က‌လေးစားစုန်းမ Part 1

{ကလေးစားစုန်းမ}  {Part 1}

**ဟေမာန်ရေးသည်**

်ငြိမ်သက်နေသောပတ်ဝန်းကျင်အား

''ဝေါ ဝေါ ဖရော''ပြင်းထန်လှသော
လေတိုက်သံများနှင့်အတူ

''ဂျိန်းးးးးဂျလိန်းးးးးးဂျိန်းးးးး''
မိုးချုန်းသံများကလည်းအပြိုင်
ဆူညံသံများဖြင့်ဖြိုခွဲလိုက်လေသည်

ထိုကဲ့သို့ရုတ်တရက်ပြောင်းလဲသွား
သောရာသီဥတုအခြေနေကြောင့်
ဝက်ဝင်ရွာတစ်ခုလုံးမှာကိုယ်စီကိုယ်စီ
အိမ်ထဲသို့ပြေးဝင်ကြလေတော့သည်

ထို့နောက်မိမိတို့၏ကလေးများအား
လည်းစဥ့်အိုးများထဲတွင်လည်းကောင်း
သေတ္တာများထဲတွင်လည်းကောင်း
ထန်းခေါက်ဖာများအတွင်းတွင်လည်း
ကောင်းထည့်ကာပိတ်ထားကြလေ
တော့သည်

အဝေးပြေးလမ်းမပေါ်၌အိမ်စီး
ကားလေးတစ်စီးမှာပုံမှန်အရှိန်ဖြင့်
တရွေ့ရွေ့မောင်းလာလေသည်
ထိုကားထဲတွင်တော့ဒေါက်တာ
ကျော်ကျော်တို့မိသားစုမှာ

နွေအားလပ်ရက်၌သူ၏ဇာတိရွာ
မိဘများ၏ဆီသို့အလည်လာ
ကြလေသည်ဒေါက်တာကျော်ကျော်
၏မိန်းမမှာလည်းဒေါက်တာတစ်ဦး
ဖြစ်၍နာမည်မှာစုစုမော်ဖြစ်လေသည်

သူတို့နှစ်ယောက်၌အသက်၁၂နှစ်
အရွယ်သားလေးတစ်ဦးရှိပြီးအမည်
မှာမင်းအောင်ကျော်ဖြစ်ပြီးမင်းမင်း
ဟုသာခေါ်ကြလေသည်

''မေမေ မရောက်သေးဘူးလား
ရောက်တော့မှာပါသားရဲ့ဟော
ဟိုမှာအိမ်လေးတွေစမြင်နေရပြီလေ
ရောက်တော့မှာပါ''ဟုပြောလိုက်ရာ
မင်းအောင်ကျော်မှကားပြတင်းပေါက်
မှတစ်ဆင့်လှမ်းကြည့်လိုက်လေသည်

သူမတို့နေထိုင်ရာမန္တလေးမြို့မှ
လေးနာရီလောက်မောင်းအပြီးတွင်
တော့သူမယောင်္ကျား၏ဇာတိဖြစ်သော
ဝက်ဝင်ရွာသို့ရောက်လာလေတော့သည်

မိုးတွင်းဖြစ်၍ရွာလမ်းများမှာ
ဗွက်ထနေသောကြောင့်
ဒေါက်တာကျော်ကျော်တစ်ယောက်
ကားအားဂရုစိုက်မောင်းလာလေသည်

ရွာအဝင်ဝတွင်တော့လယ်တောများ
ရှိနေပြီးတောင်သူလယ်သမားများ
လယ်ထဲသို့ရေသွင်းနေကြပြီ
ကောက်စိုက်သမအချို့မှာ
မူကောက်စိုက်နေကြလေသည်

ရွာလမ်းတစ်လျှောက်ကားအား
သေချာဂရုစိုက်ကာဒေါက်တာ
ကျော်ကျော်မောင်းလာရင်းရွာ
တောင်ဘက်တောအုပ်နားရှိခြံ
ကျယ်ကြီးရှေ့တွင်ကားရပ်လိုက်
လေသည်

