မင်းသမီးလေးရဲ့အိမ်မက်
………………………………
အပိုင်း(25)
ကျွန်တော်အိမ်မှ ကုမ္ပဏီသို့ရောက်လာတော့
သည်။ ကုမ္ပဏီကြီးတစ်ခုလုံးဟာ ဌာနအလိုက်
ဆူညံနေတော့သည် စည်းကမ်းမရှိနေသည့်အခြေ
အနေပုံစံအဖြစ်ရှိတော့သည်။ ကျွန်တော်မြင်ကြမှ
အားလုံးကိုယ်နေရာကိုယ်ပြေး ထိုင်ကြကာ တစ်
ချက်တည်း တိတ်ဆိတ်ငြိမ်သတ်သွားကြတော့
သည်။ ကျွန်တော်လည်ရုံးခန်ဆီသို့ လာလိုက်တော့
သည်။ ရုံးခန်းထဲသို့ဝင်လိုက်ချိန်သက်မင်းက
"သြော်…ရောက်လာပြီလား"
သူခေါင်းလေငြိမ့်ကာ သူစားပွဲထိုင်ခုံ၌ဝင်ထိုင်လိုက်
သည် သက်မင်းက သူအရှေ့မှာ ခုံယူထိုင်လိုက်ပြီ
"ဘာတွေဖြစ်ခဲ့တာလဲ နေထက် ငါစိတ်ထဲမှာ မင်း
တို့အကြီးအကျယ် ဒုက္ခရောက်လာကြတယ်လို
ထင်နေတယ် မင်းတို့ ဘာဖြစ်ကြတာလဲ"
"ငါတို့ ဒုက္ခရောက်ခဲ့ကြတာ ငါကို အဲဒီသွားတဲည
က ရန်ကုန်အကျော် အဝေးပြေးလမ်း လူရှင်းတဲ့
နေရာလောက်မှာ စောင့်ပြီ ဝိုင်းရိုက်ကြတာဘဲ
အသေ ကိုသတ်ကြတာပေါ့ ငါကိုဝိုင်းရိုက်ပြီ ကား
ကို မီးရှို့လိုက်ကြတာ ငါကတော့ ကားပေါ်မှာဝန်း
ကအိပ်ပျော်နေတော့ ပါသွားတယ်ထင်တာပေါ့
ငါလည်းအော်နေရင်းနဲ သတိမေ့သွားတယ် ငါကို
သေပြီ ထင်ပြီအပင်နောက်မှာ ပစ်ချပြီ သူတို့ထွက်
ပြေးသွားကြတယ်"
"ဘာ ဘယ်သူတွေလည် ဝန်းလေးကရော ဘာဖြစ်
သွားသေးလဲ"
"ဝန်းကဘာမှ မဖြစ်ဘူး ငါကိုဝိုင်းရိုက်နေတဲ့ အသံ
ကြားပြီ သူနိုးသွားတယ် သူလည်ကားပေါ်ကနေ
ပြေးဆင်းပြီ သစ်ပင်နောက်မှာ ကြောက်ပြီ သွား
ပုန်းနေတယ်"
"တော်သေးတာပေါ့ကွာ ကံကောင်းလို့နှစ်ယောက်
စလုံးဘာမှမဖြစ်ကြတာ"
"ကံကောင်းတာငါဘဲ ဝန်းက ငါကိုသပြေကုန်း ရွာ
ကိုခေါ်သွားပြီ ငါကို ဆေးကုပေးလို အသက်ပြန်
ရှင်လာတာ သုကငါအသက်ကို ထပ်ကယ်လိုက်
တာဘဲ "
"ဒါဆို မင်းကို ဝိုင်းရိုက်တဲ့လူတွေက ဘယ်သူတွေ
