ခွဲမသွားပါနဲ့ ညီမ‌လေးရယ်‌.. ghost story

#ခွဲမသွားပါနဲ့ညီမလေးရယ်
************************
စ/ဆုံး
*******

``ဟေ့ကောင်တွေ ငါ့အိမ်ရှေ့ ဘာလာလုပ်ကြတာလဲ´´

ရွာထဲက လူငယ်သုံးယောက် အိမ်ထဲကိုလှမ်းချောင်းကြည့်နေတာ ဟိုတစ်နေ့ကလည်း ဒီလိုပဲ လာကြည့်နေတာ ဒီနေ့ပတ်ပင်းတိုးတော့ မမေးလို့မဖြစ်

``ဟို ဟို ဘာမှမဟုတ်ပါဘူး ကိုဖိုးမောင် ဘာများခိုင်းစရာရှိလဲလို့ လာကြည့်တာပါ´´

စကားတောင်ပြီးအောင်မပြော သုတ်ခြေတင်ထွက်ပြေးတာ ဘာကောင်တွေလဲ ငါခိုင်းဖို့ လာမေးတာလေးဘာလေးနဲ့

``ဟဲ့ မိဖြိုး လာအုံး´´

ဖိုးမောင်ခေါ်လို့တောင်မဆုံးသေး အိမ်ထဲကနေပြေးထွက်လာသော ကောင်မလေးတစ်ယောက် အသားအရမ်းမဖြူပေမယ့် ကြည့်သူရင်ထဲ ပါးချိုင့်လေးနဲ့ချစ်စရာ အရွယ်က ဖိုးမောင်ထက်ငယ်လှ ၅ နှစ် ခုဆို ဖိုးမောင်တောင် အသက်၃၀ ထဲရောက်တော့မယ် မိဘတွေမရှိတော့ကတည်းက ဒီမောင်နှမနှစ်ယောက်တည်း နေလာတာ ခုညီမလေးတောင် အပျိုကြီးဖြစ်နေပြီ ဒါကြောင့် ဟိုကောင်တွေ လာလာချောင်းတာ  ဒါပဲဖြစ်ရမယ်

``အစ်ကိုကလည်း လန့်လိုက်တာ ဦးလေးဘမောင် လှမ်းခေါ်တယ်ထင်လို့ ပြေးလာတာ´´

``ဘာ ပြန်ပြောစမ်း ငါ့အသံကိုများ ဦးလေးဘမောင်အသံနဲ့နိုင်းရအောင် ငါကအသက်တော်တော်ကြီးနေလို့လား´´

``ဟုတ်သားပဲ လူကသာငယ်တာ အသံကအဖိုးကြီးအသံနဲ့´´

``ဟင် ပြောလေကဲလေပါလား ကဲဟာ´´

လက်ရွယ်ရုံရှိသေး မရွှေချောက အိမ်ထဲပြေးတာတန်းနေတာပဲ မောင်နှမနှစ်ယောက်တည်းဆိုပေမယ့် ခုလိုအချိန်လေးတွေကတော့ ပျော်စရာလေး

``အစ်ကို ထမင်းစားမယ် ထမင်းပွဲပြင်ထားပြီးပြီ ´´

``နေပါအုံးဟ ငါရေချိုးလိုက်အုံးမယ်´´

``ချိုးမနေပါနဲ့အစ်ကိုရာ တစ်နှစ်မှ တခါလေးရေချိုးတာကိုများ´´

``ကဲ ဒီတခါတော့မိပြီ ကဲဟာ´´

ခေါင်းကို မနာမကျင်လေး ခေါက်လိုက်တော့လည်း မျက်နှာလေးကရှုံ့မဲ့မဲ့လေး

``ကဲ စိတ်မကောက်နဲ့တော့ အစ်ကိုကစတာ ရေချိုးလိုက်အုံးမယ်နော် ပြီးရင် ထမင်းစားမယ်နော်´´

``ဟုတ်´´

ဒီလိုကျတော့လည်း ကလေးလေးတစ်ယောက်လို

``ဖိုးမောင်ရေ ဖိုးမောင် ´´

အိမ်ရှေ့ကလှမ်းခေါ်နေတာက ငသော်

``ငါ ဒီမှာ ဘာပြောမလို့တုန်းလာလေ´´

ငသော်လည်း အိမ်ထဲသို့သာဝင်လာတာ  ဒီကောင့်မျက်နှာကြည့်ရတာ တစ်ခုခုကို ကြောက်ရွံ့သလိုမျိုး

