင် စခန်းတခုလုံးအလုပ်များ
နေကြသည်။ တယ်လီဖုန်းသံတညံညံနှင့် ဆက်
သွယ်မေးမြန်းသူများ များပြားလှသည်။
ဌာနချုပ်ကလည်း ဒီအမှု့အတွက် တရားခံ
ဖမ်းမမိသေးတဲ့ကိစ္စကို ထုခြေလွှာတောင်းနေ
ချေပြီ။ ဒီအမှု့ကို တာဝန်ယူဆောင်ရွက်နေတဲ့
ထွဋ်ခေါင်ကလည်း ဒီကနေ့မှ ရောက်မလာ
ဘယ်တွေခရီးလွန်နေသည်မသိ။
သူ့ဖုန်းကို ဆက်တော့လည်း စက်ပိတ်ထားတယ်
ဆိုတာကြောင့်အဆက်သွယ်လဲမရ။
ကိုမျိုးအောင် ဘာလုပ်ရမှန်းမသိတော့ပေ။
ဒီတိုင်းဆိုရင် ရာထူးကနေနူတ်ထွက်တာကပင်
အသက်ရှုချောင်အုံးမည်။
ခုတော့ သတင်းစာတိုက်များမှ သတင်းထောက်များကလည်း အမြဲတချောင်း
ချောင်းနှင့် အပြင်ထွက်လိုက်သည်နှင့် မေးလိုက်
တဲ့မေးခွန်း ဘာဖြေရမှန်းပင်မသိတော့ပေ။
တယ်လီဖုန်းနှင့်တမျိုး နည်းမျိုးစုံနဲ့ မေးမြန်းနေကြတော့သည်။
"ဆရာ ဒီမှာ စာလာတယ်"
"အေး...ငါ့ကိုပေးကွာ"
စာမှာတခြားမဟုတ် အိုင်ပီထွဋ်ခေါင် ထံမှပင်
ဖြစ်သည်။
"သို့"
"ကိုမျိုးအောင် ရဲသားသုံးဦးနှင့်အတူ
မြို့ပြင် ဂိုထောင်ပျက်ကြီးဆီ.လာခဲ့ပါ။
အိုင်ပီထွဋ်ခေါင်
စာမှာ အကြောင်းအရာမပါ တိုလွန်းလှသောစာတကြောင်းနှင့်မြို့ပြင်ဂိုထောင်ပျက်ကြီးဆီ လာရန်သာပြောပြထားသည်။
အိုင်ပီ ထွဋ်ခေါင် မှာ စုံထောက်ပီပီ လျှို့ဝှက်ဆန်လှသည်။
ကိုမျိုးအောင် ရဲသားသုံးဦးနှင့်အတူ မြို့ပြင်ဂို
ထောင်ပျက်ကြီးဆီ စခန်းမှာအသုံးပြုနေကြ
ဂျစ်ကား တစ်စီးနှင့်သွားတော့သည်။
ဂိုထောင်ပျက်ကြီးဆီ ရောက်တော့
ဘာမှထူးထူးခြားခြားမတွေ့ရသေးပေ။
ဘာပဲဖြစ်ဖြစ် အိုင်ပီထွဋ်ခေါင် ကိုယ်တိုင်သတင်းပေးတာဆိုတော့ တခုခုတော့
ထူးခြားလို့ဖြစ်မည်။
ဂိုထောင်နံရံတွေဆီ ခြေသံလုံလုံနှင့်ကပ်သွား
စဉ် ဂိုထောင်ထဲမှ လူတစုစကားပြောသံလိုလိုကြားရတာကြောင့်
အခြေနေကိုစောင့်ကြည့်ရင်း ....
