စက္ကောမလှိုဏ်ဂူမှ လျှို့ဝှက်ရတနာသိုက်
*****************************
(ဒုတိယတွဲ --စတုတ္ထပိုင်း ---- )
----------------------------------------
''ဟင်
သက္က နင် နင် နင့်အသံက''
''ဟားးး ဟားးး ဟားး ဟားးး သက္က တဲ့လား
ငါ့အမိန့်ကို ဖီဆန်ပြီး သင်ထင်ရာစိုင်းနေခဲ့တာ အခုရပ်ဖို့
အချိန်ရောက်ပြီ ရွှေစာ''
''သ သ သခင်မလေး''
''မပြေးနဲ့ လိုက်ကြစမ်း သူ့နောက်ကို''
ရွှေစာထွက်ပြေးသောနောက်သို့ မင်းချင်းကိုယ်ပွားများလိုက်
သော်လည်း မမီနိုင်
ရွှေစာမှာ နှစ်အတန်ကြာ သွေးမှီဝဲမှုကြောင့် သွေးစုတ်မ
ဖြစ်မှန်းမသိဖြစ်နေကာ လူကဲ့သို့နေထိုင်နိုင်နေပြီဖြစ်သည်
အစောင့်ရှောက် ဝိဥာဉ်သက်သက် တစ္ဆေတို့ မှာ ရွှေစာအား
ယှဉ်ပြိုင်ရန် အစွမ်းမရှိကြ
သက္က၏ ကိုယ်ထဲမှ ဖြူဖြူသဏ္ဍာန်တခု ခွဲထွက်လာပြီး
မြတ်ထွန်း အနီးသို့ချဉ်းကပ်လာသည်
မြတ်ထွန်းမှာ ဆုတ်စရာနေရာမရှိတော့
ထိုသဏ္ဍာန်ရှင်ကိုပဲ မျက်တောင်မခတ်စိုက်ကြည့်နေမိသည်
''အမောင်လူသား
သင် ဘယ်လိုကြောင့်ဤ နေရာကိုရောက်လာခဲ့တာလဲ
ကျွန်ုပ်ကိုပြောပြနိုင်မလား''
''ဟုတ် ဟုတ် ပြောပြနိုင်ပါတယ် '' ဟု အစချီကာ
မြတ်ထွန်း၏စကားဆုံးသော် ဧကရီမှာ မျက်မှောင်လေးကျုံ့၍
''သူပြောသမျှ သင်ယုံခဲ့တယ်ပေါ့''
''အခုချိန်မှာ အယုံကြည်မရှိတဲ့အပြင် သူ့ကို----''
စကားမဆက်တော့ပဲ ရပ်လိုက်ပြီး အံတင်းတင်းကြိတ်ထားသော
မြတ်ထွန်းအား
ဧကရီသည် ပြုံးပြီးကြည့်နေသည်
-----
''ကိုယ့် ဘော်ဒါတို့ မြေပုံအရဆို
ဒီနားတဝိုက်ပဲ ဒါနဲ့ ကိုမင်းခေါင် ပုရပိုက်ထဲကစာကို
အဖြေရှာလို့ရပြီလား''
မင်းခေါင်မှာ ခေါင်းငိုက်စိုက်ချလျက်
''အင်း''
''ဘာတဲ့တုန်းဗျ ပြောစမ်းပါအုံး''
''အိမ်မက်အရ ကျုပ်က သခင်လေးဖြစ်မယ်ဆိုရင်
ဧကရီကို တွေ့အောင်ရှာပြီး------''
''အာာာ
အဲ့ဒီ အိမ်မက်ကို ဖျောက်ထားလိုက်ပါ ကိုမင်းခေါင်''
''ဟုတ်တယ် ကိုမင်းခေါင်
ဘာမှန်းမသိ ညာမှန်းမသိ လူမဟုတ်တဲ့သူတွေကိုမေ့ထား
လိုက်ပါ ရှေ့ဆက်ဖို့ပဲ အရေးကြီးပါတယ်''
''ဟူးးးး''
စကားဝိုင်းမှာ တဒဂ င်္ငြိမ်သက်သွားခဲ့သည်