လဲ မင်းနဲရန်ငြိုးရှိလိုလား"
"သူတို့နဲတော့ငါ ရန်ငြိုးမရှိဘူး သူတို့ကိုခိုင်းတဲ့လူ
ကတော့ ငါကိုသေအောင်သတ်ခိုင်းတာထင်တယ်"
"သတ်ခိုင်းတဲ့လူကရော ဘယ်သူလဲ ဘယ်ကောင်
လဲ"
"ညီဘွား"
သူပြုံးက လက်လေးပိုက်၍ ညီဘွားဟုပြောလိုက်
တော့သည် သက်မင်းက သူစကားတစ်အံတသြ
ဖြစ်သွားတော့သည်။
ညီဘွားတစ်ယောက် ဘဏ်ကနေပြန်ထွက်ခဲ့
ဖုန်းနံပါတ်တွေ တစ်ခုပြီတစ်ခုခေါ်တော့သည် တစ်
ခုမှဆက်မရဖြစ်နေတော့သည် သူတောက်ဆိုပြီ
တစ်ချက် ခတ်လိုက်ကာ ကားကို ခြေနှင့်ဆောင့်
ကန်လိုက်သည် ပြီတော့ ကားတံခါးဖွင့်ကာ အိမ်
သို့ပြန်လာတော့သည်။ အိမ်သို့ရောက်တော့
ဧည့်ခန်း၌စာအုပ် ဖတ်နေသော ဦးဘုန်းမြင့်ကို
"အဖေ အမေရော"
"အိပ်ခန်းထဲမှထင်တယ် ခေါင်းမူးလိုသွားမှိန်နေ
တယ်သား အပေါ်တတ်သွားလိုက်"
"ကျွန်တော် ခဏတတ်သွားလိုက်ဦးမယ်"
"အေးအေး"
ဦးဘုန်းမြင့် ကအေးအေး ဟုသာပြောပြီ မိမိဖတ်နေ
သောစာအုပ်ကိုသာ အားယုံစိုက်လျှက်ရှိသည်။
ညီဘွားက တိုင်ကပ်နာရီကို ကြည့်လိုက်ရာ နေ့လည်နှစ်နာရီ ရှိနေသည်။ သူအိမ်အပေါ်ထပ်
သို့ပြေးတတ်လာပြီ အခန်းတံခါးကိုဖွင့်လိုက် သည်။
ဒေါ်မြခက်က အိပ်နေတော့သည်။သူက
"အမေ အမေ ထထ အရေးကြီးနေပြီ အိပ်နေလိုမ
ရတော့ဘူး"
အိပ်နေသော ဒေါ်မြခက်ကိုလှုပ်နိုးလိုက်သည် ကုတင်ဘေးတွင် ထိုင်လိုက်ကာ ဒေါ်မြခက်ကနိုး
လာပြီ ထထိုင်လိုက်တော့သည်။
" ဟယ်နင်ဟာကလဲ အလန့်တကြား ဘာဖြစ်လာ
တာလဲ "
"အမေကသာ အေးဆေးနေတာ ဟို အကောင်က
တော့ ကျွန်တော် ဘဏ်ကတ်ကို ပိတ်လိုက်ပြီ ပိုက်
ဆံထုတ်လိုမရတော့ဘူး "
"ဘာ သူက သားဘဏ်ကတ်ပိတ်လိုက်တယ်
ဟုတ်လား"
"ဟုတ်တယ် သူပြောသွားတာလဲအမေမကြားဘူး
လား သိန်းငါးရာကို စာရင်းတင်ပါတဲ့ ဒါကြောင့်
ပိတ်လိုက်တာ ထင်တယ် တောက်!"
