စက္ကောမလှိုဏ်ဂူမှ လျှို့ဝှက်ရတနာသိုက်
*****************************
(ဒုတိယတွဲ-----ပဉ္စမပိုင်း------)
--------------------------------------
(ဇာတ်သိမ်း)
---------------------
''ကျွီ------အီ----အီ----''
''ဟင်''
၎င်းတို့သုံးဦး အခန်းထဲသို့ရောက်သွားချိန်တွင် ကျောက်ချပ်
တံခါးကြီးမှာ ပြန်လည်ပိတ်သွားခဲ့လေပြီ
''မှောင်မဲနေတာပဲ
ကိုဖိုးကူး ကိုဖိုးတေ ရှိကြလား''
''ရှိတယ် ကိုမင်းခေါင်''
နဖူးစီးမီးများဖွင့်ကာ တပ်လိုက်ကြပြီးနောက် အခန်းငယ်အား
လှည့်ပတ်ကြည့်ရှုရာ
လေးဘက်လေးတန် ကျောက်သားအတိဖြင့်ပြီး၍ ရေညှိသဏ္ဍာန်
လို အကြေးများတက်နေသည်ကိုတွေ့ရသည်
ထို နံရံအား ဖောက်ထွက်ရန် ဘယ်လိုမှ မဖြစ်နိုင်
တံခါးဟုထင်ရသော ကျောက်ချပ်ပေါ်တွင် လျှို့ဝှက်ခလုတ်
ရှိလေမည်လား ရှာသော်လည်း အချည်းအနှီးသာပင်
''ကိုမင်းခေါင် ဒီမှာ လာကြည့်ပါအုံး''
ဖိုးတေ အသံကြောင့်
နှစ်ယောက်သား ထိုနေရာသို့သွားရောက် ကြည့်ရှု့ရာ
ကျောက်နံရံကြားတွင် မြုပ်နေသော ရှည်မျောမျောသဏ္ဍာန်
တခု ကျောက်သားအတိပြီးနေ၍ ထုတ်ယူရမလွယ်ကူနိုင်
မင်းခေါင်စိတ်ထဲတွင်
ထိုအရာက သူ့အားတခုခုပြောနေသလိုလို ခံစားမိသည်
ရုတ်တရတ် သူ၏ ဝဲဘက်ရင်အုံမှ စူးကနဲနာကျင်မှုကိုခံစားမိလိုက်သည်
ရင်ဘတ်အားလက်ဖြင့်အုပ်ကိုင်ကာ
''အကိုတော်''
''ဟင် ကိုမင်းခေါင် ဘာပြောတာလဲ ဘယ်သူ့ကိုခေါ်နေတာလဲ''်
''ကိုဖိုးတေ ကျုပ်တို့ ဒီနေရာမှာ ဆက်ရှိမနေသင့်တော့ဘူး
ထွက်ပေါက်အမြန်ရှာမှ ဖြစ်မယ်''
ဆယ်ပေပတ်လည်ခန့် ရှိမည်ထင်ရသော ကျောက်သားအတိ
ပြီးနေသောအခန်းငယ် အတွင်းသို့ လှည့်ပတ်ရဖွေသော်လည်း
သော့ပေါက်နှင့် တူသောအရာဟူ၍ မတွေ့ရ
ဖိုးတေ၏ စိတ်ထဲတွင် နံရံထဲနစ်မြုပ်နေသော ရှည်မျောမျော
သဏ္ဍာန်အား ခွဲထုတ်နိုင်လျှင် အဖြေရှိနိုင်မည်ဟု ယူဆမိသည်
''ကိုမင်းခေါင်
ကျုပ်တို့ ခင်များအိမ်မက်ကို ပျက်ရယ်ပြုခဲ့သမျှတောင်းပန်ပါတယ်
ဗျာ အခု သခင်လေးရဲ့ စိတ်ထဲရှိသမျှအတိုင်းပြုဖို့တိုက်တွန်းပါတယ်''
''ဟာ
ကိုဖိုးတေ ခင်များ ဘာဖြစ်သွား''
ဖိုးကူးစကား မဆုံးမီ
မင်းခေါင်မှာ ၎င်းတို့လက်မှ ရုန်းထွက်ကာ နံရံအနီးတွင်
ဒူးထောက်ထိုင်ချလိုက်ပြီး
''အကိုတော် ညီတော့်ကိုခွင့်လွှတ်ပါ ညီတော့်အတွက်
အသက်ပေးလိုက်ရပြီး အခုလို မကျွတ်လွတ်တဲ့ဘဝမှာရောက်နေရ
တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်
အခု ညီတော် ပြန်ရောက်လာပြီမို့ အကိုကောင်းရာမွန်ရာကို
သွားပါတော့''
''ဘာပြောတယ် သခင်လေး''
''ဟင် ရွှေစာ''
''ကျွန်ုပ်ရဲ့ ရင်အစုံကိုကြေမွအောင် လုပ်ခဲ့ပြီး ကျွန်ုပ်ပညာနဲ့
ချုပ်နှောင်ထားတဲ့ ချစ်သူကိုပါ ကျွန်ုပ်ဆီက ခွဲထုတ်အုံးမယ်ပေါ့''
''မင်းရဲ့ အတ္တတွေ အရမ်းကြီးမားနေပြီ ရွှေစာ''
''ဟားးး ဟားးး ဟားး ဟားးး
အတ္တ ဟုတ်လား ဘယ်သူ့ရဲ့အတ္တလဲ သခင်လေးရဲ့အတ္တကနေ
အရင်းခံပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပါ''