''ဝုန်းးးး ဒုန်းးး ဖျော-----ဝရော------- ဂျိမ်းးးး''
တောတောင်တခုလုံး တုန်ခါသွားအောင် ပြင်းထန်သောအသံ
ကြီးကြောင့် မင်းခေါင်တို့သုံးဦးမှာ မြေပြင်တွင်မတ်တပ်ရပ်နေ
ခြင်းငှာ မစွမ်းနိုင် အားလုံးပင် မြေပြင်ပေါ်တွင် အားလျားမှောက်
ကာ အခြေအနေကို စောင့်ကြည့်နေလိုက်သည်
သစ်ရွက် တရွက်မှ မလှုပ် သစ်ပင်များပြိုလဲခြင်းကင်းသော
ကြောင့် ဘာသံဟု သူတို့မတွက်ဆတတ်
''ဟားးးး ဟားးးး ဟားးးး ဟားး ဟားးး''
မိန်းမတစ်ယောက်၏
ကြောက်မက်ဖွယ်ရီသံနှင့်အတူ သူတို့ရှေ့သို့ အနီရောင်
အရိပ်တခု ရောက်လာရာ
လှဲနေရာမှ ဖြတ်ကနဲထကာ ထိုအရာအား ရင်ဆိုင်ရန်
အသင့်အနေအထားသို့ပြောင်းလဲလိုက်ကြသည်
''အော် အော် မိန်းမသားတစ်ယောက်ကို ယောကျာ်းကြီး
တွေက လက်နက်ကိုင်ဆောင်ပြီး တိုက်ကြတော့မယ်ပေါ့လေ
အဟင်းးး ဟင်းးး ဟင်းး ဟက် ဟားးးဟားးးဟားးဟားး''
''နင် ဘယ်သူလဲ''
မာထန်သော မင်းခေါင်၏ အသံကြောင့်
''သခင်လေး
ကျွန်မကို မမှတ်မိတာ ဝမ်းနည်းမိသရှင်''
''ရွှေစာလား''
''ဟုတ်ပရှင် ကျွန်မ ရွှေစာပါ ဟားး ဟားး ဟားး''
''ကိုမင်းခေါင် နောက်ဆုတ် ဒါပုံမှန်မဟုတ်ဘူး''
ဖိုးတေမှာ မင်းခေါင်အား နောက်သို့တွန်းထုတ်၍ ရွှေစာအား
ရင်ဆိုင်လိုက်သည်
''မဆိုင်သူ ဝင်မရှုပ်နဲ့''
ရွှေစာက လက်တဖက်ကိုဝှေ့ယမ်းလိုက်ရာ ဖိုးတေမှာအဝေးသို့
လွင့်ထွက်သွားသည်
ဖိုးကူးကလည်း မခေ ရွှေစာ့ထံပြေးထွက်ကာ ဝင်လုံးလေသည်
သို့ရာတွင် လေထုတခုအား ဖမ်းဆုတ်မိသကဲ့သို့သာရှိနေရာ
ဖိုးကူးမှာ မြေပြင်ပေါ်သို့ တဘိုင်းဘိုင်း
''ကိုဖိုးကူး နောက်ဆုတ်''
ဖိုးတေ၏ အော်ဟစ်သတိပေးသံနှင့်အတူ ''ဒိန်းးး''
ကျယ်လောင်သော သေနတ်သံပါ တပါတည်း
''ဟားးး ဟားးး ဟားးး ဟားး ဟားး''
ဖိုးကူးနှင့် ဖိုးတေတို့၏ အဖြစ်ကို ဟားတိုက်ရီမောနေသော
ရွှေစာ
ဖိုးတေမှာ ဇွဲမလျှော့ သေနတ်ထဲမှ ကျည်ဆန်များမကုန်မချင်း
ပစ်ခတ်နေသည်
သေနတ်သံကြောင့် အနီးအပါးမှ သတ္တဝါတို့ထွက်ပြေးကြသံနှင့်
အတူ ဆီးနှင်းခဲကြီးများမှာလည်း ကွဲအက်ကာ အပိုင်းအစများ
အဖြစ် လှိမ့်ဆင်းလာခဲ့ကြသည်
်
ကျည်ဆန်ကြောင့် ရွှေစာ၏ အပြုအမူတို့တန့် တန့်သွားသည်ကို
