မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၂၇

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                     အပိုင်း(27)
ဒီနေ့တော့ အလုပ်ဆင်းရတောမည် အဖြေကမရ
သေးသဖြင့် သူဌေးနှင့်တွေ့ရင်ဘယ်လိုလုပ်ရမယ်
မှန်းမသိတော့ပါ သက်ပြင်းလေးချကာ စိတ်ပျက်
လျှက် သူမကုမ္မဏီသို့ရောက်လာတော့သည်။
ဌာနသို့ရောက်သောအခါ ဌာနာလူများက သူမကို
ဝမ်းသာအားရ နူတ်ဆက်ကြပေ့မဲ့ သူမကစိတ်ထဲ
တွင် သူဌေးလာရင် ငါဘယ်ကိုပြေးရမလဲဟုသာ
တွေးနေမိသည် ဒီလိုနဲနေလည် ဆယ်တစ်နာရီ
ထိုးတော့မည် သူဌေးရဲ့အရိပ်အရောင်တောင် မ
တွေ့ရသေးပါ။
သူမ ထိုင်နေရာက ထလိုက်ပြီ ဌာနမှူးဆီသို့ ရောက်လာကာ ဌာနမှူးက
"ဘာပြောစရာရှိလိုလဲ သမီး"
"ဟိုလေ မေးစရာရှိလို့ဌာနာမှူး ဌာနမှူးက လူကြီး
ဆိုတော့ သိမလားလို့"
"ဘာများလဲ ပြောကြည့်လေ အလုပ်ကိစ္စတော့
မဟုတ်လောက်ဘူး ထင်တယ်"
"ဟုတ်တယ် အလုပ်ကိစ္စမဟုတ်ဘူး သူဌေးကိစ္စ
ဝန်းမေးတာကို ဘယ်သူကိုမှမပြောနဲနော်"
"အေးပါ ပြောပါ ဘာများလည်း"
ဌာနမှူးနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီ
"ဌာနမှူး သူဌေးကို ဂရုစိုက်လား"
"ဟာ ဂရုစိုက်တာပေါ့ သူဌေးကို ဂရုမစိုက်မရင်
အလုပ်ပြုတ်သွားမှပေါ့ ကြောက်ရတယ်ဟ"
"ဟာ အဲလိုမေးတာမဟုတ်ဘူးဌာနမှူးကလည်း"
"ဒါဆိုသမီးက ဘယ်လိုမေးတာလဲ"
"သူဌေးကို သူများထက်ပိုပြီ ဂရုစိုက်တာတို့ပေါ့ ပြီ
တော့ သူဌေးကို ခဏခဏတွေ့ချင်တယ် ပြီ
တော့ ရန်ဖြစ်ချင်တယ် သူနေကောင်းလာမေးချင်
တယ် အဲဒါက သူများထက်ပိုနေတယ်တဲ့ သုဌေး
ကပြောတယ် ဝန်းကို သူကိုဘာလိုဂရုစိုက်တာ
လည်တဲ့ မသိရင် စကားမပြောဘူးတဲ့ အဲဒါဌာနမှူး
သိလားဟင်"
"ဟေ့.သိတာပေါ့ဟ အရူးမလေးရဲ့ သမီးကဒါလေး
တောင်မသိဘူးလား သူဌေးကသိလို သမီးကို
မေးတာထင်တယ် သမီးကရောမရိပ်မိဘူးလား"
"ဟင်အင်းမသိဘူး ဘာလိုလဲဟင်"
"လာအုံး"
ဌာနာမှူးက သုကို အနားကပ်ပြီ တိုးတိုးပြောလိုက်
သည်။
"သမီး သူဌေးကိုချစ်နေပြီ"
