မင်းသမီးလေးရဲ့အိမ်မက်
………………………………………
အပိုင်း(6)
သူမတစ်ယောက် ဒီနေ့မနက်ကတည်းက
အမှိုက်လိုက်လှဲနေတာ တစ်ချက်တောင်
မနားရသေးရှာ သန့်ရှင်းရေးလုပ်တဲ့အ
ဒေါ်ကြီးကလည် သူဌေးဆိုတဲ့လူရဲ့အမိန့်
နဲပါဝါပြပြီခိုင်းနေတော့သည်။ နေ့လည်
ထမင်းစား ချိန်ရောက်တော့မှမို့ အလုပ်
တွေကို သူမ့အပြီသတ်နေတော့သည်။
အစီးဝေးခန်းဟုပြောသော အခန်းတစ်
ခုတွင် ကုမ္မဏီက လူတွေမနက်ဆယ်နာ
ရီကတည်းက အခန်းထဲဝင်သွားကြတာ
တစ်ယောက်မျှပြန်ထွက်မလာ ကြသေး
ပါ သူဌေးဆိုတဲ့လူက ဘာတွေများဒီ
လောက် တရားဟောနေသလဲဟု သူမ
တွေးမိတော့သည်။ စိတ်ပျက်စွာ အစီးဝေး
ခန်းကိုအပြင်က ကြည့်ပြီ လှည့်ထွက်လာ
တော့သည် အကိုဖြစ်သူက အစီးအဝေး
ခန်းထဲမှမို့ ထမင်းအတူစားရန်စောင့်ရအုံး
မှဖြစ်သဖြင့် စိတ်ပျက်စွာနဲအခန်းတစ်ခုရဲ့
အပြင်ဘက် နံရံတစ်ခုကို မှီလိုက်တော့
သည် ထိုအချိန်တွင်သူမ ကျောမှဖုနေသ လိုခံစားရသဖြင့် နောက်လှည်ပြီ နံရံကို ကြည့်လိုက်ရာ မီးနီခလုတ်လေးတစ်ခုကို
တွေ့တော့သည် အရေးမကြီလျှင် မကိုင်
ရဟုရေထားသည် သူမသိချင်သွားသဖြင့်
ဘာလဲဆိုပြီ ကိုင်ကြည့်ရာ အမှတ်မထင်
ခလုတ်ကိုနိပ်မိတော့သည်။
"တီးးတီးးတီးးးးတီးးးးးး"
ထိုခလုတ်နှိပ့်လိုက်မှာ အချက်ပေးသံလို
လို ထွက်လာတော့ ထူဆန်းသည် ဟုသူ
မတွေးကာ ရပ်ကြည့်နေမိသည်။ ထိုအချိန်
လူတစ်ယောက်က နောက်မှ
"မီး ဗျို့ မီးးမီးလောင်နေတဲ့ဗျို့ အောက်ကို
ဆင်းကြ အောက်ကိုဆင်းကြ"
ထိုလူရဲ့အော်သံကြောင့် သူမရပ်ကြည့်နေ
ရာလန့်သွားပြီသူမပါ
"မီးး မီးလောင်နေတယ်ဆိုဘဲ ငါလည်
ပြေးရမှ"
သူမလည် လန့်ပြီပြေးတော့သည်။
မီးလောင်သံကြောင့် ကုမ္ပဏီတစ်ခုလုံး
ပွက်လောင် ရိုက်ကုန်ကြတော့သည်။
အစီးအဝေးခန်းတွင်လည် လူတွေလန့်
ကုန်ပြီ အားလုံးပြေးထွက်ကြလေတော့
သည်။ သက်မင်းက မီးအသံကြောင့် သူညီ
မကို စိတ်ပူသွားတော့သည်။ နေထက်
ဇော်က အစီးအဝေးခန်းတွေ ထိုင်နေရာက
နေ ထလိုက်ကာအပြင်ဘက်သို့ ထွက်လာ
တော့သည်။ သူအပြင်သို့ရောက်တော့ လူ
တွေက ရှုပ်ယှက်ခတ်နေကြတော့သည်။
ဓါတ်လှေကား စီးသူကစီး ရိုးရိုးလှေးကား
ဖြင့်ဆင်းသူက ဆင်း ဖြစ်နေကြတော့
