IPထွဋ်ခေါင်နှင့် သုံးလောင်ပြိုင် 2

★ အိုင်ပီထွဋ်ခေါင်

                           နှင့်

               သုံးလောင်းပြိုင်လူသတ်မှု့ ★

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

   Part _2

     "ကျုပ်ကို လေးစားမနေရုံနဲ့ ဒီအမှု့က မပြီး
သေးဘူး ကိုမျိုးအောင်ရေ"
"ခင်ဗျား လုပ်ရမှာက ဟို ဆက်တီခုံပေါ်က တယ်လီဖုန်းကိစ္စပဲ"

     "ဘာလို့လဲဗျ"

"သေဆုံးသူ မနန်းကြည်ကို ကြည့်လေဗျာ"
   "တယ်လီဖုန်း အရောက်မှာ သတ်ခံရတာပဲ"

"ဟုတ်ပြီဗျာ"
       "ကျုပ် တယ်လီဖုန်းအ၀င်အထွက်ကောတွေ စစ်ရမယ်"
   "ဒါနဲ့ ဒီကလေးက ဘာလိုသေခဲ့တာလဲဗျ"

  မနန်းကြည်အနားမှာသေဆုံးနေတဲ့ ကလေးတဦးကို ကြည့်ရင်း ကိုမျိုးအောင် မေးလိုက်သည်။

   "ဒါကတော့ ကျုပ်လည်း အတိအကျ မပြောနိုင်သေးဘူးဗျ "
   "ကျောဘက်က ဓါးမြှောင်စိုက်ဝင်လျှက်သေ
ဆုံးနေပုံထောက်ရင်"
"ဓါးကလည်း အတော်လေး စိုက်ဝင်နေပုံရ
တယ်"
  "ဒီတော့ ကပစ်ပေါက်လိုက်တဲ့ ပုံပဲဗျ "
  "နောက်တော့ ဆက်ဆွေးနွေးကြတာပေါ့ "
   "ခုတော့ သဲလွန်စ တခုတလေက ကျုပ်တို့
အတွက် လမ်းစပဲဗျ"
    "တက်နိုင်သလောက်ရှာဗျို့"

  ထွဋ်ခေါင် ကိုမျိုးအောင်ကို သတိပေးရင်း နေရာအနှံ့. လိုက်ကြည့်နေသည်။

     "ကိုထွဋ်ခေါင် ဒီမှာ အ၀င်ကော တကော
တော့တွေ့တယ်ဗျ ည၁၀း၄၀ ဆိုတော့က မှု့ခင်းဖြစ်ပွားချိန်နဲ့ သိပ်မကွာလှဘုးဗျ"

   "ဟုတ်ပီ ကိုမျိုးအောင် အဲ့ဒီဖုန်းနံပါတ်
Note ထဲမှာ ကူးယူခဲ့ဗျာ"
     " ပြီးရင် ဆက်သွယ်ရေးရုံးမှာသွားပို့ရမယ်"

  ထိုသို့နှင့် ထွဋ်ခေါင်အပါအ၀င် ကိုမျိုးအောင်
နှင့် ရဲသား သုံးဦး မှတ်တမ်းဓာတ်ပုံများရိုက်ယူ
ပြီး  ဆေးရုံကား လူသေလောင်း
သုံးလောင်းအား လာသယ်သည်အထိ စောင့်နေ
ကြရင်း ဆေးရုံကားသယ်ဆောင်သွားမှ စခန်းကို
ပြန်လာခဲ့ကြသည်။
   
   "ကိုထွဋ်ခေါင် ရေအမှု့ကတော့ ခင်ဗျားသိ
တဲ့အတိုင်းပဲ တော်တော်လေး ခက်ခဲမယ်ဗျ"
  "တရားခံ သဲလွန်စကလည်း  မိုက်ခရိုအက်စ်ဒီ ကဒ်တခုနဲ့ မသင်္ကာ စရာဖုန်း
နံပါတ်တခုကလွဲလို့ ဘာမှမတွေ့ရပါလား"

  " ဟုတ်တယ် ကိုမျိုးအောင်ရ"
       ."နေပါအုံး သေဆုံးသွားတဲ့ ကလေးကျောပြင်က ဂျပန်ကင်ဒို ဓါးတလတ်ရောဗျ"

  "ဟိုက် ကျုပ်မေ့သွားတယ်ဗျ"
     "ဒါနဲ့ ရာဇ၀င် ဓါးအကြောင်း လင်းစမ်းပါအုံးဗျ"

  "ဒီလိုဗျ"
   "ကျုပ် ရွှေတြိဂံ နယ်မြေထဲမှာ တာဝန်ကျစဉ်
က လွန်ခဲ့တဲ့ ၂နှစ်ပေါ့ဗျာ"
   "အဲ့ဒီနယ်မြေမှာ အသေးစားအမှု့တွေ
အမျိုးမျိုးရှိခဲ့တယ်ဗျ"

   "ဘယ်လိုအသေးစားလဲဗျ"

" အော် ဥပမာ ဘိန်းကုန်ကူးမှု့ လူကုန်ကူးမှု့
တွေပေါ့ဗျာ"
  "တဖြည်းဖြည်း နဲ့ ဒုစရိုက်​ မှု့တွေတိုးလာပြီး နောက်ဆုံး လူသတ်မှု့တွေပါ တွေ့လာရတယ်ဗျ"

    "ဆက်ပါအုံးဗျ"
"ဒါနဲ့ ဓါးမြှောင် ကိစ္စနဲ့က"