"ရှင်းးးးးးးးးးးးးးးးးဘာပြောတယ်"
"ဟုတ်တယ် အဲဒါက အသေအချာဘဲ သမီး သမီး
သူကိုတွေ့ရင်ပျော်တယ် သူစိတ်ဆိုးရင် သမီး မနေနိုင်ဘူး ဟုတ်တယ်မဟုတ်လား"
"မဖြစ်ဘူး မဟုတ်ဘူး အဲလိုပြောရင် အလုပ်ထုတ်
မယ်တဲ့ သူက"
"ဟေ့ သုဌေးကအဲလိုပြောလား"
"အင်း အဲဒါကြောင့် စိတ်ညစ်နေတာပေါ့ အကိုမို့
လိုလည်ပြောမရဘူး လေးစားလိုလည်ပြောမရဘူး"
"အဲဒါဆို ငါလည်မသိတော့ ဘူးသေချာတာက
တော့ နင်သူဌေးကို ချစ်နေပြီထင်တာဘဲ"
"အဲလို ဂရုစိုက်ရင် ချစ်မိတာလား"
"အင်း သူကိုတွေ့ရင်မခုန်ဘူးလား"
"ရင်ခုန်တာဘာလဲ မသိဘူး"
"ဟမ် ရင်ခုန်တာတောင်မသိဘူးလားဟ သြော် ငါနားလည်ပြီ ဒါကြောင့်သူဌေးက နင်ကိုမေးလိုက်
တာကိုး ငါသဘောပေါက်ပြီ သမီးကရင်ခုန်တာ
တောင်မသိတော့ သူကိုနင်ချစ်နေတာ နင်ဘယ်လို
သိမလဲ ဟားးးးးတော်လိုက်တဲ့ သူဌေးပါလား ကယ်
ဒေါ်လဝန်းအိမ် နင်အဖြေကို ဘယ်သူကမှ မကူညီနိုင်ဘူး နင်ဘာသာ နင်တွေးဖြစ်ချင်တဲ့
ဆန္ဒကို သာတွေးပြီ ဖြေလိုက်တော့ နင်ကိုနင်မှ
မသိတော့ ဘယ်သူမှကူညီပေးလို့မရဘူး"
"ဒါဆို ဝန်းကသုဌေးကိုချစ်မိနေပြီပေါ့"
"သေချာတာပေါ့ဟာ နင်ချစ်မိနေတာ ငါမပြောနဲ
သူဌေးတောင်သိတယ် နင်ကိုသူသိလိုမေးတာရှင်း
ပြီလား"
"ဘာ သူသိတယ် သူသိရဲ့သားနဲဘာလိုမပြော
တာလဲ"
"နင်ပြောတာကြားချင်လို့နေမှာပေါ့ဟ ဒါလေး
တောင်မသိဘူးလား"
"တွေ့မယ် သူဌေးစုတ် လူယုတ်မာကြီး ဘီးလူးကြီး ငါကိုစိတ်သောကရောက်အောင်လုပ်တယ် သူများ
ချစ်နေတာကို သိရဲ့သားနဲ အနိုင်ကျင့်တယ်"
သူမဒေါသထွက်ကာ ထိုင်ရမှထလိုက်ပြီ ဌာနမှူး
က
"ဟဲ့ ဟဲ့ ဘယ်လဲဒါ"
"ဘယ်ကိုသွားရမလည်း သူဌေးအစုတ်ပလုတ်ကို
သွားရှာပြီ ရန်ဖြစ်မလို အလုပ်ထုတ်ချင်ထုတ်ပါစေ
တွေ့မယ် အလုပ်ထုတ်ခံထိပြီတော့ကိုရန်တွေ့
ပြစ်မယ်"
"ဟဲ့ ဟဲ့ လွန်မယ်နော်"
"လွန်ပါလေ့စေ ဒီလူယုတ်မာကို ဆုံးမရမယ်"
သူမ ဌာနမှူးစကားကို နားမထောင်တော့ဘဲ ဒေါနှင့်မောနှင့် ရုံးခန်းဆီသို့ ထွက်လာတော့
သည်။
"တွေ့မယ် ဘီလူးကြီး ဟွန့် လူကိုစိတ်ညစ်အောင်