သည် သူလည်ပြေးနေသူတစ်ယောက်ကို
"ခဏနေပါအုံး ဘယ်မှမီးလောင်နေတာ
လဲ"
"အနောက်ဘက်မှထင်တယ် ကျွန်တော်
လည်မသိဘူး သူဌေး"
ထိုသူကပြောပြီ ပြေးသွားတော့သည်။ သူ
ကပြေးနေတဲ့ နောက်တစ်ယောက်ကိုမေး
တော့သည်။
"မီးကဘယ်မှလောင်နေတာလဲ"
"အရှေ့မှထက်တယ် သူဌေး"
"အနောက်ဘက်မှလောင်တာဆို"
"ဟာမဟုတ်တာအရှေ့ဘက်ကပါ ကျွန်မ
အခုဘဲ အဲဒီဘက်ကလာတာ သွားတော့
မယ်သူဌေး သူဌေးလည်ပြေးတော့"
"သြော်……"
သူအံသြသွားသည် မီးကဘယ်မှလောင်
မှန်း လူတွေကဦးတည်ရာမရ ပြေးနေကြ
သည် သူပတ်ဝန်ကျင်းကိုလိုက်ကြည့်မိရာ
မီးခိုလည်မတွေ ညှော်နံလည်မရ မီးလည်
မပျက် အောက်ကိုကြည့်လိုက်ရာ လူတွေ
လည်ပုံမှန်ပါဘဲ ငါကုမ္ပဏီ တစ်ခုတည်
ရောက်ယက်ခတ်နေသလိုဘဲ မီးသတိပေး
ဘဲခလုတ်ကလည် မရပ်မနားအော်နေ
တော့သည် သူသိလိုက်သည် ဒါမီးဘဲခ
လုတ်ကို တစ်ယောက်ယောက် နိပ်လိုက်
ပြီဆိုတာ သူသိလိုက်တော့သည်။ အောက်
တွင် မီးသတ်ကားသံကိုကြားရသည် မီးသတ်ကား ကိုတစ်ယောက်ယောက်က
ဖုန်းဆက်လိုက်ပြီဖြစ်သည်။ သူလည်မီး
ဘဲလ်ခလုတ်ဆီသို့ လာပြီခလုတ်ကို ပိတ်လိုက်သည်။ ထိုမှအသံကရပ်သွား
တော့သည်။ ကုမ္ပဏီ တစ်ခုလုံးကို
လျှောက်ကြည့်ရာ မီးလောင်သည်အရာ
နည်းနည်းတောင်မတွေ့ရပေ။ သူကအ
တော်ထူဆန်းနေပြီဟုတွေးမိတော့သည်
ဒါတစ်ယောက်ယောက်က ဆူပူအောင်
လုပ်သွားတာဘဲဖြစ်ရမယ် ငါအစီးအဝေး
ကိုဖျက်ရဲဆိုတော့ ဒါဟာသူသျိုးဘဲဖြစ်ရ
မယ် မီးကဘယ်မှာမှ မှမလောင်တာ သူ
မိအောင်ဖမ်းရမယ်ဟု သူတွေးလိုက်တော့
သည်။
မီးသတ်ကားက လူတွေလည်အောက်က
နေအသံပေးနေသဖြင့် သူက အပေါ်က
နေဘာမှ မဖြစ်ကြောင်းလှမ်းပြောလိုက်
သည်။ ဆူညံနေမို့မကြားသဖြင့် သူဖုန်း
ဆက်လိုက်သည်။
"သက်မင်း မင်းအခုဘယ်မှလဲ"
"အောက်မှာ ငါညီမကိုမတွေ့သေးဘူး"
"ရှာမနေနဲတော့ မီးကဘယ်မှာမှမလောင်
ဘူး မီးသတ်တပ်ဖွဲဆီသွား မီးမလောင်ဘူး
လိုပြောလိုက် ခလုတ်မှားနိပ့်မိတာလိုပြော
ဒဏ်ငွေ ပေးပြီရှင်းလိုက်တော့"
"မီးကမလောင်ဘူးလား "
"အင်း ငါသေချာချာကြည့်ပြီပြီ မီးဘဲလ်ကို
တစ်ယောက်ယောက်တီးလိုက်တာ ပြီရင်
အားလုံးကို ပြန်တတ်လာခိုင်းလိုက်ဘုမသိ
ဘမသိ ပြေးဆိုနဲပြေးနေကြတယ်လူတွေ
မီးဘဲလ်ကိုဘယ်သူတီးလည် မေးရမယ်