   "လာမယ်လေဗျာ"
"ဒီဓားမြှောင်က ယိုးဒယားရှေးခေါတ် ပန်းပုလက်ရာဗျ"
    " ဦးပိုင်းမှာ ချွန်ထွက်နေပြီး"
"ဓားရိုးပိုင်းမှာ နဂါးပုံပါတယ်လေဗျာ"
   " ဒီဓားကို ကျုပ် တာဝန်ထမ်းဆောင်နေစဉ် "
" တနှစ်မပြည့်ခင်မှာပဲ စတွေ့ခဲ့ရတာပဲဗျ"
   " ကျုပ်စုံစမ်းရသလောက်တော့ ပန်းပုဆရာ
ဦးစော ပြုလုပ်ခဲ့တာပဲဗျ"
  "အဲ့ဒီဓားမြှောင်က အရိုးအသွား ၈ပေအထက်ရှိတယ်"
   "နောက်ပြီး ပုံတူ ရှိတာနှစ်လတ်ပဲဗျ"
"အဲ့ဒီပုံတူ နှစ်လတ်က ဂိုဏ်းတခုရဲ့ သင်္ကေတပဲ"
    "ရှင်းရှင်းပြောရရင် ဒီဓါးက ဂိုဏ်းအဖွဲ့  ရဲ့
အဓိကကြတဲ့ ဂိုဏ်းခေါင်းဆောင်တွေသာ ကိုင်
ခွင့်ရှိတာဗျ"
  "နောက်ဆက်တွဲ စုံစမ်းသိရတာက ဒီဓါးက
Fight star ဂိုဏ်းအဖွဲ့ အသုံးပြုခဲ့တာပဲဗျ "
   "နောက် မကြာခင်မှာပဲ ဦးစော အသတ်ခံခဲ့
ရတာပဲ တရားခံ လည်းဖမ်းမမိ"
    "တခုက fight star ဂိုဏ်းအဖွဲ့မှာ သူတို့
ကိုယ်ပိုင် အသုံးပြုတဲ့ တက်တူး တမျိုးရှိတယ်ဗျ"
    "ဒါကတော့ ဒီပုံပဲ"

ထွဋ်ခေါင် ဘေးကပ်အတွင်းမှ စာရွက်တခုထုပ်ပြပြီး စာရွက်ပေါ်မှာ ရေးဆွဲထား
တဲ့ နဂါး ပုံနဲ့အတူ နဂါးပါးစပ်ထဲမှာ အလုံးတလုံး
ကို ၀ါးမျိုဟန် ရေးဆွဲထားသည်။

   "ဒါနဲ့ ဒီပုံက ခင်ဗျား ဘယ်လိုရခဲ့တာလဲ ကို
ထွဋ်ခေါင်"

  "ကျုပ်ပြောပြဖူးတယ်လေ"
    " တက်တူးဆရာ ကိုမိုးတိမ် အသတ်ခံရတဲ့
အမှု့ အဲ့ဒီမှာ ကျုပ်တာဝန်ယူ စစ်ဆေးစဉ်က ကို
မိုးတိမ် အခန်းထဲက အဲ့ဆွဲတခု အတွင်းက ရခဲ့
တာပဲဗျ"
    "ပြီးတော့ စိုင်းဆန်ထွန်း ခေါ် ဦးလူမော်
လက်ဖျံပေါ်က တက်တူးကလည်း ဒီပုံစံနဲ့
တထေရာတည်းပဲဗျ"

   "ဒါကြောင့် စိုင်းဆန်ထွန်း ကို fight star
ဂိုဏ်းအဖွဲ့ ၀င်လို့ပြောနိုင်တာလား"

   " ဂိုဏ်းအဖွဲ့ ၀င်တင်မကဘူး ဒီဓါးမြှောင်ပါ တွေ့ရတယ်ဆိုတော့ ဦးလူမော်က fight star
ဂိုဏ်းရဲ့ ခေါင်းဆောင်နှစ်ယောက်ထဲက တ
ယောက်ပဲဗျ"

   "ခင်ဗျားပြောတော့လည်း ရှင်းနေတာပဲ"

"ကျုပ်ပြောချင်တာက ဦးလူမော်ကို ရုံးတင်မစစ်ဆေးသေးပဲ ကွင်းစက် အမှု့တွေအားလုံးတရားခံဖမ်းမိမှ ရုံးတင်စေချင်
တယ်"

   " ကောင်းပါပြီဗျာ"
"ကျုပ် အထက်အရာရှိကို အကြောင်းကြားပြီး
ဆောင်ရွက်ထားလိုက်ပါ့မယ်"
   "ညနေတောင်ရောက်နေပြီ"
"ကိုထွဋ်ခေါင် ကျုပ်တို့ တနေရာမှာ ညနေစာ
စားပြီး စကားစမြည်ပြောကြတာပေါ့"

"အေးဗျ အလုပ်တွေရှုပ်နေတာနဲ့ နေ့လယ်
စာတောင် မစားရသေးဘူး"

   "ကဲ နေ့လယ်စာတွေလုပ်မနေနဲ့"
"ကျုပ်တို့ ပြည်သူ့ရဲတွေဘ၀ အမှု့တခုပေါ်လာရင် ထမင်းမေ့ဟင်းမေ့တာ
အကြိမ်ပေါင်း မနည်းတော့ဘူးဗျ"
   "ညစာနဲ့နေ့လယ်စာ ပေါင်းစားလိုက်ကြတာပေါ့ဗျာ"

