ပဉ္စမ‌မြောက်‌ ပန်း‌ဒေဝီ အပိုင်း ၆

ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                  အပိုင်း(6)
ဦးရီးတော်ဟာ ညကတော်ယုံနှင့်အိပ်မပျော်နိုင်
သလို ယခုလည်အတွေးတွေဖြင့် စဉ်းစားရခက်နေ
သည်။ မင်းသားလေးကျန်မင်း၏ အမှုအယာ
အပြောအဆိုဟာ သာမာန်ကလေးတစ်ယောက်
နှင့်မတူပါ။ မော်ဆရာလော့ရင်းဟာ သူကိုအကြိမ်
ကြိမ်သတိပေးထားသည်။ သူကိုသတ်နိုင်သူဟာ
မင်းသားသုံးပါထဲက တစ်ပါးဖြစ်နိုင်တယ်ဟုပြော
ခဲ့သည်။ သူ၏မျက်မြင် ဇာတာကို နက္ခစစ်ကြည့်ရာ
မင်းသားလေးတွေဟာ သူထင်သလောက် ဇာတာ
မကောင်းကြပါ ပို၍ဆိုးသည်သူက မင်းသားလေး
ကျန်မင်းဖြစ်သည်။သူ၏ဇာတာဟာ လုံးဝမကောင်း
ပါ အခုသူမြင်တွေခဲ့တာက ကျန်မင်းဟာ မင်းသား
လေးနှစ်ပါထက် ဥာဏ်ရည်ရော မာန်ရော ရဲရင့်ပုံ
ရောသူတွေ့လိုက်ရသည်။ သူဧည်ခန်းမတွင် တစ်
ယောက်တည်းထိုင်ကာ ထိုင်နေရသည်။ စိတ်ထဲမှ
ဇဝေဇဝါဖြစ်နေလျှက်ရှိတော့သည်။
"သခင်ကြီး မှော်ဆရာလော့ရင်းရောက်လာပါပြီ"
"ဝင်ခဲ့ခိုင်းလိုက်"
အခိုင်းစေရဲ့စကားကြောင့် သူအတွေးတွေ ရပ်
သွားသည်။ မှော်ဆရာလော့ရင်းက
"ဦးရီးတော် ကျုပ်ကိုခေါ်တယ်ဆိုလို ဘာများခိုင်း
စရာရှိလိုလဲ"
"ခိုင်းစရာတော့မရှိပါဘူး မေးစရာရှိတာ"
"မေးပါ ဦးရီးတော်"
"မင်းသား သုံးယောက်ရဲ့ဇာတာကို မင်းတွက်
ကြည့်နိုင်သလား"
"ဘာအတွက်လဲ ဦးရီးတော်"
"ငါမင်းသား သုံးပါထဲမှာ မင်းသားကျန်မင်းရဲ့ဇာ
တာကို ပြန်စစ်ချင်တယ်  နက္ခတွက်တဲ့သူတွေက
ဘဲမှားသလား ဒီကလေးကဘဲ တစ်ကယ်ညံတာ
လား ငါသိချင်တယ် ဒီကလေးပုံစံကိုကြည့်ရတာ
သာမာန်ကလေးတော့ မဟုတ်ဘူး"
"အဲဒီမင်းသားလေး ကိုကျုပ်နှင့်ပေးတွေ့ပါ ကျုပ်
တွက်ချက်ပေးနိုင်ပါတယ်"
"ကောင်းပြီ ငါအခု နန်းတော်ထဲကို သွားမယ် မင်း   ငါအနောက်ကလိုက်ခဲ့ပါ"
"ဟုတ်ကဲ့ပါ ဦးရီတော်"
"ကဲ ဝေါယာဉ်ပြင် ငါနန်းတော်သွားမယ်"
"ဟုတ်ကဲ့"
အခိုင်းစေရဲမတ်များက ပြေး၍ ဝေါယာဉ်ကိုပြင်ကြ
တော့သည်။ သူနှင့်လော့ရင်းလည် အခန်းပြင်သို့
လိုက်ထွက်လာကြသည်။ အပြင်၌အဆင်သင့်ပြင်
ထားသော ဝေါယာဉ်ကို သူကစီး၍ လော့ရင်က လမ်းလျှောက်ပြီ သူ၏ဝေါယာဉ် နောက်မှ လိုက်ခဲ့
လေတော့သည်။
    အသက်ငါးနှစ်အရွယ် နတ်ကျွန်းစုရဲ့ငါးယောက်
