မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၂၈

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                     အပိုင်း(28)
နေထက်ခဏကြာ ရုံးခန်းထဲသို့ပြန်ဝင်လာတော့
သည်။ သက်မင်းက ကျောက်ရုပ်ပမာငေါင်ငေါင်
ကြီး ရပ်လျှက်ရှိတော့သည်။သူက
"သက်မင်း ပိုးရော"
သက်မင်းက သတိပြန်ဝင်လာပြီ သူနေရာ၌ပြန်
ထိုင်လိုက်သည် ပြီတော့မှ
"ပြန်သွားပြီ နေထက်"
"မင်းတို့ကိုကြည့်ရတာတစ်မျိုးဘဲ တစ်ခုခုဖြစ်ထား
ကြလား"
"သူ…မနက်ဖြန် နိုင်ငံခြားသွားတော့မယ်တဲ့"
"ဘာ…ဒါဆိုမင်းက မတားလိုက်ဘူးလား"
"ငါ…ဘယ်လိုတားမလည်းနေထက် မင်းဘဲတွေး
ကြည့်လေ ပိုးကို ငါ…မင်းပဲခူးသွားနေတုန်းက
ငါသူကို ချစ်နေခဲ့တယ် ဆိုတာပြောဖြစ်ခဲ့တယ်
သူက ငါ့ကိုသူကို မချစ်ရဘူးတဲ့ ငါကိုမုန်းတယ်တဲ့
ငါကြောင့် နင့်အချစ်ကို သူမရခဲ့တာတဲ့"
"ဘာကွ…မဆိုင်တာကွ ငါသူကို မချစ်လို့အစက
တည်းက ကျောခိုင်းခဲ့တာ ငါသူကိုငါညီမ တစ်
ယောက်ထက် ပိုတဲ့အတွေမျိုးတစ်ခါမှမတွေးဖူး
ဘူး"
"မင်းခံစားချက်နဲ သူခံရဲ့စားချက်မတူဘူးလေ နေထက် ငါမင်းကိုလည်အပြစ်မတင်ပါဘူး ငါကံ
ဘဲ ထားလိုက်တော့ဟာ သူကိုစိတ်ကြိုက်ရွေးချယ်
ခွင့်ပေးလိုက်ပါ သူပျော်သလိုနေပါစေ"
"ဟာ မဟုတ်သေးပါဘူးကွာ နည်းနည်းတော့လွဲ
နေကြပြီထင်တယ်"
"မလွဲပါဘူးကွာ"
"လွဲတယ်သက်မင်း လွဲတယ် လွဲတာကမင်းလွဲ
တာ မင်းဘဲစဉ်းစားကြည့်လေကွာ ပိုးကငါကိုချစ်
ရင် ငါဆီကိုဖုန်းဘာလိုမဆက်လည်း ပြီတော့ငါကို
တွေ့ဖို့ဘာလို မကြိုးစားတာလဲ ထက်ပြီတော့ကွာ
အခု သူသွားတော့မယ်အကြောင်းကို သူငါကိုတိုက်
ရိုက်ပြောလို့ရရဲ့သားနဲ မင်းကိုပြောပြီ ထွက်သွားရ
တာလဲ ဝိုးကွာ သူငါကိုချစ်တယ်ဆိုရင် ငါနဲဝန်းရဲ့
အခြေနေကို တွေ့ရင်အကြီးအကျယ်ပေါက်ကွဲရမှာ
အခုဟာက သူဘာမှမဖြစ်သလိုပါဘဲ သူကိုကြည့်ရ
တာ မင်းလွဲနေပြီသက်မင်း"
"ငါမသိတော့ဘူးကွာ"
"မင်းကို သူဘာပြောသွားသေးလည်း"