``လာလေ ငါဒီမှာ မင်းဘာဖြစ်နေတာလဲ မျက်နှာကလည်း မအီမသာနဲ့ ဘာဖြစ်နေတာလဲ´´

``ဘာမှမဖြစ်ပါဘူးကွာ မင်းပြန်လာတာမြင်လို့ ငါလည်းဝင်လာတာ´´

``အေး ဟုတ်ပါပြီ ပြောလေကွာ တခုခုပြောဖို့လာတာမဟုတ်လား´´

``ဂလွမ်း ဒုန်း ဒုန်း´´

ငသော်နဲ့စကားပြောနေတုန်း မီးဖိုချောင်ထဲမှာ ပန်းကန်လွတ်ကျတဲ့အသံ

``ညီမလေး ဘာဖြစ်တာလဲ ပန်းကန်တွေသေချာကိုင်လေ လက်ကိုထိသွားသေးလား´´

ညီမလေးအတွက် စိုးရိမ်သွားရပြန်သည်

``ငသော် ခဏလေး ညီမလေး ပန်းကန်လွတ်ကျတာလားမသိဘူး သွားကြည့်လိုက်အုံးမယ် ´´

``နေ နေ နေပါစေကွာ လာရင်းကိစ္စ နောက်မှပြောတော့မယ် အလုပ်လေးရှိသေးလို့ ပြန်လိုက်အုံးမယ်´´

ပြောပြီး ချာကနဲ့လှည့်ထွက်သွားသော ငသော်ကိုကြည့်ရင်း

``ဘာကောင်လဲဟ အူကြောင်ကြောင်နဲ့´´

မီးဖိုချောင်ထဲရောက်တော့ ညီမလေးလက်မှာ သွေးတွေနဲ့ ဖိုးမောင်လည်း အမြန် အနာကိုရေနဲ့ဆေး ခြောက်အောင်လုပ် အရက်ပျံတို့ပြီး ဆေးဝါလေးလိမ်းပေးလိုက်ရင်း

``သတိထားမှပေါ့ ညီမလေးရယ် ခု သွေးတွေတောင်ထွက်နေပြီ´´

``သတိထားနေရင်းနဲ့ ဖြစ်သွားတာ အားးးးဖြည်းဖြည်းလုပ် နာတယ်´´

``အရက်ပျံနဲ့နာနာပွတ်ပေးမှ အဆင်ပြေမှာ တိတ် တိတ် မငိုနဲ့´´

ညီမလေးလက်ကို ပတ်တီးစည်းပေးရင်း စိတ်ထဲမှာစိုးရိမ်တဲ့အတိုင်းပြောမိပြန်တော့လည်း နူတ်ခမ်းလေးကိုဆူလို့ ဒါဆိုရင် စိတ်ကောက်တဲ့သဘော

``ကဲ ညနေအပြင်သွားရင်  မုန့်ဝယ်လာခဲ့မယ် ဘာစားချင်လဲပြော ´´

``သိဘူး သိဘူး သိဘူး ရေခဲမုန့်ဝယ်ခဲ့´´

``မသိဘူးသာပြောတယ် ရေခဲမုန့်ဝယ်ခဲ့တဲ့ တော်တော်ဟန်ဆောင်ကောင်းတာပဲနော်´´

`°အစ်ကိုနော် ပြောမိလို့လား မပြောမိပါဘူး ´´

ညီမလေး ခေါင်းကို ခပ်ဖွဖွထုရင်း

``မပြောမိလည်း ထားပါတော့ ညီမလေးမမှာလည်း အလိုက်တသိနဲ့ ဝယ်ခဲ့ပါမယ် ဟုတ်ပြီလား´´

ညီမလေးပြင်ထားသော ထမင်းကိုအတူတူစားရင်း နာရီကြည့်လိုက်တော့ အလုပ်ချိန်တောင်နီးနေပြီ

``ကဲ ညီမလေး အလုပ်သွားတော့မယ် အိမ်တံခါးတွေအကုန်သော့ခတ်ထားအုံး ညနေကျရင် အဒေါ်လာလိမ့်မယ် ´´

``အဒေါ်က ညီမလေးတို့နဲ့ အတူတူနေမှာလား´´

``ဟုတ်တယ် ညီမလေးတစ်ယောက်ထဲ စိတ်မချလို့ အဒေါ်ရင်းဆိုတော့ ပိုစိတ်ချရတာပေါ့´´

ဖိုးမောင်လည်း ညီမလေးကို ပါးစပ်ကလဲပြော အလုပ်သွားဖို့လည်းလုပ်ရနဲ့ အလုပ်ရှုပ်ပေမယ့် ညီမလေးအတွက် ဘာပဲလိုအပ် လိုအပ် ဖြည့်ဆည်းပေးရမှာက ဖိုးမောင်တာဝန်...
************************************************