ကားရပ်သည်နှင့်မင်းအောင်ကျော်
ကားပေါ်မှခုန်ပေါက်ပြေးဆင်းကာ

''ဖွားဖွား ဖွားဖွား သားလာလည်တယ်
ဖွားဖွားရေ''ဟုတကြော်ကြော်အော်ကာ
ခြံထဲပြေးဝင်သွားလေသည်
ဒေါက်တာကျော်ကျော်၏အဖေမှာလွန်ခဲ့
သော်နှစ်နှစ်ခန့်ကသေဆုံးသွား
ခဲ့လေသည်

်ဒေါက်တာကျော်ကျော်၏
ဖခင်မှာငွေရှာတော်သောယောင်္ကျား
ကောင်းတစ်ယောက်ဖြစ်သည့်
အလျောက်မသေမီကပင်အိမ်ပိုင်
ခြံပိုင်ဖြင့်ဥစ္စာပစ္စာည်းစုံလင်စွာ
ဇနီးနှင့်သားသမီးအားလိုလေး
သေးမရှိထားခဲ့လေသည်

ဒေါက်တာကျော်ကျော်တွင်ညီမတစ်
ယောက်ရှိပြီးအးမမဟုခေါ်လေသည်
သူမှာထိုရွာတွင်ပင်
အိမ်ထောင်ကျသောကြောင့်မိဘ
အိမ်၌သာနေလေသည်

ခြံဝန်းကြီးထဲတွင်တော့ပိန္နဲ လိမ္မော် သံပုရာ ငရုတ် မုန်ညှင်းပင်များအပြင်
သီးပင်စားပင်များမျိုးစုံစွာစိုက်ပျိုးထား
လေသည်သူတို့မိသားစုလာသည်အား
မြင်သော်ဒေါက်တာကျော်ကျော်၏မိခင်
မှာတုတ်ကောက်လေးထောက်၍အိမ်
ရှေ့ထွက်လာကာကြိုလေသည်

ဒေါက်တာကျော်ကျော်၏ညီမ၌လည်း
မင်းအောင်ကျော်ထက်လေးလသာကြီး
သောသားတစ်ယောက်ရှိပြီးဖိုးလုံးဟု
သာခေါ်ကြလေသည်

ညီအစ်ကိုနှစ်ယောက်မှာဝမ်းကွဲနေရာ
ခြင်းခွဲနေရသော်လည်းတစ်ယောက်
နှင့်တစ်ယောက်အလွန်ချစ်ကြလေသည်
တွေ့တာနှင့်တစ်ယောက်ပုခုံးတစ်
ယေက်ဖက်ကာခြံပြင်ထွက်သွား
ကြလေသည်

သူတို့ထွက်သွားသည်အားမြင်သော်
စုစုမော်က

''သားတို့အဝေးကြီးသွားမဆော့
ကြနဲ့နော်''ဟုလှမ်းအော်လိုက်ရာ

''ဟုတ်ကဲ့''ဟုပြန်ပြောရင်းထွက်သွား
ကြလေသည်

ထိုစဉ်အေးမမ၏ယောင်္ကျားဘထူး
ထွက်လာ၍ဒေါက်တာကျော်ကျော်
တို့အားလာရောက်နှုတ်ဆက်လေ
သည်ထို့နောက်သူ၏ယောက်ခမ
အေးမမ၏အမေအား

''အမေအထုပ်တွေထုပ်ပြီးပြီသွား
စို့လေနောက်ကျရင်လမ်းမကောင်း
ဘူး''ဟုပြောလိုက်ရာစုစုမော်က

''ဟင်ဘယ်သွားမှာလဲအမေက''
အေးမမကဝင်၍

''ဒီနေ့မေမေ့အမဝမ်းကွဲနေမကောင်း
လို့သွားကြည့်ချင်လို့တဲ့အဲ့တာကြောင့်
ကိုဘထူးလိုက်ပို့ပေးနေတာ''
ဒေါက်တာကျာ်ကျော်က

''အမေကလည်းနောက်ရက်မှသွား
လေခုသားတို့လာလည်နေတာကို''

''လျှာမရှည်နဲ့နင်တို့ကနောက်ရက်
တွေလည်းဒီမှာရှိနေအုန်းမှာငါပြန်
လာရင်တွေ့လို့ရသေးတယ်ငါ့အမက
သေခါနီးနေပြီအဲ့တာကြောင့်ငါ့ကို
သူတွေ့ချင်နေတာသူနဲ့ကနောက်ရက်
တွေ့ဖို့မသေချာဘူးခုပဲသွားမယ်''
ဟုပြောကာဘထူးလက်အားဆွဲ၍
ထွက်သွားလေသည်