ဂိုထောင်ဘေးမှ မသိမသာချောင်းမြှောင်းကြည့်
လိုက်တော့ လူတစု ပစ္စည်းအလဲအလှယ် လုပ်နေကြသည်။ ရှေးဟောင်းပစ္စည်းလေလား
တရားမ၀င် ဘိန်းကုန်ကူးလေသလားမသိရသေး။
ရုတ်တရက် လူတစ်ဦးက လက်ထဲမှ စိန်
ကျောက်တလုံးကို ကမ်းပေးနေသည်ကိုမြင်
ရမှ တရားမ၀င်ကျောက်အရောင်းအ၀ယ်လုပ်နေ
မှန်းသိလိုက်ရသည်။
ဒါနှင့် ရဲသားသုံးဦးကို အချက်ပေးပြီး အတွင်း
မှ မှောင်ခိုရောင်းဝယ်နေသူများကို ဖမ်းဆီးရန်
အမိန့်ပေးလိုက်သည်။
"အားလုံးလက်မြှောက်လိုက်ပါ"
ရုတ်တရက် စကားသံကြောင့် အရောင်းအ၀ယ်
လုပ်နေသည့်လူများ ခဏကြောင်သွားပြီး ရဲတွေ
မှန်းသိမှ အလျှိုလျှိုထွက်ပြေးကုန်ကြသည်။
"ရဲဘော် မော်သစ် တရားခံတွေနောက်ကလိုက်
ပါ"
"မျက်ခြေမပျက်စေနဲ့"
"ဟူတ်ကဲ့ဆရာ"
ရဲသားမော်သစ်နှင့်အတူ မှောင်ခိုသမားတွေကို
လိုက်လံဖမ်းဆီးရန် ကြိုးစားကြသော်လည်း အားလုံးမှာ နယ်မြေကျွမ်းကျင်ကြသူများဖြစ်ဟန်
တူသည် အားလုံးထဲမှ လူတယောက်ကိုတော့
ဖမ်းမိလိုက်သည်။
ထိုသူမှာ အသက်အရွယ်ငယ်မယ်ထင်ရပေမယ့် နူတ်ခမ်း
မွှေး ပါးသိုင်းမွှေးများ ထူလွန်းလှသည်။
ထိုနှုပ်ခမ်းမွှေးများ ပါးသိုင်းမုတ်ဆိတ်များ မပါ
လျှင် အိုင်ပီထွဋ်ခေါင်နှင့် တူလွန်းလှသည်။
အရပ်မောင်း အမူအရာ သွားပုံလာပုံ စကား
ပြောပုံများ အားလုံးတူညီနေသည်။
သို့သော် ကိုထွဋ်ခေါင်ဒီအလုပ်တွေ မလုပ်ဘူး
ဆိုတာကို ယုံကြည်နေတာကြောင့်...
ဘယ်လိုပဲဖြစ်ဖြစ် ကိုထွဋ်ခေါင်မဖြစ်နိုင်ဟု ကိုမျိုး
အောင်တွေးနေမိသည်။
သို့သော် ဒီအမှု့ကို သတင်းပေးတဲ့ ကိုထွဋ်ခေါင် ယခုချိန်ထိ မတွေ့ရသေး။
တယ်လီဖုန်းလည်း ဆက်သွယ်၍မရ။
ထူးတော့ထူးနေသည်။
"ရဲဘော် မော်သစ် "
"ရှိပါတယ်ဆရာ"
"ဒီနေ့ ကိုထွဋ်ခေါင်ကို တွေ့မိသေးလား"
"မတွေ့မိဘူးဆရာ"
"ဒါနဲ့ ကိုထွဋ်ခေါင် ပို့တဲ့စာဘယ်သူရခဲ့တာလဲ"
"ကျွန်တော်ပါဆရာ"
"ဒါဆို အဲ့ဒီစာကိုဘယ်လိုရခဲ့တာလဲ"
"မနက်စောက စာတိုက်ပုံးနားမှာ လူတစ်ဦးလာ
ပြီးစာထည့်သွားတာတော့တွေ့မိလိုက်တယ်ဆရာ"
"ဒါဆို အဲ့ဒီလူကို သေသေချာချာမြင်လိုက်ရလား"
"သေချာတော့ မမြင်လိုက်ရဘူး"
"နောက်ပြီး မျက်နှာကိုလည်း ဦးထုပ်နဲ့ဖုံးထား
သေးတယ်ဆရာ"
"အင်း...တခုခုတော့ ထူးနေပြီ"
"ကဲ...ကျန်တဲ့ရဲသားတွေကို ဆရာမော်သစ်က
ပဲ တာဝန်ယူအသိပေးထားလိုက်ဗျာ"
"ခုရက်ပိုင်းသတိဝိရိယ ထားဖို့လည်း တခါတည်း
အသိပေးထားလိုက်ပါ"
"ကောင်းပါပြီဆရာ"
ထိုသို့နှင့် ဖမ်းမိလာတဲ့တရာခံကို မစစ်ဆေးခင်း
တညတာအချုပ်ခန်းအတွင်းသွင်းထားလိုက်
သည်။
------------------------------------------
