မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၂၆

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                    အပိုင်း(26)  
သူမတစ်ယောက်တည်း အခန်းလေးထဲတွင်
စားပွဲပေါ်မေးစေ့လေးတင်ကာ မီးအိမ်ကလေး
ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေတော့သည်။ စိတ်
ထဲတွင် ငါသူဌေးကို ဘာလိုဂရုစိုက်တာလဲ …
ငါသူဌေး ကိုဘာလိုဂရုစိုက်တာလဲ …ငါသူဌေးကို
ဘာလို ဂရုစိုက်တာလဲ ဟု မီးအိမ်ခလုတ်လေး
လေးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း အကြိမ်ကြိမ်
မေးနေမိတော့သည်။
"ဟာ မသိတော့ဘူး စိတ်ရှုတ်တယ် ငါ့တို့ပြန်လာ
ကတည်းက ဖုန်းလည်မဆက်ဘူး စကားလည်မ
ပြောဘူး စိတ်ဆိုးနေတာလည်မပြေသေးဘူး ငါ
ဘာလုပ်ရမလဲ သူမေးတာလည် ငါမဖြေတတ်ဘူး
ငါသူကိုတွေ့ချင်တယ် နေရောကောင်းလားမေး
ချင်တယ် စိတ်ပုတ်တယ် ဘီလူးကြီး ငါ့ကသာသူ
ကိုလွမ်းနေတာ သူကတော့သတိရဖော်တောင်
မရဘူး အဟင့် အဟင့် ငိုချင်တယ်အမေရေးးးး
သမီးကိုကယ်ဦး အိပ်လိုလည်မရဘူးးဘာဖြစ်မှန်း
ကိုမသိဘုး ဒီဘီးလူကြီးကြောင့်ရူးတော့မယ်"
တစ်ယောက်တည်းအိပ်မရဖြစ်ကာ စိတ်ပျက်စွာ
နှင့် သူမတွေးလိုက် အော်ငိုလိုက်ဖြစ်နေတော့
သည်။
      ညဆယ်နာရီလောက်မှ သူအိမ်သို့ပြန်ရောက်
လာသည် ကားကိုရပ်လိုက်ပြီ အိမ်ဖော်အဒေါ်ကြီး
က အိမ်တံခါးလာဖွင့်ပေးသဖြင့် သူဝင်လိုက်သည်
တစ်အိမ်လုံးကို မီးအမှောင်ချထာသည်။သူက
"အဒေါ် မီးကိုဘာလိုအမှောင်ချထားတာလဲ မီးပျက်နေလိုလား"
"မဟုတ်ပါဘူး သူဌေးကြီးက မီးပိတ်ထားခိုင်းလိုပါ"
"မီးဖွင့်လိုက်ပါ အဒေါ်"
"ဟုတ်ကဲ့ သူဌေးလေး"
အိမ်ဖော် အဒေါ်ကြီးက မီးဖွင့်လိုက်ရာ ဧည့်ခန်း
တွင် ဦးဘုန်းမြင့် ထိုင်နေလျှက်ရှိသည်။ သူက
ဦးဘုန်းမြင့်ကိုကြည့်ပြီ
"အဖေ……မအိပ်သေးဘူးလား"
"သားပြန်လာတာနောက်ကျတယ်နော် ထိုင်ပါဦး
အဖေနဲ စကားနည်းနည်းပြောရအောင်"
သူက ခုံတွင် ဝင်ထိုင်လိုက်တော့သည်။ အဖေဖြစ်
သူက
"သား အဖေတစ်ချို့အကြောင်းအရာတွေတော့
အဖေ မမေးချင်တော့ဘူး သားမမှားဘူးဆိုတာ
အဖေယုံတယ် ဒါပေ့မဲ့ သားအဖေကြောင့်နဲတော့ သားကိုဒုက္ခမရောက်စေချင်ဘူး သားကြိုက်သလို
ဆုံးဖြတ်ပါ အဖေဘာမှာဝင်မပြောဘူးသား သားကို
ညီဘွားသတ်ဖို့ကြိုးစားတာကို  အဖေမရိပ်မိလိုက်
တဲ့အတွက်တော့ သားကိုအဖေတောင်းပန်းပါ