မိလိုကတော့ အသေဘဲအဲဒီလူ ကုမ္ပဏီ
တစ်ခုလုံးပွတ်လောင်ရိုက်ကုန်တယ် သွား
တော့သက်မင်း မီးသတ်ကားက မီးသတ်
တွေကို သွားပြောလိုက်တော့"
"ok နေထက် ဒါဘဲနော်"
"အင်း"
သူဖုန်းချလိုက်တော့သည် ထိုအချိန်သူရဲ့
နောက်မှ
"ဒီမှာ ဒီမှာ ဒီမှာရှင့်"
"မင်းဘယ်လိုလုပ် အပေါ်ပြန်တတ်လာ
လည် မင်းအကိုလိုက်ရှာနေတယ် မင်းကို"
"ကိုကို့ ကိုလာပြန်ရှာတာ မီးလောင်နေ
တယ်ပြောမလို"
"ဘာ မင်းအကိုကအောက်မှ"
"သြော်အောက်ရောက်သွားပြီလား"
"ဟုတ်တယ်"
"ရှင်ရောမပြေးဘူးလား"
"ငါကဘာလိုပြေးရမလဲ မီးကဘယ်မှာ
လောင်နေလို့လဲ အာ့ ခဏနေပါဦး မင်းက သန့်ရှင်းရေးလုပ်နေတယ်သူဆိုတော့ မီး
ဘယ်မှလောင်တာလဲ"
"မသိဘူး သုများကပြေးဆိုလို ဝန်းလည်
ပြေးတာဘဲ"
"သြော်ကောင်းတယ် ခဏနေဦး ဒီနံရံက
ခလုတ်ကို တစ်ယောက်ယောက်ကိုင်တာ
တွေ့လား"
"မတွေ့ဘူး တစ်ယောက်ယောက်ကိုင်တာ
တော့မတွေ့ဘူး ဝန်းဘဲလေ ဘာလဲဆိုပြီ
ကိုင်ကြည့်တာ အသံမြည်သွားတယ်မရပ်
တော့ဘူး"
"ဘာာာာာာပြောတယ် မင်းကိုင်လိုက်တာ"
"အမယ်လေး လန့်လိုက်တာဖြေးဖြေးအော်
ပါ"
"ဒါဖြေးဖြေးအော်စရာလား မင်းကွာ ဒါကို
အရေးမကြီးဘဲ မကိုင်ရလိုရေးထားတာ
မင်းမမြင်ဘူးလား"
"မြင်သားဘဲ"
"ဒါဆိုဘာလိုကိုင်တာလဲ"
"ဘာလဲဆိုပြီထိကြည့်တာ အသံမြည်သွား
တယ်"
"ဘာ မင်းကလေးလား ကျပ်မပြည်တာ
လားဟမ် မင်းရူးဘဲရူးနေလား မင်းတော်
တော်အသုံးမကျပါလားဟမ် တောက်! မင်းကွာ အလုပ်ရှုပ်အောင်"
"ဘာမှမလုပ်ပါဘူး ကိုင်ယုံလေအသံမြည်
သွားတာပါ"
"ကောင်းတယ် ကောင်းတယ်အရမ်းကို
ကောင်းပါတယ် အရမ်းလည်တော်ပါတယ်
မင်း မင်းကွာ ကုမ္ပဏီတစ်ခုလုံး မင်း
ကြောင့် ပွတ်လောင်ရိုက်ကုန်ပြီ ဒါဘာလဲ
သိလား မင်းကိုင်လိုက်တာလေ"
"မသိဘူး"
"မီးလောင်ရင် အရေးပေါ်တီးတဲ့ခလုတ်"
"ရှင့်…………သေပြီ"
"အေ့ မင်းကနောက်မှသေမှာ ငါကအခု
သေသွားပြီ အောက်မှမင်းပထွေးတွေ
ရောက်နေတယ် ဒဏ်ငွေဆောင်ရတော့
မယ် နေရင်းထိုင်ရင် မင်းကြောင့် ပြသာနာ
လိုက်ရှင်းရအုံးမယ် သွားးးမင်းမျက်နှာငါမ
မြင်ချင်ဘူးတောက်! တော်တော်ပြသာနာ
ရှာတဲ့ကောင်မလေး သွားငါ့ရှေ့ကထွက်
သွားးးငါရူးချင်တယ် မင်းတော့ တောက်!"