ရွှေစာ မှာ အသံသာကြားရပြီး အရိပ်ပင်ရှာမတွေ့
''ကိုမင်းခေါင် ရွှေစာကိုမြင်ရလား''
''ဟင့်အင်း
အသံပဲကြားရတယ် သူ ဒီထဲဝင်မရနိုင်ဘူးထင်တယ်
သတိတော့မပြတ်စေနဲ့''
''ဟား ဟားး ဟားး ဟားး ရီစရာကောင်းတဲ့ ငမိုက်သားတွေ
ငါ့ ထောင်ချောက် ထဲရောက်နေပြီး ငါဝင်မရဘူးတဲ့လား
ငါဝင်မရ ရင် နင်တို့ ငါ့ဆီလာခဲ့''
''ဟာ
သတိထား အ အား ကြမ်းပြင်ကဘယ်လိုဖြစ် အားးးးးး''
ရွှေစာ၏ စကား အဆုံး ဂူကြမ်းပြင်မှာ နိမ့်ကျသွားပြီး
သုံးဦးသား လေဟာပြင်ထဲသို့
မင်းခေါင်မှာ ခန္ဓာကိုယ်တခုလုံး အတားဆီးမဲ့စွာ လေဟာနယ်ထဲ
သို့ ထိုးကျနေစဉ် လေပွေတခုမှ ဆီးပွေ့ခြင်းခံရပြီး အပေါ်ဘက်သို့
တဖြေးဖြေး ပြန်တက် လာသည်
ပြောင်းလဲသွားသော အခြေအနေကြောင့် မင်းခေါင်မှာ အံ့သြလျက်ရှိသည်
ကျောက်သားအတိပြီး၍ မှောင်မဲသော အခန်းငယ်သို့ရောက်သော်
ကျောက်သားကြမ်းပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလ်ာသည်
မင်းခေါင်မှာ
အရာရာ အားနားမလည်နိုင်စွာ
သူ အံ့သြတကြီးဖြစ်နေဆဲမှာပင် မှောင်အတိပြီးသော အခန်းငယ်
လေးမှာ ရုတ်တရတ်လင်းချင်း လာခဲ့သည်
သူ၏ ရှေ့တွင်တော့ ဒူးထောက်ခစားလျက်ရှိသည့် သက္က
''ဟင် သင် သင် က ဘယ်သူလဲ''
သက္က၏ မျက်လုံးအိမ်တွင် မျက်ရည်များ ဝဲတက်လာကာ အဖြေ
မပေးနိုင်
''သက် သက္က လား''ီ
မင်းခေါင်မှာ ဘာလုပ်ရမည်မသိ
နှုတ်မှ ယောင်ယမ်းကာထွက်သွားသော နာမည်က သက္က တဲ့
''သခင်လေး''
''ဟင် အင် အင်းး ပြောပါ ကိုသက္က''
''ဒီနေရာမှာ ကြာရှည်မနေသင့်ပါဘူး
ဒီ အခန်းငယ်က ရွှေစာရဲ့ နောက်ပါတပ်သားစုဆောင်းတဲ့အခန်း
ပါ သူ့အမိန့်ကိုမနာခံတဲ့ ပရလောကသားတွေကို ကျိန်စာတိုက်
ချုပ်နှောင်ထားတဲ့အခန်းဆိုလည်း မမှားပါဘူး
ဒီမှာ ဆက်ပြီး ရှိမနေသင့်ပါဘူး သခင်လေး''
''ဒါ ဒါ ဆို
ခုနက ရွှေစာက သူလာမရရင်ဆိုတဲ့စကားကရော နောက်ပြီး ကျုပ်ရဲ့--''
''မှန်ပါတယ် သခင်လေး
ရွှေစာရဲ့ ရက်စက်တဲ့ အကြံစည်ကို သခင်မလေးသိပြီး
ဒီအခန်းကို သူနောက်ထပ် အသုံးချမရအောင် လှိုဏ်ဂူထဲ
ဝင်မရအောင် အဖဆရာရဲ့ ရှေ့ဆောင်မှုတွေနဲ့ဆောင်ရွက်နိုင်
ခဲ့ပေမယ့်
ရွှေစာ့ရဲ့ ဆိုးရွားလွန်းတဲ့ ကျိန်စာကိုတော့ မဖြေနိုင်ခဲ့ပါဘူး
ချုပ်နှောင်ခံရတဲ့ ဝိဥာဉ်ထဲမှာ
သခင်လေးရဲ့ နောင်တော်လည်း ပါဝင်နေပါတယ်''
''သူ သူတို့
ကျွတ်လွတ်စေဖို့ ကျွန်တော် ဘာလုပ်ပေးရမလဲ ကိုသက္က''
''သခင်မလေးနဲ့သာ တွေ့လိုက်ပါ သခင်လေး''
''ခန ခနလေးပါ ကိုသက္က
ဒီအခန်းထဲကနေ ဘယ်လိုထွက်ရမလဲ လမ်းညွှန်ပေးပါအုံး
နောက်ပြီး ကျွန်တော့် သူငယ်ချင်းတွေရော
ဟင် ကိုသက္က ကိုသက္က ''
သူ၏ မေးခွန်းများမဆုံးမှ သက္ကမှာပျောက်ကွယ်သွားလေ
တော့သည်
အလင်းရောင်များမှာမူ ရှိနေဆဲ
မှောင်မည်းသော အခန်းငယ်ထဲသို့ ဘယ်ကအလင်းရောင်များ
ရောက်ရှိနေသလဲ သူမစဉ်းစားတတ်
ဘေးဘီသို့ လှည်လည် ကြည့်ရာတွင်လည်း ထူးခြားမှုမရှိ
အအေးလှိုင်းများစွာ သူ့အားတိုးဝှေ့နေသည်ကိုတော့ ခံစားမိသည်