မြောက် သမီးဖြစ်သော မော့ရန်လေးဟာ ငါးနှစ်
တောင် ကျော်နေခဲ့ပြီ စကားကို တစ်လုံးမှမပြော
ချေ။ ငိုလည်မငို ရယ်လည်မရယ် စကားလည်မ
ပြော ဘယ်သူနှင့်မှလည် ကလေးပီပီ မကစားပါ။
တစ်ယောက်တည်း ပန်းခြံလေးတွင် အမြဲတမ်း
ထိုင်လျှက် ပန်းတွေကို သာငေးကြည့်၍ ပြုံးလိုက်
ပန်းတွေကို ပုတ်ကစားလိုက် တစ်ယောက်တည်း
သီသန့်လေနေတော့သည်။ စော်ဘွားမူရင်းဟာ သူ
သမီးကို ကြည့်၍ သက်ပျင်းသာ ချချမိနေသည်။ ဒီ
ကလေးဟာ ထူးဆန်းတာထက် ပို၍ထူးဆန်းနေ
သည်။ အခြားသောကလေးများက သူမအနားသို့
မသွားရဲမခေါ်ရဲကြပါ။ မိစ္ဆာဝင်စားသည့် သူမလေး
ကို ကြောက်ကြသဖြင့် အနားမကပ်ရဲမခေါ်ရဲကြပါ
သူမ၏ ညီအမများကလည် တစ်ခါတစ်လေ သူမ
ကို ခေါ်ပြီကစားပေးပေ့မဲ့ သူမကမစားပါ။ ပန်းလေး
တွေကသာ သူရဲ့အဖော်အဖြင့် သူစိတ်နဲ့စကား
ပြောနေတော့သည်။ အမြဲတမ်းသီးသန့်နေထိုင်နေ
ရင်း သူအမအသက်နှစ်ဆယ်ရွယ်သို့ ရောက်ရင် သူမစိတ်ကို ထိန်းချုပ်၍ မရတော့မှာကို စော်ဘွား
မူရန်ဟာ စိုးရိမ်နေမိသည်။ သူမကတော့ ပန်း
တွေ့နဲ့သာဆော့ကစားနေတာ အခြားအရာကို လည် သူမဘာကိုမှ စိတ်မဝင်စားလျှက်ရှိတော့
သည်။ သူမ၏အပြုံးကို ရံဖန်ရံခါမြင်ရပေ့မဲ့ သူမ၏
အပြုံးကြောင့် ဖူးနေသော ပန်းလေးတွေက ချက်ချင်းဆိုသလို ပွင့်လန်းလာလျှက်ရှိသည်။
တိတ်ဆိတ်ခြင်းတွေက သူမအတွက်အဖော်တစ်ခု
လိုဖြစ်နေလျှက်ရှိတော့သည်။
       တောင်ပေါ်တော့ သူရောက်လာခဲ့ပြီ တောင်
ပေါ်ရှိ ဘုန်းကြီးကျောင်းဟာ တိတ်ဆိတ်လွန်းလှ
သည်။ သူအတွက်အဖော်လည်မရှိ ကိုရင်ကြီး
တစ်ပါးနှင့် ကိုရင်လေး တစ်ပါးသာရှိသည်။ ရသေ့
ကြီး ဝုကိုတော့ မတွေ့ရသေးချေ။ ကိုရင်ကြီးက
သူအတွက် နေစရာအခန်းကို စီစဉ်ပေး၍ ရသေ့
ကြီးဝု တရားကျင့်၍ အပြန်အလာကို သူကိုစောင့်
ခိုင်းသည်။ ဘယ်အချိန်လာမယ်မှန်းမသိတဲ့ ရသေ့
ကြီးဝုကို ဘာလုပ်ပြီ သူစောင့်မယ်မှန်းမသိသဖြင့်
သူအတော်လေးကို စိတ်ပျက်နေတော့သည်။ ကို
ရင်လေးကတော့ သူနှင့်စကားလာပြောပေးပေ့
မယ် ကိုရင်လေးဖြစ်၍ သီလသမာတိလုံလွန်းလှ
၍ ပြောဆိုလျှင် သူကို သတိနှင့်ပြောနေရသည်။
သူအတွက် ဒီတောင်ပေါ်က အတော်လေးကို စိတ်
ပျက်စရာ ဖြစ်နေတော့သည်။ သူဘုန်းကြီးကျောင်း
ကို လျှောက်ပတ်၍ ကြည့်ရှု့ပေ့မဲ့ ဘာမှထွေထွေ