     ထွဋ်ခေါင် နှင့်အတူ ဒုရဲမှုး မျိုးအောင်တို့
မြို့ထဲက စားသောင်ဆိုင်တဆိုင်မှာ စားရင်း
သောက်ရင်း စကားစမြည်ပြောနေကြသည်။
    ဆိုင်အတွင်းကို ရုတ်တရတ် လူသုံးဦးဝင်
လာသည်။
   ထိုသူများမှာ အနောက်တိုင်းဆန်ဆန် အ၀တ်
အစားတွေ ၀တ်ဆင်ထားပြီး သူတို့ သုံးဦးအနက်
မှ အကြီးအကဲဖြစ်ဟန်တူသူမှာ အသက် ၅၀
ဝန်းကျင်ခန့်ရှိမည်။

   ကျန်နှစ်ယောက်မှာ ထိုသူ၏တပည့်များ ဖြစ်
ဟန်တူသည်။

   ထိုသူမှာ အနက်ရောင်ကုဒ်အင်္ကျီကိုဝတ်ဆင်
ထားပြီး ဘောင်းဘီမှာလည်း လိုက်ဖက်စွာ
အနက်ရောင်ပင်ဖြစ်သည်။
     ဦးထုပ်အနက်ရောင်တလုံးကိုလည်း စမတ်ကျကျဆောင်းလျှက်သားနှင့် အတော်ကို
ကြည့်ကောင်းလှသည် ။
   ကျန်နှစ်ဦးမှာတော့ သူ့တို့ဆရာဖြစ်ဟန်တူသူ
နောက်မှ ထပ်ကြပ်မကွာ လိုက်နေကြသည်။
ဆိုင်အတွင်း ၀င်လိုက်သည်နှင့် ဆိုင်ရှင်မှာ မျက်
နှာချိုသွေးလျှက် ၀န်းထမ်းများကို မခိုင်းစေပဲ သူ
ကိုယ်တိုင် ဧည့်ခံနေသည်။
   ထိုသူမှာ အတော်လေးချမ်းသာဟန်တူသည်
စီးလာတဲ့ကားမှာလည်း အနက်ရောင် မာစီးတီး
ကားအမျိုးအစား ဖြစ်ပြီး ကားမှာလည်းသန့်ပြန့်နေသည်။
   ဒီမြို့မှာ တခါမှ မတွေ့ဖူးသောကားမျိုးဖြစ်သည်။
  ထွဋ်ခေါင် နှင့် ကိုမျိုးအောင်တို့နှစ်ယောက် ငေး
ကြည့်နေရင်း ထိုသူမှာ ပတ်ဝန်းကျင်ကို ဂရုစိုက်
ဟန်မတူ....
  အရက်တမျိုးမှာယူပြီး စမတ်ကျကျ သောက်နေသည်။ တပည့်နှစ်ယောက်မှာလည်း
ထိုသူမှ သောက်ခွင့်ပေးမှ အငမ်းမရ သောက်လေတော့သည်။
   သူတို့သုံးဦးမျက်နှာမှာ တခုခုကိုကျေနပ်နေဟန်နှင့် အောင်ပွဲခံနေတဲ့
အပြုံးများကို ထွဋ်ခေါင်သတိထားမိလိုက်သည်။
   သူတို့သုံးဦးအနက်မှ ဆရာဖြစ်ဟန်တူသူကို
တော့ သဲသဲကွဲကွဲ မမြင်ရသေးပေ။
ထိုသူမှာ ဦးထုပ်ကို ခပ်စိုက်စိုက်ဆောင်းထားလေတော့ မျက်နှာရဲ့
တ၀က်သာ မြင်နေရသည်။
     အချိန်အတန်ကြာထိ ထွဋ်ခေါင်စောင့်ကြည့်နေခဲ့ရာ ...
   ထိုသူများ သောက်ရင်းစားရင်းအနည်းငယ်
အရှိန်ရလာဟန်တူသည် ။
  စကားများ ဗလုံးဗ​ထွေး နှင့် သူတို့ပြောချင်ရာတွေပြောနေတော့သည်။
    ထွဋ်ခေါင်စောင့်ကြည့်နေစဉ် ထိုသူ ခေါင်းမှ
ဦးထုပ်ကို ချွတ်ပြီး စားပွဲပေါ် တင်လိုက်လေသော် ...
   " ဟာ"
"ကိုမျိုးအောင် အဲ့ဒီလူကို ခင်ဗျားမြင်ဖူးလား"

   "ကျုပ် တခါမှ မမြင်ဖူးဘူးဗျ"

"အဲ့ဒီလူ ကျုပ်ရင်းရင်းနှီးနှီးမြင်ဖူးပါတယ်
   တွေးနေတာ မန္တလေးက ကျုပ်အဖေနဲ့
သိပ်တူတာဗျ"

    "ဟာ ကိုထွဋ်ခေါင် ကတော့လုပ်ပြီဗျာ"

"တကယ်ပြောတာဗျ"
   "ကျုပ်သွား မိတ်ဆက်ကြည့်အုံးမယ်"

ထွဋ်ခေါင် သူ့အဖေနှင့်တူသည်ဟုဆိုကာ ထိုသူ
စားသောက်နေသော စားပွဲဝိုင်းလေးဆီ သွားပြီး
မိတ်ဆက်နေသည်။
    "ကျွန်တော် ခဏထိုင်လို့ရမလား"

"ဒီက မိတ်ဆွေက ဘယ်သူလဲဗျ"
   " ပြီးတော့ ဘယ်ကလဲ"
   "ဘယ်လိုကနေ ဒီကိုရောက်လာတာလဲ"

" ဖြည်းဖြည်း ပေါ့ဗျာ"
    "ကျွန်တော်က ဟိုဘက်စားပွဲမှာ ထိုင်နေတဲ့
ဧည့်သည်ပါဗျာ"
  "ဒီကမိတ်ဆွေတို့ စကားဝိုင်းကြနေလို့ ကျုပ်
လည်း စကားပြောဖော်ရချင်လို့ ခုလိုလာမိတ်ဆက်တာပါ"

  "ကောင်းတာပေါ့ဗျာ"

တပည့်နှစ်ဦးက ရည်ရည်ငံငံ ပြောပေမယ့်
ဆရာဖြစ်ဟန်တူသူက ဘာမျှဝင်မပြော ထွဋ်ခေါင်ကို စေ့စေ့စပ်စပ်ကြည့်နေရင်း ...