အေးမမကစုစုမော်အား
''အဲ့ဒါပဲကြည့်အမရေဖိုးလုံးကိုမထိန်း
ရဘူးသူ့ကိုထိန်းနေရတာ''ဟုပြော
ရင်း

''အဲ ဒါနဲ့ကလေးတွေဘယ်ရောက်
သွားပါလိမ့်''စုစုမော်က

''သွားပြီလေဆော့ဖို့''

''သွားပါစေညနေမှကျမသွားခေါ်
လိုက်မယ်အမတို့လည်းနားတော့လေ
ကျမထမင်းဟင်းချက်လိုက်အုန်းမယ်''
ဟပြောကာမီးဖိုခန်းထဲဝင်သွားလေသည်

မင်းအောင်ကျော်မှာဖိုးလုံးနှင့်အတူ
ရွာထဲမှကလေးများထံသို့ကစား
ရန်သွားခဲ့လေသည်သူတို့အိမ်၏သုံး
ပြတ်လောက်အကျော်ကလေးများ
ဆော့နေသောညောင်ပင်ကြီးအောက်
သို့ရောက်သည့်အခါ၌ဆော့နေ
ကြသောကလေးများမှာသူ့အား
ဝိုင်း၍နှုတ်ဆက်ကြလေသည်

တစ်နှစ်တစ်ခါပုံမှန်လာနေကြဖြစ်
သောကြောင့်ဤရွာ၌ပင်မင်းမင်းထံ၌
သူငယ်ချင်းများရှိနေကြလေပြီဖြစ်
သည်ကလေးများဆော့နည်းပေါင်း
စုံဆော့ရင်းညနေစောင်းသွားလေ
တော့သည်

ကလေးများထဲမှလှအေးဆိုသော
ကောင်လေးက

''ဟျောင့်ဖိုးလုံးမင်းသူ့ကိုတို့ရွာရဲ့
စုန်းမအကြောင်းပြောပြပြီးပြီလား''
ဟုမေးလိုက်ရာမင်းမင်းက

''ပြောပြပြီးပြီငါသိတာကြာပြီငါ့အဖေ
ကပြောတယ်ကွစုန်းမတွေဘာတွေ
ဆိုတာတကယ်မရှိဘူးတဲ့အဲ့တော့
ငါလည်းမယုံဘူး''ဟုပြန်ပြောလိုက်
လေရာလှအေးဆိုသောကလေးက

''တကယ်ရှိတယ်လူကြီးတွေပြောပြ
တာသူကဆံပင်အရှည်ကြီးတဲ့ပြီးတော့
လက်သည်းခြေသည်းတွေကလည်း
ရှည်ပြီးချွန်နေတာပဲတဲ့ပြီးတော့သူ့
ခြေထောက်တွေကလည်းပြောင်းပြန်
ကြီးတွေတဲ့''ထိုအခါမင်းမင်းက

''မင်းမြင်ဖူးတာလား''

''မဟုတ်ဘူးတစ်ရွာလုံးသိတယ်
သူ့အကြောင်းအခုထိလည်းသူရှိ
တယ်တဲ့''ဟုပြောလိုက်ရာမင်းမင်းက

''အဲ့စုန်းမကိုဘယ်မှာတွေ့လို့ရလဲ
ငါတွေ့ဖူးချင်လို့''ကလေးအားလုံးထို
နေရာမှထပြေးကြလေတော့သည်
မင်းမင်းအားလုံးကကြောင်တောင်
တောင်ကြည့်လိုက်ပြီး

''ကြောက်တတ်တာတွေကလည်း
လွန်ရောပဲငါမယုံဘူးလှအေးသူနဲ့
ဘယ်မှာတွေ့လို့ရလဲမင်းသိလား''
ဟုမေးလိုက်ရာလှအေးကခေါင်းငြိမ့်
ပြရင်း

''ဖိုးလုံးတို့အိမ်နောက်ဘက်ကတော
အုပ်ထဲကနေဖြတ်ပြီးနဲနဲနက်တဲ့တော
ထဲကအပင်မှာရှိတယ်သူ့ကိုဟိုးအရင်က
ကျောင်းထိုင်ဆရာတော်ကြီးကပရိတ်
ကြိုးတွေနဲ့ချည်ပြီးအပင်မှာပိတ်ထား
ခဲ့တာတဲ့ငါ့အဖွားကပြောပြတာ''