ထူးထူ မရှိပေ။ တိတ်ဆိတ်လွန်းသဖြင့် ငှက်သံက
သာ အဆူညံဆုံးဖြစ်နေလျှက်ရှိသည်။ သူဘုန်းကြီး
ကျောင်း၏ လှေကားထစ် လေးမှထိုင်ပြီ ဘာလုပ်
ရင်ကောင်း မလည်ဟု သူထိုင်တွေးလိုက်တော့
သည်။
   နန်းတော်သို့ ရောက်တော့ ဦးရီတော်နှင့်မှော်ဆ
ရာလော့ရင်းတို့ဟာ စာသင်ဆောင်သို့ ဦးတည်၍
လာကြတော့သည်။ စာသင်ဆောင်သို့ရောက်တော့
ှီုဦးရီးတော်ဟာ စာသင်သားတွေကို ကြည့်လိုက်ရာ
မင်းသားသုံးပါထဲမှ ကျန်မင်းကိုမတွေ့ချေ။ သူက
စာသင်နေသော ဆရာကို
"မင်းသားကျန်မင်း ဒီနေ့စာလာမသင်ဘူးလား"
ဆရာက ကြောက်ကြောက်ဖြင့်
"ဟုတ်ကဲ့ "
"ဘာဖြစ်လိုလည် စာလာမသင်တာလဲ"
"နေမကောင်းဖြစ်နေပါ ဦးရီးတော်"
သူချက်ချင်းလှည့်ထွက်သွားပြီ အပြင်ရောက်တော့
"မင်းသားလေးအဆောင်ကိုသွားမယ်"
"ဟုတ်ကဲ့"
ဦးရီးတော် ဦးဆောင်၍ မင်းသားလေးကျန်မင်းရဲ့
အဆောင်တော်သို့ လာကြတော့သည်။ အဆောင်
သို့ရောက်တော့ အဆောင်ထဲသို့ဝင်ရန်ပြုချိန် မင်း
သားလေး အထိန်းတော်ကထွက်လာပြီ
"ဘာကိစ္စများရှိပါသလဲ ဦးရီးတော်"
"မင်းသားကျန်မင်းနဲတွေ့ချင်တယ်"
"နေမကောင်းပါဘူး ဦးရီးတော်"
သူမျက်လုံးလေးကို အစောင်သို့ဝေ့ဝဲကြည့်လိုက်
သည်။
"မင်းသားလေးက နေမကောင်းဘူးသာဆိုတယ်
ဆေးဆရာတွေ တစ်ယောက်မှမရှိပါလား"
"ဟို ဟိုလေ…"
အထိန်းတော်က ဘာပြောရမယ်မှန်မသိသဖြင့် စကားထစ်ငေါသွားသည်။ ဦးရီးတော်က စိတ်တို
ဟန်ဖြင့်
"ဖယ်စမ်း ငါရှေ့က"
အဆောင်ထဲကို မည်သူကိုမှ ဂရုမစိုက်ဘဲ အ
ဆောင်ထဲသို့ အတင်းဝင်ရောက်လေတော့သည်။
ထိုအချိန် ရဲမတ်တစ်ယောက်ကပြေး၍ ဘုရင်နန်း
ဆောင်သို့ပြေးလာတော့သည်။
"အရှင်မင်းကြီး အရှင်မင်းကြီး"
"သြော် အလန့်တကြား ဘယ်လိုပြေးလာတာလဲ
အလောတကြီး ဘာဖြစ်လာတာလဲ"
"မင်းသားလေးကျန်မင်း မင်းသားလေးကျန်မင်းကို
ဦးရီးတော် လာရှာတယ် မင်းသားလေးနန်းဆောင်
မှာ"
"ဘာ……"
ဘုရင်လည် အလောတကြီး ရဲမက်စကားကိုကြား
တာနှင့် သူ၏နန်းဆောင်ကနေ မင်းသားလေး
ကျန်မင်းအဆောင်သို့ လာတော့သည်။ အဆောင်
သို့ရောက်တော့ ဦးရီးတော့ ကမင်းသားလေးကျန်
မင်းကို စောင့်လျှောက်နေကြသော ရဲမတ်များ
အချွေရံများ အခိုင်းစေများနှင့် အထိန်းတော်များ
ကို ဟိန်းဟောက်၍ မင်းသားလေးကိုမတွေ့ရသ