   "နေပါအုံး မောင်ရင်ကို ကျုပ်မြင်ဖူးသလိုပဲ"

"ကျွန်တော်လည်း ဦးကို မြင်ဖူးသလိုရှိလို့လာ
မိတ်ဖွဲ့တာပါ"

     ထိုသူမှာ စဉ်းစားဟန်ပြုရင်း .....

"ထားပါလေ"
    "ဒါနဲ့မောင်ရင်က ဘယ်ဇာတိလဲ"

"ကျွန်တော် ဒီမြို့ကမဟုတ်ဘူးဗျ"
   "မန္တလေးဇာတိပါ"
"မန္တလေးမှာ အဖေနဲ့အမေက ရွှေဆိုင်တဆိုင်
ဖွင့်ထားတယ်"

   ထိုသူမှာ မျက်နှာတချက်ပျက်သွားပြီး ချွေးစေး
များပင် ပြန်တက်လာချေပြီ ...

   အရက်ရှိန်ကြောင့်လား တခုခုကို စိုးရိမ်သွားတာကြောင့်လားပင်မသိ။

     "ဒါနဲ့ မန္တလေးကိုရောပြန်ဖြစ်လား"

"ဟာ "ကျွန်တော် အဖေနဲ့အမေရှိတဲ့ မန္တလေးကို မပြန်တာ ၇နှစ်ကျော်သွားပြီဗျ"

  "ဟေ ဘာကြောင့်လဲမောင်ရင်"

"ဒီလိုဗျ ကျုပ်အဖေက သူ့လုပ်ငန်းတွေမှာ ၀င်
ရောက်ဦးစီးစေချင်တယ်"
    "ကျွန်တော်က ၀ါသနာပါတဲ့ ထောက်လှမ်း
ရေး အလုပ်ကိုပဲ လုပ်ခဲ့တာ"
"တနည်းပြောရရင် စုံထောက်ပေါ့ဗျာ"

   ထိုသူ မျက်နှာ သိသိသာသာ ပျက်သွားတော့
သည်။

   "ဒါနဲ့ မောင်ရင် အမေဆီ ဖုန်းအဆက်အသွယ်လုပ်ဖြစ်လား"

  "ကျွန်တော် အမေနဲ့တော့ နေ့တိုင်းလိုလို ဖုန်းပြောဖြစ်ပါတယ်"
  "အဖေနဲ့ကတော့ စကားမပြောဖြစ်တာ ကျွန်
တော် ဒီအလုပ်ကိုစလုပ်စဉ်တည်းကပဲဗျ"
  "လွန်ခဲ့တဲ့ ၇နှစ်တည်းကပေါ့"

ထိုသူမှာ ထွဋ်ခေါင်ကို စူးစူးဝါးဝါး ကြည့်ရင်း ...

  "မင်း  မန္တလေးက အဖေနဲ့အမေဆီ ပြန်လာ
သင့်တယ်"

   "ဗျာ"
"ဘယ်လိုကြောင့်လဲဗျ"

  "ဦးလေးကို ခွင့်ပြုပါအုံး"
"အလုပ်ကိစ္စလေးရှိလို့ပါ"

   ထွဋ်ခေါင် စကားကိုပြန်မဖြေတော့ပဲ ဆိုင်ပိုင်
ရှင်ကို လက်ကာပြရင်း အလျှင်စလို ထွက်ခွာသွားတော့သည်။
   ထွဋ်ခေါင်နားမလည်နိုင်စွာကျန်ခဲ့ရင်း ကိုမျိုး
အောင်ရှိရာ စားပွဲဝိုင်းလေးဆီပြန်လာခဲ့တော့
သည်။

   "ဘယ်လိုလဲ ကိုထွဋ်ခေါင်"

"ကျုပ်တော့ ဘာမှနားမလည်တော့ဘူး
ကိုမျိုးအောင်ရေ"

   "ဘာကြောင့်လဲဗျ"

"အဲ့ဒီလူ ကျုပ်အဖေနဲ့ သိပ်တူတာတော့ အမှန်ပဲဗျ"

   "ဒါနဲ့ ခင်ဗျား စကားပြောတော့ မသိခဲ့ရဘူး
လား"

      "မသိခဲ့ပါဘူးဗျာ ကျုပ်ကိုစကားထူးထူးဆန်းဆန်းတွေပြောပြီး"
  " ဆိုင်ထဲမှ ထွက်သွားတော့တာပဲဗျာ "
"ကျုပ်တော့ ဘာမှနားမလည်ဘူးဗျာ"

   "ခင်ဗျား အကြောင်းလေးပြောပြပါအုံးဗျ"

"ခင်ဗျား သိချင်ရင်တော့ ပြောပြချင်ပါတယ်ဗျာ"