စိန်ပန်းမြိုင်ရဲစခန်းအတွင်းသတင်းထောက်
များစာနယ်ဇင်းသမားများ စုဝေးနေကြသည်။
စခန်းမှုးကိုမျိုးအောင်လည်း ထိုကိစ္စကို မဖြေရှင်းတက်တော့။
ခေါင်းများပူထူပြီး အဖြေရှာရခက်နေတော့သည်။
ညကင်းတာဝန်ကျတဲ့ ရဲသားမိုးဝင်းမှာလည်း
တာဝန်ချိန်မှာ ဖြစ်ပွားခဲ့ရတဲ့အတွက် အထက်မှ
သုံးလအနားယူခိုင်းလိုက်သည်။
အကြောင်းမှာ မနေ့ညနေက ဖမ်းမိခဲ့တဲ့ ကျောက်စိမ်းမှောင်ခိုရောင်းဝယ်သူများထဲမှ
ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့သည့် တရားခံမှာ အချုပ်ခန်းအတွင်းမှ ဖောက်ထွင်းလွတ်မြောက်
သွားပြီး တဆက်တည်း ဘိန်းမှောင်ခို
ရောင်းချသူ fight star ဂိုဏ်းအဖွဲ့အကြီးအကဲ
ဟုယူဆရသူ ဦးစိုင်းဆန်ထွန်းပါ ခေါ်ဆောင်
လွတ်မြောက်သွားခြင်းပင်ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး အိုင်ပီထွဋ်ခေါင် ကို
အကြောင်းကြားရန်ကြိုးစားကြသော်လည်း
ထူးဆန်းတာက အိုင်ပီထွဋ်ခေါင် ကို ပါပျောက်
နေသည့်အတွက် လမ်းစပျောက်နေသည်။
ဘယ်လိုမှ မစဉ်းစားတက်တော့တဲ့အဆုံး
စခန်းမှုးကိုမျိုးအောင်ပင် နောက်ဆုံးရာထူး
မှ နူတ်ထွက်ပေးရမည့်ကိန်းဆိုက်နေသည်။
"ရဲဘော် မော်သစ်"
"ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာတွေစုံစမ်းရလဲ"
"ဟုတ်ကဲ့ဆရာ"
"ယခုချိန်ထိ ကိုထွဋ်ခေါင်သတင်းအစအနမရ
သလို တရားခံစိုင်းဆန်ထွန်း နှင့်အတူ မနေ့က
ဖမ်းမိတဲ့ တရားခံပါ ဘယ်လိုလွတ်မြောက်သွား
သည်ကိုစုံစမ်းမရသေးပါဘူး စခန်းမှုး"
"အေးကွာ"
"အထက်ကလည်း ဒီကိစ္စအတွက်ငါ့ကိုဘယ်လို
တာဝန်ယူဖြေရှင်းပေးမလဲဆိုတာ ထုချေလွှာ
တောင်းနေပြီ"
"ငါလည်း ရူးချင်စိတ်တောင်ပေါက်လာပြီကွာ"
ကိုမျိုးအောင်နှင့်အတူ စိန်ပန်းမြိုင်ရဲစခန်းမှ
ရဲဝန်ထမ်းအားလုံး တွေးမရအောင်ဖြစ်နေမိသည်
ဒီလောက်အစောင့်အကျပ်များတဲ့ စခန်းအတွင်းက မည်သို့မည်ပုံထွက်ပြေးလွတ်မြောက်သွားသည်မှာ တော်ရုံထူးဆန်းမှု့မျိုးမဖြစ်နိုင် အတွင်းလူ
တယောက်အကူအညီမရယူပဲ ဘယ်လိုမှ မဖြစ်
နိုင်ပေ။
အဓိက တာဝန်ရှိသူမှာ ညကင်းတာဝန်ကျတဲ့
ရဲသားမိုးဝင်းဖြစ်နေသည်။
ဒီ ကိစ္စနဲ့ပတ်သတ်ပြီး ရဲသားမိုးဝင်းမှာလည်း လက်
ရှိတာဝန်မှ သုံးလအနားယူခိုင်းထားလေတော့
စခန်းမှာ လူအင်အားလျော့နည်းသွားသည်မှအပ
ဘာမှ မထူးခြားခဲ့ပေ။
------+---++---------++-------+++-------
ဒီနေ့ဟာ fight star ဂိုဏ်းအတွက် ကြီးမား
တဲ့အောင်ပွဲတခုပင်ဖြစ်လေတော့သည်။
ရဲဘက်က ထိန်းသိမ်းခံထားရတဲ့ ဂိုဏ်းအဖွဲ့
ရဲ့ အဓိကကြသူ နှစ်ဦးထဲမှ တစ်ဦးဖြစ်တဲ့ ဦးစိုင်း
ဆန်ထွန် အချုပ်အတွင်းမှ ထွက်ပြေးလွတ်မြော