``ဖိုးမောင် ဖိုးမောင် ´´

အိမ်ရှေ့မှ ဘယ်လောက်ခေါ်ခေါ် အိမ်ထဲမှ ထူးသံမကြား ဒေါ်ဖွားစောလည်း မထူးတော့ပြီမို့ အိမ်ခြံတံခါးကို တွန်းကြည့်လိုက်ရာ သော့တော့ခတ်မထား စေ့ရုံလေးစေ့ထားတာဆိုတော့ အသာတွန်းပြီး ဝင်လိုက်ရာ

``ဂလွမ် ဒုန်း ဒုန်း´´

အိမ်ထဲတောင်မဝင်ရသေး ကြားရတဲ့အသံတွေက ပုဂံတွေလွတ်ကျတဲ့အသံ ဒေါ်ဖွားစောလည်း အိမ်ထဲသို့ဝင်လိုက်ရာ အိမ်တံခါးကလည်း သော့မခတ်စေ့ထားရုံလေး

``ဟဲ့ ဘယ်သူမှ မရှိကြဘူးလား´´

ဘာတုံ့ပြန်သံမှလည်း မကြားရ စောစောကအသံကြားသော အခန်းထဲသို့ဝင်လိုက်ရာ

``အားးးးးးအားးးးအားးးး´´

ကြောက်မတ်ဖွယ်အသံကြီးကိုသာအော်ရင်း နေရာတွင်ပင် လဲကျသွားလေတော့သည်။
***********************************************

ညနေ ၅ နာရီ ဖိုးမောင်အလုပ်ကနေအိမ်သို့ပြန်ရောက်ရာ ခြံတံခါးလည်းပွင့်နေသလို အိမ်တံခါးကလည်း ပွင့်လျက် အထဲမှာ ညီမလေးတစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ စိုးရိမ်စိတ်နှင့်အတူ အိမ်ထဲသို့ အပြေးလေးဝင်ကြည့်လိုက်ရာ မီးဖိုးချောင်ထဲတွင် လဲကျသတိမေ့မျော မေ့မျောနေသော ဒေါ်ဖွားစော ဘေးမှာ ထိုင်နေတာက ညီမလေး ပြီးတော့ ညီမလေးပါးပြင်မှာ မျက်ရည်ဥတွေ ဖိုးမောင်ကိုမော့ကြည့်ပြီး

``အစ်ကို လုပ်ပါအုံး ဒေါ်လေးဘာဖြစ်တာလဲ မသိဘူး ခေါ်လို့လဲမရတော့ဘူး ဆေးရုံပို့မှဖြစ်မယ်´´

ညီမလေးစကားကြောင့် ဖိုးမောင်လည်း အရေးကြုံလာရင် လိုရမယ်ရသုံးဖို့ဆိုပြီး ဆေးရုံဖုန်းနံပါတ်ကို ဖုန်းထဲမှာ contact လုပ်ထားတာ

``ဟူးးးတော်သေးတယ် ဖုန်းနံပါတ်မှတ်ထားပေလို့ပဲ´´

ဖုန်းထဲမှ ဆေးရုံဖုန်းနံပါတ်ကို လှမ်းဆက်ပြီးမကြာလိုက် ဆေးရုံကားရောက်လာတာနဲ့ ဒေါ်လေးကို ကားပေါ်သို့တင်လိုက်မှ နည်းနည်းသတိပြန်ရလာသည်။

``ဒေါ်လးသတိရလာပြီ ဒေါ်လေးဒေါ်လေး´´

ဖိုးမောင်နူတ်မှ ဘယ်လောက်ပဲခေါ်ခေါ် တခုခုကိုလန့်ပြီးကြောက်နေသလို ပြီးတော့ ပါးစပ်ကစကားတွေပြောချင်ပေမယ့် ပြောလို့မရပဲ တစ်ယောက်ယောက်က လည်ပင်းကိုဖျစ်ထားသလို ထစ်ထစ်အအနဲ့

့``ဆေးရုံတင်မှ စိတ်ချရမှာ သူ့ကြည့်ရတာ ထိတ်လန့်စရာ တခုခုကိုတွေ့လိုက်ရလို့ တအားကြောက်သွားပြီး ခုလောလောဆယ် စကားမပြောနိုင်သေးတာပါ´´

``ဟုတ်ကဲ့ပါဆရာရယ် အစစအရာရာ ကူညီပါနော် ကျွန်တော်လည်း ဆေးရုံလိုက်ခဲ့ပါမယ်´´

ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးရုံကားပေါ်သို့ ဖိုးမောင်လည်းတတ်လိုက်ပြီး