  ထိုသို့နှင့် ထွဋ်ခေါင်သူ့အကြောင်းတစိတ်တဒေသပြောပြလေတော့သည် ။

     မန္တလေးမြို့ ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းခွန်နှင့်
ဒေါ်ကြည်မွှေးတို့ရဲ့ တဦးတည်းသောသားလေး
ထွဋ်ခေါင် ငယ်စဉ်ကတည်းက အေးဆေးတည်ငြိမ်သူ ဖြစ်သည်ကြောင့် မိဘနှစ်
ဦးမှာ သဲသဲလှုပ် ချစ်ခဲ့ကြသည်။
ဦးစိုင်းခွန်မှာ ရှမ်းလူမျိုးတစ်ဦးဖြစ်သည်။
မန္တလေးမှာ ကုန်သည်ပွဲစားလုပ်ငန်းလုပ်ကိုင်ရင်း ဒေါ်ကြည်မွှေးနှင့် အိမ်ထောင်ကြခဲ့သည်။
  အိမ်ထောင်သက်တမ်းတလျှောက် ဦးစိုင်းခွန်မှာ ကုန်သည်ပွဲစားသာဆိုသည် ဘာ
ပစ္စည်းတွေ ရောင်းဝယ်သည်ကို တခါမျှပြောမပြ
ခဲ့ဖူးပေ။
   ရံဖန်​ရံခါ မန္တလေးမှ  ခရီးထွက်လျှင် ၄..၅..ရက် ဖြစ်စေ တစ်လတန်သည်ဖြစ်စေခရီး
ခဏခဏထွက်တက်သည်။ပြန်လာလျှင်လည်း
ငွေ အ​မြောက်​အများ ပါလာတက်ပြန်သည်။
  ထိုငွေများ မည်သို့မည်ပုံရလာသည်ကို တခါမျှ
ပြောမပြ မေးလျှင်လည်း မကြိုက် ဒေါသတကြီး
နှင့် အမြဲပြောသဖြင့် ဒေါ်ကြည်မွှေး ယခုအချိန်ထိ
မမေးမြန်းခဲ့တောပေ။
   တစတစနှင့် စီးပွါးရေးပြေလည်လာပြီး မန္တလေး ဈေးအတွင်းမှာ စိန်ရွှေရတနာဆိုင်တ
ဆိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဒီလိုနှင့် ဒေါ်ကြည်မွှေးမှာ လင်ယောက်ျားဖြစ်သူ ရှာဖွေသမျှ စုဆောင်းရင်း တဦးတည်းသော
သားဖြစ်သူ ထွဋ်ခေါင်ကို အိမ်ထောင်သက်တမ်း
  ၆နှစ်မြောက်မှာ မွေးဖွားခဲ့သည်။
ငယ်စဉ်ထဲက ချမ်းသာကြွယ်ဝတဲ့မိဘနှစ်ဦးမှ
မွေးဖွားလာသူဖြစ်သဖြင့် လိုလေသေးမရှိ ပြည့်
စုံခဲ့သည်။ ဦးစိုင်းခွန်မှာလည်း တစ်ဦးတည်းသော သား ထွဋ်ခေါင်အပေါ်ချစ်
လွန်းရှာခဲ့သည်။နောင်တချိန် ထွဋ်ခေါင် အရွယ်
ရောက်လာလျှင် သူရဲ့လုပ်ငန်းအားလုံးဦးစည်း
လုပ်ဆောင်ရန် အိမ်မက်များ မက်ခဲ့ဖူးသည်။
  သို့ သော် ထွဋ်ခေါင်မှာ ငယ်စဉ်ကတည်းက
နိုင်ငံခြား အက်ရှင် ဇာတ်လမ်းများထဲက စုံထောက် ဇာတ်လမ်းများ ရှုးရှုးမူးမူးစွဲလမ်းခဲ့သူ
ဖြစ်သည်။ထိုအစွဲအလမ်းမှ တဖြည်းဖြည်း အိပ်မက်အဖြစ် ပြောင်းလဲကာ အသက်အရွယ်
ကြီးလာလေတော့ အိပ်မက်မှ တဆင့် ရည်မှန်း
ချက်အဖြစ်ပြောင်းလဲလာကာ ထို ရည်မှန်းချက်
အကောင်အထည်ဖော်ရန် ပညာကိုကြိုးစား
သင်ယူရင်း တက္ကသိုလ်ဝင်တန်းရောက်တော့
ဖခင်ဦးစိုင်းခွန်နှင့် စတင်အတိမ်းမစောင်းလေး
တွေ ရှိလာခဲ့သည်။ဦးစိုင်းခွန်က မည်သည့်အ
လုပ်ကိုမျှ မလုပ်စေချင်။ တက္ကသိုလ်မှ ဘွဲ့တခုရ
လျှင် သူပိုင်ဆိုင်တဲ့ လုပ်ငန်းကြီးငယ်မှ ဦးစီးလုပ်
ကိုင်စေချင်သည်။သို့သော် ထွဋ်ခေါင်မှာ ရည်မှန်း
ချက်အတွက် ခေါင်းမာမာနှင့် ငြင်းဆန်ခဲ့သည်။
တစတစ နှင့် အဖေနှင့်သား လူချင်းသာနီးသည်
စိတ်ချင်းက ဝေးကွာခဲ့ရသည်။
   နောက်ဆုံး ထွဋ်ခေါင် စုံထောက်လောကကို
ရှုးရှုးမူးမူး ၀င်ရောက်ခဲ့ပြီး အဖေဖြစ်သူနှင့် စိတ်သဘောထားမတိုက်ဆိုင်တော့သဖြင့် နေ
အိမ်မှ အပြီး အပိုင် ဆင်းထွက်လာရာ ယခုအ
ချိန်ထိ ၇နှစ်တာ ကာလရှိခဲ့လေပြီ...
   အမေဖြစ်သူ ဒေါ်ကြည်မွှေး မှာ တစ်ဦးတည်း
သော သားထွဋ်ခေါင်ကို ချစ်ရှာလွန်းသဖြင့် အမြဲ
မပြတ်စုံစမ်းရင်း ထွဋ်ခေါင်နှင့် အဆက်အသွယ်
မပြတ်ခဲ့ပါဘူး....
  အဲ့ဒီလိုနဲ့ စောစောက ဦးလေးတစ်ဦးကို
တွေ့ရတော့ လွန်ခဲ့တဲ့ ၇နှစ်လောက်က အဖေဖြစ်
သူ ဦးစိုင်းခွန်ကိုသတိရပြီး ၀င်ရောက် နှုတ်ဆက်ခဲ့မိခြင်းဖြစ်သည်။