မြင်တွေ့မိသော မင်းခေါင်မှာ လက်ထဲမှ သေနတ်ဖြင့်ရွှေစာအား
အဆက်မပြတ် ပစ်ခတ်ရင်း ဖိုးကူးအားဆွဲထူကာ
လွတ်ရာသို့တဟုန်ထိုး ထွက်ပြေးလေတော့သည် ဖိုးတေလည်း
လဲကျနေရာမှ အားယူထကာ မင်းခေါင်တို့နောက်သို့ပြေးလိုက်
သွားလေတော့သည်
်
ကွဲအက်ကာကြွေကျနေသော ရဲခဲတုံးများအားရှောင်ရှားရင်း
ကျောက်နံရံတခုကိုမှီကာ မင်းခေါင်တို့နှစ်ဦးသား အမောဖြေ
နေခိုက် ဖိုးတေရောက်လာသည်
''ကိုမင်းခေါင် ကိုဖိုးကူး ဘာမှမဖြစ်ဘူးနော်''
''ကံကောင်းလို့ပေါ့ကွာ တော်တော်မလွယ်တဲ့ ရွှေစာပဲ''
''ကိုဖိုးတေ ပစ္စည်းတွေကျနေခဲ့တာတွေ ဘာတွေရှိလား''
''မရှိဘူး ကိုမင်းခေါင် ကျည်ဆန် သုံးကတ်လည်းကျန်သေး
တယ် ''
''အင်း ကိုဖိုးကူးရော''
''ဘာမှ မကျခဲ့ဘူး ကိုယ့်လူတို့ ဒီမှာကြည့်
ဒါလေးတောင်မှ ရှိနေသေးတယ်''
''ဟာ ဒီလူ တကယ့်လူကြီးပဲ ''
''တကယ့်လူမလုပ်နဲ့ ကိုယ့်လူ ကျုပ် အဖေရှာပုံတော်ခရီးတုန်း
က အဖော်မွန်လေးပါဗျ
နောက်ပြီး ကျုပ်ရှာခဲ့တုန်းက ဒီနေရာကို မရောက်ခဲ့ဖူးဘူး
ထူးတော့ထူးဆန်းသား''
''ထူးတာ ခနထား ခင်များရဲ့ အဖော်မွန်လေး နည်းနည်းလောက်
မှီဝဲ မှထင်တယ် သွေးလေလည်ပတ်မှုအရပေါ့ဗျာ''
''လုပ်လိုက်လေ ကြာသလားလို့''
''ဟားးး ဟားးး ဟားး ဟားး ဟားးး''
''ဒါနဲ့ အခုကျုပ်တို့ဘယ်ရောက်နေတာလဲ''
''မြေပုံက အသုံးဝင်တော့မယ်မထင်ဘူး သံလိုက်အိမ်မြှောင်ပဲ
အားကိုးရတော့မယ်''
မင်းခေါင်သည် သံလိုက်အိမ်မြှောင်အားထုတ်ယူနေစဉ်
မျက်လုံ၏ ထောင့်ဖျားဘက်မှ အရိပ်တရိပ်ကို မြင်လိုက်ရသည်
ဧကရီ
ဟုတ်သည် ဒါ ဧကရီပဲဖြစ်ရမည်
သူကြည့်နေစဉ်အတွင်းမှာပဲ ထိုဖြူဖြူသဏ္ဍာန်က လက်ယပ်
ခေါ်နေသလိုလို
မင်းခေါင် ဆုံးဖြတ်ချက်တခုကို လျင်မြန်စွာချလိုက်သည်
''ကိုဖိုးကူး ကိုဖိုးတေ ကျုပ်ကို ယုံလား''
''ယုံပါတယ် ကိုမင်းခေါင် ဒီနေရာထိ ကိုမင်းခေါင်ကိုယုံကြည်
မှုတခုထဲ နဲ့ လိုက်လာတာပါ''
''ဒါဆို အခုကစပြီး ကျုပ်နောက်လိုက်ခဲ့ မြေပုံမလိုဘူး''
ယုံကြည်မှုအပြည့်ဖြင့် ရှေ့မှ ထွက်သွားသော မင်းခေါင်နောက်
သို့ ဖိုးကူးနှင့် ဖိုးတေ တို့ လိုက်ပါသွားကြသည်