လုပ်တယ် သေဖို့သာပြင်ထား ခင်ဗျားကြီးကိုမှာ
မသတ်နိုင်ရင် လဝန်းအိမ်မဟုတ်တော့ဘူး"
သူမစိတ်တိုတိုဖြင့်လာနေရာ လမ်းတွင်
"ဝန်းလေး ဘယ်သွားမှာလဲ"
"ဟင်မမ ဘယ်လာတာလဲ"
"နေထက်ဆီကိုလာတာ"
"အတော်ဘဲမမ လာသွားမယ် ဝန်းလည်အဲဒီကို
သွားမလို့"
"ဝန်းကို ကြည့်ရတာ စိတ်တိုနေသလိုဘဲ"
"ဟုတ်တယ် ဟိုရုံးခန်းထဲက ဘီးလူးကိုသွားသတ်
မလိုလေ"
"ဘာဖြစ်ကြပြန်ပြီလဲ ဝန်းရယ်"
"ရောက်ရင်သိမယ်မမ လာသွားမယ်"
"အင်း"
ပိုးအိမ် ခေါင်းလေးငြိမ့်ပြလိုက်ပြီ သူမနောက်ကို
လိုက်လာ လိုက်တော့သည်။ သူမကိုကြည့်ပြီ ပြသာနာဖြစ်နေကြပြီဟု ထင်က သူမစိတ်ပူနေ
တော့သည်။
ရုံးခန်းထဲတွင် နေထက်ကစာရင်းစစ်နေတော့
သည်။ သက်မင်းက သူနားသို့စာရင်းဖိုင်များ လာ
ချပေးပြီ
"ဟဲ့ရောင်နေထက် မင်း ဝန်းကို ဘာပြောထားလို
လည် သူတော်တော် စိတ်ရှုတ်နေတဲ့ ပုံပေါက်
နေတယ် ပါးစပ်ကလည် ငါသူကိုဘာလိုဂုစိုက်
လည် ငါသူကိုဘာလိုဂရုစိုက်လည် ဆိုပြီ ရွတ်နေ
တယ် နင်တစ်ခုခုပြောထားလိုလား နဂိုကတည်းက
သူဖာသာသူတောင် တော်တော်ဂေါက်နေတာ
မင်းကြောင့်မှ ငါညီမကို ရွာသာကြီးပို့နေရဦးမယ်"
"ဟားးးးးမင်းကလည်ကွာ အဲလောက်မလိုပါဘူး
သူရင်ထဲကနေ ထွက်လာမယ်စကားကို ငါတီး
ခေါက်လိုက်တာ"
"ကြည့်ကျက်လည် လုပ်ကြဦး ဟိုမှာငါကြည့်ရတာ တော်တော်ဂေါက်နေပြီ"
"ဟားးးး"
"ဒေါက်……ဒေါက်…ဒေါက်"
"ဝင်လာပါ"
တံခါးခေါက်သံကြား သဖြင့် သူတို့နှစ်ယောက်
စကားပြောတာရပ်သွားကြတော့သည်။ တံခါးကို
ခပ်ကြမ်းကြမ်းလေး ဖွင့်ကာဝင်လာ သူက သူမ
သူနှင့် သက်မင်း သူမဒေါသ ထွက်နေတဲ့ပုံကို
ပြီ လန့်သွားသည်။ သူက ထိုင်ရမှထ လိုက်ပြီ သက်မင်း ကဘေးကပ်လိုက် သည်။ သက်မင်းက
"ဝန်း နင်ဘာဖြစ်လာတာလဲ"
"လူသတ်မလိုလာတာ"
"ဘယ်သူကိုသတ်မှာလဲ"
"သူကိုသတ်မှာ"
သူမ က သူကိုလက်ညှိုး ထိုး၍ပြောလိုက်သည်
သက်မင်းရော သူဘာအံသြသွားတော့သည်။
သူက သတိပြန်ထားလိုက်ပြီ သူမအနားလျှောက်
လာကာ
"ဘာလည်ငါကိုသတ်မလို့"
"ဟုတ်တယ်"