"အမယ်လေးတော် သူဌေးကြီးက ထုတ်ပေး
ထားတာကို သူကပိတ်လို့ရသလား နေပါစမ်းပါဦး
ငါ ဘဏ်ကတ်ကို စစ်ဆေးမေးကြည့်ရဦးမယ် ဒီ
ကောင်က တစ်ခုခုစလုပ်ပြီထင်တယ်"
ဒေါ်မြခက် ဖုန်းကိုယူကာ ဘဏ်သို့ဆက်လိုက်
သည်။
"ဟယ်လို မကြည်ပြာလား"
"ဟုတ်ပါတယ်ရှင်"
"ကျွန်မပါ မြခက်လေ သူဌေးဦးဘုန်းမြင့်ဇနီးလေ"
"သြော် ဟုတ်ကဲ့ပြောပါအမ"
"ကျွန်မ ငွေ သိန်းနှစ်ရာလောက်လွှဲချင်လို"
"ဟုတ်ကဲ့ အမ name နဲဘဏ်codeလေပြော
ပေးပါနော်"
"ဟုတ်ကဲ့ နာမည်က မြခက်ပါဘဲ codeက
999 :456 778 456790 "
" ဟုတ်ကဲ့ လွှမယ့်သူရဲ့ code နံပါတ် ဒါမှာ
မဟုတ် မှတ်ပုံတင်နံပါတ်"
ဒေါ်မြခက်က ဖုန်းစကားပြောနေရာလေကို
လက်နှင့်အုပ်၍ သုသားအား ကစကားလှမ်းပြော
လိုက်တော့သသည်။
"သား ကတ်ကသုံးလိုမရတော့ ငွေသားဘဲမှတ်ပုံ
တင်နဲသွားထုတ်လိုက်တော့"
"ဟုတ်ကဲ့အမေ"
ပြီမှာ ဖုန်းကို နားနှင့်ပြန်ကပ်ပြီ
"မကြည်ပြာ ဒရက(နိုင်)0879754 အဲဒီမှတ်ပုံ
တင်လွှဲပေးပါနော် "
"ဟုတ်ကဲ့အမ အခု လွှဲလိုက်မယ်"
"မြခက် မြခက် မြခက် သား ညီဘွာ"
အောက်ထပ်က သူဌေးကြီးရဲ့အသံကြောင့်
ဒေါ်မြခက်ဖုန်းကိုချလိုက်ပြီ ပြာယာခတ်သွားသည်။
"သား သားအဖေခေါ်နေသလိုဘဲ"
"ဟုတ်တယ်အမေ"
"လာ လာ သွားကြည့်ရအောင်"
ဒေါ်မြခက်အိပ်ယာပေါ်က ဆင်းလိုက်ပြီ ဖုန်းကိုချ
လိုက်တော့သည်။ညီဘွားကထရပ်ကာ အောက်
ထပ်သို့ သားမိနှစ်ယောက်သားဆင်းလာ ကြတော့
သည် အောက်တွင် မျော်လင့်မထားသော မြင်ကွင်းကိုမြင်လိုက်ရတော့သည်။ ရဲအရာရှိများ
ကအောက်တွင်စောင့်နေကြတော့သည် ဦးဘုန်း
့မြင့်က
"သား ညီဘွား ဒီကရဲအရာရှိက သားနှင့်တွေ့ချင်
လို့တဲ့ ဘာကိစ္စလဲမသိဘူးသား"
သူတို့သားမိလည် ကြောက်ကြောက်နှင် ထိုင်ခုံ
ဆီသို့ဝင်ထိုင်လိုက်ကြတော့သည်။ရဲအရာရှိက
ထိုင်နေရာက မတ်တပ်ရပ်လိုက်ပြီ
"ကို ညီဘွား ကျွန်တော်နဲစခန်းကိုခဏလိုက်ခဲ့
ပေးပါ"
သူက
"ကျွန်တော်က ဘာလိုလိုက်ရမှာလဲ မလိုက်နိုင်
ဘူး"
ဒေါ်မြခက်ကပါ
"ဘာဖြစ်လို့သားက လိုက်ရမှာလဲ ရဲအရာရှိရယ်"
ထိုရဲအရာရှိက နောက်ထက်ရဲတစ်ယောက်ကို သူ
ကိုလက်ထိပ်ခတ်ရန် မျက်စပစ်လိုက်သည်။ပြီးမှ