မင်းမင်းမှာမြို့ကြီးသားပညာတတ်
ဆန်ဆန်တွေးတတ်သောကလေး
ဖြစ်သောကြောင့်ထိုအကြောင်းအရာ
များအားလက်မခံပေယုံလည်းမယုံ
ကြည်ထို့ကြောင့်သူထိုအပင်အား
သွားကြည့်ရန်ဆုံးဖြတ်လိုက်ပြီး

''မင်းငါ့ကိုအဲ့အပင်ဆီလိုက်ပို့ပေးမလား
လိုက်ပို့ရင်မင်းကိုငါဒါပေးမယ်''ဟုပြော
ကာသူ၏အိတ်တွင်းမှလက်နှိပ်ဂိမ်းစက်
လေးအားထုတ်ပြလိုက်လေသည်

ရွာထဲကကလေးဖြစ်သောလှအေးမှာ
ထိုဂိမ်းစက်အားသဘောကျပြီးလိုက်ပို့
ပေးရန်သဘောတူလိုက်လေသည်
ဖိုးလုံးမှာမင်းမင်းအားမသွားရန်တား
နေသည်သို့သော်မင်းမင်းကတားမရ
ီအိမ်ကလူကြးတွေကိုမပြောရန်လည်း
ကတိတောင်းထားလေသည်

သူတို့သုံးယောက်တိုင်ပင်နေစဉ်
အေးမမလိုက်လာကာနှစ်ယောက်
စလုံးအားထမင်းစားရန်လာ၍
ခေါ်သွားလေသည်

ည၌တစ်အိမ်လုံးအိပ်မောကျ
နေသည့်အချိန်မင်းမင်းမှာအိပ်
ယာထက်မှတိုးတိုးတိတ်တိတ်ထကာ
အိမ်အနောက်ဘက်တွင်အဆင်သင့်
စောင့်နေသောလှအေးဆီသို့
သွားလေသည်ဖိုးလုံးမှာသူ့ညီအား
စိတ်မချ၍သူပါလိုက်ပါလာလေသည်

လမ်း၌လည်းတစ်လမ်းလုံးအိမ်လှည့်
ပြန်ရန်သာဖိုးလုံးတစ်ယောက်ဖြောင်းဖျ
နေလေသည်သို့သော်မင်းမင်းကမရ
ရှေ့ဆက်သာသွားနေသည်

''အု အု အု အ အ အ'' ''ကျလိ ကျလိ''

''ချိုး ချိုး ချွပ် ချွပ် ရှပ် ရှပ်''တောလမ်း
တစ်ခုလုံးအသံများမျိုးစုံကြားနေရ
လေသည်သို့ပေမဲ့စူးစမ်းချင်နေသော
ကလေးများအဖို့ထိုအသံများအား
ပင်ကြောက်ရမှန်းမသိဖြစ်နေလေသည်

တောမှာနက်သထက်နက်လာပြီး
မှောင်လာလေသည်ကလေးများမှာ
သူတို့အသင့်ဆောင်ယူလာသော
လက်နှိပ်ဓါတ်မီးများအားထွန်းလိုက်
လေသည်တစ်နေရာအရောက်လှအေး
ရပ်တန့်လိုက်ကာဆိုင်းပုတ်တစ်ခုအား
လက်ညိုးထိုးပြလေသည်မင်းမင်းထို
ဆိုင်းပုတ်အားဖတ်လိုက်ရာ

''ဒီဘက်ရှေ့လမ်းတွင်းသို့ဆက်၍
မသွားကြပါရန်တားမြစ်အပ်ပါသည်
စုန်းမ၏နေရာပရဝုဏ်ဖြစ်သောကြောင့်
ဖြစ်ပါသည်''မင်းမင်းဆိုင်းပုတ်အားဖတ်
ပြီးအားရဝမ်းသာသောလေသံဖြင့်

''ဒါဆိုတို့လာတဲ့လမ်းမှန်နေပြီ''ဟု
ပြောကာလမ်းချိုးလေးထဲဆက်သွား
ခဲ့လေသည်လှအေးမှာဆိုင်းပုတ်နား
တွင်ပင်ရပ်နေရာမင်းမင်းက