"ခင်ဗျား အကြောင်းကလည်း စိတ်ဝင်စား
စရာပဲဗျ ကိုထွဋ်ခေါင်"

  "ဟုတ်တယ်ဗျ ငယ်ငယ်ထဲက    ဒီစုံထောက်
အလုပ်ကို စွဲလမ်းခဲ့တာဗျ"

  "ဟုတ်ပါပြီဗျာ ခင်ဗျား အဖေနဲ့ စိတ်ဝမ်းကွဲခဲ့
ရတာတော့ ကျုပ်စိတ်မကောင်းဖြစ်မိတယ်ဗျ"
   "ကဲပါဗျာ အချိန်လည်း မရှိတော့ဘူး ပြန်ကြပါစို့"

  ထိုသို့နှင့် ကိုမျိုးအောင်နှင့်အတူ စိန်ပန်းမြိုင်စခန်းရှိရာ ပြန်လာခဲ့ကြသည်။

  "ကိုမျိုးအောင် ဒီ မိုက်ခရိုအက်စ်ဒီ ကဒ်လေး
တခုခုတော့ သဲလွန်စရနိုင်မယ်ထင်တယ်ဗျ"

  "စမ်းသပ်ကြည့်ပါလား"
"ဒီက ကျုပ် ကွန်ပျုတာသုံးပြီး စမ်းသပ်ကြည့်လေ"

   ထွဋ်ခေါင် မိုက်ခရိုအက်စ်ဒီကဒ် ကိုယူပြီး
ကိုမျိုးအောင် အသုံးပြုနေကြ ရုံးသုံး ကွန်ပျုတာ
မှာ တပ်ဆင်ပြီး လေ့လာကြည့်လိုက်သည်။
   မိုက်ခရိုအက်စ်ဒီကဒ် တခုလုံးမှာ အသံဖိုင်
တခုသာတွေ့ရသည် ။
  ထိုအသံဖိုင်မှာ လူနှစ်ဦးအပြန်အလှန် စကားပြော
နေသံများ တစ်ဦးကဒေါသသံနှင့်ပြောနေပြီး
တစ်ဦးမှာ ထိန့်လန့်နေသံများနှင့် ပြောနေပုံ
မှာ သနားဖွယ်ရာကောင်းလှသည်။
   ပစ္စည်းပြုတ်ကြသံများ ကလေးသံတခုနှင့်
အမျိုးသမီးသံများပါဆူညံနေသည်။
   အမျိုးသမီးမှာ တခုခုကို သွားယူမည့်ပုံစံမျိုး
ကြားရပြီး ခဏအကြာမှာ နာကျင်စွာအော်ငြီးသံ
နှင့်အတူ အမျိုးသမီးအသံ တိတ်ဆိတ်သွားတော့သည်။
   ခဏအကြာအခန်းတံခါးဖွင့်သံနှင့်အတူ အမျိုး
သားမှ သား ဟုခေါ်ကာ မလာရန် တားနေသည်။အခန်းအတွင်းမှ ထွက်လာသူ
မှာ ကလေးတစ်ဦးဖြစ်ဟန်တူသည် ငိုသံများနှင့်
အတူ ..အမေ..  ဟုခေါ်ကာပြေးလာသံနှင့်အတူ
တခုခုနှင့် ပစ်ပေါက်လိုက်ဟန်နှင့် ကျမ်းပြင်ပေါ်
သို ..ဘုန်း...ဟုဆိုသောအသံနှင့်အတူ နောက်ဆက်တွဲ ကလေးငိုသံလည်း မကြားရ
တော့ပေ။
   ခဏအကြာမှာ အမျိုးသားအသံထွက်လာပြီး
လူတစ်ဦးကို ကျိန်ဆဲသံများနှင့်အတူ တိုက်ခိုက်
သံများကြားရပြီး ထို အမျိုးသားအသံ နာကျင်
စွာ အော်ငြီးသံနှင့်အတူ ကျမ်းပြင်ပေါ်သို့ လဲကြသွားဟန်ရှိသည်။
   ခဏအကြာအသံများတိတ်ဆိတ်နေပြီး နောက်ဆုံး "ဒီကောင်ကိစ္စတုံးသွားပြီလား"
  "ဟူတ်ကဲ့ဆရာ"
ဆရာဆိုသူက မေးမြန်းနေသံတည့် နှစ်ဦးဖြေကြားသံများနှင့်အတူ အသံဖိုင် ရပ်တန့်သွားခဲ့သည် ။
   ထွဋ်ခေါင် ဘာကိုမှ နားမလည်နိုင်သေး တွေး
တောနေရင်း ...