ဟင်
ကျောက်နံရံတွင်နစ်မြုပ်နေသော ရှည်ရှည်သဏ္ဍာန်မှာ အပြင်သို့
တဝက်ခန့်ထိုးထွက်နေရာ ထိုအရာနားသို့ သွားရောက်ကြည့်လိုက်မိသည်
ဟာ ဓားပါလား ဒါ ဒါ အကိုတော်ရဲ့ ဓားဖြစ်ရမယ်ဲ
ကျောက်နံရံ ထဲမှာ တပိုင်းတစထိုးထွက်နေသော ဓားအားဆွဲနှုတ်
လိုက်ရာ ဓားမှာ အလွယ်တကူပင် သူ့လက်ထဲသို့ရောက်ရှိလာ
ပြီး အခန်းတံခါးမှာလည်း ပွင့်သွားလေတော့သည်
သူ ထိုအခန်းထဲမှ ထွက်မည်အပြု
''ဝုန်းးးးးး အ အ အားးး အမလေး သေပါပြီဗျ''
''ဟင် ကိုဖိုးတေ ခင်များ ဘာမှ မဖြစ်ဘူးနော်''
''ဒါလောက် သေမတတ်နာနေတာကို ဘာမှ မဖြစ်စရာလားဗျ
အ အားးး ကျွတ် ကျွတ် ကျွတ် ''
''ဘာပဲ ပြောပြော အခုလိုပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ
ဒါနဲ့ ကိုဖိုးကူးရော''
''သွားရှာပြီနဲ့ တူပါရဲ့ဗျာ တော်တော်ဆိုးတဲ့ ရွှေစာပါ''
''ဟင် စိတ်မကောင်းလိုက်တာဗျာ
ခင်များ ထနိုင်တယ်မို့လား ကျွန်တော်တို့ ရှေ့ဆက်ရအုံးမယ်
ကိုဖိုးတေ''
''ရပါတယ် ကျုပ် လမ်းလျှောက်နိုင်ပါတယ် ဒီအခန်းကနေသာ
ုမြန်မြန်ထွက်ရအောင်''
သူတို့နှစ်ယောက် အခန်းပြင်သို့ရောက်သော်
''ဝေးးးး ဟေးးး ဟေးးး ဟေးးး''
ဟူသောအသံများနှင့်အတူ
ကျောက်ချပ်တံခါးကြီးပြန်လည်ပိတ်သွားလေတော့သည်
ထိုအသံများမှာ ရွှေစာ၏ ပိတ်လှောင်ခြင်းခံရသော ပရလောက
သားများ၏ အသံဟု အထူးပြောစရာလိုမည်မထင်
-------------------
''ရှေ့ ကိုက် နှစ်ရာလောက်ဆို ပြဒါးလုံးတွေ့ရလောက်တယ်
ကိုမင်းခေါင်
ဟာ ခင်များလက်ထဲက ဓားကြီးလှလိုက်တာ ဘယ်ကရတာလဲ''
မင်းခေါင်မှာ ဖိုးတေ၏ အမေးကိုမဖြေ
ရှေ့တွင် တွေ့နေရ သော နွယ်ရှင်ကဲ့သို့ တလှုပ်လှုပ်ဖြစ်နေသော
မည်းမည်း သဏ္ဍာန်းများ ပေါင်းစည်းနေသည်ကို မျက်တောင်
မခတ် ကြည့်ရှူ့နေသည်
''ကိုမင်းခေါင်''
''ရှူးးး''
ဖိုးတေအား ငြိမ်ငြိမ်နေရန် အချက်ပြလိုက်ပြီးနောက်
ရှေ့သို့ သတိကြီးစွာထားကာ တိုးသွားလိုက်သည် မည်းမည်း
သဏ္ဍာန်များ ပေါင်းစည်းမှုမှာ တဖြည်းဖြည်းကြီးထွားလာပြီး
ဂူကြီးမှာလည်း အမှောင်တို့ လွှမ်းလာပြီဖြစ်သည်
နဖူးစည်းမီးများကို ပြန်လည်တပ်ဆင်လိုက်ပြီး လက်ထဲမှဓားကို
အသင့်အနေအထား ဆုတ်ကိုင်ထားသည်
ဖိုးတေအား သေနတ်မသုံးရန် အသံတိတ်အချက်ပြလိုက်ပြီး
ထိုသဏ္ဍာန်အား ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်
''ဝုန်းးးးး ဝုန်းးးး ရှူးးးးးး ဝရော ဝရော------''
ဂူတခုလုံးပြိုကျမတတ် တုန်ဟီးနေသော
အသံများငြိမ်သက်သွားသော်
မင်းခေါင်မှာ ဂူကြမ်းပြင်တွင် တပလ္လင်ခွေထိုင်ချလိုက်ပြီး
မျက်လုံးကိုစုံမှိတ်ထားလိုက်သည်
နှုတ်မှလည်း ဖိုးတေတခါမျှ မကြားဖူးသော စကားများတတွတ်
တွတ်ပြောဆိုလျက် လက်ထဲတွင်ဆုတ်ကိုင်ထားသော
ဓားအားမြှောက်ကာ ဂူကြမ်းပြင်ကို ခုတ်ပိုင်းလိုက်လေတော့သည်
''ဝုန်းးးးး ဝရော ဝရော ဝေါ ''
ဂူမှာ အလင်းရောင်ပြန်လည်ရရှိသွားလေပြီ
ရှေ့မှာ ကာဆီးနေသော မဲမဲသဏ္ဍာန်မြွေကြီးမှာ အစိတ်စိတ်