''လာလေလှအေးဘာလုပ်နေတာလဲ''

''တော်ပြီမလာတော့ဘူးငါလိုက်ပို့
ပေးပြီးပြီလေငါ့ကိုဂိမ်းစက်ပေးတော့''
ဟုပြောလိုက်ရာမင်းမင်းသူ၏ဘောင်း
ဘီအိတ်ထဲမှထုတ်၍ပစ်ပေးလိုက်လေ
သည်လှအေးမှာဂိမ်းစက်ရသည်နှင့်
ဖနောင့်နှင့်တင်ပါးတစ်သားတည်း
ကျင်ေလာရာလမ်းအတိုင်းပြေးလေရာ
မင်းမင်းက

''အခြောက်ကြောက်တတ်လိုက်တာ''
ဟုပြောပြီးဖိုးလုံးနှင့်အတူရှေ့ဆက်
လျှောက်လာလေသည်လမ်းချိုး၏
တော်တော်လေးဝင်အပြီးတွင်တော့
ကြီးမားလှသောကုက္ကိုလ်ပင်ကြီးတစ်
ပင်အားတွေ့လေသည်ထိုအပင်၏
ပတ်ပတ်လည်တွင်ပရိတ်ကြိုးများ
ြှုဖင့်စည်းနှောင်ထားလေသည်

ထိုအပင်ရှေ့တွင်မင်းမင်းရပ်ကာကြည့်
နေရင်းမှ

''ဖိုးလုံးစုန်းမကိုဘယ်လိုခေါ်ရတာလဲ''
ဟုမေးလိုက်ရာဖိုးလုံးက

''ငါလည်းသေချာမသိဘူးလှအေး
ပြောဖူးတာတော့စားစရာတွေရှာပေးပါ
ကလေးယူပါလို့သုံးခါပြောရတယ်တဲ့''

မင်းမင်းချက်ချင်းပင်ထိုအပင်တွင်
ပတ်ထားသောပရိတ်ကြိုးများအား
လိုက်ဖြေကာချလိုက်လေသည်ပရိတ်
ကြိုးများဖြေပြီးသွားသည့်နောက်ပါးစပ်မှ

''စားစရာတွေရှာပေးပါ
ကလေးယူပါ''ဟုသုံးကြိမ်အော်
ပြောလိုက်လေသည်ထိုစဉ်

''ဟားးးးးးဟားးးးးးဟားးးးးဟားးးးးး
ဟားးးးးဟားးးးဟားးးးးဟားးးးးဟားးးး''
ရယ်သံများနှင့်အတူလေပြင်းများ
တိုက်ခတ်လာလေသည်ထို့နောက်မိုး
ခြုန်းသံများပြင်းထန်လာကာ
ရှည်လျားလှသောဆံပင်ဖြူ
ကြီးမှာအပင်ထက်မှလျှောကာကျ
လာလေသည်

မင်းမင်းကြောင်ကြည့်နေစဉ်
ဖိုးလုံးမင်းမင်း၏လက်အားဆွဲကာ
ပြေးလေတော့သည်အိမ်ပြန်ရောက်
သည့်အခါဖိုးလုံးမှာဘုရားစင်အောက
၌သွားအိပ်နေလေသည်မင်းမင်းလည်း
သူ၏ဘေးတွင်ဝင်ရောက်အိပ်လိုက်
လေသည်

တစ်ရွာလုံးမှာအိပ်မောကျနေသည့်
အချိန်တွင်ဆံပင်များမြေတွင်လျှပ်တိုက်ကာချွန်ထက်လှသော
လက်သည်းများနှင့်လက်ထဲ
၌ကလေးထည့်သည့်စကောအားကိုင်
လျက်ခြေပြောင်းပြန်ဖြင့်စုန်းမမှာရွာ
ထဲသို့ဝင်လာလေသည်

မပုတုဟုအမည်ရသောအမျိုးသမီး
တစ်ဦးမှာအိမ်သာတက်ရန်တစ်ရေး
နိုးလာလေသည်ထိုအချိန်သူမနား
ထဲ၌ကြားလိုက်သောညည်းသံကြောင့်
အိမ်ထဲအမြန်ပြေးဝင်ကာတံခါးအား
ဂျက်ချလိုက်လေသည်ထို့နောက်သူ
၏သမီးအားအိမ်ရှေ့ခန်းဆီမှလှုပ်နိုးကာ
မီးဖိုချောင်ရှိဆန်အိုးထဲတွင်
ထည့်ပိတ်လိုက်လေသည်