" အဖြေသိပြီလား"
"လူယုတ်မာကြီး ဖြန်းးးး လူကိုစိတ်ညစ်အောင်လုပ်
တယ်"
သုမ မျက်ရည်ကျလာလျှက် သူကိုပါးတစ်ချက်ရိုက်
လိုက်တော့သည်။ သက်မင်းနှင့် နောက်မှလိုက်ဝင်
လာသော ပိုးအိမ်ပါ အံအားသင့်သွားသည်။ သုက
"နင် ငါကို ဘာလိုရိုက်တာလဲ"
"အမြင်ကတ်လို့ ရိုက်တာ ဘာဖြစ်လည်"
"နင်အမြင်ကတ်ရအောင် ငါကဘာလုပ်လိုလဲ"
"အံမယ် ဟုတ်လား ဘာမှမလုပ်ဘူးပေါ့လေ သိ
လျှက်နဲ သူများကို အဖြေကျပ်အောင်မေးတယ်
လေ ရှင့်ကိုမုန်းတယ် လူယုတ်မာကြီး"
သူမက နောက်မထပ်ရိုက်ရန်ရွယ်လိုက်တာကို သူ
ကလက်ကိုဖမ်းလိုက်သည်။
"မရတော့ဘူး တစ်ခါဘဲ ကယ်ပြော ဘာဖြစ်လာ
တာလဲ"
"မမေးနဲ မဖြေဘူး သုများ ချစ်မိနေတာကို သိနေ
ရဲ့သားနဲမေးတယ် ချစ်နေတယ်လိုပြောရင် အလုပ်ထုတ်မယ်လေးဘာလေးနဲ ဒီမှရှင်အလုပ် ထုတ်စာမလိုဘူး ကိုယ့်ဘာကိုယ် ထွက်တယ် နောက်နေကစပြီ အလုပ်လုံးဝမလာတော့ဘူး ရှင်မျက်နှာလည်ဘယ်တော့မှ မကြည့်တော့ဘူး"
သူက ပြုံးကာ သူမကကိုယ့်ကိုယ်ကို သိသွားပြီ
ဆိုတာသိသွား သဖြင့် သူပျော်သွားတော့သည်။
"ဒါဆို မင်းက ငါကိုချစ်လို့ဂရုစိုက်တာပေါ့ ဟုတ်
လား"
"မပြောဘူး"
"ဟားးးးး "
"မရီနဲနော် ဒေါသထွက်နေတာ"
"မရီပါဘူး ပျော်သွားတာ မင်းအလုပ်ထွက်စရာ
မလိုပါဘူး မင်းကို ငါ့က အလုပ်မထုတ်တဲ့အပြင်
ရာ ထူးတိုးပေးဦးမယ်"
"တော်ပြီ ရှင့်ကိုမယုံတော့ဘူး"
သူမရဲ့ပုခုံးကို ဆုတ်ကိုင်လိုက်ပြီ သူမကိုသေချာ
ကြည်ပြီ ပြုံးကာပြောလိုက်တော့သည်။ သူမက မျက်စောင်းလေးထိုးကာ
"တစ်ကယ်လား"
"အင်း တစ်ကယ်ဘဲ"
ကြောင်၍ကြည့်နေသော သက်မင်းက
"သြော် ငါက ဘာများဖြစ်ကြတာလည် လန့်သွား
တာဘဲ နောက်ဆုံးတော့ မင်းတို့က တော်ပြီကွာ ခုနကတော့ အခုဘဲသတ်ကြတော့မလိုနဲ ငါဘဲဝင်
ရှင်းပေးရတော့မလိုနဲ အခုကြတော့"
"ကိုကိုကလည်း"
"ဘာကိုကိုကလည် အခုမှ"
သူက လှည့်ကြည့်လိုက်ရ ပိုးအိမ်ကိုတွေ့သွား
သည်။
"ပိုးအိမ် ဘယ်တုန်းကရောက်လည်"
"အခုဘဲ"
"အာ့ sorryဟာ ငါ …ဝန်းဒေါသ ထွက်နေတော့
သတိမထားလိုက်မိဘူး"