"ဒီလိုပါ ဦးဘုန်းမြင့် နဲဒေါ်မြခက် ကိုညီဘွားဟာ
သူသတ်သမား သုံးယောက်ကို သိန်းငါးရာပေးပြီ
ပဲခူးအဝေးပြေးလမ်းမှာ ညဆယ်တစ်နာရီခွဲ
လောက်မှာ ကားမောင်းလာတဲ့လူတစ်ယောက်ကို
သတ်ခိုင်းခဲ့တယ်"
"ဘာ………"
"ရှင်"
ဦးဘုန်းမြင့်က လက်ကကိုင်ထားသော စာအုပ်ကို
စားပွဲချလိုက်အံသြသွားတော့သည်။ ဒေါ်မြခက်
လည် လန်သွားတော့သည်။စခန်းမှူးက
"ဟုတ်ပါတယ် ဦးဘုန်းမြင့် သူခိုင်းခဲ့တဲ့လူ
သုံးယောက်ဟာ သုတို့သတ်ရမယ် လူကိုမသေစေ
ခဲ့ပါဘူး သူရဲ့ကားကိုသာ လမ်းဘေးမှာမီးရှို့ပြစ်ချ
ခဲ့တာ နောက်မှမသေဘူးဆိုတာသိလို နောက်ထပ်သတ်ရန် ထိုလူကို ပဲခူတိုင်းသပြေ
ကုန်းရွာမှာသွားလိုက်ရှာခဲ့ပါတယ်"
ဒေါ်မြခက်က
"ရှင်တို့ပြောတာကို ကျွန်မကယုံစရာလား ရှင်တို့
မှာဘာသက်သေရှိလို့လဲ"
"သက်သေကတော့ ကိုယ်ညီဘွားခိုင်းလိုက်တဲ့လူ
သုံးယောက်အာကို ဖမ်းမိထားပြီပါပြီ"
"ဘာ"'"ရှင်"
ဦးဘုန်းမြင့်ရော ဒေါ်မြခက်ပါ အံသြတုန်လှုပ်သွား
တော့သည်။ ညီဘွားကတော့
"အမေသားကိုကယ်ပါဦး သားကိုကယ်ပါဦး အဖေ
ကျွန်တော်ကယ်ပါ"
အမေဖြစ်သူကို အားကိုတကြီးပြောတော့သည်။
"စခန်းမှူးရယ် ကျွန်မသားကိုမဖမ်းပါနဲ မဖမ်းပါနဲ
ဒီကိစ္စက တစ်ယောက်ယောက်က ကျွန်မသားအ
ပေါ်ပုံချတာ ဖြစ်မယ်သေချာ စုံစမ်းပေးပါဦး"
"ကို ညီဘွားခိုင်းတာက အသေအချာပါဘဲ ကိုညီ
ဘွား ပိုက်ဆံလွှဲသော သူတွေက လူသတ်သမား
ပါဘဲ နောက်ဆုံးသတ်သေက သူတို့ရဲ့ဖုန်းနံပါတ်
မှာ ကိုညီဘွားရဲ့ဖုန်းနှင့်လအကြိမ်ကြိမ်စကား
ပြောခေါ်ဆိုထား ပါတယ် ကိုညီဘွားတစ်ဆင့်ခံခိုင်း
သော လူကိုကို လည်အခု လိုက်ဖမ်းနေပါတယ်
မကြာခက်မိတော့မှာပါ စိတ်တော့မကောင်းပါဘူး
ကို ညီဘွား ကျွန်တော်တို့ ဖမ်းရပါလိမ့်မယ် ကယ်
လက်ထိပ်ခတ်လိုက်ပါ"
ညီဘွားကိုရဲက လက်ထိပ်ခတ်ကဖမ်းလိုက်ချိန်
ဒေါ်မြခက်ကတားတော့သည် ရဲတွေကလည် ညီဘွားကို ထစေလိုက်ခိုင်းသည် ညီးဘွားက အင်း
တင်တင်လုပ်နေသဖြင့် ရဲတွေအတင်းဆွဲခေါ်နေရ
တော့သည်။ ဦးဘုန်းမြင့်က
"ခဏနေဦး သား သားကဘယ်သူကို သတ်ဖို့လုပ်
တာလဲ"
ဦးဘုန်းမြင့်စကားကြောင့် ညီဘွားဖြေရခက်သွား