မင်းခေါင်မှာလည်း ရှေ့တွင်သွားနေသော ဧကရီ၏ အရိပ်နောက်
မှ ထပ်ကြပ်မကွာ
တနေရာသို့ ရောက်သော် ဧကရီသည် ရပ်တန့်လိုက်ပြီး
မင်းခေါင်၏ လည်ပင်းအားညွှန်ပြပြီး ပျောက်ကွယ်သွားလေပြီ
မင်းခေါင်မှာလည်း အူကြောင်ကြောင်ဖြင့် ဧကရီညွှန်ပြရာ
မိမိလည်ပင်းကို စမ်းသတ်မိသည်
''အော် ဒါကိုပြောတာဖြစ်မယ်'' သူတီးတိုးရေရွတ်လိုက်ပေမယ့်
တောလိုက်မုဆိုးဖြစ်သောဖိုးကူးမှ
ကြားဖြစ်အောင်ကြားသွားသည်
''ဘာကိုပြောတာလဲ ကိုမင်းခေါင်''
''ဘာမှ မဟုတ်ပါဘူး ဒီနေရာတဝိုက်မှာ ဂူရှိလိမ့်မယ်ထင်တယ်
ဝင်ပေါက် ရှာကြ''
''ဟုတ် ကိုမင်းခေါင်''
ကြည့်လေရာ ရေခဲပြင်နှင့် တောင်ကတုံးများ တောင်ပူစာ
လေးများနှင့် တုန်ခါမှုကြောင့်ကွဲအက်ပြုတ်ကျနေခဲ့သော
ရေခဲတုံးများသာ
နှင်းများအဆက်မပြတ်ကျဆင်းတတ်သောနေရာဖြစ်၍
သစ်ပင်မှ အရွက်များမှာလည်း နှင်းကိုက်မှုကြောင့် ကျိုးတိုကျဲတဲ
ထိုအရာနှင့်ဆန့်ကျင်စွာ
ကြီးမားသောတောင်နံရံတွင် ကပ်တွယ်ပေါက်နေသောနွယ်ပင်
များမှာ အရွက်များတဖားဖားနှင့် စိမ်းစိုလန်းဆန်းနေသည်
''ကိုမင်းခေါင် ဒီတောင်ကြီးပဲဖြစ်မယ်ဗျ ဝင်ပေါက်တော့
မတွေ့ရဘူး''
မင်းခေါင်မှာ သူ၏ လည်ပင်းတွင်ဆွဲထားသော စင်္ကြာ ပုံဆွဲပြား
အားဆုတ်ကိုင်၍ ဝင်ပေါက်တွေ့လျှင်ဖွင့်ရန်အသင့်အနေအထား
ဖိုးကူးနှင့် ဖိုးတေမှာလည်း နွယ်ပင်မှ အရွက်များကို
ဖယ်ရှားကာ ဝင်ပေါက်အား အသဲအသန်ရှာဖွေနေကြသည်
''သယ် ငမိုက်သားတွေ ဒင်းတို့မသေကြသေးဘူးကိုး
ရွှေစာတဲ့ တစာထဲရှိတယ် ဒင်းတို့ လှိုဏ်ဂူထဲ မရောက်စေရ
ဘူးဟေ့''
ဟုဆိုကာ မြေပြင်အား ဖနောင့်ဖြင့်ပေါက်လိုက်လေသည်
အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီးနောက်
ကြီးမားသော မြေကြီးများတဖြည်းဖြည်း ကျယ်ပြန့်လာချေပြီ
ရွှေစာအား ထိပ်တိုက်ရင်ဆိုင်ရန် မင်းခေါင်တို့ စိတ်မကူးရဲ
''ကိုမင်းခေါင်
ဒီ ဘက်လာခဲ့ ဒါ သော့ထည့်ရမယ့်နေရာပဲဖြစ်မယ်''
ရှုပ်ထွေးနေသောအခြေအနေ အရ ဘာကိုမျှ မစဉ်းစားနိုင်
ဖိုးတေ ပြောသောနေရာသို့ လည်ဆွဲကိုထည့်ပေးလိုက်သည်
မှောင်မည်းသော နံရံကို ကျော်ဖြတ်ကာ သုံးဦးသားလှိမ့်ဝင်လိုက်