"ရပါတယ် ငါနားလည်ပါတယ်"
သက်မင်းက ပိုးအိမ်ကို ကြည့်ပြီ အခန်းအပြင်ထွက်
ရန် ပြင်လိုက်သည်။ ပိုးအိမ်က
"ဒါဘယ်လဲ သက်မင်း"
သက်မင်းက ခြေစုံရပ်လိုက်တန့်သွားသည်။
"ငါကို ဘယ်အထိနင်ရှောင်နေဦးမှလဲ ငါညက ဖုန်း
အကြိမ်ကြိမ်ခေါ်တယ် နင်မကိုင်ဘူးနော် အဲဒါ
တောင် နင်ငါကို ချစ်တာတဲ့လား"
သက်မင်းဘာမှပြန်မပြောချေ ပိုးအိမ်ကိုကျော
ပေး၍ရပ်နေတော့သည်။ နေထက်လည်း သူတို့နှစ်
ယောက်ရဲ့အခြေနေကို နားလည်သွားတော့သည်။
ဒါကြောင့် သူ သူမလက်ကို လက်ကိုဆွဲကာ
"သြော် …ပိုးအိမ်နဲ သက်မင်း ငါတို့ကို ခွင့်ပြုဦးနော်
နင်တို့နှစ်ယောက် စကားပြောဖို့ လိုနေတယ်ထင်
တယ် စကားပြောကြဦး"
သူမက နားမလည်ဟန်ဖြင့်
"ဘာလိုလဲဟင်"
"လာ သွားမယ် ဘာလိုလည်ဆိုတာ အပြင်ရောက်
ရင်ပြောပြမယ်"
သူမဘုမသိဘမသိနှင့် သူနောက်သို့လိုက်လာ
ခဲ့တော့သည်။ သူတို့လည်အခန်းထဲကနေထွက်
သွားကြတော့သည်။
  သက်မင်းက ကျောပေးရပ်လျှက် ပိုးအိမ်က
"နင်မှငါကို ပြောစရာစကားမရှိဘူးလား သက်မင်း
နင်ပြောစရာတကယ်မရှိဘူးဆိုရင် ငါပြန်တော့
မယ်"
သက်မင်း နောက်သို့လှည့်လာပြီ
"ငါ…ငါဘာဆက်ပြောရမလည်း ပိုး နင်ငါကိုမချစ်
နိုင်ဘူးဆိုတာသိနေတာဘဲ"
"နေထက်ကတော့ ပြတ်သားတယ် ငါကိုငြင်းပြီ
ဝန်းကိုရွေးချယ်လိုက်တယ် နင်ကတော့ ငါကိုချစ်
တယ်ပြောတယ် ကျောခိုင်းလိုက်တယ် ကောင်းပါ
တယ်နင်တို့နှစ်ယောက်စလုံး ကောင်းပါတယ်
အရမ်းတော်ကြပါတယ် ငါကဘဲနင်တို့ကိုယုံမိလို့
ညံသွားတာ"
"ငါမှပြောစရာမရှိဘူး ပိုး"
"ကောင်းပြီလေ နင့်မှပြောစရာမရှိတော့ဘူး
ဆိုတော့ ငါပြောစရာရှိတယ် လာနူတ်ဆက်တာ ငါမနက်ဖြန် usaကိုသွားတော့မယ် ပြန်မလာ
တော့ဘူး ငါဘယ်တော့မှ မြန်မာနိုင်ငံပြန်မလာ
တော့ဘူး နေထက်ကိုလည် ပြောလိုက်ပါ ငါနူတ် ဆက်သွားတယ်လို့ ငါသူကိုနူတ်မဆက်ချင်
တော့ဘူး နင်ကိုနောက်ဆုံးတွေ့ချင်လို လာခဲ့တာ
ဒါဘဲ ငါသွားတော့မယ်"
သူမသူရှေ့ကနေလှည့်ကာ အခန်းထဲကနေ ထွက်
သွားလိုက်တော့ သည် ငါကိုတားပါသက်မင်းရယ်