သည် ရဲက ညီဘွားကိုကြည့်ပြီ ဝင်ဖြေလိုက်သည်။
"သူဌေး နေထက်ဇော်ကိုပါ ဦးဘုန်းမြင့်"
"ဘာာ နေထက်ဇော်ကို ငါ့ရဲ့သားကို မင်း…မင်း ညီ
ဘွား မင်းက ငါရဲ့သတ်ဖို့လုပ်နေတာလား ဘာ
ကြောင့်လဲ မင်းက ဘာလိုငါ့သားကိုလသတ်ရတာ
လဲ ဖြေ ဖြေလေ"
ဦးဘုန်းမြင့်ဒေါသ ထွက်သွားသည် သူအကျီင်္ကို
ဆွဲဆောင့်ကာ မေးလိုက်သည်။ ညီဘွားကခေါင်း
ခေါင်းလေးငုတ်ကာ ပြောစရာမရှိဖြစ်သွားတော့
သည်။ ဒေါ်မြခက်ကတော့ ဘာဆက်ပြောရ
မယ်မှန်း မသိတော့ဘဲ ထိုင်ခုံပေါ်မှာ စိတ်ပျက်စွာ
ထိုင်ချလိုက်တော့သည် ညီဘွားလည် ရဲတွေခေါ်
တဲ့နောက်ကို ဘာမှထပ်မပြောတော့ဘဲ လိုက်သွား
လိုက်တော့သည် ။ ဦးဘုန်းမြင့်က ဒေါသ ထွက်
ကာ တစ်ဖက်သို့မျက်နှာမူပြီ အံကိုကြိတ်လိုက်
တော့သည်။ ဒေါ်မြခက်ဆီသို့ ဖုန်းတစ်ခု ဝင်လာခဲ့
တော့သည်။ ဒေါ်မြခက်လည်း ဖုန်ကို ကိုင်လိုက်ပြီ
"ဟဲ လို"
"ဟုတ်ကဲ့ပါ ဒေါ်မြခက် ဒေါ်မြခက်ရဲ့ ဘဏ်ကတ်
ဟာ အကောင့် ပိတ်ထားပါ တယ် ပိုက်ဆံ လွှဲပေး
လိုမရပါဘူးရှင့်"
"ဘာ ဘာပြောတယ် ဘဏ်ကတ်က ပိုက်ဆံလွှဲမရ
တော့ဘူး"
"ဟုတ်ကဲ့ သူဌေးနေထက်ဇော်က အကောင့် ပိတ်
ထားတာပါ သူကိုသာမေးကြည့်ပေးပါ သူခွင့်ပြု
ချက်မရရင် ဒေါ်မြခက်ပိုက်ဆံထုတ်ယူသုံးစွဲခွင့်မရှိ
ပါဘူးရှင့်"
"ဟုတ် ဟုတ် ကဲ့ပါ"
ဦးဘုန်းမြင့်က သူဖုန်းစကားသံကိုနားထောင်နေ
သဖြင့် သူဟုတ်ကဲ့ပါဟုသာ တုန်တုန်ရီရီပြန်ဖြေ
လိုက်တော့သည်။
သက်မင်းကပြုံးပြီကြည့်နေတဲ့သူကို
"ဒါဆိုမင်း အားလုံးစီစဉ်ပြီပြီပေါ့"
"ဒါပေါ့ကွာ အခုဆိုရင် ညီဘွားကိုရဲတွေ ဖမ်းနေ
လောက်ပြီ အိမ်မှာလည် အဖေရောဒေါ်မြခက်ပါ
ပြာယာခတ်နေတော့မှာဘဲ"
"လူပါးဝတယ်ကွာ လူတစ်ယောက်ကို သတ်ဖို့ထိတောင် နှစ်ကြိမ်ကြိုးစားခဲ့တာ လွန်လွန်း
တယ်ကွာ မင်းလုပ်တာမှန်တယ် တောသေးတာ
ပေါ့ သုတို့လုပ်တဲ့ပုံက မင်းရော ငါညီမပါ သေနိုင်
တယ်"
"အေးဟုတ်တယ် ဒါပေ့မဲ့ ငါကိုသတ်ဖို့ လုပ်တဲ့
နှစ်ကြိမ်လုံးကို ဝန်းလေးကဘဲကယ်ခဲ့တယ် ငါကို
သူက အသက်ပြန်သွင်းပေးခဲ့တာဘဲ သက်မင်း"
"အေးကွာ ငါ့အိမ်က ဘာမှသုံးစားမရတဲ့ ရူးတူးတူး