``ငသော် သူငယ်ချင်း မင်းရောက်လာတာနဲ့အတော်ပဲ ညီမလေးတစ်ယောက်တည်းမိုလို့ အိမ်စောင့်ပေးပါအုံးကွာ´´

``အေး အေး ရပါတယ် ငါစောင့်ပေးပါ့မယ်´´

ပြောပြီး ဆေးရုံကားနဲ့အတူ ဖိုးမောင်လည်း ဆေးရုံသို့ လိုက်ပါသွားလေတော့သည်။...
**********************************************

``ဖိုးမောင် မင်းစောင့်ခိုင်းလို့သာ ငါစောင့်ရမှာ မင်းအဒေါ်လိုဖြစ်မှာကိုလည်းကြောက်တယ်ကွ ပြီးတော့ ငါ့ညီမလေးကိုပါစောင့်ရှောက်ပေးပါတဲ့ အမလေး ငါ့စကား မင်းညီမက နားမှမထောင်တာ´´

ကြောက်ရင်လည်းကြောက်စရာ ငယ်ငယ်ကဆို မိဖြိုးက ငသော်အပေါ်အနိုင်ယူနေကျ ခုလည်း သူ့ညီမကိုစောင့်ရှောက်ပါလို့ မှာသွားတော့ ငသော်မကြောက်ပဲဘယ်နေပါ့မလဲ

``ဒီမှာ ကျမတစ်ယောက်တည်းနေရဲတယ် ပြန်တော့ အိမ်ထဲလည်းဝင်မလာနဲ့´´

``ဂျိမ်း´´

တံခါးကိုစောင့်ပိတ်ပစ်လိုက်ရာ

``အေးပါဟာ အဲဒီလောက်ကြီးလည်း မကြမ်းပါနဲ့ ပြန်ဆိုပြန်ပါ့မယ်ဟာ ဖိုးမောင်ရေ ငါပြန်ပြီဟ´´

စကားတောင်မဆုံးသေး အိမ်ရှေ့ကို ဘယ်လိုရောက်လို့ရောက်မှန်းတောင်မသိ အဲဒလိုသတ္တိရှိတာ ငသော်က

``ဘာမှန်းလဲ မသိဘူး ကြောင်တောင်တောင်နဲ့ အစ်ကိုပြန်လာရင် ငါ့ပဲအပြစ်တင်အုံးမှာ´´

နူတ်ခမ်းလေးဆူ စိတ်ကောက်ပြီး အိမ်ထဲသို့ပြန်ဝင်လို့မှမကြာသေး

``ကျွီ ကျွီ´´

ဟင် ဒါနောက်ဖေးတံခါးကိုတွန်းဖွင့်နေတဲ့အသံ ဘယ်သူတွေများလဲ ပြတင်းပေါက်ကနေ အသာလှမ်းကြည့်လိုက်တော့ ကောင်လေးသုံးယောက် မယောင်မလည်နဲ့ အိမ်ထဲသို့ လှမ်းချောင်းကြည့်နေတာ တွေ့ကြသေးတာပေါ့ မိဖြိုးစိတ်ထဲ ခပ်မဲ့မဲ့အပြုံးလေးတစ်ချက်ပြုံးရင်း တံခါးပေါက်နားကနေ ရေပိုက်တစ်ခုကို အသင့်ကိုင်ထားရင် စောင့်နေလိုက်ရာ မကြာလိုက် ကောင်လေးသုံးယောက် နောက်ဖေးတံခါးကို တဖြည်းဖြည်းချဉ်းကပ်လာရာ

``ကဲဟာ ´´

ပြောပြီး အသင့်ကိုင်ထားသော ရေပိုက်ဖြင့် ထိုးချလိုက်ရာ ရေများပန်းထွက်လာပြီး

``အား ရှိတယ်ဟ ပြေးပြေး နောက်ကျတဲ့ကောင် မကယ်ကြေး´´

ပြောပြီး  ကောင်လေးများ ထွက်ပြေးသွားတာကိုကြည့်ပြီး တခိခိနဲ့ရယ်မောကျန်ခဲ့သူက မိဖြိုး