''ဘုရားရေသူဘယ်လိုလုပ်ပြီး
ပြန်ရောက်လာတာလဲ
ကယ်တော်မူပါ''ဟုပြောကာ
ဘုရားစင်အောက်တွင်
ထိုင်၍ဘုရားရှီခိုးနေ
လိုက်လေသည်

ညဉ်းသံကြီးမှာကျယ်သထက်
်ကျယ်လာလေရာအေးမမ
တစ်ယောက်နိုးလာလေသည်

''ဝေါ ဝေါ ဝေါ ဖရော ဖရော''
လေသံလားမိုးသံလားမကွဲပြား
သောအသံများရုတ်တရက်ကြား
လာရကာ

''ဂျိန်းးးးးးးးဂျလိန်းးးးးးး''မိုးများလည်း
ခြိမ်းလာလေသည်တစ်ချက်ချက်
လျက်လိုက်သောလျှပ်စီးများက
မိုးကြိုးပစ်လိုက်သည့်နှယ်
ကြောက်စရာကောင်းလှပေသည်

''အင်းးးဟင်းးးးဟင်းးးးဟင်းးးဟင်းး
အင်းးးးဟင်းးဟင်းးးဟင်းးးဟင်းးး''

အေးမမအတန်ကြာသည်အထိ
အိပ်ယာထဲ၌ထိုအသံအားနားစွင့်
နေရာအသံမှာနီးသထက်နီးလာ
လေသည်ဖြုန်းခနဲအေးမမအိပ်ယာ
ထက်မှထကာကလေးနှစ်ယောက်၏
အိပ်ခန်းဆီသို့တက်ပြေးလေရာ

ကလေးနှစ်ယောက်မှာဘုရားစင်
အောက်၌အိပ်နေသည်အားတွေ့
လိုက်ရလေသည်အေးမမပြေးသွား
ကာကလေးနှစ်ယောက်အားလှုပ်နှိုး
တော့သည်

''ဖိုးလုံး ဖိုးလုံး မင်းမင်း မင်းမင်း
ထထ ထကြစမ်းမြန်မြန်''ကလေး
နှစ်ယောက်မှာအိပ်ချင်မူးတူးဖြင့်
ထလေရာအေးမမကလေးနှစ်ယောက်
အားအပေါ်ထပ်အခန်းဆီသို့ခေါ်သွား
ကာတံခါးအားအပြင်ဘက်မှသော့
ခတ်လိုက်လေသည်

ကျယ်လောင်လှသောညည်းသံနှင့်
အတူထူးခြားစွာပြောင်းလဲသွားသော
ရာသီဥတုကြောင့်အိပ်နေသူများနိုး
ကုန်ကြလေတော့သည်

အိမ်သူအိမ်သားများအားလုံးအိပ်ခန်း
အပြင်ဘက်သို့ကိုယ်စီကိုယ်စီထွက်
လာကြလေရာအေးမမမှာအပေါ်ထပ်
အခန်းအပြင်ဘက်တွင်ချွေးစေးများ
ပြန်ကာရပ်နေသည်အားတွေ့လိုက်
ရလေသည်

စုစုမော်က

''အေးမ ညီမလေးဘာတွေဖြစ်နေတာလဲ''
ဟုလှမ်းမေးလိုက်ရာအေးမမမှာ
အလွန်ထိပ်လန့်နေသည့်အမူအရာ
ဖြင့်တံခါးမအားလက်ညိုးထိုးပြနေ
လေသည်ဒေါက်တာကျော်ကျော်
အပေါ်ထပ်ဆီသို့ပြေးတက်သွားကာ
အေးမမအားပုခုံးနှစ်ဖက်မှကိုင်လှုပ်
လိုက်ရင်း

''အေးမညီမလေးဘာဖြစ်နေတာလဲ
ပြောပါအုန်းဘာတွေဖြစ်နေတာလဲ''