နေထက်ဇော်က ဒေါသထွက်နေသဖြင့်
သူမကိုလည်အော်ထုတ်သဖြင့် မျက်နှာ
ငယ်လေး ဖြင့်ထွက်သွားတော့သည်။
မီးမလောင်မှန်းကို သိသွားကြသဖြင့်
အားလုံးကို ပုံမှန်ပြန်ဖြစ်အောင် မနည်း
လုပ်လိုက်ကြရသည်။ သက်မင်းတစ်
ယောက် သူညီမလုပ်မှန်းသိသွားသဖြင့်
ကုမ္ပဏီတွင် အရှက်ကွဲသွားသည်။ အား
လုံးရဲ့အပြောအဆိုတွေကိုလည် ခံလိုက်
ရတော့သည် သူများတွေကိုလည် လိုက်
တောင်းပန်ူလိုက်ရတော့သည်။ သူမက
တော့ သူဌေးကအော်ထားသဖြင့် အနောက်လှေကား တွင်ထိုင်နေတော့
သည်။
သူမကပျောက်နေသဖြင့် သက်မင်းက
လိုက်ရှာရပြန်သည်။ ရှာရင်းနှင့်အနောက်
ဘက်လှေကားသို့ရောက်လာ သဖြင့်သူမ
ထိုင်နေသည်ကို တွေ့တော့သည်။ သူမဘေးနားသို့ ဝင်ထိုင်လိုက်ပြီ
"ဘာထိုင်လုပ်နေလဲ ဒီမှာ"
"စိတ်ညစ်လို့"
"နေထက်အော်လိုက်တယ်ဆို"
"အင်း ဝန်းမှမသိတဲ့ဟာ"
"ဝန်းလေး ဒါကအလုပ် အိမ်မှမဟုတ်ဘူး
ကလေးလိုလုပ်မနေ စိတ်လည်ကောက်
မနေနဲ နင်ကမှားတာကို ထတော့ထမင်း
သွားစားကြမယ်"
"ဟုတ်"
"ဆိုင်မှသွားကြမယ် သူဌေးလည်ပါတယ်
ကိုကို တို့မိတ်ဆွေတစ်ယောက် မြန်မာ
ပြည်ပြန်ရောက်နေလို ထမင်းဖိတ်ကျွေး
တာ ဝန်းလေးပါလိုက်ခဲ့ ဝန်းလေးနဲလည်
မိတ်ဆက်ပေးမယ်"
"ဖြစ်ပါမလား ဘီးလူကမောင်းထုတ်ရင်
ရော"
"မမောင်းထုတ်ပါဘူး ကိုကိုအားလုံးပြော
ပြီပြီ လာထ ထိုင်မနေနဲတော့ သွားရ
အောင်"
"ဟုတ်"
သက်မင်း ညီမဖြစ်သူကိုချော့၍ ခေါ်လာ
ခဲ့တော့သည်။သူမလည် ဘာမှဆက်
မပြောတော့ဘဲအကိုဖြစ်သူ အနောက်
လိုက်လာခဲ့တော့သည်။ နေထက်မှမူကား
ပါကင်၌ သက်မင်းကို အောက်မှစောင့်နေ
တော့သည် ဟိုငတိမလေး ကိုအော်လိုက်
သဖြင့် သက်မင်းချော့၍ရပါမလား ဟုသူ
တွေးနေမိတော့သည်။
အပိုင်း(6)ပြီး၏စာဖတ်သူများအားလေးစား
လျှက်
စာရေးသူ…လင်းသုခ


Post a Comment