``တကယ့်အူကြောင်ကျားလေးတွေပါလား ´´

တခိခိနဲ့ရယ်မောရင်း အိမ်ပေါ်သို့ ပြေးတတ်လာပြီး စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်လေတော့သည်။ ခုတလော လူတွေကပဲ ပြောင်းလဲနေတာလား မိမိတို့မောင်နှမနှစ်ယောက်ပဲ ပြောင်းလဲနေတာလားမသိ ဖြတ်သွားဖြတ်လာလူတွေက ဒီအိမ်ရှေ့ရောက်တိုင်း လှည့်ကြည့် လှည့်ကြည့်နဲ့ ဘာတွေမှန်းမသိဘူး စိတ်တိုဖို့ ကောင်းလိုက်တာ

``ညီမလေးရေ ညီမလေး ´´

``ဟော အစ်ကိုတောင် ပြန်ရောက်နေပြီ တံခါးသွားဖွင့်အုံးမှ´´

ထိုင်ရာမှ ကလေးလေး တစ်ယောက်လို ထလိုက်ပြီး အပြေးကလေးအောက်ကိုဆင်းသွားပြီး တံခါးကိုသော့ဖွင့်ပေးလိုက်ရင်း

``အစ်ကိုသူငယ်ချင်း ကိုငသော်က အိမ်ထဲတောင်မဝင်ဘူး တန်းပြန်သွားတာ အဲဒါ ညီမလည်း တံခါးပိတ်ပြီး အပေါ်တတ်စာဖတ်နေတာ´´

``ဒီကောင် သေချာမှာထားတာကို ´´

``ဒါနဲ့ အစ်ကို အဒေါ်ကော ဘာထူးသေးလဲ ´´

``သတိသာရလာတာ စကားကမပြောနိုင်သေးဘူး တခုခုကိုစိုက်ကြည့်ခံရလို့ ကြောက်နေသလိုမျိုးကြီးဖြစ်နေတာ´´

``အဒေါ်လာတော့ ညီမလည်းတံခါးဖွင့်ပေးလိုက်တာ အဲဒါ ညီမလေးကိုမမြင်ပဲ မီးဖိုချောင်ထဲတန်းသွားတာ ဟိုရောက်တော့ အော်သံကြားလို့ လိုက်ကြည့်တော့ သတိမေ့ပြီးလဲနေတာ ညီမလည်း ဘယ်လိုခေါ်ခေါ်မရ ဘာမှမလုပ်တတ်တော့ ဒီတိုင်းထိုင်ကြည့်နေတာ ဖုန်းခေါ်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပတဲ့ အပြင်ကိုအကူအညီတောင်းပြန်ရင်လည်း သူတို့က လူစိတ်မှရှိကြရဲ့လားမသိဘူး လှည့်တောင်မကြည့်ဘူး ´´

တယ်ဟုတ်ပါလား ညီမလေးစကားပြောတာကလည်း ဟာကွက်တကွက်မှမတွေ့ အပြစ်တင်လို့မရအောင်ကို ထောင့်စေ့လွန်းနေတာ

``အစ်ကို အစ်ကို ဘာတွေစဉ်းစားနေတာလဲ မေးနေတယ်လေ´´

``ဘာရယ်စဉ်းစားတာမဟုတ်ပါဘူး ညီမလေးစကားပြောတာကို သဘောကျလို့ တော်တော်ကိုစကားတွေတတ်နေလို့ပါ´´

``အရင်အခါတွေတုန်းက အစ်ကိုကပဲ မုန့်ဝယ်ကျွေးနေတာ ဒီတခါ ညီမလေးက အစ်ကို့ကို မုန့်လိုက်ဝယ်ကျွေးမယ်´´

``ရူးးးးးတိုးတိုးပြော´´

``ဘာဖြစ်လို့တုန်း´´

``တစ်ခါမှ  ဝယ်မကျွေးဖူးပဲ ခုမှ မုန့်ဝယ်ကျွေးမယ်ပြောတော့ မိုးကြိုးတွေပစ်မှာစိုးလို့ ဟားးးးးးး´´

``အစ်ကိုနော် အစ်ကို ဘာမှန်းလဲမသိဘူး´´
**********************************************

``ဒီညအိပ်လို့မရပါလား မီးကလည်းပျက်နေတယ် ပူကလည်းပူလိုက်တာ ခြံထဲခြံထဲဆင်း လမ်းလျှောက်အုံးမှ´´

အိပ်ယာမှထပြီး အခန်းတံခါးဖွင့်ပြီး အထွက်

``ခလော ခလော ခလူးးးး´´

ဟိုဘက် အစ်ကို့အခန်းထဲ ဟောက်သံကြားလိုက်တော့လည်း စချင်နောက်ချင်လာတာနဲ့ အခန်းထဲခဏဝင် အိပ်မောကျနေသော အစ်ကို့ခြေထောက်ကို  အသာလေးမ ကြိုးနဲ့ချည် ပြီးတော့ ကုတင်တိုင်နဲ့တွဲထားလိုက်တာ