ငါကို နင်တားရင်း ငါမသွားတော့ဘူးဟာ နင်ငါကို
တားပါဟာ ငါကိုနင်အမြဲတမ်းနားလည်ပါတယ် အခုဘာလို နားမလည်တာလည်ဟာ သူမ မျက်ရည်များ ကျလာတော့သည် သူမအခန်းထဲမှ
နေထွက်သွားလိုက်တော့သည်။ သက်မင်းလည် ဘာဆက်ပြောရမှန်းမသိတော့ဘဲ ရပ်ရင်ကြောင်
တောင်တောင်ဖြစ်နေတော့သည်။
"ပိုးရယ် ငါဘယ်လိုတားရမလည်းဟာ နင်သိပ်ရက်
စက်တယ် ပိုးရယ် ငါကိုနားမလည်းဘူးကွာ"
နူတ်မှတီးတိုးရေရွတ်မိတော့သည်။
ဦးဘုန်းမြင့် ဧည့်ခန်းမှ ထိုင်စောင့်နေတော့သည်။
ဒေါ်မြခက် အပြင်မှာ ပြန်ရောက်လာတော့သည်။
ဦးဘုန်းမြင့်က
"ခက် ဘယ်ကပြန်လာတာလဲ ခဏလာပါဦး"
"သားကိုသွားကြည်ပြီပြန်လာတာပါ"
သူမက ဝင်ထိုင်လိုက်တော့သည်။ပြီတော့ ဦးဘုန်း
မြင့်ရဲ့ရှေ့မှ ဒူးထောင့်လိုက်ပြီ
"ခက်ရဲ့ သားလေးကို ကယ်ပေးပါ ကိုဘုန်းရယ်
ခက်ရဲ့သားလေးကို ကယ်ပေးပါ ခက်တောင်း
ပန်းတယ် ခက်မကြည့်ရက်ဘူးရှင် ခက်သားကို
ူ မြင်ရတာ ခက်ရင်ကို ဓါးနဲမွှမ်းနေသလိုဘဲ ကယ်
ပေးပါ ကိုဘုန်းရယ်"
ဒေါ်မြခက် ဦးဘုန်းမြင့်လက်ကို ကိုင်လျှက်ငိုတော့
သည်။ ဦးဘုန်းမြင့်က
"ခက်"
"ရှင်"
သူမကမျက်ရည်တွေ သုတ်လိုက်တော့သည်။
"ငါမင်းကို ဘာလိုလက်ထပ်ခဲ့လည်းသိလား"
"ဟင်အင်း"
"ငါ့သားအတွက် အမေကောင်းတစ်ယောက် ရစေ
ချင်လို သားမှညီ မရှိတော့ ညီဘွားကို သူညီလေး
အဖြစ် အဖော်ရစေချင်လို မင်းကို ငါလက်ထပ်ခဲ့
တာ အခုတော့ ငါမှားပြီဆိုတာသိလိုက်ရတယ်"
"ရှင်………"
"မင်းတို့သားအမိက ငါ့သားကို လုပ်ကြံကြလိမ့်
မယ်လို့ ငါမမျော်လင့်မိခဲ့ဘူး ငါ့သားကငါ့ကို အတန်
တန်တားနေတဲ့ကြားက မင်းတို့ကိုငါနေရာပေးခဲ့
ငါ့သားလို့မျိုး မင်းရဲ့သားကို ချစ်ပေးခဲ့တယ် မင်းက
တော့ ငါသားကို မင်းသားလို သဘောမထားခဲ့ဘူး
ငါရှေ့မှတော့ မင်း ငါသားကို ကောင်းပြတယ် ငါသားကလက်မခံတော့ ငါက သားကို ရိုင်းတယ်
လိုထင်ခဲ့မိတယ် ငါကို အိမ်ဖော်အဒေါ်ကြီးပြောပြ
လို မင်းနဲ့ငါသား ရဲ့ဆက်ဆံမှုတွေ မင်းအကြိမ်ကြိမ်
လုပ်ကြံ မှုတွေကိုငါနားထောင်လိုက်ရတယ်"