   "ကဲ ကိုမျိုးအောင် ကျုပ်သွားစရာကိစ္စတခုရှိ
လို့ ဒီည ခင်ဗျားတယောက်တည်း အိပ်နေခဲ့တော့ဗျာ"

   " ဘယ်လိုဖြစ်တာလဲဗျ"
" ခုပဲရုတ်ချည်း"

  ထွဋ်ခေါင်ပြန်မဖြေ ကုဒ်အင်္ကျီကို ၀တ်ပြီး
ထွက်သွားလေတော့သည်။
ကိုမျိုးအောင်လည်း ဘာမျှနားမလည်နိုင်တော့ပဲ
ကျန်ခဲ့ရတော့သည်။
   အချိန်ကား ည၁၂နာရီကျော်နေပြီဖြစ်သည်။
နှင်းမှုံများ တဖွဲဖွဲကြနေချိန် ညသည် လိုသည်
ထက်ပင် ပို၍ အမှောင်ကြနေသည်ထင်ရသည်။
မြို့ထဲက တိုက်အိမ်တစ်လုံးဆီ တရွေ့ရွေ့ လျှောက်လာသောလူတစ်ဦးမှာ မိုးမှောင်ကြနေ
သည့် ချမ်းအေးလှတဲ့ ရာသီဥတုကို အံ့တုကာ
တာဝန်နှင့် ၀တ္တရား ကိုအထူးလေးစားသိတက်
သော အိုင်ပီထွဋ်ခေါင် ပင်ဖြစ်ပေသည်။
  ဘာအတွက် ဒီလိုနှင်းတဖွဲဖွဲနှင့် မိုးမှောင်ကြ
နေသည့်အချိန် ထိုတိုက်အိမ်ကြီးဆီ သွားနေ
သည်မသိ။ ထိုတိုက်အိမ်ကြီးမှာ ဒီနေ့ နေ့ခင်း
အချိန်ကပဲ အိမ်ရှင်မိသားစု သုံးဦးစလုံး လူမသမာတစုက သုံးလောင်းပြိုင် သတ်ဖြတ်ခြင်းခံခဲ့ရသည် မဟုတ်လား...
   တော်ရုံလူဆို လာဖို့မပြောနှင့် အစိမ်းသေ
ဖြစ်ပွားထားသည်ကိုကြားရသည်ပင် ကြောက်
နေမိမှာအမှန်ပင်။
   ထွဋ်ခေါင်အတွက် ကြောက်စိတ်ဝင်နေရန်
အချိန်မအား တာဝန်ဆိုတဲ့အသိစိတ်က ဦးဆောင်နေလေတော့ တိုက်အိမ် အ၀င်ပေါက် တံခါးမကြီးဆီ တရွေ့ရွေ့ လျှောက်လာရင်း
... ကျွီ ....ကျွီ ...
   တံခါးပေါက်နှစ်ခုမှာ သူ့အလိုလျှောက် ဘေးတဖက်တချပ်ဆီ ပွင့်သွားလေသည် ။
   ထွဋ်ခေါင်စိတ်ထဲမှာတော့ ခေါတ်မှီတဲ့ နည်းပညာနှင့် စူပါမားကပ်များမှာတပ်ဆင်ထားသလို cctv
နှင့်ချိတ်ဆက်ပြီး သူ့အလိုလျှောက် တံခါးဖွင့် ပေးစရာမလိုပဲ ၀င်ထွက်နိုင်သည်လည်းရှိလေ
သည်။ ယခုလည်း ဒီတံခါးတွေက ထိုသို့ဖြစ်
နိုင်သည်ဟု တွေးနေမိသည်။
   ထွဋ်ခေါင် အတေွးလွန်သွားသည်ထင်သည်။
မည်သူက လူနေအိမ်မှာ ဒီလို ၀င်ချင်တိုင်းဝင်
ထွက်ချင်တိုင်းထွက် သူ့အလိုလျှောက်ပွင့်စေ
တတ်သော နည်းပညာသုံးမည်နည်း ။
  ထွဋ်ခေါင် သူ့စိတ်ကို တခြားမလွင့်မျောစေရန် ကြံဖန်ပြီး စိတ်ဖြေစရာတွေးတောနေသည်ပင်
ဖြစ်ပေလိမ့်မည်။
   သူထင်သည့်အတိုင်းပင် ပွင့်နေသောတံခါး
ပေါက်အတွင်း ၀င်ရောက်လိုက်သည်နှင့် ...
  ... ကျွီ...ဆိုသောအသံနှင့်အတူ ပြန်ပိတ်သွား
လေသည်။
   ထွဋ်ခေါင်ကတော့ ကျေနပ်နေမိသည် သူထင်သည့်အတိုင်းပင်။
   အိမ်ကြီးတခုလုံး မှောင်မဲနေသည် ဘာကိုမျှ သဲသဲကွဲကွဲမမြင်ရပေ။
   ထွဋ်ခေါင် အသင့်ပါလာသည့် ဓာတ်မီးအသေး
လေးတစ်ခုကိုအသုံးပြုပြီး ဧည့်ခန်းနေရာထိုင်ခုံပေါ် ၀င်ရောက်ထိုင်လိုက်
သည် ။ မှောင်မဲနေသည့် အထဲ ညှီစို့စို့သွေးနံ့
တွေက ယခုထိ မပျောက်သေး ...
   ထိုသို့နှင့် ထိုင်ခုံပေါ်နေရာတကျထိုင်ပြီး
နေ့ခင်းက မှု့ခင်းကရခဲ့တဲ့ သဲလွန်စ မိုက်ခရိုအက်စ်ဒီကဒ်ကို စမတ်ဖုန်းအတွင်း
ထည့်ကာ စောစောက နားထောင်ခဲ့သည်..
အသံဖိုင်ကို ဒုတိယအကြိမ် ပြန်လည်နားထောင်
လိုက်သည်။
   သူထင်ထားသလို အသံက ချက်ချင်းမလာ...
တီးလုံးသံစဉ်တခု နားထဲတိုးဝင်လာသည်။
ထိုတီးလုံးသံစဉ်မှာ ထွဋ်ခေါင်စိတ်ကို စွဲဆောင်
လွန်းလှသည်။
   ထွဋ်ခေါင် ထိုသံဇဉ်အတွင်းမှာ နစ်မျောသွား
ရင်း အိပ်မက်တခုလိုအကြောင်းအရာတစ်ခုကို
မျက်ဝါးထင်ထင်မြင်လိုက်ရသည်။

   ...ဒေါက်...ဒေါက်...ဒေါက်...