အေးမမတုန်ရီနေသောအသံဖြင့်

''ကိုကိုကြီးဟို ဟိုသူ သူပြန်လာပြီ
ကိုကိုကြီး''စုစုမော်ကလည်း

''ဘယ်သူတုန်းဘယ်သူပြန်လာ
တုန်းအေးမဘာတွေပြောနေတာ
တုန်းကလေးတွေကောဘယ်မှာလဲ''

''သူ သူကလေးလာယူဖို့လာနေတာ
ကိုကိုကြီး မစုဒီ ဒီအခန်းရှေ့မှာပိတ်နေ
ကလေးတွေကိုသူမယူစေနဲ့''အေးမမ
မှာအလွန်ထိတ်လန့်နေလေသည်

ဒေါက်တာကျော်ကျော်စိတ်မရှည်
တော့ပဲအေးမမအားငေါက်လိုက်
လေသည်

''အေးမနင်ဘယ်လိုဖြစ်နေတာလဲ
ဘာကြောင်တောင်တောင်တွေပြော
နေတာလဲဘယ်သူလာတာလဲ''
အေးမမပါးစပ်မှ

''စုန်းမ''    ''ဘာ အေးမနင်ဘာတွေ''

''ဝုန်းးးးးးး''အိမ်၏တံခါးမမှာရုတ်တရက်
အပြင်မှတစ်စုံတစ်ယောက်တွန်းဖွင့်
လိုက်သကဲ့သို့အရှိန်ဖြင့်ပွင့်သွားခဲ့
လေသည်အေးမမကငိုလျက်

''ကိုကိုကြီးသူ သူဝင်လာပြီကလေးတွေ
ကလေးတွေကိုသူယူတော့မှာလုပ်ပါ
အုန်းလုပ်ပါအုန်းကိုကိုကြီး''ထိုစဉ်ပြင်း
ထန်လှသောလေပြင်းများအိမ်ထဲသို့
တိုးဝင်လာကာအပြင်မှသော့ခတ်ထား
သောအခန်း၏သော့ခလောက်မှာ
ပွင့်သွားလေသည်

သော့ခလောက်ပွင့်သွားပြီးနောက်
အခန်းတံခါးမှာပွင့်သွားကာအနက်
ရောင်ရှိသောမီးခိုးတန်းတစ်ခုထိုအခန်း
ထဲသို့ဝင်သွားပြီးအခန်းတံခါးမှာပြန်၍
ပိတ်သွားလေသည်

ထိုအခါမှကြောင်ကြည့်နေကြသော
သူတို့သုံးဦးသတိဝင်လာကာအခန်း
တံခါးအားတဒုန်းဒုန်းနှင့်ထုနှက်လေ
တော့သည်ဒေါက်တာကျော်ကျော်က

''ဘယ်သူလဲ ကလေးတွေကိုဘာမှ
မလုပ်နဲ့ ဖွင့်စမ်းတံခါးဖွင့်စမ်း''မိန်းမသား
နှစ်ယောက်မှာကြောက်လန့်၍ငိုနေ
လေသည်

''ကျွီ'' တံခါးပြန်၍ပွင့်သွားရာသုံး
ယောက်စလုံးအခန်းထဲသို့ပြေးဝင်
လာခဲ့ကြလေသည်မြင်ကွင်းမှာကြည့်
မကောင်းတော့ပေဖိုးလုံးတစ်ယောက်
အိပ်ယာပေါ်၌သတိလစ်နေကာပါးစပ်
မှအမြှုပ်များထွက်နေလေသည်

အေးမမပြေးသွားကာ

''သားသားလေးကိုကိုကြီးရေလုပ်
ပါအုန်းသားလေးခေါ်မရတော့ဘူး'' အေးမမဖိုးလုံးအားပွေ့ကာ
ရွာဆေးခန်းဆီသို့ပြေးလေတော့
သည်ထိုအခါမှစုစုမော်က

''မင်းမင်းကော မင်းမင်းဘယ်ရောက်
သွားတာလဲမင်းမင်း မင်းမင်း ကိုကျော်
မင်းမင်းမရှိတော့ဘူး''

''သား သားမင်းမင်းရေ မင်းမင်း''
စုစုမော်ရောဒေါက်တာကျော်ကျော်
ပါတစ်အိမ်လုံးနှံ့နေအောင်ရှာကြ
ပေမဲ့မင်းမင်း၏အစအနပင်မတွေ့
ရတော့ပေ။   ။   ။
ဆက်‌ရန်‌

Post a Comment