က်လာခြင်းကြောင့်ဖြစ်သည်။
"ထိုင်ပါမောင်ရင်"
"ဒီညက ဦးအတွက် အကောင်းဆုံးညတညပဲကွ"
"ရဲလက်ထဲကနေ မရမကကယ်ထုပ်ပေးတဲ့
မောင်ရင် ကျေးဇူးကို ဦးဘယ်လိုဆပ်ရမှန်းတောင်မသိတော့ပါဘူး
ကွာ"
"ဒါနဲ့ မောင်ရင်နာမည်က"
"လင်းပိုင် ပါဦး"
"အေး မောင်လင်းပိုင်"
"..ဦးနဲ့ အတူ ..ဦး ပတ်ဝန်းကျင်ကိုပါ မောင်လင်း
ပိုင်ကျေးဇူးကြောင့် အန္ဒာရာယ်အားလုံးကြားမှလွတ်မြောက်ရတာပါ"
"ဒီတော့ ...ဦး အနေနဲ့က မောင်လင်းပိုင်ကို .ဦး
ပိုင်ဆို်တဲ့ အိမ်မှာ မောင်လင်းပိုင်ပျော်သလောက်
နေပါလို့ တောင်းဆိုပါရစေ"
"စိတ်ချပါ ..ဦး"
"ကျုပ်လည်း စခန်းကကျောက်စိမ်းမှောင်ခိုမှု့
နဲ့ ဖမ်းဆီးခံရတာပဲ"
"မနက်ဖြန်ဆို စစ်ဆေးတော့မည်ဆိုတာသိလို့
ယခုလို...ဦးနဲ့အတူ ထွက်ပြေးလာခဲ့တာပဲ"
"ကောင်းတာပေါ့ ကွာ"
"ဦး...တို့အလုပ်နဲ့လည်း ထူးမခြားနားပါဘူး"
"ဦး..တို့အလုပ်က ဘာအလုပ်လဲ"
"ဒီလိုလုပ်ကွာ ဒီနေ့တော့ပင်ပန်းလာတယ်မဟုတ်လား"
"မင်းလည်းနားလိုက်ဦး...ဦးလည်း နားချင်ပီ"
"မနက်ဖြန် အေးအေးဆေးဆေး ပြောကြတာပေါ့"
"ကောင်းပါပြီ ..ဦး."
"အေးအေး...အပေါ်ထပ်မှာ မောင်လင်းပိုင်အတွက် အခန်းပြင်ခိုင်းထား
တယ်"
"သွားနားလိုက်ဦး"
"ဟုတ်ကဲ့...ဦး.."
"ဟေ့...မိုးသီး"
"ပြောပါဆရာ"
"မောင်လင်းပိုင်အတွက်စီစဉ်ခိုင်းထားတဲ့ အခန်း
အပေါ်ထပ်မှာရှိတယ်"
"လိုက်ပို့လိုက်ကွာ"
"ဟုတ်ကဲ့ဆရာ"
လင်းပိုင် ဆိုသူ ဦးစိုင်းဆန်ထွန်းတပည့်မိုးသီး
ခေါ်ဆောင်လိုက်သွားလိုက်သည်။
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
ဦးစိုင်းဆန်ထွန်း သိထားတဲ့လင်းပိုင်မှာ သူ့ကျေးဇူးရှင်လို့ထင်နေပေမယ့် "နောက်ကျောကနေ ဓားနဲ့ထိုးမည့်သူဆိုတာကို
မသိခဲ့ပေ"
အမှန်တကယ် လင်းပိုင်မှာ တခြားသူမဟုတ်
ဒုစရိုက်လောကမှောင်ခိုသားတွေကို တာဝန်ယူ
နှိမ်နှင်းနေတဲ့ အိုင်ပီ ထွဋ်ခေါင်ပင်ဖြစ်နေပေသည်။
ရုပ်ဖျက်ကာ ဦးစိုင်းဆန်ထွန်းနှင့်အတူ fight
Star ဂိုဏ်းတစ်ဖွဲ့လုံးကို ဒုက္ခလှလှပေးနိုင်ရန်
ဟန်ဆောင် ရုပ်ဖျက်ထားခြင်းပင်။
ဦးစိုင်းဆန်ထွန်း နှင့်အတူ fight star တစ်ဖွဲ့
လုံး လုံးဝ မရိတ်မိခဲ့ခြင်းမှာ အိုင်ပီထွဋ်ခေါင် ၏
အလွန်တော်တဲ့ ရုပ်ဖျက်ပညာကြောင့်ပင်
ဖြစ်လိမ့်မည်။
ဦးစိုင်းဆန်ထွန်းမှာ "မြွေပွေးကို ရေမြွေအမှတ်နဲ့ ခါးပိုက် ပိုက်မိခဲ့ခြင်းပင်"
*******************ဆက်ရန်****
Part 4 ဇာတ်သိမ်း
{ခြောက်ခြားဖွယ် ပရလောကဇာတ်လမ်းများစုစည်းမှု့ Group}
_ခွန်ဆက်ပိုင်
မိုးမင်းစံ တဖြစ်လဲရေးသားသည်။
Post a Comment