"သူငါဆီ ဖုန်းအကြိမ်ကြိမ်ဆက်တာ မကိုင်တာ
ဘာကြောင့်လည်းတဲ့ ပြီတော့ မင်းကသူကိုမချစ်
ဘူးလိုငြင်းတယ်တဲ့ ငါကသူကိုချစ်တယ်ပြောပြီ
ကျောခိုင်းလိုက်တယ်တဲ့ ငါတို့နှစ်ယောက်စလုံးက
မှန်ပါတယ်တဲ့ မှားသွားတာကသူတဲ့"
"ဒါဘဲလား"
"ငါကို သူမေးတယ် သူသွားတော့မယ်တဲ့ ငါမှသူကို
ပြောစရာစကားမရှိဘူးလားတဲ့ ငါဘာမှပြန်မဖြေ
လိုက်ဘူး နေထက်"
"မင်းကွာ တော်တော်ညံတဲ့ကောင်ဘဲ"
"ဘာဖြစ်လိုလဲဟ"
"သူမင်းအပေါ် စိတ်ပြောင်းနေပြီ ငါပိုးအိမ်ရဲ့
စိတ်ကိုမှန်းလို့ရတယ် မင်းသူကိုတားလိုက် မသွား
ဖို့ကို"
"ဖြစ်ပါ့မလား"
"ဟာ ဖြစ်တယ် ငါတောင် အချစ်ဆိုတာဘာမှ မသိ
တဲ့ဝန်းကို တစ်ချက်တီးခေါက်လိုက်တာနဲ ထွက်
လာသေးတာဘဲ မင်းတားကြည့်လိုက် ပိုးအိမ်လက်
ခံလိမ့်မယ် ရဲရဲကြီးလုပ်ကြည့်"
"ငါကံကြမ္မာကို မယုံရဲဘူးကွာ"
"ငါပြောသလို စမ်းကြည့်စမ်းပါ ယောက်ဖရာ ပိုးအိမ်က တခြားလူမှမဟုတ်တာ "
သက်မင်း တစ်ချက်ငြိမ်ကျသွားပြန်တော့သည်။
ခဏကြာတော့
"okဟာ တားကြည့်မယ် မရရင်း မင်းကိုသတ်
မယ် မင်းပြောလိုငါလုပ်တာ"
"ဘာ…ကောင်းတယ်ကွာ မင်းမိန်းမရဖို့အရေးကို ငါ
ကလည်ကူညီရသေးတယ် မရရင်သတ်မယ်
မင်းတို့မောင်နှမနှစ်ယောက်စလုံးက ငါကိုသတ်
မယ်ဆိုတာကြီး ဘဲ တော်တော်တရားကျတဲ့မောင်
နှမတွေ"
"စတာပါ ယောက်ဖရာ ငါနင်ကိုသတ်ရင် ငါညီမ
ကိုယူမယ်သူမရှိဖြစ်နေဦးမယ်"
"ဘာကွ ပြောပေါ့ကွာ ငါကမင်းညီမကိုမှ ချစ်မိတာ
ကိုး ယောက်ဖပြောတော့လည်း ခံရတော့မယ် "
"ဟားးးးးးအေးပါ အေးပါ ကွာ"
"ငါပြန်တော့မယ် သက်မင်း အိမ်အခြေနေကြည့်
ရဦးမယ်"
"ok ငါလည် ခဏနေပြန်တော့မယ်"
"လှုပ်ရှားလိုက်ဦးနော်"
"အေးပါကွာ"
နေထက်က သက်မင်းကို နူတ်ဆက်ပြီရုံးခန်းထဲမှ
ထွက်လာတော့သည်။ အိမ်ကိုသာပြန်ရန် သူတွေး
လိုက်သည် အိမ်မှအဖေတစ်ယောက်တည်း ဘယ်လိုများ နေမလည်း ဟုစိုးရိမ်နေမိသည်။
   သူကုမ္ပဏီမှ ထွက်လာပြီ ကားပေါ်တတ်ကာ ကားကို အိမ်သို့ မောင်းလာလိုက်တော့ သည်။