အမွှာမွှာဖြင့်
မင်းခေါင်သည် ထိုအစိတ်အပိုင်းများကိုကြည့်ပြီး တချက်ပြုံးလိုက်သည်
----------
''သတိထား ကိုမင်းခေါင်''
''အလိုလေး ဒါ ဒါက''
ဂူကြမ်းပြင်အား သတိကြီးစွာထားရင်း ခရီးဆောင်အိတ်များနှင့်
စမ်းသတ်ပစ်ပေါက်ပြီးမှ ဖြတ်သန်းသွားခဲ့သော်လည်း
ဧကရီ အားတွေ့လိုစိတ် ပြင်းနေသော မင်းခေါင်မှာ သတိတချက်
လွတ်သွားပြီး ဂူကြမ်းပြင်ကျွံကျသွားလေသည်
ဖိုးတေမှ အချိန်မီ သတိပေးကာဆွဲထားသော်လည်း နောက်ကျ
သွားခဲ့ပြီ
လူမှာ အောက်ထိမကျသွားသော်လည်း ဂူနံရံမှ
''ကိုမင်းခေါင် ရှောင် ရှောင် ဒီဘက်''
''ဝီ------ဝီ------ဝီ-------ဝှီးးးးးးးးးး''
''ပြေး ကိုဖိုးတေ ပြေး ပြေး ''
သူတို့၏ နောက်မှ ဓားစင်္ကြာများစွာ တဝီဝီ ပျံသန်းကာ
အချင်းချင်းထိခတ်မိပြီ ပြုတ်ကျသွားကြသည်
''ဟာ ဟေ့ ဟေ့ ဟေ့လူ''
မင်းခေါင် လှမ်းဆွဲထားမိ၍
ဖိုးတေမှာ ရှေ့သို့ အားလွန်ကာပြုတ်ကျမသွားခြင်းဖြစ်သည်
''ဒီ ရေ တွေက ဘယ်ကရောက်လာတာလဲ ကိုမင်းခေါင်''
''ကျွန်တော်လည်း ဘယ်သိမလဲဗျ''
ရှေ့တွင်
ပြဒါး ဖန်လုံးအား လှမ်းမြင်နေရသော်လည်း ရေများကြားခံနေ၍
ဘယ်လိုမှ သွားမရချေ ဦးဘသောင်း ပြောခဲ့သော ဂူတွင်းအန္တရာယ်များတွင်
ရေ အကြောင်းမပါ။ထိုရေများသည် ဘယ်ကရောက်လာပါသနည်း
-------------------
လေဟာနယ်ထဲသို့ပြုတ်ကျသွားသော ဖိုးကူးနှင့်ဖိုးတေ
''အ အ အားးးးးးးးးးး''
''ဘုတ်'' ''ဘုတ်''
''ဟင် နံလိုက်တာ ထွီ အော့ ဝေါ့''
''ကိုဖိုးကူး ဗျို့ကိုဖိုးကူး ''
''အန် အော် အေး အေးရှိတယ် ကျုပ် ဒီမှာ ကိုဖိုးတေမှတ်တယ်
ကိုမင်းခေါင်ရော''
''မတွေ့ဘူးဗျ နဖူးစီးမီးနဲ့မို့တော်တော့တယ် တော်တော်မှောင်
တဲ့ နေရာပဲဗျ နော်''
''ဟားးးးဟားးးဟားးးဟားးး ဟီးးးးးဟီးးးးးဟီးးးး''
ကြောက်မက်ဖွယ်ရယ်သံများနှင့်အတူ သူတို့ရှိရာသို့တဖြည်းဖြည်း
နီးကပ်လာသော မဲမဲအရိပ်များ
သူတို့နှစ်ယောက် ကျောချင်းကပ်အနေအထားဖြင့် သေနတ်ကိုယ်စီ
ထုတ်ကာ အမည်မသိရန်သူများအား ရင်ဆိုင်ရန်အသင့်
''ကလေးတို့ နောက်ဆုတ်လိုက်စမ်း''
အသံရှင်အား မီးရောင်ဖြင့်ကြည့်လိုက်ရာ အနီရောင် ခပ်စူးစူး
မီးပွင့်နှစ်ပွင့်
''အဟင်းးးး ဟင်းးဟင်းး တွေ့ကြပြန်ပြီပေါ့နော်''
''ရွှေစာ ဆိုတာထင်တယ် ကိုဖိုးတေ''
''ရွှေစာ ရုံမကလို့ ဘာကြီးဖြစ်နေနေ ဖိုးတေနဲ့တွေ့မယ်''
''တယ်ဆိုတဲ့ စကားပါလား ဒါနဲ့ ရှင်တို့ရဲ့ အဖော်တစ်ယောက် မတွေ့ပါလား''
''သခင်လေးကို ပြောဟန်တူပါရဲ့ ဟုတ်စ နင့်ရဲ့ မဟုတ်သုက္ခအစွမ်းလေး
နဲ့ သခင်လေးကိုဖမ်းနိုင်ပြီ ထင်မနေနဲ့ မိစ္ဆာမ သတ္တိရှိရင်ရှေ့တိုးခဲ့စမ်းပါ''
''ဖြောင်းး''
သေနတ်အားမောင်းချိုးကာ ကျည်ဖြည့်ပြီးအသင့်ပြင်ကာ
ဖိုးတေက စိန်ခေါ်လိုက်သည်
ရွှေစာ မျက်နှာတချက်ပျက်သွားသည် သူမတွင် လုံလောက်သော
စွမ်းအင်မရှိသေး မင်းခေါင်၏သွေးကိုသောက်ပြီးအားပြန်ဖြည့်ရမည်
ဖြစ်သည် ယ္ခုမူ သူမ၏ ထောင်ချောက်တွင် မင်းခေါင်ပါမလာခဲ့