တယ် "
"မလိုပါဘူးအဖေ အဖေကိုသားနားလည်ပါတယ်
အဖေ သားအဖေကိုတောင်းဆိုရစရာရှိတယ်"
"ပြောလေသားဘာများလဲ"
"ဖြစ်နိုင်ရင်အဖေ ဒေါ်မြခက်ကို ကွားရှင်းပေးနိုင်
မလား"
"ဘာဖြစ်လိုလည်သား"
"သားကို သတ်ဖို့ကြိုးစားတာ ညီဘွားတစ်ယောက်
တည်းမဟုတ်ဘူးအဖေ ဒေါ်မြခက်လည်ပါတယ်
ဒေါ်မြခက်က မတော်တဆကားတိုက်မိဖို့ ဖြစ်
အောင်အရင်လုပ်ခဲ့တာ အဓိက ကတော့သားကို
သူသေစေချင်နေတာပါ"
ဦးဘုန်းမြင့်သူစကားကြောင့်တစ်ချက်ငြိမ်ကျသွား
တော့သည်။ ပြီတော့မှ
"သားးးသွားနားတော့"
"ဟုတ်ကဲ့အဖေ"
သူစကားကို ဦးဘုန်းမြင့်ကပြန်မဖြေချင်ပုံရသဖြင့်
သူ အပေါ်ထပ်သို့တတ်ရန်ထလိုက်တော့သည်။ ဦးဘုန်းမြင်က
"သားပြောတာကို အဖေ သေးချာစဉ်းစားဖို့လိုနေ
ပြီသား အဖေကို အချိန်ပေးပါ"
"ဟုတ်ကဲ့ပါ …အဖေ …အဖေစိတ်မချမ်းသာဘူး
မပျော်ဘူးဆိုရင် သား အတင်းမတိုက်တွန်း
ဘူးအဖေ အဖေကို သားပျော်စေချင်စေချင်တယ်"
"ငါ ကိုစိတ်ချမ်းသားစေချင်တယ်ဆိုရင် မင်းမိန်းမ
ယူပါ ငါမင်းကို စိတ်ချချင်တယ် သားအတွက်အဖေ
ပြည့်စုံပြီ နွေးထွေးတဲ့မိသားစုလေးနဲ မြင်ချင်တယ်
ငါနင်ကို စိတ်ချချင်တယ်နေထက် မင်းအမေပေါ်
ရော သားအပေါ်ရော အဖေတာဝန်မကျေခဲ့ဘူး
နွေးထွေးမူမပေးဖူးဘူး အဖေအလုပ်တွေနဲသာ
အချိန်ကုန်ခဲ့တယ် အခု အသက်ကြီးလာမှ ငါတော်
တော်မှားခဲ့မှန်းသိလာခဲ့တယ် မင်းတော့ငါလိုမဖြစ်
စေနဲ နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးဘဝကို
တည်ဆောက်ပါ"
"ဟုတ်ကဲ့ပါ အဖေ သား သားချစ်တဲ့မိန်းကလေးနဲ
လက်ထက်မှာပါ သိပ်မကြာခင်ပါ အဖေစိတ်ချပါ အဖေအတွက် ချွေးမကောင်းလေးဖြစ်လာစေရ
မယ်"
"ဟိုမိန်းကလေးလား"
"ဟုတ်တယ် သားဘဝကိုသူဘဲ နွေးထွေးတဲ့မိသား
စုလေးတစ်ခုဖြစ်အောင်လုပ်ပေးနိုင်မယ်အဖေ"
"အင်း သိပ်တော့အချိန်မဆွဲနဲသား သားအသက်က
သုံးဆယ်ပြည့်တော့မယ်"
"ဟုတ်ကဲ့ပါ"
"သွားနားတော့သား အဖေ ဒီမှာခဏထိုင်လိုက်ဦး
မယ်"
"ညဥ့်တော့မနက်စေနဲအဖေ အဖေကျန်းမာရေးက
သိပ်ကောင်းတာမဟုတ်ဘူး"
"အေးပါကွာ ငါသိပါတယ် မင်းတော်တော်ဆရာ
လုပ်တာဘဲ မင်းလူကြီးဖြစ်လာပြီ"
အဖေနဲစကားပြောပြီ ကျွန်တော်အပေါ်ထပ်သို့
တတ်လာခဲ့တော့သည်။ အိပ်ခန်းထဲသို့ဝင်လိုက်ပြီ
အခန်းမီးကိုဖွင့်လိုက်သည်။ သူ မထင်မှတ်ထား
သော ရုတ်တရပ်ဒေါ်မြခက်က သူကုတင်ပေါ်တွင်