``အအိပ်ပုတ်ကြီး ´´

အစ်ကိုဖိုးမောင်ကို စနောက်ပြီး ခြံထဲသို့တစ်ယောက်တည်း ထွက်ပြီး မြက်ခင်းပြင်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရာ

``ဟေ့ကောင်တွေ ပြေးဟ ပြေး´´

ဘယ်ကဘယ်လိုရောက်နေမှန်းမသ်သော လူတစ်စု ပြီးတော့ မိမိကို သရဲထင်ပြီး ထွက်ပြေးသွားတာကို ကြည့်ပြီး ရယ်ချင်သလိုလို သူတို့လန့်ချင်လည်း လန့်စရာ ကိုယ်ဝတ်ထားတဲ့အဝတ်ကိုပြန်ကြည့်လိုက်တော့ ညဝတ်အင်ကျီအဖြူနဲ့ဆိုတော့ သူတို့လန့်မယ်ဆိုလည်း လန့်စရာ လမ်းဆက်မလျှောက်ချင်တော့တာနဲ့ အပေါ်ကိုပြန်တတ် အစ်ကို့အခန်းလှမ်းကြည့်လိုက်တော့လည်း ခလော ခလူးပဲကြားနေရတာနဲ့ ကိုယ့်အခန်းလေးကိုပြန်ပြီး အသာလေးပြန်ဝင်အိပ်လိုက်လေတော့သည်။

``ဖိုးမောင်ရေ ဖိုးမောင် ´´

မနက်မိုးတောင်မလင်းသေး အိမ်ရှေ့က ဘယ်သူလှမ်းခေါ်နေပါလိမ့် ထကြည့်မလို့ အထ

``ဝုန်း ကလုန်း အားးးအားးး´´

``ဟာ လက်စသက်တော့ ညက ညီမလေး လာနောက်ထားတာထင်တယ်´´

ဖိုးမောင်ကသာ ခြေထောက်ကကြိုးကိုဖြည်နေတာ အိမ်ရှေ့ကလှမ်းခေါ်တဲ့ ငသော်တို့မှာတော့

``ဟေ့ကောင် အခြေအနေမကောင်းဘူးထင်တယ်နော် လစ်ကြမယ် ´´

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တခုခုဖြစ်ရင် မတိုင်ပင်ပဲ ပြိုင်တူပြေးတော့မယ့်ပုံစံ

``ဟေ့ကောင်တွေ လာခဲ့လေ ငါဒီမှာ´´

ဖိုးမောင်ခေါ်လို့သာ သွားရတာ ငသော်တို့မှာတော့ ခပ်ကြောက်ကြောက်

``မနက်စောစောစီးစီး ဘာလာလုပ်တာလဲကွာ အိပ်ရေးမဝသေးဘူးကွ ပြောစရာရှိတာပြောလေ´´

``ပြောသင့်မပြောသင့် ချင့်ချိန်နေတာ မင်းစိတ်ဆိုးမှာလည်း ကြောက်တယ်´´

``ဟာကွာ မင်းတို့ကလည်း ပြောစရာရှိပြောစမ်းပါကွာ စိတ်မဆိုးပါဘူး´´

``ဒီလိုကွ လွန်ခဲ့တဲ့ တစ်ပတ်က ကားတစ်စီးမြစ်ထဲထိုးကျသွားတယ်´´

``အေးလေ အဲဒါနဲ့ငါ ဘာဆိုင်လို့လဲ´´

``စကားကိုဆုံးအောင်နားထောင်ပေးပါကွာ အဲဒီကားထဲမှာ မင်းသိပ်ချစ်ရတဲ့ မင်းညီမလေးပါ ပါသွားတယ်ကွ အဲဒါမင်းသိလား´´

``ဟေ့ ဟေ့ မဟုတ်သေးဘူး မင်းတို့ငါ့ကိုအရူးမလုပ်နဲ့ကွာ ငါ့ညီမက ငါနဲ့အတူရှိနေတာကွ ခဏလေး အိပ်ယာမထသေးဘူး ငါသွားနိုးပြမယ်´´