''ကဲ
ကလေးတို့ရေ ဒီလူသားက အစွမ်းပြချင်သတဲ့ ကလေးတို့
သဘောအတိုင်းပဲ သခင်မအတွက် တစ်ယောက်တော့ကျန်ပါ
စေကွယ် ဟားးးး ဟားးး ဟားးး ဟားးး ဟားး ဟားးဟားးး''
မဲမဲအရိပ်များမှာ သူတို့အနီးသို့ ဝိုင်းရံလာကြရာ
''ကိုဖိုးတေ သေနတ်သုံးလို့ဖြစ်ပါ့မလား ဒါက ဂူအောက်ခြေဗျ
အပေါ်က ဂူတခုခုဖြစ်မှာစိုးရတယ်''
''ပေါက်တဲ့ နဖူးမထူးဘူး ကိုဖိုးကူးရေ ကိုမင်းခေါင်တစ်ယောက်
သေသလား ရှင်သလားမသိနိုင်ရတဲ့အထဲ မဲမဲမြင်
ပစ်သာပစ်''
''ဒိုင်း''''ဒိုင်း''
သေနတ်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီး လဲကျသောအချို့
အရိပ်များကိုလည်းတွေ့ရသလို ဆက်လက်ချဉ်းကပ်လာသော
အရိပ်များမှာလည်း များသည်ထက်များလာခဲ့သည်
ထိုအတိုင်းဆိုလျှင် ရည်ရှည်မလွယ်
''ဟာ လွှတ် လွှတ် ငါ့ကိုလွှတ် ကိုဖိုးတေ လုပ်ပါအုံး''
ဖိုးကူးမှာ ၎င်း အားဆွဲခေါ်နေသော သဏ္ဍာန်များလက်မှ အတင်း
ရုန်းဖယ်ကာ ဖိုးတေအား အကူညီလှမ်းတောင်းနေသော်လည်း
ဖိုးတေမှာလည်း သူနည်းတူ ရုန်းကန်နေရသည်ကိုမြင်လိုက်ရသည်
ထိုစဉ်
ရုတ်တရတ် ဂူအောက်တပြင်လုံး လင်းထိန်သွားပြီး
ဝူးးးဝူးးးဝါးးးးဝါးးးး အသံများဖြင့် အမဲရိပ်များပျောက်ကွယ်သွား
ကြသည်
ဖိုးတေမှာလည်း ရုတ်တရတ် လေထဲဝဲပျံကာ
------------
''ကျုပ်ကို ကိုင်မြှောက်လိုက်တဲ့သူက ရွှေစာတော့မဖြစ်နိုင်ဘူးဗျ''
''ခင်များပြောပုံအရဆို အဲ့ဒီလူက သက္ကပဲဖြစ်ရမယ်''
''သခင်လေးရဲ့ လူယုံတော်ကြီးပေါ့''
''ဒါပေါ့ဗျာ အ အ အားးးးး''
'' ဘာဖြစ်တာလဲ ကိုမင်းခေါင် သတိထားလေဗျာ''
''ဒီနေရာက စူးပြီးအောင့်လာတာဗျ ကျွန်တော်နဲ့ သွေးသားရင်း
တစ်ယောက်ယောက် အနားရောက်နေပြီဆိုတဲ့
အဓိပ္ပါယ်ပဲဗျ ''
''ဗျာ''
ဖိုးတေ၏ ဗျာ ကိုမင်းခေါင် ဂရုမစိုက်နိုင်
ရှေ့တွင်ရှိနေသော ရေပြင်ကိုသာ စူးစိုက်ကြည့်နေသည်
''ဝေါ------ဝေါ-------ဝေါ----''
ပြောင်းလဲသွားသော အခြေအနေတခုကြောင့်မင်သက်စွာကြည့်နေစဉ်
ရေများစုပြုံစီးဆင်းရာ အက်ကွဲကြောင်းမှ ကြီးမားသော
ပါးစပ်ကြီးတခုထွက်ပေါ်လာပြီး အပြင်သို့ထိုးထွက်လာခဲ့သည်
''ဟာ အဲ့ဒါ ဘာကြီးလဲ ကိုမင်းခေါင် နောက်ဆုတ်''
''ဖြစ်ရလေ နောင်တော်ရယ်''
''ဟာ ဟေ့လူ နောက်ဆုတ် ''
ကြီးမားသော မိချောင်းသဏ္ဍာန်ကြီး၏ ပါးစပ်ကြီးမှာ ဟထားလျက်
မင်းခေါင်အနီးသို့တိုးကပ်လာခဲ့သည်
''ဝီ----ဝီ----ရွှီ--------ဝေါ''
''ဟာ
စက်ရုပ်မြင်းပျံပါလား ကိုမင်းခေါင် ဒါခင်များမြင်းပျံမဟုတ်လား
လာ လာ တက် ''
ကြီးမားသော မိချောင်းကြီး ဂူကြမ်းပြင်သို့ထိုးထွက်လာသည်မှာ
တကိုယ်လုံး အပြင်သို့ရောက်တော့မည်
မင်းခေါင်မှာ မင်သက်နေဆဲ
''ဝုန်း--------ဝုန်းးး------ဝရော ဖျော ''
မိချောင်းကြီး တကိုယ်လုံးထွက်ပေါ်လာပြီးနောက် လူသားနှစ်ဦး
အား ၎င်း၏ အမြီးဖြင့် ရိုက်လိုက်ချိန်တွင်
'ဖိုးတေက မင်းခေါင်အားစက်ရုပ်မြင်းပျံပေါ်သို့ဆွဲတင်လိုက်သည်
နှင့် သီသီလေး လွတ်သွားခဲ့သည်
''ကိုမင်းခေါင်