အိမ်သို့ ရောက်တော့အဖေကို ရှာမိသည် သူက
အိမ်ဖော်အဒေါ်ကြီး ကို
"ဒေါ်လေး အဖေရော "
"ရှိတယ် သုဌေးလေး စာကြည့်ခန်းထဲမှထင်တယ်"
သူအိမ်ဖော် အဒေါ်ကြီးကို မေးပြီ စာကြည့်ခန်းဆီ
သို့လျှောက်လာတော့သည်။ သူအခန်းတံခါးကို
သုံချက်ခေါက်လိုက်ပြီ
"ဝင်လာပါ"
သူအခန်းထဲသို့ ဝင်လိုက်ပြီ တံခါးကိုပြန်ပိတ်လိုက်
တော့သည် အဖေနှင့် မျက်နှာချင်ဆိုင်ထိုင်လိုက်
ပြီ အဖေက
"သားပြန်လာပြီလား ဒီနေ့ပြန်လာတာ စောတယ်
နော်"
ဦးဘုန်းမြင့်က ဖက်လက်စ စာအုပ်ကို စားပွဲပေါ်သို့
ချလိုက်တော့သည်။
"ဟုတ်တယ် အဖေကိုစိတ်ပူလို့"
အဖေဖြစ်သူက သားစကားကြောင့်ပြုံးမိတော့
သည်။
"အဖေအဆင်ပြေရဲ့လား"
"အင်း"
ဦးဘုန်းမြင့်ခေါင်းကိငြိမ့်ပြလိုက်သည်။ နေထက်
က အဖေရဲ့အမှုအယာက ဆိတ်ငြိမ်လွန်းနေသည်
ကို သတိထားမိသည် အဖေလေးလေးနက်နက်
တွေးထားပြီပြီ ဆိုတာသူသိလိုက်သည်။ဦးဘုန်း
မြင့်က
"သား…"
"ပြောပါအဖေ"
"သားပြောတာ အဖေလက်ခံတယ် အဖေ ခက်ကို
ကွာရှင်းပေးမယ်"
"ဟုတ်ကဲ့ သားအဖေကို ဘာလုပ်ပေးရဦးမလဲ
အဖေဘာလိုအပ်နေသေးလည်း အဖေဘာဖြစ်ချင်
လည်း ပြောသားအကုန်လုပ်ပေးမယ်"
"အဖေဘာမှမလိုပါဘူး ဒါပေ့မယ် သားကိုအဖေ
တောင်းဆိုစရာ တစ်ခုတော့ရှိတယ်"
"ဘာများလည်းအဖေ"
"ညီဘွားကို လွတ်ပေးလိုက်ပါ"
"ဗျာ…………"
နေထက် အဖေရဲ့တောင်ဆိုမှုကိုအံအားသင့်သွား
သည်။
"အဖေရယ် သူက သားကို……"
"အဖေသိတယ် ဆက်မပြောနဲတော့ သား သား
သူကို လွတ်အောင် လုပ်ပေးလိုက်ပါ အဖေ ခက်
နဲ တရားဝင် ကွာရှင်းဖို့ လုပ်ထားပြီပြီ သူဘက်
အဖေဆီ မှာတောင်း ဆိုတာ သူသားကိုဘဲ သုကို
နစ်နာကြေးအဖြစ် သူသားကို လိုချင်တယ်တဲ့ သူ
ရဲ့ရွေးချယ်မှုဘဲသား လုပ်ပေးလိုက်ပါ"
"သားနားလည်ပြီအဖေ စိတ်ချ သူလွတ်အောင်
လုပ်ပေးဖို့က သားစကားတစ်ခွန်းတည်းပါ အဖေ
စိတ်ချမ်းသားရင် သားလုပ်ပေးမယ်"
"ငါစိတ်ချမ်းသားဖို့က အဲဒါမဟုတ်ပါဘူး သားရယ်
ငါကိုစိတ်ချမ်းသားစေချင်ရင် မင်းမြန်မြန်မိန်းမယူ