ပြောပြောဆိုဆို အပေါ်ထပ်သို့ ပြေးထွက်သွားပြီး

``ညီမလေး ညီမလေး ´´

ခေါ်သာခေါ်နေတာ အိပ်ယာထဲမှာ ညီမလေးကိုမတွေ့  ဒါဆို ရေချိုးခန်းထဲမှာ ဖြစ်ရမယ်

``ဖိုးမောင် ငါတို့လည်း မင်းအတိုင်းခံစားနေရတာကွ´´

ငသော်လည်း ပါးပြင်မှ မျက်ရည်ကိုသုတ်ရင်း

``ဖိုးမောင် စိတ်ကိုထိန်းစမ်းကွာ ငါပြောနေတယ်လေ စိတ်ကိုထိန်းစမ်းပါကွာ´´

ငသော် ဘယ်လောက်ပဲ ပြောပြော ဖိုးမောင်နားထဲ ကြားလိုက်မကြားလိုက်

``မဟုတ်ဘူး ငါ့ညီမလေး ရှိတယ်ကွ ခဏစောင့် မင်းတို့ယုံအောင် ငါသက်သေပြမယ် ´´

ငသော်တို့လည်း ဘာမှထပ်မပြောတော့ ပြောနေလည်း ထူးလာမှာမှ မဟုတ်တာ ဒါပေမယ့် တစ်အိမ်လုံးပတ်ရှာနေသော ဖိုးမောင်ကိုကြည့်ပြီး ရင်ထဲတော့မကောင်း

``ဟုတ်တယ် ဖိုးမောင် အစောကြီးကတည်းက မင်းကိုပြောမလို့ ဒါပေမယ့် မင်းက ညီမလေး မင်းအနားမှာရှိနေတဲ့ပုံစံမျိုးနဲ့ လုပ်နေတာတွေ့ရတော့ ငါတို့လည်း မပြောရက်လို့ မပြောပဲနေခဲ့တာ´´

ကိုထွေးပြောလိုက်မှ ဖိုးမောင်နည်းနည်းတွေဝေသွားတယ် ဒါပေမယ့် စိတ်ထဲမှာ ခုထိတော့ မယုံကြည်နိုင်သေး

``ဒါဆို ညီမလေးက ကျွန်တော်နဲ့တကယ်ရှိနေတာလေ ´´

``မင်းကိုစွဲလန်းပြီး မငိးအနားမှာအမြဲရှိနေတာလေ မှတ်မိအောင်ပြောပြရမယ်ဆိုရင် ဟိုရင်တခါ ကောင်လေးသုံးယောက် မင်းအိမ်နားမှာ ချောင်းတယ်ဆိုတာက တခြားမဟုတ်ဘူး ညဘက်တွေဆို ဒီရှေ့က လူတိုင်းဖြတ်မသွားရဲကြဘူး တခါတလေ နေ့ဘက်တွေတောင် ကောင်မလေးတစ်ယောက် မြင်ပြီး ပြန်ပျောက်သွားတာ မြင်ရတတ်လို့ သူတို့တွေ လာချောင်းကြတာ´´

ငသော်မှလည်း

``ဟိုနေ့က မင်းငါ့ကို အိမ်စောင့်ခိုင်းတာ ငါပြန်ချင်လို့ပြန်တာမဟုတ်ဘူး အိမ်ထဲဝင်မလို့လုပ်တုန်း အိမ်တံခါးကို ဝုန်းကနဲပိတ်သွားတာ ဟိုတနေ့ညက ဒီမြက်ခင်းပြင်ပေါ်မှာ လမ်းလျှောက်နေတာ ငါတို့တွေတွေ့ခဲ့တယ် ခုလိုပြောပြရတာကလည်း မင်းအတွက်တွေပါပဲ သူငယ်ချင်းရာ´´

ငသော် ကိုထွေးတို့မှ ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်လို့ မကြာလိုက်

``ဝုန်း ဝုန်း ဒုန်းးးးး´´

တစ်အိမ်လုံးဆူညံပြီး ပုဂံတွေခွက်တွေ ကွဲတဲ့အသံ နရံမှာကပ်ထားသော နာရီမှာလည်း ကြမ်းပြင်ပေါ် အစိတ်စိတ်အမွှာမွှာ

``ထွက်သွား´´

အသံနက်ကြီးဖြင့် အော်လိုက်ရာ ကိုထွေးနဲ့ငသော်လည်း အိမ်အပြင်ရောက်အောင်မနည်းပြေးထွက်ခဲ့ရပြီး မကြာလိုက် အိမ်ထဲနည်းနည်းပြန်ငြိမ်သွားလေတော့သည်။

``အစ်ကို သူတို့ပြောတာတွေ တစ်ကယ်ယုံလို့လား´´

နောက်ကို လှည့်ကြည့်လိုက်ရာ ဘယ်ချိန်က ဘယ်လိုရောက်နေလဲမသိသော ညီမလေး

``မယုံဘူးညီမလေး အစ်ကိုကညီမလေးကို တစ်ကယ်ချစ်တာလေ ဒါနဲ့ စောစောက အစ်ကိုလိုက်ရှာနေတာ ဘယ်ရောက်နေတာလဲ´´