ဟေ့ လူ နိုးပါတော့ဗျာ ဟေ့လူ အတိတ်မှာအိပ်မနေနဲ့
ဒါကြီး ကျုပ်မမောင်းတတ်ဘူးဗျ ဟေ့လူ''
မိကျောင်းကြီးမှာ နောက်ထပ်ရန်မူရန် အမြီးအား ဝှေ့ယမ်းလိုက်
ချေပြီ
''ဝေါ ဝေါ ရွှီ ရွှီးးးးး ဖရော ဖရော ''
''ဝေးးး ဟေးးး ဟေးးးး တော်ပါသေးရဲ့ ကိုမင်းခေါင်
ဘာဆက်လုပ်ရမှာလဲ ပြောလေဗျာ ဂူအမိုးနဲ့တိုက်တော့မယ်
ရှေ့မှာ ရှေ့မှာ မိချောင်းကြီး ပါးစပ် အားးးးး''
စက်ရုပ်မြင်းပျံအား
သက်ရှိမြင်းကဲ့သို့ နံပါးအားဖနောင့်နှင့်ပေါက်မိရာမှ မြင်းပျံမှာပျံထွက်
သွားသော်လည်း နောက်ထပ် မည်သို့ပြုရမည်မသိ
ထိန်းကျောင်းသူမရှိသောမြင်းပျံမှာ မိချောင်းကြီး၏ ပါးစပ်ထဲသို့
တန်းတန်းမတ်မတ်
ဖိုးတေ မျက်လုံးကို စုံမှိတ်ထားလိုက်မိသည်
--------------------
''ကိုဖိုးတေ မျက်လုံးဖွင့်လို့ရပြီ''
''ဟာ ကျုပ်တို့ မသေဘူးနော် ဟားးးး''
''သေစရာလား
အဲ့ဒီမိချောင်းကြီးက တခြားမဟုတ်ဘူးဗျ ကျုပ်အကို''
''ဟင်''
''ကျုပ်တို့ကို အန္တရာယ်ကင်းကင်းနဲ့ ဧကရီ့ဆီအရောက်ပို့ပေး
တာပါဗျာ မကြောက်ပါနဲ့''
စက်ရုပ်မြင်းပျံပေါ်မှ ဆင်းကာ ရောက်ရှိနေသော နေရာအား
လေ့လာရန် ဘေးဘီသို့ ကြည့်လိုက်ရာ မျက်လုံးများကျိန်းစက်
လာသောကြောင့် အလျင်အမြန်ပြန်ပိတ်လိုက်ရသည်
''သခင်လေး ရောက်လာပါပြီလား
သခင်မလေး စောင့်နေပါတယ် ဒီဘက်ကိုကြွပါ''
''ဟာ
ကိုမင်းခေါင် ကျုပ်ကို ပစ်တင်ပေးတာ အဲ့ဒီလူကြီးဗျ
ကိုဖိုးကူးရော အသက်ရှင်သေးလားမသိဘူး သူ့မေးကြည့်ပေးပါလား''
''စိတ်မပူပါနဲ့မိတ်ဆွေလေးရဲ့ ရောင်းရင်းကြီး ဘာမှမဖြစ်နိုင်ပါဘူး''
ရှေ့မှ ဦးဆောင်ကာ လျှောက်သွားသော သက္က၏နောက်သို့လိုက်
သွားခဲ့ရာ ဘေးဘီဝဲယာတွင် အရောင်တဖျတ်ဖျတ်လက်နေသော
ရတနာများစွာကိုတွေ့ရှိရသည်
တနေရာသို့အရောက် သက္ကမှာရပ်တန့်လိုက်ပြီး
''သခင်လေး ဒါ သခင်မလေးပါ''
''ဟင်''
ရွှေချထားသော မှန်ခေါင်းတလားထဲတွင် အိပ်ပျော်နေသော
မိန်းမချောလေး သူလမ်းခရီးတွင်မကြာခနတွေ့နေရသော
ဖြူဖြူအရိပ်ပိုင်ရှင် တနည်းဆိုရသော် သခင်မလေး ''ဧကရီ''
''သူ သူ အိပ်ပျော်နေတာလားဟင်''
သက္ကမှာ ခေါင်းကိုဖြည်းညှင်းစွာခါရမ်းပြီး
''သခင်မလေး သေဆုံးခဲ့တာ နှစ် ၁၀၀၀ ကျော်ပါပြီသခင်လေး
အခု သူနိုးထချိန်တန်ပါပြီ သခင်လေးရဲ့ လက်နဲ့ထိလိုက်ပါ
သူ့ကျိန်စာတွေ ပျက်ပျယ်ဖို့အချိန်ရောက်နေပါပြီ သခင်လေး''
အပစ်ကင်းသော ကလေးငယ်တဦးအိပ်ပျော်နေသည့်အလား
ရှိနေသော ဧကရီ၏ ပါးပြင်လေးအား လက်ဖြင့် ထိကပ်ပေးလိုက်သည်
''အင်းးးးးးး အင်းးး ဟင်
မောင်တော် မောင်တော် ရောက်လာပြီ
ဧကရီ ဝမ်းသာလိုက်တာ '်
''ဧကရီရယ်
ဒီလိုမှန်းသိရင် မောင်တော့်ဖခင် ဒီခရီးစထဲက လိုက်ခဲ့မိမှာပါ
ခုတော့ မောင်တော့်ဖခင်-----''
''အို မောင်တော်ကလည်း ဘာတွေပြောနေတယ်မသိ
မောင်တော့်ဖခင် ဘာမှမဖြစ်ပါဘူး သက္က''
သက္ကသည် ဧကရီ့အနီးသို့ ရောက်လာပြီး မှန်ခေါင်းတွင်းမှ
အပြင်သို့ ပွေ့ချီကာထုတ်ပေးလိုက်သည်