ကြသည်
တချိန်ထဲမှာလည်း တဝေါဝေါမြည်သံနှင့်အတူ လှိုဏ်ဂူတံခါးမှာ
ပွင့်သွားလေပြီ
ီ
ရွှေစာသည် ဂူတွင်းသို့လိုက်၍ မဝင်ရဲ အပြင်မှသာ အံတကြိတ်
ကြိတ်ဖြင့် သူ၏အစွမ်းမှာ
သစ္စာဖြင့်ဆောက်တည်ထားသော ထိုဂူအပေါ်၌ သက်ရောက်မှု
မရှိသည်ကို သူမသိထားပြီးဖြစ်သည်
နှစ်ပေါင်းများစွာ တွေ့ရာတိရစ္ဆာန်၏ သွေးများကိုသောက်လာခဲ့
သော်လည်း လူသား၏ သွေးမဟုတ်သောကြောင့် ထင်သလောက်
အစွမ်းမထက်ခဲ့
ပြိတ္တာဝိဥာဉ်ဘဝဖြင့် မနေလို၍ သူမထက်
အဆင့်မြင့်သော ဖုတ်သရဲတို့ထံမှ နည်းနာခံ၍ ကြိုးစားခဲ့သော်
လည်း ဧကရီ၏ သစ္စာကိုမူကား မချိုးဖျက်နိုင်
လူသေများမှ သွေးသောက်ရန်လည်း မဖြစ်နိုင် သေပြီးသူသည်
သွေးဆုတ်ပြီးမှသာ သေလေ့ရှိသဖြင့်
သေသူထံမှ သွေးမရနိုင် အသားပုပ်များသာ ရမြဲ
ဲ
ရံဖန် ရံခါ လူသွေးသောက်သုံးရသော်လည်း ယခုမူ ပညာကို
အားကုန်ထုတ်သုံးလိုက်မိသောကြောင့် အင်အားဆုတ်ယုတ်
ကာ ယခင်လို လှိုဏ်ဂူစောင့် ဝိဥာဉ်တစ္ဆေသာသာ အဆင့်သို့
ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည်
်
သူမ လုံးဝ မဖြစ်ချင်ဆုံးသော ဘဝတခုပင်
ဧကရီ၏ နှလုံးသွေးပွက်အား ရယူစားသုံးနိုင်လျှင်ကျိန်စာပျယ်ကာ
ပညာခန်းအထွတ်အထိပ်သို့ ရောက်ရှိမည်ဟု
သူမ၏ အထက်မှ သွေးစုတ်ကောင်ကပြောဖူးသည်
ထို့ကြောင့်
ဧကရီ၏ နှလုံးသည်းပွက်ဖြစ်သော မင်းခေါင်အား ဖမ်းဆီး
သတ်ဖြတ်ရန် ကြိုးစားရပေအုံးတော့မည်
ဧကရီနှင့် မင်းခေါင်
သူတို့နှစ်ဦး ဆုံ၍မဖြစ် သူတို့နှစ်ဦးဆုံခဲ့လျှင်
ထိုအတွေးသည် ရွှေစာအား အိမ်မက်ဆိုးတစ်ခုလို နှိပ်စက်
နေသည်
-------
လှိုဏ်ဂူ၏ အတွင်းထဲတွင်
့
''ကိုဖိုးကူးတို့ ကိုဖိုးတေတို့ကို
ကျွန်တော် တခုလောက်မှာထားပါရစေ''
''ပြောပါ ကိုမင်းခေါင်''
''ဒါက ရိုးရိုးလှိုဏ်ဂူတခု မဟုတ်ကြောင်းတော့ အထူးရှင်းပြစရာ
မလိုဘူးထင်ပါတယ် သတိနှစ်ဆတိုးပြီး ရှေ့ဆက်ကြပါ
နောက်ပြီး
ဂူအနေအထားအရ သုံးယောက်ယှဉ်ပြီးလျှောက်လို့ရနေတော့
ရှေ့နောက်မသွားစေချင်ဘူး''
''ဟုတ်ကဲ့ပါ ကိုမင်းခေါင်''
''ခရီးဆောင်အိတ်တွေ ပစ်ချ စမ်းသတ်ပြီးမှ ဆက်မယ်နော်
ready''