ထိုင်နေလျှက်ရှိသည် ကိုမြင်လိုက်ရတော့သူ
"ခင်ဗျားးး ကျွန်တော်အခန်းထဲမှာ ဘာလုပ်နေတာ
လဲ"
"ပြောစရာရှိလို စောင့်နေတာ"
"ခင်ဗျား နဲကျွန်တော်ကြားမှာပြောစရာမရှိဘူး ထွက်သွား ကျွန်တော်အခန်းထဲက"
"မင်းမှာမရှိပေ့မဲ့ ငါမှာရှိတယ် ငါ့သားကို ပြန်လွတ်
အောင်လုပ်ပေး"
"ဟားးးးးးးဟားးးးး"
သူကအော်ရီလိုက်တော့သည်။ဒေါ်မြခက်ကသူအနားသို့ထကာ လျှောက်လာပြီ စူးရဲတဲ့မျက်ဝန်းတစ်
စုံဖြင့် သူနှင့်မျက်နှာချင်ဆိုင်ရပ်လိုက်သည်။သူက
"ဒေါ်မြခက် ဒေါ်မြခက် ခင်ဗျားတော်တော်ရီစရာ
ကောင်းတဲ့ မိန်းမကြီးဘဲ ခင်ဗျားသားက စောက်
သုံးမကျလို အဖမ်းခံရတာ ခင်ဗျာကဘာလာပြီ ပါဝါ
လာပြနေတာနဲ ခင်ဗျားမှာ ပါဝါမရှိဘူး ခင်ဗျားကို
ကျွန်တော်အဖေမျက်နှာကြောင့် ဘာမှမလုပ်ဘဲ
ဒီအတိုင်းထားထားတာ ခင်ဗျားကိုယ် ခင်ဗျားသိပ်
တော်နေတယ်လိုမထင်နဲ ခင်ဗျားကျွန်တော်ကို
ကားနဲတိုက်ဖို့လုပ်ကတည်းက ကျွန်တော်သိတယ်
အဲဒီ ခင်ဗျား ခိုင်းလိုက်တဲ့ကားကို အချိန်မရွေးဖမ်း
လိုရတယ် taxiကားဘဲဗျာ ငွေပေးရင်မခက်ပါဘူး
အခု ခင်ဗျာသိထားရမှာက အထွဋ်မတတ်ဘဲ
ငြိမ် ငြိမ်လေ ကျွန်တော်စကားကို နားထောင်နေဖို့
ဘဲ နားလည်လား"
"မနေနိုင်ဘူး ငါသားတစ်ယောက်လုံး ရဲတွေဖမ်း
သွားတာ ငါဘယ်လိုအေးဆေးနေနိုင်မှာလဲ ဟမ်း"
"ဒေါ်မြခက် ဒေါ်မြခက် ခင်ဗျားသားကမှ လူလား
ဗျာဟမ် ကျွန်တော်ကရော လူမဟုတ်ဘူးလား
ခင်ဗျားသားကျတော့ ထောင်ထဲရောက်မှကြောက်
တယ် ကျွန်တော်ကိုကြတော့ သေရင်သေပါစေပေါ့
တော်တော်တရားကျတဲ့ မိခင်ကောင်းကြီးဘဲ"
"ဟုတ်တယ် ငါသားက ငါဝမ်းနဲလွယ်ပြီမွေးထား
ရတာ ငါသားကငါစကားတစ်ခွန်းဘဲ အမြဲတမ်းနား
ထောင်တတ်တဲ့ သားလိမ္မာ နင်လိုလူယုတ်မာ
မဟုတ်ဘူး"
"ဟားးးးဟားထားလိုက်ပါတော့ ထားလိုက်ပါတော့
ကျွန်တော်က လူယုတ်မာဘဲထားလိုက်ပါတော့
ခင်ဗျားသားက မင်းသားပေါ့ ကောင်းပါပြီဗျာ ကောင်းပါပြီဗျာ ကျွန်တော်ကလူယုတ်မာပီပီ ကျွန်
တော်က ယုတ်မာပြရမှာပေါ့ စိတ်တော့မကောင်း
ပါဘူး ဒေါ်မြခက်ရယ် ခင်ဗျားရဲ့သားကိုတော့ ကျွန်တော်က ထောင်ထဲကို ပို့ရမှာဘဲ အဲဒီအတွက်
ခင်ဗျား ပြင်ဆင်ထားပါ ခင်ဗျားသားကို ဘယ်လို
ကယ်မလဲဆိုတာ"
"ငါရအောင်ကယ်ထုတ်ပြမယ် နေထက်ဇော် မင်း
မှတ်ထား အမေတစ်ယောက်ဟာ သားတစ်
ယောက်အတွက် ဆိုရင် ငါဘဲအသေခံပြီပေးဆပ်