ဧကရီသည် မင်းခေါင်၏ လက်အားဆွဲယူ၍ ခေါ်သွားသကဲ့သို့
သက္ကမှာလည်း ဖိုးတေအား ဖိုးကူးနှင့်တွေ့ပေးရန် ခေါ်ဆောင်
သွားလေသည်
---------------
''ဟားးးး ကိုဖိုးကူး ခင်များမသေသေးပဲကိုး ပြောစမ်းပါအုံးဗျ
အဲ့ဒီကနေ ဘယ်လိုလွတ်လာသလဲဆိုတာ''
''ဒီလိုဗျ
ခင်များကို အပေါ်ပစ်တင်ပေးပြီး ကျုပ်ကိုလည်း ပစ်တင်ပေးမယ်အလုပ်မှာ
ရွှေစာက ဘာလုပ်လိုက်တယ်မသိပါဘူးဗျာ ကျုပ်မှာလေထဲတင်
ယက်ကန် ယက်ကန်နဲ့ နောက်တော့ ဘုန်းကနဲ ပစ်ကျသွားပြီး
ဘာမှ မသိတော့ဘူးလေ ကျုပ်သတိရလာတော့ ရေတွေရွှဲနစ်ပြီး
ဒီရောက်လာတော့တာပဲ''
''ရေ ဟုတ်လား ရောင်းရင်းကြီး ရေတွေကဘယ်ကရောက်
လာတာလဲဗျ''
သက္ကဘက်သို့ လှည့်ကာမေးလိုက်ရာ
''ရွှေစာတို့လို မြေအောက်ပုန်းသူတွေရဲ့အကြောက်တရားက
အလင်းနဲ့ကြည်လင်တဲ့ရေပဲရှိတာလေ အဲ့ဒါကြောင့်
ကျုပ်ရဲ့ ဂါထာအစွမ်းနဲ့ ရေပြည့်စေပြီး ခဲပေးလိုက်တာပါ''
''အော်
ဒါကြောင့်ကျုပ် ရေစိုနေတာကိုး''
----------------
''အဖေ အဖေ မသေဘူးနော်''
အထက်အောက်အဖြူရောင်ဝတ်စုံဖြင့် ရင့်ကျတ်သောအိနြေ္ဒကို
ဆောင်ကာ သားဖြစ်သူအား ပြုံးပြီးကြည့်နေသော ဦးမြတ်ထွန်း
''သား ရောက်လာပြီကိုး ဒီက အဖဆရာကို ဦးခိုက်လိုက်အုံးကွဲ့''
ဖခင်ပြောမှ
ဖခင်၏ ဘေးတွင် ရပ်လျက်ရှိသော ဝတ်စုံဖြူဝတ် ပုဂ္ဂိုလ်ကြီးအား
မြင်တော့သည်
ထိုပုဂ္ဂိုလ်ကြီးအား အရိုအသေပြုပြီးနောက်
''ကဲ ကဲ သမီးတော်ကြီး အချိန်ကျပြီကွဲ့''
''မှန်ပါ အဖသခင် သမီးတော် နားလည်ပါတယ်
မောင်တော် ဧကရီ့ဘေးမှာလာထိုင်ပါ ကျန်သူများသင့်ရာ
နေရာသို့ ထိုင်ကြပါ''
မင်းခေါင်မှာ သားရေမြေပုံတွင်ပါရှိသော အကြောင်းအရာများအား
သိရှိပြီးဖြစ်သော်လည်း တကယ်တမ်းခွဲခွာရမည်ဆိုသော်
ခပ်လေးလေးဖြစ်နေသည်
အဖဆရာ ဆိုသူ၏ ပြောကြားချက်များမှာ သူ၏နားထဲတွင်
မကြားတချက် ကြားတချက် ဧကရီကပခုံးချင်းတိုက်သတိပေး
မှပင် သူအသိဝင်လာပြီး ရေထည့်ထားသော ရွှေခွက်ကလေးကို
ကိုင်ကာ
''ဤ ကျောက်သံ ပတ္တမြားတို့အား နောင်ပွင့်တော်မူမည့်
အရိမေတ္တယျ မြတ်စွာဘုရားအား ရည်စူး၍ လှူဒါန်းပါ၏
ဤ ကောင်းမှုအစုစုတို့ကြောင့် ဤ အရာနှင့်ပတ်သတ်ပြီးအကြောင်း
အမျိုးမျိုးတို့ကြောင့် မကျွတ်မလွတ်သော သူများ
ကျွတ်လွတ်စေခြင်းငှာ အမျှ အမျှ အမျှ ပေးဝေပါ၏ သာဓုခေါ်ကာ
ကျွတ်လွတ်စေကြပါကုန်သော်
အားလုံး
ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု''
သာဓုခေါ်သံမှာ ဂူတစ်ခုလုံး သာမက
တောင်တောင်တခုလုံး တုန်ဟီးသွားသည်
မင်းခေါင်၏ စိတ်ထဲတွင်လည်း ဝမ်းသာဝမ်းနည်းဖြစ်ကာ
အမည်ဖော်မရသော ခံစားချက်ပေါင်းစုံ စုပြုံရောက်ရှိနေသည်
------------
ရေစက်ချအမျှဝေပြီးသော် ဦးမြတ်ထွန်းမှ မင်းခေါင်အား
''လူလေး အပြန်ခရီးဘေးရန်ကင်းပါစေကွယ်''
''ဟင် အဖေကပြန်မလိုက်ဘူးလား''
''ဒီမှာ အဖေ့ဘဝ အေးချမ်းနေပါပြီကွယ် အဖဆရာရဲ့အရိပ်
အောက်မှာ ခန္ဓာရဲ့ဒုက္ခကိုဆက်လက် နာယူရန်ကျန်ရှိနေသေး
တာမို့ အဖေ့ကိုခွင့်ပြုပေးပါကွယ်''