''ဟုတ် ready ပဲ''
''စမယ်''
-------------
အလင်းရောင်ကောင်းစွာရနေသော အကြောင်းနှင့် လေမပြတ်
သောအကြောင်းအရာတို့အား သိရှိပြီးဖြစ်သော်လည်း
ပြဒါးဖန်လုံးနှင့်အတူ ပြုတ်ကျခဲ့သည်ဆိုသောကြောင့် ယခုချိန်
ထိအလင်းရရှိနေသ်ာကို ဇာတ်ကြောင်းစုံကြားပြီးနေသော
မင်းခေါင်နှင့်ဖိုးတေမှာ အံ့သြနေကြသည်
ဂူနံရံများကိုမူ မထိရဲ
ဂူကြမ်းပြင်အား ခရီးဆောင်အိတ်ဖြင့် ပစ်ပေါက်၍ စမ်းသတ်ပြီး
ဂူအမိုးအားလည်း မျက်ခြေမပြတ်ကြည့်နေရသည်
ညဘက်သုံး နဖူးစည်းမီးလုံးများကိုမူ ခရီးဆောင်အိတ်မှထုတ်ကာ
လည်ပင်းတွင်တွဲလွဲချထားကြသည်
သေနတ်များကို ကျောတွင်လွယ်ကာ သုံးဦးသားယှဉ်လျက်
ဘေးတိုက် အနေအထားဖြင့် ရှေ့သို့ တဖြည်းဖြည်းတိုးလာခဲ့
ကြသည်
ကိုက်တစ်ရာခန့်အထိပင် ရောက်လာခဲ့ကြသော်လည်း
အန္တရာယ်ဟူ၍ မတွေ့ရ
သို့သော် ၎င်းတို့မှာ သတိမလွတ်ရဲကြ
''ဘုတ်''
ခရီးဆောင်အိပ်အား ပစ်ချပြီး အခြေနေမထူးကြောင့်
အိတ်ကိုကောက်ယူကာ ထိုနေရာသို့ခြေချမည်အပြု
''ကိုဖိုးတေ နောက်ဆုတ်''
ဖိုးတေအား
မင်းခေါင်က နောက်သို့ဆွဲယူကာ ဟန့်တားထားလိုက်သည်
''ဘာလို့လဲ ကိုမင်းခေါင်''
ဖိုးတေအမေးကိုပြန်မဖြေပဲ နေရာသို့ခေါင်းဆတ်
ပြလိုက်ရာ ဖိုးတေခြေချမည့်နေရာတွင် အမည်းရောင်အကွက်
ကြီးဖြစ်ပေါ်လာကာ အက်ကွဲကြောင်းများထွက်ပေါ်လာခဲ့သည်
ရှေ့ကိုဆက်ရမလား
နောက်ဆုတ်ပြေးရမလား ဝေခွဲမရဖြစ်နေစဉ်
သူတို့နှင့် ကိုက်နှစ်ဆယ်လောက်အကွာမှ ဖြူဖြူသဏ္ဍာန်အရိပ်
ကိုတွေ့လိုက်ရ၍
''လာ လာ ကိုဖိုးတေ ကိုဖိုးကူး''
ကျန်နှစ်ယောက်၏
လက်ကိုဆွဲကာ ဖြူဖြူသဏ္ဍာန်အရိပ်ရပ်နေသောနေရာအထိ
မင်းခေါင် ပြေးထွက်သွားလိုက်သည်
အက်ကွဲကြောင်းများမှာ ၎င်း တို့နှင့် ဆယ်ကိုက်အကွာတွင်
ရပ်တန့်ကျန်ရစ်သည်
''ဟာ
ကိုမင်းခေါင် ကြည့်ပါအုံး''
ဖိုးကူး၏ အသံကြောင့် ၎င်းညွှန်ပြရာသို့ကြည့်လိုက်ရာ
ဂူအမိုးပေါ်တွင် အရိုးစုတခု
ထိုအရာကိုမြင်သော် ဦးဘသောင်းပြောပြသည့် အထမ်းသမား
တစ်ဦးဖြစ်မည်ဟု တွက်ဆမိသောကြောင့်
ထိုနေရာ၌ ကြာရှည် ရပ်နေရန်မဖြစ်
''ကိုဖိုးကူး မြန်မြန် လာ''
ရှေးကနည်းတူ