ဖြင့် မေးမြန်းနေတော့သည်။ သူတို့တွေ့ကလည်
မသိကြောင်းဖြေကြားကြပေ့မယ့် ဦးရီးတော်က
လက်မခံချေ။ မင်းကြီးလည် အရောက်သွား၍
"ဘာဖြစ်နေကြတာလဲ အကိုတော်"
"သြော်  ညီတော်မင်းကြီးရောက်လာတာကိုး"
"မင်းသားလေးနဲတွေ့ချင်လိုလာတာ မင်းသား
လေးနေမကောင်းဘူးဆိုလို လာကြည့်တာပါ မင်း
သားလေးကိုမတွေ့ရလို့မေးနေတာ တစ်ယောက်
မှအသုံးမကျဘူး မင်းသားလေးဘယ်သွားလဲမသိ
ကြဘူး ဒါကြောင့် အော်နေရတာ"
"သြော် ဟုတ်လား မောင်မင်းတို့သွားကြတော့ "
"ဟုတ်ကဲ့ အရှင်မင်းကြီး"
" အကိုတော် သူတို့တွေကမင်းသားလေးဘယ်မှရှိ
လည် မသိကြပါဘူး"
"ညီတော်မင်းကြီးရော သိလား"
"အင်း တောင်ပေါ်ကိုလွတ်လိုက်တယ် ဆေးကုဖို့ သူက ဇာတာမကောင်းဘူး ဒါကြောင့် သူကိုနန်း
တော်ထဲမှာ မထားချင်လို ဆရာတော်ရသေ့ဝုဆီ
ပို့လိုက်တယ်"
"ဘာ…ဆရာတော်ဆီကို ပိုဆောင်လိုက်တယ်"
"အင်း"
ဦးရီးတော် စိတ်ညစ်သွားတော့သည်။ ဆရာတော်
ရသေ့ဝုဆိုတာ အရင်ဖခမည်းတော်မင်းကြီး ရိုသေ
ကိုးကွယ်သော ဆရာတော်တစ်ပါးဖြစ်သည်။ သူ
နှင့် မင်းကြီးတို့၏ ပညာကိုသင်ကြားပေးခဲ့သော
သူတို့၏ ဆရာအရင်းအချာဖြစ်သည်။ ညီတော်မင်း
ကြီးဟာ မင်းသားလေးကို ဆရာတော်ရသေ့ဝုဆီ
ပို့လိုက်တာဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးဟု သူ
တွေးလိုက်မိသည်။ မင်းကြီးလည် ဦးရီးတော်ရဲ့
မျက်ရိပ်ကိုကြည့် ၍ သူအလိမ်ပေါ်သွားမလားဟု
စိုးရိမ်နေမိသည်။ ဦးရီးတော်က ပြုံး၍
"မင်းသားလေးက ဆရာတော်ဆီရောက်သွားပြီ
ကိုး ငါကိုယ်တော်က စိတ်ပူလိုမင်းသားလေးကို
လာကြည့်တာပါ ဘာမှထွေထွေထူးထူးတော့ မ
ဟုတ်ဘူး အလုပ်ရှုပ်စေမိပြီ ညီတော်မင်းကြီး"
"ရပါတယ် အကိုတော်"
"ဒါဆိုလည် ပြန်လိုက်ဦးမယ် မူလန်းကိုကတိ
အတိုင်း လွတ်ပေးလိုက်ပါပြီ အဲဒါ မင်းသားလေး
ကိုပြောချင်လိုပါ"
"ကောင်းပါပြီ အကိုတော်"
"သွားစို့"
"ဟုတ်ကဲ့"
ဦးရီးတော်နှင့် သူနောက်လိုက်တွေလည် အားလုံး
ထွက်သွားကြတော့သည်။ မှော်ဆရာလော့ရင်းက
မင်းကြီးကို တစ်ချက်စိုက်ကြည့်၍ ဦးညွှတ်ပြလိုက်
သည်။ မင်းကြီးလည် ပြန်လည်ပြုံးပြလိုက်လေ
တော့သည်။

အပိုင်း(6)ပြီ၏စာဖတ်သူများအားလေးစားလျှက်
                               စာရေးသူ…လင်းသုခ

Post a Comment