''မောင်တော်
ဧကရီလည်း သွားရတော့မယ် သံသရာဆိုတာ အရှည်ကြီးပါ
သံသရာခရီးသွားတွေပဲ မဆုံနိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး
ခရီးရှည်ကြီး မဆုံးသရွေ့တော့ ဆုံချင်ပါသေးတယ်''
ဧကရီသည် မှန်ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်ကာ လှဲချလိုက်
စဉ် ခနတွင်းမှာပဲ အမှုန့်များဖြစ်ကာ ပျောက်ကွယ်သွားလေတော့
သည်
''သခင်လေး
ကျွန်တော်မျိုးလည်း သွားရတော့မှာပါ မသွားခင် သခင်လေး
သိသင့်တယ်ထင်တာလေး ပြောပြပါရစေ
အခု ရတနာတွေနဲ့အတူ သခင်လေးတို့ ကျွန်ုပ်တို့ရှိနေတဲ့နေရာက
ကျောက်မိချောင်းကြီးရဲ့ ဝမ်းဗိုက်ထဲမှာပါ''
''ဟာ'' ''ဟင်''
''ဟောဟို မြင်နေရတဲ့ အပေါက်ကနေ သခင်လေးတို့အချိန်မီ
ထွက်ရန် လိုအပ်ပါတယ်မကြာခင်
ဟောဒီကျောက်မိချောင်းကြီးလည်းပျောက်ကွယ်တော့မှာမို့ပါ''
''ဟို ဟိုလေ ရွှေစာကရော''
ဖိုးကူးမှ သူသိချင်သည်ကို အရဲစွန့်ကာမေးလိုက်သည်
''ရွှေစာကတော့ ဂူကြမ်းပြင်အောက် ရေခဲပြင်မှာ နောက်ဘုရား
ပွင့်သည်အထိ ရှိနေရအုံးမှာပါ
ရောင်းရင်းတို့ ရော သခင်လေးရော ကျွန်ုပ် နှုတ်ဆက်ခဲ့ပါတယ်''
သက္ကပျောက်ကွယ်သွားပြီးနောက် ဦးမြတ်ထွန်းရှိရာသို့ကြည့်မိရာ
နေရာတွင်မတွေ့တော့ ဟိုဟိုဒီဒီ လိုက်ရှာသော်လည်း
မတွေ့ရ
''ကိုမင်းခေါင် ဘာလုပ်နေတာလဲ ဒီနေရာကနေ မြန်မြန်ထွက်ရ
မယ်လို့ ကိုသက္ကပြောသွားတယ်မဟုတ်လား လာ လာ''
ဖိုးတေမှာ
မင်းခေါင်၏ လက်ကို ဆွဲကာ သက္က ညွှန်ပြသောနေရာသို့ပြေးသွားလိုက်သည် မှောင်မည်းကာ
ချောမွတ်နေသော ကြမ်းပြင်တွင်ပြေးသွားမိသော သူတို့သုံးဦးမှာ
''အားးးးးးးးးးးးးးး
ဗွမ်းးးးး ဗွမ်းးးးးးး ''
''အားးး အမလေး အေးတာဗျာ ဒါ ဒါ ဘာမြစ်လဲ ကိုဖိုးကူး'
''ဟန် မြစ် နီးရာကမ်းကိုကူးဗျိုးးးး ဒါက ရေခဲတွေ အရည်ပျော်ပါများတော့
မြစ်အသွင် စီးလားတာ ရေခဲမြစ်လို့လည်း အလွယ်တကူ
မြန်မာလိုခေါ်သေးတယ်''
'' ဟီးးး ဟီးးး ဟီးးးအပေါ်ရောက်မှ လေအေးတွေနဲ့ ပိုချမ်းသဗျ ''
''အဲ့ဒါဆို ပြန်ဆင်းဗျာ''
''ဟင့်အင်း ပါဗျာ ဟာ ဟိုက် ကိုမင်းခေါင်ရော''
''အဲ ဟုတ်ပ ကိုမင်းခေါင်ရော''
-------------------
''အားးး ကျွတ် ကျွတ် ကျွတ် ငါ ငါ ဘယ်ရောက်နေတာလဲ
ဒါကရော ဘယ်နေရာလဲ''
''ဝုန်းးးးး ဝေါ--------ဟူးးးးးးး ဝုန်းးးးး''
လေတိုးသံ တဟူးဟူး ကြားမှ တဝုန်းဝုန်းအသံများလည်း
ကြားနေရသည်
ကြည့်လေရာရာ ရောင်ပြန်များဖြင့်မျက်စိကျိန်းမတတ်
သူ့မျက်လုံးများကို သေချာပွတ်သပ်ပြီး
ပတ်ဝန်းကျင်ကို လေ့လာလိုက်သော အခါ
''ဟိုက်''
နှုတ်ဖျားမှ ဟိုက်တလုံးသာ တ လိုက်နိုင်ပြီး မိမိ၏ နဖူးကို
ပြန်ရိုက်မိသည်
မင်းခေါင် ရောက်ရှိနေသော နေရာမှာကားးးးးး
''စက္ကောမလှိုဏ်ဂူမှ လျှို့ဝှက်ရတနာသိုက်'' ဇာတ်လမ်း
ဤ တွင် ပြီးဆုံးပါပြီ။
ဇာတ်လမ်းဖန်တီးပေးပါသော ဆရာ ရာဝန အားကျေးဇူး
အထူးတင်ရှိပါတယ်
Zar Zar Win
ရာရာ
-------


Post a Comment