ပေါတောတော ငါ့ညီမက မင်းရဲ့အသက်ကိုကယ်
ပေးနိုင်လိမ့်မယ်လို့ ငါမထင်မိဘူး"
"ငါတော့ သူကို ရူးတူးတူးပေါတောတောလိုမထင်
ဘူး သက်မင်း ငါအတွက်တော့သူဟာ နတ်သမီး
တစ်ပါးပါဘဲ ငါသူကိုလိုအပ်နေမိပြီထင်တယ်"
"ဘာ မင်းစကားအဓိပ္ပာယ်ကဘာလဲ နေထက်"
"ငါ သုကို ချစ်လာမိပြီထင်တယ်ကွာ"
"ဟာ မဖြစ်နိုင်တာ ငါညီမက ကလေးစိတ်နဲ မဖြစ်
သေးပါဘူးကွာ"
"ဟုတ်တယ် မဖြစ်နိုင်ဘူး ငါလည်းမဖြစ်နိုင်ဘူးလို့
ထင်လို အကြိမ်ကြိမ်စဉ်းစားတယ် သက်မင်း"
သူမတ်တပ်ရပ်က လမ်းလျှောက်၍ စကားကို အလေးအနက်ထား၍ပြောတော့သည်။
"ဝန်းက ငါတွေဖူးတဲ့ သာမာန်မိန်းကလေးတစ်
ယောက်မျိုးမဟုတ်ဘူး အလိုလိုက်ခံရလို ကလေး
ဆန်ပေ့မဲ့ သဘောဝထားပြည့်ဝတဲ့ မိန်းကလေး
တစ်ယောက် အခြေအနေနဲအချိန်အခါကို လိုက်
၍နေတတ်တယ် ထိုင်တတ်တယ် ကြောက်စိတ်
ကို ဖြစ်သင့်တာနဲဖျောက်ပြီနေနိုင်တယ် တစ်ဖက်
လူမထိခိုက်အောင်လည် တွေးပေးတတ်တယ် အဲ
ဒီလို မိန်းကလေးတစ်ယောက်ပါ အနစ်နာခံပေး
တာတောင် ဘာအကျိုးအမြတ်ကိုမှ ပြန်ရဖို့ သူ မ
တွေးတတ်ရှာဘူး"
"အဲဒါတော့ဟုတ်တယ် နေထက်"
"သက်မင်း ငါ ဝန်းကို တသက်လုံး စောင့်လျှောက်
သွားမယ် ငါလက်ထဲကို ဝန်းကို မင်းပေးနိုင်မလား"
"သူဆန္ဒဘဲ နေထက် သူက မင်းကို လိုအပ်ရင် ငါ
တို့မိသားစုက မတားဘူး အားလုံးက သူပျော်နေ
တာကိုဘဲ မြင်ချင်ကြတာပါ သူသဘောပါနေထက်
ငါ မင်းကို အရမ်းအံသြမိတယ် မင်း ပိုးကို တကယ်
မချစ်ခဲ့ဖုးလား ငါ့ညီမကို မင်းရွေးချယ်လိမ့်မယ်လို့
ငါလုံးဝမထင်မိဘူးဟာ"
"ဟုတ်တယ် အရင်တုန်းက ငါစိတ်ထဲမှာ စဝေစဝါး
ဖြစ်နေခဲ့တယ် အခုတော့ ငါနှလုံးက ပြတ်သား
နေပြီ ငါဝန်းလေးကို ချစ်တယ် သက်မင်း အဲဒါလုံး
ဝအသေအချာဘဲ ငါညာမပြောတတ်ဘူး သက်
မင်း ငါဘဝအတွက်လက်တွဲဖော်ဟာ ဝန်းဘဲ ဝန်း
ကို လိုအပ်တယ် ငါပိုးကို မလိုအပ်ဘူးသက်မင်း"
သူက သူထိုင်နေရာသို့ပြန်ထိုင်လိုက်ပြီ တစ်
ယောက် မျက်နှာတစ်ယောက် ကြည့်ပြီ ဘာဆက်
မေးရမယ် ဘာဆက်ပြောရမယ်တောင် မသိတော့
ဘဲဖြစ်သွားကြတော့သည်။
အပိုင်း(25)ပြီ၏စာဖတ်သူများအားလေးစားလျှက်
စာရေးသူ…လင်းသုခ


Post a Comment