မေးလိုက်ကာမှ မိဖြိုးမျက်နှာမှာ မျက်ရည်စတွေ ပြီးတော့ ပြိုအံ့ဆဲဆဲ တောင်ကျရေလိုမျက်နှာထားလေးနှင့် မော့ကြည့်ပြီး

``အမှန်ပြောရရင် ညီမလည်း ဘယ်ရောက်သွားမှန်းမသိဘူး ဒီကိုရောက်အောင်မနည်းပြန်လာရတာ နောက်တစ်ခါဆို ဒီနေရာကိုပြန်ရောက်အောင် ညီမ မလုပ်နိုင်မှာကို စိုးရိမ်မိတယ် အစ်ကို´´

ညီမလေးကို ဖိုးမောင်လည်း အားရအောင်ဖတ်လိုက်ပြီး

``ဒါဆို သူတို့ပြောတာတွေက တစ်ကယ်ပေါ့´´

``ဟုတ်တယ်အစ်ကို အစ်ကို့ကို ညီမလေး မခွဲနိုင်လို့ ဒီမှာလာနေမိတာပါ မကြာခင် ညီမသွားရတော့မယ် အစ်ကို့ကို ညီမ မခွဲနိုင်ဘူးအစ်ကို´´

မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖတ်ရင်း

``ညီမလေးကို ဘယ်မှသွားခွင့်မပေးနိုင်ဘူး အစ်ကို့ကို ဖတ်ထားနော် ခွဲမသွားပါနဲ့ညီမလေးရယ်´´

``အစ်ကို ညီမလေး တောင်းပန်ပါတယ် ညီမကြောင့် အစ်ကိုဒုက္ခရောက်မှာကို မကြည့်ရက်ဘူး အားးးးးပူလိုက်တာ ပူတယ်´´

ရင်ခွင်ထဲမှာ လူးလိမ့်နေသောညီမလေးကိုကြည့်ပြီး ဖိုးမောင် ဆက်မခံစားနိုင်တော့

`` ဘာလို့ လောကကြီးက ရက်စက်တာလဲဗျာ ညီမလေးနေရာမှာ အစားထိုးလို့ရရင် ကျွန်တော့်ကိုခေါ်သွားပါဗျာ အီးးးးးဟီးးးးးဟီးးးးး´´

``အစ်ကို မငိုနဲ့လေ ဒီလမ်းက လူတိုင်း တစ်နေ့ သွားရမယ့်လမ်းလေ မငိုနဲ့တော့နော် အစ်ကိုအဲဒလိုဖြစ်နေရင် ညီမဘယ်လိုလုပ်စိတ်ကောင်းနိုင်ပါ့မလဲ´´

`°ဒါ ဒါဆို အစ်ကိုမငိုတော့ဘူး မငိုတော့ဘူးနော်´´

``အစ်ကို ဒေါ်လေးဖွားစော စကားပြန်ပြောနိုင်ရင် ညီမလေးကို ခွင့်လွတ်ပါလို့ ပြောပေးနော် ဒေါ်လေးကို ညီမစတာ နည်းနည်းလွန်သွားတယ်´´

``ပြောပေးပါ့မယ် ညီမလေး ဟာ ဟာ ညီမလေး ထွက်မသွားနဲ့လေ´´

ဖိုးမောင်ရင်ခွင်ထဲမှာ ညီမလေးက တဖြည်းဖြည်းနဲ့ အမှုန်လေးတွေဖြစ်ပြီး ပျောက်ကွယ်သွားလေတော့သည်

``အစ်ကို့ကို ညီမလေး တအားချစ်တယ်နော်´´

နောက်ဆုံးအသံလေးသာကြားလိုက်ရပြီး

``ညီမလေးရယ် ညီမလေးကို အစ်ကိုကြီးဘဝထက်ကို သိပ်ချစ်ခဲ့တာ ညီမလေးရဲ့´´

ဖိုးမောင်ရဲ့အော်ငိုလိုက်သံဟာ ညီမလေးမကြားနိုင်တော့ပေမယ့် အိမ်ထဲကိုမဝင်ရဲသော ငသော်နဲ့ ကိုထွေးအတွက်ကတော့

``ဖိုးမောင်ရေ နောင်ဘဝတွေမှာ မင်းတို့မောင်နှမတွေ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကင်းဝေးကြပါစေကွာ´´

ပြီးပါပြီ

Post a Comment