ပါ"
"အဖေကလည်း အားနေရင် ဒီဘူတာဘဲ လာလာ
စိုက်နေတယ် ယူမှာ ကျွန်တော် လူပျိုကြီးမလုပ်ဘူး
ဘယ်တော့မှမလုပ်ဘူး စိတ်မပူနဲ"
"အေးပါကွာ ကြည့်ရသေးတာပေါ့"
"ဟာ အဖေကလည် ကိုယ်သားကို အထင်သေး
လိုက်တာ အဖေဒီလောက် မိန်းမယူစေချင်ရင်
ကျွန်တော်ကို မနက်ဖြန် မိန်းမလိုက်တောင်းပေး"
"တစ်ကယ်လားဟ လုပ်လိုက်လေ ငါကမင်းအဖေ
မင်းထက်တောင် စိတ်မြန်သေးတယ် ကြာသလား
လို့"
"ဟားးးးအဖေကတော့ မနိုင်ဘူးဘဲ တော်ပြီဗျာ
ရေသွား ချိုးလိုက်ဦးမယ်"
သူက ရီပြီ ထိုင်ရာက ထလိုက်သည်။
"ဟေ့ကောင် မနက်ဖြန် ငါတစ်ကယ် မိန်းမလိုက်
တောင်းပေးမှာနော်"
"အဖေ သဘောဘဲ"
"ဒီကောင်ကွာ ဟားးးး"
လက်ကလေး နောက်ပြကာ အခန်းထဲက ထွက်
သွားလိုက်တော့ သည်။ဦး ဘုန်းမြင့်လည် သူသား
ကိုကြည့်၍ ပြုံးပြီ ကျန်တော့သည်။
ညရောက်တော့ သူဖုန်းလေးကိုဖွင့်လိုက်ပြီ သူမ
ဆီ ဖုန်းခေါ်လိုက်သည် ဖုန်းခေါ်နေရင်း အိပ်ယာ
ပေါ်သို့ လှဲအိပ်ကာ ဖုန်းဝင်သွားတော့
"ဟိတ် ဘာလုပ်နေလဲ"
"အိပ်မလို့ ဘာပြောမလိုလဲ"
"အစောကြီးဘဲရှိသေးလေ အခုမှဆယ်နာရီဘဲရှိ
သေးတယ် အိပ်တော့မယ်"
"အင်း အပြင်မှမှောင်နေပြီလေ အိမ်ကလူတွေ
လည် အိပ်ကုန်ပြီ"
"မမှောင်ပါဘူး အပြင်မှ မီးထွန်းထားလို့လင်းနေ
တယ် မအိပ်နဲဦး စကားပြောရအောင်"
"မပြောချင်ဘူး အိပ်ငိုက်တယ် အခုချိန်စကားပြော
နေရင်း အိမ်ကလူတွေက ဝန်းကို သစ္ဆေချောက်
နေတယ်ထင်နေဦးမယ်"
"ထင်ပါစေပေါ့ သစ္ဆေက မင်းသားလေးဘဲဟာ
ဒီလောက် ချောပြီခန့်တဲ့သစ္ဆေ နဲစကားပြောနေ
တယ်လို့ ပြန်ပြောလိုက်ပေါ့"
"တော်တော်တတ် မပြောပါဘူး ဘီးလူးကြီးနဲစကား
ပြောနေတယ်လိုပြောမှာဘဲ"
"မင်းကတော့ ငါကို ဘီလူးကြီးလို့ တစ်သက်လုံး
ခေါ်မှာဘဲလား "
"ခေါ်မယ် သေတဲ့အထိခေါ်မယ် ဒါဘဲဟွန်း သြော်
မေးရဦးမယ် နေ့လည်က ရာထူးတိုးပေးမယ်လို့
ပြောတာ ဘာရာထူးလဲ"
"သိချင်တယ်ပေါ့"
"အင်းပေါ့ ကုမ္ပဏီမှာက စာရင်းစစ်တာက လွဲရင်း