"ရှင်"
"နောက်ကျမှသိရတဲ့ ငါကိုငါလည်မုန်းတယ် ဒီနေ့
ငါကို ကုနေတဲ့ ဆရာဝန်လာသွားတယ် ငါရဲ့ရော
ဂါအခြေနေ လာကြည့်လို့ ငါသောက်နေကြဆေးကို
ပြမိတယ် မင်းး ငါရဲ့ဆေးတောင်လဲပြီ တိုက်တယ်
နော် မင်းကွာ ထားလိုက်တော့ ဒါလည် မင်းအပေါ်
ထားတဲ့ ငါရဲ့မိုက်မဲတဲ့ ယုံကြည်မှုတွေဘဲ  ငါစိတ်
မကောင်းဆုံးကာ ငါ့သားကို မင်းကားနဲတိုက်သတ်
တာမအောင်မြင်လို မင်းသားနဲပေါင်းပြီ လုပ်ကြံကြ
တယ် ငါတော်တော်စောက်သုံးမကျခဲ့တာဘဲခက် "
"ခက်လေ မှားပါတယ် ကိုဘုန်းရယ်"
"မင်းက အခုမှ မှားမှန်းသိလို ငါလည်မင်းကို ယူခဲ့
မိလို့ မှားမှန်းကို အခုမှသိတယ် ငါမင်းကိုပြောမယ်
ငါမင်းနဲကွာရှင်းမယ်ခက်"
"ရှင် မလုပ်ပါနဲ မလုပ်ပါနဲ ခက်ကိုအဲလိုမလုပ်ပါနဲ"
"မင်းရွေးချယ်ပါ ငါမင်းကိုရွေးချယ်ခွင့်နှစ်ခုပေးမယ်
မင်းသားကိုကယ်ချင်ရင် ငါကိုကွာရှင်းပါ  ငါနဲနေ
ချင်သေးရင် မင်းသားကိုစွန့်လွတ်ပါ မင်းစဉ်းစားပါ
မင်းလည် မင်းသားကိုချစ်သလို ငါလည် ငါသားကို
ချစ်တယ် မင်းဘာကိုရွေးချယ်မလည်း"
ဒေါ်မြခက်တော်တော်ကြာကြာလေငြိမ်ကျသွား
တော့သည်။တော်တော်ကြာစဉ်းစားလိုက်ပြီ
"သားကိုကယ်မယ် ကိုဘုန်း ခက်မှာသားထက်
အရေးကြီးတာဘာမှမရှိဘူး သားကို အဆုံးရှုံးမခံ
နိုင်ဘူး ခက်ကအမေပါကိုယ့်သားကို စွန့်ပစ်
လောက်အောင်မမိုက်မဲဘူး ကိုဘုန်း"
"ကောင်းပါပြီ မင်းရဲ့ရွေးချယ်မှုမှန်ကန်ပါတယ် မင်း
ဟာ သားအတွက်တော့ မင်းဟာ အမေကောင်ဘဲ
ရပြီ မင်းသွားလို့ရပြီ မင်းသားပြန်လာတာနဲ မင်း
တို့ ဒီအိမ်ကနေထွက်သွားကြတော့ မနက်ဖြန် ကွာ
ရှင်စာချုပ် မှလက်မှတ်ထိုးကြတာပေါ့"
သူမဘာမှ မပြောဘဲ ထိုနေရာ၌လှုပ်တောင်မလှုပ်
ဘဲ ငြိမ်သက်သွားလေတော့သည်။ ဦးဘုန်းမြင့်က
တော့ ထိုင်နေရာကထ၍ထွက်သွားလိုက်တော့
သည် ဒေါ်မြခက်လည် ရှိုက်ကြီးတငင်ငိုတော့
သည်။

အပိုင်း(27)ပြီး၏စာဖတ်သူများအားလေးစားလျှက်
                                    စာရေးသူ…လင်းသုခ

Post a Comment