လိုက်မယ် ငါသားလက်ထဲမှာတော့ ဘယ်တော့
မှအမဲစက် မထင်စေရဘူး အဲဒါနင်မြဲမြဲမှတ်ထား
အမေမရှိတဲ့ မင်းလိုကောင်မှာ အမေတစ်ယောက်
ရဲ့ခံစားချက်ကို ဘယ်လိုနားလည်ပါ့မလဲ ရှင်းပြ
နေရင်လည် ငါကကျွဲပါးစောင်းတီးဖြစ်နေဦးမယ်"
"တောက် ခင်ဗျားးးး"
"ငါသားကိုငါရအောင်ကယ်ပြမယ် မင်းစောင့်ကြည့်
လိုက်ပါ ငါ့သားကိုငါဘာလိုကယ်လဲသိလား နင်က
တော့သိမှမဟုတ်ပါဘူး ငါကငါသားကိုအရမ်းချစ်
တာလေ အမေတစ်ယောက်က သူ့သားကိုအရမ်း
ချစ်တာ ဒါကြောင့်ငါရအောင်ကယ်မယ်"
ဒေါ်မြခက် သူကိုပြောဆိုပြီ အခန်းထဲက ထွက်သွား
လိုက်တော့သည်။သူလည်ဒေါ်မြခက်ထွက်သွား
တာကိုကြည့် ပြီ သူကားသော့နှင့် ဖုန်းကိုအိပ်ယာ
ပေါ်ပစ်တင်လိုက်ပြီ အိပ်ယာပေါ်သို့ သူပစ်လှဲချ
လိုက်တော့သည်။ သူစိတ်ထဲတွင် အမေ အမေ
ရှိရင်သိပ်ကောင်းမှာဘဲ အမေရယ် သားက အမေ
ဒေါ်မြခက်ပြောသလို မိခင်တစ်ယောက်ရဲ့ခံစား
ချက်ကို နားမလည်တဲ့လူဖြစ်နေပြီလား သားငယ်
ငယ်တည်းက သားကိုတစ်ယောက်တည်းထားခဲ့
ပြီ လောကကြီးထဲက ထွက်သွားရတာလည်အမေ
ရယ် သားဘာလုပ်ရမလဲ သားဘာဆက်လုပ်သင့်
လည် အဖေကိုလည် သား သနားတယ် အဖေ
မပျော်ရွှင်နေမှာကို သားမလိုချင်ဘူး အမေရယ်
သားက လူဆိုးကြီး လူယုတ်မာကြီးလားဗျာ သား
ကိုပြန်ဖြေပေးပါလား အမေရယ် သားအမေကို
အရမ်းသတိရတာဘဲ သူစိတ်ကတွေးနေရင်းနဲ
မျက်ရည်များ ဝဲကာလာတော့သည်။
    သက်မင်းအိပ်ရန်ပြင်ချိန် ဖုန်းကမြည်လာတော့
သည် ဖုန်းကိုကြည့်လိုက်ရာ ပိုးအိမ်၏ဖုန်းနံပါတ်
ဖြစ်နေသဖြင့် မကိုင်ဘဲပြန်ချလိုက်တော့သည်။
ဖုန်းက နောက်ထက်ထပ်မြည်ပြန်သည်။ ဖုန်းကို
မကိုင်ဘဲပြန်ချလိုက်ပြန်သည်။ ဖုန်းကအကြိမ်ကြိမ်
မြည်နေသဖြင့် ဖုန်းကို စက်ပိတ်လိုက်တော့သည်။
ပြီတော့လသူလှဲအိပ်လိုက်တော့သည်။ စိတ်ထဲတွင်
ငါမကိုင်ပါရစေနဲပိုးအိမ်ရယ် ငါကိုနင်မချစ်နိုင်ဘူး
ဆိုတာငါသိတယ် နင်ငါကိုမချစ်နိုင်ရင် နင်ငါ့ကို
မုန်းလိုက်တာ အကောင်းဆုံးပါဘဲ ငါနင့်ရဲသူငယ်
ချင်ဆက်မလုပ်နိုင်တော့ဘူး ငါကိုနားလည်ပေးပါ
ပိုရယ် ငါမေ့ထားချင်တဲ့ ငါရဲ့စိတ်ကို မင်းထက်မ
သတ်ပါကွာ မင်းကို ငါဘာကြိုးနဲမှမချည်နှောင်ချင်
ဘူး သူအတွေးတွေဖြင့် ကြေကွဲနေတော့သည်။

အပိုင်း(26)ပြီး၏စာဖတ်သူများအားလေးစားလျှက်
                                  စာရေးသူ…လင်းသုခ

Post a Comment