ခရီးဆောင်အိတ်များဖြစ်စမ်းသတ်ပြီး ရှေ့ဆက်လာခဲ့ကြသည်
နံရံများကိုမူ သတိကြီးစွာထား၍ ရှောင်ကြသည်
တခါ တခါ ထွက်ပေါ်လာသော နွယ်အရှင်ကဲ့သို့သော
အမျှင်အတန်းလေးများကိုလည်း ရှောင်ရှားခဲ့ရသည်
စကားလုံးဝမပြောရဲ
အသံထွက်သည်နှင့် ထွက်ပေါ်လာမည့် ယန္တယား အန္တရာယ်မှ
ရှောင်နိုင်စေရန်ဖြစ်သည်
မင်းခေါင်၏ စိတ်ထဲတွင် ထိုဂူနှင့်ပတ်သတ်၍ အမှန်အတိုင်းပြော
ပြခဲ့သော ဦးဘသောင်းအား ကြိတ်၍ ကျေးဇူးတင်မိသည်
''ဟင်''
အသံမထွက်ရဲ စိတ်ထဲမှသာ
သူမြင်သလို ကျန်နှစ်ဦးလည်းတွေ့လိမ့်မည်ဟု မင်းခေါင်ထင်မိသည်
ရေခဲ ကျောက်စွန်းအား အမှီပြုလျက် တဖက်တချက်စီတွင်
အရိုးစုတခြမ်းစီရှိနေသော မတ်တပ်ရပ်လျက် အလောင်းတလောင်း
အေးမြသော လှိုဏ်ဂူအတွင်းတွင် မပုပ်မသိုးပဲရှိနေရမည့်အစား
အရိုးစုသာတွေ့ရသဖြင့်
စိတ်ထဲတွင် သိပ်ပြီးမသတီချင်တော့ ဂူနံရံတွင်းသို့ စုပ်ယူခြင်း
ခံရသည့် အထမ်းသမားမှာလည်း ဂူအမိုးပေါ်တွင် အရိုးစုသဏ္ဍာန်
အဖြစ်တွေ့ခဲ့ရသည် မဟုတ်ပါလား
ရုတ်တရတ်
ရွှေစာအား သတိရမိသောအခါ ကြက်သီးမွှေးညှင်းများပင်
ထလာမိသည်
ထိုနေရာမှ ဝေးနိုင်သမျှ ဝေးစေရန် ခပ်သွက်သွက် လှမ်းနိုင်
ရန် ကြိုးစားလိုက်ကြသည်
''ကျွီ------အီ-------အီ-----''
ရုတ်တရတ် ဂူနံရံမှ တံခါးသဖွယ် အပေါက်ကြီးတပေါက်ဖြစ်
ပေါ်လာကာ နံရံ အပိုင်းအချို့သည် ဆုံလည်တံခါးကဲ့သို့
''ကိုဖိုးကူး သတိထား''
လည်ပတ်လာသော တံခါးရွက်သဏ္ဍာန်ကျောက်ချပ်ကြီးနှင့်
အနီးဆုံးတွင်ရှိနေသော ဖိုးကူးအား သတိပေးလိုက်မိသည်
အသံထွက်မိသည်နှင့် တပြိုင်တည်း
''ဝေါ------ဝရော-------- ဝေါ------ရွှီ------ရွှီ-----ရွှီ''
ဂူနံရံမှ မြွေအသေးလေးများ အမြောက်အများထွက်ပေါ်လာပြီး
ဂူကြမ်းပြင်တွင် ခြေချစရာမရှိလောက်အောင်များပြားလာခဲ့သည်
သူတို့ သုံးဦးမှာ
ကြရှည်စဉ်းစား၍ မနေနိုင် အသင့်ပွင့်နေသော
ဂူနံရံ ပေါက်ထဲသို့ တပြိုင်တည်း ပြေးဝင်လိုက်ကြလေတော့သည်။
---------
ဆက်ရန်
---------------
နောက်တပိုင်းတွင် ဇာတ်သိမ်းပေးပါမည်
ဆက်လက် စောင့်မျှော်ပေးပါအုံး
Zar Zar Win
ရာရာ
----
Post a Comment