အဆုတ်‌ကင်‌ဆာနှင့်‌ ဆီးကျိတ်‌ကင်‌ဆာ

အဆုတ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာအတွက် ကညွတ်ကုထုံး

ရောဂါအမျိုးမျိုးကို ခံစားနေရသော ဝေဒနာရှင်များမှ သဘာဝဆေးနည်းများကို မကြာခဏ တောင်းဆိုလာကြပါတယ်။ မိမိကလည်း သူတို့ခံစားနေရတဲ့ ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်များကို လက်လှမ်းမီသလောက် ရှာဖွေပေးပါတယ်။ ပြသင့်တဲ့ ဆေးရုံဆေးခန်း၊ ဆရာဝန်များကိုလည်း ညွန်ပေးလေ့ရှိပါတယ်။

သို့သော် အချို့ဝေဒနာရှင်များက ဆရာဝန်နှင့် ပြကြည့်ပြီးဖြစ်ကြောင်း၊ နယ်စွန်နယ်ဖျားမှဖြစ်၍ ခေတ်မီဆးရုံဆေးခန်း၊ ဆရာဝန်များနှင့် အလှန်းဝေးကြောင်း၊ ငွေကြေးကလည်း မတတ်နိုင်သည့်အတွက်ကြောင့် သဘာဝဆေးနည်းဖြင့်သာ ကုသလိုကြောင်း တောင်းဆိုလာကြပါတယ်။

ဒါ့ကြာင့် သဘာဝဆေးနည်းများကို တတ်နိုင်သလောက် ရှာဖွေစုဆောင်းပြီး
ဝေဒနာရှင်များအတွက် ပြန်လည် မျှဝေပေးလျှက် ရှိပါတယ်။

ဒီဆေးနည်းကတော့ ဦးမိုးမင်း မျှဝေပေးတဲ့(ကညွတ်၏တန်ဖိုး)မှ ဖြစ်ပါတယ်။
နိုင်ငံခြားဘာသာပြန် ကညွတ်ကုထုံး ဖြစ်ပါတယ်။

ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ် ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့ စာရွက်တစ်ရွက်ကို ကျွန်တော် ရခဲ့တယ်။ Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ) တဲ့။

ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ သူရဲ့ ပရောဂျက်လုပ်ငန်းတွေထဲမှာလည်း သူနှင့်အတူ လုပ်ကိုင်ခဲ့သလို စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ အများကြီးရှိပါတယ်။

၁။ အသက် ၆၈ နှစ်အရွယ် အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ ဆီးကြိတ်ကင်ဆာလက္ခဏာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့် ကုသခဲ့သော်လည်း မပျောက်တဲ့အတွက် ကညွှတ်ကုထုံးနဲ့ ကုသပြီး ၃ လအကြာမှာ ဆေးပြန်စစ်ကြည့်ရာ ဆီးကြိတ်ကင်ဆာလက္ခခဏာများ
ပျောက်ကင်းသွားပြီး ကျောက်ကပ်နှစ်ခုဟာလည်း ပုံမှန် ပြန်ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

၂။ အမေရိကမှ လူငယ်တစ်ယောက်ဟာ အဆုတ်ကင်ဆာကြောင့် မျှော်လင့်ချက်မဲ့ပြီး အိပ်ယာထဲ ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။ ကညွှတ်ကုထုံးနဲ့ (၁)နှစ် ကုသအပြီးမှာတော့
ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်း မပေါ်လာတော့ပါဘူး။ နောက်ဆုံး သူဟာ ပြန်ကောင်းသွားပါတယ်။

၃။ လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။ ၁၉၇၁ မတ်လ ၅ ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့ ရောဂါဟာ အလွန်ရင့်ပြီး အမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက် ခွဲစိတ်လို့ မရခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့
ပြောခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။ သြဂုတ်လမှာတော့ ဓါတ်မှန် သွားရိုက်ကြည့်တဲ့အခါ ကင်ဆာလက္ခဏာတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လုပ်နိုင်ခဲ့ပါတယ်။

ဒီသာဓကတွေကတော့ ကညွတ်ကုထုံးကြောင့် သက်သာပျောက်ကင်းသွားကြတဲ့ သာဓကများဖြစ်ပါတယ်။ ကညွတ်၏ အခြားကျန်းမာရေးအကျိုးပြုပုံများလည်း အမျာြးုကီး ရှိပါသေးတယ်။

ကညွတ်ကုထုံးပြုလုပ်နည်း

(၁) ကညွှတ်တစ်စည်းခန့်ကို စင်ကြယ်အောင်ဆေးပြီးလျှင် သစ်သီးဖျော်စက်ထဲထည့်ပြီး ရေအနည်းငယ်မျှထည့်၍ ကြိတ်ပါ။

(၂) အရည်ကို ညှစ်ယူပြီး အဖုံးပါသော အ၀ကျယ်ပုလင်းဖြင့်ထည့်၍ ကြာကြာထားခံအောင် ရေခဲသေတ္တာထဲ ထည့်ထားပါ။

(၃) ထိုကညွှတ်ရည်ကို စတီးဇွန်း ၄ ဇွန်းခန့်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ပါ။

(၄) တစ်ပတ်စာသောက်ရန်သာ ကြိတ်ထားပြီး ကုန်အောင်သောက်ပါ။ တစ်ပတ်ကျော်လျှင် အသစ်ပြန်လုပ်ပါ။ တစ်လခွဲခန့်ဆိုလျှင် ရောဂါ သက်ပျောက်ကင်းလာစေမည်။ တစ်လနောက်ပိုင်း အနည်းငယ်စီ လျှော့၍ သောက်သွားပါ။

ကင်ဆာမဖြစ်သူများလည်း ကညွတ်ရည်ကို ပျားရည်ထည့်၍ ဖျော်ရည်လုပ်ကာ မကြာခဏသောက်ပေးခြင်းဖြင့် ရောဂါကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ကညွတ်ကို ကြော်စား၊ ကင်စားလို့လည်း ရပါတယ်။

အနာနှင့်ဆေး တည့်သွား၍ ရောဂါခံစားနေရသော ဝေဒနာရှင်များ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - ဦးမိုးမင်း၏ Asparagus For Cancer

စောနွဲ့ နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ

Post a Comment