အပြင်က တံခါးခေါက်သံရုတ်တရက် ထွက်ပေါ်
လာပြီး ထွဋ်ခေါင် ထိုင်ရာမှထရန်ပြင်လိုက်သည်
သို့သော် ထူးဆန်းနေသည်ဘယ်လိုမှ ထ၍မရ။
  သို့သော် ထွဋ်ခေါင်မထင်မှတ်ထားသည့်
့်မြင်ကွင်းတခုမြင်တွေလိုက်ရသည်။
   အိမ်အတွင်းမှ လူတစ်ဦးထွက်လာပြီးတံခါး
ပေါက်ဆီ လျှောက်လှမ်းသွားလေသည်။
ထိုသူမှာ နေ့ခင်းက မှု့ခင်းမှာသေဆုံးသွားသော
ဦးထွန်းမောင်ဆိုသူဖြစ်နေသည်။
   ထွဋ်ခေါင်အတွေးထဲ ဝေခွဲမရဖြစ်နေမိသည်။
အမှန်တကယ် ဦးထွန်းမောင်က သေဆုံးသွား
ပြီမဟုတ်လား....
  
   ဦးထွန်းမောင် တံခါးပေါက်ကို ဖွင့်ပြီး အပြင်က
တံခါးခေါက်သူကို မေးမြန်းလိုက်သည်။

   "ဘာကိစ္စရှိလို့လဲဗျ"
... အွန့် ... အားးးး......

  ဦးထွန်းမောင် ထင်မှတ်မထားသည့်အခြေနေတခုပင်...
တံခါး ကိုဖွင့်သည်ဆိုရုံလေး ဖွင့်ပေးပေမယ့်
သန်မာတဲ့ ခြေအစုံက သူ့ရင်ဝဆီ ထိုးကန်လိုက်
သည်။
  ဦးထွန်းမောင် ခန္ဓာကိုယ်​ မှာအတားအဆီးမရှိ
ကြမ်းပြင်ပေါ်ဆီ လဲကြသွားလေသည်။

   "ဘယ်လိုလုပ်လိုက်တာလဲ ဗျာ"

" ဟားးးး ဟားးးး ဟားးးး"
  "ထွန်းမောင် ထွန်းမောင်"
   "မင်း ငါ့ကို ဘယ်သူဆိုတာအရင်ကြည့်
ပါအုံး"

  "ဟင် ကိုစိုင်းခွန်"

   ကိုစိုင်းခွန်ဆိုသော နာမည်ကို ကြားလိုက်သည်နှင့် ထွဋ်ခေါင် စိတ်များမယုံနိုင်
အောင်ပင်ဖြစ်သွားသည်။ ထိုနာမည်မှာ လွန်ခဲ့တဲ့၇နှစ်က ကွဲကွာခဲ့ရတဲ့ ထွဋ်ခေါင်အဖေ
ဖြစ်နေလို့ပင်။
   သို့နှင့် ထွဋ်ခေါင် ကြုံတွေ့နေရတဲ့ အိပ်မက်ဆိုး
ကြီးထဲက လွတ်မြောက်ချင်နေမိသည်။
  အသိစိတ်ရဲ့ လှုံ့ဆော်မှုနှင့် ထိုအဖြစ်အပျက်
ကြီးကို ရုမ်းထွက်ချင်သော်လည်း မသိစိတ်ရဲ့
စိုးမိုးမှု့ကြောင့် မရုမ်းထွက်နိုင်ပဲ အိပ်မက်ဆိုး
ကြီးကို မျက်​၀ါးထင်​ထင်​ မြင်တွေ့နေရပေသည်။
   ကိုစိုင်းခွန်ဆိုသူ၏ တပည့်နှစ်ဦးက လဲကြနေတဲ့ ဦးထွန်းမောင်ကို ကောက်ယူမ
လိုက်ပြီး လက်ပြန်ချုပ်ထားလိုက်သည်။
ဦးစိုင်းခွန်မှ ဦးထွန်းမောင်အား ...

    "မင်းလွန်ခဲ့တဲ့ သုံးရက်က လုပ်ရက်က
ငါ့တို့ဂိုဏ်းတခုလုံးကို ထိခိုက်စေတယ်ဆိုတာ
မင်း စဉ်းစားမိရဲ့လား"

   "ကျုပ်ဘာလုပ်လို့လဲ ကိုစိုင်းခွန်"

"ဟားးးး ဟားးးး ဟားးးး"
"အေးငါလည်း မင်းဘာလုပ်ခဲ့လဲဆိုတာမေး
ဖို့ရောက်လာတာပဲ"
     " ဗျာ"
" ကိုစိုင်းခွန် ကျုပ်ကိုခွင့်လွတ်ပါဗျာ"

  ဦးထွန်းမောင် သိနေနှင့်ပြီ
ဦးစိုင်းခွန် စကားကအရေးပါနေမှန်းသိနေနှင့်သည်။
   ဒီလိုပြောလာလျှင် တခုခုကို ပြုလုပ်တော့မည်
ဆိုတာ ...
  
✏ ✏ ✏ ✏ ✏ ✏ ဆက်ရန်✏ ✏ ✏

#Part_3

{ခြောက်ခြားဖွယ်ပရလောကဇာတ်လမ်းများစုစည်းမှု့}

_ခွန်ဆက်ပိုင်       
မိုးမင်းစံ တဖြစ်လဲရေးသားသည်။

Post a Comment