ဝန်းကျန်တာ ဘာမှမတတ်ဘူးနော် ရာထူးတိုးပေး
ရင်လည် ကြည့်ပေးဦး မလုပ်တတ်တာမခိုင်းနဲ"
သူမ စကားကြောင့် သူပြုံးမိသွာသည်။တော်တော်
ရိုးတဲ့ကောင်းမလေးဘဲ ဟုတွေးမိတော့သည်။
"မင်းကို ရာထူးတိုးပေးမယ် ဘာရာထူးလည်းဆို
တာက သူဌေးကတော်ရာထူး"
"ရှင်……………မနောက်နဲနော်"
"မနောက်ပါဘူး ကြည်နေပါတယ်"
"ဘီးလူးနော် ပေါက်ကရမပြောနဲ ဝန်းကငယ်
သေးတယ်"
"ဘာ မင်းကငယ်သေးတယ် အသက်က ၂၄နှစ်
ရှိနေပြီ မင်းက ငယ်သေးတယ်ဆိုတော့ ဒါဆိုငါက
တခြားတစ်ယောက်ကို ယူရမှာလား"
"အဲလိုမဟုတ်ဘူးလေး  အဲလိုပြောတာမဟုတ်ဘူး
ဝန်းပြောတာ ဝန်းက အိမ်မှာကလေးလိုဘဲနေတာ
တစ်ခါမှ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် မ
တွေးဖူးသေးဘူး ပြီတော့ ဘာမှလည်မတတ်ဘူး"
"မင်း ဘာမှမတတ်ဘူးဆိုတာ ငါသိပါတယ် မင်း
ဘာမှလည် တတ်စရာမလိုဘူး နောက်မှသင်ပေါ့"
"အဲလိုရလို့လား"
"အင်း ရတယ် တခြားလူတွက်မရပေ့မဲ့ ငါအတွက်
မင်းရှိနေဖို့ လိုအပ်တယ်"
သူမသူစကားကြောင့် ပြုံးသွားသည်။ သူက
"ဝန်း "
"ရှင်"
"မနက်ဖြန် ကိုယ် အိမ်လာခဲ့မယ် အလုပ်မလာနဲ"
"ဘာဖြစ်လိုလည် "
"ပြန်မမေးနဲ မလာနဲလိုပြောရင်မလာ အိမ်မှာဘဲ
စောင့်နေ ကိုယ် အိမ်ကိုလာခဲ့မယ်"
"ဘာလာလုပ်မှာလဲ"
"ဝန်းရဲ့ဖေဖေနဲမေမေကိုလာတွေ့မှာ"
"ဘာလုပ်ဖို"
"သူတို့ရဲ့သမီးကို ချစ်နေပါပြီ ကျွန်တော်နဲ လက်
ထပ်ပေးဖို့ ခွင့်ပြုပေးပါလို့ ပြောမှာပေါ့"
"ဟားးးးးခွင့်မပြုရင်ရော"
"ပြုမှာပါ ကိုယ်ကတခြားလူမှမဟုတ်တာ"
"ဟားးးကြည့်ရသေးတာပေါ့"
သူမက သူစကားကြောင့် တခစ်ခစ်နှင့်ရီတော့
သူတို့နှစ်ယောက် ဖုန်းအပြန်အလှန်ပြောရင်း
ညရဲ့အချိန်ကလေးက ဘယ်လိုကုန်ဆုံးမှန်းတောင်
မသိကြတော့ပါ သူတို့နှစ်ယောက်အတွက် ဒီညလေးဟာ ရင်ခုန်းစရာ ညလေးတစ်ည ဖြစ်
လာတော့သည်။

အပိုင်း(28)ပြီး၏စာဖတ်သူများအားလေးစား
လျှက်
                                စာရေးသူ…လင်းသုခ

Post a Comment